← Chapters

လယ်စိုက်ကြမယ်

Vol. 9 Ch. 126

လယ်စိုက်ကြမယ်

Vol. 9 Ch. 126

ဘုရင်ဖြူသည် ဘယ်ညာစပီကာများကို တိုက်ရိုက်ပုတ်လိုက်ပြီး "သူဌေးပြောတာကို ငါလည်းသိတယ်.... အရူးနှစ်ကောင်...." ဟုဆိုလိုက်၏။

ရဲရှင်းဟွေ့ ကျီးကန်းသုံးကောင်ကို ဂရုမစိုက်တော့ပေ။ သူသည် ပထမဦးစွာ တောင်တန်းနှင့် မြစ်များမြေပုံကို ကြည့်လိုက်ပြီး ဤနေရာတွင် တစ်ခုခုလိုနေသေးသည်ဟု ခံစားမိ၏။

တောင်တန်းနှင့် မြစ်များမြေပုံတွင် တောင်များ.... ရေများနှင့် သစ်တောများရှိ၏။ ပတ်ဝန်းကျင်မှာ အမှန်တကယ်ပင် ကောင်းမွန်သော်လည်း အနည်းငယ် ငြီးငွေ့ဖွယ်ကောင်းလေသည်။

လက်ရှိတွင် ဤနေရာတွင် ရှိနိုင်သူများမှာ သူ့ကိုယ်တိုင်နှင့် ကျီးကန်းသုံးကောင်သာဖြစ်ရာ ရဲရှင်းဟွေ့သည် အပြင်ဘက်မှ အချို့သောအရာများကို ထပ်မံယူဆောင်လာလိုခဲ့သည်။

ရဲရှင်းဟွေ့ အပြင်သို့ထွက်ကာ အချို့သော အပင်မျိုးစေ့များ.... ပန်းများ.... ငှက်များ.... ငါးများနှင့် အင်းဆက်ပိုးမွှားများကို ဝယ်ယူရန် စီစဉ်လိုက်၏။

ဝိညာဉ်စွမ်းအင်ပေါများသောနေရာများတွင် သာမန်အပင်များပင် ဝိညာဉ်အပင်များအဖြစ်သို့ ကြီးထွားလာနိုင်သည်ဟု ဝတ္ထုများတွင် မရေးသားထားခဲ့ပါသလော....။

အထူးသဖြင့် ဂျင်ဆင်း.... သိုးမွေးပန်းအမြစ်, လင်ဇီးမှို ဤအပင်များသည် သူတို့ဘာသာသူတို့ ဆေးဖက်ဝင်တန်ဖိုးများ ပိုင်ဆိုင်ကြသည်။ အကယ်၍ ၎င်းတို့ကို တောင်တန်းနှင့် မြစ်များမြေပုံတွင် စိုက်ပျိုးပါက ၎င်းတို့သည် တိုက်ရိုက်ပင် အဖိုးတန်ဆေးဝါးများအဖြစ်သို့ ပြောင်းလဲသွားမည်မဟုတ်ပါလား....။

တိရစ္ဆာန်များလည်းရှိသေးသည်။ ဤနေရာတွင် ကြီးပြင်းသော တိရစ္ဆာန်များသည် ငါးပင်ဖြစ်စေ သူတို့၏အရည်အသွေးကို မြှင့်တင်နိုင်ပြီး အရသာပိုကောင်းလာနိုင်သည်။

သူသည် စဉ်းစားမိသည့်အရာကို ချက်ချင်းလုပ်ဆောင်တတ်သူဖြစ်ရာ ရဲရှင်းဟွေ့သည် တောင်တန်းနှင့် မြစ်များမြေပုံမှ ထွက်ခွာပြီး အနီးဆုံးပန်း.... ငှက်နှင့် ငါးစျေးသို့ လျှောက်လှမ်းသွားခဲ့သည်။

ပန်း.... ငှက်နှင့် ငါးစျေးတွင် ပန်းများ.... ငှက်များ.... ငါးများနှင့် အင်းဆက်ပိုးမွှားများကိုသာမက အချို့သော အိမ်မွေးကြောင်များနှင့် ခွေးများကိုပါ ရောင်းချကြရာ မြင်ကွင်းမှာ အလွန်စည်ကားနေလေ၏။

ရဲရှင်းဟွေ့သည် မျိုးစုံသောမျိုးစေ့များကို ရောင်းချသော ဆိုင်တစ်ဆိုင်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤဆိုင်တွင် မျိုးစေ့မျိုးစုံရှိ၏။ သူတို့သည် ပန်းမျိုးစုံ၏မျိုးစေ့များကိုသာမက ဆေးဖက်ဝင်ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ၏မျိုးစေ့များကိုပါ ရောင်းချနေကြသည်။

ရဲရှင်းဟွေ့သည် သူ၏လက်ကိုဝှေ့ယမ်းကာ မျိုးစေ့တစ်မျိုးစီမှ တစ်ပိဿာခွဲစီ ဝယ်ယူလိုက်၏။

မျိုးစေ့များဝယ်ယူပြီးနောက် ရဲရှင်းဟွေ့သည် မျိုးစေ့အားလုံးကို တောင်တန်းနှင့် မြစ်များမြေပုံထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်ပြီး ဘုရင်ဖြူအား ရှုန်ယို့နှင့် ရှုန်ကျော့တို့ကို ခေါ်ဆောင်ကာ မျိုးစေ့များကို စိုက်ပျိုးခိုင်းလိုက်သည်။

အမှန်တကယ်တွင် ဤမျိုးစေ့များကို စိုက်ပျိုးခြင်းမှာ ဒုက္ခမများပေ.... သူတို့သည် သူတို့၏ပါးစပ်ထဲတွင် မျိုးစေ့အချို့ကိုကိုင်ကာ ကျပန်းကြဲဖြန့်လိုက်ရုံသာ ဖြစ်၏။

မျိုးစေ့များရရှိပြီးနောက် ရဲရှင်းဟွေ့သည် ငါးအချို့.... ငှက်အချို့.... ယုန်အချို့နှင့် လိပ်တစ်ကောင်ပင် ဝယ်ယူခဲ့သည်။

ထို့အပြင် ကြောင်သုံးကောင်နှင့် ခွေးသုံးကောင်လည်း ပါဝင်၏။

ခွေးသုံးကောင်မှာ Husky, Samoyed နှင့် Alaskan တို့ဖြစ်ကြသည်။

ကြောင်များအတွက်မူ ၎င်းတို့မှာ အထူးမျိုးစိတ်မရှိသော အလွန်သာမန်ကြောင်ငယ်လေးသုံးကောင်သာ ဖြစ်သည်။

…….

ရဲရှင်းဟွေ့သည် တောင်တန်းနှင့် မြစ်များမြေပုံတွင် သက်ရှိများကို ပေါင်းထည့်နေစဉ်မှာပင် ရဲဖန်သည်လည်း အိမ်သို့ အလျင်အမြန်ပြန်လာနေခဲ့သည်။

ထိုအချိန်တွင် ရဲဖန်၏ မိသားစုတွင် လူနှစ်ဦးသာရှိနေ၏.... တစ်ဦးမှာ ဆေးရုံမှယခုလေးတင်ပြန်လာသော ချန်ယင်းယင်းဖြစ်ပြီး အခြားတစ်ဦးမှာ ချန်ယင်းယင်း၏ ဦးလေး၏သမီးငယ်.... သူမ၏ညီမဝမ်းကွဲ ချန်ရွှယ့်ပင် ဖြစ်လေသည်။

“အစ်မယင်းယင်း.... အစ်မ ဘာလို့ ရဲဖန်ကို မကွာရှင်းသေးတာလဲ....။ ကြည့်ပါဦး.... ဒီနေ့သူသာမရှိရင်.... အဘွား ဆေးရုံတင်ခံရပါ့မလား....။”

ချန်ရွှယ့်၏ စကားကိုကြားသောအခါ ချန်ယင်းယင်းသည်လည်း အနည်းငယ် မျှော်လင့်ချက်မဲ့ဖြစ်သွားသည်။

“ရွှယ့်အာ.... ဒီမတော်တဆမှုက ရဲဖန်ရဲ့အမှားမဟုတ်ပါဘူး...”

ချန်ယင်းယင်း စကားမဆုံးမီမှာပင် ချန်ရွှယ့်သည် တိုက်ရိုက်ဖြတ်ပြောလိုက်ပြီး “ဒါပေမယ့် ဒီနေ့မွေးနေ့ပွဲမှာ ဒုက္ခပေးတဲ့ကောင်လေးက သူ့တူမဟုတ်လား....။” ဟုဆိုလိုက်သည်။

“ဒါ...” ချန်ရွှယ့်၏ စကားကြောင့် ချန်ယင်းယင်းမှာ စကားမပြောနိုင်ဖြစ်သွား၏။

အမှန်တကယ်တွင် ဤကိစ္စအတွက် ချန်မိသားစုသည် မူလက ရဲရှင်းဟွေ့နှင့် ရှင်းရန် စီစဉ်ခဲ့သည်။ သူတို့သည် ရဲရှင်းဟွေ့ကို ရှာမတွေ့လျှင် ရဲဖန်နှင့် ရှင်းရန် စီစဉ်ခဲ့ကြသည်။ ရဲရှင်းဟွေ့မှာ သူ၏တူဖြစ်ကြောင်းကို သူတို့သိကြသည်လေ။

သို့သော် နောက်ပိုင်းတွင် အဘိုးကြီးနဂါးဘုရင် လုံအောက်ထျန်း၏ စကားများကြောင့် ချန်မိသားစုသည် ဤစိတ်ကူးကို စွန့်လွှတ်ခဲ့ရသည်။

“ဒီနေ့က ကောင်လေးက အရမ်းတော်တယ်.... ကျွန်တော် သူ့ကိုသဘောကျတယ်....”

ချန်မိသားစု၏ လူများသည် အဘိုးကြီးနဂါးဘုရင်၏ ဆိုလိုရင်းမှာ သူတွင် အထူးဝါသနာတစ်ခုခုရှိနေခြင်းမဟုတ်ဘဲ... သူသည် ရဲရှင်းဟွေ့အား သူတို့၏ နဂါးနန်းတော်ထဲသို့ ခေါ်ဆောင်ရန် အစီအစဉ်များရှိနေခြင်းဖြစ်သည်ကို သဘာဝကျကျပင် သိရှိကြ၏။

နဂါးနန်းတော်မှာ နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသော မဟာကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်ပြီး.... နှစ်စဉ် နဂါးနန်းတော်၏ ဖုန်မှုန့်ကို လိုက်ရုံမျှဖြင့် ချန်မိသားစု၏ ကုမ္ပဏီသည် များစွာသောငွေကြေးကို ရှာဖွေနိုင်ခဲ့သည်။

ယခုအခါတွင် နဂါးဘုရင်သည် ရဲဖန်၏တူကို နဂါးနန်းတော်ထဲသို့ အမှန်တကယ်ခေါ်ဆောင်လိုကြောင်း သိရှိသွားကြသဖြင့် ချန်မိသားစုသည် ရဲရှင်းဟွေ့ကို ဆက်လက်တိုက်ခိုက်ရန် သဘာဝကျစွာပင် မဝံ့ရဲတော့ချေ။ ရဲရှင်းဟွေ့ကို မပြောနှင့်ဦး.... သူတို့သည် ရဲဖန်ကိုပင် ဘာမှမပြောဆိုခဲ့ကြပေ။

…….

သူတို့သည် ပွင့်လင်းစွာ မပြောဆိုကြသော်လည်း သူတို့သည် ရဲဖန်ကဲ့သို့သော သမက်တစ်ဦးကို အထင်သေးနေဆဲဖြစ်၏။

ဥပမာအားဖြင့် ချန်ယင်းယင်း၏ ညီမဝမ်းကွဲ ချန်ရွှယ့်ပင် ဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် ချန်ရွှယ့်သည် ရဲဖန်ကို ပထမဆုံးအကြိမ်မြင်သောအခါတွင် ပြောမပြနိုင်သော စက်ဆုပ်ရွံရှာဖွယ်ခံစားချက်တစ်ခုကို ခံစားမိခဲ့သည်။

အကယ်၍ ရဲရှင်းဟွေ့သာ ချန်ရွှယ့် ဘာတွေးနေသည်ကို သိရှိပါက သူသည် သေချာပေါက် ဆိုပေလိမ့်မည်မှာ "ဪ.... ကောင်မလေး.... မင်းကတော့ မကောင်းဆိုးဝါးဖြစ်ဖို့ ကံကြမ္မာပါလာတာပဲ....။ နောက်အကြောင်းရင်းတစ်ခုကတော့ မင်းက ရုပ်မချောလို့ပဲ.... မင်းရဲ့အလှအပအမှတ်က ၉.၉ အထက်သာရှိရင်... မင်းက ရဲဖန်ကို ပထမဆုံးမြင်မြင်ချင်း သေချာပေါက်ချစ်မိသွားမှာ....”

သာမန်မြို့ပြဇာတ်လမ်းတစ်ခုဖြစ်သရွေ့ ၎င်းမှာ လေ့လာမှုဇာတ်လမ်းဖြစ်စေ မဖြစ်စေ အရေးမကြီးပေ။ လှပသောမိန်းမတစ်ဦးဖြစ်သရွေ့ သူမသည် ယောက်ျားဇာတ်လိုက်ကို သေချာပေါက် ချစ်မိသွားပေလိမ့်မည်။

ဇာတ်လိုက်၏ ဤအရှိန်အဝါကို အသန်မာဆုံးဟု ဆိုနိုင်ပေသည်!

……..

ချန်ရွှယ့် တစ်စုံတစ်ခုပြောလိုနေစဉ်မှာပင် ချန်ယင်းယင်း၏ အိမ်တံခါးမှာ အပြင်ဘက်မှ ဖွင့်ခြင်းခံလိုက်ရသည်။

ချက်ချင်းပင် ရဲဖန်သည် ဝင်ရောက်လာခဲ့၏။

ချန်ရွှယ့်ကိုမြင်သောအခါ ရဲဖန်သည်လည်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

ချန်ရွှယ့်သည် သူမ၏နှုတ်ခမ်းကို လိပ်လိုက်ပြီး လုံးဝနှုတ်ဆက်ရန် စိတ်ကူးမရှိခဲ့ပေ။

ဤသည်ကိုမြင်သောအခါ ရဲဖန်သည် နေသားကျနေပြီဖြစ်၍ ဘာမှမပြောဆိုခဲ့ချေ။

ရဲဖန်သည် ချန်ယင်းယင်းကိုကြည့်ကာ “ယင်းယင်း.... ဒီည ဘာစားချင်လဲ....။ ကျွန်တော် နောက်မှ ဈေးဝယ်သွားမယ်....” ဟုမေးလိုက်၏။

“ဘာဖြစ်ဖြစ် ရပါတယ်.... ဒီရက်တွေမှာတော့ နည်းနည်းပဲချက်ပါ....။ ကျွန်မမိဘတွေက ဆေးရုံမှာ အဘွားကိုစောင့်ရှောက်နေပြီး ထမင်းစားဖို့ပြန်လာမှာမဟုတ်ဘူး....”

ချန်ယင်းယင်း စကားဆုံးသည်နှင့် ချန်ရွှယ့်၏ ဖုန်းမြည်လာခဲ့သည်။

ဖုန်းကိုင်ပြီးနောက် ချန်ရွှယ့်သည် ချန်ယင်းယင်းကို နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

ချန်ရွှယ့် ထွက်ခွာသွားပြီးနောက် ချန်ယင်းယင်းသည် ရဲဖန်အား တောင်းပန်စွာဖြင့် “တောင်းပန်ပါတယ်....။ ရွှယ့်အာအကြောင်း... ခင်ဗျားလည်း သိသားပဲ.... သူက ဒီလိုပဲ....” ဟုဆိုလိုက်၏။

“ဟားဟား.... ကိစ္စမရှိပါဘူး.... ဒါနဲ့... ဒီနေ့ကျွန်တော်နဲ့ ဈေးဝယ်လိုက်သွားချင်လား....။”

ချန်ယင်းယင်းသည် ရဲဖန်၏ အဆိုပြုချက်ကိုကြားသောအခါ ပြုံးလိုက်သည်။ သူမသဘောတူတော့မည်အပြုမှာပင် သူမ၏ကိုယ်ပိုင်ဖုန်း မြည်လာခဲ့၏။

ရဲဖန် ဖုန်းမြည်သံကိုကြားသောအခါ သူသည် ယနေ့သူ၏ဇနီးနှင့်အတူ ဈေးဝယ်ထွက်ရန်နှင့် ချက်ပြုတ်ရန် အချိန်မရှိတော့ကြောင်း သိရှိလိုက်သည်။

ဤသည်မှာ အတိအကျဖြစ်ပျက်ခဲ့သောအရာပင်။ ဖုန်းချပြီးနောက် ချန်ယင်းယင်းသည် ရဲဖန်ကို တောင်းပန်သောမျက်လုံးများဖြင့်ကြည့်ကာ “ရဲဖန်....” ဟုဆိုလိုက်၏။

သို့သော် ချန်ယင်းယင်း စကားမဆုံးမီမှာပင် ရဲဖန်သည် လက်ဝှေ့ယမ်းကာ “ကိစ္စမရှိပါဘူး.... ကျွန်တော်တစ်ယောက်တည်း သွားလိုက်ပါ့မယ်.... ညဘက်စောစောပြန်လာခဲ့....။ ပြီးတော့... ရှင်းဟွေ့ပေးတဲ့ကားကို မောင်းသွား.... ဒီည မိုးရွာနိုင်တယ်....” ဟုဆိုလိုက်၏။

“အင်း....” ချန်ယင်းယင်းသည် ရဲဖန်၏ နားလည်မှုနှင့် စိုးရိမ်ပူပန်မှုကို အလွန်နွေးထွေးစွာ ခံစားမိခဲ့သည်။ သူမသည် ကားသော့များကိုယူကာ ထွက်ခွာသွားခဲ့သည်။

ရဲဖန်မှာတော့လား....။ သူသည် စူပါမားကတ်သို့ လျှပ်စစ်စက်ဘီးတစ်စီးဖြင့် တစ်ယောက်တည်း စီးသွားခဲ့၏။

…….

ရဲရှင်းဟွေ့ထံသို့ ပြန်သွားကြစို့။

ရဲရှင်းဟွေ့သည် မျိုးစေ့များနှင့် တိရစ္ဆာန်များကို ဝယ်ယူပြီးနောက်တွင် သူသည် လူသူကင်းမဲ့သောနေရာတစ်ခုကိုရှာဖွေကာ တောင်တန်းနှင့် မြစ်များမြေပုံထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုအချိန်တွင် တောင်တန်းနှင့် မြစ်များမြေပုံထဲ၌ ဘုရင်ဖြူ.... ရှုန်ယို့နှင့် ရှုန်ကျော့တို့သည် အလွန်အလုပ်ရှုပ်နေကြ၏။ သို့သော် သူတို့သည် အလွန်ပျော်ရွှင်နေကြသည်။

ဤနေရာတွင် ကျီးကန်းသုံးကောင်သည် အကန့်အသတ်မရှိသော ရုပ်ပိုင်းဆိုင်ရာခွန်အား ရှိဟန်တူသည်။ အကြိမ်တိုင်းတွင် သူတို့သည် မျိုးစေ့တစ်ဒါဇင်ကို သူတို့၏ပါးစပ်ထဲတွင်ကိုင်ကာ မိုးကောင်းကင်သို့ပျံတက်ပြီးနောက် နေရာလွတ်တစ်ခုကိုရှာဖွေကာ မျိုးစေ့များကို ကြဲဖြန့်ကြ၏။

မြေကြီးကို တူးဆွရန် မလိုအပ်ပေ။ မျိုးစေ့များကို မြေပြင်ပေါ်သို့ ကြဲဖြန့်သောအခါ သူတို့သည် ဝိညာဉ်စွမ်းအင်၏ အာဟာရပေးမှုအောက်တွင် မျက်စိတစ်မှိတ်အတွင်းမှာပင် အညှောက်ပေါက်လာကြမည်ပင်!

ရဲရှင်းဟွေ့၏ အလုပ်မှာ လိပ်နှင့် ငါးများကို စမ်းချောင်းထဲသို့ ထည့်ရန်ဖြစ်၏။

ယုန်များ.... ကြောင်များ.... ခွေးများနှင့် ငှက်များအတွက်မူ ရဲရှင်းဟွေ့သည် သူတို့ကို သူ့သဘောအတိုင်း လွှတ်ပေးလိုက်သည်။

ယုန်များ.... ကြောင်များနှင့် ခွေးများသည် လှောင်အိမ်မှထွက်သည်နှင့် ပျော်ရွှင်စွာကစားစပြုကြပြီး ငှက်များမှာမူ အနီးအနားရှိသစ်တောများသို့ ပျံသန်းသွားကြ၏။

အရာအားလုံးပြီးစီးပြီးနောက် ရဲရှင်းဟွေ့သည် ဘုရင်ဖြူအား တိရစ္ဆာန်သစ်များကို ကြည့်ရှုစောင့်ရှောက်ရန် ပြောဆိုခဲ့ပြီး သူသည် တောင်တန်းနှင့် မြစ်များမြေပုံမှ ထွက်ခွာသွားခဲ့သည်။

သူထွက်ခွာသည်နှင့် သူသည် အနည်းငယ်ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်တွေ့ခဲ့ရသည်။ ဤသူမှာ မကြာသေးမီကမှ ချန်ယင်းယင်း၏ အိမ်မှထွက်ခွာသွားသော ချန်ရွှယ့်ပင်တည်း။

ရဲရှင်းဟွေ့သည် ချန်ရွှယ့်၏ အမည်ကို သဘာဝကျစွာပင် မသိရှိပေ။ ရင်းနှီးသည်ဟု ခံစားရခြင်း၏အကြောင်းရင်းမှာ ချန်ရွှယ့်သည် ချန်မိသားစု၏ မွေးနေ့ပွဲတွင် ချန်ယင်းယင်းနှင့်အတူ ထိုင်ခဲ့သောကြောင့်ပင်။

ရဲရှင်းဟွေ့ ချန်ရွှယ့်ကို ကြည့်နေစဉ်မှာပင် သူသည် လူငယ်တစ်ဦးက သူမအား ကိုကာကိုလာတစ်ပုလင်း ပေးအပ်နေသည်ကို တွေ့မြင်ခဲ့ပြီး ချန်ရွှယ့်သည် သတိမထားဘဲ ကိုကာကိုလာကို သောက်သုံးလိုက်သည်။

ကိုကာကိုလာကို သောက်ပြီး သုံးစက္ကန့်အတွင်းမှာပင် ချန်ရွှယ့်သည် သူမ၏ဦးခေါင်းကိုအုပ်ကာ လူငယ်၏ရင်ခွင်ထဲသို့ လဲကျသွား၏။

လူငယ်သည် ဤသည်ကိုမြင်သောအခါ သူ၏နှုတ်ခမ်းထက်တွင် အောင်ပွဲခံသောအပြုံးတစ်ခု ပေါ်ပေါက်လာပြီးနောက် သူသည် ချန်ရွှယ့်ကို သူ၏ကား၏နောက်ခုံသို့ သယ်ဆောင်သွားပြီး သူကိုယ်တိုင်မှာမူ ယာဉ်မောင်းခုံသို့ဝင်ကာ မောင်းနှင်ထွက်ခွာသွားသည်။

“ဒါက... တိုက်ခိုက်မှုလား....။”

ရဲရှင်းဟွေ့ စိတ်ရှုပ်ထွေးနေစဉ်မှာပင် သူသည် ရင်းနှီးသော လျှပ်စစ်စက်ဘီးတစ်စီးသည် ယခင်ထွက်ခွာသွားသောယာဉ်နောက်သို့ လိုက်နေသည်ကို မြင်တွေ့ခဲ့ရသည်။ လျှပ်စစ်စက်ဘီးစီးနေသူမှာ ရဲဖန်ပင် ဖြစ်လေသည်။

“ကျစ်.... ဆိုတော့ ငါက နာမည်ကြီးဇာတ်ကွက်တစ်ခုကို ထပ်ကြုံတွေ့နေရတာလား....။”

All Chapters