လွှမ်းမိုးခြင်း
Vol. 50 Ch. 745
"မင်းအတွက်ဘာကပိုကောင်းလဲမသိဘူးလား။ ဒီလိုမျိုးပထမဆုံးရောက်ဖူးတဲ့ဂြိုလ်ပေါ်မှာ ခုလိုပြုမူတာမျိုးတော့မဟုတ်ဘူးထင်တယ်"
ဖားကစောဒကတက်လေသည်။
သူတို့၏ကာကွယ်ရေးစနစ်များပိတ်ထားတာတောင်မှ အတင်းအကြပ်ဖိအားပေးစကန်ဖတ်ခြင်းခံနေရသည်လို့ဖားကတွေးနေလေသည်။
ကံကောင်းထောက်မစွာဖြင့် စကန်လှိုင်းမှာဘယ်လိုပင်ခေတ်ရှေ့ပြေးသော်ငြား ကျိုးဟောင်တို့အဖွဲ့ဘယ်ကလာသလဲဆိုသည်ကိုတော့မဖော်ထုတ်နိုင်ခဲ့ပေသည်။ ထိုဂြိုလ်ရှိလူများမှာ မျိုးနွယ်ကြီးတခု၏ အမွေဆက်ခံသူတယောက်လို့သာသတ်မှတ်လိုက်ကြလေသည်။
ထိုအားကောင်းသောစကန်လှိုင်းကြီးမှာ ၁မိနစ်ကျော်မှစကန်ဖတ်ပြီးနောက် လုံနတ်ဘုရားယာဉ်ပျံပေါ်၌ အန္တရာယ်ရှိသောပစ္စည်းများမပါကြောင်းကောက်ချက်ချလိုက်လေသည်။ထို့နောက်စကန်လှိုင်းကြီးမှာ ကြီးမားသောထောက်တိုင်ကြီးဆီသို့ပြန်၀င်သွားလေသည်။
ထိုထောက်တိုင်ကြီးမှာ ဟွေ့မင်ဂြိုလ်သို့လာသောသက်ရှိများအားစစ်ဆေးသည့်အရာဖြစ်ပြီး အန္တရာယ်အငွေ့အသက်ရပါက လာလမ်းအတိုင်းလှည့်ပြန်ရခြင်းသလိုဖျက်ဆီးခြင်းလည်းခံရနိုင်ချေရှိလေသည်။
ထိုစကန်ဖတ်ခြင်းပြီးဆုံးသွားတော့မှ ဂျော့ခ်ျလည်းသက်ပြင်းချနိုင်လေသည်။ ထိုလုပ်ငန်းစဉ်မှာတခြားဂြိုလ်လို့သွားတိုင်းဖြစ်လေ့ဖြစ်ထရှိသောအရာဖြစ်လေသည်။
ယခုစစ်ဆေးမှာကနဦးစစ်ဆေးမှုဖြစ်ပြီး ဟွေ့မင်ဂြိုလ်ထဲ၀င်လာသည်နှင့်အမျှအထပ်ထပ်စစ်ဆေးမှုများကိုကျော်ဖြတ်ရလေသည်။
နောက်ဆုံးမြေပြင်ပေါ်သို့ရောက်မှ စကန်ဖတ်စစ်ဆေးခြင်းများအဆုံးသတ်သွားလေသည်။ ကျိုးဟောင်မှာကျန်းလော့ဂြိုလ်ပေါ်၌လုပ်ခဲ့သောကိုယ်ရေးအချက်အလက်ကတ်အားထုတ်ပြပြီး စကန်ဖတ်စေလေသည်။ သူသည်စကြ၀ဠာလုံးဆိုင်ရာ၀ရမ်းပြေးတယောက်ဖြစ်မနေပါက ဘာကိုမှကြောက်နေစရာမလိုပေ။
"ဒီဂြိုလ်ပေါ်ကိုတခါမှမရောက်ဖူးဘဲနဲ့ ရောက်ဖူးသလိုလိုဟန်ဆောင်မနေစမ်းပါနဲ့"
ဖားကကျိုးဟောင်အားကြည့်ပြီးပြောလိုက်လေသည်။ ဖားကအမြဲတမ်းတတွတ်တွတ်ကဲ့ရဲ့တတ်လေသည်။
ကျိုးဟောင်မှာဒေါသထွက်သွားလေသည်။ ဒီဖားမှာ အန္တရာယ်ကျရောက်နေချိန်တောင်မှကောင်းမွန်သောအရာများပြောသည့်ကောင်မဟုတ်ပေ။ ကျိုးဟောင်မှာအမြဲပိတ်ထားဖို့သတိပေးနေရလေသည်။
ကျိုးဟောင်မှာဒီတကြိမ်တော့ဘာမှပြန်မပြောဘဲနေဖို့ဆုံးဖြတ်လိုက်လေသည်။ သူ့သည်းခံနိုင်စွမ်းကိုသူသိသောကြောင့်ဘာမှဆက်ပြောမနေချင်တော့ပေ။
ကျိုးဟောင်ဆီမှဘာသံမှထွက်မလာသောကြောင့် ဖားကအောင်နိုင်သူတယောက်ကဲ့သို့ပြုံးနေလေသည်။
ကျိုးဟောင်ကတော့ ဖားအပေါ်အရမ်းပြန်လည်တုံပြန်နေပါက ဒီနောက်ဆုံးပေါ်နည်းပညာများက အမည်မသိသက်ရှိပါလာသည်ကိုသတိထားမိသွားမည့်အရေးကိုစိုးရိမ်နေလေသည်။
"အရမ်းဘ၀င်မြင့်မနေနဲ့ဦး ရယ်နေရင်းသေသွားဦးမယ်"
ကျိုးဟောင်၏စကားသံကစိတ်လောကထဲတွင်ထွက်ပေါ်လာလေသည်။
"ကဲမြေပေါ်စရောက်ပြီ သတိထားတော့"
ဖား၏မျက်နှာပေါ်ကအပြုံးမှာပျောက်ကွယ်သွားပြီးစိတ်လှုပ်တရှားသတိပေးလာလေသည်။
"ကျိုးဟောင်ကြည့်စမ်း ဒီကနည်းပညာတွေက ကျန်းလော့ဂြိုလ်ပေါ်ကဟာတွေထက်ပိုအဆင့်မြင့်ပြီး ပိုကောင်းတာပဲ"
ဂျော့ခ်ျကတော့သူ့ရှေ့ရှိအမည်မသိအရာ၀တ္ထုများကိုလက်ညိုးထိုးပြရင်း ပြောနေလေသည်။
ဒီဂြိုလ်ပေါ်ရှိဆက်သွယ်ရေးကိရိယာများမှာလည်း ကမ္ဘာဂြိုလ်ကဟာများထက်အဆများစွာသာလွန်ပေသည်။ သူဆက်သွယ်ချင်သည့်မည်သည့်နေရာမှသူကိုမဆိုတိုက်ရိုက်ဆက်သွယ်လို့ရပေသည်။
ကျိုးဟောင်မှာအပေါ်ရှိသာမန်စက်ဝိုင်းတခုနှင့်တူသောအရာကြီးကိုမော့ကြည့်ရင်းဘယ်နေရာတွင်သုံးသလဲသိချင်နေလေသည်။
မကြာမီပင်ကျိုးဟောင်ကယာဉ်ပျံပေါ်မှဆင်းသက်လိုက်လေသည်။ ထိုအချိန်တွင်ထိုစက်၀န်းကြီးဆီမှအလင်းတန်းတခုကကျိုးဟောင်တကိုယ်လုံးသို့ဖုံးအုပ်သွားလေသည်။ ကျိုးဟောင်အတွက်ခန္ဓာကိုယ်တခုလုံးအား ဖောက်ထွင်းစကန်ဖတ်သည့်စက်ကိုပထမဆုံးမြင်ဖူးခြင်းဖြစ်လေသည်။
ကျန်းလော့ဂြိုလ်ပေါ်ရှိစက်ကတော့ စက်ရုပ်များ၏ ထိန်းချုပ်လိုအပ်ပြီး တိကျမှုအားနည်းပေသည်။ ထိုစက်ဝိုင်းကြီးကတော့မည်သူမှထိန်းချုပ်နေစရာမလိုပေ။
ဟွေ့မင်ဂြိုလ်၏အသိပညာမှာ ကျန်းလော့ဂြိုလ်ထက်ပိုမိုသာလွန်ပေသည်။
"အရပ်နဲ့ကိုယ်အလေးချိန်အဆင့်မှီတယ်။ ခွန်အားလည်းအဆင့်မှီတယ်။ ခန္ဓာကိုယ်ပေါ်တွင်အန္တရာယ်ရှိသောပစ္စည်းများမရှိပါ။ သင့်အားဂြိုလ်ပေါ်သို့၀င်ရောက်ခွင့်ပြုသည်"
စက်ဝိုင်းကြီးဆီမှ အသံတခုထွက်ပေါ်လာလေသည်။ထိုအသံကြောင့်ကျိုးဟောင်မှာပိုပြီးအံ့ဩသွားရလေသည်။ သူယာဉ်ပျံမှဆင်းဆင်းချင်း ယခုလိုပြီးပြည့်စုံသောစကန်ဖတ်ခြင်းခံရလိမ့်မည်လို့မထင်ထားခဲ့ပေ။
ကံကောင်းစွာဖြင့်ကျိုးဟောင်မှာဒီဂြိုလ်ပေါ်တွင်နေထိုင်ခွင့်ရခဲ့ပေသည်။ တကယ်လို့ဘယ်လောက်ပဲစွမ်းအားကြီးးပါစေ စကန်ဖတ်ခြင်း၌ကျရှုံးပါက ဒီနေရာမှပင်လှည့်ပြန်ရမည်ဖြစ်လေသည်။
ဒီဂြိုလ်ကကာကွယ်ရေးနည်းပညာများမှာကျန်းလော့ဂြိုလ်ထက်အဆများစွာသာလွန်ပေသည်။
"အရပ်၊ကိုယ်အလေးချိန်အဆင့်မှီသည်။ ခွန်အားအားနည်းသည်။ ၀င်ခွင့်ရသည်ဆိုရုံမျှသာ..."
ဂျော့ချ်အလှည့်တွင်တော့ထိုရလဒ်ထွက်လာလေသည်။
စွမ်းအင်အတက်အကျလှိုင်းများမပေါ်ဘဲ လူတကိုယ်လုံးအားတိကျစွာစကန်ဖတ်နိုင်ပေသည်။ ထိုကဲ့သို့နောက်ဆုံးပေါ်နည်းပညာမှာနေရာတိုင်းတွင်မရှိနိုင်ပေ။
ဒီဂြိုလ်သည်အခြားဂြိုလ်များက ခေါင်းတလုံးသာနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့လေသည်။ ထိုကဲ့သို့တိုးတက်လာဖို့အတွက်လည်း အချိန်အကြာကြီးယူခဲ့ရရုံသာမက ညီညွတ်မှုလည်းလိုအပ်မည်ဖြစ်ပေသည်။
"ချီးပဲ ငါကကံကောင်းလို့၀င်ခွင့်ရတာပဲ။ ဘာမှလည်းမလုပ်ထားမိပါဘူးကွာ"
ဂျော့ခ်ျကငြီးငြူလိုက်လေသည်။
ဂျော့ခ်ျ၏ခွန်အားမှာအားမနည်းသော်လည်း စစ်ဆေးရေးစက်ကတော့ အားနည်းသည်လို့သာသတ်မှတ်လိုက်လေသည်။သူဂြိုလ်ရှိသက်ရှိများမှာဘယ်လောက်အထိသန်မာသလဲဆိုသည်ကိုကျိုးဟောင်သိချင်နေပေသည်။
ဒီနေရာရှိစစ်ဆေးရေးစက်များမှာကျန်းလော့ဂြိုလ်ထက်ပိုမိုဆန်းကြယ်ပေသည်။ ဒီစကန်ဖတ်သည့်စက်ဖြင့် ဒီနေ့ဘာတွေစားသောက်ထားသလဲဆိုသည်ကိုပါအတိအကျသိနိုင်ပေသည်။
"လူတစ်စုရှေ့မှာလာနေကြတယ်"
ဖားကသတိပေးလိုက်လေသည်။
ဒီဂြိုလ်ပေါ်သို့စရောက်ထဲကအေးစက်စက်နည်းပညာများနှင့်သာတွေ့ခဲ့ရပြီး တကယ့်သက်ရှိများနှင့်မဆုံခဲ့ရပေ။
ထိုစကားကြောင့် ကျိုးဟောင်မှာစိတ်၀င်စားသွားပြီး ဒီဂြိုလ်ပေါ်ရှိနည်းပညာများအကြောင်းကိုလည်းပိုမိုသိချင်လာလေသည်။
....................................................................................