← Chapters

တကယ်ကံကောင်းခြင်း

Vol. 50 Ch. 747

တကယ်ကံကောင်းခြင်း

Vol. 50 Ch. 747

ဂျက်မိသားစုမှပညာရှင်အများအပြားစေလွှတ်ခဲ့သော်လည်း စိတ်ပျက်လက်ပျက်နှင့်သာပြန်လာရတာချည်းဖြစ်လေသည်။ ချာလီမိသားစုကတောင်မှ ထိုလူအားမဖမ်းနိုင်ဘဲ ခြေရာအနည်းငယ်သာခံနိုင်ခဲ့လေသည်။

အခုတော့ကျိုးဟောင်တို့အတွက်ဦးတည်ချက်တခုရရှိခဲ့လေသည်။ ဟွေ့မင်ဂြိုလ်၏တောင်ဘက်အစွန်းဆုံးအပိုင်းတွင်တည်ရှိသောမုန့်ခါလာတောင်ပင်ဖြစ်လေသည်။

"ဒီလောက်ကံကောင်းလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး တကယ့်ကိုအချိန်ကိုက်ပဲ"

ကျိုးဟောင်ကကောင်းကင်ဘုံကသူ့ဘက်တွင်ရှိနေသလိုပင်ခံစားလိုက်ရလေသည်။

လက်ရှိတောင်၏ဧရိယာထဲမှတဖြေးဖြေးလမ်းလျှောက်ထွက်လာရင်း အဝေးရှိအထပ်မြင်အဆောက်အအုံအများအပြားကိုလှမ်းမြင်လိုက်ရလေသည်။

ထိုအဆောက်အအုံများမှာလူနေတိုက်အိမ်များဖြစ်ပြီး သာမန်ထက်ထူးခြားလေသည်။ ထိုအဆောက်အအုံများကို နောက်ဆုံးပေါ်နည်းပညာများဖြင့်တည်ဆောက်ထားပြီး ကုန်ကျစရိတ်လည်းအလွန်များလေသည်။

ထိုအဆောက်အအုံများကိုကြည့်ရင်းကျိုးဟောင်တယောက်မျက်လုံးပြူးသွားလေသည်။

"ငါတကယ်ကံကောင်းတာပဲ။ ဒီကနည်းပညာတွေကတကယ့်ကိုတိုးတက်နေတာပဲ။ ငါတော့ဒီမှာခပ်ကြာကြာနေချင်မိတယ်"

ဂျော့ခ်ျမှာလည်းထိုအဆောက်အအုံများကိုကြည့်ရင်းသွေးများဆူပွက်လာလေသည်။ သူ့အနေဖြင့်ဒီနေရာတွင်ချက်ချင်းအခြေချလိုသော်လည်းပိုက်ဆံအလုံအလောက်မရှိသေးပေ။

ဂျော့ခ်ျတင်မကကျိုးဟောင်တောင်မှထိုအရာများကိုမြင်ပြီးတပ်မက်လိုစိတ်များပေါ်လာခဲ့ရလေသည်။

ထိုအချိန်တွင်ဂျက်ဂျွန်ကနည်းပညာမြင့်ပစ္စည်းတခုကိုထုတ်ပြီးပြင်ဆင်လိုက်သောအခါ အထူးလမ်းသွယ်တခုသူတို့ရှေ့တွင်ပေါ်ပေါက်လာခဲ့လေသည်။

ဂျက်ဂျွန်နှင့်အခြားသူများကထိုလမ်းထဲသို့၀င်သွားသည်ကို‌မြင်သောအခါ ကျိုးဟောင်တို့လည်းနောက်မှလိုက်၀င်လာခဲ့လေသည်။

ဘမ်း......

သို့သော်ကျိုးဟောင်မှာအတားအဆီးတခုနှင့်ရင်ဆိုင်လိုက်ရပြီး ရှေ့သို့ဆက်လှမ်းဖို့မတတ်နိုင်တော့ပေ။

"လခွမ်း ဒါကဘာတွေလဲ"

ကျိုးဟောင်မှာဒေါသထွက်ပြီးမေးလိုက်လေသည်။ သူ့အနေဖြင့်ထိုလမ်းထဲသို့၀င်မရဖြစ်နေလေသည်။

"တောင်းပန်ပါတယ် ကျုပ်သတိမထားမိလိုက်လို့ပါ။ ဆရာတို့အနေနဲ့ဒီလမ်းထဲကို၀င်ဖို့အချက်အလက်တွေကိုက်ညီဖို့လိုအပ်တယ်"

"အဲ့တာကကိုယ်ခန္ဓာအသွင်အပြင်အပေါ်မမူတည်ပါဘူး။ အဲ့ဒီအစားဒီနေရာမှာ အိမ်ပိုင်ရှိတဲ့သူတွေကကိုယ်ရေးအချက်အလက်တွေအားလုံး အတည်ပြုခံထားရပြီးသားဖြစ်တယ်။ အဲ့တာကြောင့်ဒီလမ်းထဲကို၀င်ရောက်နိုင်တယ် ထွက်ခွာနိုင်တယ်"

"ဒါကကျုပ်သမီးတီထွင်ခဲ့တာဖြစ်ပြီး ဒီဖြတ်လမ်းထဲကို၀င်ချင်တယ်ဆိုရင်တော့ အထက်ပါအချက်အလက်တွေနဲ့ပြည့်စုံဖို့လိုအပ်တယ်"

ဂျက်ဂျွန်ကရှင်းပြလာလေသည်။ထို့နောက်သူ့သမီးအားဂုဏ်ယူစွာကြည့်နေလေသည်။

ဒီတီထွင်မှုသည်အလွန်ကြီးကျယ်သောတီထွင်မှုဖြစ်ပြီး ကျူးကျော်၀င်ရောက်ခြင်းကိုလည်းဟန့်တားနိုင်လေသည်။

တကယ်လို့သူတို့လိုက်ရှာနေသည့်သူခိုးသာဒီနေရာသို့ရောက်လာပါက ထိုသူလည်းဘာမှတတ်နိုင်မည်မဟုတ်ပေ။ ထိုအချက်ကြောင့်ပဲ ထိုသူခိုးမှာ မုန့်ခါလာတောင်အနီးတဝိုက်တွင်ရှိနေနိုင်သည်ဟုခြေရာခံနိုင်ခဲ့ကြလေသည်။

"ခင်ဗျားသမီးကအရမ်းတော်တာပဲ။ခင်ဗျားတို့မိသားစုတခုလုံးကသိပ္ပံပညာရှင်တွေနဲ့ပြည့်နေတာလား"

ကျိုးဟောင်မှာစိတ်ထဲတွင်မနာလိုဖြစ်နေသော်လည်းဟန်ဆောင်ပြုံးပြီးမေးလိုက်လေသည်။သူ့အနေဖြင့်မလုပ်ချင်ရင်တောင်မှ အဓိကကျသည့်အချက်များကိုတော့မေးရန်လိုအပ်သေးလေသည်။

ကျိုးဟောင်လိုလူငယ်လေးဆီမှသူ့သမီးအားချီးကျူးသည့်စကားကိုကြားသောအခါ ဂျက်ဂျွန်မှာအလွန်ပျော်ရွှင်သွားလေသည်။

"ဟုတ်တယ် ကျုပ်သမီးလေးကအရမ်းတော်တယ်။ အနာဂတ်မှာသူမကကြီးကျယ်တဲ့တီထွင်သူတယောက်ဖြစ်လာလိမ့်မယ်"

ဂျက်ဂျွန်ကဂုဏ်ယူဝံ့ကြွားစွာပြောလိုက်လေသည်။သူ့သမီးလေးသည့်သူ့ဘ၀တွင်ဂုဏ်အယူအရဆုံးသောအရာလည်းဖြစ်ပေသည်။

ကျိုးဟောင်ကသူ့နှုတ်ခမ်းကိုတွန့်ပြီးမဲ့ပြုံးပြုံးလိုက်လေသည်။ ဒီလူကြီးကတကယ့်ကိုပင်အကြွားသန်လေသည်။

"တကယ်ပါပဲ မင်းထက်အရှက်မရှိတဲ့သူနဲ့မင်းတွေ့နေတာပဲ"

ဖားကမနေနနိုင်တော့ပဲပြောလာလေသည်။

ဂျက်ဂျွန်၏အရှေ့တွင်ရှိနေသောမိန်းမငယ်လေးသည်တကယ်လည်းထူးချွန်လှပေသည်။ သူမခဏလောက်တခုခုလုပ်နေခဲ့ပြီးနောက် ကျိုးဟောင်နှင့်ဂျော့ခ်ျလည်းအထူးလမ်းသွယ်ထဲသို့၀င်ရောက်ခွင့်ရသွားလေသည်။

ဂျော့ခ်ျနှင့်ကျိုးဟောင်မှာ မြို့မရောက်ဖူးသောတောသားလေးများပမာအရာရာတိုင်းကသူတို့အတွက်ထူးဆန်းနေခဲ့လေသည်။

လမ်းဘေးတွင်ရှိနေသော လမ်းမီးတိုင်များတွင်အချက်အလက်စစ်ဆေးသောကင်မရာများရှိနေပြီး ထိုကင်မရာများမှာကျန်းလော့ဂြိုလ်ပေါ်ရှိ တာ၀န်အဆောက်အအုံကအရာများနှင့်တောင်တူညီလေသည်။

ထိုကင်မရာများမှာလူတယောက်အားအလုံးစုံစကန်ဖတ်နိုင်ပြီး အချက်အလက်များကိုချက်ချင်းသိနိုင်စွမ်းရှိလေသည်။ထိုအဆင့်မြင့်နည်းပညာများမှာတကယ့်ကိုကြောက်မက်ဖွယ်ကောင်းလေသည်။

ကျိုးဟောင်အနေဖြင့် မစ်ရှင်လုပ်စရာမရှိနေပါက ဒီနေရာကနေထွက်ပြေးသွားမည်ဖြစ်လေသည်။ ဒီလိုအရမ်းခေတ်မှီသော‌လူနေမှုစနစ်ကအသက်ရှူကြပ်စေလေသည်။

.....

"လူကြီးမင်းတို့ ဘာများကူညီပေးရမလဲ"

ထိုအချိန်တွင်ဈေးဆိုင်တခုထဲမှရွှေအိုဆံပင်ရှိပြီးမျက်လုံးစိမ်းနှင့်ခန္ဓာကိုယ်အချိုးအစားလှသည့်အမျိုးသမီးတဦးကထွက်လာပြီးမေးလေသည်။

ဒီနေရာရှိဈေးဆိုင်များမှာ ဆိုင်ရှင်ကထွက်လာပြီးမကြိုဆိုပါကဧည့်သည်များအနေဖြင့်ဆိုင်ထဲသို့၀င်လို့မရပေ။ မကောင်းသည့်ရည်ရွယ်ချက်များရှိသည့်သူများကိုကာကွယ်ထားသည့်စနစ်တခုလည်းဖြစ်ပေသည်။

"ဒီကလူကြီးမင်းကဟွေ့မင်ဂြိုလ်ရဲ့မြေပုံကိုလိုချင်လို့ပါ"

ဂျက်ဂျွန်ကကျိုးဟောင်အားညွှန်ပြပြီးပြောလိုက်လေသည်။

ကျိုးဟောင်မှာမြေပုံလိုချင်သည့်အချက်ကြောင့်သာဒီနေရာသို့လိုက်လာခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာများအားကြည့်လိုစိတ်မရှိပေ။

"ဟုတ်ကဲ့ပါ မြေပုံကစကြ၀ဠာဒင်္ဂါး၁၂၀ကျသင့်ပါတယ်"

ရွှေအိုရောင်ဆံပင်နှင့်အမျိုးသမီးကသူ့လက်ထဲတွင် မြေပုံတခုအားကိုင်ထားရင်း ယဉ်ကျေးစွာပြောလာလေသည်။

"ကြည့်နေတာရပ်လိုက်တော့။ စက်ရုပ်မတစ်ယောက်ကိုအရူးအမူးဖြစ်နေတာလား"

ဖားကစကားနာထိုးလာလေသည်။

ထိုအမျိုးသမီးမှာတကယ့်ကိုလူသားနှင့်အလွန်ဆင်တူပေသည်။ ဟွေ့မင်ဂြိုလ်၏နည်းပညာများမှာကျန်းလော့ဂြိုလ်ထက်ပိုပြီးတိုးတက်လေသည်။

စက်ရုပ်များမှာပိုပြီးလူသားဆန်လာကာ လူသားတို့နေရာအားအစားထိုးအသုံးပြုလာကြလေသည်။ ဒီအချက်သည်တကယ့်ကိုထိတ်လန့်ဖွယ်ကောင်းပေသည်။

ကျန်းလော့ဂြိုလ်ပေါ်ရှိစက်ရုပ်များမှာအလွန်နည်းပညာမြင့်သော်လည်း သူတို့၏အသွင်အပြင်အပြုအမူများက လူသားတို့နှင့်မတူညီပေ။

သို့သော်လက်ရှိသူ့အနေတွင်ရှိနေသောအမျိုးသမီးမှာလူသားတယောက်နှင့်ခွဲမရအောင်တူနေလေသည်။

....................................................................................

All Chapters