← Chapters

အလွန်အမင်းဖျက်ဆီးနိုင်စွမ်းရှိသော

Vol. 50 Ch. 742

အလွန်အမင်းဖျက်ဆီးနိုင်စွမ်းရှိသော

Vol. 50 Ch. 742

"ငါတို့နောက်ဆုံးတော့ဒီတစ်ခေါက်အသက်ရှင်ပြီလား"

အချိန်အတော်ကြာပြီးနောက်ထိုင်နေသည့်ဂျော့ချ်ထံမှ နောက်ဆုံးတွင်အသံထွက်လာခဲ့သည်။

ယခုတစ်ခေါက်တွင် တကယ်ပင်လွတ်လမ်းမရှိတော့ဘူးဟုတွေးထားခဲ့သောကျိုးဟောင်မှာလည်း ကောင်းကင်ပေါ်ရှိသက်ရှိကြီးအားကြည့်ကာ မျှော်လင့်ချက်မဲ့သွားခဲ့သော်ငြား ကံကောင်းစွာဖြင့် လုံနတ်ဘုရားစစ်သင်္ဘောမှာ ထိုသတ္တဝါအားပါးပါးနပ်နပ်ဖြင့် ရှောင်တိမ်းခဲ့နိုင်ပေသည်။

ယခုအချိန်ထိပင် ကျိုးဟောင်မှာမယုံကြည်နိုင်ဖြစ်နေဆဲပင်ဖြစ်သည်။ အကယ်၍အနည်းငယ်မှားယွင်းသွားလျှင်ပင် အားလုံးဖျက်ဆီးခံရမည်ဖြစ်သည်။

မုန်တိုင်းမှာ အာကာသယာဥ်ကိုင်တွယ်နိုင်သည့်အတိုင်းအတာသို့ရောက်နေပြီဖြစ်ကြောင်းကျိုးဟောင်သိပေသည်။

အကယ်၍လေကာကွယ်နတ်ဘုရားပစ္စည်းကြောင့်မဟုတ်ပါက သူတို့နှစ်ယောက်လုံးယနေ့သေချာပေါက်အဆုံးသတ်သွားမည်ဖြစ်သည်။

ထို့ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးမှာယခုတိုင်တုန်ယင်နေဆဲဖြစ်ကာ အစောပိုင်းကမြင်ကွင်းအားသူ့ဘဝတစ်လျှောက်လုံးမေ့နိုင်တော့မည်မဟုတ်ပေ။

နှစ်ယောက်လုံး၏စိတ်ထဲတွင် အကြောက်တရားတို့ကျန်ရှိနေသေးပေသည်။

တစ်ဖက်လူမှာသူ့ထက်ပိုမိုသူရဲဘောကြောင်သည်ကိုမြင်လိုက်ရပြီးနောက် ကျိုးဟောင်မှာအနည်းငယ်ပို၍နေရသက်သာသွားခဲ့သည်။ အစောပိုင်းကမြင်ကွင်းမှာတကယ်ပင်သွေးပျက်စရာကောင်းလှပေသည်။ ကျိုးဟောင်၏စိတ်ထဲတွင်နောက်တစ်နေ့၏နေထွက်ချိန်အား မမြင်နိုင်တော့ဘူးဟုတွေးထားခဲ့ခြင်းဖြစ်သည်။

"သေချာပေါက်အသက်ရှင်ပြီပေါ့ မင်းကသေချင်တာလို့တော့ငါ့ကိုမပြောနဲ့နော်"

ကျိုးဟောင်မှာစိတ်ပျက်လက်ပျက်ပုံဖြင့်မေးလာပြီး သူ့ကိုယ်သူစိတ်တည်ငြိမ်လာအောင်ထိန်းချုပ်လိုက်သည်။

ယခုအချိန်တွင်ဂျော့ချ်အကြောက်လွန်နေသည်မဟုတ်ဘဲ အစောပိုင်းကအခြေအနေမှာတကယ်ပင်သွေးပျက်စရာကောင်းလောက်အောင်ကြောက်စရာကောင်းနေခြင်းဖြစ်သည်။

သူသည်ရင်ဆိုင်ရမည့်အရာများအားရင်ဆိုင်ရမည်သာဖြစ်သည်။ ယခုအာကာသယာဥ်မှာမုန်တိုင်းထဲတွင်ပျံသန်းနေပြီး အချိန်မရွေးပေါက်ကွဲသွားနိုင်သည့်အန္တရာယ်မျိုးရှိနေပေသည်။ သူယခုလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ဤမုန်တိုင်းထဲမှလျင်မြန်စွာ ဖြတ်သန်းသွားနိုင်ရန်ဆုတောင်းရန်သာရှိသည်။

"ဒီမုန်တိုင်းကနှစ်ရက်အတွင်းပြီးမယ်လို့ခန့်မှန်းရတယ် အခြေအနေကတော့အရင်ကထက်ပိုပြီးတည်ငြိမ်သွားပြီ အမည်မသိတဲ့စွမ်းအားကြီးသက်ရှိတွေမရှိဘူး"

ဖား၏စကားအားကြားပြီးနောက်မှသာ ကျိုးဟောင်မှာသက်ပြင်းချနိုင်တော့သည်။ သူတို့သည်မုန်တိုင်းထဲတွင်ရှိနေဆဲဖြစ်သော်လည်း ယခင်ကထက်ပို၍စိတ်အေးသွားပေသည်။

အစောပိုင်းက ရင်တမမဖြစ်နေရသည့်ခံစားချက်သည် သူ့အားနှစ်ပေါင်းများစွာကိုဖြတ်ကျော်နေရသလိုပင် ခံစားမိစေပေရာ အကယ်၍နှလုံးရောဂါရှိသူဆိုပါက နေရာတွင်ပင်နှလုံးရောဂါဖောက်ပြီးလဲကျသွားမည်ဖြစ်သည်။

"ဘာလို့စောစောကမပြောတာလဲ စိတ်ပူရအောင်လုပ်နေတယ် ကြည့်ဦး ပါးစပ်တွေတောင်ခြောက်နေပြီ"

ယခုအချိန်တွင်ကျိုးဟောင်သည်ဖားအားစိတ်ဆိုးနေသည်ကိုယာယီဘေးဖယ်ထားကာ ဖားနှင့်ထပ်မံငြင်းခုံနေပြန်သည်။

ဤအခြေအနေအားမည်သူမျှမျှော်လင့်ထားမည်မဟုတ်ပေ။

အစောပိုင်းကဖားသတိပေး၍မဟုတ်ပါက သူသည်ယခုအချိန်တွင် စကားပြောနေနိုင်တော့မည်မဟုတ်ပေ။

"ဒါကိုမင်းရဲ့ပိုင်နက်လို့ထင်နေတာလား မင်းကိုယ်မင်းအကုန်သိတယ်ထင်နေတာလား ဒီဟာကအာကာသကွ မင်းစကြဝဠာတစ်ခုလုံးအကြောင်းသိလို့လား"

ဖား၏အသံသည်လည်းထပ်မံထွက်ပေါ်လာခဲ့သည်။ ကျိုးဟောင်မှာအန္တရာယ်မှလွတ်သွားသည်နှင့် အမြဲတမ်းမကျေမနပ်ပြောလေ့ရှိပေသည်။

ယခုလည်း ဖားမှာသူ့အားစောစောမပြောသည့်အတွက် ပြဿနာရှာနေပြန်သည်။ အကယ်၍ဖားသတိပေး၍ မဟုတ်ပါက ယခုအချိန်လောက်ဆိုလျှင် အားလုံးအမှုန့်ဖြစ်နေလောက်ပြီဖြစ်သည်။

ကျိုးဟောင်သည်လည်းခပ်ဟဟရယ်မောလိုက်ပြီး စိတ်အခြေအနေကောင်းမွန်နေခဲ့ပေသည်။ မည်သို့ပင်ဖြစ်စေ အားလုံးမှာကပ်ဘေးတစ်ခုမှလွတ်မြောက်လာနိုင်ခဲ့ပေသည်။

အစောပိုင်းကထိတ်လန့်စရာမြင်ကွင်းအားစိတ်ထဲမှ မဖျောက်နိုင်သေးပေ။ သူကမ္ဘာဂြိုဟ်‌ပေါ်တွင်အာကာသသားရဲနှင့်တိုက်ခိုက်ခဲ့စဥ်ကပင် ယခုလိုအန္တရာယ်အငွေ့အသက်မျိုးအားမခံစားခဲ့ရပေ။

မည်သို့ပင်ဖြစ်စေ ထိုစဥ်ကသူ့ထံတွင်ပြန်လည်တိုက်ခိုက်နိုင်သည့်အခွင့်အရေးရှိသေးပေသည်။ သို့သော်ယခုတစ်ကြိမ်အန္တရာယ်မှာ တစ်ဖက်မှသာသတ်ဖြတ်သည့်အခြေအနေမျိုးဖြစ်သည်။

ကျိုးဟောင်မှာနောက်ဆုံးတွင် စကြဝဠာမှာတကယ်ပင်ကြောက်မက်ဖွယ်ရာကောင်းကြောင်းနားလည်လိုက်ပေသည်။

ကျိုးဟောင်မှာဖားနှင့်စကားပြောနေပေသည်။ ဤနည်းလမ်းသည်သာ တင်းကြပ်နေသောာလေထုအားလျှော့ချနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ သူတို့ဤအာကာသမုန်တိုင်းနှင့်မလွတ်ကင်းသရွေ့ အန္တရာယ်ကြီးကြီးမားမားကြုံရနိုင်ခြေရှိသေးပေသည်။

ဂျော့ချ်မှာ ဘေးဘက်တွင်သာငူငူငိုင်ငိုင်နှင့်ထိုင်နေပေသည်။ အစောပိုင်းကမြင်ကွင်းမှာသူ့အားထိတ်လန့်စေခဲ့ပေသည်။

သူသည်လည်း ဗဟုသုတများသူဖြစ်ပေရာ သေ‌ရေးရှင်ရေးအခြေအနေအားယခင်ကတည်းက အတွေ့အကြုံရှိသော်ငြား တကယ်တမ်းကြုံတွေ့လာရသည့်အချိန်တွင် ကြောက်ရွံ့စိတ်တော့ဖြစ်မိပေသည်။

"ရှောင်ယွီ ရှေ့ကအမည်မသိတဲ့အရာသေးသေးလေးတွေကိုအာရုံစိုက်ထား ငါတို့ ပတ်သွားလို့ရပြီး အဲဒီပစ္စည်းတွေကလှုပ်ရှားမှုမရှိဘူးဆိုတာကိုသေချာအောင်လုပ်ဖို့လိုတယ်"

ဖား၏သတိပေးသံမှာထပ်မံထွက်ပေါ်လာခဲ့သည်။

ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ အာကာသယာဥ်အားတိကျစွာထိန်းချုပ်‌နေပြီး အမှားအယွင်းတစ်စုံတစ်ရာမရှိပေ။ ထိုသို့ထိန်းချုပ်နိုင်ခြင်းသည်လည်း အကူအညီကြီးကြီးပေးနိုင်ပေသည်။

အလွန်အမင်းစိတ်ပူပင်ရပြီးနောက် လူတိုင်းမှာအချိန်တစ်ခုစာပင်ပန်းသွားသလိုခံစားရမည်ဖြစ်သည်။ ကြီးကြီးမားမားကိစ္စတစ်ခုအားလုပ်ပြီးပါက အာကာသယာဥ်၏စားပွဲပေါ်တွင် လှဲလျောင်းကာအနားယူလိုစိတ်ကိုလည်းခံစားရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ကျိုးဟောင်မှာအိပ်ငိုက်နေပြီး အလွန်ပင်ပန်းနေသလိုခံစားနေရပေသည်။

ဖားမှာကျိုးဟောင်၏ယခုလိုပုံစံအားမြင်လိုက်ရချိန်တွင် နှောင့်ယှက်ခြင်းမပြုဘဲ ကျိုးဟောင်အားဤမုန်တိုင်းထဲမှ‌ဘေးကင်းကင်းနှင့်ခေါ်သွားနိုင်ရန်အတွက် ငှက်မွေးတစ်ထောင်ချပ်ဝတ်နှင့်တိတ်တဆိတ်အလုပ်လုပ်နေပေသည်။

ကျိုးဟောင်ဤတာဝန်အားလက်ခံအောင်ဖိအားပေးခဲ့သူမှာ သူကိုယ်တိုင်ပင်ဖစ်ပေရာအကယ်၍တစ်ခုခုဖြစ်သွားပါက သူ့စိတ်ထဲတွင်အပြစ်ရှိသလိုခံစားရမည်ဖြစ်သည်။

ထို့အပြင် ယခုတစ်ခေါက်တွင် အခြေအနေမှာ ဤမျှလောက်အန္တရာယ်များလိမ့်မည်ဟု ဖားလည်းမထင်ထားခဲ့ပေ။

နှစ်ရက်နှင့်နှစ်ညမျှအိပ်ပြီးနောက် ကျိုးဟောင်မှာနိုးလာခဲ့ပြီး ပတ်ဝန်းကျင်မှာပြောင်းလဲသွားပြီဖြစ်ကြောင်းခံစားလိုက်ရပေသည်။ နေအားတိမ်ဖုံးခံထားရသည့်ခံစားချက်မျိုးရှိမနေတော့ပေ။

ယခုအချိန်တွင် သူတို့သည်ပြန်လည်အေးချမ်းသွားသလိုခံစားလိုက်ရပေသည်။ မနီမဝေးတွင်တောက်ပသောကြယ်များမှာ တလက်လက်တောက်ပနေသော်ငြား သူ့ဘေးရှိအရာအားလုံးအားကြည့်ရင်း ကျိုးဟောင်မှာစကြဝဠာ၏ဖျက်ဆီးနိုင်စွမ်းသည် တကယ်ပင်အလွန်စွမ်းအားကြီးကြောင်း သဘောပေါက်ထားပြီးပြီဖြစ်သည်။

စကြဝဠာတစ်ခုလုံးမှာ အတင်းအကျပ်ပုံသွင်းထားသည့်အရာတစ်ခုနှင့်တူပေသည်။ ဤအတွက်အကြောင်းပြချက်မှာ နေအားတိမ်ဖြင့် ဖုံးကွယ်ထားခံရသည့်အကြောင်းပြချက်နှင့် အတူတူလိုပင်ကျိုးဟောင်စိတ်ထဲတွင်ခံစားရပေသည်။

အချို့သေးငယ်သောဂြိုဟ်များမှာ မြင်မကောင်း‌အောင်ပင်ဖျက်ဆီးခံကြရပေသည်။

လုံနတ်ဘုရားစစ်သင်္ဘော၏တောင့်တင်းခိုင်မာမှုကြောင့်ကျိုးဟောင်မှာ အလွန်ပင်ဝမ်းသာမိပေသည်။ မဟုတ်ပါကသူသည်လည်းထိုဂြိုဟ်များကဲ့သို့ပင်အဆုံးသတ်သွားရမည်ဖြစ်သည်။

"ကျိုးဟောင် ကြည့် ဟိုမှာကြယ်ပျံရှိတယ်"

ဂျော့ချ်မှာ နိုးလာပြီးအံ့သြတကြီးအော်ပြောလာခဲ့သည်။

အစောပိုင်းကမုန်တိုင်းသည်သူ့အားရင်ထဲထိတုန်လှုပ်အောင်ခြောက်ခန့်ခဲ့သော်ငြား အချိန်အနည်းငယ်ကြာသွားသည်နှင့်ထိုခံစားချက်အားမေ့သွားပုံပင်။

ယခု တလက်လက်တောက်ပနေသောကြယ်များအားကြည့်လိုက်ရချိန်တွင် စကြဝဠာတစ်ခုလုံးမှာအလွန်တိတ်ဆိတ်နေပြီး လူတိုင်းအားစိတ်အေးချမ်းစေပေသည်။ မုန်တိုင်းမှာတစ်ခုတည်းရှိသည်မဟုတ်ပေ။ ဤခံစားချက်မှာကမ္ဘာဂြိုဟ်၏ လေနှင့်နေတို့၏ခံစားချက်လိုပင်သက်သောင့်သက်သာရှိပေသည်။

ထို့နောက် ကျိုးဟောင်တို့မှာ ၎င်းတို့အားဖြတ်ကာပျံသန်းသွားသည့်ကြယ်ပျံအားတွေ့လိုက်ရသည်။

"မြန်မြန် ဆုတောင်း ကြယ်ကြွေတာတွေ့တဲ့အချိန်ဆု‌တောင်းရင် ဆုတောင်းပြည့်တယ်ဆိုတဲ့စကားရှိတယ်"

ကျိုးဟောင်မှာရုတ်တရက်ကမ္ဘာဂြိုဟ်ပေါ်ရှိ ဒဏ္ဍာရီဆန်ဆန်စကားအားအမှတ်ရလိုက်သည်။

အတိတ်တုန်းက သူလည်းဤစကားအားယုံကြည်ခဲ့ပေသည်။ ကြယ်ကြွေတာမြင်တိုင်း အမြန်ဆု‌တောင်းပြီး ချမ်းသာသည့်ဘဝမျိုးအားဖြတ်သန်းနိုင်ရန်မျှော်လင့်ခဲ့သည်။

အားလုံးကိုတွေ့ကြုံလာရပြီးနောက် ကျိုးဟောင်မှာစကားနှင့်ဖော်ပြလို့မရသောမျှော်လင့်ချက်မဲ့မှုနှင့်ပိုမိုဆင်းရဲလာမှုကိုသာခံစားလိုက်ရသည်။

ထိုသို့ခံစားလိုက်ရသည်မှာ ဤစကားသည်ရှေးလူများမျှော်လင့်ချက်ရှိရန်ဖန်တီးခဲ့သည့် စကားတစ်ခွန်းသာဖြစ်ကြောင်းသိလိုက်ရချိန်အထိဖြစ်သည်။

"တကယ်လား ဒါဆိုငါဆုတစ်ခုမြန်မြန်တောင်းလိုက်မယ် ငါတို့ရဲ့ပန်းတိုင်ကိုမြန်မြန်ရောက်ပြီး တာဝန်ကိုအောင်အောင်မြင်မြင်နဲ့လုပ်ဆောင်နိုင်ပါစေ"

ဂျော့ချ်၏အတွေးများမှာ အလွန်ရိုးရှင်းပေသည်။ သူသည်တာဝန်အားအမြန်လုပ်ဆောင်နိုင်ပြီး လာခဲ့သည့်နေရာသို့ပြန်သွားလိုခြင်းဖြစ်သည်။

အပြင်ဘက်တွင်မူ သင်္ဘောမှာဓားဖျား၏ထိပ်ပေါ်တွင် ကခုန်နေရသည့်အခြေအနေမျိုးသို့ရောက်နေပေသည်။

တစ်ခါတရံ အလွန်ခက်ခဲလှပေသည်။

ယခုအာကာသယာဥ်မှာသူထင်သလောက်စိတ်လှုပ်ရှားစရာမကောင်းတော့ဘူးဟု ဂျော့ချ်ခံစားနေရပေသည်။ ထိုယာဥ်ပေါ်ရှိအစားအသောက်များမှာလည်း ယခင်ကလိုအရသာမရှိတော့သလို စက်ရုပ်များမှာလည်းယခင်ကလောက်ကြည့်မကောင်းတော့ပေ။

ကျိုးဟောင်မှာဂျော့ချ်၏စကားအားနားထောင်ပြီးနောက် ပြုံးလိုက်သည်။ ဂျော့ချ်သည်ပထမဆုံးအကြိမ်အထိတ်တလန့်ဖြစ်သည့်ခံစားချက်အားခံစားဖူးခြင်းဖြစ်ပေရာ နောက်ပိုင်းအချိန်ကြာလာပါကအသားကျသွားမည်ဖြစ်သည်။

ဤသို့ကျင့်သားရလာစေရန် ဂျော့ချ်မှာအပြင်လောကသို့များများသွားပြီး များများလေ့ကျင့်ရန်လိုသေးပေသည်။ မဟုတ်ပါက ကိစ္စကြီးကြီးမားမားမဟုတ်လျှင်တောင် ပုံကြီးချဲ့နေဦးမည်သာဖြစ်ပေသည်။

ကျိုးဟောင်မှာမူကြောက်နေလျှင်ပင် သေချာပေါက်ကြောက်ကြောင်းဝန်ခံမည်မဟုတ်ပေ။ သူမည်မျှကြောက်လန့်နေသည်ဖြစ်ပါစေ အားလုံးကိုရဲရင့်စွာရင်ဆိုင်ရန်မိမိကိုယ်ကိုဖိအားပေးဆဲသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မည်သူမှသူ့အားဤနေရာသို့လာခိုင်းခဲ့ခြင်းမဟုတ်ပေ။

"မင်းဆန္ဒသေချာပေါက် ပြည့်မှာပါ"

ကျိုးဟောင်သည်လည်း ဤတာဝန်အားအမြန်ပြီးမြောက်ချင်ပေသည်။

သူသည်လမ်းပြမြေပုံအားကြည့်လိုက်ပြီးနောက် ဟွေ့မင်ဂြိုဟ်နှင့်နီးကပ်လာပြီဖြစ်ကြောင်းအားသိလိုက်ရသည်။ သူတို့ခရီးသွားရမည့်ကြာချိန်မှာအများဆုံးမှ နှစ်ရက်လောက်သာလိုတော့ပေသည်။ ဖြည်းဖြည်းနှင့်မှန်မှန်သွားခြင်းကသာ သူတို့အတွက်အလုံခြုံဆုံးဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည်ကြယ်စုအတွင်းတွင် ယခုမှစတင်ခရီးသွားဖူးခြင်းဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ကျိုးဟောင်မှာအသားကျလာခဲ့သည်။

....................................................................................

All Chapters