← Chapters

စွမ်းအားကြီးသောလေပြင်းကာကွယ်နတ်ဘုရားပစ္စည်း

Vol. 50 Ch. 741

စွမ်းအားကြီးသောလေပြင်းကာကွယ်နတ်ဘုရားပစ္စည်း

Vol. 50 Ch. 741

အစောပိုင်း အလင်းနှစ် ၂ ခုအကွာတွင်ရှိကတည်းက ကျိုးဟောင်တို့မှာလုံနတ်ဘုရားစစ်သင်္ဘော၏အရှိန်အားလျှော့ချပြီး မုန်တိုင်းအားကျော်သွားရန်ကြိုးစားထားခြင်းဖြစ်သည်။ သို့သော် ယခုတွင်မုန်တိုင်းမှာ သူတို့ထံချက်ချင်းရောက်လာခဲ့ပေသည်။

ယခုကျိုးဟောင်လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ အလောင်းအစားလုပ်ပြီး သူ့ကံမှာယခင်ကလောက်ကောင်းလားဆိုသည်ကိုကြည့်ရန်သာတတ်နိုင်ပေသည်။

မဟုတ်ပါက ရှေ့တွင်သူ့အားစောင့်ကြိုနေမည့်အရာမှာသေခြင်းတရားသာရှိသည်။ ယခုလိုမုန်တိုင်းထဲတွင် သူအသက်ရှင်ရန်မျှော်လင့်ချက်မရှိပေ။

"ကျိုးဟောင်ငါ့ဆီမှာလေကာကွယ်နတ်ဘုရားပစ္စည်းရှိတယ် လုံနတ်ဘုရားစစ်သင်္ဘောမှာစမ်းသုံးကြည့်ပါလား"

ဂျော့ချ်မှာပြောရင်း အပ်အရွယ်အစားရှိသည့်ပစ္စည်းလေးအားဂရုတစိုက်ထုတ်ယူလိုက်သည်။

ထိုပစ္စည်းအားကြည့်ပြီး ကျိုးဟောင်မှာထဆဲမိလုနီးပါးပင်ဖြစ်သွားခဲ့သည်။

ဤလူသည်သူ့အားတမင်စနောက်နေခြင်းပေလော......

၎င်းမှာသာမန်အထည်ချုပ်အပ်တစ်ချောင်းဖြစ်ကြောင်းသိသာနေသော်ငြား တစ်ဖက်လူမှာဤပစ္စည်းမှာအလွန်တန်ဖိုးကြီးပြီးစွမ်းအားကြီးသလိုပြောနေပေသည်။ ထို့အပြင်ကျိုးဟောင်မှာဂျော့ချ်အပေါ်မျှော်လင့်ချက်ထားခဲ့ပေသည်။ ဤစကားသည်သူ့အားသေခိုင်းသည်နှင့်အတူတူပင်ဖြစ်သည်။

သူဤအရူးအားမျှော်လင့်ချက်မထားခဲ့သင့်ပေ။

"အာ ဒီပစ္စည်းကကောင်းတယ် ဒါကိုလုံနတ်ဘုရားစစ်သင်္ဘောပေါ်မှာထားမှ ဒီမုန်တိုင်းထဲကနေအန္တရာယ်ကင်းကင်းနဲ့ဖြတ်သွားနိုင်မှာ"

ဖား၏အံ့သြနေသောအသံအား ကျိုးဟောင်၏စိတ်ထဲတွင်ကြားလိုက်ရသည်။

ထိုအသံအားနားထောင်ရသည်မှာ ယခုလိုတည်ရှိမှုမျိုးဖြင့်ဆိုပါက ဤမုန်တိုင်းအားကျော်ဖြတ်နိုင်မည့် ခိုင်မာသောမျှော်လင့်ချက်တစ်မျှင်ထပ်မံပေါ်ပေါက်လာသလိုပင်ခံစားရပေသည်။

ယခုတစ်ကြိမ်တွင်အံ့သြသွားရသူမှာကျိုးဟောင်ဖြစ်သည်။ ဤမုန်တိုင်းအားဖြတ်ကျော်သွားရန်အတွက် သေးငယ်သည့်အပ်တစ်ချောင်းအပေါ်အားကိုးရမည်ဟူသောစကားသည်သူ့အတွက်အလွန်ရယ်စရာကောင်းသလိုခံစားရပေသည်။

သို့သော်ကျိုးဟောင်မသိသည်မှာ ဤအဝတ်ချုပ်သည့်အပ်မှာအချိန်မ‌ရွေးကျုံ့နိုင်သည်ဟူသောအချက်ပင်ဖြစ်သည်။ အာကာသမုန်တိုင်းများအတွက်ခေတ်မှီနည်းပညာဖြင့် အထူးထုတ်လုပ်ထားသည့်ပစ္စည်းများစွာရှိပေသည်။

"ဒါဆို စမ်းကြည့်ကြတာပေါ့"

ကျိုးဟောင်မှာထပ်ပြီးမနှောင့်နှေးရဲပေ။ သူသည်အကောင်းဆုံးကြိုးစားပြီးဂျော့ချ်ထံမှသေးငယ်သောအပ်လေးအားချက်ချင်းယူလိုက်သည်။

လုံနတ်ဘုရားစစ်သင်္ဘောပေါ်တွင် ယခုလိုလေကာကွယ်နတ်ဘုရားပစ္စည်းများအားသိုလှောင်ရန်အသုံးပြုသည့်နေရာတစ်ခုရှိ‌ပေသည်။ မမျှော်လင့်ထားစွာပင် ဂျော့ချ်ထံမှအပ်အားထိုနေရာတွင်ထားပြီးနောက် ချက်ချင်းပင်ကြီးမားသောအပုံကြီးအဖြစ်ပြောင်းလဲသွားခဲ့သည်။

ထိုနေရာတွင်အာကာသယာဥ်တစ်ခုလုံးအားတည်ငြိမ်အောင်ထိန်းပေးနိုင်သည့် ခေတ်မှီနည်းပညာပစ္စည်းများစွာရှိနေပြီး ဤပြောင်းလဲမှုမျာ ကျိုးဟောင်ကိုင်မှင်တက်သွားစေခဲ့သည်။

ထိုအပ်သေးသေးလေးမှာ တကယ်ပင်အလွန်အသုံးဝင်ပေသည်။

ထို့အပြင် ဤအရာသည်သူယခင်ကတစ်ခါမှမတွေးဖူးသည့်အရာဖြစ်သည်။ အခြားလူများမှာယခုလိုပစ္စည်းမျိုးအားတကယ်ပင်ပိုင်ဆိုင်မည်ဟုသူဘယ်တုန်းကမှမထင်ထားခဲ့ပေ။

တကယ်ကိုပင် ဤဂြိုဟ်များပေါ်ရှိနည်းပညာမှာ အခြားဂြိုဟ်များထက်နှစ်ပေါင်းများစွာခေတ်ရှေ့ကြိုရောက်နေပေသည်။

အားကောင်းသောမုန်တိုင်းရောက်လာချိန်တွင် လုံနတ်ဘုရားစစ်သင်္ဘောမှာအနည်းငယ်တုန်ခါသွားပြီး မုန်တိုင်းဖြင့်ရောမပါသွားသည်ကိုကျိုးဟောင်မှာကံကောင်းသည်ဟုခံစားနေရပေသည်။

ယခုလိုစွမ်းအားကြီးသည့်မုန်တိုင်းနှင့်ကြုံနေရသည့်အချိန်မှာပင် လုံနတ်ဘုရားစစ်သင်္ဘောမှာပျံသန်းနေနိုင်သေးပေသည်။ ကျိုးဟောင်ပင်လုံနတ်ဘုရားစစ်သင်္ဘောအပြင်တွင်မတ်တပ်မရပ်ရဲဘဲ အခန်းထဲတွင်သာစိုးရိမ်စွာဖြင့်ထိုင်နေပေသည်။

အကယ်၍ဂရုမစိုက်မိပါက သူမသိသောနေရာသို့မုန်တိုင်းဖြင့်ပါသွားနိုင်ပြီး မုန်တိုင်းထဲမှအပိုင်းအစများကြောင့်ခန္ဓာကိုယ်ပင်တစ်စစီဖြစ်သွားနိုင်ပေသည်။

"မင်းရဲ့ဒီပစ္စည်းကတကယ်ကိုနည်းနည်းကောင်းတာပဲ လေကာကွယ်နတ်ဘုရားပစ္စည်းလို့မပြောရဘူး"

ယခုကျိုးဟောင်မှာ ဤအပ်သေးသေးလေးသည်မည်မျှအသုံးဝင်ကြောင်းသိလိုက်ရပြီဖြစ်သည်။

ကံကောင်းစွာဖြင့် ကျိုးဟောင်မှာစိတ်လောပြီးမဆဲမိခဲ့ပေ။ မဟုတ်ပါကမျက်နှာအားဖြတ်ရိုက်ခံရသည့်ခံစားချက်မှာဂျော့ချ်အတွက်အလွန်ကျေနပ်စရာကောင်းမည်ဖြစ်သည်။

ဂျော့ချ်မှာ အာကာသယာဥ်ပေါ်ရှိပစ္စည်းပုံကြီးအားမယုံနိုင်သည့်ဟန်ဖြင့် စိုက်ကြည့်နေရင်းမျက်လုံးပြူးနေခဲ့သည်။ ဤအပ်သည်ယခုလောက်အသုံးဝင်မည်ဟုသူမထင်ထားခဲ့ပေ။

သူ့ဖခင်ဖြစ်သူမှာ သူ့အားဤပစ္စည်းကိုပေးစဥ်က ဂျော့ချ်မှာစိတ်ထဲမှခိုး၍မကျေမနပ်ပင်ပြောခဲ့သေးပေသည်။

မူလက သူ့အဖေသည်သူ့အားမပျော်စေချင်၍ ယခုလိုအဖိုးမတန်သည့်ပစ္စည်းအားပေးခဲ့သည်ဟုထင်ခဲ့ခြင်းဖြစ်သည်။

တကယ်အန္တရာယ်နှင့်ကြုံလာပါက ဤအပ်သေးသေးလေးမှာသူသတ်သေရန်ပင်အကူအညီမပေးနိုင်ပေ။

ယခုအချိန်မှသာ ဤအပ်သေးသေးလေးတွင်အခြားစွမ်းရည်တစ်ခုရှိနေမှန်းကိုသိလိုက်ရခြင်းဖြစ်သည်။ ဤပစ္စည်းထဲတွင် ခေတ်မှီနည်းပညာများစွာပါရှိသည်။ သူတို့၏ဂြိုဟ်တွင်ပင် ဤအရာမှာခေတ်မှီသည့်တည်ရှိမှုတစ်ခုဖြစ်နေသေးပေသည်။

ထိုမုန်တိုင်းများမှာ ချက်ချင်းပင်အာကာသယာဥ်အား‌ရှောင်ဖယ်သွားခဲ့ကာ စစ်သင်္ဘောသည်လည်းမုန်တိုင်း၏ဗဟိုသို့လျင်မြန်စွာဝင်ရောက်သွားခဲ့သည်။ အထဲရှိနေရာမှာ လောကကြီး၏အဆုံးသတ်ကဲ့သို့ပင်အဆုံးမရှိသောအမှောင်ထုတို့ဖြင့်ပြည့်နှက်နေပေသည်။

အလယ်ရောက်ချိန်တွင် အာကာသယာဥ်တစ်ခုလုံးမှာပို၍ပြင်းထန်စွာလှုပ်ယမ်းလာခဲ့ပြီး စစ်သင်္ဘောပေါ်တွင်အက်ကွဲကြောင်းများပင်ပေါ်လာခဲ့သည်။ မုန်တိုင်းဗဟိုရှိဖိအားမှာမည်မျှကြီးမားကြောင်းသိသာပေသည်။

အကယ်၍သာမန်တိုက်လေယာဥ်တစ်စင်းသာမတော်တဤမုန်တိုင်းထဲသို့ရောက်သွားပါက ချက်ချင်းအမှုန့်ဖြစ်သွားမည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လုုံနတ်ဘုရားစစ်သင်္ဘောမှာ သာမန်တိုက်လေယာဥ်တစ်စင်းမဟုတ်ဘဲ လေကာကွယ်နတ်ဘုရားပစ္စည်း၏အကူအညီရှိနေပေသည်။

နှစ်ယောက်လုံးမှာအလွန်စိတ်ပူနေပြီး မတော်မဆဤမုန်တိုင်း၏အတွင်းသို့ဆွဲသွင်းခံလိုက်ရမည်ကိုကြောက်လန့်နေခဲ့သည်။

"မုန်တိုင်းကအရမ်းကြီးပြီး ဖိအားကလည်းအရမ်းမြင့်နေပါတယ် ရှေ့မှာအမည်မသိအရာတစ်ခုရှိနေပါတယ်"

လုံနတ်ဘုရားစစ်သင်္ဘောမှာ လက်ရှိပတ်ဝန်းကျင်ကို ဆက်တိုက်အစီရင်ခံနေခဲ့သည်။ အခြေအနေမှာရုတ်တရက်အန္တရာယ်များလာခဲ့ပြီး ကျိုးဟောင်၏ အမူအရာမှာလည်းချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။

အကယ်၍သူတို့ရှေ့တွင်အမည်မသိအရာတစ်ခုခုရှိနေပါက ၎င်းမှာသေချာပေါက်မုန်တိုင်းဗဟိုတွင်စုစည်းဖြစ်ပေါ်လာသည့် ဖုန်အပိုင်းအစဖြစ်နိုင်ပေသည်။ သို့သော် လုံနတ်ဘုရားပစ္စည်းမှထိုပစ္စည်းအားမထောက်လှမ်းနိုင်၍ ၎င်းမှာအမည်မသိအရာဝတ္ထုအဖြစ် သတ်မှတ်ခြင်းခံလိုက်ရသည်။

ကြည့်ရသည်မှာ ဤမုန်တိုင်းသည် လုံနတ်ဘုရားစစ်သင်္ဘော၏ခံနိုင်ရည်ကန့်သတ်ချက်အား ရောက်ရှိနေပြီဖြစ်ပုံ‌ပေါ်စသည်။ အကယ်၍ ထပ်မံအားကောင်းလာပါက စစ်သင်္ဘောမှာသေချာ‌ပေါက်ပျက်စီးသွားမည်ဖြစ်သည်။

"ရှေ့မှာရှောင်သွားမှရမဲ့အမည်မသိကြီးမားတဲ့ အရာတစ်ခုရှိနေတယ်"

"ငါတို့ရှောင်သွားမှရမယ် တကယ်လို့အဲဒါနဲ့တိုက်မိရင် အာကာသယာဥ်တစ်ခုလုံးပျက်စီးသွားလိမ့်မယ်"

ဖားမှချက်ချင်းပင် သတိပေးလိုက်သည်။

ထိုအမည်မသိအရာမှာအလွန်ကြီးမားလှပေသည်။ ယခုအာကာသယာဥ်မှာ၎င်း၏ခံနိုင်ရည်စွမ်းကန့်သတ်ချက်သို့ရောက်နေပြီဖြစ်ပေရာ အကယ်၍ယခုလိုစွမ်းအားကြီးသည့်ပြင်ပအားတစ်ခုခုဖြင့်တိုက်မိပါက သေချာပေါက် ပေါက်ကွဲသွားမည်ဖြစ်သည်။

ကျိုးဟောင်မှာ ချက်ချင်းပင်ငှက်မွေးတစ်ထောင်ချပ်ဝတ်အား နောက်လမ်းကြောင်းတစ်ခုရှာပြီး ဤအမည်မသိသောအရာအားရှောင်သွားရန်အမိန့်ပေးလိုက်သည်။ မဟုတ်ပါက သူတို့အားလုံးဤနေရာတွင်သာသေဆုံးသွားမည်ဖြစ်သည်။

"မြောက်ဘက်ကို ၆၀ ဒီဂရီ အရှေ့ဘက်ကို ၃၀ ဒီဂရီ ဒီအမည်မသိအရာလာနေတာကပုံစံအတည်တကျမရှိဘဲ အရမ်းမြန်တယ်"

"အခု ၃၅ ဒီဂရီထပ်လှည့် မြောက်ဘက်ကို၃၅ဒီဂရီ"

ဖား၏အသံမှာ ဆက်တိုက်ထွက်ပေါ်လာနေသည်။

ယခုလမ်းအားလမ်းညွှန်နိုင်သူမှာဖားတစ်ယောက်သာရှိ‌ပေသည်။ မဟုတ်ပါက အာကာသယာဥ်တစ်ခုလုံးမှာ မည်သည့်နေရာသို့ဦးတည်ရမှန်းမသိဘဲဦးတည်ချက်မဲ့စွာသွားနေရမည်ဖြစ်သည်။ အလိုအလျောက်မောင်းနှင်သည့်စနစ်မှာလည်း အသုံးမဝင်တော့ပေ။

ထိုစနစ်မှာမုန်တိုင်းအားဖြတ်ကျော်စဥ်ကပျက်စီးသွားပြီဖြစ်သည်။

ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ ၎င်း၏ရှေ့တွင်ရှိနေသာအရာအားသေချာမဆုံးဖြတ်နိုင်သလို မည်သည့်ထောင့်တွင်ရှိနေမှန်းလည်းသေချာမသိပေ။

ပစ္စည်းဘယ်နေရာတွင်ရှိနေမှန်း တိတိကျကျနှင့်သေသေချာချာဆုံးဖြတ်နိုင်သူမှာ ဖားတစ်ယောက်သာရှိသည်။ ဖား၏စိုးရိမ်နေသောအသံအာကြားလိုက်ရချိန်တွင် ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ အာကာသယာဥ်တစ်ခုလုံး၏ဦးတည်ရာအားတိကျစွာ ထိန်းချုပ်လိုက်သည်။

သူတို့နှစ်ယောက်၏ပူးပေါင်းဆောင်ရွက်မှုမှာ ဟာကွက်မရှိပေ။ ကျိုးဟောင်မှာဘေးမှထိုင်ကာစိတ်ပူနေရုံသာတတ်နိုင်ပြီး ဝင်ကူညီပေးနိုင်ခြင်းမရှိပေ။ သူ၏အာကာသယာဥ်အားထိန်းချုပ်နှုန်းသည် ငှက်မွေးတစ်ထောင်ချပ်ဝတ်ထိန်းချုပ်သည်လောက် မတိကျပေ။

"အနောက်မြောက် ၂၅ဒီဂရီ အနောက်မြောက် မြန်မြန်...."

ဖားမှာအလွန်စိတ်ပူနေခဲ့သည်။

ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာအာကာသယာဥ်အားဦးတည်ရာပြောင်းလိုက်သည့်အချိန်မှာပင် ကောင်းကင်အားဖုံးလုနီးပါးကြီးမားသည့်မကောင်းဆိုးဝါးကြီးမှာ အာကာသယာဥ်ဘေးမှဖြတ်ကျော်သွားခဲ့သည်။ အကယ်၍အာကာသယာဥ်မှာ မမျှော်လင့်ထားဘဲထိုသတ္တဝါနှင့်တိုက်မိပါက ချက်ချင်းပေါက်ကွဲသွားမည်ဖြစ်သည်။

ကျိုးဟောင်နှင့် ဂျော့ချ်မဆိုထားနှင့် ဖားပင်အနည်းငယ်ကြောက်ရွံ့နေပေသည်။

အမည်မသိအရာတစ်ခုမှာ ဤမျှမြန်မြန်ဆန်ဆန်နှင့် မည်သည့်စည်းမျဥ်းမျှမရှိဘဲ ရှေ့သို့ထွက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ဂရုမစိုက်မိပါက ထိုသတ္တဝါနှင့်တိုက်မိမှာဖြစ်ပြီး ဤခံစားချက်မှာသေခြင်းတရားသည် သူတို့ရှေ့မှောက်သို့အချိန်မရွေးရောက်လာနိုင်သည့်အတိုင်းပင်။

ကံကောင်း‌ထောက်မစွာဖြင့် ယခုတစ်ကြိမ်တွင် ဖားကိုယ်တိုင်လမ်းညွှန်နေပေသည်။ ကျိုးဟောင်မှာဘေးမှာသာထိုင်နေခဲ့သည်။ အစောပိုင်းကဖြစ်ရပ်သည်တကယ်ပင်အလွန်အန္တရာယ်များကြောင်းကိုလည်းအားလုံးမြင်တွေ့ခဲ့ရပေသည်။

ယခုတစ်ကြိမ်တွင် အာကာသယာဥ်သည်လည်းသိသိသာသာပျက်စီးသွားပြီး ပြန်လည်ပြင်ဆင်ရမည့်ပုံပေါ်ပေသည်။

ထိုပြင်ဆင်ရမည့်အဖိုးအခအကြောင်းတွေးရင်း ကျိုးဟောင်မှာရင်နာလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ အာကာသယာဥ်ပြင်ရန်သုံးရမည့်ပိုက်ဆံမှာ သာမန်ငွေစက္ကူများမဟုတ်ဘဲ စကြဝဠာဒင်္ဂါးများသာြဖစ်သည်။

ပိုက်ဆံသုံးရန်မှာလွယ်သော်လည်း ရှာရန်မှာမလွယ်ပေ။

....................................................................................

All Chapters