သန္ဓေပြောင်းအင်းဆက်
Vol. 50 Ch. 749
ကျိုးဟောင်တို့ရောက်သွားသည်နှင့် မြို့အပြင်တွင်မတ်တပ်ရပ်ပြီးအော်နေသည့်လူတစ်စုအားတွေ့လိုက်ရသည်။
စွမ်းအားကြီးသောလက်နက်များမှာ ဤမြို့ထဲရှိတောင်တစ်လုံးအရွယ်အစားရှိသော မကောင်းဆိုးဝါးတစ်ကောင်အားဆက်တိုက်တိုက်ခိုက်နေပေသည်။ ထိုမကောင်းဆိုးဝါး၏နောက်တွင်သန္ဓေပြောင်းအင်းဆက်တစ်အုပ်ရှိနေပေသည်။
အင်းဆက်တိုင်းမှာ ထရပ်ကားအကြီးတစ်စီးစာအရွယ်အစားရှိပြီး ခေါင်းဆောင်နေရာရှိမကောင်းဆိုးဝါးမှာတောင်တစ်လုံးစာအရွယ်အစားရှိပေရာ ၎င်းခြေလှမ်းလှမ်းလိုက်တိုင်း မြေပြင်ပင်တုန်ခါနေခဲ့သည်။
"သေစမ်း ဒါဘာကြီးလဲ ပြီးတော့အင်းဆက်တွေကိုပစ်တဲ့ကျည်ဆံတွေက ကိုယ်ပျောက်ကျည်ဆံတွေလိုပဲ အသံမထွက်ဘူး"
ကျိုးဟောင်မှာတောင်အရွယ်အစားရှိသောမကောင်းဆိုးဝါး၏ ကိုယ်ပေါ်ရှိသွေးများစီးကျနေသည့်အပေါက်များအားကြည့်ကာပြောလိုက်သည်။
ကျိုးဟောင်မှာရောက်ရောက်ချင်း ယခုလိုစိတ်လှုပ်ရှားစရာကိစ္စနှင့်ကြုံရမည်ဟုမထင်ထားခဲ့ပေ။
ဤကျည်ဆံများမှာအသံတစ်ချက်မှာမထွက်ဘဲ အသံတိတ်သေနတ်မှထွက်သည့်ကျည်ဆံများထက်ပင်ပို၍အသံတိတ်သေးပေရာ တစ်ဖက်လူမှာကျောက်တုံးများအား ဒီတိုင်းပစ်နေသည့်အတိုင်းပင်။
"ချီး အဲဒီစက်ကိုကြည့်စမ်း အဲဒါကပိုးတောင်မာအဖြစ်ပြောင်းပြီး ဒီအင်းဆက်တိရစ္ဆာန်တွေဆီကနေရွှေတွေရိတ်သိမ်းလို့ရတယ်"
ဂျော့ချ်မှာချက်ချင်းပင် မှင်တက်သွားခဲ့သည်၊၊
ခေတ်မှီနည်းပညာများမှာ သူတို့၏မျက်လုံးများအားအရောင်တောက်လာအောင်လုပ်နိုင်စွမ်းရှိပေသည်။ ဤလက်နက်များဖြင့်ယှဥ်ပါက ယခင်ကသူတို့မြင်ဖူးခဲ့သည့်လက်နက်များမှာ ယခုအချိန်တွင်ကလေးကစားစရာသာသာ သာရှိပြီး ထိုလက်နက်များတွင်ယခုလိုကောင်းကျိုးများမရှိပေ။
မျက်စိတစ်မှိတ်အတွင်း အင်းဆက်စစ်တပ်၏သုံးပုံပုံတစ်ပုံမှာပျောက်ကွယ်သွားခဲ့သည်။ ဤပိုးတောင်မာနှင့်တူသောရိတ်သိမ်းစက်များမှာ ဤသန္ဓေပြောင်းအင်းဆက်များ၏အသက်များအားလျင်မြန်စွာရိတ်သိမ်းနေပေသည်။
ယခုလိုစွမ်းအားကြီးသောတည်ရှိမှုမှာ တကယ်တမ်းအထွတ်အထိပ်အဆင့်ရိတ်သိမ်းစက်ရှေ့သို့ရောက်ပါက အလွန်အားနည်းလှပေသည်။
ယခုလိုစွမ်းအားကြီးသောအရာမျိုးရှိနေပါက လူသားများမှာအားအများကြီးသုံးစရာမလိုတော့ပေ။ နေ့စဥ် ဤစွမ်းအားကြီးသောအထွတ်အထိပ်အဆင့်လက်နက်များကိုတီထွင်နေရန်သာလိုတော့ပေသည်။
"ဗဟုသုတနည်းလိုက်တာ ဒါကိုခေတ်မှီရိတ်သိမ်းစက်လို့ခေါ်တယ် ဒါကိုချဲ့လို့ချုံ့လို့ရပြီး ရေအောက်မှာတောင်သုံးလို့ရတယ်"
ကျိုးဟောင်၏စိတ်ထဲတွင် ဖား၏အသံထွက်ပေါ်လာခဲ့သည်။
အကယ်၍တစ်ယောက်ယောက်မှာ ဤပစ္စည်းများအားသူတို့မျက်လုံးဖြင့်ကိုယ်တိုင်မြင်တွေ့ရခြင်းမဟုတ်ပါက ၎င်းတို့၏တည်ရှိမှုအားလုံးဝယုံရဲမည်မဟုတ်ပေ။ ဤမြင်ကွင်းအားကြည့်ရသည်မှာဤလောကကြီးတွင် မဖြစ်နိုင်သည့်အရာဘာမှမရှိသလိုပင်။
ဤနေရာတွင် သာမန်ရိတ်သိမ်းစက်တစ်ခုပင် ဤစွမ်းအားကြီးသန္ဓေပြောင်းအင်းဆက်များအားအသက်ပျောက်သွားအောင်လုပ်နိုင်ပေသည်။ ကမ္ဘာဂြိုဟ်ပေါ်တွင်ရိတ်သိမ်းစက်များအား အစားအသောက်များရိတ်သိမ်းရန်သာသုံးခြင်းဖြစ်ပေရာ ၎င်းတို့သည် သိပ်အသုံးမဝင်ပေ။
"အားလုံးအဆင်ပြေသွားမှာ ဒီသန္ဓေပြောင်းမကောင်းဆိုးဝါးကောင်တွေကိုသတ်ကြ"
ပတ်ဝန်းကျင်ရှိလူများမှာ ဤအရာများအားလုံးဝကြောက်ရွံ့ပုံမပေါ်ပေ။
၎င်းတို့သည် တောင်ဧရိယာနားချဥ်းကပ်လာသည်နှင့်အမျှ ဤစွမ်းအားကြီးပြီးလျှို့ဝှက်ဆန်းကြယ်သောသန္ဓေပြောင်းသားရဲများအားအချိန်မရွေးတွေ့နိုင်ပေသည်။
၎င်းတို့သည် အကြိမ်တိုင်းအနိုင်ရရန် စွမ်းအားကြီးသောနည်းပညာမြင့်လက်နက်များကိုသာအားကိုးကြပေသည်။
သူတို့၏မျက်နှာများတွင်စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေသည်မှာ စစ်ပွဲများအားလူသားများမှတိုက်ခိုက်သည်မဟုတ်ဘဲ ဤနည်းပညာမြင့်လက်နက်များကသာတိုက်ခိုက်နေခြင်းဖြစ်ပြီး လူသားများမှာဘေးမှရပ်ကြည့်နေရန်သာလိုအပ်သလိုပင်။
"ဒီကနည်းပညာမြင့်မျိုးနွယ်တွေရဲ့ နည်းပညာတွေကဒီလောက်တိုးတက်လိမ့်မယ်လို့မထင်ထားခဲ့ဘူး ကျန်းလော့ဂြိုဟ်ထက်တောင်ပိုပြီးတိုးတက်သေးတယ်"
"အဲဒီကရိတ်သိမ်းစက်တွေက သေချာပေါက်ဒီလောက်စွမ်းအားမကြီးဘူး"
ဂျော့ချ်မှာ သက်ပြင်းချရင်းပြောလိုက်သည်။
သူသည်လည်းနည်းပညာအလွန်တိုးတက်သည့်နေရာတွင်နေခဲ့သူဖြစ်သော်ငြား ဤနေရာရှိနည်းပညာအားကြည့်ကာ သက်ပြင်းသာချလိုက်မိသည်။ ဤခေတ်မှီလက်နက်များမှာ ယခင်ကဟာများကဲ့သို့အေးစက်ကာအသက်မဲ့မနေတော့ပေ။
၎င်းတို့သည်လူသားများကဲ့သို့ဖြစ်လာပြီး အသွေးအသားများရှိလာခဲ့သည်။
ဥပမာဆိုရပါက ရှေ့မှစက်ရုပ်များတွင် လူသားများကဲ့သို့နှလုံးခုန်သောနှလုံးသားများရှိပေသည်။
သူတို့၏ပုံစံမှာသာမန်ဟုထင်ရသော်ငြား ဤအရာများမှာတကယ်တမ်းတွင်သတိထားဖို့မဖြစ်နိုင်သည့်ထိပ်တန်းအဆင့်လက်နက်များသာဖြစ်သည်။
ဤကမ္ဘာရှိမျိုးနွယ်၏စွမ်းအားအား ထောင့်ပေါင်းစုံမှမြင်နိုင်ပေသည်။ မထင်ရှားသောထောင့်တစ်ထောင့်မှာပင် သူတို့၏သာမန်ထက်ထူးခြားသောနည်းပညာအားတွေ့နိုင်ပေသည်။
"ကြည့် ဒီသန္ဓေပြောင်းအင်းဆက်တွေ အရင်ကထက်ပိုကြီးလာတယ် သူတို့ပုံစံကြည့်ရတာရုတ်တရက်ပိုပြီးကြီးထွားလာစေတဲ့တစ်ခုခုကိုစားလိုက်သလိုပဲ"
လူတစ်ယောက်မှပြောလာခဲ့သည်။
ဤကဲ့သို့သောသန္ဓေပြောင်းသားရဲမျိုးအား သူတို့တစ်ခါမှမမြင်ဖူးခြင်းမဟုတ်သော်ငြား ဤသတ္တဝါများမှာ ပိုပိုသန်မာလာပြီး ခေတ်မှီလက်နက်များပင်၎င်းတို့အားမတုန်လှုပ်စေနိုင်သည့် အခြေအနေမျိုးပင်ရောက်လုနီးပါးဖြစ်လာခဲ့သည်။
"ဝါး သူတို့ကတကယ်ကြီးအထွတ်အထိပ်အဆင့်အဏုမြူဗုံးကိုချက်ချင်းသုံးလိုက်တာပဲ"
ဖားမှာ အန္တရာယ်အငွေ့အသက်အားခံစားမိပြီးနောက်ပြောလာခဲ့သည်။
ဤအဏုမြူဗုံး၏ပေါက်ကွဲမှုအား အတိုင်းအတာတစ်ခုအထိထိန်းချုပ်ထားပေသည်။ ဘေးပတ်ဝန်းကျင်ရှိလူများကိုပင်လုံးဝသက်ရောက်မှုမရှိပေ။ ဤကဲ့သို့သောစွမ်းအင်ထိန်းချုပ်မှုအားဤနေရာတွင်သာ တွေ့နိုင်ပေသည်။
သေဆုံးသွားသောသန္ဓေပြောင်းအင်းဆက်များအားကြည့်ရင်း ကျိုးဟောင်၏မျက်လုံးများမှာပြူးကျယ်နေခဲ့သော်ငြား သူ့ဘေးရှိလူများအားဝမ်းသာအားရအော်ဟစ်နေကြသည်။ ဒဏ်ရာရဖို့မဆိုထားနှင့် ဆံပင်တစ်ပင်မျှပင်ကျွတ်မသွားခဲ့ပေ။
ယခုလိုအဏုမြူဗုံးမျိုးမှာ အခြားဂြိုဟ်များပေါ်တွင်ပင်မရှိပေရာ ကမ္ဘာဂြိုဟ်ဆိုပါက ပြောနေစရာပင်မလိုတော့ပေ။
အဏုမြူဗုံးပေါက်ကွဲမှုတစ်ခုမှာ မြေထုအားနှစ်ပေါင်းများစွာကျတ်တီးမြေဖြစ်သွားစေနိုင်ပေသည်။ ထိုကဲ့သို့သောပေါက်ကွဲမှုမှာ အားလုံးကိုသတ်ပစ်နိုင်သော်ငြား သူ့ရှေ့တွင်ပေါက်ကွဲသွားသောဤအဏုမြူဗုံးအားကြည့်ရင်း ဤဗုံး၏စွမ်းအားအားတကယ်ပင်ထိန်းချုပ်ထားကြောင်းကို မြင်လိုက်ရပြီးကျိုးဟောင်မှာ အံ့အားသင့်နေခဲ့သည်။
"ဂျော့ချ် ငါ့ကိုဆွဲစိတ်ကြည့်စမ်းပါ ငါအိပ်မက်မက်နေတာလား"
ကျိုးဟောင်မှာ ဤအရာအားအိပ်မက်တစ်ခုလိုသာခံစားနေရပေသည်။
ယခုလိုစွမ်းအားကြီးသောထိန်းချုပ်မှုမျိုးသည် ဒဏ္ဍာရီထဲတွင်သာရှိပေသည်။
ဂျော့ချ်မှာ ကျိုးဟောင်၏ခန္ဓာကိုယ်အားဆွဲလိုက်ရာ ကျိုးဟောင်မှာနာ၍အော်လိုက်မိပြီး ထိုအချိန်မှသာအိပ်မက်မက်နေခြင်းမဟုတ်ကြောင်းကိုနားလည်သွားခဲ့သည်။
"ဗဟုသုတနည်းလိုက်တာ မင်းကမြေဝက်လိုပဲ မင်းဒီနေရာမှာဘာမြင်မြင် အံ့သြစရာမလိုဘူး"
တစ်ချိန်တည်းမှာပင် ဖား၏ဝေဖန်သံထွက်ပေါ်လာခဲ့သည်။
ဤသို့ဖြစ်ရသည့်အကြောင်းအရင်းမှာ ဤပစ္စည်းများမှာအလွန်အံ့အားသင့်စရာကောင်းပြီး ကျိုးဟောင်မှာယခုလိုပစ္စည်းများအား ယခင်ကတစ်ခါမှမမြင်ဖူး၍ဖြစ်သည်။
ကျိုးဟောင်မှာ မူပျက်သွားသည်ကိုဝန်မခံချင်သော်ငြား အကယ်၍သူသာယခုလိုဖြစ်ရပ်အားကိုယ်တွေ့မကြုံရပါက ယုံမည်မဟုတ်ပေ။
ဂျော့ချ်နေထိုင်သည့်ကမ္ဘာကြီးမှာထိုမျှလောက်ခေတ်နောက်မကျသော်ငြား ဂျော့ချ်ပင်သူ့ရှေ့တွင်ဖြစ်ပျက်နေသည့်မြင်ကွင်းအားမယုံကြည်နိုင်ဟန်ဖြင့် အချိန်အတော်ကြာသည်အထိကြည့်နေခဲ့သည်။
ဤနည်းပညာမြင့်မားသည့်မျိုးနွယ်များမှာ ယခုလိုစွမ်းအားကြီးသည့်စွမ်းအင်အားတကယ်ပင်ထိန်းချုပ်နိုင်ကြောင်းကို သူတို့လည်းမယုံဝံ့ပေ။
"ကျွန်တော် ဗဟုသုတနည်းတော့ရောဘာဖြစ်လဲ ခင်ဗျားလည်းဒီလိုဖြစ်ရပ်မျိုးကိုပထမဆုံးကြုံဖူးတာပဲမဟုတ်ဘူးလား"
ကျိုးဟောင်မှာချက်ချင်းပင် တွန့်ဆုတ်သွားခဲ့သည်။
စိတ်ရှုပ်စရာကောင်းသည့်ဖားမှာပိုပိုတရားလွန်လာပေသည်။ ၎င်းသည်လည်းထိုအရာအားယခင်ကတစ်ခါမှမမြင်ဖူးသော်ငြား မကျေမနပ်ပြောနေပေသည်။ ဤလောကကြီးမှာယခုလိုခေတ်မှီအရာများအပေါ် မည်မျှထိန်းချုပ်နိုင်ကြောင်းမည်သူမျှမသိပေ။
မည်သည့်ဂြိုဟ်တွင်ဖြစ်စေ ဖားမှာဤအမည်မသိသည့်အရာများအားသိကြောင်းကိုတော့ ကျိုးဟောင်ဝန်ခံရပေမည်။
၎င်းမှာ အမြဲတမ်းကျိုးဟောင်ရှေ့တွင်ကြွားလုံးထုတ်တတ်ပေရာ အကယ်၍ကျိုးဟောင်အားကူညီထား၍မဟုတ်ပါက ကျိုးဟောင်မှာဖားအားဆွဲထုတ်ကာရိုက်နှက်နေလောက်ပြီဖြစ်သည်။ အကယ်၍ထိုသို့လုပ်လိုက်ပါက ဖားမှာအနာဂတ်တွင်ယခုလိုဘဝင်မြင့်ရဲဦးမလားဆိုသည်ကို ကျိုးဟောင်သိချင်ပေသည်။
ဖား၏စိတ်ထဲတွင်လည်းကျိုးဟောင်မှာ ယခုကိုင်တွယ်ရပိုပိုခက်လာသည်ဟုခံစားနေရပေသည်။ အကယ်၍ဖားမှတစ်ခွန်းပြောလိုက်ပါက ကျိုးဟောင်မှာချက်ချင်းပင်သူ့အားခွန်းတုံ့ပြန်ပြီးငြင်းဆိုပေရာ သူ့ဘဝမှာမျှော်လင့်ချက်မရှိတော့သလိုခံစားလိုက်ရပေသည်။
သို့သော် ကျိုးဟောင်မဆိုထားနှင့် ဖားပင်အနည်းငယ်မယုံကြည်နိုင်သလိုခံစားရပေသည်။
ဖားပင်ယခုလိုအလွန်စွမ်းအားကြီးသည့်စွမ်းအင်အား ထိန်းချုပ်နိုင်သည့်နည်းပညာမျိုးအား အခြားနေရာများတွင်တစ်ခါမှမမြင်ဖူးပေရာ ဖားသည်လည်းဤနေရာတွင်အများကြီးသင်ယူခဲ့ရပေသည်။
"ငါကမင်းကိုအဖော်ပြုပြီးလိုက်လာပေးရုံပဲ နားလည်လား မင်းအသက်ဘယ်နှစ်နှစ်မလို့လဲ ငါအသက်ရှင်လာတာနှစ်ပေါင်းမနည်းတော့ဘူးကောင်စုတ်လေးရဲ့"
ဖားမှာဤစွမ်းအင်ထိန်းချုပ်မှုအားအလွန်စိတ်ဝင်စားနေသော်လည်း ဝန်မခံပေ။
၎င်းမှာ စွမ်းအားကြီးသောအမည်မသိသက်ရှိဖြစ်ပေရာ ယခုလိုဖောက်ခွဲရေးနည်းလမ်းအား ယခင်ကတစ်ခါမှမမြင်ဖူးဘူးဟု အဘယ်မှာဝန်ခံနိုင်မည်နည်း။ ထို့အပြင် ယခုတစ်ကြိမ်ထိုအရာအားတွေ့လိုက်ရပြီးပြီဖြစ်ပေရာ နောက်နောင်ဘယ်တော့မှတောသားတစ်ယောက်ကဲ့သို့ခံစားရတော့မည်မဟုတ်ပေ။
ကျိုးဟောင်မှာပြောစရာစကားပင်ရှာမရပေ။ ဖားပြောသည်မှာအဓိပ္ပာယ်ရှိပေသည်။ သူသည်အမြဲတမ်း တဖြည်းဖြည်းချင်းသန်မာလာခဲ့သူဖြစ်သည်။
တစ်ခါတရံ ကျိုးဟောင်စိတ်လှုပ်ရှားနေချိန်တွင် လွန်ကဲသည့်စကားမျိုးပြောတတ်ပေသည်။
....................................................................................