ရဲရှင်းဟွေ့ ဟာ ကျင့်မကောင်းတဲ့ နတ်ဘုရားတစ်ပါးရဲ့ လှည့်စားမှုကြောင့် တခြားလောကတစ်ခုကို ရောက်သွားခဲ့သည်။ ဒါပေမဲ့ အနည်းဆုံးတော့ သူ့မှာ ရွှေလက်ချောင်း တစ်ခု ပါလာခဲ့သည်။ အစပိုင်းမှာတော့ ရဲ့ရှင်းဟွေ့က သူ့ရဲ့ရွှေလက်ချောင်းကိုသုံးပြီး ဒီကမ္ဘာသစ်မှာ ဇာတ်လိုက်တစ်ယောက်ဖြစ်လာဖို့ စီစဉ်ထားခဲ့ပေမဲ့… သူ့မိဘတွေရဲ့ အချက်အလက်ကို မြင်လိုက်ရတဲ့အခါမှာတော့ သူ လုံးဝ ကြက်သေသေသွားခဲ့၏။ သူ့အဖေက ဒဏ္ဍာရီလာ စစ်ဘုရင်တစ်ပါးဖြစ်ပြီး သူ့အမေကတော့ တရုတ်ပြည်ရဲ့ ပထမဆုံးသော မျိုးရိုးမြင့်မိသားစုက တရားဝင်သမီးတော်တစ်ယောက် ဖြစ်လို့နေ၏။ ဒါပေမဲ့ ဒါက ဘာမှမဟုတ်သေး...သူ့အစ်ကိုက ရုတ်တရက်နိုးလာချိန် "ငါက ကောင်းကင်ဘုံရဲ့ စမ်းသပ်မှုကို ခံယူနေရမှာ မဟုတ်ဘူးလား။ ဘာလို့ ငါဒီကို ရောက်နေရတာလဲ… ခဏလေး… ဒါက ကမ္ဘာဂြိုဟ်လား" လို့ ပြောလိုက်တဲ့အခါမှာတော့ ရဲ့ရှင်းဟွေ့တစ်ယောက် ပိုပြီးတော့တောင် မှင်တက်သွားခဲ့ရသည်။ ရဲရှင်းဟွေ့တစ်ယောက် စိတ်ထဲ မကျေမချမ်းတွေးလိုက်မိ၏။ "ဇာတ်လိုက်က ငါဖြစ်ရမယ်လို့ သဘောတူထားတယ်မဟုတ်ဘူးလားကွ"

