← Chapters

လက်ထပ်ခြင်း...

Vol. 31 Ch. 428

လက်ထပ်ခြင်း...

Vol. 31 Ch. 428

လုံယန်က သူ၏စကားကို အဆုံးမသတ်လိုက်သော်လည်း ရဲချန်က သူဘာကိုဆိုလိုသည်ကို နားလည်လိုက်၏။

ရဲချန်က များများစားစား မစဉ်းစားဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

"နိုင်ငံတော်က ကျင့်ကြံရေးကျောင်းတော် ထူထောင်ချင်မှတော့ ကျွန်တော်လည်း ထောက်ခံပေးရမှာပေါ့..."

လုံယန်က ထိုနေရာတွင် ရဲချန်နှင့် စကားပြောနေစဥ် ရဲရှင်းဟွေ့မှာလည်း ဝက်ဝံကန်းနှင့် စကားစပြောလိုက်သည်။

"ဝက်ဝံကန်း... မင်းတို့က နဂါးမင်းအဖွဲ့အစည်းက လူတွေနဲ့ ဘယ်လိုလုပ် ပေါင်းဖြစ်သွားတာလဲ..."

ဤသည်ကို ကြားသောအခါ ဝက်ဝံကန်းက ပခုံးတွန့်၍ ပြောလိုက်သည်။

"အင်း... ကာကွယ်ရမယ့် ပစ်မှတ်နှစ်ခုလုံးက ထွက်သွားပြီဆိုတော့ ငါနဲ့ ဇီးကွက်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ... အဲ့ဒီအချိန် နဂါးမင်းအဖွဲ့အစည်းက လူတစ်ယောက်က ငါတို့ကို လာခေါ်တာနဲ့ သခင်လေးရဲကို ပြောပြီးတော့ သူတို့ခေါ်တာကို လက်ခံလိုက်တာပဲ..."

ဝက်ဝံကန်း ရည်ညွှန်းလိုက်သည့် ကာကွယ်ရမည့် ပစ်မှတ်များမှာ သူနှင့် သူ၏အစ်ကို ရဲရှင်းချန် ဖြစ်ကြောင်းကို ရဲရှင်းဟွေ့က သိလိုက်၏။

"ဒါပေမဲ့... မင်းတို့နှစ်ယောက်က သတ်တာဖြတ်တာတွေနဲ့ ဘဝကို မရှင်သန်ချင်တော့ဘူးလို့ ပြောတယ်မလား... နဂါးမင်းအဖွဲ့အစည်းက မစ်ရှင်အမျိုးမျိုး ထွက်ရတယ်လို့ငါကြားတယ်..."

ပေါင်ပေါင်း၏ လွှမ်းမိုးမှုအောက်တွင် ဝက်ဝံကန်းမှာ ဂိမ်းသမားတစ်ယောက် ဖြစ်လာခဲ့ပြီး သူ၏ရည်းစားမှာလည်း သူ၏ကိုယ်ထဲ၌ ရှိနေ၏။ နှစ်ပေါင်းများစွာ သူရှာဖွေခဲ့သော ငွေများနှင့် ပေါင်းစပ်လိုက်လျှင် သူ၏ဘဝတစ်လျှောက်လုံး အေးအေးလူလူ သုံးစွဲရန် လုံလောက်နေပေပြီ။

ဝက်ဝံကန်းမှာ ငွေနှင့်မိန်းကလေး နှစ်မျိုးစလုံး ပိုင်ဆိုင်ထားသည့် အောင်မြင်သော လူတစ်ယောက်ဟု မှတ်ယူနိုင်၏။

ဇီးကွက်ဆိုလျှင်လည်း မိန်းကလေးများနှင့် ပေါင်းသင်းနိုင်ရန်အတွက် ကားမောင်းသင် ဆရာတစ်ယောက်အဖြစ် လုပ်ကိုင်နေသည်။ ပိုက်ဆံအတွက်လား။ ရဲချန်က သူတို့ကို ပို၍သာ ပေးမည်ဖြစ်ပြီး လျော့၍ပေးမည် မဟုတ်ပေ။

"တကယ်တော့...ငါနဲ့ ဇီးကွက်က အခု ထောက်ပံ့ရေးပိုင်းကို အဓိက တာဝန်ယူထားတာ... ဇီးကွက်က အခု နဂါးမင်းအဖွဲ့အစည်း စနိုက်ဘာစခန်းမှာ နည်းပြဖြစ်နေပြီး ငါကတော့ နဂါးမင်းအဖွဲ့အစည်းမှာ ခွေးစာကျွေးတာပေါ့... အိုး... ဒါနဲ့ မွေးမြူရေးခွေးတွေထဲက တစ်ကောင်ကို ရှောင်ဟာ့လို့ နာမည်ပေးထားတယ်... အရင်တစ်ခေါက် သခင်လေးရဲဖန် ပို့လိုက်တာလေ... မင်းသူ့ကိုပေးတဲ့ ခွေးလို့ ပြောတယ်..."

ရှောင်ဟာ့၏ အမည်ကို ကြားသောအခါ ရဲရှင်းဟွေ့က ပြုံး၍ ပြောလိုက်သည်။

"ရှောင်ဟာ့ အခု ဘယ်လိုနေလဲ..."

"အင်း... သူက အထူးမွေးမြူရေးခွေးဆိုတော့... အခွင့်အရေးတွေ အများကြီးရတယ်... ငါတောင် ပုံမှန်ဆို သူ့ကို သွားမစရဲဘူး..."

ဝက်ဝံကန်းက အားမလိုအားမရဖြင့် ပြောလိုက်၏။

"ဟားဟားဟား…"

ရဲရှင်းဟွေ့က ရယ်မော၍ ပြောလိုက်သည်။

"ငါအားတဲ့အခါ မင်းဆီ လာခဲ့မယ်... ပြီးတော့ ရှောင်ဟာ့ကို သင်ခန်းစာပေးဖို့ ကူညီလို့ရတာပေါ့..."

ရဲရှင်းဟွေ့ စကားပြော၍ အပြီးမှာပင် လုံယန်၏ အသံက ထွက်ပေါ်လာ၏။

"မင်းမှာ အချိန်မရှိတော့ဘူး... ဒီတစ်ခေါက် ငါနဲ့ လိုက်ခဲ့လိုက်တော့..."

ရဲရှင်းဟွေ့မှာ လုံယန်၏ စကားကြောင့် ကြောင်ငေးသွားသည်။

"ဘာကို ဆိုလိုတာလဲ..."

လုံယန်က ပြုံးလိုက်ပြီး ပြော၏။

"ဆိုလိုရင်းအတိုင်းပဲပေါ့... မင်းအဖေက ပြောတယ်... ဒီတစ်ခေါက် ငါပြန်သွားတဲ့အခါ မင်းကို ယာယီဆရာအဖြစ် ခေါ်သွားလို့ ရတယ်တဲ့..."

"ဟမ်..."

ရဲရှင်းဟွေ့က ရဲချန်ကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး

"အဖေ... ဘာကိုဆိုလိုတာလဲ... အဖေ့သဘောက ကျွန်တော့်ကို ဆရာလုပ်ခိုင်းမလို့လား..."

ရဲချန်က ခေါင်းညိတ်၍ ပြော၏။

"ဟုတ်တယ်... ဒါက မင်းအမေနဲ့ ငါ ဆုံးဖြတ်ထားတာ... မင်းကို လက်တွေ့ကမ္ဘာပေါ်မှာ အချိန်ပိုကြာကြာ နေစေချင်လို့၊ ဟိုဟိုဒီဒီ လျှောက်မသွားစေချင်လို့ ဒါတင်မကဘဲ မင်းနဲ့ ပေါင်ပေါင်းကို အမြန်ဆုံး လက်ထပ်စေချင်လို့လည်း ပါတယ်။"

ရဲရှင်းဟွေ့: "..."

"မဟုတ်ဘူးလေ... အဖေ... ကျွန်တော့်မှာ မသေမျိုးကျင့်ကြံရေးလောကမှာ လုပ်စရာတွေ ရှိသေးတယ်... ပြန်သိမ်းရမယ့် မဟာဗျူဟာမြောက် လက်နက်သုံးခုလည်း ရှိသေးတယ်... အဖေ..."

ရဲရှင်းဟွေ့ စကားမဆုံးမီမှာပင် ရဲချန်က သူ့ဘေးတွင် ပြုံးနေသော ရဲဆွေ့ကို လက်ညှိုးထိုး၍ ပြောလိုက်၏။

"ငါတို့မှာ ရှောင်ဆွေ့ မရှိဘူးလား... ရှောင်ဆွေ့ကို သွားခိုင်းလိုက်... သူက အရာအားလုံးကို ဖြေရှင်းနိုင်တယ်လို့ ပြောတယ်... မင်းက ဒီမှာပဲနေပြီး လက်ထပ်၊ ကလေးယူလိုက်တော့..."

"ဟုတ်တယ်... ဦးလေး... အိမ်မှာပဲ နေလိုက်ပါ..."

ရဲယင်ကလည်း ဤအချိန်တွင် ရှေ့သို့တက်လာပြီး ဝင်၍ပြောလိုက်၏။

သို့သော် ရဲယင်ကို အနည်းငယ် ရှက်သွားစေသည့်အရာမှာ စုချင်းက သူ၏နားကိုဆွဲ၍ ဆုံးမလိုက်ခြင်းပင် ဖြစ်သည်။

"မင်းလည်း ဘယ်မှသွားခွင့်မရှိဘူး... ခဏလောက် ဆရာလုပ်လိုက်... မင်း ထွက်သွားတာ ခဏလေးပဲ ရှိသေးတယ်... ရည်းစားတွေ အများကြီး စုထားပြီးပြီ... မင်းကို ထပ်သွားခွင့်ပေးလိုက်ရင် စာသင်ခန်းတစ်ခန်းစာတောင် ခေါ်လာမလားပဲ..."

ရဲယင်: "..."

"ဒါပေမဲ့... အဘွား... ဟိုဘက်မှာ ကျွန်တော့်ကို ကယ်ဖို့ စောင့်နေတဲ့သူတွေ ရှိသေးတယ်လေ..."

"ဟမ်... ရှောင်ဆွေ့ကို သွားခိုင်းလိုက်... ရှောင်ဆွေ့က အရာအားလုံး ဖြေရှင်းနိုင်တယ်လို့ ပြောတယ်... မင်းကိစ္စတွေကိုလည်း သူ့ကိုပဲ လွှဲထားလိုက်..."

စုချင်း ပြောလိုက်သည်ကို ကြားသောအခါ ရဲယင်မှာလည်း ရဲဆွေ့ကို မကျေမနပ် မျက်လုံးများဖြင့် ကြည့်လိုက်တော့သည်။

ရဲရှင်းဟွေ့မှာ နေချင်စိတ် မရှိသေးသည်ကို မြင်သောအခါ စုချင်းက ပေါင်ပေါင်းကို ဆွဲခေါ်လာပြီး အပြုံးနှင့် ပြောလိုက်၏။

"ပေါင်ပေါင်း... ခဏနေရင် ရှင်းဟွေ့နဲ့ လက်ထပ်လိုက်ရင် ဘယ်လိုလဲ..."

ပေါင်ပေါင်း၏ မျက်နှာက အနည်းငယ် နီမြန်းသွားသည်။ ရဲရှင်းဟွေ့အတွက် ပေါင်ပေါင်းကို ဤသို့မြင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ သူကလည်း ပေါင်ပေါင်း ဘာပြောမည်ကို သဘာဝအတိုင်း သိချင်နေမိသည်။

ပေါင်ပေါင်းက သဘောတူလိုက်သည်။

ပေါင်ပေါင်း၏ အဖြေက စုချင်းကို အလွန်ကျေနပ်စေခဲ့ပြီး ရဲရှင်းဟွေ့မှာလည်း သက်ပြင်းတစ်ချက် ချလိုက်နိုင်၏။

ရဲရှင်းဟွေ့က အစောကြီး လက်ထပ်ရန် ကန့်ကွက်ရသည့် အကြောင်းရင်းမှာ ပေါင်ပေါင်း သဘောမတူမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သူတို့နှစ်ယောက် ယခု အတူရှိနေပြီး အတူပေါင်းသင်းလာသည်မှာလည်း အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ပေါင်ပေါင်း ဘာတွေးနေသည်ကို ခန့်မှန်းရန် ခက်ခဲနေဆဲ ဖြစ်၏။

ယခု ပေါင်ပေါင်းက လက်ထပ်ရန် သဘောတူလိုက်ပြီ ဖြစ်သဖြင့် ရဲရှင်းဟွေ့မှာလည်း ငြင်းပယ်ရန် အကြောင်းမရှိတော့ချေ။

ရဲရှင်းဟွေ့ကလည်း သဘောတူလိုက်သည်မှာ သဘာဝပင် ဖြစ်သည်။

ရဲချန်က ရဲရှင်းဟွေ့ထံ လျှောက်သွားပြီး သူ၏ပခုံးကို ညင်သာစွာပုတ်၍ ပြောလိုက်၏။

"လက်တွေ့ကမ္ဘာက အခု ဝိညာဉ်စွမ်းအင်ပြန်လည်နိုးထခြင်း ခေတ်ကို ဖြတ်သန်းနေရတာ မင်းလည်း သိမှာပါ... ဒီပတ်ဝန်းကျင်အသစ်မှာ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေက အားကောင်းတဲ့ လူသားတွေကို ရှာဖွေဖို့၊ လူသားတွေကို ပိုသန်မာလာအောင် လုပ်ဖို့ နည်းလမ်းတွေကို ကြိုးစားရှာဖွေနေကြတယ်... တခြားအဓိကနိုင်ငံကြီးတွေမှာ မျိုးရိုးဗီဇလေ့လာမှုရဲ့ အခြေခံအုတ်မြစ်တွေ ရှိတယ်... ဝိညာဉ်စွမ်းအင်ပြန်လည်နိုးထခြင်း ပတ်ဝန်းကျင်မှာ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေနဲ့အတူ အားကောင်းတဲ့သူတွေ အများကြီး ပေါ်ထွက်လာမှာ သေချာတယ်... ငါတို့ကော... ငါတို့နိုင်ငံမှာ အဲဒါမရှိဘူး... ဒါကြောင့် ငါတို့က ကျင့်ကြံသူတွေအပေါ် အားကိုးဖို့ လိုအပ်တယ်..."

ဤသို့ပြောပြီးနောက် ရဲချန်၏ လေသံမှာ အလွန်တည်ကြည် လေးနက်သွားသည်။

"ရှင်းဟွေ့... နိုင်ငံတော် ပိုမိုအားကောင်းလာအောင် ကူညီရာမှာ မင်းရဲ့ခွန်အားကို ပေးစေချင်တယ်... မင်းမှာ အဲဒီလို ခွန်အားနဲ့ အရည်အချင်းရှိတယ်လို့ ငါယုံကြည်တယ်..."

ရဲချန် စကားဆုံးသည်နှင့် လုံယန်ကလည်း ထောက်ခံလိုက်၏။

"ရဲရှင်းဟွေ့... ငါတို့နိုင်ငံက မင်းရဲ့စွမ်းအားကို အရမ်းလိုအပ်နေတယ်..."

ရဲရှင်းဟွေ့၏ သွေးများမှာ သူ၏အဖေပြောစကားကြောင့် ဆူပွက်လာပြီး မည်သို့ငြင်းဆန်ရမည်ကိုလည်း မသိတော့ချေ။

"အင်း... ကျွန်တော် သွားပါ့မယ်…"

နောက်ဆုံးတွင် ရဲရှင်းဟွေ့က ခေါင်းညိတ် သဘောတူလိုက်သည်။

ရဲရှင်းဟွေ့ သဘောတူသည်ကို မြင်သောအခါ အစက တည်ကြည်နေဆဲဖြစ်သော ရဲချန်မှာ ချက်ချင်းပင် ပေါ့ပါးသွားပြီး လုံယန်ကို ပြုံး၍ပြောလိုက်သည်။

"ကြည့်လေ... ငါ့သား သဘောတူလိမ့်မယ်လို့ ငါပြောသားပဲ..."

"ကောင်းပြီ... ဒါပေမဲ့ မမေ့နဲ့... ရဲရှင်းဟွေ့က မင်းပြောသလောက် အားမကောင်းရင် မင်းကိုယ်တိုင် သွားပြီးတော့ နည်းပြချုပ် လုပ်ရမှာနော်..."

ထိုနှစ်ယောက်၏ စကားဝိုင်းကို ကြားသောအခါ ရဲရှင်းဟွေ့မှာ ကြောင်သွားသည်။

"ငါ... ငါ အစောက အလိမ်ခံလိုက်ရတာလား..."

ရဲရှင်းဟွေ့ ကြောင်နေသည်ကို မြင်သောအခါ ရဲချန်က သူ၏ပခုံးကို ညင်သာစွာ ပုတ်၍ ပြောလိုက်၏။

"မင်း သဘောတူပြီးသွားပြီဆိုတာ မမေ့နဲ့... ဒါကြောင့် ကောင်းကောင်းလုပ်..."

ရဲရှင်းဟွေ့မှာ သတိပြန်ဝင်လာပြီးနောက် ခုန်ပေါက်လိုက်သည်။

"ဟေ့... ခင်ဗျားတို့ ကျွန်တော့်ကို လိမ်တာ ကိစ္စမရှိပါဘူး... ဒါပေမဲ့... အနည်းဆုံးတော့ ကျွန်တော့်ကို မသိအောင် လုပ်လေဗျာ…"

အနည်းငယ် စိတ်ဓာတ်ကျနေသော ရဲယင်မှာ အလားတူ စိတ်ဓာတ်ကျနေသည့် ရဲရှင်းဟွေ့ကို မြင်သောအခါ ဟက်ခနဲ ရယ်လိုက်မိသည်။

သူ၏ရယ်သံကို ကြားသောအခါ ရဲရှင်းဟွေ့က ရဲယင်၏ လည်ပင်းကို ဖက်၍ ပြောလိုက်၏။

"ရှောင်ယင်... ငါကတော့ သွားရတော့မှာ... မင်းကော လွတ်မယ်ထင်လို့လား..."

ရဲယင်: "..."

"မဟုတ်ဘူးလေ... ဦးလေး... ဦးလေးလည်း သိသားပဲ... ရူဟွားတို့ ရှောင်ပင်းတို့က ကျွန်တော့်ကို စောင့်နေကြတာ..."

"ဟဲဟဲဟဲ…"

ရဲရှင်းဟွေ့က ပြုံး၍ ပြောလိုက်သည်။

"ငါတို့မှာ ရဲဆွေ့ ရှိတယ် မဟုတ်လား..."

All Chapters