နောက်ဆုံးတော့ရောက်ရှိခဲ့ပြီ
Vol. 50 Ch. 744
" အဲ့တာက ဒီအတိုင်းအဖိုးတန်စာရွက်အပိုင်းလေးပဲမဟုတ်ဘူး ရတနာမြေပုံတခုပဲ"
ဖား၏အသံကကျိုးဟောင်၏စိတ်ထဲတွင်ပေါ်ပေါက်လာခဲ့လေသည်။ဖားမှာဘာလို့အရာအားလုံးကိုသိနေရပါသနည်း။ ကျိုးဟောင်တယောက်နားမလည်နိုင်ဖြစ်သွားလေသည်။
ဥပမာပြောရရင် အခိုးခံရသည့်မျိုးနွယ်စုကြီးကတောင်ထိုစာရွက်မှာရတနာမြေပုံတစ်ခုဖြစ်ကြောင်းကိုမသိခဲ့ပေ။
တကယ်လို့သူတို့သိခဲ့ပါကလျှို့၀ှက်မနေဘဲအင်အားအကုန်သုံးပြီးထိုစာရွက်အားလိုက်ရှာမည်ဖြစ်လေသည်။ ထိုသူခိုးအားမရမကလိုက်ဖမ်းမည်မှာအသေအချာပင်ဖြစ်သည်။
ဖားသာသတိမပေးခဲ့ပါက ထိုစာရွက်ကိုသာမန်စာရွက်လို့သာကျိုးဟောင်ထင်နေခဲ့ပေလိမ့်မည်။ယခုအခြေအနေအရသူ့အနေဖြင့် ဒီမစ်ရှင်ကိုလက်ခံခဲ့သည်မှာမှန်သည်လို့ခံစားလာရလေသည်။
"အဲ့တာကရတနာမြေပုံဆိုတာကိုခင်ဗျားဘယ်လိုသိလဲ။ ဒီမစ်ရှင်ကိုအောင်မြင်လုပ်စေချင်လို့ ကျုပ်ကိုလှည့်စားဖို့ကြိုးစားချင်နေတာလား"
ကျိုးဟောင်လည်းစိတ်မှနေ၍ဖားအားပြန်မေးလိုက်လေသည်။ ဖားသည်သူ့အားဒီမစ်ရှင်ကိုအတင်းဖိအားပေးယူခိုင်းခဲ့ခြင်းဖြစ်လေသည်။
"ငါဒီအတိုင်းသိတာပဲ။မင်းကိုတော့အသေးစိတ်ရှင်းပြမနေနိုင်ဘူး။ ယုံတာမယုံတာကမင်းကိစ္စပဲ။တကယ်လို့ မင်းမကျေမနပ်ဖြစ်နေရင်ခုချက်ချင်းလှည့်ပြန်လို့ရတယ်"
"ဒီမစ်ရှင်ကိုမင်းရွေးချယ်ထားတာမို့ မင်းပြီးဆုံးအောင်မလုပ်ရင် အပြစ်ပေးခံရလိမ့်မယ်"
ဖား၏အသံကတကယ့်ကိုစိတ်အနှောင့်အယှက်ပေးနိုင်စွမ်းရှိလေသည်။ ကျိုးဟောင်မှာအံကိုကြိတ်ပြီး မကျေမနပ်ဖြစ်ရုံသာတတ်နိုင်လေသည်။
ဖားကတကယ့်ကိုအရှက်မဲ့လှပေသည်။ အစကဒီမစ်ရှင်အား လက်ခံရန်အတင်းဖိအားပေးချိန်းခြောက်ခဲ့ပြီး ခုမကျေနပ်ရင်ပြန်လို့ရကြောင်းထပ်ပြောလာပြန်လေသည်။
"ဘာ...အပြစ်ပေးတဲ့စနစ်ရှိတာလား မင်းဘာလို့စောစောကမပြောတာလဲ။ ကျုပ်အသတ်ခံရတော့မှခင်ဗျားကျေနပ်နိုင်မှာလား"
ကျိုးဟောင်မှာဖားကိုစိတ်ထဲမှဒေါသတကြီးပြောနေခဲ့လေသည်။ သူသည်ဖားအားအပြင်သို့ဆွဲထုတ်ပြီးရိုက်နှက်ပစ်ချင်နေလေသည်။
တကယ်လို့ဖားသာသူ့အားအပြစ်ပေးစနစ်အားပြောပြခဲ့ပါကသူသည် ပိုရိုးရှင်းပြီးလွယ်ကူသောတာ၀န်ကိုရွေးချယ်ခဲ့မည်ဖြစ်လေသည်။
"ငါသာမင်းလိုချာတိတ်လေးကိုသေစေချင်နေရင် အစောကြီးကတည်းကမင်းသေနေလောက်ပြီ"
ဖားကနှာခေါင်းရှုံ့ပြီးပြောလာလေသည်။ကျိုးဟောင်မှာသူနဲ့ပြိုင်ငြင်းခုံတိုင်းတခါမှအနိုင်မရခဲ့ပေ။
ကျိုးဟောင်၏အမူအရာမှာလည်း အကျည်းတန်သွားခဲ့လေသည်။ ဖားကသူ့အားယခုလိုဆက်ဆံလာလိမ့်မည်လို့သူ မတွေးထားခဲ့ပေ။ တကယ်လို့အခွင့်ကြုံလာပါက ထိုဖားအားမှတ်လောက်အောင်သူဆုံးမချင်နေလေသည်။
ဂျော့ခ်ျကတော့ဘေးတွင်ထိုင်ရင်းအမူအရာဆိုးရွားနေသောကျိုးဟောင်အားကြည့်နေမိလေသည်။ ယခုလိုကျိုးဟောင်၏အမူအရာပျက်ယွင်းနေသည်မှာ နည်းပါးသောဆုကြေးငွေကြောင့်ဖြစ်လိမ့်မည်လို့ဂျော့ခ်ျတယောက်တွေးနေလေသည်။
"ကျိုးဟောင် တကယ်လို့ဒီမစ်ရှင်သာပြီးဆုံးသွားခဲ့ရင်ကျုပ်တို့မိသားစုကခင်ဗျားကိုဆုလာဘ်အကြီးကြီးချီးမြှင့်မှာပါ"
ဂျော့ခ်ျကသေချာဂရုတစိုက်နှင့်ပြောလာလေသည်။
ဂျော့ခ်ျသည်ငယ်စဉ်ကတည်းက အဆင့်အတန်းမြင့်မြင့်နေထိုင်ခဲ့ရသော်လည်း သူသည်လူတယောက်၏ အမူအရာကိုအကဲခတ်ပြီး စိတ်ကိုခန့်မှန်းနိုင်လေသည်။
ယခုကျိုးဟောင်၏မျက်နှာတွင်ဒေါသများနှင့်ပြည့်နေပြီး တစုံတခုကြောင့် မပျော်မရွှင်ဖြစ်နေပုံပေါ်လေသည်။
ဂျော့ခ်ျစကားကြောင့်ကျိုးဟောင်အံ့ဩသွားလေသည်။ သူ့အနေဖြင့်ဆုကြေးကြောင့်ဒေါသထွက်နေခြင်းမဟုတ်သော်လည်း ယခုလိုအကျိုးအမြတ်ရမည်ဆိုခြင်းကတော့မဆိုးလှပေ။
သူ့အနေဖြင့်ဂျော့ခ်ျအားဆုကြေးကြောင့်ဒေါသထွက်နေခြင်းမဟုတ်ကြောင်းကိုတော့ပြောပြဖို့ခက်နေလေသည်။
"ကျွတ်....တခြားသူတွေမြင်ရင်တော့မင်းကအရမ်းလောဘကြီးတာပဲလို့ထင်ကုန်ကြမှာပဲ။ ကျိုးဟောင်မင်းကတခါတလေအရမ်းခေါင်းမာလွန်းတယ်"
ဖားက တဖြေးဖြေးပြန်ပြုံးလာသောကျိုးဟောင်အားကြည့်ရင်းပြောလိုက်လေသည်။ ဖားကကျိုးဟောင်အားအမြဲသွေးတိုးစမ်းတတ်လေသည်။ ထိုဖားကြောင့်လည်း သူ၏ဒေါသထိန်းချုပ်နိုင်စွမ်းများမှာလည်းတဖြေးဖြေးတိုးတက်လာလေသည်။
"ပါးစပ်ပိတ်ထားစမ်း"
ကျိုးဟောင်မှာဖားနှင့်စိတ်ထဲမှဆက်သွယ်ပြောဆိုနေသည်ကိုမေ့ပြီး ပါးစပ်မှဒေါသတကြီးအော်ပြောလိုက်လေသည်။
ဂျော့ခ်ျမှာထိတ်လန့်သွားပြီး မျက်လုံးအပြူးသားနှင့်ကျိုးဟောင်အား လူရိုးလူအလေးတဖွယ်ကြည့်နေလေသည်။ သူ့အနေဖြင့်စည်းကျော်သည့်စကားများကိုမပြောခဲ့သော်လည်း ဘာကြောင့်ပါးစပ်ပိတ်ထားလို့အပြောခံရပါသနည်း။
ကျိုးဟောင်မှာဂျော့ခ်ျဖြစ်သွားပုံကိုကြည့်ပြီးအားနာသွားရလေသည်။ သူသည်ဖားအားဆူပူကြိမ်းမောင်းချင်ခြင်းသာဖြစ်လေသည်။ သို့သော်ဂျော့ခ်ျအားအော်ငေါက်မိသလိုဖြစ်သွားခဲ့လေသည်။ ဒီကိစ္စအားသူဘယ်လိုရှင်းပြရမည်နည်း။
"ဂျော့ခ်ျ ကျုပ်ကိုယုံပါ ကျုပ်တမင်ခင်ဗျားကိုရည်ရွယ်ပြီးပြောတာမဟုတ်ပါဘူး"
ကျိုးဟောင်မှာသူ့ရှေ့ရှိဂျော့ခ်ျအားသေချာတောင်းပန်နေလေသည်။
ဂျော့ခ်ျကမယုံကြည်သော်လည်းခေါင်းတော့ညိတ်ပြလိုက်လေသည်။
"မင်းဒါကိုတမင်လုပ်တာပါ။ သူဘာအမှားမှမလုပ်ထားပေမဲ့မင်းသူ့ကိုအပြစ်ရှာဖို့ကြိုးစားနေတာမှတ်လား"
ဖားကမီးလောင်ရာလေပင့်ပြောဆိုနေလေသည်။
ကျိုးဟောင်လည်းဘာမှပြန်ပြောမနေဘဲ မစ်ရှင်ပြီးဆုံးအောင်လုပ်ဖို့သာတွေးထားလိုက်လေသည်။
ငှက်မွှေးတစ်ထောင်ချပ်၀တ်ကတော့ဘာတခုမှ၀င်မပြောဘဲတိတ်တိတ်လေးနေနေလေသည်။
"ငါတို့ရဲ့သွားလိုတဲ့နေရာကိုမကြာခင်ရောက်တော့မယ်။ နေ့တ၀က်လောက်သွားဖို့ပဲလိုတော့တယ်"
ဖားက အကွာအဝေးပြမြေပုံကိုတချက်ကြည့်ပြီးပြောလိုက်လေသည်။ဖား၏အသံမှာပျော်ရွှင်နေပုံပေါက်လေသည်။
အာကာသထဲတွင်၂လနီးပါးခရီးထွက်ခဲ့ပြီး မျှော်လင့်မထားသောအာကာသမုန်တိုင်းနှင့်လည်းရင်ဆိုင်ခဲ့ရသေးလေသည်။ ထိုမုန်တိုင်းကြောင့်လည်းခရီးစဉ်မှာနောက်ထပ်တစ်လကြန့်ကြာခဲ့ရသည်။
ထိုမုန်တိုင်းကြောင့်သေဘေးနှင့်နီးကပ်ခဲ့ပြီး လုံနတ်ဘုရားအာကာသယာဉ်ပျံ၏ကောင်းမွန်မှုမာကျောကြောင့်သာ သက်သာရာရခဲ့ခြင်းဖြစ်လေသည်။
"ကျိုးဟောင်အဲ့တာဘာလဲ"
ဂျော့ခ်ျကအဝေးတနေရာသို့စိတ်၀င်တစားညွှန်ပြနေလေသည်။ မျက်စိအာရုံကိုဖမ်းစားနိုင်သောထောက်တိုင်ကြီးတခုကကောင်းကင်နှင့်ဆက်သွယ်ထားလေသည်။
"အမည်မသိသောစွမ်းအင်အတက်အကျများအာရုံခံမိပါတယ်"
ကျိုးဟောင်ကထိုထောက်တိုင်ကြီးအားငေးကြည့်နေစဉ်မှာပင် လုံနတ်ဘုရားယာဉ်ပျံကသတိပေးချက်ထွက်ပေါ်လာလေသည်။
ဂြိုလ်ပေါ်သို့ဆင်းသက်လိုပါကသူတို့အနေဖြင့်စကန်ဖတ်စစ်ဆေးခြင်းခံရမည်ဖြစ်လေသည်။ ထိုအခြေအနေများအရဟွေ့မင်ဂြိုလ်မှာတကယ်တိုးတက်နေမည့်ဂြိုလ်လို့မှတ်ယူလို့ရပေသည်။
"ရှောင်ယွီ တန်ပြန်ကာကွယ်ရေးစနစ်တွေအကုန်ပိတ်ပြီး သူတို့ကိုစကန်ဖတ်ခွင့်ပြုလိုက်"
ကျိုးဟောင်ကအမိန့်ပေးလိုက်လေသည်။ စကန်ဖတ်ခြင်းကိုအသာတကြည်လက်မခံကအခြေအနေများပိုဆိုးလာမည်ဖြစ်လေသည်။ ကျိုးဟောင်တို့အနေဖြင့် စကန်ဖတ်ခြင်းကိုခုခံဖို့စိတ်ကူးလည်းမရှိပေ။
တကယ်လို့စစ်ဆေးမှု၌အန္တရာယ်ရှိသောအရာများအာရုံခံမိပါကယာဉ်ပျံမှာ၎င်းတို့၏အဏုမြူဗုံးဖြင့်ဖောက်ခွဲခြင်းခံရမည်ဖြစ်လေသည်။ သူတို့မှာလိုအပ်သောစစ်ဆေးမှုများခံယူပြီးနောက်မြေပေါ်သို့ဆင်းသက်ခွင့်ရခဲ့လေသည်။
ထိုဂြိုလ်ပေါ်ရှိနောက်ဆုံးပေါ်ခေတ်မှီနည်းစနစ်များမှာ စိတ်ကူးကြည့်၍မရလောက်အောင်တိုးတက်လှပေသည်။ သူတို့စစ်ယာဉ်ပျံလောက်မဆိုထားနှင့်ဂြိုလ်တခုလုံးကိုတောင်ဖျက်ဆီးပစ်နိုင်သောလက်နက်များရှိလေသည်။
ကျိုးဟောင်မှာမစွန့်စားရဲပဲစစ်ဆေးမှုများနှင့်စည်းမျဉ်းစည်းကမ်းများကိုလိုက်နာဖို့သာရှိလေသည်။
....................................................................................