← Chapters

သူက အဖြူရောင်ဧကရာဇ်ရဲ့ တပည့်ပဲ

Vol. 8 Ch. 103

သူက အဖြူရောင်ဧကရာဇ်ရဲ့ တပည့်ပဲ

Vol. 8 Ch. 103

ကျိယွမ်သည် ယွမ်ချီ၏ စိတ်အားထက်သန်သောစကားများကို နားထောင်ပြီးနောက် ခေါင်းခါ၏။

"ငါ ဝူကွေမြို့ကိုကာကွယ်နေတာက မဟာရှားနဲ့မဆိုင်ပါဘူး၊ငါက ဒီမြို့ရဲ့ကာကွယ်သူဖြစ်နေလို့ မြို့ကိုကာကွယ်နေတာပါ။"

သူသည် အကြောင်းမရှိဘဲကျေးဇူးအတင်မခံချင်ပါ။

သူ၏စကားကို ကြားသောအခါ ယွမ်ချီသည် အစပိုင်းတွင် ဇဝေဇဝါဖြစ်သွားသည်။

သို့သော် မကြာမီ သူနားလည်သွားသည်။

ကာကွယ်သူသည် သတ္တဝါအားလုံးအတွက် နက်နက်ရှိုင်းရှိုင်း စိတ်ပူပန်ပေးသူတစ်ဦး ဖြစ်ရမည် ။

သူသည် မဟာရှားမှမဟုတ်သော်လည်း တောင်ပိုင်းအား မြောက်ပိုင်းလက်အောက်သို့ ကျဆုံးသည်ကို မမြင်လိုသောကြောင့် ဝူကွေမြို့ကို တစ်ဦးတည်းလာရောက်ကာကွယ်ပေးနေခြင်းပင်။

သူသည် တိုင်းပြည်ငယ်လေးတစ်ခုအတွက်သာမဟုတ်ဘဲ လောကကြီးတစ်ခုလုံးကို ဂရုစိုက်တတ်သောသူပါတကား။

ထိုသူသည် စစ်မှန်သော မဟာကျင့်ကြံသူ ဖြစ်သည် ။

ယွမ်ချီ၏ လေးစားမှုသည် ပို၍ပင်တိုးပွားလာခဲ့သည်။

သို့သော် သူသည် အစ်ကိုဖြစ်သူကို သတိရမိသွားသဖြင့် မေးမြန်းလိုက်၏။

“ခင်ဗျား ဝူကွေမြို့ကို ရောက်တုန်းက စုန့်တပ်ရင်းက စစ်သားတွေကို တွေ့လိုက်ရသေးလား”

“ငါရောက်ပြီး သိပ်မကြာခင်မှာ စုန့်တပ်ရင်းကဆိုပြီး သာမန်စစ်သားနှစ်ဦးရောက်လာတယ်၊သူတို့တပ်ကို လမ်းမှာချောင်းမြောင်းတိုက်ခိုက်ခံရပြီး စစ်တပ်တစ်ခုလုံး သုတ်သင်ခံရပြီးတော့၊ သူတို့နှစ်ယောက်ပဲ ဒဏ်ရာတွေနဲ့ လွတ်မြောက်လာတာ၊ဒါပေမဲ့ ဒဏ်ရာတွေကြောင့် ဝူကွေမြို့မှာပဲ သေဆုံးသွားကြပါပြီ"

ကျိယွမ်သည် မြို့ရိုးပေါ်မှ မဟာရှားအလံကိုမြင်တိုင်း ထိုလူနှစ်ဦးကို ပြန်အမှတ်ရတတ်သည်။

"တစ်ယောက်က ကျန်ရှန်းလို့ခေါ်ပြီး နောက်တစ်ယောက်က ချန်ကျောင်းတဲ့၊ သူတို့ကို ဝူကွေ့မြို့ထဲမှာ မြှုပ်နှံပေးထားတယ်"

ယွမ်ချီ၏ရင်ထဲ၌ လေးလံသော ခံစားချက်ကို ခံစားရသည်။

သူသည် ​ဝူကွေ့မြို့သို့ မလာမီကတည်းက ထိုသို့ဖြစ်လိမ့်မည်ဟု သံသယရှိခဲ့၏။

အမှန်တရားကို လက်တွေ့ရင်ဆိုင်ရသောအခါ သူ၏နာကျင်မှုသည် ပိုမိုနက်ရှိုင်းလာသည်။

သူ၏ အဘိုး၊ ဖခင်နှင့်အစ်ကိုကြီးတို့သည် မျိုးဆက်သုံးခုလုံး ဝူကွေ့မြို့တွင် သေဆုံးခဲ့ကြရသည်။

“ခင်ဗျားရဲ့ကျောပေါ်က သေတ္တာထဲမှာသေရည်ပါတယ် မဟုတ်လား”

ကျိယွမ်သည် သင်းပျံ့သောသေရည်နံ့ကို ရသောကြောင့် မေးလိုက်သည်။

“ဟုတ်ကဲ့”

ယွမ်ချီက လေးနက်စွာ ပြန်ဖြေသည်။

သူသည် ဝူကွေ့မြို့သို့ အဝေးမှ မရမကလာခဲ့ခြင်းမှာ ထိုနေရာရှိ စစ်သားများအား ၎င်းတို့၏ ဇာတိမြေမှသေရည်ကို မြည်းစမ်းစေရန်နှင့် မဟာရှားက သူတို့ကို မမေ့လျော့ကြောင်း ပြသရန် ဖြစ်သည်။

“ကျန်ရှန်းနှင့်ချန်ကျောင်းတို့ ​ရောက်လာတုန်းက အရည်အသွေးမကောင်းတဲ့သေရည်ကိုပဲသောက်သွားရတယ် ၊

ခင်ဗျားက သေရည်ကောင်းကောင်းယူလာတယ်ဆိုတော့ သူတို့ကိုလည်း ဂါရဝပြုပေးလိုက်ပါဦး"

ကျိယွမ်သည် ချန်ကျောင်းမသေမီက မော့သောက်သွားသောသေရည်၏ ဆိုးရွားသောအရသာကို မှတ်မိနေသေးသည်။

“ကျွန်တော် ခင်ဗျားကို အရင်ဆုံး တစ်ခွက်နဲ့ ဂါရဝပြုပါမယ်"

ယွမ်ချီက သေတ္တာကိုချကာ သေရည်တစ်အိုးအား ထုတ်ယူသည်။

“ငါ အရက်မသောက်တတ်ဘူး"

ကျိယွမ်က ပြောပြီးသည်နှင့် မြို့ရိုးပေါ်သို့ ပျံတက်သွားသည် ။

သူသည် ကျယ်ပြောလှသော သဲကန္တာရအလယ်တွင် ပြန့်ကျဲနေသော နတ်ဆိုးများ၏​အလောင်းများကိုကြည့်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

“နောက်ကို မဟာရှားကလူတွေ ဝူကွေ့မြို့ကို လာစရာမလိုတော့ဘူး၊ငါက ဒီနေရာကိုကာကွယ်နေတာမို့ ဘယ်တော့မှလည်းကျရှုံးမှာမဟုတ်ဘူး၊ငါ့ရဲ့အိမ်ကို ဘယ်သူမှလုမယူနိုင်ဘူး"

"တကယ်လို့ မဖြစ်မနေလာရမယ်ဆိုရင် မဟာရှားအလံကိုပဲ များများယူခဲ့ပါ"

သူသည် ဤနေရာကို မည်မျှကြာကြာ စောင့်ရှောက်ရမည်ကို မသိပါ။

ထို့ကြောင့် အလံများပိုများလေ ပိုကောင်းလေပင်။အလံများမရှိတော့လျှင် နတ်ဆိုးများကို ဆွဲဆောင်နိုင်တော့မည်မဟုတ်ပေ။

ထိုအရာမျိုးကို သူမလိုချင်ပါ။

ယွမ်ချီသည် ရောထွေးသော စိတ်ခံစားမှုများကို ခံစားရသည်။

သူသည် မြို့ရိုးပေါ်ရှိ ပိန်ပိန်ပါးပါး ပုံရိပ်ကို မော့ကြည့်ပြီး လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

သူသည် ဝူကွေမြို့သို့လာကတည်းက ပြန်လမ်းကိုမတွေးခဲ့ပါ။

ဝူကွေမြို့သည် ၄င်း၏အမည်အတိုင်း ပြန်မလာရာမြို့ဖြစ်နေခဲ့သည် မဟုတ်ပါလား။

...............

ခန်းလန်မြို့တွင် ဖြစ်သည်။

မြို့ကာကွယ်သူ တုံလုံ၏မျက်နှာသည် မုတ်ဆိတ်မွှေးများပြည့်နေပြီး ဆံပင်အများစုကလည်း ဖြူနေလေပြီ။

သူသည် မြင့်မားသော မြို့ရိုးပေါ်တွင် မတ်တပ်ရပ်နေပြီး တာ့ဆွေအလံသည် လေတွင် လွင့်နေ၏။

တုံလုံသည် လျူဝမ်ထိုင်းကို အံ့သြစွာ ကြည့်ပြီး “သူက မလာချင်ဘူးတဲ့လား” ဟု မေးလိုက်သည်။

သူအမှန်တကယ် အံ့သြသွားခြင်းဖြစ်ပါသည်။

မဟာရှားသည် တိုင်းပြည်ငယ်လေးတစ်ခုဖြစ်ပြီး တာ့ဆွေ၏ ဆယ်ပုံတစ်ပုံမျှပင် အင်အားမရှိပါ ။

ဆယ်နှစ်ကျော်အတွင်း မဟာရှားသည် ဝူကွေမြို့ကို ဆုံးရှုံးပြီးနောက် တာ့ဆွေထဲသို့ ပေါင်းထည့်ခြင်းခံရမည်ဖြစ်လေ၏။

ယခု ဝူကွေမြို့တွင် တိုင်းပြည်စောင့်အဆင့်ရှိ​သော ကာကွယ်သူအသစ်တစ်ဦးပေါ်လာသောကြောင့် တုံလုံသည်ထိုသူအား တာ့ဆွေထဲသို့ ခေါ်ယူချင်ခဲ့သည်။

"နှမြောစရာပဲ”

တစ်ဖက်လူက ငြင်းပယ်လိုက်သောကြောင့်တုံလုံက အတင်းအကြပ်မလုပ်ချင်ပါ။

ထောက်ပံ့မှုမရှိဘဲ မြို့တစ်မြို့ကို တစ်ဦးတည်း စောင့်ရှောက်ခြင်းသည် တစ်နေ့တွင် တိုးပွားလာသော နတ်ဆိုးတပ်၏ ဖိစီးမှုကို သေချာပေါက်ခံရမည်သာ။

တုံလုံသည် သူရဲကောင်းတစ်ဦး ဆုံးရှုံးရခြင်းအတွက် ဝမ်းနည်းမိသည်။

“ရပြီ ၊သွားတော့”

သူ မလာချင်သောကြောင့် တုံလုံသည် ထိုကိစ္စကို ထပ်မတွေးတော့ပါ။

မီဆန်ကို တန်ပြန်တိုက်ခိုက်ရန် စစ်တပ်ဖွဲ့စည်းရာတွင် အရေးပါသောအချိန်သို့ ရောက်ရှိနေသည်။

သူသည် မီဆန်နှင့်အခြားသောနတ်ဆိုးထိန်းချုပ်သူများကို သတ်ပစ်ရမည်။

သို့မှသာ သူသည်တာ့ဆွေသို့ ပြန်နိုင်မည်ဖြစ်သည်။ သူထွက်ခွာလာစဥ်က သူ၏မြေးမလေး မွေးဖွားခါစဖြစ်သည်။

ယခုဆိုလျှင်မှာတော့ သူ၏မြစ်ပင် လက်ထပ်တော့မည့်ဖြစ်သည်။

"အချိန်တွေကုန်တာ မြန်လွန်းတယ်"

တုံလုံသည် ခန်းလန်မြို့ရိုးပေါ်မှ တာ့ဆွေအလံကို ငေးမော့၍ ကြည့်နေမိတော့သည်။

.................

"သတ်"

"သတ်"

"သတ်"

ဝူကွေမြို့ရိုးရှေ့တွင် ကျိယွမ်သည် ဓားကျိုးတစ်ချောင်းကို ကိုင်ဆောင်၍ နတ်ဆိုးတစ်ထောင်ကို ရင်ဆိုင်နေသည်။

အဆက်မပြတ် သတ်ဖြတ်နေသောကြောင့် သူ၏ မျက်လုံးများပင် သွေးနီရောင်ပြောင်းလာ၏။

အင်အားကြီးလှပါသည်ဆိုသော နတ်ဆိုးများသည် ကျိယွမ်၏ လက်ထဲတွင် ရယ်စရာကောင်းသော ပေါင်းပင်များကဲ့သို့အင်အားမဲ့ကာ ဓားကျိုးဖြင့် ရိတ်သိမ်းခြင်းကို ခံနေရသည်။

သူ၏ အတွေ့အကြုံရမှတ်များက အဆမတန်တိုးလာသလို နတ်ဆိုးအနှစ်သာရများလည်း စုပုံလာသည်။

ထိုနတ်ဆိုးအနှစ်သာရကြောင့်လားမသိပါ။

ကျိယွမ်သည် သတ်ဖြတ်လေလေပို၍စိတ်လှုပ်ရှားလာလေလေဖြစ်ပြီး သွေးကိုပို၍တောင့်တလာသည်။

သူသည် အေးစက်ပြီး နှလုံးသားမဲ့သော လူသတ်စက်တစ်ခုနှင့်တူကာ နတ်ဆိုးတပ်ထဲသို့ ဝင်လိုက်ထွက်လိုက်လုပ်ရင်း နာရီဝက်ပင်မကြာမီတွင် နတ်ဆိုးတစ်ထောင်လုံး အသတ်ခံလိုက်ရတော့သည်။

“ပြီးပြီ”

ကျိယွမ်သည် ထုံးစံအတိုင်း သူ၏ကျိုးနေသောဓားပေါ်မှ သွေးများကို မှုတ်ထုတ်ပြီး မြို့ရိုးပေါ်သို့ ပြန်လာခဲ့သည်။

မြို့ရိုးသည် မြင့်မားပြီး ခမ်းနားထည်ဝါလျက်ရှိနေ၏။

ကျိယွမ်ကာကွယ်သည့်နေ့မှစ၍ နတ်ဆိုးများမှာ မြို့ရိုးပေါ်သို့တက်ရန်မဆိုထားနှင့် မြို့ရိုးအနံ့ကိုပင် မရှုနိုင်ကြတော့ပါ။

မြို့ရိုးပေါ်တွင်ရပ်နေသောယွမ်ချီသည် နတ်ဘုရားနှင့်တူသောကျိယွမ်ကို လေးစားမှုအပြည့်ဖြင့် ကြည့်နေ၏။

“ဆရာ၊ ရန်သူကို တွန်းလှန်ပြီး နတ်ဆိုး တစ်ထောင်ကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။”

“ဘာမှ မဟုတ်ပါဘူး၊ နည်းနည်းပါးပါး ကိုယ်လက်လှုပ်ရှားလေး လုပ်ချင်လို့ပါ"

ကျိယွမ်သည် ယွမ်ချီကို ကြည့်မိ၏။

ယွမ်ချီသည် ဝူကွေမြို့တွင် ရောက်နေသည်မှာ သုံးနှစ်ကြာခဲ့လေပြီ။

သူ၏မျက်နှာသည် ပထမဆုံးတွေ့ဆုံစဉ်ကထက် ပိုမိုကြမ်းတမ်းပြီး ဝါကျင့်ကျင့်ဖြစ်နေနေ၏။

တစ်ချိန်က ချောမောသောလူငယ်လေးသည် ရာသီဥတုဒဏ်ခံရသောအခါ ဦးလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

“ဆရာ၊ သတင်းကောင်း ရှိပါတယ်၊ မနေ့ကခန်းလန်မြို့ကာကွယ်သူ တုံလုံက နတ်ဆိုးခေါင်းဆောင်မီဆန်ကို ပိတ်ဆို့ပြီးတိုက်ခိုက်ခဲ့တာကြောင့် မီဆန်ဟာ ဒဏ်ရာရပြီး ထွက်ပြေးသွားပါတယ်၊ဒီပုံဆိုရင် ကျွန်တော်တို့ဟာ နှစ်အနည်းငယ်​လောက် အေးအေးချမ်းချမ်းနေရမယ်ထင်ပါတယ်"

ယွမ်ချီသည် ထိုသတင်းကိုပြောရင်း စိတ်လှုပ်ရှားနေ၏။

သူသည် တုံလုံကို လေးစားသည်။

မဟာရှားက ဝူကွေမြို့ကို စောင့်ရှောက်ရန်ကြိုးပမ်းမှုတိုင်းသည် လုံးဝရှုံးနိမ့်ခြင်းများဖြင့်သာ အဆုံးသတ်ခဲ့သည်။

သို့သော် ခန်းလန်မြို့ကတော့ ကာကွယ်န်ုင်ရုံသာမက နတ်ဆိုးတပ်များကိုပင် တန်ပြန်တိုက်ခိုက်အောင်မြင်ခဲ့သည်။

မည်သို့ စိတ်ဓာတ်မတက်ကြွဘဲ နေနိုင်မည်နည်း ။

မီဆန် ပြင်းထန်စွာဒဏ်ရာရသွားခြင်းကြောင့် ဝူကွေမြို့ပေါ်ရှိ ဖိအားလည်း လျော့ကျသွားမည်သာ။

ကျိယွမ်၏ အမူအရာကတော့ မပြောင်းလဲပါ။

“ထွက်ပြေးလာတဲ့ နတ်ဆိုးတပ်က ဝူကွေမြို့ကို ရောက်လာဖို့ပဲ မျှော်လင့်ပါတယ်"

ယွမ်ချီ၏အပြုံးမှာ မှေးမှိန်သွားလေသည်။

ဒီလောက်စိတ်လှုပ်ရှားစရာသတင်းက သူ့ကို မအံ့သြစေဘူးလား။

ဤသို့ဖြင့် ညရောက်လာပြီးနောက် ကမ္ဘာလောကသည် မှောင်မိုက်သွားခဲ့သည်။

ရင်းနှီးသောအသံတစ်ခုသည် ကျိယွမ်၏ နားထဲတွင် ပေါ်လာ၏။

“ရှင်က နတ်ဆိုးနဲ့ ပိုပြီးတူလာပြီ ၊သိလား"

မြေအောက်နန်းတော်တွင် နင်းထောင်၏ ဖြူဖျော့သောမျက်နှာသည် ပင်ပန်းနွမ်းနယ်နေဟန်ရှိလေ၏။

သူမသည် သံကြိုးဆယ့်ရှစ်ချောင်းဖြင့် ချုပ်နှောင်ထားသော ကျိယွမ်ကို စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်နေသည်။

"ငါကနတ်ဆိုးနဲ့ တူလို့လား၊ကြည့်ဦးမှပဲ"

ကျိယွမ်၏အသိစိတ်သည် ထျန်းရှင်နန်းတော်မြေအောက်မှ အသားတုံးကြီးဆီသို့ ပြောင်းရွှေ့သွားသည်။

“တူတာ မဟုတ်ဘူး၊ ရှင်က နတ်ဆိုးပဲ"

ကျိယွမ်၏ အသံကို ကြားသောအခါ နွမ်းနယ်နေသောနင်းထောင်၏မျက်နှာလေးက ပြုံးလာသည်။

“ကျွန်မကတော့ ရှင်ဟာ ကပ်ဘေးကိုယူဆောင်လာတဲ့ ဒဏ္ဍာရီလာ သွေးနတ်ဆိုးဖြစ်တယ် ပိုပိုပြီးသံသယဝင်လာတယ်"

နင်းထောင်သည် ကျိယွမ်က မည်သူမည်ဝါဖြစ်ကြောင်း သိရသောကြောင့် ဂုဏ်ယူနေပုံရ၏။

“ငါက သွေးနတ်ဆိုးဆိုရင်၊ ငါကို့ ဒီမှာ ထားတာ နင့်အတွက် အန္တရာယ်မများဘူးလား”

ကျိယွမ်က ဆက်ပြောသည်။

“ကဲ၊ သဘောတူညီမှုတစ်ခု လုပ်ရအောင်၊ နင်ငါ့ကို လွှတ်ပေးလိုက်၊အဲဒါဆို..."

“ရှင့်ကိုလွှတ်ပေးပြီး လောကကို ကပ်ဘေး ယူဆောင်လာခိုင်းရမှာလား။ ကျွန်မ အဲဒီလောက် သဘောထားမကြီးဘူး၊အားလုံးကိုဒုက္ခပေမဲ့အစား ကျွန်မကိုပဲ ဒုက္ခပေးစေချင်ပါတယ်"

နင်းထောင်၏အပြုံးက ချိုသာနေ၏။

“နင်က အခုထိ ငါရဲ့စိတ်နေစိတ်ထားကို မယုံကြည်ဘူးပဲ။ငါက ကိုယ်ကျင့်တရား ကောင်းသူ မဟုတ်ပေမဲ့ မကြာခဏဆိုသလို သူတစ်ပါးကို ကူညီတတ်တဲ့သူပါ။အဲဒီ သွေးနတ်ဆိုးကိစ္စဆိုတာတွေ၊ လောကကို ကပ်ဘေး ယူဆောင်လာမယ်ဆိုတာတွေက အဓိပ္ပာယ်မရှိပါဘူး။"

"နင့်ကို ဒုက္ခပေးဖို့ဆိုတာကလား၊

ငါ့မှာသူတော်စင်တစ်ပါးလိုစိတ်ထိန်းနိုင်စွမ်းရှိတာကို ဘယ်လိုဖြစ်နိုင်မှာလဲ"

ကျိယွမ်ရှင်းပြသော်လည်း နင်းထောင်က မယုံကြည်ပါ။

“သခင်က မြောက်ပိုင်းမှာ နံပါတ်တစ်ဖြစ်ပြီးလောကရဲ့အသန်မာဆုံးနှစ်ယောက်ထဲက တစ်ယောက်ပဲ၊သူ့စကားက ဘယ်လိုမှားနိုင်မှာလဲ"

နင်းထောင်က ကျိယွမ်က ကြည့်ကာ ခြိမ်းချောက်သည်။

“စကားနားထောင်ပါ။ မဟုတ်ရင် ကျွန်မက ရှင့်ကို သခင်လက်ထဲ အပ်လိုက်မှာ ၊

အဲဒီအချိန်ကျရင် ရှင့်ရဲ့ဆွဲဆောင်မှုရှိတဲ့ မိန်းမလေးကို ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူးနော်"

“နင့်ကို မတွေ့ရရင် ပိုအဆင်ပြေတယ်"

ကျိယွမ်က ချက်ချင်း ပြန်ဖြေသည်။

နတ်ဆိုးအနှစ်သာရကြောင့်လားမသိပါ။

နင်းထောင်သည် သူမ၏ အနက်ရောင်ဝတ်စုံကိုဝတ်ပြီး ခြေအိတ်ရှည်များဖြင့် ပေါ်လာတိုင်း ကျန်းလင်းစု၏ဝတ်စုံကို ဆုတ်ဖြဲခဲ့သောမြင်ကွင်းကို သူပြန်တွေးမိသည်။

ထို့အပြင် မြင်ကွင်းသည်လည်း ပြောင်းလဲလာ၏။

သူသည် ကျန်းလင်းစု၏ဝတ်စုံကို ဆုတ်ဖြဲရုံသာမက နင်းထောင်ကို နံရံနှင့်ဖိပြီး သူမ၏ ခြေအိတ်ရှည်များကို ချွတ်ကာ ကျန်းလင်းစု၏ ခြေထောက်များတွင် စွပ်ပေးခဲ့သည်။

ကာမဆန္ဒအပြင် နတ်ဆိုးအနှစ်သာရ၏ အခြားသောအပြစ်ခုနစ်ပါးကလည်း ကျိယွမ်ကို လွှမ်းမိုးနေ၏။

အထူးသဖြင့် သူ၏အသိစိတ်သည် အသားတုံးကြီးသို့ ဝင်ရောက်သောအခါ အပြစ် ခုနစ်ပါး၏ စွမ်းအားသည် ပိုမိုကြီးမားလာသည်ကိုသူသတိထားမိသည်။

နင်းထောင်ကို မမြင်ရလျှင် ထို ထူးဆန်းသော ကာမဆန္ဒအတွေးများကို ရပ်တန့်စေနိုင်သောကြောင့် သူမအား မတွေ့ရလေကောင်းလေဟု သူက ဖြေလိုက်ခြင်းပင်။

ယနေ့မှာတော့ နင်းထောင်သည် ခြေအိတ်ရှည် ဝတ်မထားပါ၊ သူမ၏ နူးညံ့သော ခြေထောက်လေးများသည် ပါးလွှာသော ပိုးခြေအိတ်များဖြင့် ဖုံးအုပ်ထားပြီး သေးငယ်နူးညံ့ကာ လက်ဖဝါးတစ်ခုစာသာ ရှိသည်။

"ရှင်က ကျွန်မကို ဒီနေရာမှာ၊အထီးကျန်ဘဝနဲ့ နှစ်တွေ ရာပေါင်း ထောင်ပေါင်းကနေ နှစ်ပေါင်းသောင်းချီတဲ့အထိ တစ်ယောက်တည်းထားခဲ့တော့မလို့လား"

နင်းထောင်သည် ကျိယွမ်ကို စိုက်ကြည့်ပြီး သူမ၏မျက်လုံးများတွင် ပြင်းထန်သော ပိုင်ဆိုင်လိုမှုများ ပြည့်နှက်လာသည်။

"ငါက သွေးနတ်ဆိုးဆိုရင် ငါကို့ဒီမှာထားတာနင့်အတွက် တကယ်ကိုဘေးကပ်ဆိုးဖြစ်စေမှာ၊မြောက်ပိုင်းရဲ့ အဓိပတိပုဂ္ဂိုလ်ကြီးတွေက နင့်ကိုအလွတ်ပေးမှာမဟုတ်ဘူး"

ကျိယွမ်ကျမ်းကို ကျင့်ကြံပြီးနောက် ကျိယွမ်သည် လူတိုင်း၏ မိုက်မဲမှုကို မြင်နေရသလို ခံစားရ၏။

လူတွေကို ကြည့်လေလေ သူတို့မှာ ပြဿနာရှိသည်ဟု သူတွေးမိလေလေ ဖြစ်သည် ။

နင်းထောင်၏ နက်မှောင်သောမျက်ဝန်းလှလှလေးများတွင် အေးစက်သောအရိပ်အယောင်များ လင်းလက်သွားသည်။

"ကျွန်မက ရှင့်ကိုဆင့်ခေါ်ခဲ့တာ၊အဲ့ဒါကြောင့် ကျွန်ကပဲ ရှင့်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ခွင့်ရှိတယ်၊ရှင့်ကိုသတ်ချင်တဲ့သူတိုင်း ကျွန်မနဲ့အရင် ရင်ဆိုင်ရလိမ့်မယ်"

နင်းထောင်၏ စကားကြောင့် ကျိယွမ်ဆက်ပြောစရာမရှိတော့ပါ။

"နင်က အာဏာပြတတ်တဲ့စီအီးအိုနေရာကို သရုပ်မဆောင်ရတာ နှမြောစရာပဲ"

....................

ငါးနှစ်ကြာပြီးနောက် ....

မြောက်ပိုင်း ၊နတ်ဆိုးထိန်းချုပ်ရေး စခန်းတွင်ဖြစ်သည်။

သံချပ်ဝတ်စုံ ဝတ်ဆင်ထားသော ခန္ဓာကိုယ်ထွားကြိုင်းသူတစ်ဦးသည် မြေပြင်ကို တဒိန်းဒိန်းနင်းကာ ရောက်လာသည်။

သူသည် မီဆန်ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်ပြီး...

“ဘယ်လောက်တောင် အလေအလွင့်ဖြစ်လိုက်လဲ။ ယူကျိုးက မြို့လေးကိုးမြို့ကို ဒီလောက်နှစ်တွေကြာအောင်တောင် မသိမ်းပိုက်နိုင်ဘူး။ ဒဏ်ရာအသည်းအသန်ရပြီး ထွက်ပြေးရသေးတယ်။မင်းက ငါတို့မြောက်ပိုင်းကို အရှက်ရစေတဲ့ကောင်ပဲ"

သံချပ်ဝတ်စုံဝတ်ထားသောလူထွားကြီးက ရယ်မောလိုက်ပြီး သူ၏ လက်အောက်ခံများလည်း လှောင်ပြောင်လာကြသည်။

မီဆန်၏ မျက်နှာသည် မည်းမှောင်သွား၏။

“ယူကျိုးက ခိုင်မာတယ်၊ သိမ်းပိုက်ရတာ မလွယ်ဘူး"

“ဟွန့်၊ အဓိပ္ပါယ်မရှိတဲ့ ဆင်ခြေမပေးသင့်ဘူး"

လူထွားကြီးက ထောက်ပြသည်။

"ခန်းလန်မြို့ကို အသာထားဦး၊တိုင်းပြည်အစောင့်တစ်ယောက်တည်းရှိတဲ့ အားအနည်းဆုံး ဝူကွေမြို့လေးကိုတောင် မင်းမသိမ်းနိုင်ဘူး၊ရှက်စရာကောင်းလွန်းတယ်"

မီဆန်၏ မျက်လုံးများတွင် ဝူကွေ့မြို့ကို ပြောသောအခါ ကြောက်ရွံ့မှုများ ထွက်ပေါ်လာသည် ။

“ဝူကွေမြို့က မရိုးရှင်းဘူး ၊ အဲဒီကာကွယ်သူက သာမန်တိုင်းပြည်အစောင့်တစ်ယောက်မဟုတ်လို့ ဝူကွေမြို့ကို သိမ်းပိုက်ရတာ မလွယ်ဘူး။

"တော်တော့ ၊ မီဆန် မင်းပြန်ကောင်းလာဖို့ အာရုံစိုက်တော့၊ မင်း မသိမ်းနိုင်ခဲ့တဲ့ ယူကျိုးကို ငါဝူထူက သိမ်းပြမယ်"

"မင်းကြည့်နေလိုက်"

ဝူထူသည် သူ၏လူများနှင့်အတူ ထွက်ခွာသွားလေ၏။

အခန်းထဲတွင်ကျန်နေခဲ့သော မီဆန်၏ မည်းမှောင်သော အမူအရာသည် တဖြည်းဖြည်း ပျောက်ကွယ်လာသည်။

သူ၏ ဘေးတွင်ရှိသော သာမန်ရုပ်ရည်ရှိသည့်အမျိုးသမီးတစ်ဦးက ဒေါသထွက်နေလေသည်။

“ဝူထူက အရမ်းမောက်မာလွန်းတယ်”

မီဆန်ကတော့ ဒေါသမထွက်ဘဲ ပေါ့ပေါ့ပါးပါး ပုံစံဖြင့်တုန့်ပြန်လိုက်သည်။

“သူ့ကို ကျိန်ဆဲမနေပါနဲ့။ ငါ့အစား ယူကျိုးကို လွှဲပြောင်းယူပေးတဲ့အတွက် သူ့ကို ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင်...”

ထိုအမျိုးသမီးသည် သူ၏သခင်ကို နားမလည်ဘဲ ဇဝေဇဝါဖြစ်နေပုံရသည်။

မီဆန်သည် သူမကို ကြည့်ပြီး ဖြည်းညှင်းစွာ ပြော၏။

"ငါက ခန်းလန်က တုံလုံကိုတကယ်အနိုင်မယူနိုင်ဘူးလို့ ထင်လား"

“သခင်က ဉာဏ်ပညာရှိပြီး အစွမ်းထက်သူပါ၊ တုံလုံကို အနိုင်ယူတာ သေးနုပ်တဲ့ ကိစ္စလေးပါပဲ၊ဒါပေမဲ့ သူက သခင့်ကို လှည့်ကွက်တွေ သုံးခဲ့တာကြောင့်ပါ...”

မီဆန် စိတ်ပျက်သွားသည်။

သူ့ကို နားလည်သောဉာဏ်ရည်ရှိသူမှာ အမှန်တကယ်ပင် အနည်းငယ်သာ ရှိသည်။

“ငါ ယူကျိုးက ထွက်ခွာဖို့အတွက် တုံလုံကို

တမင်အရှုံးပေးခဲ့တာ"

မီဆန်သည် ဂုဏ်ယူစွာ ပြောပြလိုက်သည်။

“ယူကျိုးက သေလမ်းသပ်သပ်ပဲ။ ဝူထူ အဲဒီကိုသွားရင် သေတာပဲရှိလိမ့်မယ်"

နောက်လိုက်အမျိုးသမီးမှာ ဇဝေဇဝါဖြစ်နေသည်။

ဝူထူသည် တိုင်းပြည်အစောင့် အထွတ်အထိပ်ဖြစ်ပြီး ကမ္ဘာမြေဒဏ္ဍာရီ ဖြစ်ရန် နီးစပ်နေလေပြီ။

မီဆန်က ဆက်ပြောသည်။

“ဝူကွေမြို့ရဲ့ကာကွယ်သူကို မှတ်မိလား။”

ထိုအမျိုးသမီး၏ မျက်နှာသည် မုန်းတီးမှုကို ပြသလာသည်။

“ရောင်စုံ ညီအစ်မခုနစ်ယောက်လုံး သူ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်"

ရောင်စုံ ညီအစ်မ ခုနစ်ယောက်သည် မီဆန်၏ယုံကြည်ရသော လက်ထောက်များ ဖြစ်သည်။

ပထမဆုံးအနေဖြင့် ချိုက်ရှားကို ဝူကွေမြို့အား တိုက်ခိုက်ရန်စေလွှတ်ခဲ့သော်လည်း သူမအပါအဝင် တပ်ဖွဲ့တစ်ခုလုံးပြန်ရောက်မလာခဲ့ပါ။

ထို့နောက် သူမ၏အစ်မချိုက်ရီသည် ပိုမို အားကောင်းသောတပ်ကို ဦးဆောင်ပြီး ဝူကွေမြို့အပြင်ဘက်တွင် ကျဆုံးခဲ့ပြန်သည်။

နောက်ထပ် ညီအစ်မနှစ်ဦး ထပ်သွားသော်လည်း သေဆုံးခြင်းကိုသာ ကြုံရ၏။

နောက်ဆုံးတွင်၊တိုင်းပြည်အစောင့်နှစ်ဦးနှင့်

အရှင်သခင်အဆင့်များစွာ အပါအဝင် အကြီးဆုံးညီအစ်မသုံးဦးသည် အတူတကွ သွားခဲ့သော်လည်း သူတို့လည်း ပြန်မလာနိုင်ခဲ့ကြပါ။

မီဆန်သည် သူတို့၏ သေဆုံးမှုအကြောင်း သိသောအခါ မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။

သူသည် အစပိုင်းတွင် ဝူကွေမြို့ကို အငြိုးကြီးစွာ ဖျက်ဆီးပစ်ချင်ခဲ့သည်။

သို့သော် နောက်တွင် သူစိတ်ပြောင်းသွား၏။

သူသည် တိတိတဆိတ်စုံစမ်းစစ်ဆေးပြီး ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားကို တွေ့ရှိခဲ့သည်။

“ဝူကွေမြို့ရဲ့ကာကွယ်သူ ရောက်လာတုန်းက အရှင်သခင်အဆင့် သာမန်လူသားတစ်ဦးပဲ ဖြစ်ခဲ့တာ၊ဒါပေမဲ့ နှစ်အနည်းငယ်အတွင်းမှာ သူကတိုင်းပြည်အစောင့်ဖြစ်လာပြီး ပိုအားကောင်းလာတယ်"

"သေချာပေါက် သာမန်လူမဟုတ်နိုင်ဘူး"

"ဒီလိုလူတွေက ကြီးမားတဲ့ကံကြမ္မာကို ပိုင်ဆိုင်ထားကြတယ်၊ သူတို့ကို တစ်ချက်တည်းနဲ့ သက်ပစ်ရမယ်၊ မသတ်နိုင်ရင်တော့ ရန်မစမိစေနဲ့၊ မဟုတ်ဘဲ တစ်ယောက်ပြီး တစ်ယောက်စေလွှတ်နေရင် သူတို့က ပိုပြီးအားကောင်လာအောင် လုပ်ပေးရုံပဲရှိလိမ့်မယ်"

“သူက တကယ်ပဲ အဲဒီလောက် အစွမ်းထက်သလား”

အမျိုးသမီးက လျင်မြန်စွာမေးလိုက်သည်။

“သူအားနည်းတုန်းက နတ်ဆိုးတပ်ကို စုစည်းပြီး ဘာလို့ မသတ်ခဲ့တာလဲ။”

မီဆန်က မဖြေပါ။ သူမကိုသာ စူးစိုက်ကြည့်၏။

သူအားနည်းတုန်းက ဘယ်သူလဲဆိုတာ ငါကဘယ်လိုလုပ်ပြီး သတိထားမိမှာလဲ၊ဒီလောကမှာ ခွန်အားကြီးသူကိုပဲ မှတ်မိကြတာ။

သူသည် အမျိုးသမီးထံမှ အကြည့်လွှဲကာ မထင်မှတ်သော စကားကိုပြောလိုက်သည်။

“တောင်ပိုင်းဘက်က အဖြူရောင်ဧကရာဇ်ကို သိလား။”

“သိပါတယ်၊ သူက သခင်လိုပဲအစွမ်းထက်တယ်တဲ့"

“အင်း... လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက အဖြူရောင်ဧကရာဇ်ရဲ့တပည့်တွေဟာ နန်းတော်ကနေ့ထွက်ခွာသွားကြတယ်"

"သူတို့က တစ်သိန်းရှစ်ထောင်သောမြို့တွေကို လေ့ကျင့်ဖို့အတွက် လာခဲ့ကြတာ"

"ကြီးမားတဲ့ကံကြမ္မာရှိပြီး အားပိုကောင်းလာတဲ့ဝူကွေမြို့ကာကွယ်သူဟာ အဖြူရောင်ဧကရာဇ်ရဲ့ တပည့်တစ်ယောက်ဖြစ်နိုင်တယ်"

မီဆန်သည် အဖြစ်နိုင်ဆုံးသဘောတရားကို ရှင်းပြလိုက်သည်။

ထို့ကြောင့် သူသည်ယူကျိုးမှ ထွက်ခွာရန် ရည်ရွယ်ချက်ရှိရှိ ရှုံးနိမ့်ပြီး ထွက်ပြေးလာခဲ့ခြင်းပင် မဟုတ်ပါလား။

"အဖြူရောင်ဧကရာဇ်ရဲ့ တပည့်လား"

အမျိုးသမီး အလွန်စိတ်လှုပ်ရှားသွားလေ၏။

“ဒါဆို သူ့ကို ဖမ်းမိရင် အကျိုးအမြတ်ကြီး ရမှာပဲ"

သူမ အလွန်ပျော်ရွှင်နေသည် ။

တောင်ပိုင်းမှ အထွတ်အထိပ်ပုဂ္ဂိုလ်၏ ထိပ်တန်းတပည့်ကို ဖမ်းမိပါက ထိုအထွတ်အထိပ်ပုဂ္ဂိုနှင့်လူကိုယ်တိုင်တွေ့ကာ

တောင်းဆိုနိုင်လိမ့်မည်။

မီဆန်သည် စကားမပြောနိုင်ဖြစ်သွား​ရသည်။

"ငါနင့်ကို ဒီအကြောင်းမပြောပြသင့်ဘူး၊နင့်ရဲ့ဉာဏ်ရည်နဲ့ နားမလည်နိုင်တာကို မေ့သွားတယ်၊အဖြူရောင်ဧကရာဇ်ရဲ့တပည့်ကို ဖမ်းမိလို့ ဘာအကျိုးရှိမှာလဲ၊ပြီးတော့ အဖြူရောင်ဧကရာဇ်က သခင်ရဲ့ရန်သူစစ်စစ်ပဲ၊ငါတို့က လူကြီးလူကောင်းတွေရဲ့ ကိစ္စနဲ့ ဝေးဝေးနေသင့်တယ်"

မီဆန်၏အပြစ်တင်စကားကိုကြားသောအခါ ထိုအမျိုးသမီးသည် သူမဘာကို မှားပြောမိမှန်း မသိသောကြောင့် ဝမ်းနည်းသွားလေသည်။

ငါပြောတာ မှားလို့လား။

--------------

All Chapters