← Chapters

မမြင်ဖူးရင် ကြည့်ထားကြ

Vol. 8 Ch. 104

မမြင်ဖူးရင် ကြည့်ထားကြ

Vol. 8 Ch. 104

ဝူကွေမြို့တွင်ဖြစ်သည်။

"ဘာလိုလိုနဲ့ ဆယ်နှစ် ရှိပြီပဲ။ အပြင်ဘက်က ကန်းလန်ကုန်းမြေမှာတော့ တစ်ရက်ပေါ့"

မြို့ရိုးပေါ်၌ မိုးဖွဲလေးများ ကျဆင်းလျက် ရှိသည်၊ သို့သော် သေးငယ်သော မိုးစက်များများသည် လျင်မြန်စွာပျောက်ကွယ်သွားကြသည်၊ ကန္တရ၏မြေပြင်သည် မီးဖိုကဲ့သို့ ပူလောင်နေပြီး လေထုမှာလည်း မွန်းကျပ်လျက်ရှိ၏။

ယခုဆိုလျှင် ကျိယွမ်၏ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်ထိရောက်ရှိနေလေပြီ။မီဆန်မရှိတော့သည့်နောက် နတ်ဆိုးတပ်များက ရောက်မလာခဲ့ပေ။သူက လစ်လျှင်လစ်သလို မြို့အားထားခဲ့ပြီး ရှာဖွေသတ်ဖြတ်နေခဲ့ရသည်။

"ဝူကွေမြို့ကို နတ်ဆိုးတွေ မရောက်နိုင်တာ သေချာအောင်လုပ်ပြီးမှ ဂိမ်းထဲကထွက်လို့ရမှာ"

ကျိယွမ်သည် ဂိမ်းထဲမှမထွက်ခဲ့သည်မှာ ၁၀ နှစ်ရှိခဲ့လေပြီ၊ထိုသို့နေခဲ့ခြင်းမှာ ဂိမ်းကမ္ဘာတွင် ၁၀ နှစ်သည် တကယ့်ကမ္ဘာ့တွင် တစ်ရက်သာကြာမြင့်​သောကြောင့်ဖြစ်သည်။

အကယ်၍သူက ခဏတဖြုတ်ထွက်ကာ အစားအစာ ဘာညာစားနေပါက အပြင်တွင်နာရီပိုင်းသာကြာသော်လည်းဂိမ်းထဲတွင် နှစ်နဲ့ချီကြာသွားနိုင်၏။ထိုအခါ ဝူကွေမြို့သည် သေချာပေါက် နတ်ဆိုးများအောက် ကျရောက်သွားမည်သာဖြစ်သည်။

ထိုအခါ သူကြိုးစားထားသမျှအားလုံး ပျက်စီးသွားနိုင်သည်။

သို့သော် တစ်သက်လုံးဤအတိုင်းဆက်သွား၍လည်း မရပါ။လူတစ်ယောက်သည် ဂိမ်းထဲ၌ မသေမချင်းနေနေ၍လည်း မဖြစ်ပါ။သေချာပေါက် အပြင်လောကကိုထွက်ရမည်သာ။

"စီနီယာရှိပါသလား"

ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

အသံကြားရာသို့ ကျိယွမ် ကြည့်လိုက်ရာ ရင်းနှီးသောပုံပန်းသဏ္ဌာန် နှစ်ခု ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

သူနှင့် တစ်ကြိမ်တွေ့ဆုံဖူးသည့် လျူဝမ်ထိုင်းနှင့်လျူဝမ်မေတို့ ဖြစ်ကြသည်။

ထိုနှစ်ဦးသည် ဝူကွေမြို့သို့ မောဟိုက်စွာ ရောက်ရှိလာကြသည်၊ သူတို့၏ အဝတ်အစားများမှာ ဖုန်မှုန့်များကပ်ညှိနေပြီး ဆံပင်များလည်းမသပ်မရပ်ဖြစ်နေ၏။

သူတို့သည် အလျင်စလို ပြေးလာကြဟန်တူသည်။

"မင်းတို့ နှစ်ယောက်ပါလား၊ ခုထိ အသက်ရှင်လျက် ရှိကြသေးတာပဲ"

ကျိယွမ်၏ နှုတ်ဆက်ပုံကြောင့် လျူဝမ်ထိုင်း အမောဆို့သွားလေ၏။

အသက်မရှင်လို့ ငါတို့ကသေပေးရမှာလား။

သို့သော် သူကလာရင်းကိစ္စကို ပြောလိုက်သည်။

"စီနီယာ စိုးရိမ်စရာကိစ္စတစ်ခုတော့ ဖြစ်နေပြီ၊လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော်တို့က မီဆန်ကိုမောင်းထုတ်နိုင်ခဲ့လို့ နည်းနည်းပါးပါးအေးချမ်းမှုရခဲ့တယ်၊ဒါပေမဲ့ အခုမီဆန်အစား ဝူထူဆိုတဲ့သူရောက်လာပါပြီ"

"ဝူထူက မီဆန်ထက်ပိုပြီးကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးထိန်းချုပ်သူဖြစ်ပြီး ၊ တိုင်းပြည်အစောင့်အဆင့် အထွတ်အထိတ်လည်းဖြစ်ပါတယ်၊သူထိန်းချုပ်တဲ့နတ်ဆိုးတွေကလည်း မီဆန်ရဲ့နတ်ဆိုးတွေထက် အများကြီးပိုအစွမ်းထက်ပါတယ်"

ကျိယွမ်၏ မျက်လုံးများ အရောင်တောက်လာသည်။

"နှစ်ပေါင်းများစွာ မြက်စားပြီးနောက်၊ နောက်ဆုံးတော့ အသားတစ်ချို့ ရပြီပေါ့"

ကျိယွမ်၏တုံ့ပြန်မှုသည် တည်ငြိမ်လွန်းနေသည်ကို မြင်သောအခါ လျူဝမ်ထိုင်းသည် အလျင်စလိုထပ်ဖြည့်လိုက်သည်။

"ကျွန်တော့်တို့သတင်းရထားတာကတော့ ဝူထူကသူရဲ့တိုက်ခိုက်မှုကို ​ဝူကွေမြို့နဲ့စတင်ဖို့ စီစဥ်နေပါတယ်၊သူက ဝူကွေမြို့ကိုသိမ်းပိုက်ပြီးမှ အခြားမြို့တွေဆီ ရွေ့လျှားပါလိမ့်မယ်"

"ဒီလို သတင်းကောင်းမျိုးကိုပေးဖို့ အဝေးကြီးကနေ လာရောက်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

လွန်ခဲ့သော နှစ်အနည်းငယ်ကဆိုလျှင်တော့သူသည် ရန်သူများကအလွန်အမင်း အင်အားကြီးမားခြင်းကို မလိုလားခဲ့ပါ။

သို့သော် ယခုမူ ကျိယွမ်သည် ရန်သူများအလွန်အမင်းအင်အားနည်းမည်ကို ကြောက်ရွံ့နေသည် ။အင်အားကြီးသူများက ပိုများသောအတွေ့အကြုံရမှတ်များပေးနိုင်သည် မဟုတ်ပါလား။

"စီနီယာ ကျွန်မတို့က စနောက်နေတာ မဟုတ်ပါဘူး။"

ကျိယွမ်၏ စိတ်အေးလက်အေးပုံစံသည် စနောက်နေသကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ လျူဝမ်မေသည် စိုးရိမ်တကြီး သတိပေးလိုက်သည်။

လျူဝမ်ထိုင်းက ထပ်ပြောလာသည်။

"ဝူထူက ကြီးမားတဲ့အင်အားနဲ့လာနေပါပြီ၊ ကျေးဇူးပြုပြီး စီနီယာက ခန်းလန်မြို့ကိုလာပြီး ကျွန်တော်တို့နဲ့အတူ ရန်သူကိုကာကွယ်ပါ"

လျူဝမ်ထိုင်းသည် ကျိယွမ်ကို အမှန်တကယ် လေးစားကြည်ညိုနေခြင်းဖြစ်သည်။

ခန်းလန်မြို့ကာကွယ်သူတုံလုံပင် ကျိယွမ်ကို အကြိမ်ပေါင်းများစွာ ချီးမွမ်းနေခဲ့သည် မဟုတ်ပါလား။

သူတို့အားလုံးသည် ကျိယွမ် တစ်ယောက်တည်းနှင့် ဝူကွေမြို့ကို အကြာကြီး ထိန်းထားနိုင်မည်ဟု မထင်ခဲ့ကြပါ။

သို့သော် ကျိယွမ်သည် ထိန်းထားနိုင်ဆဲဖြစ်ပြီး ကောင်းမွန်စွာလုပ်ဆောင်နေသည်။

ထိုအရာက မီဆန်မရှိတော့သည်နှင့်လည်း သက်ဆိုင်နေနိုင်၏။

သို့သော် ယခု ဝူထူလာနေသည်နှင့်အမျှ ယူကျိုး၏ အခြေအနေသည် သိသိသာသာ ပြောင်းလဲတော့မည်မှာ သေချာသည်။

ဝူကွေမြို့သည် ဝူထူ၏ ပထမဆုံးပစ်မှတ် ဖြစ်လာပြီး နမူနာစံအဖြစ် သတ်မှတ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ပြတော့မည်။

ကျိယွမ်သည် ထိုနှစ်ဦးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

"NPC တွေကတော့ NPC တွေပဲလေ၊ ဒီလောက်နှစ်တွေကြာပြီး​တာတောင် တူညီတဲ့စကားတွေကိုပဲ ထပ်ခါတလဲလဲ ပြောနေကြတုန်းပါပဲလား"

လွန်ခဲ့သောအကြိမ်က ဤ NPC နှစ်ယောက် လာခဲ့စဉ်ကလည်း သူတို့သည် သူ့ကို ထွက်ခွာရန် တိုက်တွန်းခဲ့ကြသည်။

ဤတစ်ကြိမ်တွင်လည်း သူတို့သည် တူညီသော နည်းလမ်းများကို ထပ်မံ အသုံးပြုခဲ့ကြသည်၊ အမှန်တကယ် အပင်ပန်းခံကြပါပေသည်။

လျူဝမ်ထိုင်းနှင့်လျူဝမ်မေတို့မှာ လုံးဝအံ့အားသင့်သွားကြသည်။

သူတို့သည် ကျိယွမ်၏ စကားများကို နားမလည်ခဲ့ကြပါ။

"စီနီယာ"

လျူဝမ်မေသည် ထပ်မံ၍ တိုက်တွန်းရန် ကြိုးစားသည် ။

ကျိယွမ်က လက်ဝှေ့ယမ်းကာ တားမြစ်လိုက်၏။

ဒီကမ္ဘာကြီး ပျက်စီးသွားရင်တောင် ငါက မသေနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့... ငါသည် ကစားသမားတစ်ယောက် ဖြစ်နေလို့ပဲ၊နင်တို့ ပြန်သွားသင့်ပြီ၊ပြီးတော့... "

ကျိယွမ်က ခေတ္တရပ်ကာ မျက်မှောင်ကျုံ့သွားသည်။

"နင်တို့ ပြန်လို့ရတော့မှာ မဟုတ်ဘူး ထင်တယ်။"

သူ၏အကြည့်သည် သဲကန္တာရကို ဖောက်ထွင်းသွားပြီး မျက်လုံးများ၌ စိတ်လှုပ်ရှားမှုများ ပြည့်လာ၏။

အင်အားကြီးမားသော နတ်ဆိုးတပ်ကြီးသည် သူ့ဆီသို့ ဦးတည်လာနေသည်မဟုတ်ပါလား။

သူကလျူဝမ်ထိုင်းတို့မောင်နှမအား ကြည့်လိုက်သည်။

"မင်းတို့က ငါတစ်ယောက်တည်း မြို့ကို စောင့်ဖို့ ဘယ်လိုသတ္တိ ရှိလဲဆိုတာ အမြဲတမ်း တွေးနေခဲ့ကြတာ မဟုတ်လား၊ ဒီနေ့ ငါပြသပေးမယ်။ကစားသမားတစ်ယောက်အနေနဲ့ မင်းတို့လို NPC တွေကို နည်းနည်းပါးပါးလေးစားသွားအောင်လုပ်ပြမှရတော့မယ်"

"အထင်သေးခံရတာကို ငြီးငွေ့လာပြီ"

"မင်းတို့ရဲ့ကာကွယ်သူကို ပြန်ပြောလိုက် ၊ ငါသာ ဆန္ဒရှိရင် မိုင်ပေါင်းထောင်ချီအတွင်းမှာရှိတဲ့ နတ်ဆိုးအကုန်လုံးက်ု ဖျက်ဆီးပစ်လို့ရတယ်လို့"

ကျိယွမ်၏ စကားများကို ကြားရသောအခါ လျူဝမ်ထိုင်းနှင့်လျူဝမ်မေတို့သည် နားမလည်ခြင်း ၊ စိတ်ရှုပ်ခြင်းများစွာဖြင့် ဆွံ့အကုန်ကြသည်။

ထိုအခိုက်မှာပင် ကျိယွမ်က မြို့ရိုးပေါ်မှ လွှားခနဲခုန်ချသွားသည်။

လျူဝမ်ထိုင်းက တစ်စုံတစ်ခုပြောရန် ပါးစပ်ပြင်လိုက်ပြီးမှ စကားမဆိုတော့ပေ။

ထိုစဥ်မှာပင် ကျိယွမ်၏ကြည်လင်သောအသံ ထွက်ပေါ်လာသည်။

"ငါ့အတွက် အဖော်အများကြီးမလိုဘူး ၊ သတို့သမီးလေးတစ်ယောက်တည်းနဲ့ လုံလောက်တယ်"

တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်း။

ကျိယွမ်သည် သူ၏ခွန်အားကို ဆက်လက် ဖုံးကွယ်ထားခြင်း မရှိတော့ပါ။

သတို့သမီးလေးနှင့်ပေါင်းစည်းလိုက်သည်နှင့် အနီရောင်​သံချပ်ဝတ်စုံက ကျိယွမ်၏အား ချက်ချင်းဖုံးလွှမ်းသွားသည်။

သူ၏ခန္ဓာကိုယ်ချက်ချင်းပင် ၁၀ မီတာအထိမြင့်တက်ကြီးထွားလာသည်။

ကျယ်ပြန့်သော ကန္တာရအလယ်တွင် ဆယ်မီတာမြင့်သောဧရာမကြီးသည် သွေးနီရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည်၊ သူ၏ဦးခေါင်းကို အပြည့်အဝကာကွယ်ထားပြီး အေးစက်ကာ စိတ်ခံစားမှုကင်းမဲ့သော မျက်လုံးတစ်စုံသာ ပေါ်လွင်နေသည် ။

သွေးနီရောင်ဆူးချွန်များသည် သူ၏ပခုံးများကို အလှဆင်ထားသည်၊ ယင်းသည် ဆွဲဆောင်မှုရှိသလို ထိတ်လန့်ဖွယ်လည်းကောင်း၏။

ကြီးမားသော သွေးနီရောင်ဓားကျိုးကြီးကို ကိုင်ဆောင်ထားသည့် သွေးနီရောင်သံချပ်ကာဧရာမကြီး၏ လှမ်းလိုက်သည့်ခြေလှမ်းတိုင်းသည် မြေပြင်ကို တုန်ခါစေသည်။

လျူဝမ်ထိုင်းနှင့်လျူဝမ်မေတို့သည် ကျိယွမ်ကို မျက်လုံးပြူးပြီး စိုက်ကြည့်နေခဲ့ကြသည်။

သူတို့၏ မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေ၏။

ဒါက ဘာကြီးလဲ။

ပေါက်ကွဲထွက်လာသောစွမ်းအားကို ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်ကောင်းသောဧရာမကြီးသည် သူတို့ရှေ့တွင် မြင့်မားစွာ ရပ်နေသည်။

သူတို့သည် ဤကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင်သံချပ်ကာဧရာမကြီးသည် ဝူကွေမြို့၏ ခမ်းနားထည်ဝါသော မြို့ရိုးကို ညင်သာစွာတွန်းလိုက်ရုံမျှဖြင့် မှောက်လှဲသွားအောင် လုပ်နိုင်သည်ဟု အလိုလိုခံစားမိလေသည်။

လျူဝမ်ထိုင်းနှင့်လျူဝမ်မေတို့သည် သူတို့ မြင်နေရသည်ကို နားမလည်နိုင်ခဲ့ကြသော်လည်း သူတို့ရှေ့မှလူသည် မည်သူမျှ မယှဉ်နိုင်သူ ဖြစ်သည်ကိုတော့ ခံစားမိနိုင်သည် ။

ဒုန်း၊ ဒုန်း၊ ဒုန်း။

ကန္တာရထဲတွင် သဲမှုန့်များက ဥပဒဟိုပျံဝဲလျက်ရှိနေသည်။

နတ်ဆိုးတပ်ကြီးသည် နောက်ဆုံး၌ သူ၏ အစွယ်များကို ထုတ်ဖော်ပြသခဲ့သည် ။

"ငါက စစ်သူကြီးဝူထူရဲ့လက်အောက်ခံ ဗိုလ်ချုပ်သံကြိုး ဖြစ်တယ်၊ ဝူကွေမြို့ ကာကွယ်သူ၊ အခု လက်နက်ချလိုက်၊ မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်"

နတ်ဆိုးတပ်ကြီးထဲတွင် ဗိုလ်ချုပ်သံကြိုးသည် တိမ်ရထားပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသည်၊ သူ၏အသံသည် စူးရှ ကျယ်လောင်စွာဖြင့် ကန္တရအတွင်း ထွက်ပေါ်လာခဲ့၏။

အသံလှိုင်းပို့လွှတ်လိုက်ခြင်း ဖြစ်သောကြောင့် သူ၏အသံသည် နတ်ဆိုးတပ်ကြီး မရောက်မီ ဝူကွေမြို့သို့ ရောက်ရှိခဲ့သည်။

ယခုအချိန်တွင် ဝူကွေမြို့၏ကာကွယ်သူ သည် မြို့ရိုးပေါ်တွင် တုန်ယင်နေလောက်ပြီဟု သံကြိုးတွေးမိကာ ကျေနပ်သွားသည်။

သူသည် တိမ်ရထားပေါ်မှထရပ်ပြီး ဝူကွေမြို့ဘက်သို့ ကျေနပ်စွာကြည့်လိုက်သည်။

ချက်ချင်းပင် အလွန်အမင်းအေးစက်သော မျက်လုံးတစ်စုံနှင့် တွေ့ဆုံသည်။

ထိုမျက်လုံးများသည် သွေးနီရောင် ဖြစ်နေသည်၊ အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။

မာန၊ လောဘ၊ ကာမဆန္ဒ...

ဘာတွေလဲ..။ဒါကလူသားကျင့်ကြံသူတေ​ွမှာ ရှိတဲ့အရာတွေမှမဟုတ်တာ။

သံကြိုးသည် မူလက အံ့အားသင့်သွားရုံသာဖြစ်သည်၊ ထိုမျက်လုံးများ၏ ပိုင်ရှင်ကို မြင်သောအခါမှာတော့ သူသည် အံ့အားသင့်ရုံမျှမက လုံးဝ ကြက်သေသေသွားသည် ။

ဆယ်မီတာမြင့်သော သွေးနီရောင် သံချပ်ကာဧရာမကြီးသည် ကြီးမားသော ဓားကျိုးနကြီးကို ကိုင်ဆောင်ထားသည်။

သွေးနီရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့်သူသည် လူသားနှင့်လုံးဝမတူပါ။

သံကြိုး၏ မျက်လုံးများ ပြူးကျယ်လာသည်၊ သူ၏ နှုတ်ခမ်းများ တုန်ယင်လာပြီး တီးတိုးရေရွတ်မိ၏။

"နတ်ဆိုးလား။"

သူ ထိန်းချုပ်ထားသည့် ဧရာမနတ်ဆိုးတပ်ကြီး၏တစ်ဦးချင်းစီသည် ကြီးမားကြသော်လည်း သွေးနီရောင်သံချပ်ကာဧရာမကြီးနှင့်နှိုင်းယှဉ်ပါက ယခုမှ ပေါက်ဖွားလာသော ကြက်ပေါက်လေးများနှင့် တူနေသည် ။

သွေးနီရောင် သံချပ်ကာဧရာမကြီး၏အကြည့်သည် နတ်ဆိုးတပ်ကြီးဆီသို့ ကျရောက်သွားသည်၊

သူ၏ မျက်လုံးများသည် လောဘဖြင့် ပြည့်နှက်နေ၏။

အေးစက်သောအသံတစ်ခုက သံကြိုးဆီသို့ ရောက်ရှိလာသည်။

"ငါကို ဘယ်သူမှ မယှဉ်နိုင်ဘူး"

"မမြင်ဖူးရင် ကြည့်ထားကြ၊ ဒါဟာ ငါ တစ်ယောက်တည်း ဝူကွေမြို့ကို ကာကွယ်နိူင်ရတဲ့အကြောင်းရင်းပဲ။"

ဖိနှိပ်နိုင်သောစွမ်းအား။

သေခြင်းတရား၏ အလင်းရောင်။

ကောင်းကင်ပိုင်းဖြတ် ဓားချက်။

သွေးနီရောင်သံချပ်ကာဧရာမကြီးသည် ရုတ်တရက် ခုန်တက်လိုက်ရာ

သူ၏ခြေထောက်အောက်မှ သဲကန္တာရ မြေပြင်သည် ပြင်းထန်စွာမြည်ဟည်းသွားသည်။

ကြီးမားသော ဓားကျိုးကြီးသည် ကောင်းကင်မှ ပြင်းထန်စွာကျဆင်းလာ၏။

ဓားစွမ်းအားသည် မိုင်သုံးဆယ်အထိ လွှမ်းခြုံသွားသည်။

ဝုန်း..

ဝုန်း ...

ဝုန်း...

နတ်ဆိုးထောင်ပေါင်းများစွာ ဓားဖြင့်ဖိကြိတ်ခြင်းခံလိုက်ရသည်။

မြေပြင်က တုန်ခါသွားသည်၊ သဲများမှာလည်း နေရာအနှံ့ ပျံဝဲသွားလေ၏။

နတ်ဆိုးထောင်ပေါင်းများစွာသည် အသက်ရှုချိန်တစ်ခုအတွင်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားကြသည်။

အင်အားကြီးပါသည်ဆိုသော တိုင်း​ပြည်စောင့်အဆင့် နတ်ဆိုးကြီးဆယ်ကောင်ကျော်သည်ပင် အော်ဟစ်ချိန်မရဘဲ ဓားဖြင့် ချက်ချင်း ပျက်စီးသွားကြသည်။

နတ်ဆိုးထောင်ပေါင်းများစွာသည် တစ်ချက်တည်းဖြင့် သေဆုံးသွားကြတော့သည်။

ဓားစွမ်းအင်ကြောင့် စက္ကန့်အနည်းငယ်ကြာသည်အထိ သဲများသည် လေထဲ၌ပြင်းထန်စွာဝဲနေဆဲ ဖြစ်၏။

မြို့ရိုးပေါ်တွင် လျူဝမ်မေ နှင့်လျူဝမ်ထိုက်တို့သည် သဲများကြောင့် မျက်စိကွယ်သလို ဖြစ်နေကြသော်လည်း တိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားမိကြသည်။

ဤကမ္ဘာပေါ်တွင် ထိုမျှအင်အားကြီးသော ဓား မည်သို့ ရှိနိုင်မည်နည်း။

တစ်ချက်တည်းဖြင့် နတ်ဆိုး ထောင်ပေါင်းများစွာ ဖျက်ဆီးခံရသည်။

သူတို့အထဲတွင် တိုင်းပြည်စောင့်အဆင့် နတ်ဆိုးဆယ်ကောင်ကျော်ပင်ပါဝင်သည်။

ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအား...။

နှစ်ယောက်စလုံး အကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားကြသလို ရှက်ရွံ့သွားကြ၏။

သူတို့ ကျိယွမ်အတွက် စိုးရိမ်ခဲ့ကြသည်မှာ နေမင်းကို ဖယောင်းတိုင်မီးက ပူလောင်သွားမည်ကို ပိုးကောင်လေးများက စိုးရိမ်သည်နှင့် တူနေသည်မဟုတ်ပါလား။

ယူကျိုး၏ စစ်မြေပြင်တစ်ခုလုံးတွင် ဝူကွေမြို၏ကာကွယ်သူသည် အမှန်တကယ် မည်သူမျှ မယှဉ်နိုင်သူ ဖြစ်သည်။

ဓားတစ်ချက်တည်းဖြင့် နတ်ဆိုး ထောင်ပေါင်းများစွာကို သုတ်သင်နိုင်သည်။

သူသာဆန္ဒရှိလျှင် ခန်းလန်မြို့ကိုပင် တစ်ယောက်တည်း အနိုင်ယူနိုင်ဖွယ် ရှိ၏။

ကျိယွမ်သည် နောက်ဆုံးတွင် အဆင့်ကိုးဆယ်သို့ ရောက်ရှိသွားခဲ့သည်။

ကျိယွမ်၏ နားထဲတွင် အချက်ပေးသံတစ်ခုထွက်ပေါ်လာသည်။

【သင်သည် အဆင့် ၉၀ သို့ ရောက်ရှိခဲ့ပြီ၊ အနှစ်သာရကို နားလည်ရန် အခွင့်အရေး တစ်ခု ရရှိခဲ့သည်။ ၎င်းကို အသုံးပြုလိုပါသလား။】

သူသည် နောက်ဆုံးတွင် အနှစ်သာရကို နားလည်ရန် အခွင့်အရေး နောက်တစ်ခု ရရှိခဲ့လေပြီ။

သို့သော် ယခုသည် ၎င်းကိုအသုံးပြုရန် အချိန် မဟုတ်သေးပါ။

သူ၏တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်မြေပြင်ပေါ်သို့ ပျံသန်းသွားသည်။

ကျိုးနေသော ရတနာတိမ်ရထားကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားပြီး သေချာလေ့လာမိ၏။

သူ၏အကြီးစားစွမ်းရည်သုံးမျိုးပေါင်းကိုပင် ခံနိုင်ရည်ရှိသည်၊ ၎င်းသည် သေချာပေါက် အဆင့်မြင့်ရတနာတစ်ခုဖြစ်နိုင်သည်။

တိမ်လှေဘေးတွင် သံကြိုးသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပါ။

သူသည် သူ၏ရှေ့မှ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကို ကြောက်ရွံ့မှုနှင့် အတူ နောင်တရသောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

"နတ်ဆိုးတွေကို သတ်ပါ... ဒါပေမဲ့ ကျွန်တော့်ကို ချမ်းသာပေးပါ၊ ကျွန်တော်က တိုင်းပြည်စောင့်တစ်ဦးဖြစ်ပါတယ်၊ကျွန်တော် လက်နက်ချပါပြီ။"

သူ၏တောင်းပန်စကားကို တုံ့ပြန်မှုအနေဖြင့် ကျိယွမ်၏ဓားကျိုးသည် တောက်ပသွား၏။

ယခုအခါတွင်နတ်ဆိုးထောင်ပေါင်းများစွာပါဝင်သော ဝူထူ၏ ရှေ့ပြေးတပ်သည် ကျိယွမ်၏လက်ချက်ဖြင့် အားလုံးပျက်စီးသွားခဲ့လေပြီ။

သွေးနီရောင်သံချပ်ကာသည် အနီရောင် ပိုးကောင်လေးများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွား​သည်။

ကျိယွမ်၏ ခန့်ညားသောပင်ကိုရုပ်ရည်က

ပြန်လည်ထွက်ပေါ်လာသည်။

သူသည် လျူဝမ်ထိုင်းနှင့်လျူဝမ်မေတို့၏ ဘေးသို့ ရောက်လာပြီး မေးလိုက်၏။

"ငါ ခန်းလန်မြို့ကို ဘာလို့ မသွားခဲ့တာလဲဆိုတာ အခု မင်းတို့ နားလည်ပြီလား။"

လျူဝမ်ထိုင်းနှင့်လျူဝမ်မေတို့သည် တိတ်ဆိတ်နေကြသည်။ကျိယွမ်ကို စိတ်လှုပ်ရှားမှုနှင့်အနည်းငယ်သော ကြောက်ရွံ့မှုတို့ရောထွေးနေသော စိတ်ခံစားမှုများဖြင့် ကြည့်ကာ စကားပြန်မပြောမိကြ။

ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင်ဧရာမကြီးသည် သူတို့၏မှတ်ဉာဏ်များတွင် နက်နက်ရှိုင်းရှိုင်း ထင်ကျန်နေဆဲပင်။

"ငါက ပုံမှန်ဆို ကိုယ့်အကြောင်းကိုရှင်းပြ ဆန္ဒမရှိဘူး၊ အထူးသဖြင့် NPC တွေကို ရှင်းပြဖို့ဆို ပိုတောင်စိတ်မပါဘူး၊ ဒါပေမဲ့ မင်းတို့နှစ်ယောက်က စာဝါငှက်ပေါက်စလို တဂျီဂျီနားပူအောင် စကားများနေကြတော့ အကြောင်းသိအောင် ပြရတာပဲ"

"ဘာပဲပြောပြော ၊ မင်းတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အခုသိသွားပြီဆိုတော့ မင်းတို့လည်း အခုသွားသင့်ပြီ ။"

လုပ်စရာရှိနေသောကျိယွမ်သည် သူတို့ကို ထွက်ခွာခိုင်းလိုက်သည်။

လျူဝမ်ထိုင်းနှင့်လျူဝမ်မေတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးနောက် ကျိယွမ်ကို လေးလေးနက်နက် အရိုအသေပေးပြီး အလျင်အမြန် ထွက်ခွာသွားကြသည်။

ထို့နောက် ကျိယွမ်၏အော်သံသည် သူတို့ထံသို့ ရောက်ရှိလာသည်။

"လူငယ်လေးတွေ ယုံကြည်ပေမဲ့ လူကြီးတွေ မယုံကြည်တာမျိုး မဖြစ်စေနဲ့။မင်းတို့ကနတ်ဆိုးတွေ မဟုတ်ဘူး၊ ငါ ဒီလို ငါးဖမ်းတဲ့ နည်းဗျူဟာကိုမကြိုက်ဘူး "

ကျိယွမ်က ပြောပြီးသည်နှင့် ဝူကွေမြို့ထဲသို့ ဝင်ရောက်သွားသည်။

တိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေလိုက်သည်။

"အနှစ်သာရကို နားလည်ခြင်း..."

သူသည် အနှစ်သာရကို ထပ်မံ၍နားလည်ရန် စတင်လိုက်သည်။

သူ၏ အမြင်အာရုံသည်ထပ်မံ ပြောင်းလဲသွားလေ၏။

အဝါရောင် သဲများ ပျောက်ကွယ်သွားပြီး မြူခိုးများဖြင့် အစားထိုးလိုက်သည်။

ကျိယွမ်သည် ယခင်ကဲ့သို့ အိုးကိုးလုံးတောင်ထိပ်ပေါ်တွင်သို့ ရောက်လာသည်။

သို့သော် ကောင်းကင်ပေါ်သို့ ကြည့်မိသောအခါ သူ၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။

သူသည် အနန္တအသွင်ကူးပြောင်းတံခါးပေါင်းများစွာကို ကိုးလှမ်းတောင်ထိပ်ပေါ်တွင် တွေ့ရှိလိုက်ရသောကြောင့်ဖြစ်သည်။ လွန်ခဲ့သောအကြိမ်က သူရောက်ရှိခဲ့စဉ်တွင် ထိုတံခါးသည် ကောင်းကင်အထက်တွင် မြင့်မားစွာ ရှိခဲ့သည်။

ဤတစ်ကြိမ်တွင်မူ ၎င်းသည် ပေရာဂဏန်း အကွာအဝေးတွင်သာ ရှိနေ၏။

အလွန် နီးကပ်လွန်းနေသည်။

သို့သော် ကျိယွမ်သည် ၎င်းကိုထိတွေ့နိုင်ခြင်း မရှိပါ။

သူသည် စာဝါငှက်ကလေး၏ သေးငယ်သော အသိုက်ကို ကြည့်လိုက်၏။

ယခုအခါမှာတော့ အသိုက်သည် ဗလာ ဖြစ်နေလေပြီ။

သူက လာရင်းကိစ္စကိုမမေ့ပါ။

သူသည် အနန္တအသွင်ကူးပြောင်းတံခါးပေါင်းများစွာကို ပြန်ကြည့်နေလိုက်သည်။

【သင်သည် အနန္တအသွင်ကူးပြောင်းတံခါးပေါင်းများစွာကို နားလည်ခဲ့ပြီ၊ ဗီဇပြောင်းလဲခြင်းစွမ်းရည် +၁၀ ။】

【သင်သည် အနန္တအသွင်ကူးပြောင်းတံခါးပေါင်းများစွာကို နားလည်ခဲ့ပြီ၊ ချောင်းဆိုးနိုင်သောစွမ်းရည် +၁၀ ။】

【သင်သည် အနန္တအသွင်ကူးပြောင်းတံခါးပေါင်းများစွာကို နားလည်ခဲ့ပြီ၊ အဝတ်အစား ဆွဲဖြဲနိုင်သောစွမ်းရည် +၁၀ ။】

တံခါးများ ပိုမိုနီးကပ်လာသောကြောင့်ထင်သည်။ကျိယွမ်၏ နားလည်နိုင်စွမ်းသည် လည်း များစွာပိုမို အားကောင်းလာခဲ့သည် ။

ယခင်က ၎င်းသည် တစ်ကြိမ်လျှင် တစ်မှတ်လောက်သာဖြစ်ခဲ့သည်၊ ယခုမူ တစ်ကြိမ်တည်းတွင် ဆယ်မှတ် ဖြစ်သည်။

သူကျေနပ်စွာတွေးနေစဥ် သူ၏ခန္ဓာကိုယ်က သိသာစွာ ပူလောင်လာ၏။

"မကောင်းတော့ဘူး၊ အရမ်း ပူနေတယ် ၊ မီးမြှိုက်ထားသလို လောင်ကျွမ်းနေတာပဲ"

သူသည် ယခုအချိန်၌ အနီရောင်သွေးစက်တစ်ခုဖြစ်နေပြီး အဆက်မပြတ်ဆူပွက်နေသည်။

သူ၏ ခန္ဓာကိုယ်သည် အခြောက်လှမ်းခံနေရသကဲ့သို့ ခံစားရပြီး အဆက်မပြတ်ရေငွေ့ ပျံနေသည့်အတိုင်း ခမ်းခြောက်လာတော့မလိုပင်။

"ဒါဟာ ငါ တံခါးပေါက်တွေနဲ့ အရမ်းနီးကပ်လွန်းလို့လား။"

ကျိယွမ်သည် ထိုနေရာတွင်မနေရဲတော့ပါ။သူက ခြေလက်များလည်းမရှိသောကြောင့်တောင်အောက်သို့ လိမ့်ဆင်းပြေးရတော့သည်။

ထိုအချိန်တွင် ကြီးမားသော အစိတ်အပိုင််း တစ်ခု သူ့ဆီတညိ့တည့်ကြီး ပြုတ်ကျလာသလို သူခံစားလိုက်ရသည်။

ဘာကြီးလဲ။

【သင်သည် အနန္တအသွင်းကူးပြောင်းတံခါးပေါင်းများစွာကို နားလည်ခဲ့ပြီ၊ လူသားနတ်ဆိုး လမ်းစဥ် +၉၉၉ ။】

တောင်ပေါ်မှ လိမ့်ချနေသော ကျိယွမ် ရှုပ်ထွေးသွားသည်။

တစ်ချက်တည်းနဲ့ ၉၉၉ လား။

ဒီ လူသားနတ်ဆိုးလမ်းစဥ်ဆိုတာက ဘာလဲ။

ကျိယွမ်၏ မျက်လုံးများတွင်ထိတ်လန့်တုန်လှုပ်မှုများထွက်ပေါ်လာသည်။

"ဒါဟာ လုံးဝအသစ်စက်စက်လမ်းစဥ် တစ်ခုလား။"

"မဟုတ်ဘူး၊ ဒါက လျူဖုန်းနယ်မြေရဲ့ကျင့်ကြံမှူစနစ်ပဲ ဖြစ်ရမယ်"

"ကစားသမားတစ်ယောက်အနေနဲ့ ငါ NPC တွေ့ရဲ့ ကျင့်ကြံမှုနည်းစနစ်ကို သင်ယူမိသွားတာလား။"

"ငါက ဒီနည်းစနစ်ကို အပြည့်အဝတတ်သွားတာများလား"

ကျိယွမ်က အနည်းငယ်စဥ်းစားပြီးနောက် အပူဒဏ်ကိုပြန်လည်ခံစားလာရသဖြင့် တောင်စောင်းသို့ ထပ်မံလိမ့်ဆင်းသွားလိုက်သည်။

သူ၏သွေးစက်ခန္ဓာကိုယ် ဆူပွက်လာပြီးအငွေ့ ပျံတော့မလိုခံစားမှုနှင့် တံခါးပေါင်းများစွာနှင့်ပေါင်းစည်းတော့မလို ခံစားနေရခြင်းများ လျော့နည်းသွားသည်။

"ငါ ဒီနေရာလောက်မှာ ထိုင်လိုက်မယ်"

ကျိယွမ်သည် သင့်တော်သောနေရာတစ်ခုတွင် သွေးစက်ကြီးအဖြစ် ပြောင်းလဲသွားပြီး တံခါးပေါင်းများစွာကို ဆက်လက် နားလည်ရန် ကြိုးစားနေသည်။

ထို့စဥ် ရွှင်လန်းသောအသံတစ်ခု သူ၏နောက်မှထွက်ပေါ်လာ၏။

"သွေးစက်လေးလား။"

ကျိယွမ် ကြည့်လိုက်ရာ ရွှေရောင်ဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။

မိန်းကလေး၏မျက်လုံးများက အံ့အားသင့်ခြင်းနှင့်အတူ ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။

သူမ၏ နူးညံ့သောမျက်နှာသည် မက်မွန်ပန်းကဲ့သို့ ဖြစ်နေသည်၊ သူမ၏ သေးငယ်သော နှုတ်ခမ်းလေးများက အနည်းငယ်ပွင့်ဟနေကာ အပြစ်ကင်းပြီးချစ်စရာကောင်းသူလေးပင်။

သူမ၏ ရွှေရောင်ဝတ်စုံသည် တလက်လက် တောက်ပနေပြီး ဒဏ္ဍာရီပုံပြင်ထဲမှ ထွက်ပေါ်လာသော နတ်သမီးတစ်ပါးအလားဖြစ်၏။

"နင်က..ရွှေရောင်စာဝါငှက်လေးလား"

ကျိယွမ်သည် တစ်ချိန်ကတွေ့ဆုံခဲ့ဖူးသော စာဝါငှက်လေးကို ပြန်တွေးမိသွားသည်။

ဤ ချစ်စရာကောင်းသော မိန်းကလေးသည် ထိုစာဝါငှက်ကလေးပင် ဖြစ်ရမည်။

"ဟွန့်၊ အဲဒီ ကျိန်စာတိုက်ထားတဲ့ တံခါး ပေါ်လာရင် နင်ပေါ်လာမယ်ဆိုတာ ငါသိသားပဲ"

ရွှေရောင်မိန်းမပျိုလေးသည် အဝေးမှရပ်ကြည့်နေသော်လည်း ကျိယွမ်အနီးသို့ချည်းကပ်လာခြင်းမရှိပါ။

"ငါ ဘယ်လောက်ကြာကြာ ပျောက်ကွယ်နေခဲ့တာလဲ။"

ကျိယွမ်သည် စာဝါငှက်လေးကို မေးလိုက်သည်။

အချိန်တစ်ခုအထိ ကြာမြင့်ခဲ့သည်ကိုတော့ သူသိပါသည်။

စာဝါငှက်လေးသည် ထိုစဥ်က တစ်ပေါင်ခန့်သာ အလေးချိန် ရှိခဲ့သည်၊ယခုတွင်ပေါင် ကိုးဆယ်မကတော့ချေ။

"လေးဆယ့်ခုနစ်နှစ်နဲ့ သုံးလ။"

ရွှေရောင်စာဝါငှက်လေးသည် လက်နှစ်ဖက်ကိုခါးမှာထောက်လျက် အလွန်ဒေါသထွက်နေသော ပုံဖြင့် ပြောလိုက်သည်။

"ငါ အဲဒီလောက် ကြာကြာ ပျောက်ကွယ်နေခဲ့တာပဲ။"

ကျိယွမ် နားလည်သွားသည်။

သူအဝေးရောက်နေခဲ့သည့်အချိန်သည် ဂိမ်းနှင့်မသက်ဆိုင်ဘဲ အနန္တအသွင်ကူးပြောင်းတံခါးပေါင်းများစွာ ပေါ်လာခြင်းနှင့်သာ သက်ဆိုင်နေခြင်းဖြစ်နိုင်သည်။

"ဟွန့်၊နင် နှုတ်ဆက်စကားတောင် မပြောဘဲ ထွက်သွားခဲ့တာ၊နင့်ကို ငါ့ရဲ့သူငယ်ချင်း စာရင်းကနေ ဖယ်လိုက်ပြီ"

"ဒါပေမဲ့ ငါ ဒီနေ့ မိတ်ကပ်လှလှလေးလိမ်းထားလို့ စိတ်ကောင်းဝင်ပြီး နင့်ကိုသူငယ်ချင်းအဖြစ်ပြန်လက်ခံဖို့ လျှော့ပေးလိုက်မယ်"

သူမက ဝတ်ထားသော ရွှေရောင်ဝတ်စုံကို ဂုဏ်ယူစွာဖြင့် တစ်ပတ်လှည့်ပြ၏။

"တွေ့လား၊ ငါ အသွင်ပြောင်းသွားပြီ၊နာမည်တောင်ရှိတယ် ကျူးယန်တဲ့ ၊ ဘယ်လိုလဲ ငါ လှရဲ့လား။"

ဤမျှ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် စာဝါငှက်လေးသည် စာဝါငှက်လေးသာဖြစ်နေဆဲဟု ကျိယွမ်တွေးမိသည်။

"လှတာပေါ့ ၊ ရှားပါးတဲ့ အလှပိုင်ရှင်ပဲ။"

ကျိယွမ် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သဖြင့် စာဝါငှက်လေးက နှုတ်ခမ်းစူသွားသည်။

"နင်က စိတ်ရင်းမှန်နဲ့ ပြောတာမဟုတ်ဘူး။ဟုတ်တယ်မှတ်လား"

သူမက ကျိယွမ်အားဒေါသထွက်သွား၏။သို့သော် အခြားတစ်ခုကို သတိရသွားသောအခါ သူမကအံ့သြသလိုရေရွတ်လိုက်၏။

"မဖြစ်နိုင်ဘူး၊အိုးကိုးလုံးတောင်ပေါ်မှာ နင်က ဘာလို့အခုထိအသွင်မပြောင်းနိုင်ပဲ ကျန်နေသေးတာလဲ။"

-----------

All Chapters