ခွေးမသား ခွေး
Vol. 13 Ch. 173
ကျားနှစ်ကောင်မှာမူ သူတို့တစ်သက်တွင် ပထမဆုံးအကြိမ်မြင်ဖူးသည့် '100% လက်ဗလာဖြင့် ဓားဖမ်းဆုပ်ခြင်း' တိုက်ကွက်ကြောင့် ကြောင်အသွားကြသည်။
“ဒါ... ဒါက ဘာတွေဖြစ်ကုန်တာလဲ...”
ဤအခြေအနေတွင် စိတ်မရှုပ်ထွေးသည့် တစ်ဦးတည်းသောသတ္တဝါမှာ ရှောင်ဟာ့ပင်ဖြစ်၏။ လဲကျသွားသောပြိုင်ဘက်ကို အခွင့်ကောင်းယူရိုက်နှက်ရမည်ဟူသော လောကနီတိကို သူကတော့ လက်လွှတ်ခံမည်မဟုတ်။
'100% လက်ဗလာဖြင့် ဓားဖမ်းဆုပ်ခြင်း' တိုက်ကွက်ကြောင့် ဒူးထောက်နေရသော ကျားကြီးကို အခွင့်ကောင်းယူကာ ရှောင်ဟာ့သည် ရှေ့သို့တက်၍ လက်သီးဖြင့်ထိုးလိုက်၊ ခြေထောက်ဖြင့်ကန်လိုက်ဖြင့် အနိုင်ကျင့်တော့သည်။
ဘေးမှနေ၍ ပွဲကြည့်နေခဲ့သော လျှောပျံခြေထောက် ကျားမကြီးသည် အခြားကျားတစ်ကောင်ဖြစ်သည့် သူမ၏အဖော်မှာ ကြာရှည်ခံနိုင်တော့မည်မဟုတ်ကြောင်းကို သိလိုက်၏။
လျှောပျံခြေထောက် ကျားမကြီး လှုပ်ရှားမှုပြုလုပ်ရန်ပြင်လိုက်စဉ်မှာပင် ပြင်းထန်သောနှလုံးခုန်သံလှိုင်းတစ်ခု ရဲရှင်းဟွေ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ နှလုံးခုန်သံများနှင့်အတူ အေးစက်ပြီး သတ်ဖြတ်လိုသော သတိပေးစကားသံလည်း ပဲ့တင်ထွက်လာခဲ့သည်။
“မင်းတို့ လှုပ်ရှားမှုတစ်ခုခုလုပ်လိုက်တာနဲ့... ငါ မင်းတို့ကို သတ်ပစ်မယ်...”
ဧကရာဇ်အင်ဂျင်မှထွက်ပေါ်လာသော ဖိအားက ကျားနှစ်ကောင်ကို ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့၏။
ကျားနှစ်ကောင်သာမက ရှောင်ပုဖန်သည်ပင်လျှင် အံ့ဩတွေဝေသွားသည်။ သူခံစားလိုက်ရသည်မှာ ရဲရှင်းဟွေ့ကို ရင်ဆိုင်နေရခြင်းသည် နတ်ဘုရားတစ်ပါးကို ရင်ဆိုင်နေရသကဲ့သို့ပင်ဖြစ်ပြီး သူ့ကို ခုခံနိုင်စွမ်းမရှိစေလောက်အောင် ကြောက်ရွံ့စေခဲ့သည်။
“သေချာတာပေါ့... ဧကရာဇ်အင်ဂျင်က အားနည်းတဲ့သတ္တဝါတွေအပေါ်မှာ ပိုပြီးထိရောက်တာပဲ...”
ရဲရှင်းဟွေ့သည် သစ်သားဓားကို သိမ်းဆည်းလိုက်ရင်း သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။ အမှန်စင်စစ်တွင် ရဲရှင်းဟွေ့သည် မိုးကြိုးငါးသွယ်၏စွမ်းအားဖြင့် ထိုကျားနှစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ သူထိုသို့မလုပ်ဆောင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ထိုကျားနှစ်ကောင်မှာ လူစကားကိုပြောနိုင်ပြီး ဉာဏ်ရည်ရှိသောကြောင့်ပင်။
ဘုရင်ဖြူ၏ ဝိညာဉ်ဉာဏ်ရည်မှာ အလွန်မြင့်မားသော်လည်း သူပင်လျှင် လူဘာသာစကားကို မပြောနိုင်ပေ။ အစပိုင်းတွင် သူနှင့်ဆက်သွယ်ပြောဆိုနိုင်သော တစ်ဦးတည်းသောသူမှာ တိရစ္ဆာန်အားလုံးနှင့် စကားပြောနိုင်သော ရဲရှင်းဟွေ့ပင် ဖြစ်လေသည်။ ထို့ကြောင့် ရဲရှင်းဟွေ့သည် ထိုကျားနှစ်ကောင်၏ နောက်ခံနှင့် မျိုးစိတ်များအကြောင်းကို အလွန်သိချင်စိတ်ပြင်းပြနေခဲ့သည်။ ထိုကျားနှစ်ကောင်၏ အရွယ်အစားကိုကြည့်ရုံမျှဖြင့် သူတို့၏တည်ရှိမှုကိုသာ ကမ္ဘာကသိရှိသွားပါက ဂင်းနစ်စံချိန်တင်နိုင်မည်မှာ သေချာလှသည်။
...
ကျားနှစ်ကောင် သူတို့၏သခင်ထံသို့ အညံ့ခံလိုက်သည်ကိုမြင်သောအခါ ရှောင်ဟာ့သည် ရုတ်တရက် အထက်စီးဆန်လာတော့သည်။
ရှောင်ဟာ့သည် လူသားများကိုအတုယူကာ သူ၏နောက်ခြေထောက်နှစ်ချောင်းပေါ်တွင် ရပ်လိုက်ပြီးနောက် သူ၏ရှေ့ခြေဖဝါးများဖြင့် ခါးကိုထောက်ကာ ဒေါသကြီးသောကျားကို မထီမဲ့မြင်အမူအရာဖြင့် ကြည့်လိုက်သည်။
“မင်းက တယ်ဟုတ်နေတယ်ပေါ့လေ... လာစမ်းပါ၊ ငါ့ကိုလာကိုက်စမ်း...”
“ငါက ဒီမှာ ငြိမ်ငြိမ်လေးရပ်နေတာတောင် မင်းက မကိုက်ရဲဘူးမလား...”
“ဟားဟားဟား... မင်း ငါ့ကိုမနိုင်ပါဘူး...”
“ဘယ်နိုင်မလဲ... ငါက ဒီလောက်တောင် အစွမ်းထက်နေတာကိုး...”
“ဟားဟားဟား... မင်း ငါ့ကိုဘယ်တော့မှ မမီနိုင်ဘူး...”
“လာစမ်းပါ... လာစမ်းပါ...”
“ဟားဟားဟား... မင်း ငါ့ကိုရှုံးသွားပြီ...”
“မင်းတို့နှစ်ယောက်လုံး အတူတူတက်ခဲ့လို့ရတယ်... ငါ လုံးဝမကြောက်ဘူး...”
“ဟားဟားဟားဟားဟား... မင်းတို့ ငါ့ကိုမနိုင်ပါဘူး...”
“လာစမ်း... လာစမ်း...”
…..
ရှောင်ဟာ့တစ်ယောက် သီချင်းပင် စတင်ဆိုလိုက်တော့သည်။
သူ့လည်ပတ်မှထွက်ပေါ်လာသော အီလက်ထရောနစ်ဂီတသံမှာ အနည်းငယ်ထူးဆန်းနေသော်လည်း ရဲရှင်းဟွေ့တွင် တိရစ္ဆာန်များနှင့် ဆက်သွယ်ပြောဆိုနိုင်သောစွမ်းရည် ပိုင်ဆိုင်ထားရာ ထိုစွမ်းရည်မှတစ်ဆင့် ရှောင်ဟာ့၏သီချင်းဆိုသံမှာ အတော်လေး ကောင်းမွန်သည်ဟု သူခံစားမိလိုက်၏။ သီချင်းဆိုခြင်းမှာ ကောင်းမွန်သည်ဟုဆိုရခြင်း၏ အဓိကအကြောင်းရင်းမှာ ၎င်းမှာ အလွန်အမင်း ကလိထိုးနိုင်လွန်းသောကြောင့်ပင်။
ရဲရှင်းဟွေ့သည် သူ၏ပျင်းရိသော ကိုယ်ပွားများက ထိုသီချင်းကို ဤအရူးဟက်စကီးအား သင်ပေးခဲ့သည်ကို ချက်ချင်းသိရှိလိုက်၏။ ထိုသီချင်းမှာ ရှောင်ဟာ့နှင့် အမှန်တကယ်ပင် လိုက်ဖက်ညီသည်ဟုလည်း သူခံစားမိလိုက်သည်။
ယခုအခါတွင် ဒေါသကြီးသောကျားမှာ သူ၏အသက်ကိုစွန့်လွှတ်ကာ ရှောင်ဟာ့ကိုသတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ဟန်တူသည်။ ယခုလေးတင်က ‘လျှောပျံခြေထောက်’ ကျားမကြီးက သူ့ကိုဆွဲမထားခဲ့ပါက ဒေါသကြီးသောကျားသည် ရဲရှင်းဟွေ့၏ ဧကရာဇ်အင်ဂျင်ဖိအားကိုပင် ဂရုမစိုက်ဘဲ ခုန်အုပ်သွားလောက်သည်။ ရှောင်ဟာ့မှာ ထိုမျှ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှသည်။
ရှောင်ဟာ့သည် သူ၏ခါးကိုထောက်ကာ ဒူးထောက်နေရသော ဒေါသကြီးသောကျားကို လက်ညှိုးထိုးပြပြီး ရဲရှင်းဟွေ့အား “သခင်... သခင်... ကြည့်ပါဦး... ဒီကောင်က မောက်မာနေတုန်းပဲ... သူ့ကို အမြန်သတ်လိုက်တော့...” ဟုဆိုလိုက်၏။
ဘေးတွင်ရပ်နေသော ရှောင်ပုဖန်သည် နောက်ဆုံးတွင် ဒဏ္ဍာရီလာ "သခင်အားကိုးနဲ့ခွေးမိုက်" ဆိုသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတော့သည်။ အကယ်၍ ရဲရှင်းဟွေ့သာ ထိုနေရာတွင်မရှိခဲ့ပါက သူကိုယ်တိုင်ပင် ရှောင်ဟာ့ကို ဝင်ကန်မိလောက်သည်။
ရဲရှင်းဟွေ့က ရှောင်ဟာ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့ကိုလျစ်လျူရှုလိုက်၏။ သူသည် ဒေါသကြီးသောကျားကိုကြည့်ကာ “မင်းတို့ကို သူ စော်ကားခဲ့တာ ငါသိပါတယ်... ဒါပေမဲ့...” ဟုမေးလိုက်သည်။
ရဲရှင်းဟွေ့သည် မူလက “ဒါပေမဲ့ ဘာလို့ မင်းက သူ့ကိုသတ်ရမှာလဲ...” ဟု မေးရန်ရည်ရွယ်ခဲ့သည်။
သို့သော်လည်း ရဲရှင်းဟွေ့သည် စဉ်းစားလိုက်ပြီးနောက် ရပ်တန့်သွားသည်၊ အကြောင်းမှာ ရှောင်ဟာ့မှာ အမှန်တကယ်ပင် အလွန်ယုတ်မာသောကြောင့်ပင်။ အကယ်၍ ၎င်းမှာ သူ၏ကိုယ်ပိုင်ခွေးမဟုတ်ခဲ့ပါက သူသည်လည်း ၎င်းကိုသတ်ချင်မှာပင်။
“ကြည့်ရတာတော့ ရှောင်ဟာ့ကို ဦးလေးဆီ မွေးစားဖို့ ပို့ထားရမယ်ထင်တယ်... ဖြစ်နိုင်ရင်တော့ သူ့ဆီကနေ တီဗီလိုင်းနှစ်လိုင်းလောက်တော့ အနည်းဆုံးရနိုင်မှာပဲ...”
ရဲရှင်းဟွေ့သည် သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။ သူသည် သူ၏စိတ်ကူးမှာ အလွန်ကောင်းမွန်သည်ဟု ခံစားမိလိုက်ပြီး သူပြန်ရောက်သောအခါ ၎င်းကိုလက်တွေ့အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။
ရဲရှင်းဟွေ့သည် နောက်ဆုံးတွင် သူ၏စကားများကိုပြောင်းလိုက်ပြီး “ကျားကြီး... ရှောင်ဟာ့က မင်းကို ဘယ်လိုများ စော်ကားခဲ့လို့လဲ...” ဟုမေးလိုက်သည်။
ရဲရှင်းဟွေ့၏ မေးခွန်းကိုကြားပြီးနောက် ရှောင်ပုဖန်နှင့် ‘လျှောပျံခြေထောက်’ ကျားမကြီးတို့သည်လည်း ဒေါသကြီးသောကျားကို ကြည့်လိုက်ကြ၏။ သူတို့သည် ထိုကျားကြီးက ခွေးကိုသတ်ဖြတ်လိုကြောင်းကို သိရှိကြသော်လည်း ထိုခွေးက ကျားကြီးကို မည်သို့ရန်စခဲ့သည်ကို သူတို့အမှန်တကယ်ပင်မသိရှိကြပေ။
ရဲရှင်းဟွေ့၏ မေးခွန်းကိုကြားသောအခါ ဒေါသကြီးသောကျားမှာ အနည်းငယ်တိတ်ဆိတ်သွား၏။
ခွေးတစ်ကောင်၏ ထိုနေရာတွင်အကိုက်ခံရခြင်း... ထိုအဖြစ်က သားရဲဘုရင်တစ်ပါးဖြစ်သော သူ့ကို စကားပြောရန်ခက်ခဲစေခဲ့သည်။ သို့သော်လည်း ရဲရှင်းဟွေ့ထံမှလာသော ဖိအားက သူ့ကိုထိုသို့သောအရှက်ရဖွယ်အရာကို ပြောပြရန် ဖိအားပေးနေခဲ့၏။
“ငါအိပ်ပျော်နေတုန်း ဒီခွေးကငါ့ကို... အဲ့ဒီနေရာမှာ ကိုက်သွားတယ်...”
“ဘယ်နေရာလဲ...” ရဲရှင်းဟွေ့မှာ အနည်းငယ်ရှုပ်ထွေးသွားသည်။ သို့သော် သူစဉ်းစားနေစဉ်မှာပင် ရဲရှင်းဟွေ့သည် ဒေါသကြီးသောကျား၏ ဆိုလိုရင်းကို ရုတ်တရက်သဘောပေါက်သွား၏။
သူသည် ရှောင်ဟာ့ကိုကြည့်ကာ ကျိန်ဆဲလိုက်သည်။ “ကျစ်... ရှောင်ဟာ့... မင်းက ဘာလို့... အဲ့ဒီနေရာကို သွားကိုက်ရတာလဲ...။ သူက မင်းကို ဘယ်လိုအခြေအနေမျိုးနဲ့မဆို သတ်ချင်တာလည်း မဆန်းတော့ဘူး...။ မင်းက တစ်ယောက်ယောက်ရဲ့ မျိုးဆက်ကို ဖြတ်ဖို့လုပ်တာကိုး...”
ထိုစကားကိုကြားပြီးနောက် ရှောင်ပုဖန်နှင့် ‘လျှောပျံခြေထောက်’ ကျားမကြီးတို့သည်လည်း နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။ ရှောင်ပုဖန်မှာ ကိစ္စမရှိသော်လည်း ‘လျှောပျံခြေထောက်’ ကျားမကြီးမှာမူ ဒေါသကြီးသောကျားကို စိုးရိမ်သောမျက်နှာအမူအရာဖြင့်ကြည့်ကာ “ရှင်... အဲ့ဒီနေရာမှာ အကိုက်မခံလိုက်ရဘူးမလား...” ဟုမေးလိုက်၏။
‘လျှောပျံခြေထောက်’ ကျားမကြီးမှာ ဒေါသကြီးသောကျား၏ ဇနီးဖြစ်ရာ သူမခင်ပွန်း၏ အခြေအနေအတွက် အလွန်အမင်း ပူပန်သွားခြင်းမှာ သဘာဝပင်။
“စိတ်မပူပါနဲ့... ငါကသန်မာပြီး ကြီးကြီးမားမားပြဿနာမရှိပါဘူး...”
ရဲရှင်းဟွေ့သည် ကျားနှစ်ကောင်စကားပြောသည်ကို နားမထောင်ဘဲ ရှောင်ဟာ့ကို ကြည့်လိုက်၏။
သူသည် ရှောင်ဟာ့က ကျားကိုအဲဒီနေရာမှာ အမှန်တကယ်ကိုက်ရန် ဘာများစဉ်းစားနေသည်ကို သိလိုခဲ့သည်။
ရဲရှင်းဟွေ့၏ မေးခွန်းထုတ်သောအကြည့်ကိုမြင်သောအခါ ရှောင်ဟာ့သည် အနည်းငယ်တုန်လှုပ်စွာဖြင့်
“ဒါက ကျွန်တော် ကျားနို့ကို တစ်ခါမှမမြည်းဖူးလို့ပါ... ကျွန်တော်သောက်ကြည့်ချင်လို့လေ...။ ဟမ်... စောင့်ပါဦး... ကျွန်တော် ခုမှသဘောပေါက်တယ်... ကျွန်တော် ဘယ်နို့ကိုမှ တစ်ခါမှမမြည်းဖူးဘူး...” ဟုဆိုလိုက်၏။
ထိုသို့ပြောပြီးနောက် ရှောင်ဟာ့သည် ရဲရှင်းဟွေ့ကိုကြည့်ကာ “သခင်... ကျွန်တော် နို့သောက်ချင်တယ်...” ဟုဆိုလိုက်၏။
ရဲရှင်းဟွေ့: “…”
ရဲရှင်းဟွေ့မှာ စကားမပြောနိုင်ဖြစ်သွားသဖြင့် သူသည် ထိုအရူးခွေးကိုကန်ကျောက်လွှင့်ပစ်လိုက်ပြီး ‘တောင်တန်းနှင့်မြစ်ချောင်းများမြေပုံ’ထဲသို့ တိုက်ရိုက်ပို့ဆောင်လိုက်သည်။ အကယ်၍ ဇီးကွက်သာ ထိုအချိန်တွင် ထိုနေရာ၌ရှိနေခဲ့ပါက သူသည် သေချာပေါက် “ရှင်းဟွေ့... မင်း ဒါကိုအရင်ကလည်း လုပ်ဖူးတယ်...” ဟုဆိုပေလိမ့်မည်။
...
“ဟေး... မင်းတို့နှစ်ယောက်...”
ရှောင်ဟာ့ကို ‘တောင်တန်းနှင့်မြစ်ချောင်းများမြေပုံ’ထဲသို့ ပို့ဆောင်ပြီးနောက် ရဲရှင်းဟွေ့သည် ကျားနှစ်ကောင်အား “မင်းတို့နှစ်ယောက် ဘယ်ကလာတာလဲ...” ဟုမေးလိုက်သည်။
ရဲရှင်းဟွေ့က ထိုခွေးမိုက်ကို သေအောင်ကန်ကျောက်လိုက်သည်ကိုမြင်သောအခါ ဒေါသကြီးသောကျားမှာ စိတ်ငြိမ်သွား၏။
“ငါတို့ ဘယ်ကလာတယ်ဆိုတာကို ငါတို့လည်းမသိဘူး... ငါသိတာက ငါတို့က ငါတို့မူလနေထိုင်ခဲ့တဲ့ကမ္ဘာမှာ မဟုတ်ဘူး...။ လွန်ခဲ့တဲ့အချိန်အနည်းငယ်က အနက်ရောင်အက်ကွဲကြောင်းတစ်ခုက ငါတို့ကိုစုပ်ယူသွားပြီး ငါတို့သတိပြန်ဝင်လာတဲ့အခါမှာ ငါတို့ဒီမှာရောက်နေပြီ...”
“မင်းတို့ရဲ့အရင်ကမ္ဘာက ဘာနာမည်လဲ...” ရဲရှင်းဟွေ့က ထပ်မေးလိုက်သည်။
ဒေါသကြီးသောကျားက “ဒါက နတ်ဘုရားနဲ့နတ်ဆိုးေလာကလို့ခေါ်တယ်...” ဟုပြန်ဖြေလိုက်၏။
"နတ်ဘုရားနှင့်နတ်ဆိုးလောက" ဟူသောစကားလုံးများကိုကြားသောအခါ ရဲရှင်းဟွေ့၏ အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။
ရဲရှင်းဟွေ့သည် အနည်းငယ်ရှုပ်ထွေးနေသော ရှောင်ပုဖန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ကျားနှစ်ကောင်အား “နောက်ပြီးရင် ငါမင်းတို့ကို အရမ်းကောင်းတဲ့နေရာတစ်ခုကို ပို့ပေးမယ်... ရှောင်ဟာ့လည်း အဲ့ဒီမှာရှိတယ်...။ မင်းတို့လက်စားချေချင်ရင်... သူ့ကို ကောင်းကောင်းရိုက်နှက်လို့ရတယ်...။ သူ့ကို အသေသတ်မပစ်သ၍တော့... တစ်ပိုင်းသေအောင် ရိုက်နှက်ဆုံးမလို့ရတယ်...” ဟုဆိုလိုက်၏။
ဒေါသကြီးသောကျားက ထိုစကားကိုကြားသောအခါ အံ့ဩဝမ်းသာသွား၏။
သူသည် ထိုအစွမ်းထက်သောလူသားက သူ့ကိုဘယ်ကိုပို့ဆောင်မည်ကိုမသိသော်လည်း ထိုခွေးမိုက်ကို ကောင်းကောင်းရိုက်နှက်နိုင်သရွေ့ အရာအားလုံးအဆင်ပြေသည်။
ကျားနှစ်ကောင်၏ သဘောတူညီချက်ဖြင့် ရဲရှင်းဟွေ့သည် သူတို့ကို ‘တောင်တန်းနှင့်မြစ်ချောင်းများမြေပုံ’ထဲသို့ ပို့ဆောင်လိုက်၏။ ရဲရှင်းဟွေ့သည် ထိုခရီးစဉ်ပြီးနောက် သူ၏အစ်ကိုကြီးနှင့်အတူ နတ်ဘုရားနှင့်နတ်ဆိုးလောကအကြောင်းကို မေးမြန်းရန် စီစဉ်ထားသည်။