← Chapters

ခန်းလန်မြို့မှ ဧည့်သည်များ

Vol. 8 Ch. 102

ခန်းလန်မြို့မှ ဧည့်သည်များ

Vol. 8 Ch. 102

"ထွက်ပြေးဖို့ ကြိုးစားနေတာလား"

ချိုက်ရှား ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ ကျိယွမ်၏မျက်နှာက အေးစက်သွားသည် ။

သူက ဓားကျိုးကိုဆွဲကိုင်လျှက် ချိုက်ရှားနောက်သို့ ချက်ချင်းလိုက်တော့သည် ။

"သူ့ကိုတားကြ"

ချိုက်ရှားက ထိတ်လန့်စွာအော်ဟစ်လိုက်ရာ နတ်ဆိုးအားလုံးသည် ပို၍ပင် ရူးသွပ်လာကြပြီး ကျိယွမ်ကို ဒလမန်းကြမ်း တိုက်ခိုက်ကြတော့သည် ။

နတ်ဆိုးများက ကျိယွမ်ကို ပိတ်ဆို့ထားလိုက်သည်ကို မြင်သောအခါ ချိုက်ရှားက အနည်းငယ် စိတ်အေးသွားသည်။

သူမက ကျိယွမ်အား ရဲတင်းစွာကြည့်ပြီး ကြိမ်းဝါး၏။

"ဝူကွေမြို့ကို တိုင်းပြည်အစောင့်တစ်ယောက်ရောက်လာမယ်လို့ မထင်ထားမိဘူး၊နင်က အစွမ်းထက်လွန်းတယ်၊ငါမယှဥ်နိုင်ပါဘူး"

"ဒါပေမဲ့ တောင်ပိုင်းက ကျဆုံးဖို့ကံကြမ္မာပါပြီးသားပဲ၊နင်တိုက်ခိုက်နေလည်း အကျိုးမရှိဘူးဆိုတာ တစ်နေ့သိလာလိမ့်မယ်"

"အခုငါသွားတော့မယ်၊ဒါပေမဲ့ ငါပြန်လာဦးမှာပါ ၊ အဲဒီအချိန်ကျရင်တော့ ဝူကွေမြို့ကို မှုန့်မှုန့်ညက်ညက်ချေပစ်မယ်"

ထိုသို့ပြောပြီးနောက် သူမသည် နောက်သို့လှည့်၍ လျှင်မြန်စွာထွက်ပြေးသွားသည် ။

"ငါကာကွယ်နေတဲ့မြို့ကိုများ အမှုန့်ချေပစ်မယ်ဆိုပဲ၊နင်က သေလမ်းရှာနေတာလား"

ကျိယွမ်က လူရာဓားရော ကောင်းကင်ပေါ်သို့ မြောက်တက်သွားသည်။

ရိုးရိုးလေးချနေလို့ ပမာမခန့်လုပ်နေကြတာ။

"ကောင်းကင်ပိုင်းဖြတ်ဓားချက်"

ဒေါသထွက်သွားသောကျိယွမ်သည် သူ၏ အစွမ်းအထက်ဆုံး ဓားနည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည် ။

ဓားချက်တစ်ချက်တည်းဖြင့် သူ့ကိုဝိုင်းထားသည့် နတ်ဆိုးရာပေါင်းများစွာသည် စိစိညက်ညက်ကျေအောင် ခုတ်ထစ်ခံလိုက်ရသည်။

ချိုက်ရှားမှာ ထိုအရာကိုခံစားမိသောအခါ နေစရာမရှိအောင် ကြောက်ရွံသွားသည်။

အရှင်သခင်အဆင့်နတ်ဆိုးဆယ်ကောင်ကျော်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းသည် သာမန် တိုင်းပြည်အစောင့်တစ်ဦး လုပ်နိုင်သည့်အရာ မဟုတ်ပါ ။

ထိုအခိုက်လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ချိုက်ရှားသည် ကျိယွမ်၏အော်ဟစ်သံကို ကြားလိုက်ရသည် ။

"ဘာအခုမှပြေးတာလဲ ၊ အခုရပ်လ်ုက်စမ်း"

အားကောင်းသော လေလှိုင်းတစ်ခုသည် သူမ၏ခါးကို ထိမှန်လိုက်ရာ သူမသည်ကြိုးပြတ်သွားသည့် စွန်ကဲ့သို့ လေထဲမှ ပြုတ်ကျလာသည် ။

ပြင်းထန်သောဒဏ်ရာကြောင့် မတ်တပ်ပင်ပြန်မရပ်နိုင်တော့ပါ။သိူ့သော် သေဘေးကိုကြောက်လန့်သဖြင့် လွတ်လိုလွတ်ငြား လေးဘက်ထောက်၍ဆက်ပြေးသော်လည်း မည်သို့လွတ်နိုင်တော့မည်နည်း။

ပြင်းထန်သောဓားချက်က သူမ၏ခန္ဓာကိူယ်အား ခါးမှထက်ဝက်ပိုင်းဖြတ်ပစ်သည်။

ချိုက်ရှားကို သတ်ပြီးနောက် ကျိယွမ်သည် နတ်ဆိုးတပ်ကြီးထံ လှည့်ပြန်သည် ။

သူက လေ့လာစရာများရှိနေသောကြောင့် အလျင်လိုနေ၏ ။ထို့ကြောင့် အပြင်းထန်ဆုံးနှင့်အရက်စက်ဆုံးဓားချက်များကိုချည်း သုံးသည်။

နာရီဝက်ခန့်အကြာမှာတော့ မြို့ရိုးရှေ့ရှိသဲပြင်ပေါ်၌ နတ်ဆုံးအလောင်းများ ပုံထပ်သွားသည်။

ယခုဆိုလျှင် ဝူကွေမြို့အပြင်ဘက်သည် နတ်ဆိုးသင်္ချိုင်းတစ်ခုအလားရှိလေ၏။

သဲထဲနစ်​မြုပ်သွားသော အရိုးစုများရှိသလို ပုပ်ပွနေသောအလောင်းများနှင့် လတ်ဆက်သောအလောင်းများက သဲပြင်ပေါ်၌ ဟိုဟိုဒီဒီပြန်ကျဲ့နေ​၏။

ကျန်းရှန်နှင့်ချန်ကျောင်းတို့လိုမြုပ်နှံပေးသူ မရှိသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးက ရွံရှာစပ်ဆုတ်ဖွယ်ဖြစ်နေ​တော့သည်။

ကျိယွမ်သည် ဝူကွေမြို့ရိုးပေါ်သို့ ပြန်ရောက်လာသည် ။

ယခုအချိန်တွင် သူအသိချင်ဆုံးအရာမှာ နတ်ဆိုးအနှစ်သာရသည် မည်သည့်အရာ ဖြစ်သနည်းဆိုသည်ကိုပင်။

သူသည် ငြိမ်သက်စွာထိုင်လိုက်ကာ အာရုံစူးစိုက်ဆင်ခြင်သုံးသပ်ပြီး သူ၏ခန္ဓာကိုယ်ကို ဂရုတစိုက် ခံစားကြည့်သည် ။

အချိန်အနည်းငယ်ကြာပြီးနောက် ကျိယွမ်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။

သူ၏စိတ်ဝိညာဉ်တွင် ဆန်စေ့အရွယ်အစားရှိ ဓာတ်ငွေ့အစက်လေးတစ်ခုကို သူ သတိထားမိသည် ။

ဤဓာတ်ငွေ့သည် ရောင်စုံဖြစ်ပြီး အရောင်အသွေးများစွာ ပိုင်ဆိုင်ထားသည် ။

"ဒါက နတ်ဆိုးအနှစ်သာရ ဆိုတာလား"

【နတ်ဆိုးအနှစ်သာရ၊ သက်ရှိသတ္တဝါများ၏ မကောင်းမှုများဖြစ်သည်။ မာန၊ မနာလိုမှု၊ ဒေါသ၊ ပျင်းရိမှု၊ လောဘ၊ စားချင်စိတ်ကြီးခြင်း၊ ကာမရာဂ။】

"အပြစ်ခုနစ်ပါးလား ။"

"ဒါဆို ဒီဟာက ကောင်းတဲ့အရာတစ်ခုလို့ မထင်ဘူး ။"

သူ၏ စိတ်ဝိညာဉ်သည် ထိုဆန်စေ့အရွယ် နတ်ဆိုးအနှစ်သာရကို ထိလိုက်သည်နှင့် ချက်ချင်းပင် သူ၏ စိတ်ထဲတွင် ရူပါရုံများစွာ လွှမ်းမိုးသွားသည် ။

သူသည် သူ့ကိုယ်သူ အလင်းနန်းတော်ကိုဖျက်စီးနေသည်ကို မြင်သည် ။

သူသည် တောင်ပုံရာပုံပမာဏ အရသာရှိသော အစားအစာများကို အငတ်တစ်ယောက်လို ပလုတ်ပလောင်းစားသုံးသည် ။

သူသည် သူ၏ ညီမငယ်ကျန်းလင်းစု၏ ဝတ်စုံကိုဆုတ်ဖြဲပြီး သူမ၏လှပသောခြေထောက်များပေါ်တွင် ခြေအိတ်များ ဝတ်ဆင်ပေးသည် ။

" ဗီဇပြောင်းလဲမှုစွမ်းရည်က ကောင်းတဲ့အရာ မဟုတ်ဘူးလို့ ငါခံစားရတယ် ။"

ကျိယွမ်က သူသည် မကောင်းမှုထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်သည်ကို သဘောပေါက်သွား၏။

သို့သော် ခဏမျှ စဉ်းစားပြီးနောက် သူသည်ထိုအတွေးကို ဖယ်ရှားလိုက်သည် ။

"စကားတစ်ခွန်း ရှိတယ် ၊မကောင်းသော ကိုယ်ခံပညာ မရှိ၊ မကောင်းသော လူသာ ရှိသည်တဲ့"

"နတ်ဆိုးအနှစ်သာရက လူ့သဘာဝရဲ့ အခြားတစ်ဖက်ခြမ်းကို ဖော်ပြနေတာပဲ။လူတိုင်းမှာရှိတယ် ၊ထိန်းသိမ်းခြင်း မထိန်းသိမ်းခြင်းနဲ့သာ သက်ဆိုင်တာ ၊ အားလုံးက ငါ့အပေါ်ပဲ မူတည်တယ်"

ကျိယွမ်က သူ၏ခံယူချက်ကိုပြောင်းလဲလိုက်သောအခါ ဗီဇပြောင်းလဲခြင်းစွမ်းရည်အပေါ် လက်ခံသွားနိုင်သည်။

"ငါသာ ဒီလောကထဲမှာရှိတဲ့ နတ်ဆိုးအားလုံးကို သတ်လိုက်ရင် နတ်ဆိုးအနှစ်သာရ ဘယ်လောက်ရနိုင်မလဲ "

"ဒါကို ငါ့ ရဲ့အမြုတေထဲကိုထည့်ပြီး သန့်စင်လိုက်ရင် ငါ့အမြုတေက သာမန်ထက်ထူးခြားပြီး အစွမ်းထက်လာနိုင်တယ်"

ထိုသို့ဖြစ်လျှင် သူ၏အမြုတေက ရန်သူများ၏ ခံစားမှုခုနှစ်မျိုးနှင့်အာရုံခြောက်ပါးကိုနှိုးဆွပြီး အတွင်းစိတ်နတ်ဆိုးများကို ပေါက်ဖွားစေနိုင်လိမ့်မည် ။

ကျိယွမ်သည် နက်နဲစွာစဥ်းစားနေမိလေ၏။

ထိုသို့ဖြစ်နိုင်လျှင် သူ၏အမြုတေသည် အခြားသူများ၏ စိတ်ခံစားမှုများနှင့်ဆန္ဒများကို ထိန်းချုပ်နိုင်လာမည်လား။

ထိုအတွေးက ကျိယွမ်ကို တော်တော်လေးကျေနပ်စေသည် ။

"ဒါက တော်တော်လေး အစွမ်းထက်မယ်လို့ ငါထင်တယ်"

သူ၏ စိတ်ခံစားမှုသည် သိသိသာသာ တိုးတက်လာသည် ။

...................

နှစ်နှစ်ဟူသောအချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ကျယ်ပြန့်သော သဲကန္တာရထဲတွင် ယွမ်ချီ တစ်ယောက်တည်း ဇွဲမလျှော့တမ်းလမ်းလျှောက်နေသည်၊ သူ၏ မျက်နှာသည် အက်ကွဲနေပြီး အင်အားများကုန်ခမ်းကာ အခြေအနေ မကောင်းသည့်ပုံပေါ်သည် ။

ဝူကွေမြို့သို့ သွားရာလမ်းတွင် သူသည် လမ်းပျောက်နေသည့်နတ်ဆိုးများစွာနှင့် ကြုံတွေ့ခဲ့သည့်အခါများရှိခဲ့၏ ။

ကံကောင်းထောက်မစွာဖြင့် အကြိမ်ပေါင်းများစွာ သေလုနီးပါးဖြင့် အနိုင်နိုင်ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် ယခုအချိန်ထိ သူ အသက်ရှင်နိုင်နေခြင်းပင်။

ယခုဆိုလျှင် သူသည်အလွန်အားနည်းနေလေပြီ ။သူ့ကိုယ်သူပင်မသယ်ချင်လောက်အောင် ပင်ပန်းလှ၏။။

သို့သော် သူသည် သူ၏ကျောဘက်ရှိ သစ်သားသေတ္တာကို လုံးဝမစွန့်ပစ်ခဲ့ပါ ။

"မဟာရှားကနေ ဝူကွေမြို့အထိ လမ်းခရီးတစ်လျှောက်လုံး နတ်ဆိုးတွေနဲ့ ပြည့်နေတာပဲ ။ ငါ့အစ်ကိုနဲ့ သူ့လူတွေ ဝူကွေမြို့ကို ဘယ်လိုရောက်သွားခဲ့တာလဲ၊ ဒါမှမဟုတ်... ငါ့အစ်ကို ဝူကွေမြို့ကိုရော ရောက်ခဲ့ရဲ့လား"

ယွမ်ချီသည် သံသယများ ပြည့်နှက်နေပြီး ဝူကွေမြို့၏ အခြေအနေကို အမြန်ဆုံးသိချင်နေသည်။

ဖြစ်ချင်ရာဖြစ် ရောက်အောင်သွားရမယ်။

သူကကျောဘက်မှ သေတ္တာကိုပင့်တင်လိုက်ရင်း ခရီးဆက်ရန်ပြင်လိုက်သည်။

ထိုအချိန်၌ သူ၏နောက်ကွယ်မှ အသံတစ်ခု ထွက်ပေါ်လာသည် ။

"ညီအစ်ကို၊ ခင်ဗျားလည်း တောင်ပိုင်းက ကျင့်ကြံသူ တစ်ယောက်လား ။"

"ဟင်..."

ယွမ်ချီသည် အလန့်တကြားလှည့်ကြည့်သောအခါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။

ထိုနှစ်ဦးစလုံးက သူ့ကို သတိဖြင့် ကြည့်နေကြလေ၏။

"ဟုတ်ပါတယ်၊ ခင်ဗျားတို့ကရော ဘယ်သူတွေလဲ"

ယွမ်ချီ အဖြေပြန်ပေးရင်း အတွေးများစွာ ဖြစ်ပေါ်နေသည်။

တစ်နှစ်တစ်နှစ် မြို့ပေါင်းတစ်သိန်းနှင့်ရှစ်ထောင်မှ လူသားကျင့်ကြံသူများစွာသည် မြောက်ပိုင်းသို့ ကူးပြောင်းပြေးကြသည်ဟု သူကြားဖူးလေ၏။

ထိုစုံတွဲတွင် နတ်ဆိုးထိန်းချုပ်သူများ၏ အမှတ်အသားများ မရှိသော်လည်း ယခုအခြေအနေတွင် သတိထားနေမှ တော်ကာကြလိမ့်မည်။

"ကျွန်တော်တို့က ခန်းလန်မြို့က ကျင့်ကြံသူတွေပါ၊ ဝူကွေမြို့ကို သွားနေကြပါတယ်"

အမျိုးသားဖြစ်သူက ယွမ်ချီအား အကဲခတ်ကာ မေးလိုက်သည်။

"ခင်ဗျားရဲ့ ဦးတည်ရာကို ကြည့်ရတာ ဝူကွေမြို့ကို သွားနေပုံရတယ်။ မဟာရှားကလား ။"

ယွမ်ချီသည် စိတ်အနည်းငယ်အေးသွားပြီး အမှန်အတိုင်းဖြေ​၏။

"ဟုတ်ပါတယ်"

"ကျွန်တော်ထင်တာ မှန်နေတာပဲ"

အမျိုးသားက ခေါင်းတညိတ်ညိတ်ရှိစဥ်

သူ့ဘေးမှ အမျိုးသမီးက လျင်မြန်စွာ မေးသည်။

"ရှင်က မဟာရှားကဆိုတော့ ဝူကွေမြို့ရဲ့ ကာကွယ်သူကို သိမှာပေါ့"

ကျိယွမ် ငြိမ်သက်သွား၏။

ဝူကွေမြို့ရဲ့ ကာကွယ်သူလား ။

ယွမ်ချီ ခေါင်းခါသည် ။

သူ မသိပါ ။

"ကျွန်တော့်အစ်ကိုက စစ်သည်တွေကို ဦးဆောင်ပြီး ဝူကွေမြို့ကို ထောက်ပံ့ဖို့ ထွက်သွားခဲ့ပြီး ဘယ်တော့မှ ပြန်မလာခဲ့ဘူးဆိုတာပဲ ကျွန်တော် သိပါတယ် ။"

"ဝူကွေမြို့နဲ့ အဆက်အသွယ်မရတာ အရမ်းကြာပါပြီ ။ ကျွန်တော်တို့မှာလည်း သတင်းအချက်အလက် အများကြီး မရှိပါဘူး ။

ဒါပေမဲ့ ဝူကွေမြို့ရဲ့ကာကွယ်သူက တိုင်းပြည်အစောင့်တစ်ဦးဖြစ်တယ်လို့ ကျွန်တော်တို့ သတင်းကြားခဲ့ရပါတယ်။"

"သူက ဝူကွေ့မြို့ကို တစ်ယောက်တည်းနဲ့သုံးနှစ်နီးပါးကာကွယ်ခဲ့တယ်"

အရပ်ရှည်သောအမျိုးသား၏ မျက်လုံးများတွင် လေးစားမှုများ ပြသနေသည် ။

"ကျွန်တော်နဲ့ကျွန်တော့်ညီမလေးက ကာကွယ်သူကို သွားရောက်တွေ့ဆုံပြီး အရေးကြီးကိစ္စတစ်ခု ဆွေးနွေးဖို့ သွားနေတာပါ"

ယွမ်ချီသည် အံ့သြသွားသည် ။

တိုင်းပြည်စောင့်တဲ့လား။

မဟာရှားတိုင်းပြည်တွင် တိုင်းပြည်စောင့်အဆင့်တစ်ဦးမှ မရှိပါ။

ဝူကွေမြို့၏ကာကွယ်သူသည် မည်သူဖြစ်လေသနည်း။

သူတစ်ယောက်တည်းဖြင့် မြို့ကိုသုံးနှစ်အထိ ကာကွယ်နေရသည်။

"ဘယ်လောက်... ဝမ်းနည်းစရာ ကောင်းလိုက်သလဲ"

ယွမ်ချီသည် ကာကွယ်သူအတွက် ဝမ်းနည်းခြင်းဝေဒနာ ခံစားလိုက်ရသည် ။

"ကျွန်တော်တို့အားလုံး ဝူကွေမြို့ကို ဦးတည်နေတာဆိုတော့ အတူတူ ခရီးသွားကြတာပေါ့ ။"

ငါးရက်ကြာပြီးနောက် ယွမ်ချီသည် ညီအစ်ကိုမောင်နှမနှစ်ဦး၏သာမန်အချက်အလက်အချို့အပြင် ဝူကွေမြို့သို့ သွားရောက်ရသည့် ရည်ရွယ်ချက်ကို သိရှိခဲ့သည် ။

သူတို့၏အမည်များမှာ လျူဝမ်ထိုင်းနှင့် လျူဝမ်မေတို့ ဖြစ်သည် ။

သူတို့သည် ဝူကွေ့မြို့၏ကာကွယ်သူကို ခန်းလန်မြို့သို့ဆွဲဆောင်စည်းရုံးရန် ထွက်လာခဲ့ခြင်းပင်။

သူတို့သည် ယွမ်ချီကို တွေ့သောအခါ မဟာရှားမှဖြစ်နိုင်သည်ကို ခန့်မှန်းမိ၏။သူသည် ကာကွယ်သူကိုသိကောင်းသိနေနိုင်သဖြင့် ဆွဲဆောင်စည်းရုံးရာ၌ အကူအညီပေးနိုင်သည်ဟု တွေးမိကာ မိတ်ဖွဲ့ခဲ့ခြင်းပင်။

ယွမ်ချီသည် အစပိုင်းတွင် ထိုအကြံကို ဆန့်ကျင်ခဲ့သည် ။

မဟာရှား၏ ကာကွယ်သူသည် အဘယ်ကြောင့် ဝူကွေမြို့ကို စွန့်ခွာပြီး ခန်းလန်မြို့အတွက် ထွက်ခွာသင့်မည်နည်း။

သို့သော် လျူဝမ်ထိုင်းနှင့် လျူဝမ်မေတို့က သူ့ကို သေချာရှင်းပြ၏။

ဝူကွေမြို့ကို တစ်ယက်တည်းကာကွယ်ခိုင်းထားခြင်းမှာ ထိုသူအတွက် တရားမျှတမှု မရှိချေ။

မြို့တိုင်းတွင်ကာကွယ်သူများစွာရှိပြီး အဆက်မပြတ်လည်းထောက်ပံ့ပေးနေ၏။

သို့သော် မဟာရှားကတော့ ထိုသူအား တစ်ယောက်တည်း စွန့်ပစ်ထားသည်။

၂ နှစ်တိတိ သက်စွန့်ကြိုးပမ်း​ကာကွယ်ပေးသည့်တိုင် မည်သည့်ထောက်ပံ့မှုမှပေးရန် မကြိုးစားခဲ့ပါ။

ထိုအရာက တရားမျှတပါသည်လား။

ကာကွယ်သူကတာဝန်ကျေ​သော်လည်း မဟာရှားက သူ့အားသေသည်အထိစွန့်ပစ်ထားခြင်းသာဖြစ်သည်။

ထိုမျှရဲရင့်ပြီးသစ္စာရှိသူအား ဝူကွေမြို့တွင် အသေခံခိုင်းသင့်ပါသလား။

ယွမ်ချီသည် မဟာရှားတိုင်းပြည်တွင်အပြစ်ရှိသည်ဟု ခံစားရခြင်းနှင့် မိမိကိုယ်ကို အပြစ်တင်ခြင်းတို့ကို ခံစားရသည် ။

သူတို့က မနားတမ်းခရီးဆက်လာရာ နောက်ဆုံးတွင် ဝူကွေမြို့၏မြင့်မားသောမြို့ရိုးများကို မြင်လိုက်ရတော့သည်။

လျူဝမ်ထိုင်းသည် မြို့ရိုးပေါ်မှ တလွင့်လွင့်လူးနေသော အလံကို လေးစားမှုဖြင့် ကြည့်သည်။

"မြို့တစ်မြို့ကို တစ်ယောက်တည်း ကာကွယ်တယ်၊ ဘယ်လောက်တောင် ခမ်းနားမြင့်မြတ်လိုက်သလဲ"

သူ့ဘေးမှ လျူဝမ်မေသည် သူမ၏ ခွန်အားကိုစုစည်းပြီး ဝူကွေမြို့ဆီကို အော်ဟစ်လိုက်သည်:

"ခမ်းလန်မြို့မှ သံတမန်များက ဝူကွေမြိုရဲ့ကာကွယ်သူကို ဝင်ရောက်တွေ့ဆုံခွင့်တောင်းပါတယ်"

ကျယ်လောင်သောအသံသည် မြို့ထဲတွင် ပဲ့တင်ထပ်သွားသည် ။

သို့သော် စက္ကန့်များစွာကြာသည်အထိ တုံ့ပြန်မှု မရှိပါ ။

လျူဝမ်ထိုင်းသည် မကောင်းသော အတိတ်နိမိတ်ကို ခံစားလိုက်ရပြီး ​သတိပေးသည်။

"မကောင်းတော့ဘူး၊ ဝူကွေ့မြို့မှာ တစ်ခုခု ဖြစ်သွားပြီ"

သုံးဦးစလုံး မြို့ဆီသို့ လျှင်မြန်စွာပြေးသွားကြသည် ။

သူတို့သည် မြို့ရိုးအနီးသို့ ရောက်သောအခါ မမြင်နိုင်သည့် အတားအဆီးတစ်ခုကို ရုတ်တရက် တိုက်မိသည် ။

" ဘာကြီးလဲ ။"

သုံးဦးစလုံး ပြုတ်ကျသွားပြီး ရှေ့ကို အံ့ဩစွာ ကြည့်နေကြသည် ။

"ဘေးဖယ်ပေးကြဦး"

ပျင်းရိသော အသံတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက် သဲများလွင့်ပျံသွားပြီး ကျိုးပဲ့နေသောဓားကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦးသည် မြေကြီးထဲမှ ထွက်လာသည်။

သူ၏မျက်နှာသည် အိပ်ချင်မူးတူး ပုံပေါက်နေဆဲရှိ၏။

ယွမ်ချီသည် သူ့ကို စိုက်ကြည့်ရင်း အံ့အားသင့်သွားသည် ။

အသက်ကငယ်ငယ်လေးရှိသေးတာလား။

လျူဝမ်ထိုင်းနှင့် လျူဝမ်မေတို့တွင်လည်း ထိုအတွေးမျိုး ဖြစ်နေသည် ။

ဝူကွေ့မြို့တွင် လူတစ်ဦးတည်းသာရှိသည်ဟု သိမထားပါက ထိုလူငယ်ကို သာမန်အစောင့်တစ်ယောက်ဟုသာ ထင်မိမှာသေချာ၏။

"ခင်ဗျားက ဝူကွေမြို့ရဲ့ ကာကွယ်သူလား"

လျူဝမ်ထိုင်းက မေးလိုက်သည် ။

"ဟုတ်ပါတယ်"

မြေကြီးထဲမှ ထွက်လာသည့် အမျိုးသားမှာ ကျိယွမ် ဖြစ်သည် ။

"ခင်ဗျားတို့ ဝူကွေမြို့ကို ဘာလာလုပ်ကြတာလဲ၊ ဒီလောက် စောစောစီးစီး သူများအနှောက်အယှက်ဖြစ်အောင်။"

"ကျွန်တော်က လျူဝမ်ထိုင်းပါ၊သူကတော့ ကျွန်တော့်ညီမ လျူဝမ်မေ ။ ခန်းလန်မြို့က ဖြစ်ပါတယ် ၊ အရေးကြီးကိစ္စတစ်ခုကြောင့် ကာကွယ်သူကို လာရောက်တွေ့ဆုံခြင်းပါ"

"ပြောပါ"

ကျိယွမ်၏ စကားများက တိုတောင်းနေသည်။သူကအိပ်ရေးမဝဖြစ်ကာ စိတ်တိုနေပုံရ၏။

"ခင်ဗျား ဝူကွေမြို့ကို တစ်ယောက်တည်း ကာကွယ်နေတာကို ကျွန်တော်တို့ လေးစားပါတယ် ။ခန်းလန်မြို့က ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကတောင် ခင်ဗျားကို အလွန် ချီးကျူးပါတယ်"

လျူဝမ်ထိုင်းက ချီးကျူးစကားဖြင့် စတင်သည် ။

"အဓိက အချက်ကို ပြောပါလား"

ကျိယွမ် စိတ်မရှည်ဖြစ်လာသည် ။

သူက လူသားများထက် နတ်ဆိုးများနှင့် ဆက်ဆံရသည်က ပိုကောင်းသည်ဟုပင် ရုတ်တရက်ခံစားရသည်။ လူသားများသည် စကားများတစ်ခွန်းပြောရန် ဝေ့ဝိုက်လွန်းသည် ။ နတ်ဆိုးများက ထိုသို့မဟုတ်ပေ။ တိုတိုတုတ်တုတ်သာ အော်ဟစ်ကြ၏။

အဝတ်အစားများဆိုလျှင် စကားတောင်မပြော​ကြပေ။

လျူဝမ်ထိုင်းက အနည်းငယ်စိုးရွံ့နေသလို ပြောလေသည်။

"ဝူကွေမြို့ကို တစ်ယောက်တည်း ကာကွယ်နိုင်တာကလ ကြီးမားတဲ့အောင်မြင်မှုတစ်ခုပ့ပဲ၊ကျွန်တော်တို့ခေါင်းဆောင်ရဲ့ အမိန့်အရ ခင်ဗျားကို ခန်းလန်မြို့ကို ဖိတ်ခေါ်ပါတယ် ။

ကျွန်တော်တို့မှာ တိုင်းပြည်စောင့်အဆင့် ဒါဇင်ပေါင်းများစွာအပြင် အရှင်သခင်ရာပေါင်းများစွာရှိပြီး အင်အားကြီးမားတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ် ။ တောင်ပိုင်းနဲ့ မြောက်ပိုင်းစစ်ပွဲတွေ စတင်ခဲ့ချိန်ကတည်းက အခုထိ မြို့တစ်မြို့ကိုတောင် တစ်ခါမှ မဆုံးရှုံးဖူးပါဘူး။"

" အခု ကျွန်တော်တို့ နတ်ဆိုးတပ်ကြီးကို တန်ပြန်တိုက်ခိုက်ဖို့၊ နတ်ဆိုးထိန်းချုပ်သူ ခေါင်းဆောင်မီဆန်ကို အနိုင်ယူဖို့နဲ့ ဆယ်နှစ်ကြာ ငြိမ်းချမ်းရေးကို ရယူဖို့ စီစဉ်နေပါတယ် ။ ဒါပေမဲ့ ခန်းလန်မြို့မှာ လူအင်အား လိုအပ်နေပါတယ်၊ တိုင်းပြည်အစောင့်ဖြစ်တဲ့ ခင်ဗျားက ကျွန်တော်တို့ရဲ့ တန်ပြန်တိုက်ခိုက်မှုမှာ အကူအညီကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်"

လျူဝမ်ထိုင်းသည် ပြောရင်းစိတ်လှုပ်ရှားလာ၏။

ယနေ့အချိန်ထိ လူသားများက အမြဲခုခံနေရပြီး နတ်ဆိုးများကိုသွားရောက်တိုက်ခိုက်ခြင်းသည် တစ်ခါမှ မဖြစ်ဖူးသေးပါ ။

ယခုကိစ္စအောင်မြင်ပါက တာ့ဆွေတိုင်းပြည်၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်လိမ့်မည် ။

သူတို့သည်လည်း သမိုင်းတွင်မှတ်ကျောက်တင်ခြင်းခံရလိမ့်မည် ။

ကျိယွမ်က ချက်ချင်းခေါင်းခါသည်။

"တောင်းပန်ပါတယ်၊ ကျွန်တော် စိတ်မဝင်စားပါဘူး ။"

လျူဝမ်မေနှင့် လျူဝမ်ထိုင်းတို့ အံ့အားသင့်သွားသည် ။

လျူဝမ်ထိုင်းက လျင်မြန်စွာ ထပ်ပြောသည်။

"ပြန်လည် စဉ်းစားပေးပါ့လား ။

ခင်ဗျား ပါဝင်မယ်ဆိုရင် ခန်းလန်မြို့က နှစ်စဉ် ဆေးကြီးဆယ်မျိုး ပေးပါလိမ့်မယ်၊ ပြီးတော့ ခင်ဗျားရဲ့ ခွန်အားကို မြှင့်တင်ပေးမယ့် အစွမ်းထက်တဲ့ နည်းစနစ်တွေကို သင်ယူခွင့် ရပါလိမ့်မယ် ။"

လျူဝမ်ထိုင်းက ဆုလာဘ်များဖြင့် ကမ်းလှမ်းလိုက်သည် ။

ဆေးကြီးဆယ်မျိုးလား ။

ဘာဆေးများမှန်း မသိသော်လည်း ကျိယွမ်မလိုအပ်ပါ။သူ၏ သေခြင်းအလင်းရောင်စွမ်းရည်ကို မည်သည့်ဆေးကယှဥ်နိူင်မည်နည်း။

နည်းစနစ်တွေလား ။

ဂိမ်းထဲမှာတော့ အခြားသူများ၏ နည်းစနစ်များကို ကျိယွမ် မလိုအပ်ပါ ။ပို၍အစွမ်းထက်လာရန် နတ်ဆိုးများကို သတ်ဖို့သာ လိူအပ်လေသည်။

"ကျွန်တော်က ဝူကွေ့မြို့ရဲ့ ကာကွယ်သူပဲ ။ အခြားနေရာတစ်ခုအတွက် ထွက်သွားမှာ မဟုတ်ပါဘူး"

ကျိယွမ်ကခိုင်မာစွာခေါင်းခါသည် ။

လျူဝမ်မေ ရှေ့သို့ တက်လာကာ ဖျောင်းဖျသည်။

"ရှင် ဝူကွေ့မြို့ကို ကာကွယ်နေတာကို ချီးကျူးပါတယ် ။ ဒါပေမဲ့ ရှင်ကတစ် တစ်ယောက်တည်းပါ၊နတ်ဆိုးတွေက ကြာလေအင်အားကြီးလေ ဖြစ်လာပါလိမ့်မယ်၊ ရှင်နောက်ထပ် ဘယ်လောက်ကြာကြာဆက်ပြီး ထိန်းထားနိုင်မှာလဲ"

လျူဝမ်ထိုင်းကလည်း စကားထပ်ထည့်၏။

"ဝူကွေမြို့ရဲ့ကျောထောက်နောက်ခံက မဟာရှားဖြစ်တယ်၊အခုဆိုရင် မဟာရှားမှာ အရှင်သခင်အဆင့်တောင်မရှိပါဘူး၊

တပ်မှုးအဆင့်တောင် တစ်ထောင်မပြည့်တဲ့အတွက် ခင်ဗျားမှာအရန်အင်အား မရှိ​ဘူး ။ တစ်နေ့မှာ ဝူကွေမြို့ ကျဆုံးသွားပြီး ခင်ဗျားပါ အကျိုးမဲ့သေဆုံးရပါလိမ့်မယ်"

ကျေးဇူးပြု၍ ပိုမိုကြီးမားတဲ့ အကျိုးကို စဉ်းစားပါ၊ သေးငယ်တဲ့တိုင်းပြည်လေးတစ်ခုအတွက်ပဲ မဟုတ်ဘဲ လူသားမျိုးနွယ်ကြီးတစ်ခုလုံးရဲ့ အကျိုးကို ထည့်သွင်းစဉ်းစားပေးပါ"

အကျိုးခံစားခွင့်များကို ကမ်းလှမ်းပြီးနောက် အန္တရာယ်များကို ပြောပြကာ၊ နောက်ဆုံးတွင် တာဝန်အကြောင်းဖြင့် ပိတ်သည်။

လျူဝမ်ထိုင်းသည် သံတမန်ရေးရာတွင် ခေသူမဟုတ်မှန်း သိသာလှသည်။

ယွမ်ချီကတော့ ယခုအချိန်ထိ တိတ်ဆိတ်စွာ ရပ်နေသည် ။

လျူဝမ်ထိုင်းနှင့် လျူဝမ်မေတို့ ပြောသည်မှာ အဓိပ္ပာယ်ရှိသည် ။

အမည်မသိကာကွယ်သူသည် ဝူကွေမြို့ကို တစ်ယောက်တည်း ထိန်းထားနိုင်မည် မဟုတ်ပါ ။

မည်မျှပင် အစွမ်းထက်စေကာမူ လာလာသမျှ မြောက်ပိုင်းနတ်ဆိုးအားလုံးကို သူတစ်ယောက်တည်းနှင့် မည်သို့တိုက်ခိုက်နိုင်မည်နည်း ။

တစ်ယောက်တည်း စောင့်ရှောက်ခြင်းသည် သေခြင်းကိုသာ စောင့်ကြိုနေလေသည်။

ကျိယွမ်က သူတို့အားကြည့်ကာ ပြုံးမိသည်။

"ကစားသမားတစ်ယောက်ကို နားလည်ဖို့ NPCရဲ့အတွေးအခေါ်လေးတွေနဲ့ မလုံလောက်တာ သဘာဝပါပဲ။ ခင်ဗျားတို့နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ

ကျွန်တော်က ဝူကွေမြို့ကို ထွက်သွားမှာ မဟုတ်ဘူး ။ကျွန်တော့် စိတ်က ဆုံးဖြတ်ပြီးသားမို့ ကျေးဇူးပြု၍ ထွက်သွားပါ ။"

ဝူကွေမြို့ကိုကာကွယ်ခြင်း၏ ဆုလာဘ်များသည် အလွန်အဖိုးတန်သည် ။ သူထွက်ခွာ၍ မဖြစ်ပါ ။

ထို့အပြင် သူသည်ခန်းလန်မြို့နှင့် တစ်ဖွဲ့တည်း မဖြစ်နိုင်ပါ၊ ပြိုင်ဘက်များသာ ဖြစ်နိုင်သည် ။

သူတို့သည် နတ်ဆိုးများအတွက် ယှဉ်ပြိုင်ကြမည် ဖြစ်လေ၏။

လျူဝမ်ထိုင်းနှင့် လျူဝမ်မေတို့၏ မျက်နှာများသည် လေးနက်နေကြသည်။

ကျိယွမ်၏ စကားများကို ပြည့်ဝစွာနားမလည်သော်လည်း သူ၏အဓိပ္ပာယ်သည် ထင်ရှားသည် ။ သူတို့သည် ထိုသူက ဤမျှ ခိုင်မာသောဆုံးဖြတ်ချက်ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပါ။

လျူဝမ်မေသည် မိန်းခလေးပီပီ တဇွတ်ထိုးထိုးနိင်စွာ စိန်ခေါ်သည့် လေသံဖြင့်မေးလိုက်သည်။

"ရှင် ဝူကွေမြို့ကို စွန့်ခွာပြီး ခန်းလန်မြို့ကို လာဖို့အတွက် ဘာလိုပါသလဲ ။ဘယ်အခြေအနေမဆို ကျွန်မ သဘောတူပါ့မယ်"

သူမ၏အကြည့်သည် ခိုင်မာသည်၊ သူမသည် လုံးဝလေးနက်စွာ ပြောနေခြင်း ဖြစ်သည် ။

ကျိယွမ်က သဘောကျသလို ရယ်မောသည်။

"ကျွန်တော် ဒီလောကရဲ့သခင် ဖြစ်ချင်တယ်၊ ခင်ဗျား လုပ်ပေးနိုင်ပါ့မလား ။"

လျူဝမ်ထိုင်းက သူ၏ညီမကို ခေါင်းခါပြလိုက်၏။ထိုသူက မည်သို့မျှ ဆွဲဆောင်၍ မရကြောင်း သဘောပေါက်သွားကြလေပြီ။

မောင်နှမနှစ်ဦးစလုံး ကျိယွမ်ကို ကြည့်လိုက်ကြသည်။သူတို့၏ မျက်လုံးများသည်

နားမလည်မှုများစွာဖြင့် ရှုပ်ထွေးနေသည်။

"ဒါဆိုရင်လည်း ဂရုစိူက်ပါ၊ ဒီလောက်နဲ့ပဲ နှုတ်ဆက်ပါတယ်"

သူတို့သည် ချက်ချင်းပင် ထွက်ခွာသွားကြသည် ။

"ခဏလေး"

ကျိယွမ်၏ခေါ်သံကြောင့် လျူဝမ်မေ၏ မျက်နှာသည် တောက်ပလာသည်။

"စိတ်ပြောင်းသွားပြီလား ။"

ကျိယွမ် ခေါင်းခါသည်။

"မဟုတ်ပါဘူး၊ ကျွန်တော် ပြောချင်တာက ခင်ဗျားတို့ နတ်ဆိုးအားလုံးကို မသတ်နိုင်ရင် သူတို့ကို ကျွန်တော့်ဆီ ပို့ပေးပါ ။ ကျွန်တော် တိုက်ခိုက်ချင်လို့ လက်ယားနေလို့ ။"

နတ်ဆိုးများသည် တစ်ပတ်မှတစ်ခါ ၊ သိူ့မဟုတ် နှစ်ပတ်မှတစ်ခါ ရောက်လာကြသည်။

ကျိယွမ်အတွက် အဆင်မပြေပါ။

အဆင့်မြင့်လာလေလေ အတွေ့အကြုံရမှတ်များက လိုအပ်လာလေလေဖြစ်သည်။

လျူဝမ်မေသည် ကျိယွမ်၏ တောင်းဆိုမှုကို နားမလည်နိုင်သော်လည်း ခေါင်းညိတ်ပြသည်။

"ကျွန်မတို့ရဲ့ကာကွယ်သူကို သတင်းပို့ပေးပါ့မယ် ။"

သူမက ကျိယွမ်သည် ခန်းလန်မြို့၏ အစီအစဉ်ကို တစ်နည်းဖြင့် ပံ့ပိုးပေးလိုသည်ဟု ယူဆခဲ့သည် ။

မောင်နှမနှစ်ယောက်က နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည် ။

ကျိယွမ်က သူ၏ဘေးတွင် ငေါင်စီစီကျန်နေခဲ့သော သေတ္တာတစ်လုံးနှင့်လူကိုသတိထားမိသွား၏။

"ခင်ဗျား သူတို့နဲ့ ဘာလို့ မထွက်သွားတာလဲ "

ယွမ်ချီသည် စိတ်ခံစားမှုပြင်းပြစွာဖြင့် ဖြေသည်။

"မဟာရှားက ခင်ဗျားဝူကွေ့မြို့ကို ကာကွယ်ပေးနေပေမဲ့ မထောက်ပံ့ပေးနိုင်ပါဘူး၊ကျွန်တော်ယွမ်ချီက မဟာရှားကိုယ်စား ခင်ဗျားအတွက် ကျွန်တော်အသက်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိပါတယ်၊

သို့သော် သူမပြောဘဲ ချန်ထားခဲ့သည့်စကားများကျန်ပါသေးသည်။

"မဟာရှားပြည်သူအားလုံးကလည်း ခင်ဗျားနဲ့အတူ ရပ်တည်နေပါတယ်"

ဖြစ်နိုင်ပါက မဟာရှားမြို့မှ ထောင်ပေါင်းများစွာသော လူများသည်ဝူကွေမြို့ကို အပြေးအလွှားလာရောက်ကြပြီး သူနှင့်အတူသေဖို့ အသင့်ပြင်ထားကြမည် ဖြစ်သည်။

သို့သော်... အများစုသည် လမ်းမှာပင် သေဆုံးကြရမည်မှာလည်း သေချာနေသည် မဟုတ်ပါလား။

.......................

All Chapters