← Chapters

ပေါင်ပေါင်း၏ သေဆုံးမှုအပေါ် ခန့်မှန်းချက်များ

Vol. 31 Ch. 427

ပေါင်ပေါင်း၏ သေဆုံးမှုအပေါ် ခန့်မှန်းချက်များ

Vol. 31 Ch. 427

ရဲဆွေ့၏ စကားကို ကြားသောအခါ စုချင်းက သူမရင်ဘတ်ကို ပုတ်၍ ပြောလိုက်သည်။

“ဒီလိုကိုး… ဒါဆိုရင်တော့ ငါ စိတ်အေးသွားပြီ…”

သူမ စကားကို ကြားသောအခါ လူတိုင်းမှာ ခဏတာ စကားမဲ့သွားကြ၏။ အနာဂတ်ကလာတဲ့ အနာဂတ်သားဆိုတဲ့ ကြောင်းကို သူမက ဒီလောက် လွယ်လွယ်ကူကူ လက်ခံလိုက်တာလား။

လူတိုင်း၏ အံ့အားသင့်နေသော အမူအရာများကို မြင်သော် စုချင်းက ပြုံး၍ ပြောလိုက်၏။

“ကြည့်လေ… ရှင်းချန်ရဲ့သား အာယင်တောင် ဒီကို ရောက်လာတာနဲ့ လူကြီးဖြစ်နေပြီ… ရှင်းဟွေ့ရဲ့သားကလည်း တွေ့တွေ့ချင်း လူကြီးဖြစ်နေရင်… အဘွားက မြေးထိန်းရတဲ့ ပျော်စရာကို လုံးဝ ခံစားလိုက်ရမှာ မဟုတ်တော့ဘူးပေါ့…”

စုချင်း၏ စကားကို ကြားပြီးနောက် လူတိုင်းမှာ တစ်ဖန် စကားမဲ့သွားကြပြန်သည်။

“မေမေ… ကျွန်တော်တို့က ငယ်ပါသေးတယ်… မေမေက မြေးတွေ လိုချင်နေပြီ…”

ရဲရှင်းဟွေ့က စကားမပြောနိုင်စွာ ဆိုလိုက်သည်။

“ဟွန်း…”

စုချင်းက နှာမှုတ်လိုက်၏။

“မင်းတို့ ဘယ်လောက် အသက်ကြီးကြီး… ငါကတော့ ငါ့မြေးကို ထိန်းချင်တာပဲ…”

ဤသို့ပြောပြီးနောက် စုချင်းက ရုတ်တရက် ရဲယင်နှင့် ရဲဆွေ့ဘက်သို့ သူမအာရုံကို လှည့်၍ ပြောလိုက်၏။

“တကယ်တော့… မြစ်ဆိုရင်လည်း အဆင်ပြေသား…”

ရဲယင်နှင့် ရဲဆွေ့တို့မှာ ပြောစရာစကား ပျောက်ရှသွားကြသည်။ ရဲဆွေ့မှာ နယ်မြေသခင်တစ်ယောက်အနေနှင့် သူက ကလေးယူရန် တိုက်တွန်းခံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ရဲဆွေ့က အနာဂတ်မှ လာကြောင်း သိပြီးနောက် စုချင်းက အနာဂတ်နှင့်ပတ်သက်သော မေးခွန်းအချို့ကို စတင် မေးမြန်းတော့၏။ ရဲဆွေ့ကလည်း သူ မှတ်မိသေးသမျှ သူသိသမျှ အရာအားလုံးကို ပြောပြသည်။ ရဲဆွေ့မှာ သူ့မိသားစုနှင့် ဤကဲ့သို့ ကြည်နူးဖွယ် စကားစမြည် မပြောဖြစ်သည်မှာ ကြာပြီဖြစ်သောကြောင့် သူက အများကြီး ပြောဆိုလိုက်၏။

စုချင်းနှင့် ရဲချန်တို့သာမက ရဲရှင်းဟွေ့ကပါ အလွန် စိတ်ဝင်တစား နားထောင်နေသည်။

ရဲရှင်းဟွေ့ကို နားမလည်စေသည့် အရာတစ်ခုသာ ရှိ၏။ အဘယ့်ကြောင့် ပေါင်ပေါင်းက ရဲဆွေ့ကို မွေးပြီးနောက် သေဆုံးသွားရသနည်း။ ယုတ္တိတန်သောအားဖြင့် ပြောရလျှင် သူ၏ အစ်ကိုအစ်မများကဲ့သို့ လိမ်လည်နိုင်စွမ်းရှိသော လူများ ဝန်းရံနေသည့် ကြားတွင် သေဆုံးရန် အလွန် ခက်ခဲသင့်သည် မဟုတ်ပါလား။

ရဲရှင်းဟွေ့မှာ သူ့စိတ်ထဲကမေးခွန်းများကိုလည်း မေးမြန်းလိုက်၏။ ဤကိစ္စမှာ အလွန် အရေးကြီးသည်။ ၎င်းကို မဖြေရှင်းနိုင်ပါက ရဲရှင်းဟွေ့မှာ ရဲဆွေ့ကို လိုချင်တော့မည် မဟုတ်ပေ။

သူ့အဖေမှာ သူ့ကို ချက်ချင်း စွန့်ပယ်ပစ်ရန် အကြံအစည် ရှိနေသည်ကို မြင်သောအခါ ရဲဆွေ့မှာလည်း အနည်းငယ် ရှုပ်ထွေးသွားသည်။ သူ မတွေးဘဲ မနေနိုင်ဖြစ်သွား၏။

‘ခင်ဗျားတို့နှစ်ယောက်က တကယ်ပဲ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြပြီး ကျွန်တော်က မတော်တဆ ဖြစ်လာတာများလား…’

သူ့ကိုယ်သူ အသက်ရှင်နေစေရန်အလို့ငှာ ရဲဆွေ့က သူ့ခန့်မှန်းချက်ကို ဖြစ်ကတတ်ဆန်း ထုတ်ဖော်ပြောဆိုရန် အကောင်းဆုံး ကြိုးစားလိုက်သည်။

“ကျွန်တော့်အမြင်အရတော့ ဒါက ကျွန်တော့်ကြောင့် ဖြစ်နိုင်ပါတယ်…”

ရဲဆွေ့က ပြောရင်းနှင့် သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။

ရဲရှင်းဟွေ့က သူ့ကို ကြည့်၍ ပြောလိုက်၏။

“ဩော်… ဒါဆို တကယ်ပဲ မင်းကြောင့်ကိုး… ဒါဆိုရင်တော့ ငါ မင်းကို တကယ် မလိုချင်တော့ဘူး…”

ရဲဆွေ့မှာ ပြောစရာစကား ပျောက်ရှသွားသည်။

“နေပါဦး… ဒါက ကျွန်တော့်ကြောင့်ဆိုပေမယ့် ဒီကိစ္စက မလွှဲမရှောင်သာတဲ့ ကိစ္စ မဟုတ်ပါဘူး… ကျွန်တော် ပြောတာကို အရင် နားထောင်ပါဦး… ကျွန်တော့်ကို မလိုချင်တော့ဘူးလို့ ပြောတာကို ရပ်ပေးပါ…”

“ဩော်…”

ရဲရှင်းဟွေ့က ပြောလိုက်၏။

“ဒါဆိုရင် မင်းရဲ့ ခုခံချေပချက်ကို စလိုက်တော့…”

ရဲဆွေ့မှာ စကားဆက်ရန် မတတ်နိုင် ဖြစ်သွားသည်။

“အဟမ်း အဟမ်း…”

ရဲဆွေ့က နှစ်ကြိမ် ချောင်းဆိုး၍ သူ့ခေါင်းထဲတွင် စကားလုံးများကို စုစည်းပြီးနောက် ပြောလိုက်၏။

“တကယ်တော့ ဒီကိစ္စက အချိန်နဲ့အာကာသဝိရောဓိနဲ့လည်း ဆက်စပ်နေပါတယ်… ကျွန်တော့်အမြင်အရ ကျွန်တော်သာ ခင်ဗျားတို့ကို အသိအမှတ် မပြုခဲ့ရရင် ကျွန်တော်က အမေ့ရဲ့ အကြောင်းကို လျှို့ဝှက်စွာ စုံစမ်းနေဦးမှာပါ… ကျွန်တော့်အမေက ပထမမျိုးဆက် နယ်မြေသခင်မှန်း သိသွားရင် ကျွန်တော် ဘာလုပ်မယ်လို့ ထင်လဲ…”

စကားဆုံးသည်နှင့် ရဲဆွေ့က ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းကို ကြည့်လိုက်သည်။

ရဲရှင်းဟွေ့က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

“မင်းက မိဘကိုမသိတတ်တဲ့အတွက် ငါနဲ့ မင်းအမေကို ကောင်းကောင်း ရိုက်နှက်ပေးဖို့ ဒူးထောက် တောင်းပန်လောက်တယ်…”

ရဲဆွေ့မှာ စကားဆက်ရန် မတတ်နိုင် ဖြစ်သွားပြန်သည်။ ရဲဆွေ့က ရဲရှင်းဟွေ့၏ အဖြေကို လျစ်လျူရှု၍ တိုက်ရိုက် ပြန်ဖြေလိုက်သည်။

“ကျွန်တော်က ကျွန်တော့်ကိုယ်ထဲက စွမ်းအားကို အမေ့ဆီ ပြန်ပေးမှာ… အကုန်လုံး မဟုတ်ရင်တောင် အနည်းဆုံး တစ်ဝက်လောက်တော့ ပေးမှာပဲ…”

ရဲဆွေ့၏ ရှင်းပြချက်ကို ကြားသောအခါ ရဲရှင်းဟွေ့မှာ မျက်မှောင်ကြုတ်သွားပြီး ဤသည်မှာ သူ လုပ်နိုင်သည့် ကိစ္စဖြစ်နိုင်ကြောင်း ခံစားလိုက်ရသည်။

ရဲရှင်းဟွေ့က သူ၏ ကျိုးကြောင်းဆင်ခြင်မှုကို လက်ခံသည်ကို မြင်သော် ရဲဆွေ့က ဆက်ပြောလိုက်၏။

“ဒါဆိုရင် ကျွန်တော်က ကျွန်တော့်စွမ်းအားကို အမေ့ကို ပေးလိုက်တဲ့အတွက် သူက ကလေးမွေးတဲ့အခါ… ကျွန်တော့်ဘက်က အနာဂတ်မှာ ဖြစ်ခဲ့တဲ့ တစ်ခုခု သူ့အပေါ် ဖြစ်လာလိမ့်မယ်… အဲဒါက… မွေးကင်းစ ကျွန်တော်က မိခင်ရဲ့ စွမ်းအားကို တိုက်ရိုက် စုပ်ယူတာပဲ… စုပ်ယူခံရတဲ့ စွမ်းအားက အရေးကြီးတာ မဟုတ်ဘူး… အရေးအကြီးဆုံးက အမေ့ကိုယ်ထဲက စွမ်းအားက ကျွန်တော် စုပ်ယူဖို့ လုံလောက်မှာ မဟုတ်ဘူး… အဲဒီအချိန်မှာ သူ့ရဲ့ အသက်စွမ်းအင်ရော ဝိညာဉ်စွမ်းအင်ပါ အစား စုပ်ယူခံရလိမ့်မယ်…”

ရှင်းပြပြီးနောက် ရဲဆွေ့က ရှိနေသူအားလုံးကို ကြည့်လိုက်သည်။ ဘယ်သူမှ ဘာမှ မပြောသည်ကို မြင်သောအခါ သူက ဆက်ပြောလိုက်၏။

“ဒါကြောင့်… ကျွန်တော်သာ ကျွန်တော့်စွမ်းအားကို အမေ့ကို မပေးခဲ့ရင်… သူက အနာဂတ်မှာ ကျွန်တော့်ကို မွေးတဲ့အခါ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး…”

ဤသည်မှာ ကျိုးကြောင်းဆီလျော်ပါ၏လား ။ အမှန်ပင် ဆီလျော်၏။

အဘယ်ကြောင့် ဆီလျော်သနည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းသာ အမှန်ဖြစ်ပါက ရဲဆွေ့မှာ ပျောက်ကွယ်သွားစရာ မလိုသောကြောင့်ပင်။

ရဲဆွေ့၏ ရှင်းပြချက်ကို တုံ့ပြန်သည့်အနေနှင့် ရဲရှင်းဟွေ့က ခေါင်းညိတ်၍ ပြောလိုက်သည်။

“ငါ နားလည်ပြီ… အချိန်ကျရင် လုံလောက်တဲ့ စွမ်းအင်ကို ငါ ပြင်ဆင်ထားမယ်…”

ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ ရဲဆွေ့မှာလည်း သက်ပြင်းတစ်ချက် ချလိုက်သည်။ စုချင်းကမူ ပေါင်ပေါင်းကို ဆွဲခေါ်လိုက်ပြီး သူမ၏ အမူအရာမှာ အလွန် စိုးရိမ်နေဆဲ ဖြစ်၏။

လူတိုင်းက ပေါင်ပေါင်းအတွက် စိုးရိမ်နေစဉ်မှာပင် ရဲမိသားစု၏ အိမ်တံခါးဘဲလ်က ရုတ်တရက် မြည်လာသည်။

တံခါးဘဲလ်သံကို ကြားသောအခါ ရဲယင်က တံခါးသွားဖွင့်ရန် ပြေးသွား၏။ မကြာမီ ရဲယင်က လူနှစ်ယောက်ကို ဧည့်ခန်းထဲသို့ ခေါ်ဆောင်လာသည်။

“ရှင်းဟွေ့နဲ့ ပေါင်ပေါင်း… မင်းတို့ ပြန်လာကြပြီကိုး…”

သူတို့ထဲမှ တစ်ယောက်က ဝင်လာသည်နှင့် ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းကို နှုတ်ဆက်လိုက်သည်။ ဤသူမှာ အခြားသူမဟုတ်၊ သူတို့ မတွေ့ဖြစ်သည်မှာ ကြာပြီဖြစ်သော ဝက်ဝံကန်းပင် ဖြစ်သည်။

ထိုအချိန်၌ ဝက်ဝံကန်းမှာ သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်၏။ တစ်ခုတည်းသော ခြားနားချက်မှာ သူက သူ တစ်နှစ်ပတ်လုံး တပ်ဆင်ထားသည့် နေကာမျက်မှန်ကို ချွတ်ထားပြီး တောက်ပသော မျက်လုံးတစ်စုံကို ဖော်ပြထားခြင်း ဖြစ်သည်။

ဝက်ဝံကန်းဘေးတွင် သာမန်အဝတ်အစားများ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေ၏။ ရဲရှင်းဟွေ့မှာ သူ့ကို ရင်းနှီးသလို ခံစားလိုက်ရသည်။ ရဲရှင်းဟွေ့က သေချာစဉ်းစားလိုက်ပြီးနောက် ဤသူမှာ တရုတ်နဂါးမင်းအဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လုံယန်ဟု အမည်ရကြောင်း အမှတ်ရသွားသည်။ ရဲရှင်းဟွေ့ ကျွန်းနိုင်ငံတွင် ရှိစဉ်က သူတို့ တစ်ကြိမ် တွေ့ဆုံခဲ့ဖူး၏။

လုံယန်က အခန်းထဲသို့ ဝင်လာပြီးနောက် ရဲချန်ထံသို့ လျှောက်လာပြီး လက်တစ်ဖက်ကို ဆန့်တန်းကာ ပြုံး၍ ပြောလိုက်သည်။

“မတွေ့တာကြာပြီပဲ ရဲချန်…”

ထိုအဖြစ်ကို မြင်သော် ရဲချန်ကလည်း သူ့လက်ကို ဆန့်တန်း၍ လက်ဆွဲနှုတ်ဆက်ကာ ပြောလိုက်သည်။

“သိပ်မကြာပါဘူး… ဒီတစ်ခေါက် နဂါးမင်းအဖွဲ့ရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ခင်ဗျား ကျွန်တော့်ဆီ လာရတဲ့ အကြောင်းရင်းက ဘာများလဲ…”

ရဲချန်က တည့်တိုးပင် မေးလိုက်၏။

“ဟားဟား…”

လုံယန်က ပြုံး၍ ပြောလိုက်သည်။

“ခင်ဗျားက နတ်ဘုရားနှင့်နတ်ဆိုးလောကရဲ့ အိမ်ရှေ့စံပဲ… သဘာဝအတိုင်းပဲ ကျွန်တော် ခင်ဗျားဆီ လာတာက နတ်ဘုရားနှင့်နတ်ဆိုးလောကနဲ့ တရုတ်ပြည်တို့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စအတွက်ပေါ့…”

“ကျွန်တော့်ကို အဲလို မခေါ်ပါနဲ့…”

ရဲချန်က ငြင်းပယ်သည့် အမူအရာ ပြုလုပ်၍ ပြောလိုက်သည်။

“အရင်အတိုင်းပဲ… ကျွန်တော့်ကို ချန်ညီတော်လို့ပဲ ခေါ်ပါ…”

“ကောင်းပြီလေ… ချန်ညီတော်… ကျွန်တော် ဒီတစ်ခေါက် လာတာက ခင်ဗျားက နတ်ဘုရားနှင့်နတ်ဆိုးလောကကို သူတို့ရဲ့ အင်အားကြီးသူ အချို့ကို ဆရာအဖြစ် လာလုပ်ဖို့ စီစဉ်ပေးစေချင်လို့ပါ…”

“ဟင်… ဆရာတွေ…”

ရဲချန်မှာ အနည်းငယ် ရှုပ်ထွေးသွားသည်။ နဂါးမင်းအဖွဲ့အစည်းဝင်များကို လေ့ကျင့်ပေးရန် အင်အားကြီးသူ အနည်းငယ်ကို တောင်းဆိုမည်ဆိုလျှင် ရဲချန် နားလည်နိုင်သော်လည်း သူတို့ကို ဆရာများအဖြစ် လာလုပ်ခိုင်းရန် တောင်းဆိုခြင်းမှာမူ သူ့ကို အနည်းငယ် နားမလည်နိုင် ဖြစ်စေသည်။

“ဟုတ်တယ်… ကျွန်တော်တို့က ကျင့်ကြံရေးကျောင်းတော်တစ်ခု တည်ထောင်ဖို့ စီစဉ်နေတယ်… ကျင့်ကြံဖို့ အရည်အချင်းရှိတဲ့ ကျောင်းသားတွေကို အထူးသီးသန့် စုဆောင်းမယ့် ကျောင်းတော်တစ်ခုပေါ့… ခင်ဗျားလည်း သိတဲ့အတိုင်းပဲ လက်တွေ့ကမ္ဘာရဲ့ ပတ်ဝန်းကျင်က အခု အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်နေပြီ… ပြီးတော့ ကျွန်တော်တို့က အနာဂတ်မှာ အင်အားကြီးသူကို လေးစားရတဲ့ ခေတ်ကို ဝင်ရောက်ရနိုင်ခြေ ရှိတယ်… ကျွန်တော်တို့က ကျင့်ကြံရေးကျောင်းတော်တစ်ခု တည်ထောင်တာဟာ မလွှဲမရှောင်သာတဲ့ ကိစ္စလို့ ယုံကြည်တယ်… ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ ဂိုဏ်းအမွေအနှစ်တွေ အများကြီး ရှိပေမယ့် နတ်ဘုရားနှင့်နတ်ဆိုးလောကနဲ့တော့ နှိုင်းယှဉ်လို့ မရသေးဘူး… ဒါကြောင့်မို့လို့…”

လုံယန်က သူ့စကားကို အဆုံးမသတ်သော်လည်း ရဲချန်မှာ သူ ဘာကို ဆိုလိုသည်ကို နားလည်လိုက်၏။

All Chapters