သူက အကြွားသပ်သပ်ပဲ
Vol. 8 Ch. 107
အိုးကိုးလုံးတောင်ပေါ်တွင်ဖြစ်သည်။
တောင်ထိပ်ပေါ်တွင်ရှိနေသော အနန္တအသွင်ကူးပြောင်းတံခါးများပျောက်ကွယ်သွားသည်ကို မြင်သောအခါ ကျူးယန်၏မျက်နှာမှာ ဖြူဖျော့သွားပြီး သူမ၏ဂါဝန်စကို မ' ကာ တောင်ပေါ်သို့ ရူးသွပ်စွာ ပြေးတက်သွားတော့သည်။
“သွေးပုလဲ”
ရင်းနှီးသောပုံရိပ်သည် မရှိတော့ဘဲ တောင်ထိပ်သည် ဗလာကျင်းနေသည်ကို မြင်ရသောအခါ ကျူးယန် လုံးဝရပ်ဆိုင်းသွားသည်။
သူမ၏ရင်ထဲတွင် ကြီးမားစွာလစ်ဟာသွားသကဲ့သို့ ခံစားလိုက်ရသည်။
အနန္တအသွင်ကူးပြောင်းတံခါး ပျောက်ကွယ်သွားသည်နှင့် သွေးပုလဲလည်း ပျောက်ကွယ်သွားခဲ့ပြန်သည်။
အရာအားလုံးသည် ထူးဆန်းနေပြီး လက်ခံရန် ခက်ခဲနေသည်ဟု သူမက ခံစားရ၏။
တောင်ပေါ်မှလေပြေကြောင့် ကျူးယန်၏ပါးပြင်ပေါ်ရှိ ဆံနွယ်များကို ဝေ့ဝဲသွားသည်။သူမသည် ကောင်းကင်ကို ခေါင်းမော့ကြည့်လိုက်သည်။
“သွေးပုလဲ၊ နင်က သူတို့ပြောတဲ့ ဗုဒ္ဓဘုရား များ ဖြစ်နေနိုင်လား”
“ငါကရော… နင်သတ်လိုက်တဲ့မိစ္ဆာမ ဖြစ်နေနိုင်လား”
အနန္တအသွင်းပြောင်းတံခါး၏ မူလဇာစ်မြစ်ကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်းတွင် အိုးကိုးလုံးတောင်ပေါ်၌ သီအိုရီတစ်ခုသည် လျှို့ဝှက်စွာ ပျံ့နှံ့ခဲ့သည်။
တံခါးနှင့်အတူ ပေါ်လာသော သွေးပုလဲသည် မဟာမိစ္ဆာတစ်ပါးဖြစ်သည်ဟု ထိုသီအိုရီက အတိအကျဆိုထားသည်။ သူသည် ဗုဒ္ဓ၏ ကြွင်းကျန်သော သွေးတစ်စက်လည်းဖြစ်သည်ဟု ဆိုကြသည်။
သွေးသခင် က “မိစ္ဆာချုပ်နှောင်ရေးနည်းစနစ်” ကို ဟောပြောခြင်းသည် သူ၏အတိတ်မှအပြစ်ကိုဖြေခြင်းသာဖြစ်သည်ဟု ခန့်မှန်းကြ၏။
အိုးကိုးလုံးတောင်ပေါ်ရှိ လူအများအပြားသည် ဤသီအိုရီကို အဓိပ္ပာယ်မရှိဟု ယူဆကြသော်လည်း များစွာသောသူတို့ကလည်း ယုံကြည်ကြသည်။
ကျူးယန်သည် တောင်ထိပ်တွင် တစ်ယောက်တည်း ငေးငိုင်ကာ ရပ်နေခဲ့သည်။
သူမသည် ဗုဒ္ဓဘုရားက မိစ္ဆာမကို သတ်သောထိုပုံပြင်ကို လုံးဝမနှစ်သက်ပါ။
..........................
ဝူကွေမြို့တွင်ဖြစ်သည်။
မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိရာ ဝူကွေမြို့တွင်ယွမ်ချီသည် မိုးကာဝတ်စုံကို ဝတ်ဆင်ထားသည်။သူကမြို့ရိုးပေါ်ရှိ ကာကွယ်သူကို မော့ကြည့်လိုက်သောအခါ ရှင်းပြ၍မရသော ကြောက်ရွံ့မှုလှိုင်းလုံးတစ်ခုသည် သူ့ရင်ထဲတွင် တရကြမ်း တက်လာသည်ဟု ခံစားရသည်။
လွန်ခဲ့သော ခဏလေးကပင် မိစ္ဆာအလုံးအရင်းတစ်ထောင်ခန့်က မြို့ကို တိုက်ခိုက်ခဲ့ကြပြီး ကာကွယ်သူသည် ၎င်းတို့ကို သူ၏ဓားဖြင့် တစ်ယောက်ပြီးတစ်ယောက် ခုတ်ပိုင်းပစ်ခဲ့သည်။
ဤအရာသည် စိတ်ခွန်အားဖြစ်စေသင့်သော်လည်း အဘယ်ကြောင့်မှန်းမသိချေ ကျိယွမ်ကို ကြည့်လိုက်သောအခါတိုင်း ယွမ်ချီသည် ထူးဆန်းသောထိတ်လန့်ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေခဲ့သည်။
သူက ငရဲမှကြောက်မက်ဖွယ် မိစ္ဆာတစ်ပါးကို မြင်နေရသကဲ့သို့ ခံစားနေရ၏။
အထူးသဖြင့် ကျိယွမ်သည် မြို့ရိုးပေါ်တွင် ထိုင်နေချိန်၌ သူ၏မျက်လုံးများသည် သွေးနီရောင်အလင်းဖြင့်တောက်ပနေပြီး ယွမ်ချီကို ရှင်းပြ၍မရသော တုန်လှုပ်မှုကြီးကို ဖြစ်ပေါ်စေ၏။
သူသည် ကာကွယ်သူကို ကြည့်နေရခြင်းမဟုတ်ဘဲ ကြောက်မက်ဖွယ် မိစ္ဆာတစ်ပါးကို ကြည့်နေရသကဲ့သို့ ခံစားနေရသည်။
“ဘာဖြစ်လို့လဲ၊ ငါ့ကို ကြောက်နေတာလား”
ကျိယွမ်၏အသံသည် မြို့ရိုးပေါ်မှ အေးစက်စွာထွက်ပေါ်လာပြီး ယွမ်ချီ၏ နှလုံးသားပေါ်သို့ ကျောက်ခဲတစ်လုံးကဲ့သို့ ကျရောက်ခဲ့သည်။ သူသည် သွားများကို စေ့ပြီး အားတင်းပြောလိုက်သည်။
“ကာကွယ်ရေးမှူး၊ ခင်ဗျားရဲ့ လက်ရှိအခြေအနေက… နည်းနည်း ထူးဆန်းနေသလိုပဲ”
သူသည် ချီယွမ်ကို တိုက်ရိုက်မကြည့်ရဲပါ။
“အင်း၊ သွားတော့”
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောပြီး အရေးမပါသလိုပင်။
ယွမ်ချီသည် သက်ပြင်းချလိုက်ပြီး အလျင်အမြန် ထွက်သွားခဲ့သည်။
ကာကွယ်ရေးမှူးနှင့် နီးနီးကပ်ကပ်ရှိနေခြင်းသည် သူ၏ရင်ကို ရှင်းပြ၍မရသော ကြောက်ရွံ့မှုဖြင့် ပြည့်နှက်စေခဲ့သည်။
သူ၏ ရင်ထဲတွင် အလွန်အမင်း မွန်းကြပ်နေသည်ဟု ခံစားရသည်။
ကျိယွမ်က မြို့ရိုးပေါ်တွင် ပြန်ထိုင်ပြီး ငြိမ်သက်နေ၏။
“ဒီတစ်ကြိမ် နားလည်သဘောပေါက်ပြီးနောက်မှာ နတ်ဆိုးအနှစ်သာရစုဆောင်းမှုက ၁၀ ရာခိုင်နှုန်းကို ရောက်သွားပြီ"
“ငါဟာ နတ်ဆိုးတွေလို မကောင်းဆိုးရွားတစ်ကောင် ဖြစ်မလာဖို့ မျှော်လင့်ပါတယ်”
ယခုရက်များအတွင်း သူ၏ စိတ်ခံစားမှုများသည် အလွန်မတည်မငြိမ်ဖြစ်နေပြီး လောဘ၊ ဒေါသ၊ ရာဂ နှင့် မာန တို့သည် သူ့အတွင်း၌ စဉ်ဆက်မပြတ် စီးဆင်းနေသည်။
အထူးသဖြင့် နတ်ဆိုးများကို သုတ်သင်ပြီးနောက် ပိုမိုပြင်းထန်လာခဲ့သည်။
“သတို့သမီးလေး၊နင်ရော ငါ့ကို ကြောက်လား”
ကျိယွမ်သည် သူ၏နောက်တွင်ရပ်နေသော အနီရောင်မင်္ဂလာဝတ်စုံကို လှည့်ကြည့်ရင်း မေးလိုက်သည်။
သတို့သမီးလေးသည် ထိတ်လန့်ပြီး ခြေချော်မလိုဖြစ်ကာ သစ်သားဆိုင်းဘုတ်လေးတစ်ခုကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေခဲ့သည်။
ကျိယွမ်သည် ဝိုးတဝါးပုံရိပ်သတို့သမီးလေးကို တင်းကျပ်စွာပွေ့ဖက်လိုက်ပြီး သူမ၏ ဝတ်စုံမှသင်းပျံ့သောရနံ့ကို ရှူရှိုက်လိုက်သည်။
သူကကြည်နူးစွာ ပြုံးလိုက်၏။
"ငါ့အနားမှာ နင်ရှိနေသေးတာ ကံကောင်းလိုက်တာ၊ … တစ်ခါတလေ တစ်ယောက်တည်း ဂိမ်းကစားရတာ တော်တော်လေး ပျင်းစရာကောင်းတယ်"
ကျိယွမ်၏ မျက်လုံးများရှိ အနီရောင်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး ယခင်က ကြောက်မက်ဖွယ်ကောင်းသောအော်ရာသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူသည် သတို့သမီးလေးကို ပွေ့ဖက်ကာ မြို့ရိုးပေါ်တွင်ထိုင်လျက် ကျယ်ပြောလှသော သဲကန္တာရ ကို ငေးကြည့်နေ၏
ဝမ်းနည်းစရာမှာ လျူဖုန်းနယ်မြေတွင် နေထွက်ခြင်း သို့မဟုတ် နေဝင်ခြင်း မရှိခြင်းပင်။
..............
မိစ္ဆာထိန်းချုပ်သူ စခန်းတွင်ဖြစ်သည်။
မိစ္ဆာထိန်းချုပ်သူစခန်းတွင်ထိုင်နေသော ဝူထုံ၏မျက်နှာသည် ဖြူရော်နေသည်။
“သေးငယ်တဲ့ ဝူကွေမြို့လေးကို ငါကိုယ်တိုင် သွားရဦးမှာလား”
ဝူထုံသည် ဒေါသထွက်ပြီး စားပွဲပေါ်ရှိ သေရည်ခွက်များနှင့် ကျောက်စိမ်းပြားများ ရိုက်ခွဲပစ်သည်။
သူ၏ရှေ့တွင် တိုင်းပြည်စောင့်အဆင့် ၁၀ ဦးသည် ခေါင်းများကိုငုံ့ထားကြပြီး အသံမထွက်ဝံ့ကြပါ။
မကြာသေးမီက သံကြိုး ဦးဆောင်သော ရှေ့တန်းစစ်သည်များသည် ဝူကွေမြို့သို့ သွားရောက်ခဲ့သော်လည်း ပြန်မရောက်လာခဲ့ချေ။
ဤအရာက သူတို့အားလုံးကို ထိတ်လန့်စေခဲ့သည်။
သံကြိုးသည် စခန်းအတွင်း၌ ဝူထုံပြီးလျှင် ဒုတိယအင်အားအကြီးဆုံးဖြစ်သော်လည်း ပြန်မလာနိုင်ခဲ့ပါ။
သူတို့သည် အခြေအနေကို မသိဘဲ မသွားဝံ့သောကြောင့် စနစ်တကျတိုက်ခိုက်ရန် နတ်ဆိုးအချို့ကိုသာ ထိန်းချုပ်စေလွှတ်နိုင်ခဲ့သည်။
သို့သော် ထိိုနတ်ဆိုးများသည်လည်း ပြန်မလာခဲ့နိုင်ခဲ့ကြပါ။
“ဟမ့်"
ဝူထုံသည် သူ၏ စိတ်ပျက်စရာ လက်အောက်ငယ်သားများ ကို စိုက်ကြည့်လိုက်၏။
“မီဆန်ကသာ ဒါကိုသိသွားရင် သူက ငါ့ကို ဘယ်လိုများ လှောင်ပြောင်လိုက်မလဲ၊မင်းတို့သိလား"
မည်သူမှ အဖြေပြန်မပေးရဲကြပါ။
အခြားမြို့များကို တိုက်ခိုက်ပါက ရှုံးနိမ့်လျှင် လက်နက်ချနိုင်သော်လည်း ဝူကွေမြို့သည် ထိုသို့မဟုတ်ပေ။
အဘိုးအို တစ်ယောက်က ရှေ့သို့တက်လာ မရဲတရဲပြောလိုက်သည်။
“စစ်သူကြီး ၊ ဝူကွေမြို့ရဲ့နာမည်က ကံမကောင်းတာကြောင့် သွားသူမှန်သမျှပြန်မလာတာ ဖြစ်နိုင်ပါတယ်”
ပြန်မလာရာမြို့ဟု အဓိပ္ပါယ်ရသော ထိုမြို့လေးကို သူတို့သည်လည်း လုံးဝ မသွားဝံ့ကြပါ။
နောက်လိုက်များ၏ သေမလိုမျက်နှာများကို မြင်သောအခါ ဝူထုံ၏ဒေါသသည် ပိုမိုပြင်းထန်လာသည်။
“ဘယ်သူက ဝူကွေ့မြို့ကို သွားရဲလဲ။ အဲဒီမြို့ကို သိမ်းပိုက်နိုင်ရင် မင်းတို့ကို ကြီးကြီးမားမား ဆုချမယ်၊ နတ်ဆိုးအမြစ်ကိုပါဆုချမယ်”
လူတိုင်း၏ အသက်ရှူသံများ မြန်ဆန်လာသည်။
သူတို့သည် နတ်ဆိုးအမြစ်ကြောင့် တိုက်ခိုက်စရာမလိုဘဲ နတ်ဆိုးများကို အမိန့်ပေးနိုင်ကြသည်။လက်ရှိတွင် သူတို့သည် နတ်ဆိုးအမြစ်ကို ငှားရမ်းယူခြင်းဖြင့်သာ မိနတ်ဆိုးများကို အမိန့်ပေးနိုင်နေခြင်းဖြစ်ပြီး ၎င်းကို ပိုင်ဆိုင်ခြင်း မဟုတ်ပါ။
ပြည့်စုံသော နတ်ဆိုးအမြစ်ကို ပိုင်ဆိုင်ခြင်းသည် သူတို့အားပိုမိုများပြားပြီး ပိုမိုအားကောင်းသောနတ်ဆိုးများကို အမိန့်ပေးစေနိုင်ရုံသာမက သူတို့၏ကျင့်ကြံခြင်းကိုလည်းတိုးမြင့်ပေးနိုင်ပြီး မြေကမ္ဘာဒဏ္ဍာရီအဆင့်သို့ပင် ရောက်ရှိစေနိုင်သည်။
သို့သော် သူတို့သည် အလွယ်တကူတော့ မသွားရဲပါ။
“စစ်သူကြီး ဝူထုံ၊ ကျွန်တော်တို့… အားလုံး အတူတူသွားရင် ဘယ်လိုလဲ”
အဘိုးအိုက မရဲတရဲအကြံပြုသည်။
“ဟုတ်တယ်၊ အတူတူသွားပြီး ဝူကွေမြို့ကို ဖျက်ဆီးပစ်ကြရအောင်”
“စစ်သူကြီးဝူထုံသာ ဦးဆောင်ရင် ဝူကွေမြို့က ချက်ချင်းကျရှုံးသွားမှာပါ”
လူတိုင်းက ဝူထုံ၏ခွန်အားကို အားကိုးကာ အားပေးတိုက်တွန်းကြသည်။
ဝူထုံအပါအဝင် အင်အားကြီးသူများစွာ ရှိနေပါက အန္တရာယ်မရှိသလောက်ပင် ဖြစ်သည်။
ဝူထုံသည် သူတို့အားကြည့်လိုက်ပြီး အလွန်စိတ်ပျက်သွားပုံရသည်။
သို့သော်အနည်းစဥ်းစားပြီးနောက် သူ၏မျက်နှာက ပြောင်းလဲသွားပြီး တိုတိုတုတ်တုတ်အဖြေပေးလိုက်၏။
“တစ်လအတွင်းမှာ ငါတို့ ဝူကွေ့မြို့ကို တိုက်ခိုက်မယ်”
ထို့နောက် ဝူထုံသည် တဲထဲမှ ချက်ချင်းထွက်ခွာသွားသည်။
မကြာမီ သူသည် ကန်တစ်ခုသို့ ရောက်ရှိလာ၏။
သူသည် သွေးရည်များပါသောပုလင်းငယ်လေးတစ်ခုကို ထုတ်ယူပြီး ကန်ထဲသို့လောင်းထည့်လိုက်သည်။
ကြည်လင်သော ရေများသည် ချက်ချင်းပင် သွေးနီရောင် ပြောင်းသွားပြီး
ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ် တစ်ခု ပေါ်လာသည်။
“အဓိပတိအရှင်ကို ဂါရဝပြုပါတယ်”
ဝူထုံသည် ကန်ထဲမှပုံရိပ်ကို လေးစားစွာဂါရဝပြုသည်။
“ယူကျိုးမှာ အခြေအနေ ဘယ်လိုရှိလဲ”
“အဓိပတိအရှင်၊ ကျွန်တော် အခက်အခဲ အချို့ ကြုံတွေ့နေရပါတယ်။ဝူကွေဆိုတဲ့မြို့မှာ အားကောင်းတဲ့ကာကွယ်ရေးသမားတစ်ယောက်ရှိပြီး တစ်ယောက်တည်း စောင့်ကြပ်နေပါတယ်။ ပြီးတော့ သူကအရမ်းအားကောင်းပြီး အဖြူရောင် ဧကရာဇ် ရဲ့ တပည့် ဖြစ်နိုင်ပါတယ်”
သူသည် မီဆန်က ဝူကွေမြို့ကိုရှောင်ချင်သောကြောင့် ယူကျိုးမှ ထွက်ခွာချင်သည်ကို ရိပ်မိခဲ့၏။
သို့သော် ဝူထုံသည် အဓိပတိအရှင်၏ အမိန့်ဖြင့် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
“အဖြူရောင် ဧကရာဇ်ရဲ့တပည့်၊ ဖြစ်နိုင်ပါ့မလား…”
အဓိပတိအရှင်သည် ကြောက်ရွံ့မှု အနည်းငယ် ခံစားရသော်လည်း ချက်ချင်းပင် ၎င်းကိုထိန်းချုပ်လိုက်သည်။
မဟုတ်ဘူး၊ အဖြူရောင် ဧကရာဇ်ကသာ သိရင် သူကိုယ်တိုင် ရောက်လာလောက်ပြီ။
အဓိပတိအရှင်သည် အဖြူရောင်ဧကရာဇ် ကို သိသိသာသာကြောက်ရွံ့သည်။
အဖြူရောင်ဧကရာဇ်နှင့် အကြွင်းမဲ့အရှင်တို့သည် ဤလောကတွင် အင်အားအကြီးဆုံးနှစ်ဦး ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဓိပတိအရှင်သည် သူ့ကို ရင်မဆိုင်ရဲချေ။
ဒါတွေက တိုက်ဆိုင်တာဖြစ်ပါလိမ့်မယ်။
“မင်းက အဖြူရောင်ဧကရာဇ်ရဲ့ တပည့်ကို မယှဥ်နိုင်မှာ ကြောက်နေတာလား”
“ဟုတ်ပါတယ်၊ ကျွန်တော် သေသွားရင် အကြွင်းမဲ့အရှင်ရဲ့ အစီအစဥ်ကို အနှောင့်အယှက် ဖြစ်စေမှာ စိုးမိပါတယ်”
သူသည် အဓိပတိအရှင်တွင် ဝူကွေမြို့နှင့် ခန်းရန်မြို့များအတွက် အစီအစဥ်များရှိသည်ကို သိထားသည်။
တိတိကျကျတော့ မသိသော်လည်း အစီအစဥ်ပြီးမြောက်ပါက ကြီးမားသော ဆုလာဘ်များကို ကတိပြုထားသည်။
အဓိပတိအရှင်၏ မျက်လုံးများတွင် စိတ်ခံစားမှု အမျိုးမျိုးကို ပြသနေသည်။
ရုတ်တရက် ကန်ရေများ စတင်ပြီးလှုပ်ရှားကာ မွှေနှောက်လာသည်။
ဝဲတစ်ခုသည် ကန်၏ဗဟိုတွင် ပေါ်လာပြီး ရေအားလုံးကို စုပ်ယူသွားသည်။
ဝူထုံသည် ကြည့်နေရင်းမှ စိတ်လှုပ်ရှားလာ၏။
၎င်းသည် အဓိပတိအရှင်၏ အစွမ်းဖြစ်သည်။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ကျယ်ပြန့်သောကန်မှ ရေများပျောက်ကွယ်သွားပြီး အက်ကွဲခြောက်သွေ့နေသော မြေ သာ ကျန်ရစ်ခဲ့သည်။
ခရမ်းရောင်ဖျော့ဖျော့ ရေစက်တစ်စက်သည် ဝူတုံး၏ ဘေးတွင် ပျံဝဲနေသည်။
အဓိပတိအရှင်၏ အသံသည် ထွက်ပေါ်လာသည်။
“ဒါကို ယူသွား။ မင်းက အဖြူရောင် ဧကရာဇ်ရဲ့တပည့်ကို မနိုင်ဘူးဆိုရင် ဒါကို သုံးလိုက်။”
“ဒါက ငါ့ရဲ့အစွမ်းအထက်ဆုံး တိုက်ခိုက်မှုပဲ၊ မြေကမ္ဘာဒဏ္ဍာရီ တစ်ယောက်ကို ချက်ချင်း သတ်နိုင်တယ်။”
“အဓိပတိအစောပိုင်းအဆင့်တစ်ယောက်တောင် ဒါကိုဆန့်ကျင်ရင် အန္တရာယ် ရှိတယ်။”
“အဖြူရောင် ဧကရာဇ်မှာ တပည့် သုံးထောင်ရှိပေမယ့် အဓိကတပည့်က နည်းနည်းပဲ ရှိတာ”
“ဒီဟာနဲ့ဆို မင်း ဝူကွေမြို့ကို သေချာပေါက် သိမ်းနိုင်လိမ့်မယ်”
ဝူထုံသည် ခရမ်းရောင်ဖျော့ဖျော့ ရေစက်ကို ကြည့်လိုက်ပြီး အလွန် စိတ်လှုပ်ရှားသွားသည်။
“ကျေးဇူးတင်ပါတယ် အရှင်။ ကျွန်တော် အရှင့်အတွက် ဝူကွေမြို့ကို သိမ်းပိုက်ပါ့မယ်”
ဝူကွေမြို့ကို သိမ်းပိုက်ခြင်းသည် ပထမဆုံး ခြေလှမ်းသာဖြစ်သည်။
သူလိုချင်သောအရာကို ရှာဖွေရန်အတွက် အဓိပတိအရှင်က ထိုမြို့ကိုလည်း လိုအပ်နေသည်။
..............
မြောက်ပိုင်း၏ ချောက်နက်ကြီး တစ်ခုတွင်ဖြစ်သည်။
ခရမ်းရောင်များဖုံးလွှမ်းထားသော လူတစ်ယောက်သည် ရှေးကျလှပြီးဆန်းကြယ်သော ကျောက်ပြားတစ်ချပ်ရှေ့တွင် ရပ်နေ၏။
သူသည် ကျောက်ပြားကို ပိုင်ဆိုင်ခဲ့သည်မှာနှစ်ပေါင်းသုံးထောင် ကြာခဲ့လေပြီ။
နောက်ဆုံးမှာတော့ နှစ်ပေါင်းသုံးထောင်ကြာသောအခါ သူသည် ရှေးဟောင်းကျောက်ပြား၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ရှေးခေတ်ဟောင်းမှ လျှို့ဝှက်ချက် တစ်ခုကိုသိခဲ့သည်။
“ဝူကွေမြို့… မိစ္ဆာမကို မြှုပ်နှံထားတဲ့နေရာ၊ ဘေးဥပဒ်အားလုံးရဲ့ ရင်းမြစ်။ ငါသာ ရမယ်ဆိုရင်…”
ထိုလူ၏ မျက်လုံးများသည် လောဘ ဖြင့် ပြည့်နှက်နေသည်။
သူသာ ထိုအရာကိုရရှိပါက အကြွင်းမဲ့အရှင် နှင့် အဖြူရောင်ဧကရာဇ် တို့သည် သူ့အတွက်စာဖွဲ့စရာပင် မလိုတော့ပါ။
“ကံမကောင်းတာက ငါကိုယ်တိုင်သွားလို့မရဘူး ၊ မဟုတ်ရင် အားလုံးရဲ့ အာရုံစိုက်မှုကို သိသိသာသာခံသွားလိမ့်မယ်…”
ထိုလူသည် မြောက်ဘက်မှ ထိပ်ဆုံးအဆင့်ရှိသော အစွမ်းထက်သူများထဲမှ ဖြစ်သည်။
သူ၏ လုပ်ရပ်များသည် သေချာပေါက် အာရုံစိုက်မှု ကို ဆွဲဆောင်ပေလိမ့်မည်။
ဝူကွေမြို့သို့ ကိုယ်တိုင်သွားခြင်းသည် သူ၏ အစီအစဥ်များ ကို ဖော်ထုတ်သွားစေနိုင်သည်။
“ဝူကွေမြို့ကို သိသွားပြီဆိုတော့ စီမံလို့ရပြီ… ဒါပေမဲ့… ဗုဒ္ဓက မဟာနတ်ဆိုးဖြစ်သွားတဲ့နေရာကရော ဘယ်နေရာလဲ”
ထိုနေရာတွင်လည်း ဝူကွေမြို့နှင့် ထပ်တူညီသော ကံကြမ္မာ ရှိသည်။
သို့သော် ၎င်းသည် ဝူကွေမြို့ထက် ပိုခက်ခဲသည်။
သူသည် ထိုနေရာအတွက် အစီအစဥ် တစ်ခု လိုအပ်သည်။
................
ခန်းလန်မြို့တွင်ဖြစ်သည်။
မိုးသားများထူထပ်စွာ ဖုံးလွှမ်းနေပြီး မြို့တစ်ခုလုံး ညို့မှိုင်းအုပ်ဆိုင်းနေ၏။
ကာကွယ်ရေးမှူးတုံလုံ၏ မျက်နှာသည်လည်း ညို့မှိုင်းနေသည် ။
လက်အောက်ငယ်သားများ၏ အစီရင်ခံစာ များကို နားထောင်ပြီး သူ၏ မျက်နှာသည် တင်းမာလာ၏။
-"ဝူထုံက တပ်ဖွဲ့အားလုံးကို ကိုယ်တိုင်ဦးဆောင်ပြီး ဝူကွေမြို့ကို တိုက်ခိုက်တော့မယ်။ မင်းတို့ ဘယ်လို ထင်လဲ”
တိုင်းပြည်စောင့်အဆင့်များသည်
စိုးရိမ်ပူပန်သော မျက်နှာများဖြင့်ဖြေကြသည်။
“ဝူထုံက မီဆန်ထက်ပိုမာကျောပြီး ခွန်အားကောင်းတယ်။ ဝူကွေမြို့သာ ကျရှုံးသွားရင် ကျွန်တော်တို့ ခန်းလန်မြို့လည်း… ဒုက္ခရောက်ပြီ”
"ဟုတ်တယ် ဝူကွေ့ကိုသိမ်းပြီးရင် သေချာပေါက်ခန်းလန်ပဲ"
လူတိုင်းက စိုးရိမ်နေကြသည်။
“ဝမ်ထိုင်း ၊ မင်းတို့ရော ဘယ်လို ထင်လဲ”
ထုံလုံက လျူဝမ်ထိုင်းနှင့် သူ၏ညီမကို မေးသည်။
လျူဝမ်ထိုင်းနှင့်လျူဝမ်မေတို့သည် ကျိယွမ်နှင့် တွေ့ဆုံခဲ့ဖူးသူများဖြစ်သောကြောင့် ပိုသိနိုင်၏။
“ဝူကွေမြို့ရဲ့ကာကွယ်သူက မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး မြေကမ္ဘာဒဏ္ဍာရီ ဖြစ်နိုင်ပါတယ်”
လျူဝမ်ထိုင်းသည် ကျိယွမ်၏ အံ့သြဖွယ် ဓားချက်ကို ပြန်သတိရကာ လေးစားစွာဖြင့် ဖြေလိုက်သည်။
တိုင်းပြည်အစောင့်တစ်ဦးက အကြံပြုသည်။
“မြေကမ္ဘာဒဏ္ဍာရီက အားကောင်းပေမယ့် ဝူထုံမှာ တိုင်းပြည်စောင့်တစ်ရာကျော်နဲ့ နတ်ဆိုးတပ်ဖွဲ့အများကြီး ပါလာမယ်။ မြေကမ္ဘာဒဏ္ဍာရီ တစ်ယောက်တောင် ဖိနှိပ်ခံရနိုင်တယ်။ ကျွန်တော်ကတော့ ဝူကွေမြို့ ကာကွယ်သူကို ခန်းလန်မြို့ကို ဖိတ်ခေါ်ဖို့ အကြံပြုပါတယ်”
ထုံလုံက ခေါင်းညိတ်သည်။
“သူသာ လာမယ်ဆိုရင် ငါ့ရဲ့ ခန်းလန်မြို့ကာကွယ်ရေးမှူးရာထူးကိုတောင် စွန့်လွှတ်ပြီး သူကိုပေးလိုက်မယ်"
လျူဝမ်ထိုင်းက အလျင်အမြန် ထောက်ပြလိုက်သည်။
“ဝူကွေမြို့ကာကွယ်သူက ခန်းလန်မြို့ကို ဘယ်တော့မှ လာမှာမဟုတ်ပါဘူး"
သူသည် ကျိယွမ်၏ ကြောက်မက်ဖွယ်ဓားချက်ကို မှတ်မိနေပြီး သူ၏ သဘောထားက ထိုဓားချက်ထက်ပင် ပြတ်သားကြောင်းကိုပါ သဘောပေါက်ခဲ့လေသည်။
“မောက်မာလိုက်တာ”
အဘိုးအို တစ်ယောက်က ဒေါသထွက်သွားသည်။
“သူက မြေကမ္ဘာဒဏ္ဍာရီ ဖြစ်နေတာနဲ့ပဲ သူ လုပ်ချင်ရာ လုပ်နိုင်တယ်လို့ ထင်နေတာလား”
သို့သော် အခြားတစ်ဦးက လေးနက်သော အသံဖြင့် ဆွေးနွေးပြသည်။
“မြေကမ္ဘာဒဏ္ဍာရီတစ်ယောက်က သူတို့ လုပ်ချင်ရာလုပ်နိုင်တာ အမှန်ပဲ။ လျူဝမ်ထိုင်းပြောတာတွေအမှန်တယ်ဆိုရင် သူခန်းလန်မြို့မှာရှိနေတာက ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်သွားနိုင်တယ်။”
“သူ့ရဲ့ ခွန်အားနဲ့ဆို ဝူထုံက တိုက်ခိုက်ရင်တောင် သူထွက်သွားလို့ရတယ်။ ဝူထုံက သူ့ကို တားနိုင်မှာလား။”
“ကျွန်တော်တို့ ဝူကွေမြို့ကို စိတ်ပူမဲ့အစား သူထွက်သွားပြီးရင်ကျန်ခဲ့မဲ့ ကျွန်တော်တို့ခန်းလန်မြို့ကိုကာကွယ်ဖို့ ပိုပြီးစဥ်းစားသင့်တယ်”
လူတိုင်းက ထိုစကားကို သဘောတူကြသည်။
ဝူကွေမြို့ကို ကာကွယ်နိုင်မည် မဟုတ်ပါ။
ထို့ကြောင့် ဝူကွေ့မြို့ကာကွယ်သူသည် အသက်အသေမခံဘဲ သေချာပေါက် ထွက်ခွာသွားပါလိမ့်မည်။
ထိုအခါ သူတို့သည် ဝူထုံ၏ စစ်တပ်ကို သေချာပေါက် ရင်ဆိုင်ရတော့မည်ဖြစ်၏။
သူတို့တွင် ကြီးမားသောဖိအား ရှိနေလေပြီ။
တုံလုံသည် မြို့ရိုးပေါ်တွင် ရပ်လျက် အဝေး ကို ကြည့်နေသည်။
“ ဝူကွေမြို့ရဲ့ ဒဏ္ဍာရီလာကာကွယ်သူက သူထွက်မသွားခင် ဝူထုံရဲ့စစ်တပ်ကို ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်”
ဤနည်းဖြင့် ဝူထုံသည် ခန်းလန်မြို့ကို တိုက်ခိုက်ရန် သူ၏ တပ်ဖွဲ့များကို အလျင်အမြန် စုစည်းနိုင်မည်မဟုတ်ဘဲ သူတို့အတွက် ပြင်ဆင်ချိန် ရရှိစေမည် ဖြစ်သည်။
“လျူဝမ်ထိုင်းနဲ့ ကျောက်ကျူ၊ မင်းတို့ လူတချို့ကို ခေါ်ပြီး ဝူကွေမြို့ကို အဝေးကနေ စောင့်ကြည့်လိုက်။”
“သတင်းမှန်သမျှကို ချက်ချင်း အစီရင်ခံပါ”
တုံလုံက အမိန့်ပေးလိုက်သည်။
သူသည် ဝူထုံ၏စစ်တပ်မည်မျှပျက်စီးသည်ဆိုသောသတင်းကို လိုချင်ပြီး ဝူကွေမြို့ ၏ သတင်းကိုတော့ မလိုအပ်တော့ပါ။
ဝူကွေမြို့၏ ကံကြမ္မာသည် သေချာနေပြီမဟုတ်ပါလား။
ထို့ကြောင့် ဝူကွေမြို့ကျဆုံးပြီးနောက် ဝူထုံ၏စစ်တပ် မည်မျှပျက်စီးသွားသည်ကို သူ သိလိုပသည်။
“ဟုတ်ကဲ့ပါ၊ ဆရာ”
ဟု လျူဝမ်ထိုင်းနှင့် ကျောက်ကျူတို့က ထွက်ခွာသွားကြသည်။
....................
တစ်လ သည် လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားလေသည်။
လျူဝမ်ထိုင်းနှင့်ကျောက်ကျူတို့သည် ကျယ်ပြန့်သောသဲကန္တာရတွင် ပုန်းအောင်းနေကြသည်။
သူတို့နောက်တွင် ကျင့်ကြံသူတစ်ဒါဇင်ကျော်သည်လည်း တိတ်ဆိတ်စွာပုန်းအောင်းနေသည်။
သူတို့သည် ခန်းလန်မြို့၏ ပြောက်ကျား ထောက်လှမ်းရေးများ ဖြစ်ကြပြီး ပုန်းအောင်းခြင်းနှင့် အမြန်နှုန်းတို့တွင် ကျွမ်းကျင်ကြသည်။
သဲထဲတွင် ပုန်းအောင်းနေသော ကျောက်ကျူသည် စနောက်သောအပြုံးဖြင့် စကားစ၏။
“အဲဒီ ဝူကွေမြို့ရဲ့ကာကွယ်သူက တကယ်ပဲ… မာန်ဖီပြရတာကို ကြိုက်ပုံရတယ်။”
“ငါသာဆိုရင်ဝူထုံရဲ့ စစ်တပ်ကို ရင်ဆိုင်ရတာနဲ့ ပြေးလောက်ပြီ။”
“ဒါပေမဲ့ သူကမြို့ရိုးပေါ်မှာ ထိုင်နေပြီး နတ်ဆိုးတပ် ထောင်ပေါင်းများစွာကို မကြောက်သလိုပါလား၊ သူက သတ္တိရှိသလိုဟန်ဆောင်နေတာ၊ ဒါပေမဲ့ တော်တော်လေး အထင်ကြီးစရာပဲ”
“သူက မကြောက်တာရော မဖြစ်နိုင်ဘူးလား”
လျူဝမ်ထိုင်းသည် သူတွေ့ဖူးသော ကျိယွမ်၏သဘောထားကို စဥ်းစားမိသည်။
ထိုသူသည် ကျောက်ကျူ ပြောသကဲ့သို့ မဟုတ်ပါ။
“မပူနဲ့ ၊ဝူထုံရဲ့စစ်တပ်ကြီး ရောက်လာတဲ့အခါ သူကနည်းနည်းပါးပါးတိုက်ခိုက်ပြီး ပြေးမှာသေချာတယ်”
ကျောက်ကျူက သူယူဆချက်ကို သူယုံကြည်မှုရှိသည်။
သူသာ ထိုစွမ်းအားမျိုးကို ပိုင်ဆိုင်ပါက ဝူကွေ့မြို့ရဲ့ ကာကွယ်သူလိုပင် လုပ်မိမှာသေချာသည်။
မာန်ဖီပြခြင်းသည် နည်းနည်းနည်းလမ်းမကျ ဖြစ်နိုင်သော်လည်း ၎င်းသည် သေချာပေါက် မိမိုက်နေသည်။
လျူဝမ်ထိုင်းသည် ကျောက်ကျူကို အထင်အမြင်သေးသော အမူအရာဖြင့် ကြည့်လိုက်သည်။
“ပညာရှိတစ်ယောက်ကို ထင်တစ်လုံးတည်းနဲ့ မဆုံးဖြတ်နဲ့”
ကျောက်ကျူက ပခုံးတွန့်လိုက်သည်။
“ငါက အတွေးတွေနဲ့ မဆုံးဖြတ်ပါဘူး၊ လုပ်ရပ် တွေနဲ့ပဲ ဆုံးဖြတ်တယ်။”
“သူသာ ဝူကွေမြို့မှာနေပြီး ဝူထုံရဲ့စစ်တပ်ကြီးကို ထိခိုက်အောင်လုပ်နိုင်ရင် သူ့ကို ငါ လေးစားမှာပါ။”
“သူ မာန်ဖီပြတယ်လို့ ပြောပေမယ့် တကယ်ပဲ အထင်ကြီးစရာကောင်းပါတယ်။ တစ်ခုတည်းသော အားနည်းချက်ကတော့ ဝူကွေမြို့က ကျရှုံးတော့မှာပဲမဟုတ်လား”
လျူဝမ်ထိုင်းက ကျောက်ကျူကို မငြင်းတော့ပါ။
သူကဝူကွေ့မြို့ရိုးပေါ်၌ ငြိမ်သက်စွာထိုင်နေသော ပုံရိပ်ကိုသာ ငေးကြည့်မိသည်။
ယနေပြီးလျှင် ယခုလိုထိုင်နေသူ ရှိပါဦးမည်လား ...ဝူကွေမြို့။
.....................