← Chapters

ပေါင်ပေါင်း ပြန်ပေးဆွဲခံရခြင်း၊ ရာဇဝတ်ကောင်များကို ကယ်တင်ရမည်

Vol. 11 Ch. 154

ပေါင်ပေါင်း ပြန်ပေးဆွဲခံရခြင်း၊ ရာဇဝတ်ကောင်များကို ကယ်တင်ရမည်

Vol. 11 Ch. 154

မုန်ကျစ်ယွီက ကိုသယ့်ကိုကြည့်ကာ အေးစက်သောလေသံဖြင့် “မင်း အခုကျေနပ်ပြီလား....။” ဟုဆိုလိုက်၏။

“ဟဲဟဲဟဲ... အစ်ကိုမုန်ကတော့ အစ်ကိုမုန်ပါပဲ....”

ဤသို့ပြောပြီးနောက် ကိုသယ့်၏ အမူအရာမှာ ရုတ်တရက် ညစ်ညမ်းသွားပြီး သူသည် “ကျွန်တော်ပြောမယ် အစ်ကိုမုန်... ကျွန်တော်သူနဲ့ပြီးသွားတဲ့အထိ စောင့်မလား.... ပြီးတော့ ခင်ဗျား...” ဟု အကြံပြုလိုက်သည်။

ကိုသယ့် စကားမဆုံးမီမှာပင် မုန်ကျစ်ယွီသည် ပြတ်ပြတ်သားသားငြင်းပယ်လိုက်၏။

ဤတစ်ကြိမ်... မုန်ကျစ်ယွီ ကိုသယ့်ကို ကူညီရခြင်း၏အကြောင်းရင်းမှာ ကိုသယ့်၏ ဒဏ်ရာမှာ သူနှင့်သက်ဆိုင်နေသောကြောင့်သာမက သူ၏မိသားစုမှာ ကိုသယ့်၏ မိသားစုနှင့် စီးပွားရေးဆိုင်ရာဆက်ဆံရေးများရှိပြီး သူသည် မိသားစုနှစ်ခုကြားမှဆက်ဆံရေးကို အလွန်အမင်းတင်းမာစေ၍မဖြစ်သောကြောင့်လည်း ဖြစ်သည်။

မုန်ကျစ်ယွီမှာ ကိုသယ့်နှင့် မတူပေ။ ကျင်းချန်ကလပ်မှ ဖြစ်ရပ်ကိုတွေ့ကြုံပြီးနောက် သူသည် သူ၏ဒုတိယဦးလေးဖြစ်သူ မုန်ချန် ထံမှ မြေအောက်နယ်မြေ အကြောင်းအရာအချို့ကိုလည်း လေ့လာခဲ့၏။

သဘာဝကျစွာပင် သူသည် အမှန်တကယ်ကမ္ဘာအကြောင်း အချို့သောအရာများကိုလည်း လေ့လာခဲ့သည်။

အမှန်တကယ်တွင် မုန်ချန် သည် ထိုအကြောင်းကို များများစားစားမသိသော်လည်း မုန်ချန် ၏ နောက်ကွယ်တွင် အမှန်တကယ်ကမ္ဘာမှ စစ်သည်တော်တစ်ဦးရှိနေ၏။

မုန်ကျစ်ယွီအား အမှန်တကယ်ကမ္ဘာမှလူတစ်ဦးမှာ မည်သို့ဖြစ်သည်ကို သိရှိစေရန်အတွက် မုန်ချန် သည် သူ၏တူကိုပင် အမှန်တကယ်ကမ္ဘာမှလူများ၏ တိုက်ပွဲများကို ကြည့်ရှုရန် သူနှင့်အတူခေါ်ဆောင်သွားခဲ့သည်။

ထိုအချိန်တွင် မုန်ကျစ်ယွီသည် နောက်ဆုံးတွင် သူ၏မျက်စိများပွင့်သွားပြီး အမှန်တကယ်အစွမ်းထက်သည်ဟူသည်မှာ ဘာကိုဆိုလိုသည်ကို နောက်ဆုံးတွင် သိရှိသွားခဲ့၏။

ပေါင်ပေါင်း အရေးယူဆောင်ရွက်သည်ကို သူမြင်သောအခါ မုန်ကျစ်ယွီသည် ဤမိန်းကလေးမှာ အမှန်တကယ်ကမ္ဘာမှ ဖြစ်နိုင်သည်ဟု သံသယရှိခဲ့ရာ... သူသည် သူမကိုမထိတွေ့နိုင်ကြောင်းကို သိရှိသည်။

ကိုသယ့်၏ လိင်ဆက်ဆံရန်ရည်ရွယ်ချက်အတွက်မူကား....။ ဟားဟား... မုန်ကျစ်ယွီသည် သူကြိုးစားမှုတွင် သူ၏အသက်သွေးကြောမှာ ဖြတ်တောက်ခြင်းခံရမည်ကို အမှန်တကယ်ပင် ကြောက်ရွံ့နေခဲ့သည်။

မုန်ကျစ်ယွီက သူ၏အဆိုပြုချက်ကို ပြတ်ပြတ်သားသားငြင်းပယ်သည်ကို ကိုသယ့်မြင်သောအခါ သူသည် သူ၏စိတ်ထဲတွင် မုန်ကျစ်ယွီမှာ အလွန်သတ္တိနည်းလှသည်ဟု သက်ပြင်းချရုံသာရှိပြီး စကားဆက်မပြောတော့ပေ။

မုန်ကျစ်ယွီရော ကိုသယ့်ပါ သတိမပြုမိခဲ့သည်မှာ... သူတို့၏ဦးခေါင်းများအထက်ရှိ ဝါယာကြိုးတစ်ချောင်းပေါ်တွင် ကျီးကန်းတစ်ကောင် ရပ်နေသည်ကိုပင်။

ထိုကျီးကန်းမှာ သူတို့နှစ်ဦးပြောဆိုသမျှကို အားလုံးနားထောင်နေခဲ့သည်။

………

တစ်ဖက်တွင်တော့။

ပေါင်ပေါင်း၊ ရဲရှင်းဟွေ့နှင့် ဝက်ဝံကန်းတို့မှာ အတူတကွ အိမ်သို့လျှောက်လှမ်းသွားနေကြသည်။

ထိုအခိုက်တွင် ကျီးကန်းတစ်ကောင် ရဲရှင်းဟွေ့၏ ရှေ့သို့ပျံသန်းလာခဲ့၏။

“သူဌေး... သူဌေး... သူဌေး...”

ဤကျီးကန်းကိုမြင်သောအခါ ရဲရှင်းဟွေ့မှာ အနည်းငယ်ရှုပ်ထွေးသွားပြီး “မင်း ဘယ်ကျီးကန်းလဲ....။” ဟုမေးလိုက်သည်။

“သူဌေး... သူဌေး... ကျွန်တော်က သိယင်းဖောဝ့် ပါ....”

ထိုကျီးကန်း၏ ကိုယ်တိုင်မိတ်ဆက်မှုကိုကြားသောအခါ ရဲရှင်းဟွေ့သည် ရုတ်တရက်အမှတ်ရသွားသည်။

ဤကျီးကန်းမှာ သူ၏မနှစ်မြို့ဖွယ်နာမည်ပေးခြင်းအာရုံကို ညည်းညူခဲ့သော ကျီးကန်းပင်တည်း။ ထို့နောက် ရဲရှင်းဟွေ့က သူ၏ညည်းညူမှုကို ၎င်းကို သိယင်းဖောဝ့် ဟုအမည်ပေးခြင်းဖြင့် တုံ့ပြန်ခဲ့၏။

“ဘာဖြစ်လို့လဲ....။ သိယင်းဖောဝ့်....။”

“သူဌေး.... တစ်ယောက်ယောက်က ခင်ဗျားသူငယ်ချင်းကို တိုက်ခိုက်တော့မယ်လို့ ကျွန်တော်ကြားလိုက်တယ်....”

စကားပြောနေရင်း သိယင်းဖောဝ့် က သူ၏တောင်ပံများကို ပေါင်ပေါင်းထံသို့ ညွှန်ပြလိုက်သည်။

သိယင်းဖောဝ့် ၏ စကားကိုကြားသောအခါ ရဲရှင်းဟွေ့လည်း မှင်တက်သွား၏။ သူက “ဘယ်သူက ပေါင်ပေါင်းကို ဘာလုပ်ချင်လို့လဲ....။” ဟုမေးလိုက်သည်။

“တစ်ယောက်က ကိုသယ့်လို့ခေါ်ပြီး.... နောက်တစ်ယောက်က မုန်ကျစ်ယွီလို့ခေါ်တယ်....”

မုန်ကျစ်ယွီနှင့် ရဲရှင်းဟွေ့တို့မှာ ထိုအကြောင်းကိုကြားဖူးခဲ့ကြပြီး သူတို့နှစ်ဦးရန်ငြိုးရှိကြောင်းကိုလည်း သိရှိကြသော်လည်း... ထိုကိုသယ့်... ရဲရှင်းဟွေ့သည် သူ့ကိုသူ ဘယ်နေရာတွင် စော်ကားခဲ့သည်ကို အမှန်တကယ်ပင်မသိရှိခဲ့ပေ။

အရေးကြီးဆုံးအချက်မှာတော့... ထိုနာမည်ပင်။ ဤသည်မှာ အမှန်တကယ် လူနာမည်တစ်ယောက်လား....။

(T/N - ကိုသယ့်ကို "မင်းခွေး" ဒါမှမဟုတ် "မင်းမိန်းမ" လို့ အကြောင်းအရာပေါ်မူတည်ပြီး တိုက်ရိုက်ဘာသာပြန်နိုင်ပါတယ်။)

ရဲရှင်းဟွေ့ စိတ်ရှုပ်ထွေးနေစဉ်မှာပင် မီနီဗန် ကားများမှာ လမ်းငယ်လေးတစ်ခုမှ ရုတ်တရက်ထွက်ပေါ်လာပြီး ရဲရှင်းဟွေ့နှင့် အခြားသူများဘေးတွင် ရပ်တန့်သွားကြသည်။

ချက်ချင်းပင် မျက်နှာဖုံးစွပ်ထားသော သန်မာသောလူနှစ်ဦး မီနီဗန် ကားမှထွက်လာကြ၏။ ထိုလူများထဲမှတစ်ဦးက ပစ္စတိုနှစ်လက်ကို ရဲရှင်းဟွေ့နှင့် ဝက်ဝံကန်းတို့ထံသို့ အသီးသီးညွှန်ပြလိုက်သည်။

“မလှုပ်နဲ့.... မဟုတ်ရင် ငါမင်းတို့ကိုယ်ထဲမှာ အပေါက်ဖောက်လိုက်မယ်....”

ဤလူက ရဲရှင်းဟွေ့နှင့် ဝက်ဝံကန်းကို ခြိမ်းခြောက်နေစဉ်မှာပင် အခြားလူကမူ မည်သည့်ခုခံမှုမှမပြုလုပ်သော ပေါင်ပေါင်းကိုသယ့်ဆောင်ရင်း မီနီဗန် ကားထဲသို့ ဝင်ရောက်သွားခဲ့လေပြီ။

ပေါင်ပေါင်းကို မီနီဗန် ကားထဲသို့ထည့်ပြီးနောက် သေနတ်နှစ်လက်ကိုင်ထားသော ထိုလူမှာ ခရီးသည်ထိုင်ခုံသို့ ပြန်ရောက်သွားခဲ့၏။

ဤသို့ဖြင့် ပေါင်ပေါင်းကို ခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။

ရဲရှင်းဟွေ့နှင့် ဝက်ဝံကန်းနှစ်ဦးလုံး စကားမပြောနိုင်ဖြစ်သွားကြ၏။

“ကျစ်... မြန်မြန်လိုက်စမ်း....”

သတိပြန်ဝင်လာသော ရဲရှင်းဟွေ့က မီနီဗန် ကားထွက်ခွာသွားသောလမ်းကြောင်းအတိုင်း လျင်မြန်စွာလိုက်လံနောက်ယောင်ခံသွားသည်။

သူသည်လည်း သိယင်းဖောဝ့် ကို မီနီဗန် ကားနောက်သို့လိုက်ရန် အမိန့်ပေးလိုက်၏။

ဝက်ဝံကန်းက သူ့နောက်သို့လိုက်လာပြီး အနည်းငယ်ရှုပ်ထွေးစွာဖြင့် “ဟေး... ရဲရှင်းဟွေ့.... ပေါင်ပေါင်းရဲ့ခွန်အားနဲ့ဆိုရင်.... ဘယ်သူမှသူမကို မထိခိုက်နိုင်ဘူးမလား....။ မင်း ဘာကိုစိုးရိမ်နေတာလဲ....။” ဟုမေးလိုက်သည်။

“ဒါပေါ့.... ငါသိတယ်.... ငါစိုးရိမ်နေတာက ပေါင်ပေါင်းက အဲဒီအရူးတွေကို သတ်ပစ်မှာကိုပဲ....”

…

မီနီဗန် ကားထဲ၌။

ယာဉ်မောင်းခုံတွင်မောင်းနှင်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားက အမူအရာကင်းမဲ့သော ပေါင်ပေါင်းကို နောက်ကြည့်မှန်မှတစ်ဆင့်တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြုံးကာ “ဟားဟားဟား... ငါဒီအလုပ်က ဒီလောက်လွယ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး....” ဟုဆိုလိုက်သည်။

“ဟုတ်တယ်....။ သူ့ကို ပို့ပေးပြီးရင် ငါတို့ငါးသိန်းရမှာ....”

“အဖိုးဟွမ်.... ဒီကောင်မလေးကို လျှပ်စစ်တုတ်နဲ့ အရင်မေ့အောင်လုပ်လိုက်....။ ဒါဆို ငါတို့ခဏတာဒုက္ခသက်သာသွားမှာ....”

အဖိုးဟွမ်ဟုခေါ်သောသူမှာ ပေါင်ပေါင်းကို ကားထဲသို့သယ်ဆောင်လာသူပင်။

“ကောင်းပြီ....”

အဖိုးဟွမ်က ပြန်ဖြေကာ သူ၏အိတ်ကပ်ထဲမှ လျှပ်စစ်တုတ်ကိုထုတ်ပြီး ပေါင်ပေါင်း၏ လည်ပင်းတွင် ထိုးလိုက်သည်။

သို့သော်လည်း စက္ကန့်အနည်းငယ်အကြာတွင် ပေါင်ပေါင်းသည် မျက်မှောင်ကြုတ်ရုံသာရှိပြီး အခြားမည်သည့်တုံ့ပြန်မှုမှမရှိခဲ့ပေ။

ဤသည်ကိုမြင်သောအခါ အဖိုးဟွမ်သည် စိတ်ရှုပ်ထွေးစွာ ကိုယ့်ဘာသာတီးတိုးရေရွတ်လိုက်သည်မှာ “ဒါပျက်နေတာလား....။ ဒါမှမဟုတ် ပါဝါမရှိတာလား....။”

စကားပြောနေရင်း သူသည်လည်း လျှပ်စစ်တုတ်ဖြင့် သူ့ကိုယ်သူထိုးလိုက်၏။

လျှပ်စစ်တုတ်က သူ၏ခန္ဓာကိုယ်ကိုထိသောအခါ အဖိုးဟွမ်သည် တစ်ကိုယ်လုံးတုန်ရီစပြုလေသည်။

“ဒါ... ကျစ်... ဒါက... လျှပ်... စစ်... ရှိ...”

"လျှပ်စစ်" ဟူသောစကားလုံးပြောပြီးသည်နှင့် အဖိုးဟွမ်သည် လုံးဝသတိလစ်သွားခဲ့သည်။

အခြားလူမိုက်နှစ်ဦးမှာ အဖိုးဟွမ်၏ လုပ်ရပ်များကိုမြင်သောအခါ စိတ်ရှုပ်ထွေးသွားကြ၏။

ထိုအခိုက်တွင် ယခုအချိန်အထိ တစ်ခါမှမပြောခဲ့ဖူးသော ပေါင်ပေါင်းသည် စကားပြောလိုက်သည်။

“ခင်ဗျားတို့ ကျွန်မကို အနိုင်ကျင့်နေတာလား....။”

ပေါင်ပေါင်း၏ လေသံမှာ ယခင်အတိုင်းပင် ငြိမ်သက်နေခဲ့သည်။

သို့သော် ပေါင်ပေါင်း၏ ငြိမ်သက်သောလေသံကပင် ကျန်ရှိသောလူမိုက်နှစ်ဦးကို ပို၍ပင်ထိတ်လန့်သွားစေခဲ့သည်။

သူတို့သည် အဖိုးဟွမ်က လျှပ်စစ်ရှော့ခ်တုတ်ကိုအသုံးပြု၍ သူမကို တစ်မိနစ်ကျော်မျှ ပြင်းထန်စွာရှော့ခ်တိုက်ခဲ့သော်လည်း သူမအပေါ်တွင် ဘာမှမဖြစ်ခဲ့သည်ကို သူတို့၏မျက်လုံးများဖြင့် ယခုလေးတင်မှမြင်တွေ့ခဲ့ကြသည်။

လူနှစ်ဦး စကားမပြောသည်ကိုမြင်သောအခါ ပေါင်ပေါင်းသည် ဘာလုပ်ရမည်ကိုမသိတော့ချေ။

ပေါင်ပေါင်း ကိုသယ့်ကို ပါးရိုက်လွှင့်ပစ်ခဲ့ပြီးနောက် ဝက်ဝံကန်းနှင့် ဇီးကွက်တို့က သူမကို မည်သူ့ကိုမျှ ပေါ့ပေါ့ဆဆမတိုက်ခိုက်ရန်ပြောဆိုခဲ့ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူမကိုအနိုင်ကျင့်ပါက ဝက်ဝံကန်းထံသို့သွားသင့်သည်။

ဇီးကွက်နှင့် ဝက်ဝံကန်းတို့ ဤသို့ပြောရခြင်း၏အကြောင်းရင်းမှာ သူတို့သည် ပေါင်ပေါင်းက ထိုသူကို မသိလိုက်ဘဲ သေအောင်ရိုက်နှက်မည်ကို ကြောက်ရွံ့သောကြောင့်ပင်။

အကယ်၍ လမ်းသွားလမ်းလာတစ်ဦးက ပေါင်ပေါင်း၏ အလှကိုမြင်ပြီး သူမကိုပိုးပန်းရန်ကြိုးစားပါက ပေါင်ပေါင်းက ထိုသူကို ပါးရိုက်သတ်ပစ်လိုက်ပါက ထိုသူက ထိုက်တန်သည်ဖြစ်စေ မထိုက်တန်သည်ဖြစ်စေ ပေါင်ပေါင်းသည် သေချာပေါက် ဒုက္ခထဲသို့ရောက်ရှိသွားပေမည်။

“ခင်ဗျားတို့ ဘာမှမပြောရင်.... ကျွန်မသွားပြီ....”

သူမစကားပြောနေစဉ်မှာပင် ပေါင်ပေါင်းသည် လက်တစ်ဖက်ကို မီနီဗန် ကား၏တံခါးလက်ကိုင်ပေါ်သို့တင်လိုက်ပြီးနောက် အားကုန်တွန်းလိုက်၏။

မီနီဗန် ကား၏တံခါးမှာ တိုက်ရိုက်ပင် လွင့်ထွက်သွားသည်။

မီနီဗန် ကားမှာ လျှောတံခါး တစ်ခုရှိသဖြင့် ပေါင်ပေါင်း၏ လုပ်ရပ်များမှာ လူမိုက်နှစ်ဦးကို မျက်နှာဖြူဖတ်ဖြူလျော်ဖြစ်သွားသည်အထိ ကြောက်လန့်သွားစေခဲ့သည်။

ထိုအချိန်တွင် ရဲရှင်းဟွေ့နှင့် ဝက်ဝံကန်းတို့မှာ လိုက်မီသွားကြ၏။

လိုက်မီသွားသော ဝက်ဝံကန်းသည် ပေါင်ပေါင်း၏ အခြေအနေကိုမမေးမြန်းဘဲ လူမိုက်သုံးဦးကို စစ်ဆေးရန်သွားရောက်ခဲ့သည်။

လူမိုက်တစ်ဦးသာ သတိလစ်သွားသည်ကို သူမြင်သောအခါ သူစိတ်သက်သာရာရသွား၏။

“ဟူး... ဘယ်သူမှမသေသေးတာ ကောင်းတယ်....”

All Chapters