တိုက်ဆိုင်မှု
Vol. 50 Ch. 743
"ဂျော့ခ်ျ မင်းဘာလို့ဟွေ့မင်ဂြိုလ်ကိုလာချင်ရတာလဲ"
ကျိုးဟောင်ကအနောက်တွင် အတွေးလွန်နေပုံရသောဂျော့ခ်ျအားကြည့်ပြီးမေးလိုက်လေသည်။
ချမ်းသာသောဒုတိယမျိုးဆက်၏အမွေဆက်ခံသူဖြစ်သည့်အလျောက်ဂျော့ခ်ျအနေဖြင့်အိပ်ယာထဲတွင်သက်သောင့်သက်သာနေနေလို့ရပေသည်။ သို့သော်သူ့အနေဖြင့်အကြောင်းအမျိုးမျိုးကြောင့်ခရီးထွက်ဖို့ဖြစ်လာခဲ့ပြီး သာမန်လူတွေမရနိုင်သောအတွေ့အကြုံများကိုရှာဖွေနေခဲ့လေသည်။
လူအများထက်ပိုမိုသာလွန်လေလေ ပိုပြီး တာ၀န်ယူတာ၀န်ခံမှုပိုကြီးကြီးလေလေဖြစ်ပေသည်။
ခရီးစဉ်တစ်ခုလုံး ရင်တုန်စိတ်လှုပ်ရှားဖွယ်များဖြင့်ပြည့်နှက်နေပြီး သူတို့နှစ်ယောက်မှာ ထိုအကြောင်းအရာများကိုပြန်လည်ဆွေးနွေးနေကြလေသည်။ ဂျော့ခ်ျကလည်း လျှို့ဝှက်ချက်များထားမနေဘဲ အကုန်အစင်ပြောပြနေလေသည်။
"သူခိုးတစ်ယောက်ကကျုပ်တို့ရဲ့ ဘိုးဘွားပိုင်အမွေအနှစ်တခုကိုခိုးသွားခဲ့တယ်။ ကျုပ်တို့အဲ့သူခိုးအတွက်ဆုကြေးကိုထုတ်ထားခဲ့တာကြာလှပြီဖြစ်ပေမဲ့ ခုအချိန်ထိဖမ်းမမိသေးဘူး"
ဂျော့ခ်ျစကားအရထိုပစ္စည်းမှာ အတော်အရေးကြီးပုံရပြီး သူကိုယ်တိုင်ထွက်ပြီးရှာနေရလေသည်။ ကျိုးဟောင်မှာလည်းအံ့ဩသွားလေသည်။ ယခုလိုမျိုးနွယ်ကြီးတခု၏အဖိုးတန်အမွေအနှစ်ကိုအလွယ်တကူခိုးယူရဲသည့်သူခိုးမှာ လက်ချိုးရေလို့ရလောက်အောင်နည်းပါးလေသည်။ ဒါ့အပြင်ထိုသူခိုးမှာ အထိအခိုက်မရှိလွတ်မြောက်သွားခဲ့သေးလေသည်။
"ကျွစ်...ကျွစ် ....အထင်ကြီးစရာပဲ"
ကျိုးဟောင်မှာလေသံဖျော့ဖျော့လေးဖြင့်ပြောလိုက်လေသည်။
ကျိုးဟောင်မှာ ထိုထူးချွန်ပြောင်မြောက်လှသောသူခိုးအားစိတ်ထဲမှချီးကျူးမိနေလေသည်။ အစောင့်အရှောက်အပြည့်ရှိသော ရတနာတိုက်ထဲမှ ထိုသူခိုးမှာအထိအခိုက်မရှိဘဲ ဘယ်လိုလွတ်မြောက်သွားသလဲဆိုသည်ကိုကျိုးဟောင်သိချင်မိလေသည်။
ထိုရတနာတိုက်မှာလည်း သာမန်မဟုတ်ဘဲထိပ်တန်းနည်းပညာမြင့်ပစ္စည်းများနှင့်အစောင့်အရှောက်များရှိနေလေသည်။
"ကျုပ်တို့မိသားစုရဲ့အမွေအနှစ်ရတနာကို လုံခြုံရေးအပြည့်ရှိပြီး နည်းပညာမြင့်ပစ္စည်းတွေတပ်ဆင်ထားတဲ့အခန်းထဲမှာသိမ်းထားတာ။ ဒါပေမဲ့ အဲ့သူခိုး၀င်ခိုးပြီး အချိန်တခုကြာမှ အမွေအနှစ်ပစ္စည်းအခိုးခံလိုက်ရမှန်းသိတာ။ အဲ့သူခိုးကတကယ်ကိုစွမ်းအားကြီးတယ်"
ဂျော့ခ်ျမှာ ထိုကိစ္စနှင့်ပတ်သက်ပြီး ကူကယ်ရာမဲ့ဖြစ်နေလေသည်။ သူ့အနေဖြင့်ထိုကိစ္စကြောင့်သာမဟုတ်ပါကယခုလိုမရင်းနှီးသောနေရာသို့လာပြီးဒုက္ခခံနေမည်မဟုတ်ပေ။
သူယခုလာရသည်မှာလည်း သတင်းအချက်အလက်စုဆောင်းရုံသာဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော်တဖက်လူမှာသူ့ထက်စွမ်းအားကြီးသူဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်ခြင်းကသူ့အတွက်အန္တရာယ်များပေသည်။
သူ့မိသားစုမှာ ဒီတာ၀န်ကိုပေးအပ်တုန်းက ဆုံးဖြတ်ချက်သေချာချထားကြပုံရပြီး သူအောင်မြင်ခဲ့ပါက သူ့အတွက်အကျိုးကျေးဇူးများရနိုင်ချေရှိလေသည်။ တကယ်လို့ သူမအောင်မြင်ခဲ့ပါက အသက်ရှင်လျက်ပြန်လာဖို့လည်းမှာကြားခဲ့ကြလေသည်။
"အဲ့လိုသူခိုးမျိုးဆီအလည်သွားရတာကတော့မင်းအတွက် တကယ်မနှစ်မြို့စရာဖြစ်နေမှာပဲ"
ကျိုးဟောင်ကပြောလိုက်လေသည်။
"အလည်သွားတယ်ဟုတ်လား။ ငါကသူ့အရိပ်တောင်မမြင်ဖူးဘူး။ အခုငါသိတဲ့သတင်းအချက်အလက်ဆိုလို့ သူ့ကိုစကြ၀ဠာအလိုရှိစာရင်းမှာဆုကြေးထုတ်ထားတဲ့အကြောင်းပဲရှိတယ်။ ပြီးတော့ အဲ့ကောင်ကခန့်မှန်းရအရမ်းခက်တဲ့အပြင်ထုတ်ထားတဲ့ဆုကြေးကလည်းနည်းတာကြောင့်ဘယ်သူမှမဖမ်းချင်ဘူး"
"သူ့မျက်နှာပုံစံဘယ်လိုရှိသလဲဆိုတာကိုဘယ်သူမှမသိကြဘူး။ သူကတခါပေါ်လာပြီး မျက်နှာပုံစံမျိုးဖြစ်နေတာ"
ဂျော့ခ်ျမှာထိုနတ်ဘုရားသဖွယ်ဆန်းကြယ်သောသူခိုးနှင့်ရင်ဆိုင်နိုင်ဖို့ ၁၀၀%ယုံကြည်ချက်မရှိပေ။ သူ့အနေဖြင့် ထိုသူခိုးမှာ ဟွေ့မင်ဂြိုလ်ပေါ်တွင်ရှိနေသသည်ဆိုသောသတင်းကိုရသောကြောင့်လာခဲ့ခြင်းဖြစ်လေသည်။
"သူ့နာမည်က ထော့စလိထန်ဖြစ်ပြီး သူ့ကိုစကြ၀ဠာထဲကဂြိုလ်အတော်များများကအလိုရှိနေကြတယ်"
ကျိုးဟောင်အမူအရာပြောင်းလဲသွားသည်ကိုသတိမထားမိဘဲဂျော့ခ်ျကဆက်ပြောနေလေသည်။
ကျွတ်.....
ကျိုးဟောင်မှာအာမေဋိတ်သာထွက်နိုင်တော့လေသည်။ ဂျော့ခ်ျရှာနေသောသူမှာ သူရှာနေသောသူဖြစ်နေလေသည်။ ဘာကြောင့်သူ့မိသားစုကထိုသူခိုးအားဆုကြေးအနည်းငယ်သာထုတ်ထားသလဲဆိုသည်ကိုကျိုးဟောင်နားမလည်နိုင်ဖြစ်နေခဲ့သည်။
"လခွမ်း ဒီသူခိုးကတကယ့်ကိုစွမ်းအားကြီးတာပဲ"
ဘာကြောင့်လူအများကိုသူခိုးကိုမဖမ်းနိုင်သလဲဆိုသည်ကိုကျိုးဟောင်သဘောပေါက်သွားလေသည်။ ထိုသူခိုးမှာပုန်းအောင်းရာ၌ထူးချွန်ပေသည်။
ဟိုးအရင်ကတည်းကသူ့အနောက်သို့လူအများအပြားလိုက်နေခဲ့သော်လည်း ခုအချိန်ထိသူ့ပုံစံအမှန်ကိုသေချာမသိနိုင်ကြသေးပေ။
သူခိုးမှာ သူ့ကိုယ်သူကလေးတစ်ယောက်အသွင်ဒါမှမဟုတ် လူအိုတယောက်အသွင်ပြောင်းလဲနိုင်ပြီး သူအလိုရှိသလိုစိတ်ကြိုက်မည်သည့်သက်ရှိအသွင်မဆိုပြောင်းလဲနိုင်စွမ်းရှိလေသည်။
ဒါ့ကြောင့် ဂြိုလ်အတော်များများက သူ့ကိုဖမ်းဖို့အပြင်းအထန်ကြိုးစားခဲ့သော်လည်း ယခုအချိန်အထိမအောင်မြင်နိုင်သေးပေ။
အားလုံးမှာထိုသူခိုးအားလူယုတ်လူညံ့တစ်ယောက်အဖြစ်သတ်မှတ်ထားကြပြီး သူလွတ်မြောက်သွားနိုင်ခဲ့သည်မှာလည်း ကံတရားကြောင့်လို့တွေးထားကြလေသည်။
တချို့ကတော့ တော့စလိထန်မှာကြံရာပါများရှိသောကြောင့်အလွယ်တကူလွတ်မြောက်သွားခြင်းဖြစ်မည်လို့တွေးထားကြလေသည်။
"ဘယ်လိုတောင်တိုက်ဆိုင်တာလဲ ငါကအဲ့တာ၀န်ကိုဆုကြေးအနည်းငယ်ပဲရပေမဲ့လက်ခံခဲ့တယ်။ ဒါနဲ့မင်းတို့မိသားစုကတကယ့်ကိုကပ်စေးနှဲတာပဲ သူခိုးကိုမြန်မြန်ဖမ်းမိစေချင်ရင်ဆုကြေးများများထုတ်လိုက်တာမဟုတ်ဘူး"
ကျိုးဟောင်ကမုန့်တခုကိုစားရင်းပြောလိုက်လေသည်။
ဂျော့ခ်ျလည်းမျက်လုံးပြူးသွားလေသည်။ ကျိုးဟောင်မှာတာ၀န်အဆောက်အအုံမှမစ်ရှင်တခုကိုလက်ခံခဲ့ပြီး ဟွေ့မင်ဂြိုလ်သို့လာခြင်းဖြစ်သည်ကိုသူသိသော်လည်း သူတို့နှစ်ယောက်မှာတူညီသောလူတယောက်နောက်သို့လိုက်ရလိမ့်မည်လို့မထင်ထားခဲ့ပေ။
အစကကျိုးဟောင်မှာဒီတာ၀န်ကအလွန်ငြီးငွေ့ဖွယ်ကောင်းမည်လို့တွေးထားခဲ့လေသည်။ ယခုမူသူတယောက်ထဲမဟုတ်တော့သောကြောင့်ထိုအတွေးများပျောက်ကွယ်သွားလေသည်။
တစ်ယောက်ထဲလုပ်သည်ထက်၂ယောက်လုပ်ချင်းကပိုကောင်းလေသည်။
ကျိုးဟောင်၏မျက်နှာတွင်အပြုံးတခုပေါ်လာခဲ့ပြီး သူ့အနေဖြင့်အတူတွဲလုပ်ရန်ပါတနာရလာခဲ့လေပြီ။
"ဟဲဟဲ ငါတို့နှစ်ယောက်လုံးမှာတူညီတဲ့ပန်းတိုင်ရှိတာပဲ"
ကျိုးဟောင်ကပြုံးပြီးပြောလာလေသည်။
သူတို့နှစ်ယောက်အတူတွဲလုပ်ပါကဘာတွေဖြစ်လာနိုင်မလဲကြိုမသိနိုင်ပေ။ သို့သော်တစ်ယောက်ထဲလုပ်ခြင်းထက်တော့ပိုကောင်းပေသည်။ အတူတူတွဲလုပ်ခြင်း၌ ကန့်သတ်ချက်များရှိသည်မှာတော့ထုံးစံပင်ဖြစ်သည်။
ဂျော့ခ်ျတို့၏အမွေအနှစ်ပစ္စည်းမှာ ဘာမှန်းကျိုးဟောင်သေချာမသိပေ။
"အဲ့မစ်ရှင်က ငါတို့မိသားစုတင်ထားတယ်ဆိုတာကိုမင်းမသိခဲ့ဘူးမှတ်လား။ သာမန်မိသားစုလေးတခုက အရေးကြီးတဲ့စာရွက်စာတမ်းတွေအခိုးခံရလို့ ဆုကြေးထုတ်ထားတယ်လို့ပဲတွေးနေတာမှတ်လား။ ပြီးတော့အရမ်းမချမ်းသာတာကြောင့်လည်း ဆုကြေးနည်းနည်းပဲကမ်းလှမ်းတယ်လို့ထင်နေတာမှတ်လား။ တကယ်တော့ ငါတို့မိသားစုကနာမည်သုံးပြီး မစ်ရှင်တခုမတင်ချင်လို့ပဲ"
ဂျော့ခ်ျကပြောလာလေသည်။ သူ့စကားကြောင့်ဒီမစ်ရှင်မှာဘာကြောင့် ဆုကြေးနည်းနေရသလဲဆိုသည်ကိုကျိုးဟောင်သဘောပေါက်သွားလေသည်။ မျိုးနွယ်စုကြီးမှာ သူတို့၏အတွင်းရေးများပေါက်ကြားမည်ကိုမလိုလားကြပေ။ အထူးသဖြင့်သူတို့ကွက်ကျော်ရိုက်ခံလိုက်ရသည့်ကိစ္စများကိုပို၍လူသိမခံချင်ကြပေ။
ဒါ့ကြောင့်ဆုကြေးနည်းနည်းဖြင့်ထိုကိစ္စကိုဖြေရှင်းရန်ကြိုးစားရုံသာမက မိသားစုမှလူလွှတ်ပြီးလည်းဖြေရှင်းတတ်ကြလေသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့်သူတို့မိသားစု၏ဂုဏ်ကိုမထိခိုက်စေဘဲ လူများလှောင်ပြောင်ခံရမည့်အဖြစ်မှလည်းရှောင်လွှဲနိုင်မည်ဖြစ်လေသည်။
"မင်းတို့မျိုးနွယ်ကြီးတွေကတခြားသူတွေဆီမှအကျိုးအမြတ်ရအောင်ညှစ်ထုတ်တတ်တာပဲ။ ဒါ့ကြောင့်လည်းတိုးတက်ကြီးပွားနေတာမထူးဆန်းပါဘူး"
ကျိုးဟောင်ကပြောလိုက်လေသည်။ အစကသူသည်ဒီမစ်ရှင်မှာသာမန်လူတယောက်၏အရေးကြီးစာရွက်စာတမ်းများအခိုးခံလိုက်ရသည်ကိုဖြေရှင်းရမည်လို့ထင်ခဲ့သော်လည်း ယခုမူအခြေအနေတွေကမရိုးရှင်းတော့ပေ။
....................................................................................