← Chapters

ဂျက်ခ်မိသားစု

Vol. 50 Ch. 746

ဂျက်ခ်မိသားစု

Vol. 50 Ch. 746

ကျိုးဟောင်တချက်ကြည့်လိုက်သောပတ်၀န်းကျင်မှာကန္တာရတခုကဲ့သို့ဖြစ်နေလေသည်။ ဒီနေရာရှိစက်များအားစစ်ဆေးရန်၀န်ထမ်းများမှလွဲ၍အခြားလူများလာပုံမရပေ။

"ထူးဆန်းလိုက်တာ စောနကအာကာသယာဉ်တစ်စီးဆင်းသက်လာတယ်မှတ်လား ခုဘယ်ပျောက်သွားတာလဲ"

အဝေးတနေရာမှာသာယာသောအသံလေးတခုထွက်လာခဲ့လေသည်။

ဒီနေရာသို့အခြားမျိုးနွယ်များရောက်ရှိလာချိန်တိုင်း ဒီ‌ဂြိုလ်ရှိနေထိုင်သူများကလာရောက်စစ်ဆေးတတ်လေသည်။ သူတို့သေချာစစ်ဆေးအတည်ပြုပြီးမှ စိတ်အေးလက်အေးရှိတတ်ကြလေသည်။ ဒီနည်းပညာမြင့်စကန်ဖတ်စက်များက သေစေနိုင်သောရောဂါပိုးများ၊ ကူးစက်စေနိုင်သောအရာများကိုတော့ စစ်ဆေးနိုင်ခြင်းမရှိပေ။

"ဒီအနီးအနားမှာပဲရှိမယ် သေချာကြည့်စမ်းပါဦး"

အသံဩဇာကောင်းသောအမျိုးသားတယောက်၏ အသံထွက်ပေါ်လာလေသည်။

ကံကောင်းစွာဖြင့်ထိုသူများတွင်အာရုံခံစက်များပါလာပြီး မမြင်နိုင်သောအာကာသယာဉ်ကိုပင်အာရုံခံနိုင်စွမ်းရှိပေသည်။

"ဟဲလို.... ကျုပ်တို့က ဟွေ့မင်ဂြိုလ်ရဲ့ဂျက်ခ်မိသားစုကပါ။ ဒီကိုလာ‌ရတာကတော့လုပ်ရိုးလုပ်စဉ်အတိုင်းလာရောက်စစ်ဆေးတာပါ"

သူတို့အဖွဲ့မှာအသံပေးရင်ဂရုတစိုက်ရှာဖွေနေလေသည်။ ကျိုးဟောင်တို့လည်းသေချာကြည့်နေရင်းသက်ရှိ၂ယောက်ကိုလှမ်းမြင်လိုက်လေသည်။

ထိုအဖွဲ့ထဲမှအသက်လတ်ပိုင်းလူကြီးကယဉ်ကျေးစွာပြောဆို‌နေလေသည်။ ကျိုးဟောင်နှင့်ဂျော့ခ်ျတို့မှာ သူတို့ဂြိုလ်သို့လာရောက်လာပတ်သူများဖြစ်ခြင်းကြောင့် သူတို့အနေဖြင့်ပျူငှာစွာဆက်ဆံဖို့လိုအပ်လေသည်။

ကျိုးဟောင်မှာတချက်ကြည့်လိုက်ပြီး ထိုလူများမှာ စက်ရုပ်များမဟုတ်ဘဲသက်ရှိများဖြစ်သည်ကိုသိရတော့မှ ကြည်ကြည်ဖြူဖြူအစစ်ဆေးခံလေသည်။

ထိုလူများမှာကြိုတင်ကာကွယ်ရေးအတွက်လုပ်ဆောင်ကြခြင်းဖြစ်လေသည်။ သူတို့သည်ဂြိုလ်ပေါ်သို့ရောက်ရှိလာသောသက်ရှိများအားသေချာစစ်ဆေးအကဲဖြတ်ကြလေသည်။ ရောက်ရှိလာသူတို့၏အချက်အလက်များကိုသေချာအတည်ပြုပြီးမှသက်ဆိုင်ရာနေရပ်သို့ပြန်ကြလေသည်။

အသက်လတ်ပိုင်းလူကြီးက သူ့လက်ထဲတွင် သံချောင်းနှင့်တူသောအရာတခုကိုကိုင်ဆောင်ထားပြီး ကျိုးဟောင်အား ရှေ့ဘက်ရော အနောက်ဘက်ပါသေချာစကန်ဖတ်နေလေသည်။ထို့နောက် မူမမှန်သည့်အရာများရှာမတွေ့တော့မှစိတ်အေးသွားပုံရလေသည်။

"မင်းရဲ့အာကာသယာဉ်ကရောဘယ်မှာလဲ"

ထိုလူကြီးကမရေမရာဖြစ်နေသောအမူအရာဖြင့်မေးလိုက်လေသည်။

သူတို့၏အလယ်အလတ်အာရုံခံလေးဖြင့်လုံနတ်ဘုရားယာဉ်ပျံအားမထောက်လှမ်းနိုင်ဖြစ်နေလေသည်။ ထိုလူကြီးမှာ ရိုသေစွာဖြင့်ကျိုးဟောင်အားမေးနေလေသည်။ သူတို့သည်ယခုလိုနည်းပညာမြင့်ပစ္စည်းများကိုပိုင်ဆိုင်သူများကအလွန်စွမ်းအားကြီးကြောင်းသဘောပေါက်လေသည်။

ဒါ့အပြင်ငှက်မွှေးတထောင်ချပ်၀တ်နှင့် ဖား၏တည်ရှိမှုကိုလည်း သူတို့၏အာရုံခံစက်များကမထောက်လှမ်းနိုင်ပေ။

"ဟဲဟဲ ဒီမှာပါ"

ကျိုးဟောင်ကပြောရင်းယင်ကောင်ဆိုဒ်လောက်သာရှိသောအာကာသယာဉ်ကိုသူ့အိတ်ထဲမှထုတ်ပြပြီးစကန်ဖတ်စေလေသည်။

"အရာအားလုံးအဆင်ပြေပါတယ်"

စကန်ဖတ်စက်ဆီမှအသံတခုထွက်ပေါ်လာလေသည်။

အသက်လတ်အရွယ်လူကြီးနှင့်သူ့အဖွဲ့မှာလည်းခုမှစိတ်အေးသွားကြလေသည်။ သူတို့အနေဖြင့်ဂြိုလ်ပေါ်သို့ ရာဇ၀တ်သားများနှင့်ရောဂါပိုးသယ်ဆောင်လာသူများရောက်လာမည်ကိုကြောက်ရွံ့ကြလေသည်။

သူတို့တွင်နောက်ဆုံးပေါ်နည်းပညာမြင့်အာရုံခံစက်များနှင့်စကန်ဖတ်စက်များရှိသော်လည်း တချို့ရာဇ၀တ်သားများဖန်တီးထားသည့်ပစ္စည်းများက ထိုစကန်ဖတ်စက်များကိုကျော်လွှားနိုင်သည့်သာဓကများရှိခဲ့ဖူးလေသည်။

ဒါ့ကြောင့်သူတို့အနေဖြင့်သေချာအသေးစိတ်ဂရုတစိုက်စစ်ဆေးနေကြခြင်းဖြစ်လေသည်။ အဆင့်မြင့်နည်းပညာများကိုသုံးရုံသာမက လူကိုယ်တိုင်လည်း‌၀င်ရောက်စစ်ဆေးကြလေသည်။

" ဟဲလို ကျုပ်နာမည်ကကျိုးဟောင်ပါ။ သူ့နာမည်ကတော့ဂျော့ခ်ျပါ။ ကျုပ်တို့ကဆိုင်ရမ်ကြယ်စုကလာတာဖြစ်ပါတယ်"

ကျိုးဟောင်မှာယဉ်ကျေးစွာဖြင့်မိတ်ဆက်လိုက်လေသည်။ သူသည်ဒီနေရာတွင်လူသစ်ဖြစ်သောကြောင့်ဒီနေရာ၏လက်ရှိအခြေအနေများကိုသိရန်လိုအပ်ပေသည်။ဒါ့အပြင်ဒီကြယ်အစုအဝေးအကြောင်းကိုလည်းသိချင်နေသေးပေသည်။

"ဟဲလိုကျုပ်နာမည်က ဂျက်ခ်ဂျွန်ပါ။ ဒါကတော့ ကျုပ်သမီး ဂျက်ခ်ဗဲလာပါ။ သူမကကျုပ်နဲ့အတူမစ်ရှင်ထမ်းဆောင်ဖို့လိုက်လာတာပါ"

အသက်လတ်အရွယ်လူကြီးကသူ့ကိုယ်သူမိတ်ဆက်ရင်း သူ့ဘေးရှိမိန်းမပျိုလေးကိုတခါတည်းမိတ်ဆက်ပေးလေသည်။

သူတို့ပြောပုံအရ ထိုလူကြီးနှင့်သူ့သမီးမှာအလွန်မြင့်သောအသိပညာများတတ်ကျွမ်းပုံရပြီးကျန်လူများကတော့ သူတို့၏နောက်လိုက်များဖြစ်ပုံရလေသည်။

"ဂျက်ခ်ဂျွန် ကျုပ်တို့ကဒီကိုအခုမှရောက်ဖူးတာပါ။ အဲ့တော့ ဒီကြယ်အစုအဝေးနဲ့ပတ်သက်တဲ့လမ်းပြမြေပုံကိုဘယ်မှာရနိုင်မလဲ"

ကျိုးဟောင်လည်း တုံ့ဆိုင်းမနေဘဲအခွင့်အရေးကိုအမိအရယူလိုက်လေသည်။ တကယ်သူ့တွင်လမ်းပြမြေပုံရှိပါက သွားရသောခရီးမှာလည်းပိုမိုလွယ်ကူတိုတောင်းသွားမည်ဖြစ်လေသည်။

သူ့အားလမ်းပြမည့်ဖားရှိသော်လည်း ဒီကိုမစ်ရှင်လုပ်ဆောင်ရန်လာခြင်းဖြစ်သောကြောင့် ဒီမြေအနေအထားအားသူကိုယ်တိုင်ကျွမ်းကျင်ခြင်းကပိုကောင်းလေသည်။

ဒါ့အပြင် သူခိုးမှာသူ့ထက်မြေနေရာအနေအထားပိုမိုသိနေခြင်းကြောင့် ဖမ်းရန်ကြိုးစားရာ၌ချောင်းတိုက်မခံလိုပေ။

"ကျုပ်သဘောပေါက်ပြီ။ ဒါဆို ဒီတောင်ဧရိယာအဆုံးအထိကျုပ်တို့နဲ့အတူသွားရအောင် အဲ့မှာကြယ်နေရာပြမြေပုံကိုအလကားကြည့်လို့ရတဲ့နေရာရှိတယ်"

ဂျက်ခ်ဂျွန်ကရိုသေစွာကမ်းလှမ်းလာလေသည်။

ကျိုးဟောင်လည်းခေါင်းညိတ်ပြလိုက်ပြီး ကျေးဇူးတင်လိုက်လေသည်။ဂျက်ခ်၏ပြောပြချက်အရသူတို့သည်မြောက်ဘက်အစွန်းရှိတောင်တခုပေါ်သို့ရောက်နေကြောင်းသိလိုက်လေသည်။

ဒီဂြိုလ်၏မြေပြင်အနေအထားမှာကမ္ဘာဂြိုလ်နှင့်ဆင်တူပြီးဒီဂြိုလ်တွင်နေထိုင်သူများမှာလည်းလူသားများနှင့်တပုံစံထဲဖြစ်ပေသည်။သို့သော် သူတို့မှာလူသားများထက်ပိုမိုသန်မာလေသည်။

လက်ရှိကျိုးဟောင်ရှေ့တွင်ရှိနေသော မိန်းမငယ်လေးမှာ ၁၅၊၁၆နှစ်လောက်သာရှိသေးသော်လည်း ကောင်းကင်ဘုံအဆင့်သို့ရောက်ရှိနေလေပြီ။

ဒီဂြိုလ်၏အကြွယ်၀ဆုံးနေရာမှာ ဂြိုလ်၏အလည်ဗဟိုတွင်ရှိသောဗီးဂတ်လ်မြို့ဖြစ်လေသည်။ ထိုနေရာတွင်အလွန်ကြီးမားသောမိသားစုကြီးတခုရှိပြီး ဒီဂြိုလ်၏အသက်သွေးကြောလည်းဖြစ်ပေသည်။

"အဲ့မိသားစုကြီးကိုချာလီမိသားစုလို့ခေါ်တယ်။အဲ့မိသားစုကလူတွေအကုန်လုံးသိပ္ပံပညာရှင်တွေချည်းပဲ။ အဲ့မိသားစုကကလေးငယ်လေးကတောင်မှ ပစ္စည်းအသစ်အဆန်းတစ်ခုတီထွင်နိုင်တယ်"

ဂျက်ခ်ဂျွန်ကထိုမိသားစုကြီးအကြောင်းကိုလေးစားမှုအပြည့်ဖြင့်ပြောပြနေလေသည်။

ဒါ့အပြင် ဂျက်ခ်ဆီမှ ထော့စလိထန်နှင့်ပတ်သက် သည်များကိုလည်းသိခဲ့ကသေးပေသည်။ သူသည်ဒီဂြိုလ်ပေါ်သို့ရောက်ပြီးနောက်လည်း သူခိုးအလုပ်ကိုဆက်လက်လုပ်ကိုင်နေသေးလေသည်။

သို့သော် ဂြိုလ်ပေါ်ရှိနည်းပညာမြင့်ပစ္စည်းများကသူ့ကိုမထောက်လှမ်းနိုင်ပေ။

"ထော့စလိထန်ကကျုပ်တို့ဂြိုလ်ပေါ်ကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကရောက်လာခဲ့တာ။ ကျုပ်တို့ရဲ့သတိမဲ့မှုကြောင့် ဂြိုလ်တခုလုံးဒုက္ခရောက်ခဲ့ရတယ်။ ကျုပ်တို့အဖွဲ့အများအပြားစေလွှတ်ခဲ့ပေမဲ့အချည်းအနှီးပဲ"

"အဲ့ကိစ္စကြောင့်ပဲ ဂြိုလ်တခုလုံးကိုခုလိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားရတာပဲ။ နောက်ထပ်အဲ့လိုရာဇ၀တ်သားတယောက်ထပ်ရောက်လာမှာကြောက်မိတယ်"

"သူအခုဘယ်မှာရှိနေသလဲကျုပ်အတိအကျမသိပေမဲ့ သူ မုန့်ခါလာတောင်နားမှာတော့ရှိလောက်မယ်လို့ကျုပ်ထင်တယ်"

ဂျက်ခ်ဂျွန်မှာထိုကိစ္စကြောင့်အတော်ခေါင်းကိုက်နေပုံရလေသည်။

....................................................................................

All Chapters