ဒုတိယမျိုးဆက် နယ်မြေအရှင်သခင်က အိမ်တွင်းပုန်းတစ်ယောက်လား
Vol. 29 Ch. 399
ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းတို့သည် ဝိညာဉ်သားရဲဘုရင်နှင့်အတူ ရောက်ရှိလာကြသောကြောင့် ရဲယင်မှာ ချည်နှောင်ထားခြင်းမှ လွတ်မြောက်သွားလေသည်။
သို့သော်လည်း ၎င်းမှာ သူ၏စိတ်ထင်နေခြင်းကြောင့်လောဟု မသိသော်လည်း ရဲရှင်းဟွေ့က ရဲယင်မှာ ချည်နှောင်ထားရာမှ ပြန်လွတ်မြောက်လိုခြင်း မရှိဟု အမြဲခံစားနေရ၏။
အရေးကြီးဆုံးမှာ အားမြောင်က ရဲယင်နှင့် အားရိတို့၏ ဆက်ဆံရေးကို လုံးဝပြတ်တောက်သွားစေရန်အတွက် အားရိအား သူ၏လက်ထဲမှ သားရေကြိမ်လုံးဖြင့် ရဲယင်ကို ကိုယ်တိုင်ရိုက်နှက်ခိုင်းရန် ကြံစည်ထားခြင်း ဖြစ်သည်။
အားရိမှာ အားမြောင်နှင့် တခြားအစေခံများ၏ ဖိအားပေးမှုကြောင့် ရဲယင်ကို ရိုက်နှက်တော့မည် ပြင်လိုက်စဉ်တွင် ရဲရှင်းဟွေ့က အချိန်မီရောက်လာပြီး ကယ်တင်လိုက်သည်။
ရဲရှင်းဟွေ့က လွတ်မြောက်သွားသော ရဲယင်ထံသို့ လျှောက်သွားပြီး သူ့ပခုံးကို ပုတ်ကာ ပြုံးလိုက်၏။
“ငါ့တူ… မထင်ထားဘူးပဲ… မင်းက အရည်အသွေးအသစ်တစ်ခုနိုးထလာတာကိုး… တော်တော်မိုက်တာပဲ…”
“ကျွန်တော်မဟုတ်ဘူး… ကျွန်တော်လုပ်တာမဟုတ်ဘူး… မဟုတ်တာတွေမပြောနဲ့…”
ရဲယင်က ချက်ချင်းပင် သုံးခွန်းဆက်တိုက် ငြင်းဆိုလိုက်သည်။
“…”
ရဲရှင်းဟွေ့က သူ့လျှာကို အကြိမ်အနည်းငယ်သပ်၍ ပြောလိုက်၏။
“မင်းငြင်းလည်း အရေးမကြီးပါဘူး… မင်းခုနက လုပ်နေတဲ့ပုံစံကို ငါ ဗီဒီယိုရိုက်ထားပြီးသား…”
ရဲရှင်းဟွေ့က ပြောပြီးသည်နှင့် အားရိကို နှုတ်ဆက်ပြီးသွားသော ပေါင်ပေါင်းက လျှောက်လာပြီး မေးလိုက်၏။
“ဘာတွေ ပြောနေကြတာလဲ…”
“ ဘာမှမဟုတ်ပါဘူး…”
ရဲရှင်းဟွေ့က သူတို့ ဘာမှမပြောကြောင်းနှင့် ရဲယင်၏ ညစ်ပတ်သော အကျင့်များက ပေါင်ပေါင်း၏ ဖြူစင်သော နှလုံးသားကို မညစ်ညမ်းစေလိုကြောင်း ပြောလိုက်သည်။
ပေါင်ပေါင်းကို မြင်သောအခါ ရဲယင်၏ မျက်လုံးများက လှုပ်ရှားသွားပြီး ပေါင်ပေါင်းကို ပြုံးပြလိုက်သည်။
“အဒေါ်… ဦးလေးက ပြောတယ်… သူလည်း အဲ့လို ကြိုးချည်ခံချင်တယ်တဲ့… ပြီးတော့ အဒေါ်လေးရဲ့ ချစ်ခြင်းမေတ္တာ လက်သီးနဲ့ သူ့ကို အချက်နှစ်ချက်လောက် ထိုးပေးပါဦးတဲ့…”
ပေါင်ပေါင်းမှာလည်း ထိုစကားကို ကြားသောအခါ မှင်တက်သွား၏။
သို့သော် မကြာမီပင် ပေါင်ပေါင်းက ခေါင်းညိတ်၍ ပြောလိုက်သည်။
“အင်း… မင်း ခုနက ကြိုးချည်ပြီး အရိုက်ခံနေရတဲ့ပုံက တော်တော် ပျော်စရာကောင်းမဲ့ပုံပဲ…”
ပြောပြီးနောက် ပေါင်ပေါင်းက ရဲရှင်းဟွေ့ကို ကြည့်လိုက်သည်။
ရဲရှင်းဟွေ့မှာမူ ခေါင်းကို အဆက်မပြတ် ခါယမ်းနေ၏။
ရဲရှင်းဟွေ့တွင် ထိုကဲ့သို့သော အစွဲအလမ်းတစ်ခု အမှန်တကယ် ရှိနေလျှင်ပင် ပေါင်ပေါင်း၏ လက်သီးစွမ်းအားကို တွေးမိသောအခါ လုံးဝ သက်တောင့်သက်သာ ရှိမည်မဟုတ်ဘဲ လူသတ်မှုတစ်ခုသာ ဖြစ်လာပေလိမ့်မည်။
တစ်ဖက်တွင်မူ…
ဝိညာဉ်သားရဲဘုရင်က အနီးအနားမှ အစောင့်များနှင့် အစေခံများအားလုံးကို ထွက်သွားခိုင်းလိုက်ပြီးနောက် ရဲရှင်းဟွေ့တို့အား ရဲတိုက်၏ ဧည့်ခံခန်းမဆောင်သို့ ဦးဆောင်ခေါ်ငင်သွားလေသည်။
ခန်းမထဲတွင် ရှည်လျားသော စားပွဲတစ်လုံးရှိပြီး အပေါ်ဘက်တွင် ကြီးမားသော ကြည်ကျောက်မီးဆိုင်းများစွာ ရှိနေ၏။ ခန်းမတစ်ခုလုံးက အနောက်တိုင်း မင်းမျိုးမင်းနွယ်တို့၏ ခံစားချက်ကို အပြည့်အဝပေးနေသည်။
လူတိုင်း ထိုင်ပြီးသွားသောအခါ အစေခံတစ်ယောက်က လှည်းတစ်စီး တွန်းလာပြီး လူတိုင်းအတွက် မုန့်များ၊ လက်ဖက်ရည်ကြမ်းနှင့် ကော်ဖီများ တည်ခင်းပေးလေသည်။
အခမ်းအနားများအားလုံး ပြီးဆုံးသွားသောအခါ ဝိညာဉ်သားရဲဘုရင်က အဓိကအကြောင်းအရာကို စတင်ပြောလိုက်သည်။
“မစ္စတာ ရဲရှင်းဟွေ့ ဟုတ်တယ်မလား… ခင်ဗျား အရမ်းစွမ်းအားကြီးမှန်း ကျွန်တော်သိပါတယ်… ဒါပေမဲ့… အားရိကိုတော့ ခင်ဗျား ခေါ်သွားလို့မရဘူး…”
ဝိညာဉ်သားရဲဘုရင်က လုံးဝ တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ပြောလိုက်၏။
ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်း နှစ်ယောက်စလုံးက ဤသို့သော စကားပြောဆိုပုံကို သဘောကျကြသည်။
“ပေါင်ပေါင်း… ဒီနေရာကို ရိုက်ချိုးပစ်လိုက်… ပြီးရင် ငါတို့ အားရိကို ခေါ်ပြီး ထွက်သွားကြမယ်…”
ပေါင်ပေါင်းမှာ ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။
ဝိညာဉ်သားရဲဘုရင်နှင့် သူ့နောက်မှ ရပ်နေသော ရှသျောက်တို့၏ နဖူးပေါ်တွင် မျဉ်းနက်များ ပေါ်လာကြသည်။
“ကျွန်တော့်စကားကို အဆုံးထိ နားထောင်ပေးလို့ မရဘူးလား… သဘောထားမတိုက်ဆိုင်တာနဲ့ ချက်ချင်း လက်ပါတာက ဘယ်လိုအကျင့်လဲ… ကျွန်တော်တို့အားလုံးက ယဉ်ကျေးတဲ့သူတွေပါ…”
ရဲရှင်းဟွေ့က ပခုံးတွန့်၍ ပြောလိုက်သည်။
“ဆွေမျိုးတော်ဖို့ မကြိုးစားနဲ့… ငါတို့အားလုံးက တရုတ်လူမျိုးတွေ… ယဉ်ကျေးတဲ့သူတွေ မဟုတ်ဘူး…”
ဝိညာဉ်သားရဲဘုရင်။ “………”
ရှသျောက်။ “………”
“ကောင်းပြီ… ကောင်းပြီ… ကျွန်တော်မှားတာပါ… အခု အားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြပါ့မယ်…”
ဝိညာဉ်သားရဲဘုရင်က ချက်ချင်းပင် အလျှော့ပေးလိုက်ပြီး အဖြစ်အပျက်အားလုံးကို ရှင်းလင်းစွာ ရှင်းပြလိုက်သည်။
လွန်ခဲ့သော အချိန်များစွာက ဝိညာဉ်သားရဲများမှာ အသွင်ပြောင်းနိုင်သည့် စွမ်းရည် မရှိခဲ့ပေ။ ဒုတိယမျိုးဆက် နယ်မြေအရှင်သခင် ပေါ်ပေါက်လာမှသာ ဝိညာဉ်သားရဲများကို အသွင်ပြောင်းနည်းနှင့် ကျင့်ကြံနည်းများကို သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
ဤဝိညာဉ်သားရဲအင်ပါယာကိုလည်း ပထမဆုံး ဝိညာဉ်သားရဲဘုရင်နှင့် နယ်မြေအရှင်သခင်တို့ ပူးပေါင်း၍ တည်ထောင်ခဲ့ခြင်း ဖြစ်၏။
ဤနေရာမှ ဗိသုကာလက်ရာဖြစ်စေ၊ ယဉ်ကျေးမှုဖြစ်စေ၊ အဝတ်အစားပုံစံနှင့် စနစ်အမျိုးမျိုးကိုပင် ဖြစ်စေ နယ်မြေအရှင်သခင်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဤအရာများမှာ နှစ်သန်းပေါင်း ထောင်ပေါင်းများစွာ ကြာသည်အထိ မည်သည့်အခါမှ မပြောင်းလဲခဲ့ပေ။
ယခင်က နယ်မြေအရှင်သခင်က ဝိညာဉ်သားရဲအင်ပါယာ၌ ချန်ထားခဲ့သော အထိမ်းအမှတ်အဆောင်မှ အချက်ပြမှုတစ်ခု ရုတ်တရက် လက်ခံရရှိခဲ့ပြီး ထိုအချက်ပြမှုမှာ နယ်မြေအရှင်သခင် နိုးထလာခြင်း၏ အချက်ပြမှု ဖြစ်သည်။
ဤအချက်ပြမှုအပြင် ဝိညာဉ်သားရဲဘုရင်က မြင့်မြတ်နယ်မြေနန်းတော်မှ ထိုးထွက်နေသော အလင်းတန်းကြီးကိုလည်း မြင်တွေ့ခဲ့သည်။
တခြားသူများက ထိုအခြေအနေမှာ အဘယ်အရာဖြစ်သည်ကို မသိနိုင်သော်လည်း ဝိညာဉ်သားရဲဘုရင်ကမူ မြင့်မြတ်နယ်မြေနန်းတော်မှာ ကောင်းကင်ဘုံနှင့် ဆက်သွယ်နိုင်ဖွယ်ရှိကြောင်း သိရှိ၏။ ကောင်းကင်ဘုံဆိုသည်မှာ နတ်ဘုရားကို ဆိုလိုသည်။
သူတို့၏ ဝိညာဉ်သားရဲအင်ပါယာမှာ မြင့်မြတ်နယ်မြေနန်းတော်နှင့် အမြဲတစေ သဘောထား မတိုက်ဆိုင်ခဲ့ရာ ဝိညာဉ်သားရဲဘုရင်မှာ ဤကိစ္စကြောင့် အကျပ်အတည်းဖြစ်ရကြောင်းကို သဘာဝကျကျ ခံစားလိုက်ရသည်။
မြင့်မြတ်နယ်မြေနန်းတော်က အဆင့်မြင့်သော ဖြစ်တည်မှုတစ်ခုနှင့် အမှန်တကယ် ဆက်သွယ်နိုင်ခဲ့လျှင် သူတို့၏ ဝိညာဉ်သားရဲအင်ပါယာမှာ ဆက်လက်တည်ရှိနိုင်ရန်အတွက် နယ်မြေအရှင်သခင်ကိုသာ အားကိုးရပေတော့မည်။
ဝိညာဉ်သားရဲဘုရင်က အယုံကြည်ရဆုံး ဖြေရှင်းနည်းမှာ လက်ထပ်ပေါင်းဖက်ခြင်းဖြစ်သည်ဟု ခံစားလိုက်မိ၏။
ဝိညာဉ်သားရဲဘုရင်တွင် သားသမီးများစွာ ရှိသော်လည်း သူတို့အားလုံးမှာ သွေးစစ်ဝိညာဉ်သားရဲများဖြစ်ပြီး နယ်မြေအရှင်သခင်မှာ လူသားဖြစ်သည်။ ဤအချက်ကြောင့်ပင် ဝိညာဉ်သားရဲဘုရင်က လူသားသွေးမျိုးဆက်ပါသော အားရိကို ပြန်ခေါ်လာခဲ့ခြင်း ဖြစ်သည်။
ဝိညာဉ်သားရဲဘုရင်၏ ဇာတ်ကြောင်းကို နားထောင်ပြီးနောက် ရဲရှင်းဟွေ့မှာ ထိုဒုတိယမျိုးဆက် နယ်မြေအရှင်သခင်ကို ပို၍ စိတ်ဝင်စားလာသည်။
သူက လိပ်ခွံချည်နှောင်ခြင်းနှင့် သားရေကြိမ်လုံးကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အသုံးပြုနိုင်ပြီး အိမ်တွင်းပုန်းများအတွက် ပရဒိသုဘုံကဲ့သို့သော ဝိညာဉ်သားရဲအင်ပါယာကိုလည်း ဖန်တီးနိုင်ခဲ့သည်။
ထို့အပြင် သူက ရုပ်တုများ ပြုလုပ်ရခြင်းကိုလည်း နှစ်သက်၏။
မည်သို့ပင် ကြည့်စေကာမူ ဤသူမှာ အိုတာကု အရည်အသွေးများ အပြည့်ရှိသည့် အိမ်တွင်းပုန်းတစ်ယောက်ပင် ဖြစ်ပေသည်။ ထို့အပြင် သူက အနည်းငယ် စိတ်မမှန်သည့် အကျင့်လည်း ရှိနေသေး၏။
ထိုအချိန်၌ပင်…
ကမ္ဘာမြေ…
ယနေ့သည် မြို့တော်တက္ကသိုလ်၏ ကလပ်အသင်းဝင် ခေါ်ယူသောနေ့ ဖြစ်သည်။
ရဲဆွေ့မှာ ဆရာတစ်ယောက်ဖြစ်သော်လည်း သူက မြို့တော်တက္ကသိုလ်၏ ဇာတ်ကောင်ဝတ်စုံကလပ်၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။
ယနေ့တွင် သူက ယာဆော့ဇာတ်ကောင်ကဲ့သို့ ဝတ်ဆင်၍ လက်ကမ်းစာစောင်များ ကိုင်ကာ အဖွဲ့ဝင်သစ်များ စုဆောင်းနေ၏။
သူ လက်ကမ်းစာစောင်တစ်ရွက်ကို ပေးလိုက်စဉ်တွင် သူ့နှာခေါင်းထဲတွင် ယားယံလာသည်ကို ခံစားလိုက်ရပြီး အကြိမ်များစွာ နှာချေလိုက်သည်။
“အင်း… တစ်ယောက်ယောက်က ငါ့ကို သတိရနေတာလား…”
ရဲဆွေ့က တီးတိုးရေရွတ်လိုက်ပြီးနောက် မိန်းကလေးအနည်းငယ် ဤနေရာသို့ လျှောက်လာသည်ကို မြင်သောအခါ နှာချေခြင်းကို ဂရုမစိုက်တော့ဘဲ မိန်းကလေးများဆီသို့ လျှောက်သွားလိုက်သည်။
“အစ်မကြီးတို့… ဂျပန်ကျောင်းစိမ်းဝတ်စုံ ဝတ်ရတာ ကြိုက်ကြလား… ကြိုက်တယ်ဆိုရင်တော့ ကျွန်တော်တို့ ဇာတ်ကောင်ဝတ်စုံကလပ်နဲ့ အရမ်းသင့်တော်တာပဲ…”
“ပြီးတော့… ကျွန်တော်တို့ကလပ်မှာ ချောမောတဲ့ ကောင်လေးတွေ အများကြီးရှိတယ်…”
ကျွန်ုပ်တို့၏ အကြည့်များကို ရဲရှင်းဟွေ့ဘက်သို့ ပြန်ပို့လိုက်ကြပါစို့။
ရဲရှင်းဟွေ့နှင့် ရဲယင်တို့ နှစ်ယောက်စလုံးမှာ စိတ်ဖောက်ပြန်နေသော နယ်မြေအရှင်သခင်ကို သူတို့၏ စိတ်ထဲတွင် တိတ်တဆိတ် ကဲ့ရဲ့နေကြ၏။
ဝိညာဉ်သားရဲဘုရင်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ဒါကြောင့်မို့လို့ အားရိကို ခင်ဗျားတို့ ခေါ်သွားလို့ မရဘူး…”
“အားရိက ငါတို့ ဝိညာဉ်သားရဲအင်ပါယာတစ်ခုလုံးရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တယ်လို့တောင် ပြောလို့ရတယ်…”
ဝိညာဉ်သားရဲဘုရင်က သူ ရှင်းရှင်းလင်းလင်း ပြောလိုက်လျှင် ရဲရှင်းဟွေ့တို့ သူ့ကို နားလည်သွားလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း ရဲရှင်းဟွေ့၏ နောက်စကားတစ်ခွန်းက သူ့ကို မှင်တက်သွားစေသည်။
“ဟွန်း… အဲဒီနယ်မြေအရှင်သခင်လား… ငါ သူ့ကို ကြိမ်လုံးနဲ့ ရိုက်ချင်နေတာ ကြာပြီ…”
“ငါ အားရိကို မဖြစ်မနေ ခေါ်သွားမှာပဲ… နယ်မြေအရှင်သခင်က မကျေနပ်ရင် သူ့ကို ငါ့ဆီလာရှာခိုင်းလိုက်… ငါ သူ့ကို ကြိမ်လုံးနဲ့ ရိုက်မရိုက် ကြည့်ကြသေးတာပေါ့…”
စကားဆုံးသည်နှင့် ရဲရှင်းဟွေ့က မည်သည့်နေရာမှ ရောက်လာသည်မသိသော ဝံပုလွေခုနစ်ကောင်ခါးပတ်တစ်ချောင်းကို ဆွဲထုတ်၍ အကြိမ်အနည်းငယ် လွှဲယမ်းလိုက်သည်။
ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ ပေါင်ပေါင်းကလည်း သူ၏ ကြေးလက်သီးစွပ်များကို ထုတ်၍ သူ့ရှေ့မှ စားပွဲကို ညင်သာစွာ ထုနှက်လိုက်ရာ စားပွဲတစ်ခုလုံး ချက်ချင်းပင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
ပေါင်ပေါင်း၏ လုပ်ရပ်ကလည်း သူ၏ ရပ်တည်ချက်ကို သဘာဝကျကျ အတည်ပြုပေးလိုက်ခြင်းပင် ဖြစ်၏။
ကမ္ဘာမြေပေါ်တွင် အလှမ်းကွာဝေးသော ရဲဆွေ့မှာ သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်ကို ထပ်မံခံစားလိုက်ရသည်။