← Chapters

ပြင်းထန်သောအာထရာဆောင်းလှိုင်း

Vol. 50 Ch. 750

ပြင်းထန်သောအာထရာဆောင်းလှိုင်း

Vol. 50 Ch. 750

ဤစွမ်းအားကြီးလက်နက်များအားကြည့်ရင်း ကျိုးဟောင်မှာရောက်နေသည့်နေရာအားမေ့သွားခဲ့သည်။

ဤသ‌န္ဓေပြောင်းအင်းဆက်စစ်တပ်အားကြည့်ရသည်မှာခေါင်းကျိန်းစရာကောင်းပေသည်။အကယ်၍ မတော်တဆထိုအုပ်ထဲသို့ပြုက်ကျသွားပါက အရိုးပင်မကျန်သည်အထိအစားခံရမည်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဤဂြိုဟ်ပေါ်တွင် ယခုလိုမြင့်မားသည့်နည်းပညာများရှိနေပေသည်။ မဟုတ်ပါကဤလူများမှာအစောကြီးကတည်းကအစားခံလိုက်ရလောက်ပြီဖြစ်သည်။ အကြောင်းမှာထိုအင်းဆက်များမှာအလွန်စွမ်းအားကြီး၍ဖြစ်သည်။

အခြားမျိုးစိတ်များဆိုပါက ပို၍ပင်အားကောင်းလေမလားဟု ကျိုးဟောင်စိတ်ထဲတွင်တွေးနေပေသည်။

ယခုလိုဖြစ်ရသည့်အကြောင်းအရင်းမှာ ဤဂြိုဟ်ပေါ်ရှိခေတ်မှီနည်းပညာများမှာ သူတို့၏မူလစည်းမျဥ်းများအားပြောင်းလဲသွားစေခဲ့ခြင်းလည်းဖြစ်နိုင်ပေသည်။

ဤတိရစ္ဆာန်များမှာ လူသားများလိုပင်။ ၎င်းတို့သည်အားလုံးယခုလိုပတ်ဝန်းကျင်တွင်ရှင်သန်နေထိုင်ရန်နည်းလမ်းများအားစဥ်းစားကြပေသည်။ ပိုမိုသန်မာလာခြင်းဖြင့်သာ ၎င်းတို့ရှင်သန်နိုင်မည်ဖြစ်သည်။

ဤအင်းဆက်များမှာ ပုံမှန်အားဖြင့်အလွန်သိမ်မွေ့ကာ လူသားများအားစမတိုက်ခိုက်တတ်ပေ။

ကွိ .... ကွိ .... ကွိ ...

ရှေ့ရှိတောင်အရွယ်အစားရှိသောအင်းဆက်မှာ ဆက်တိုက်အော်ဟစ်နေသည်မှာ ၎င်းတို့၏မျိုးနွယ်များအားခေါ်ယူနေသည့်အလား ကြည့်နေသူအားလုံးအားခေါင်းကျိန်းစေပေသည်။

သူ့နောက်ရှိ သန္ဓေပြောင်းအင်းဆက်ထောင်ချီမှာ ခေတ်မှီရိတ်သိမ်းစက်များအတွက်အစာဖြစ်သွားပြီဖြစ်ပေရာ ၎င်းမှာထိုမြင်ကွင်းအားမြင်သောအခါ ပို၍ပင်ဒေါသထွက်လာခဲ့ပြီး ရူးသွပ်စွာအော်ဟစ်လာခဲ့သည်။

"ဖျက်ဆီးရေးကျည်ဆံကိုအသက်သွင်းဖို့တောင်းဆိုပါတယ်"

အားလုံး၏ရှေ့တွင်ကြီးမားသောမျက်နှာပြင်တစ်ခုပေါ်လာခဲ့သည်။

ထိုမျက်နှာပြင်ပေါ်တွင် စာကြောင်းများပေါ်လာခဲ့သည်။ မူလကကျိုးဟောင်မှာကောင်းကင်တွင်တကယ်ပင်ကြီးမားသောမျက်နှာပြင်တစ်ခုရှိနေကြောင်းမသိခဲ့‌ပေ။ ကျိုးဟောင်မှာကောင်းကင်ထဲရှိနေရာလွတ်အားကြည့်နေခဲ့သည်။

ယခုလိုကောင်းကင်ပေါ်ရှိအဆောက်အဦးမျိုးသည် အံ့သြစရာမဟုတ်တော့ပေ။

အရေးကြီးဆုံးမှာ ဤတောင်းဆိုမှုသည်လူသားများမှပြုလုပ်ခြင်းမဟုတ်ဘဲ တစ်မြို့လုံးမှပြုလုပ်ခြင်းဖြစ်သည်။

အဆုံးတွင် မြို့မှာအထက်လူကြီးများအားအစီရင်ခံရပြီး ပိုမိုသန်မာသောလက်နက်အားအသုံးပြုခွင့်တောင်းရဆဲပင်ဖြစ်သည်။

တစ်မြို့လုံးတွင် အန္တရာယ်အကဲဖြတ်မှုစနစ်ရှိပြီး ၎င်းတို့အန္တရာယ်အလွန်များလာသည်နှင့် ဤစနစ်မှာအလိုအလျောက်အသက်ဝင်လာမည်ဖြစ်သည်။ ဤစနစ်သည်လည်းသူတို့ယခင်ကတစ်ခါမှမမြင်ဖူးသောအရာပင်ဖြစ်သည်။

"ငါဒီပစ္စည်းတွေကို လေ့လာဖို့ပြန်ယူသွားရမယ်"

ကျိုးဟောင်မှာ ထိုရာများအားကြည့်ကာ‌နောက်ဆုံးတွင်ဆုံးဖြတ်လိုက်သည်။

ကျိုးဟောင်မှာ ဤပစ္စည်းအသစ်များအားပြန်ယူသွားပြီး သိပ္ပံနည်းကျနည်းပညာများအားမြှင့်တင်ကာ အားလုံးအတူတူတိုးတက်လာစေရန် ၎င်းတို့အားတွင်ကျယ်လာအောင်လုပ်ချင်ပေသည်။

သူနေထိုင်ခဲ့သောကမ္ဘာဂြိုဟ်မှာ အလွန်ခေတ်နောက်ကျ၍သာ ဤကျူးကျော်သူများ၏အနိုင်ကျင့်ခြင်းအားခံရခြင်းဖြစ်သည်။ သူပိုမိုသန်မာလာသည့်အချိန်ရောက်ပါက ကျိုးဟောင်မှာသေချာပေါက်ဤပစ္စည်းများအား ပြန်ယူသွားမည်ဖြစ်သည်။

ထူးဆန်းစွာပင် ဖားမှာသူ့အားချက်ချင်းထကာစနောက်လာခြင်းမပြုပေ။

အကြောင်းမှာဤနေရာသို့လာရသည့်ရည်ရွယ်ချက်မှာ ပိုမိုသန်မာလာရန်ဖြစ်သည်။ အကယ်၍နောက်ကျကျန်ခဲ့ပါက ကျန်ခဲ့သူမှာအနိုင်ယူခံရမည်ဖြစ်ကာ ဤအမှန်တရားမှာဘယ်သောအခါမှပြောင်းလဲသွားမည်မဟုတ်ပေ။ သန်မာသထက်သန်မာလာသည့်နည်းဖြင့်သာ ထိုအငမ်းမရဖြစ်နေသည့်လူများအလွယ်တကူဝင်မလာရဲမည်ဖြစ်သည်။

ဂျော့ချ်မှာ အလွန်အံ့သြနေပေသည်။ သူသည်ဤကဲ့သို့သောအရာမျိုးအားယခင်ကမမြင်ဖူးသော်ငြား ၎င်းမှာမိသားစုကြီးတစ်ခု၏နေရာဖြစ်ပေရာ အပြင်ပန်းတွင်မပေါ်လွင်အောင်ထိန်းထားပေသည်။

ကျိုးဟောင်တို့နှစ်ယောက်မှာ ထိုနေရာတွင်မတ်တပ်ရပ်နေပြီး မြို့ထဲတွင်ဖြစ်ပျက်နေသမျှအရာအားလုံးအားမှင်တက်စွာဖြင့်ကြည့်နေခဲ့ကြသည်။

"ကြည့်ရတာငါဒီမျိုးနွယ်ရဲ့နည်းပညာကိုပြန်သယ်သွားပြီး သေချာလေးလေ့လာမှရမယ်"

ဂျော့ချ်သည်လည်း ကျိုးဟောင်လိုပင်ပြောလာခဲ့ပေသည်။

သူတို့နှစ်ယောက်လုံးသည် တိုတက်မှုအားရှာဖွေနေကြသူများဖြစ်ပြီး အကယ်၍နောက်ကျကျန်ခဲ့ပါကအနိုင်ယူခံရမည်ဟူသောအမှန်တရားကိုလည်း ကောင်းစွာနားလည်ကြ‌ပေရာ အားနည်းပြီးအခြားသူများမှသက်ညှာပေးရမည့်အခြေအနေအားမလိုလားပေ။

နှစ်ယောက်လုံးမှာတစ်ချိန်တည်းတွင် တူညီသောအတွေးအားတွေးနေကြပေသည်။ သူတို့သည်ဤကိစ္စနှင့်ပတ်သက်ပြီးအသေးစိတ်စဥ်းစားရဦးမည်ဖြစ်သည်။ မဟုတ်ပါက သူတို့သည်ဤစွမ်းအာကြီးနည်းပညာများအားယူသွားနိုင်မည်မဟုတ်ပေ။

"ဒါတွေကိုယူသွားတာက ကိစ္စကောင်းပဲ ဒါတွေကိုသုတေသနလုပ်နိုင်ရင်ပိုလို့တောင်ကောင်းသေးတယ်"

ကျိုးဟောင်မှာဤစွမ်းအားကြီးနည်းပညာများအားကြည့်ကာ ဤနေရာရှိသိပ္ပံပညာရှင်များအားလုံးကိုကမ္ဘာဂြိုဟ်သို့ခေါ်သွားပြီး ဤနည်းပညာများအားအတူတကွလေ့လာနိုင်ရန်မျှော်လင့်နေပေသည်။

သို့သော် ဤကိစ္စမှာမဖြစ်နိုင်မှန်း ကျိုးဟောင်လည်းသိပေသည်။

တစ်ခုတည်းသောနည်းလမ်းမှာ အဆုံးသတ်ပြီးသားကုန်ပစ္စည်းအချို့အားယူသွားနိုင်မည့်နည်းလမ်းအားစဥ်းစားခြင်းပင်ဖြစ်သည်။ကျိုးဟောင်ထံတွင်ဤစွမ်းအားကြီးနည်းပညာများအားအဖြေရှာနိုင်သည့်စွမ်းရည်မျိုးရှိလာပါက သူကမ္ဘာဂြိုဟ်သို့ပြန်ရောက်ချိန်တွင် နည်းပညာအားလုံးအားနားလည်နိုင်စွမ်းမြင့်မားသည့်ထိုသိပ္ပံပညာရှင်များအားသင်ကြားပေးနိုင်‌လောက်ပေသည်။

ဂျော့ချ်မှာခေါင်းညိတ်လိုက်သည်။ သူ့ထံတွင်လည်းကျိုးဟောင်လိုအတွေးမျိုးရှိပေသည်။ ဂြိုဟ်တိုင်းရှိမျိုးနွယ်စုများမှာ၎င်းတို့၏နည်းပညာများအား အခြားလူများလေ့လာရန်အတွက်အလွယ်တကူ ပေးလိုက်မည်မဟုတ်ကြောင်း သူလည်းသိပေသည်။

ဤအရာများသည်သူတို့၏အုတ်မြစ်ဖြစ်ပေရာ အခြားသူများအားလွယ်လင့်တကူမပေးလိုက်နိုင်ပေ။ အနာဂတ်တွင်ထိုလူများပိုမိုသန်မာလာပါက ၎င်းတို့မှာဘက်ပြောင်းကာသူတို့အားအနိုင်ကျင့်မည်ဖြစ်သည်။

သူတို့နှစ်ယောက်မှာ ဤနည်းပညာမြင့်မျိုးနွယ်များအားကြည့်ကာ အခြားဘာမှမစဥ်းစားမိပေ။

ဘန်း ... ဘန်း ...

ခပ်တိုးတိုးအသံနှစ်ခုနှင့်အတူ စွမ်းအားကြီးသောအားတစ်ခုမှာ တောင်အရွယ်အစားသန္ဓေပြောင်းအင်းဆက်၏ခန္ဓာကိုယ်ပေါ်တွင်ပေါက်ကွဲသွားခဲ့သည်။

ထိုပေါက်ကွဲမှုကြောင့် ၎င်းမှာလွင့်ထွက်သွားကာ လဲကျလုနီးပါးဖြစ်သွားခဲ့သော်ငြား အခြားနေရာများမှာမူဤစွမ်းအင်၏သက်ရောက်မှုအားမခံရပေ။ စွမ်းအင်ထိန်းချုပ်‌သည့်နေရာ၌ ၎င်းမှာအစောပိုင်းကအထွတ်အထိပ်အဆင့်အဏုမြူဗုံးနှင့် ယှဥ်နိုင်ပေသည်။

ထိုမြင်ကွင်းအားပထမတစ်ခါမြင်ထားပြီးနောက် ကျိုးဟောင်မှာဒုတိယတစ်ခေါက်တွင်သိပ်မအံ့သြတော့ပေ။

သို့သော် ဤနည်းပညာများအားပိုကြည့်လေ ပိုကြိုက်လေပင်ဖစ်သည်။ သူတို့သည်ဤနည်းပညာများအားပြန်ယူသွားပြီး လေ့လာရန်မစောင့်နိုင်တော့ပေ။

ဤစွမ်းအားကြီးသောစွမ်းအင်၏အဖျက်စွမ်းအားမှာ အလွန်မြင့်မားပေသည်။ အကယ်၍ဤပစ္စည်းအားတီထွင်လိုပါက စမ်းသပ်မှုပေါင်းထောင်ချီလုပ်ရမည်ဖြစ်ပြီး ကျွမ်းကျင်သောသိပ္ပံပညာရှင်များစွာလိုအပ်မည်ဖြစ်သည်။

ဤဂြိုဟ်ပေါ်တွင် အရည်အချင်းရှိသောသိပ္ပံပညာရှင်များအားနေရာတိုင်းတွင်တွေ့နိုင်ပေသည်။ အားလုံးကိုသိပ္ပံပညာရှင်များဟုပြောလျှင်ပင် ချဲ့ကားပြောရာကျမည်မဟုတ်ပေ။

လူကြီးများမဆိုထားနှင့် ကလေးများပင်အတူတူပင်။

အားလုံးနီးပါးမှာ အသစ်အသစ်သောပညာရပ်များအားသင်ယူနိုင်စွမ်းရှိကြသည်။ လူတစ်ယောက်အတွက် ဉာဏ်မကောင်းဘဲ ဤပတ်ဝန်းကျင်တွင်ရှင်သန်ရန်မှာ အနည်းငယ်ခက်ခဲမည််ဖြစ်သည်။

သန္ဓေပြောင်းအင်းဆက်မှာ စွမ်းအားကြီးသောဖျက်အားပြင်းကျည်ဆံကြောင့်ချက်ချင်းဖျက်ဆီးခံလိုက်ရပြီး သွေးအိုင်သာကျန်ရစ်ခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်မှာလူသားတစ်ယောက်ကဲ့သို့ပင် နီရဲနေပြီး ယခုလိုမသေဆုံးသွားချင်သည့်အလား မျက်လုံးများမှာပြူးကျယ်နေခဲ့သည်။

မကြာမီ၎င်း၏အသားများမှာပျောက်ကွယ်သွားခဲ့သည်မှာ စစ်မြေပြင်ပေါ်ရှိရန်သူအရေအတွက်အား တစ်စုံတစ်ခုမှလေလိုအလျင်ဖြင့်လျင်မြန်စွာလျှော့ချလိုက်သလိုပင်။ သွေးနံ့ပင်မကျန်ခဲ့ပေ။

ကျိုးဟောင်တို့မှာ စွမ်းအင်အတက်အကျအချို့ကိုသာမြင်ရပြီး ၎င်းမည်သို့လှုပ်ရှားမှန်းမမြင်ခဲ့ရပေ။

ကျိုးဟောင်မှာထိုမြင်ကွင်းအားမျက်လုံးအပြူးသားဖြင့်ကြည့်နေခဲ့ပြီး စိတ်ထဲတွင်လည်းသူ့မျက်လုံးများမှာအမြင်အားလှည့်စားထားသည်ဟုတွေးနေပေသည်။ စစ်မြေပြင်အားသန့်ရှင်းနေသူမှာ လူလားသို့မဟုတ် စက်ရုပ်လားဆိုသည်အားကျိုးဟောင်မသိပေ။

"ဗဟုသုတမရှိတဲ့အရူးတွေ ဒါကခေတ်မှီအာထရာဆောင်းလုပ်ဆောင်ချက်ပဲ သူတို့ကလေထဲကသွေးနံ့တွေကို အချိန်ခဏလေးနဲ့ရှင်းပစ်နိုင်တယ်"

ဖားမှ စိတ်မရှည်စွာဖြင့် ရှင်းပြလာခဲ့သည်။

လောကကြီးအားတစ်ခါမှမမြင်ဖူးသည့်ပုံမျိုးဖြစ်နေသော ကျိုးဟောင်တို့နှစ်ယောက်၏ပုံစံအားမြင်သောအခါ ဖားမှာဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။ အခြားလူများမှာသူတို့နှစ်ယောက်လောက်အံ့သြပြီး ထိတ်လန့်နေပုံမပေါ်ပေ။

အခြားလူများမှာ ဤမြင်ကွင်းအားလုံးအားပုံမှန်ဖြစ်ရပ်လိုပင် အေးဆေးကြည့်နေကြပေသည်။

"ဒါကိုအရင်ကမမြင်ဖူးဘူး ကြည့်ရတာဒီထက်ပိုပြီးသင်ယူရမဲ့ပုံပဲ"

ကျိုးဟောင်မှလေးနက်စွာပြောလိုက်သည်။

ဤမျိုးနွယ်၏နည်းပညာအားသင်ယူရန်မှာ ကျိုးဟောင်၏တာဝန်ဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် လူသားမျိုးနွယ်အားပိုမိုတိုးတက်လာစေနိုင်မည်ဖြစ်သည်။

ကျိုးဟောင်မှာ စွမ်းအားအားအလျင်အမြန်တိုးမြှင့်ရန်လိုအပ်ရုံသာမက ဤတိုးတက်နေသောနည်းပညာများကိုလည်းလေ့လာရန်လိုအပ်ပေသည်။ သူ၏သင်ယူရေးတာဝန်မှာ ပိုပိုအရေးကြီးလာပြီဖြစ်ကာ အထူးသဖြင့် ဤပြင်းထန်သောအာထရာဆောင်းလုပ်ဆောင်ချက်မှာ သူ့အားသရေကျစေပေသည်။

....................................................................................

All Chapters