← Chapters

အနန္တအသွင်ကူးပြောင်းတံခါး၏မူလဇာစ်မြစ်

Vol. 8 Ch. 106

အနန္တအသွင်ကူးပြောင်းတံခါး၏မူလဇာစ်မြစ်

Vol. 8 Ch. 106

တရားဟောပြောခြင်းသည် လေးဆယ့်ကိုးရက် ကြာခဲ့သည်။

အံ့ဖွယ်အသံသည် နတ်သံစဉ်နှယ် ဆယ့်ရှစ်တောင်တစ်ခွင် ပဲ့တင်ထပ်လေသည်။

အိုးကိုးလုံးတောင်သည် လူအုပ်နှင့် ပြည့်ကျပ်လျက်၊ မိုးကြိုးသံများကလည်း မိုးကောင်းကင်ကို ပြည့်စေခဲ့ပြီး၊ နွေဦးမိုးရေတို့သည်လည်း မြေပြင်ပေါ်သို့ စီရရီကျဆင်းခဲ့သည်။

နူးညံ့သော မိုးရေစက်များသည် တရားနာသူများ၏ ကိုယ်ခန္ဓာများပေါ်သို့ ကျရောက်ခဲ့ကာ၊ လန်းဆန်းငြိမ်းချမ်းသော ခံစားချက်ကို ယူဆောင်လာခဲ့သည်။

လူသားတစ်ဦးသည် မျက်လုံးများ မှုန်ဝါးလျက် "နေ၊ လ၊ နက္ခတ်တာရာများ ပျောက်ကွယ်သွားခဲ့ပြီးနောက်၊ လူသားမျိုးနွယ်ဟာ ဘုရားအသံတော်ကို တဖန်ပြန်ကြားခဲ့ရလေပြီ" ဟု တီးတိုးရွတ်ဆိုနေခဲ့သည်။

နတ်ဆိုး တစ်ကောင်သည် မြေပြင်ပေါ်၌ မှောက်လျက်လဲနေခဲ့ကာ၊ ကျိယွမ်အား အမြင့်ဆုံးသောပညာရှိအဖြစ် ကိုးကွယ်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။

ကျိယွမ်သည် ကျောက်တုံးကြီးတစ်လုံးပေါ်တွင်ထိုင်နေပြီး သူ၏အသံသည် ကြည်လင်ချမ်းမြေ့လှ၏။

"လူသားနတ်ဆိုး လမ်းစဉ်မည်၏၊ ဤသည်တို့သည်ကား.. နတ်ဆိုးများကို ထောင်သွင်းအကျဉ်းချခြင်းဖြစ်လေတော့သတည်း"

သူ၏ နောက်ဆုံးစကားများနှင့်အတူ၊ "နတ်ဆိုးချုပ်နှောင်ရေးစွမ်းရည်" အမည်ရှိသောနည်းစနစ်တစ်ခုသည် ဆယ့်ရှစ်တောင်တွင်ရှိနေသောလူတိုင်း၏ နှလုံးသားများထဲသို့ ထွင်းထုဝင်ရောက်သွားခဲ့သည်။

တောင်ပေါ်တစ်ခုလုံးသည် ထိတ်လန့်တကြားဖြစ်နေသော နတ်ဆိုးများနှင့် လူသားကျင့်ကြံသူသူများဖြင့် ပြည့်နေသည်။

အသက်ကြီးသော လူသားတစ်ဦးက ဒူးထောက်ကာ ငိုကြွေးမြည်တမ်းလေသည်။

"အရှင်ဘုရား၊ ဤနည်းစနစ်ကို ပေးသနားပြီး၊ အကျပ်အတည်းအချိန်များတွင် ကျွန်တော်တို့မျိုးနွယ်ကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်လှပါသည်ဘုရား"

"နတ်ဆိုးချုပ်နှောင်ရေးစွမ်းရည်" သည် အဓိကအားဖြင့် ကျင့်ကြံသူများကို သူတို့၏ နှလုံးသားအတွင်းရှိ နတ်ဆိုးများကို ပိတ်လှောင်ရန် လှောင်အိမ်တစ်ခု တည်ဆောက်ရာတွင် ကူညီပေးခဲ့သည်။

ဤနည်းအားဖြင့် သူတို့အသက်ရှင်သန်နေသရွေ့ စိတ်လှုပ်ရှားမှုများသည် သူတို့၏ ခန္ဓာကိုယ်မှနတ်ဆိုးများကို ရုတ်တရက် လွှတ်ပေးမည်မဟုတ်တော့ပါ။

ထို့ကြောင့် ၄င်းနည်းစနစ်သည် လူသားများနှင့် နတ်ဆိုးဝိညာဉ်များ နှစ်မျိုးလုံးအတွက် အလွန် အရေးပါခဲ့သည်။

ထိုအဖိုးအိုဒူးထောက်လိုက်သည်နှင့် ကျန်ရှိနေသော လူသားများနှင့်နတ်ဆိုးများအားလုံးသည် သူတို့၏ကျင့်ကြံမှု အဆင့်အတန်း သို့မဟုတ် ဂုဏ်ပုဒ်ကိုမခွဲခြားဘဲ ဒူးထောက်ခဲ့ကြကာ၊ တပြိုင်နက်တည်း သံပြိုင်ဟစ်ကြွေးကြလေသည်။

"အရှင်ဘုရား၊ ဤနည်းစနစ်ကို ပေးသနားပြီး၊ ခက်ခဲသောအချိန်များတွင် ကျွန်တော်တို့၏ မျိုးနွယ်များကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်လှပါသည်ဘုရား။"

နတ်ဆိုးများနှင့်လူသားများ ကျောက်တုံးပေါ်တွင်ထိုင်နေ​သောကျိယွမ်ကို ဦးညွှတ်နေသော မြင်ကွင်းသည် အံ့မခန်းဖွယ်ရာ ဖြစ်ခဲ့သည်။

ကျူးယန်သည်လည်း မှင်သက်သွားခဲ့ရသည်။

လူတိုင်း ဒူးထောက်နေခဲ့သည်၊ သူမလည်း ဒူးထောက်သင့်လေသလား။

သူမသည် ထိုအတွေးကို လျင်မြန်စွာ ဖယ်ရှားလိုက်သည်။

သူမသည် ကျိယွမ်ကို ကြည့်နေပြီး၊ သူမ၏ လှပသောမျက်လုံးများသည် ဂုဏ်ယူမှုဖြင့် ပြည့်နှက်နေခဲ့သည်။

ကျိယွမ်သည် တည်ငြိမ်စွာမတ်တပ်ရပ်လိုက်သည် ။များပြားလှသော လူသားနှင့် နတ်ဆိုး အုပ်စုများကို ကြည့်လျက် အတွေးများစွာသည် သူ၏စိတ်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။

"တရားဟောပြောခြင်း ပြီးဆုံးပါပြီ၊ လူတိုင်း ကိုယ့်အိမ်သို့ ပြန်ကြပါ။"

သူသည် တရားဟောပြောရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။

သူသည် လူသားနတ်ဆိုးလမ်းစဉ်ကို နားလည်သဘောပေါက်မှု၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး၊ ၎င်းကို ဖော်ပြရန် လိုအပ်သည်ဟု ခံစားခဲ့ရခြင်းသာ ဖြစ်သည်။

သူသည် သူ၏လမ်းစဉ်ကို စီစစ်ရင်းမှ သဘာဝအလျောက် ရွတ်ဆိုမိခဲ့ခြင်းမျှသာဖြစ်သည်။

နတ်ဆိုးများနှင့် လူသားများသည် သူ၏အသံကို ကြားပြီးနောက် အောက်တွင် စုရုံးလာကြသည်။

တဖြည်းဖြည်းချင်းရွတ်ဆိုမိရင်းမှ ကျိယွမ်သည် တရားဟောပြောခြင်းသည်လည်း လူသာနတ်ဆိုး လမ်းစဉ်ကို စစ်ဆေးခြင်းဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။

သူ ပိုမိုပြောလေလေ၊ သူ၏ နားလည်မှုသည် ပိုမို ရှင်းလင်းလေလေ ဖြစ်ခဲ့သည်။

ယခုမှု သူ၏စစ်ဆေးခြင်းကပြီးဆုံးသွားလေပြီ ။ထို့ကြောင့် လူပေါင်းများစွာက သူအားအာရုံအပြည့်စူးစိုက်ကြည့်ခံရခြင်းက သူ့အား မသက်မသာခံစားရစေသည်။

များပြားလှသော လူသားနှင့် နတ်ဆိုးများသည် ကျိယွမ်၏ညွှန်ကြားသံကို ကြားသောအခါ ရိုသေလေးမြတ်စွာ ဦးချကန်တော့ပြီးနောက် မျက်ရည်အဝိုင်းသားဖြင့် ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့ကြသည်။

နောက်ဆုံးတွင် မပြန်သေးဘဲနေခဲ့သော နှစ်ဆယ့်ခုနစ်ဦးသာ ကျန်ရှိတော့သည်။

ထိုအဖွဲ့၏တစ်ဝက်သည် လူသားများ ဖြစ်ကြပြီး၊ ကျန်တစ်ဝက်သည် နတ်ဆိုးများ ဖြစ်ကြသည်။

အားလုံးက ကျိယွမ်ကိုကြည့်လျက် ရိုကျိူးစွာချဉ်းကပ်​ပြီး ခွင့်ပန်ကြသည်။

"ကျွန်တော်တို့က သွေးသခင်ကို ကျွန်တော်တို့ရဲ့ ဆရာသခင်အဖြစ် ခစားပြီးအလုပ်အကျွေးပြုချင်ပါတယ်၊ ခွင့်ပြုပေးပါ"

ကျီယွမ်သည် သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သွေးဖြင့် ကျင့်ကြံခဲ့သောကြောင့် သူတို့က သွေးသခင်ဟု ခေါ်ဆိုခြင်းသည်မှာ သဘာဝကျလေ၏။

ကျိယွမ်သည် ချက်ချင်းမငြင်းသေးဘဲ တိတ်ဆိတ်နေသည်။

ငါက ဘာလုပ်ဖို့ တပည့်လိုအပ်မှာလဲ၊လူရှုပ်ပြီး စကားများရုံသာရှိမှာပေါ့၊

ကျူးယန်တစ်ယောက်နှင့်ပင် ကျိယွမ်ခေါင်းကိုက်ဖို့ လုံလောက်နေလေပြီ။

သို့သော်လည်း၊ ကောင်းကင်ယံရှိ အနန္တအသွင်ကူးပြောင်းတံခါးဝကို လှမ်းကြည့်လိုက်သောအခါ အတွေးများစွာသည် သူ၏ စိတ်ထဲတွင် ဖြတ်သန်းသွားခဲ့သည်။

သူသည် ထိုတံခါးနှင့် ပတ်သက်သည့် အချက်အလက်များကို ပိုမို စုဆောင်းရန် ကူညီပေးနိုင်သည့်လူအချို့ အမှန်တကယ်လိုအပ်နေသည်။

ထို့အပြင် သူသည် နောက်တစ်ကြိမ်က မည်သည့်အချိန်မှ ပြန်လာနိုင်မည်ကိုလည်း မသိပါ။

ထို့ကြောင့် သူ၏နေရာပတ်ဝန်းကျင်တွင် ရင်းနှီးသောသူများ ရှိနေခြင်းသည် မဆိုးလှပေ။

"ငါ တပည့်မခေါ်ဘူး၊ ဒါပေမဲ့ သင်တို့ နေလိုကနေနိုင်တယ်၊

တောင်းဆိုသူနှစ်ဆယ့်ခုနှစ်ဦးသည် အနည်းငယ်စိတ်ပျက်သွားကြသော်လည်း သူတို့နေထိုင်ခွင့်ရှိကြောင်း သိရသောအခါ စိတ်လှုပ်ရှားသွားကြသည်။

အားလုံးက ရိုသေစွာဦးညွှတ်လိုက်သည်

"ကျွန်တော်တို့အားလုံး သွေးသခင်ကို ခစားရန် ဆန္ဒရှိပါတယ်"

ကျိန်ယွမ်၏ဘေးတွင်နေသော ကျူးယန်၏မျက်လုံးများက ထိုနှစ်ဆယ့်ခုနှစ်ယောက်ထဲမှ အမျိုးသမီးတစ်ဦးအပေါ်သို့ ကျရောက်နေသည်။

ထိုအမျိုးသမီးသည် အိုးကိုးလုံးတောင်ပေါ်မှ ရှန်ရန်ရန်ဟုအမည်ရှိသော အဖြူရောင် မြေခွေးမှ အသွင်ပြောင်းလာခြင်းဖြစ်ကြောင်း သူမသိလေ၏။

ရှန်ရန်ရန်ကို မြင်သောအခါ ကျူးယန်သည် ကျိယွမ်၏လက်ကို ချက်ချင်းတွယ်ကပ်လိုက်ပြီး သူမ၏မျက်နှာကို တမင်မော့ထားကာ အထက်စီးမှ ငုံ့ကြည့်လိုက်သည်။

ကျိယွမ်က သူမအားလျစ်လျူသာ ရှုထားလိုက်သည်။

"တောင်ပေါ်မှာနေရာတစ်ခုရှာပြီး နေစရာဆောက်လုပ်ကြပါ"

"ဟုတ်ကဲ့ပါ"

သူတို့အားလုံးက မိမိတို့၏အဆင့်အတန်းနှင့်ပါရမီ စသည်တို့ကိုမေ့ပစ်ကာ ကျိယွမ်ကို အလွန်လေးစားရိုသေကြသည်။

ကျိယွမ်၏ အိုးကိုးလုံးတောင်ပေါ်မှ ဟောပြောခြင်း၊ အထူးသဖြင့် "နတ်ဆိုးချုပ်နှောင်ရေးစွမ်းရည်" သည် လူသားများနှင့် နတ်ဆိုးများနှစ်မျိုးလုံး၏ ကံကြမ္မာကို ကြီးမားစွာ ပြောင်းလဲပေးနိုင်ခဲ့သည်။

ထို နှစ်ဆယ့်ခုနစ်ဦးလုံးက ယနေ့မှစ၍ အိုးကိုးလုံးတောင်မှစတင်သော တရားဓမ္မများသည် လျူဖုန်းနယ်မြေကြီး တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားမည်ကို ​ကြိုတင်ခန့်မှန်းမိလေသည်။

ထို့ကြောင့် မကြာမီအချိန်များအတွင်း အိုးကိုးလုံးတောင်သည် လူသားများနှင့်နတ်ဆိုးများအားလုံးအထွတ်အမြတ်ထားရာ စစ်မှန်သောမြင့်မြတ်နယ်မြေ ဖြစ်လာမည်ဖြစ်သည်။

သွေးသခင်သည်လည်း မရေမတွက်နိုင်သောသတ္တဝါများ၏ ရိုသေလေးစားခံရသောပုဂ္ဂိုလ် ဖြစ်လာမည်မှာ သေချာ၏။

ဤနေရာတွင် နေထိုင်ခွင့်ရခြင်းသည် မယုံနိုင်လောက်အောင် အခွင့်အရေးတစ်ခု မဟုတ်ပါလား။

သူတိူ့က လက်လွတ်ခံမည်မဟုတ်ပါ​။

"အိုးကိုးလုံးတောင်က ငါ့ရဲ့ နယ်မြေပဲ။ အိမ်တွေ ရှာပေးဖို့ ငါ ကူညီပေးမယ်"

ကျူးယန်သည် အလွန် စိတ်အားထက်သန်နေသည်။

ထိုနှစ်ဆယ့်ခုနစ်ဦးသည် သူမငယ်သူငယ်ချင်း၏ နောက်လိုက်များ ဖြစ်သောကြောင့် သူမက ဤမျှသဘောကောင်းနေခြင်းပင်။

ကျိယွမ်က ကျူးယန်လုပ်ဆောင်နေသမျှကို ဘာမှဝင်မပြောခဲ့ပါ။

ကျူးယန်က နောက်လိုက်များအတွက် အလုပ်များနေစဥ် ကျိယွမ်သည် မပြီးဆုံးသေးသော နားလည်သဘောပေါက်ခြင်းကို ဆက်လက်လုပ်ဆောင်နေသည်။

နောက်လိုက် နှစ်ဆယ့်ခုနစ်ဦးကို ဦးဆောင်နေသော ကျူးယန်ကတော့ စိတ်လှုပ်ရှားနေ၏။

"သွေးသခင်ရဲ့နာမည်က သွေးပုလဲပါ ၊ သူက ငါ့ရဲ့ ငယ်သူငယ်ချင်းပဲ"

အဖြူရောင်မြေခွေးရှန်ရန်ရန်သည် ကျူးယန်ကို အားကျသော မျက်လုံးများဖြင့် ကြည့်ကာ ချီးမွမ်း​လိုက်သည်။

"ဆရာသွေးသခင်က တကယ်ပဲ ကျူးယန်ကို ချစ်ခင်မြတ်နိုးတာပဲ၊ မကြာသေးခင်က ဆယ့်ရှစ်တောင်မှာ ဖြစ်ပျက်ခဲ့တာကို ငါတို့အားလုံး သိပါတယ်"

ယခုအချိန်မှာတော့ ကျူးယန်အပေါ်တွင် လူတိုင်း၏အမြင်များက ပြောင်းလဲသွားခဲ့လေပြီ။

ထို့နောက်မှာတော့ သူတို့သည် ကျူးယန်ဦးဆောင်လျှင် နေစရာမျာဆောက်လုပ်ကြတော့သည်။

........

နှစ်ပေါင်းနှစ်ဆယ်ကြာသောအခါ။

နတ်ဆိုးချုပ်နှောင်ရေးနည်းစနစ်သည် ကမ္ဘာလောကတွင် ပို၍ပျံ့နှံ့စပြုနေပြီဖြစ်သည်။

နေ့စဉ်နေ့တိုင်း များစွာသောကျင့်ကြံသူသူများသည် ပူဇော်ကိုးကွယ်ရန်အလို့ငှာ အိုးကိုးလုံးတောင်သို့ လာကြသည်။

အိုးကိုးလုံးတောင်သည် ကမ္ဘာလောကကြီး၏ မြင့်မြတ်သောနယ်မြေ ဖြစ်လာခဲ့သည်။

လူများက သဘာဝတရားက မွေးဖွားပေးခဲ့သော သူတော်စင်သွေးသခင်သည် အိုးကိုးလုံးတောင်ပေါ်တွင် နေထိုင်ကြောင်း သတင်းများရကြသည်။

သွေးသခင်သည် ကပ်ဆိုးများထဲမှ ပေါ်ထွက်လာခဲ့ပြီး အိုးကိုးလုံးတောင်ပေါ်တွင် လေးဆယ့်ကိုးရက်တိုင်တိုင် တရားဓမ္မဟောကြားခဲ့ကာ နှလုံးသားနတ်ဆိုးများအားလုံးကို ယာယီဖိနှိပ်ထားနိုင်သည့် "နတ်ဆိုးချုပ်နှောင်ရေးစွမ်းရည်" ကို ပေးသနားခဲ့သည်ဟုလည်း အချင်းချင်းဖောက်သည်ချကြသည်။

နတ်ဆိုးချုပ်နှောင်ရေးစွမ်းရည်ကို ကျင့်ကြံသရွေ့၊ နှလုံးသား နတ်ဆိုးများသည် ရုတ်တရက် ပေါ်ထွက်လာနိုင်မည် မဟုတ်ပေ။

ထိုလုပ်ရပ်သည် ကမ္ဘာကြီးကို ကယ်တင်ခဲ့ခြင်းပင် မဟုတ်ပါလား။

ယခင်ကဆိုလျှင် လူသားများနှင့်နတ်ဆိုးများ မှာ တစ်ရာလျှင်တစ်ဦးလောက်ကသာ လူကြီးဘဝအထိ အသက်ရှင်နိုင်ကြသည်၊ကျန်သော ၉၉ ယောက်မှာ မတော်တဆစိတ်လှုပ်ရှားမိရာမှ သေဆုံးသွားကြရသည်။အိုမင်းသော အရွယ်ထိနေနိုင်သူဆိုလျှင် ပို၍ရှားပါးပြီး တစ်သောင်းလျှင်တစ်ဦးလောက်သာ ရှိသည်။

သို့သော် နတ်ဆိုးချုပ်နှောင်ရေးစွမ်းရည် ​ ပေါ်လာသောအခါ လူသားများနှင့်နတ်ဆိုးများသည် အချိန်မတိုင်ခင်မသေတော့သဖြင့် လူဦးရေသည် သိသိသာသာ တိုးလာခဲ့သည်။

ထို့ကြောင့် အားလုံးက သွေးသခင်ကို လူသားများနှင့်နတ်ဆိုးများ နှစ်မျိုးလုံးအတွက် သူတော်စင်နတ်ဘုရား အဖြစ် ကိုးကွယ်ပူဇော်သင့်ကြောင်း အဆိုပြုခဲ့ကြသည်။

ကျိယွမ်က လုံးဝအပြတ်ငြင်းပယ်ခဲ့သည်။

သူသည် သူတော်စင်ဟု ခေါ်ဆိုခံရရန် မထိုက်တန်ပါ။

ယနေ့မှာတော့ ကျိယွမ်သည် အိုးကိုးလုံးတောင်၏ထိပ်၊ သူ ပထမဆုံးရောက်ရှိခဲ့သော နေရာတွင် ရပ်နေသည်။

သူသည်အနန္တအသွင်ကူးပြောင်းတံခါးအပေါ် သူ၏နားလည်သဘောပေါက်မှုက များစွာနက်ရှိုင်းလာခဲ့သည်။

ကံမကောင်းသည်မှာ သူသည် ပေရာဂဏန်း အကွာအဝေးမျှသာရှိသော တံခါးဝသို့ ပို၍နီးကပ်စွာ မသွားနိုင်ခဲ့ပေ။

တံခါးဝ၏အရှိန်အဝါက ပူပြင်းလွန်း၍ သူ့ကိုအငွေ့ပျံသွားစေမည်ဖြစ်သည်။

သူသည် ၎င်းဆီသို့ နီးကပ်စွာချဉ်းကပ်နိုင်လျှင် သို့မဟုတ် တံခါးထဲသ်ု့ဝင်ရောက်နိုင်လျှင် အနှစ်သာရကို နားလည်မှုသည် ပိုမို နက်ရှိုင်းလာမည်ဖြစ်သည်။

သွေးနီရောင်ဝတ်ရုံခြုံထားသော ကျိယွမ်သည် တောင်ထိပ်ပေါ်တွင် ရပ်နေခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသောအော်ရာများ ကို ထုတ်လွှတ်နေသောလူငါးဦးသည် သူ၏ အောက်တွင် ရပ်နေခဲ့ကြသည်။

ထိုငါးဦးသည် အိုးကိုးလုံးတောင်ပေါ်တွင် နေခဲ့ကြသော မူလနှစ်ဆယ့်ခုနစ်ဦး အဖွဲ့ဝင်များ ဖြစ်သည်။

"သွေးသခင်၊ 'နတ်ဆိုး ချုပ်နှောင်ရေးစွမ်းရည်က ကုန်းမြေ ၁၁ ခုလုံးကို ပျံ့နှံ့သွားပြီး ​ရာစုနှစ်တစ်ခုအတွင်းမှာ ကမ္ဘာတစ်ဝှမ်းလုံးကို ပျံ့နှံ့သွားမယ်ဟု မျှော်လင့်ရပါတယ်"

မျက်နှာပြားသောနောက်လိုက်တစ်ဦးက အခြေအနေကို တင်ပြရင်းမှ သူ၏မျက်နှာတွင် စိုးရိမ်မှုများကို ပြသနေခဲ့သည် ။

"ဒါပေမဲ့ အခုလတ်တလောမှာ ပျံ့နှံ့မှုက သိသိသာသာ နှေးကွေးလာခဲ့ပြီးတော့ တစ်စုံတစ်ယောက်က ဒါကို ဟန့်တားနေပုံရှိပါတယ်"

မျက်နှာပြားသောနောက်လိုက်ကို အရူးတာအိုဟုလူသိများပြီး နှစ်ဆယ့်ခုနစ်ဦး၏ ခေါင်းဆောင်ဖြစ်သည်။

ကျန်လေးဦးမှာလည်း ထိုသတင်းကြောင့် မျက်နှာမသာမယာ ဖြစ်နေကြသည်။

"နတ်ဆို ချုပ်နှောင်မှုစွမ်းရည်" ပျံ့နှံ့ရန်မှာလောကကြီးအတွက် အရေးကြီးသည်၊ သို့သော် တစ်စုံတစ်ဦးက ၎င်းကို ရည်ရွယ်ချက်ရှိရှိဟန့်တားနေခဲ့သည်၊။

ထိုသတင်းက သူတို့ကို ဒေါသထွက်ပြီး စိတ်ရှုပ်ထွေးစေသည်။

"ဆရာသခင်ရဲ့တရားတော်တွေကို ဘယ်ကောင်က တားရဲတာလဲ၊တွေ့လို့ကတော့ ငါကိုယ်တိုင်သူတို့ကို ခုတ်ပိုင်းပစ်မယ်"

ကိုယ်ခန္ဓာတောင့်တင်းသောအမျိုးသားနောက်လိုက်တစ်ဦးက ကြုံးဝါး၏။သူသည် ကြမ်းတမ်းသောစိတ်သဘောထားရှိပြီး စိတ်လိုက်မာန်ပါဖြေရှင်းတတ်သည်။

ကျိယွမ်က စကားဝိုင်းကိုရပ်တန့်စေလိုက်သည်။

"ဒီအကြောင်း မဆွေးနွေးကြနဲ့တော့"

သူက ထိုအရာကိုစိုးရိမ်ပူပန်ခြင်း မရှိပါ။

ကျိယွမ်က ရှန်ရန်ရန်နှင့်ပိုင်ကျိတို့ကို မေးလိုက်သည်။

"အနန္တအသွင်ကူးပြောင်တံခါးနဲ့ ပတ်သက်ပြီး မင်းတို့ ဘာတွေ တွေ့ခဲ့ကြသလဲ။"

နောက်လိုက်နှစ်ဆယ့်ခုနစ်ဦးနှင့်အခြားသူများသည် လူသားနတ်ဆိုးလမ်းစဉ်နှင့်ပတ်သတ်သော လမ်းညွှန်မှုများကို ကျိယွမ်ထံမှ တစ်ခါတစ်ရံ ရရှိခဲ့ကြသည်။

လမ်းညွှန်မှုတိုင်းသည် သူတို့ကိုအလွန် အသိအမြင်တိုးပွား စေခဲ့သဖြင့် ကျိယွမ်အပေါ် သူတို့၏ရိုသေလေးစားမှုကို ပိုမို နက်ရှိုင်းစေခဲ့သည်။

ကျိယွမ်ကလည်း ကိုယ်ကျိုးမပါဘဲ လမ်းညွှန်ပေးခဲ့သည်တော့ မဟုတ်ပါ၊ သူသည် အသုံးဝင်သောအချက်အလက်များကို စုဆောင်းရန် သူတို့ကို တာဝန်ပေးခဲ့သည်။

ပိုင်ကျိနှင့် ရှန်ရန်ရန်တို့သည် အနန္တအသွင်ကူးပြောင်းတံခါးကို စုံစမ်းရန် တာဝန်ကျခဲ့လေ၏။

အဖြူရောင် မြေခွေး ရှန်ရန်ရန် က ရှေ့သို့ တက်လာသည်။

"သွေးသခင်၊ ဒီတံခါးရဲ့ မူလဇာစ်မြစ်က ရှေးဟောင်း နတ်ဘုရားများ ပါဝင်ပုံရပါတယ်။"

ကျိယွမ်က ထိုသတင်းကို စိတ်ဝင်စားသွားသည်။

"သိလာတာရှိရင် ပြောပါ။"

ရှန်ရန်ရန်က သူမ ရလာသော အချက်အလက်များကို ဆက်ပြောလေသည်။

"ဒဏ္ဍာရီအရ အလွန်ကြာညောင်းတဲ့ ရှေးခေတ်တုန်းက လျူဖုန်းဘုံမှာ ဗုဒ္ဓ လို့ ခေါ်တဲ့ မဟာနတ်ဆိုးကြီး တစ်ပါး ရှိခဲ့ဖူးပါတယ်။"

"ဗုဒ္ဓတဲ့လား"

ကျိယွမ် မျက်ခုံးလှုပ်သွားခဲ့သည်။

ထိုအမည်ကို ပေါ့ပေါ့တန်တန် အသုံးမပြုသင့်ပေ။ထို့အပြင် နတ်ဆိုးဟူသောစကားဖြင့်လည်း တွဲထားသေးသည် ။

ခါးတောင်းကျိုက်တခြား ဖင်တခြားဖြစ်နေသည်ဟု ခံစားရသော်လည်း မတားမြစ်ဘဲ နားထောင်နေလိုက်သည်။

"မှတ်တမ်းများအရဆိုရင် ဗုဒ္ဓဟာ နတ် သို့မဟုတ် နတ်ဘုရားတစ်ပါးက လူ့ဘောင်မှာ စမ်းသပ်မှုတွေ ခံယူနေတာဖြစ်ပါတယ်။ လောကီ ဒုက္ခတွေကိုခံယူပြီးတဲ့နောက် နတ်ဘုရားတွေနဲ့ နတ်တွေရဲ့ ဘုံကို ပြန်သွားနိုင်ပါတယ်။"

"ဒါပေမဲ့ သူဟာရက္ခိတမြို့တော်မှာ သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးခဲ့တဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆုံခဲ့ပါတယ်။ ပထမဆုံး မြင်တွေ့လိုက်ရစဥ်မှာပဲ သူဟာ သူမကိုချစ်မြတ်နိုး သွားခဲ့ပြီး သူ့ရဲ့ တစ်သက်တာအဖော်အဖြစ် သတ်မှတ်ခဲ့တယ်တဲ့။"

"အဲဒီ အမျိုးသမီးဟာ မဟာနတ်ဆိုးကြီးရဲ့ သမီးဖြစ်ပြီး၊ ဖြောင့်မတ်တဲ့ အင်အားစုတွေရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတာပါ။

ဗုဒ္ဓက သူမကိုကယ်တင်ခဲ့ပြီးနောက်မှာတော့ သူတို့ ချင်း ချစ်ကြိုက်ခဲ့ကြပါတယ်"

ရှန်ရန်ရန်သည် နောင်တရသောလေသံဖြင့် သူမ၏ကိုယ်ပိုင်ထင်မြင်ချက်ကို ပေးသည်။

"ကျွန်မအလို ပြောရရင်၊ ဗုဒ္ဓဟာ အဲဒီ နတ်ဆိုးမကို မကယ်တင်ခဲ့သင့်ဘူး၊ ဒါဆို ပြဿနာအားလုံးကို ရှောင်ရှားနိုင်မှာပါ!"

ပိုင်ကျိက သူ့မိန်းမ၏စကားကို လက်သင့်ခံပုံမရပေ။

"အဲဒီအမျိုးသမီးက ဘာအမှား လုပ်ခဲ့သလဲ။ သူမက နတ်ဆိုးလမ်းစဉ်မှာ မွေးဖွားလာရုံနဲ့ပဲ တိုက်ခိုက်ခံရသင့်သလား၊တရားမျှတမှုမရှိဘူး"

ရှန်ရန်ရန်သည် သူမ၏ခင်ပွန်းကို စိုက်ကြည့်လိုက်သည်။

ပိုင်ကျိ၏ မူလစိတ်သဘောထားကာ နုညံ့သောကြောင့် အရာရာတွင်ဂရုဏာတရားထားတတ်ကြောင်းကို သူမသိနေသဖြင့် စိတ်မဆိုးခဲ့ပါ။

ကျိယွမ်က သူကြည့်ဖူးသော ဇာတ်လမ်းတွဲများကိုပင် အမှတ်ရသွား၏။ဇာတ်လိုက်နှင့် လူဆိုးမတို့၏ အချစ်ဇာတ်လမ်းပင်။

"အဲဒီဗုဒ္ဓက သူမအတွက် ကမ္ဘာကြီးကိုတော့ ဖျက်ဆီးမပစ်ခဲ့ဘူး မဟုတ်လား။"

ချစ်ရသောတစ်စုံတစ်ဦးအတွက် ကမ္ဘာကြီးတစ်ခုလုံးကို ဆန့်ကျင်ရန်ဆန္ဒရှိခြင်းသည် အဆန်းမဟုတ်ပါ။ထိုအဖြစ်အပျက်မျိုး သမိုင်းစာမျက်နှာတွင် များစွာရှိခဲ့ဖူးသည်။

"မလုပ်ခဲ့ပါဘူး။"

ရှန်ရန်ရန်က ပြုံးကာအဖြေပေးသည်။

"နောက်ဆုံးမှာတော့၊ ကမ္ဘာကြီးနဲ့ နတ်ဆိုးမကြားမှာ၊ ဗုဒ္ဓက ကမ္ဘာကြီးကို ရွေးချယ်ခဲ့ပြီး၊ နတ်ဆိုးမက သေဆုံးသွားခဲ့ ပါတယ်"

သူမသည် ဤရလဒ်ကိုတော့ အလွန်နှစ်သက်နေကြောင်း သိသာသည်။

ပိုင်ကျိက စိတ်မကောင်းစွာဖြင့် တီးတိုးရေရွတ်လေသည်။

"အားနည်းတဲ့ အမျိုးသမီးတစ်ဦးက အဲဒီလို ဝန်ထုပ်ဝန်ပိုးမျိုးကို ဘယ်လို ခံနိုင်ရည် ရှိမှာလဲ။"

သူက ကြေကွဲဖွယ်ရာကောင်းသော နတိဆိုးမကို ဂရုဏာသက်နေပုံရသည်။သူမက ကမ္ဘာကြီးတစ်ခုလုံး၏အမုန်းကိုသာမက ချစ်ရသူ၏မျက်ကွယ်ပြုခြင်းကိုပါ ခံခဲ့ရရှာသည်။

သို့သော် ကျိယွမ်က သူလိုချင်သောအကြောင်းအရာမပါသဖြင့် မိက်မှောင်ကျုံ့သွား၏။

"ဒါတွေက အနန္တအသွင်ကူးပြောင်းတံခါးနဲ့ ဘာဆိုင်လဲ"

ကျိယွမ်သည် သူတို့၏ အချစ်ဇာတ်လမ်းထက် တံခါးနှင့်ဆက်စပ်မှုကို ပို၍ စိတ်ဝင်စားသည်။

"ကံမကောင်းစွာနဲ့ပဲဗုဒ္ဓရဲ့နှလုံးသားက မခိုင်မာခဲ့ပါဘူး။ နတ်ဆိုးမ သေဆုံးခြင်းက လောကီဒုက္ခတွေကိုခံယူဖို့ သူ့ရဲ့စိတ်ဆန္ဒမှာ အက်ကြောင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ပါတယ်"

"သူက ကမ္ဘာကြီးကို ကယ်တင်ခဲ့ပေမဲ့၊ သူမ သေဆုံးစေခဲ့ရတဲ့အတွက်၊ ကမ္ဘာကြီးက ဗုဒ္ဓကို လျှို့ဝှက်ပြီးရက်စက်တယ်၊ သူ့ရဲ့ နာမည်ကောင်းကိုရဖို့အတွက် အပြစ်ကင်းတဲ့ နတ်ဆိုးမကို လှေကားထစ်အဖြစ် အသုံးပြုခဲ့တယ်လို့ မြင်ခဲ့ကြပါတယ်"

ရှန်ရန်ရန်က အေးစက်သော အပြုံးဖြင့် ဆက်ပြောခသည်။

"လူတွေက အင်အားကိုပဲလေးစားကြတယ်၊ သီလကို မဟုတ်ပါဘူး။ ဗုဒ္ဓက သူ့ကို အသရေဖျက်တဲ့သူတွေကို သတ်ပစ်ခဲ့ရင်၊ ဒီလို ပြဿနာမျိုးတွေ ရှိမှာမဟုတ်ဘူး။"

ပိုင်ကျိက သက်ပြင်းချကာ သူ့မိန်းမကို ထောက်ပြသည်။

"သတ်ပစ်တာက ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။"

ထိုလင်မယားက ဆန့်ကျင်ဘက်စိတ်သဘောထားရှိသူများဖြစ်လေသည်။မယားက ရက်စက်တတ်ပြီး လင်သားကသနားတတ်၏။ဤအချိန်ထိ မကွဲကြသေးသည်မှာပင် အံ့သြဖွယ်ကောင်းလှ၏။

"ဒါတွေက အနန္တတံခါးနဲ့ ဘယ်လိုဆက်စပ်မှု ရှိတာလဲ"

ကျိယွမ်က အနည်းငယ်စိတ်မရှည်ဖြစ်လာ၏။

သူတို့ရလာသော အချက်အလက်များက အချစ်နှင့်ဖျက်ဆီးခြင်းအကြောင်းသာ လုံးချာလည်နေပြီး လိုရင်းကပါမလာပေ။

"ဗုဒ္ဓဟာ နတ်ဆိုး ဖြစ်သွားခဲ့ပါတယ်၊ သူ့ရဲ့ အတွေးတွေဟာ နှလုံးသား နတ်ဆိုးတွေ အဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ လျူဖုန်းကမ္ဘာ ကြီးရဲ့ နှလုံးသားနတ်ဆိုးကပ်ဘေးကို ဖြစ်ပေါ်စေခဲ့ပြီးတော့ လူတိုင်းကိုနှလုံးသား နတ်ဆိုးတွေ ဖြစ်ပေါ်စေဖို့ လွယ်ကူစေခဲ့ပါတယ်"

"နှလုံးသားနတ်ဆိုးတွေဟာ လူတွေရဲ့ စိတ်ထဲမှာ ပျံ့နှံ့သွားခဲ့ပြီး၊ အိမ်နီးချင်းဘုံတွေက လျူဖုန်းကမ္ဘာနဲ့ သူတို့ရဲ့ဘုံကြားက တံခါးတွေကို ပိတ်ပစ်ခဲ့ကြပါတယ်။အဲဒီအချိန်ကစလို့ ဒီကမ္ဘာကြီးဟာ အထီးကျန်ဖြစ်သွားခဲ့ရတယ်"

"နောက်ဆုံးမှာတော့ အဆုံးမဲ့နှလုံးသား နတ်ဆိုးတွေက တံခါးဝတစ်ခုကို ဆင့်ခေါ်ပြီးဖန်တီးခဲ့ကြတယ်၊ အဲဒီတံခါးကတော့ ဒဏ္ဍာရီလာ အနန္တအသွင်ကူးပြောင်းတံခါးရဲ့ ပုံတူတစ်ခုပါ"

"ဒဏ္ဍာရီတွေထဲမှာပြောထားတာကတော့ အဲဒီတံခါးဟာ အဆုံးမဲ့နှလုံးသားနတ်ဆိုးတွေကို သိုလှောင်ထားပြီး၊ နတ်ဘုရားတွေနဲ့ နတ်တွေတောင်မှ ဝင်ရောက်ရင် ကျဆုံးသွားမယ်လို့ ဆိုပါတယ်။"

"စစ်မှန်တဲ့ အနန္တအသွင်ကူးပြောင်းတံခါးကို ဖွင့်နိုင်မှသာ နှလုံးသားနတ်ဆိုးအားလုံး ပျောက်ကွယ်သွားနိုင်မယ်လို့ ပြောကြပါတယ်"

ကျိယွမ်၏ အမူအယာကလေးနက်သွားသည်။

"အဆုံးမဲ့နှလုံးသားနတ်ဆိုးတွေက အနန္တအသွင်ကူးပြောင်းတံခါးရဲ့ပုံတူကို ဖန်တီးခဲ့တာလား"

ချီယွမ်၏ မျက်လုံးများ အရောင်တောက် လာခဲ့သည်။

သူသည် အနန္တအသွင်ကူးပြောင်းတံခါးကို မော့ကြည့်ပြီး လောဘတက်လာ၏။

အပြင်ကနေကြည့်တာတောင် ဒီလောက်အနှစ်သာရတွေ နားလည်နေတာ အထဲကိုသာဝင်နိုင်ရင်...။

ကျိယွမ်က တစ်နေ့တွင်ထိုထဲသို့ဝင်နိုင်ရမည်ဟု တိတ်တိတ်လေးဆုံးဖြတ်လိုက်သည်။

သို့သော် သူရောက်ရှိနေသော တောင်နှင့်မြောက်တိုက်ပွဲကာလ လျူဖုန်းကမ္ဘာတွင် အနန္တအသွင်းကူးပြောင်းတံခါး အဘယ်ကြောင့် မရှိရသနည်းဟု တွေးမိ၏။

နေမင်းကြီးလို​ရူးကြောင်ကြောင်တစ်ယောက်က တံခါးကိုဝါးမျိုပစ်ခဲ့တာလား။

အကယ်၍ ထိုသို့ဆိုပါက ၄င်းလုပ်ရပ်မှာ ခွင့်လွှတ်နိုင်စရာမရှိပေ။

"ထားတော့ အချိန်စေ့တော့မယ်"

.....................

"ပြန်ရောက်ပြီလား"

ကျိယွမ်သည် ဝူကွေမြို့ရို့ကို ပြန်မြင်ရသည်။

ဤတစ်ကြိမ်တွင် အနှစ်သာရကို နားလည်သဘောပေါက်ရန် နှစ်ပေါင်းတစ်ရာ့နှစ်ဆယ် ကြာခဲ့သည်။

အကြီးမားဆုံးသောအောင်မြင်မှုမှာ လူသားနတ်ဆိုးလမ်းစဉ် နှင့် "နတ်ဆိုးချုပ်နှောင်ရေးစွမ်းရည်ကို ရရှိခဲ့ခြင်းဖြစ်သည်။

"ဒါဆို လူတွေကအသက်ကြီးလို့ သေဆုံးချိန်မှာသာ နှလုံးသား နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရတာက ငါ့ကြောင့်လား"

ကျိယွမ်က ထိုသို့တွေးမိသွားသည်။

"ငါက အတိတ်ကို ပြောင်းလဲပြီး လက်တွေ့ဘဝကို သက်ရောက်မှု ရှိနိုင်တာလား။ ဒါက နားလည်နိုင်စွမ်းရဲ့ အပြင်ဘက်မှာပဲ။ ငါ သေချာ စဉ်းစားဖို့ လိုတယ်၊ ပေါ့ပေါ့ဆဆတွေးလို့ မရတော့ဘူးပဲ။"

သို့သော် သူသည် ၎င်းကိုအာရုံအရမ်းမစိုက်ရန် ဆုံးဖြတ်ခဲ့သည်။

၎င်းသည် ဂိမ်းတစ်ခုသာ ဖြစ်သည်။ဂိမ်းက ကစားသူကိုဆွဲဆောင်ရန် အချိန်ကူးပြောင်းသည့် ဇာတ်လမ်းတစ်ခုကို ထည့်သွင်းပေးထားခြင်းသာဖြစ်သည်။

သူက ပျော်ရွှင်စွာ ကစားပြီး နောင်တမရှိဘဲ ထွက်ခွာဖို့သာ လိုအပ်၏။

ကျိယွမ်သည် တလက်စတည်း သူ၏ အိမ်နီးချင်း စာဝါငှက်လေးကို တွေးမိသွားခဲ့သည်။

"ငါတို့ ဘယ်တော့ ပြန်ဆုံကြမလဲမသိဘူး။"

"အဆင့် ၁၂၀ မှာလား။"

"ဒါမှမဟုတ် သူမကအချိန်နဲ့အတူ ပျက်စီးသွားပြီလား။"

"အနှစ်သာရနဲ့မူလအမြစ်ကို နားမလည်သဘောမပေါက်သေးရင် ပြန်လည်ဝင်စားခြင်းရဲ့နက်နဲမှုတွေတောင် လက်လှမ်းမမီနိုင်သေးဘူးပဲ။"

"အဆင့် ၁၂၀ ကို ရောက်တဲ့အခါ၊ ငါ အနန္တအသွင်ကူးပြောင်းတံခါးဝထဲကို ဝင်နိုင်ဖို့ မျှော်လင့်ပါတယ်"

ယခုအကြိမ် သူမထွက်ခွာမီ ကျူးယန်ကို အရိပ်အမြွက်တော့ ပြောပြခဲ့သည်။

သူမသည် လက်တွေ့ဘဝကို ပိုမို ကောင်းမွန်စွာ လက်ခံနိုင်သင့်သည်မဟုတ်ပါလား။

-------------------

All Chapters