← Chapters

အခန်း (၁၃)

Vol. 1 Ch. 13

အခန်း (၁၃)

Vol. 1 Ch. 13

မြို့တွင်းအဖြစ်အပျက်က ရှောင်လင်းရွာနှင့် တယွိရွာကြားတွင် လျင်မြန်စွာပျံ့နှံ့သွားသည်။ သီးသန့်ဆွေးနွေးမှုများနှင့် တစ်အိမ်မှတစ်အိမ် စုံစမ်းမေးမြန်းမှုများ အများအပြားရှိခဲ့သည်။ အချို့သော စကားလုံးများသည် ကူးဆက်သည်နှင့်အမျှ ပြောင်းလဲသွားသည်။ တုန်းကျားဟွေ့က လုချန်းယွမ်ကို မေ့မရနိုင်ဘဲ လု အိမ်ကို ပြန်ချင်နေတယ်လို့ အချို့ကပြောကြတယ်။ သူမသည် မြို့ထဲတွင် လုချန်းယွမ်နှင့်ချိန်းထားပြီး လုချန်းယွမ်ရဲ့ ဇနီးအသစ်က “ဖမ်း” မိခဲ့သည်။ လုချန်းယွမ်က တုန်းကျားဟွေ့ကို မကွာရှင်းချင်ဘူးလို့ တချို့က ပြောကြသည်။ မြေးတွေလိုချင်နေတဲ့ မိခင်ရဲ့ဖိအားပေးမှုကြောင့် ပထမဇနီးနဲ့ကွာရှင်းခဲ့ရသည်။

သူနောက်ပိုင်းလက်ထပ်ခဲ့တဲ့အမျိုးသမီးဟာ အရင်တစ်ယောက်လို ရုပ်ရည်မချောမောရုံသာမက အရင်တစ်ယောက်လို သဘောကောင်းတဲ့သူလည်းမဟုတ်ပေ။ လုချန်းယွမ်လည်း စိတ်တိုလွန်းလို့ တုန်းကျားဟွေ့ကို သူ့ခံစားချက်တွေကို ပြောပြဖို့ ရှာဖွေခဲ့သည်။

ကျေးလက်ဘဝက ပျင်းစရာကြီး။ လယ်ယာလုပ်ငန်းခွင်မှာ ထိတ်လန့်တုန်လှုပ်​စေတဲ့အပြင် ဒီလိုမွှေးပျံ့ပြီး ထူးဆန်းတဲ့ကောလဟာလတွေကို နှစ်သက်သည်။ ကောလဟာလတွေ ဘယ်လိုပဲဖြစ်နေပါစေ တုန်းကျားဟွေ့က အမြဲတမ်း နာကျင်ခံစားရဆုံးသူဖြစ်စ်သည်။ ရှန်းကွေ့ရှောင်က နံနက်ခင်းတွင် လယ်ကွင်းသွားပြီး စိတ်ဆိုးကာ ပြန်လာခဲ့သည်။ သူမ သွားဖုံးများက ရောင်လာသည်။ တုန်းကျားဟွေ့က သူမသောက်ရန်အတွက် ပျားစုပ်ပန်းကို ဖျော်ထားလိုက်သည် ။

ပျားစုပ်ပန်းတွင် အပူနှင့် အဆိပ်အတောက်များကို ရှင်းလင်းပေးခြင်း၊ ဘက်တီးရီးယားများကို ဆန့်ကျင်ခြင်းနှင့် ရောင်ရမ်းမှုကို ဆန့်ကျင်ပေးခြင်း၊ အသည်းနှင့် သည်းခြေအိတ်ကို ကာကွယ်ပေးသည်။ တယွိရွာသည် တောင်နှင့် ရေနှင့် နီးသည်။ တောင်ပေါ်တွင် သဘာဝဆေးဖက်ဝင်အပင်များ ပေါက်ရောက်ပြီး တယွိရွာမှ ရွာသားများ ဤနေရာတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြသည်။ အချို့သောဆေးဖက်ဝင်အပင်များကို အိမ်မှာရနိုင်သည် အထူးသဖြင့် ပိုးသတ်ခြင်း ၊ သွေးတိတ်ပြီးဒဏ်ရာပျောက်စေခြင်း နဲ့ ရောင်ရမ်းမှုမှကာကွယ်နိုင်ခြင်းတို့ဖြစ်သည်။

တုန်းကျားဟွေ့က အပြင်တွင် မည်မျှ ဒုက္ခရောက်သည်ကို လျစ်လျူရှုခဲ့သည်။ အဝတ်အစား စာရင်းအချို့ ယူကာ အိမ်ပြင်မထွက်ဘဲ ဘဝကို ဖြတ်သန်းခဲ့သည်။

ဒီလိုအချိန် ရှောင်လင်းရွာမှာ မစ္စ လုက ကြောက်စရာကောင်းတဲ့ မျက်နှာထားနဲ့ လယ်ကွင်းထဲကနေ ပြန်လာခဲ့သည်။

“ ဒီစကားတွေကို နင်ဘယ်လိုပြောတာလဲ။ မရှက်ဘူးလား။ ”

မစ္စစ်လုသည် သူမသားနှင့်ချွေးမ ပဋိပက္ခဖြစ်နေသည်ကို သိလိုက်သည်။ လီချိုင်ဖန် ဝင်လာကတည်းက အိမ်မှာ သာယာတဲ့နေ့မရှိဘူး၊ သူမကို ဂရုစိုက်ဖို့ အစီအစဉ်မရှိခဲ့ဘူး။ ဒီနေ့ လယ်ကွင်းမှာ အလုပ်သွားလုပ်တုန်း သူမမိသားစုအကြောင်း တခြားလူတွေ အတင်းအဖျင်းပြောသံတွေ ကြားနေရသည်။ မနေ့က လီချိုင်ဖန်က မြို့ထဲမှာ တုန်းကျားဟွေ့ကို ဆူပူကြိမ်းမောင်းပြီး ကျားဟွေ့က ပြန်တိုက်ဖို့ အင်အားမရှိဘူးလို့ သူမက ပြောပါတယ်။ ညဘက် အိပ်ရာဝင်ချိန်မှာ သားဖြစ်သူက ပထမဇနီးရဲ့ နာမည်ကို ခေါ်တယ်လို့လည်း သူမက ပြောခဲ့သည်။

“ ကွေ့ကျန့် မင်းက ယောက္ခမမဟုတ်ဘူးလား။ ချန်းယွမ်နှလုံးသားထဲမှာ ကျားဟွေ့ကို ရှင်းရှင်းလင်းလင်း သဘောကျတယ်။ မင်းကသူတို့ကို ခွဲလိုက်တာ။ အခုတော့ ချန်းယွမ်က သူ့မိန်းမအသစ်နဲ့ မပေါင်းနိုင်တော့ဘူး။ သူ့နှလုံးသားထဲမှာတော့ ကျားဟွေ့ကို တွေးနေတုန်းပဲ။ မင်းက လူသုံးယောက်ကို တပြိုင်နက် နှိပ်စက်နေတဲ့ပုံပဲ။ ”

“ အဲဒါ .... မဟုတ်ဘူး။ ငါပြောရရင် ကျားဟွေ့ရဲ့ လုံ့လဝီရိယနဲ့ ရိုးသားတာ ကောင်းပါတယ်။ အခု နင် နောက်ကျရင် ဒုက္ခရောက်လိမ့်မယ်။”

“ မဟုတ်ဘူး၊ ငါ့အတွက် ကျားဟွေ့က ပိုကောင်းတယ် လုံ့လဝီရိယရှိပြီး ပိုရိုးသားတယ်။ အခု နင်နောက်ကျရင်ဒုက္ခရောက်လိမ့်မယ်။”

သူတို့စကားကို နားထောင်ပြီးနောက် မစ္စ လု ၏ မျက်နှာက ဖြူပြာသွားသည်။

မစ္စစ်လုက အသရေဆယ်တဲ့လူဖြစ်သည်။ ဆိုရိုးစကားအတိုင်း “မိသားစု၏ ယုတ်ညံ့မှုကို လူသိရှင်ကြား မပြောနဲ့”။ သူမ ဘယ်လောက်ပဲ မာနကြီးနေပါစေ၊ အထူးသဖြင့် သူမရဲ့ ယောက်ျားနဲ့ သားနဲ့ ပတ်သက်လာတဲ့အခါ သူ့မိသားစုရဲ့ ပြဿနာတွေကို ဘယ်တော့မှ မဖြေရှင်းပေ။ ကောင်းတဲ့စကားတွေပဲရှိပြီး၊ ဆိုးတဲ့စကားလုံးတွေက အမြဲမရှိခဲ့ပေ။

ယောက်ျားတွေက အပြင်မှာ မျက်နှာလိုချင်တယ်။ ယောက်ျားမျက်နှာကို ဘယ်အရာကမှ မထိခိုက်စေနိုင်ပေ။ လုယုကွမ်က ထုတ်လုပ်ရေးအဖွဲ့၏ ကေဒါတစ်ဦးဖြစ်ဆဲဖြစ်သည်။ ဒီ လီချိုင်ဖန်က လု မိသားစုရဲ့ ရန်သူဖြစ်သည်။ ဝင်လာကတည်းက မျက်နှာဘယ်နှစ်ခါ ပျက်သွားရတာလဲ။

“ ရှင့်သားက ဘာလို့အဲ့လိုလုပ်ရဲတာလဲ။ ကျွန်မဘာလို့ မပြောရဲရမှာလဲ။ ကျွန်မ မပြောတာ မဟုတ်ဘူး ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသားပြောမယ်။”

လီချိုင်ဖန်က ယောက္ခမကို မကြောက်ခဲ့ပေ။ လု မိသားစု။ သူတို့ရဲ့သားလေးက အရည်အချင်းမပြည့်မီဘဲ သူမနဲ့လက်ထပ်နေတုန်းပဲ။ သူမ မပျော်ရတာ သုံးလရှိပြီ။ သူမသည် အခြားနည်းလမ်းအချို့ကို အသုံးပြုခဲ့သော်လည်း လီချိုင်ဖန်က မကျေနပ်သေးပေ။

ကျေးလက်ဒေသရှိ အိမ်ထောင်ရှင်အမျိုးသမီးများသည် “မကြာသေးမီက ကြည့်ကောင်းသည်၊ သင့်မိသားစု * * လုံလောက်အောင် စားပါစေ” အစရှိသည့် ညစ်ညမ်းသည့်အရာအချို့ကို ပြောကြလိမ့်မည်။ လီချိုင်ဖန်က အခြားငယ်ရွယ်တဲ့ ဇနီးမယားများ၏ နီမြန်းနေသော မျက်နှာကို ကြည့်တိုင်း စိတ်ဓာတ်ကျနေသည်။

သူမကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်တဲ့ ခင်ပွန်းကိုလည်း လိုချင်ပေမယ့် ကံမကောင်းစွာပဲ လုချန်းယွမ် ကတော့ မစွမ်းဆောင်နိုင်တဲ့သူဖြစ်သည်။

“မင်း ဒီလောက် အရှက်ကင်းမဲ့တယ်လို့ မထင်ဖူးဘူး။ မင်းကြောင့် ငါတို့လု မိသားစု မျက်နှာပျက်ရပြီ။”

လီချိုင်ဖန်က မစ္စစ် လု ကို ကြည့်လိုက်သည်။ သူမက (လီချိုင်ဖန်) သူမကို ဖီးနစ်မျက်လုံးများဖြင့် လှောင်ပြောင်လိုက်သည်။ “ အိုး ရှင့်ရဲ့ လု မိသားစုက မျက်နှာရှိနေတုန်းပဲလား။ ကျွန်မကြောင့် အရှက်တကွဲဖြစ်နေတယ်လို့ ရှင်ထင်ရင် ကောင်းပြီ လုချန်းယွမ် ကျွန်မကိုကွာရှင်းပြီးတော့ ရှင့်ရဲ့ချွေးမဖြစ်သူကို ပြန်ခေါ်လိုက်ပြီးတော့ ရှင့်ကို ဂရုစိုက်ပေးချင်လားဆိုတာ ကြည့်လိုက်ပါဦး။ ”

မစ္စလုက တကယ်နောင်တရနေပြီး ကောင်းမွန်တဲ့ တုန်းကျားဟွေ့ကို လွမ်းဆွတ်မိသည်။ ဒီနှစ်ယောက်ကို ယှဉ်ကြည့်ရင် လူတိုင်း သည်းမခံနိုင်ပေ။ အိမ်ထောင်မပြုမီနှင့် လက်ထပ်ပြီးနောက် နှိုင်းယှဉ်မှုမှာ ကွာခြားလွန်းလှသည်။

တုန်းကျားဟွေ့ ရှိတုန်းက ဘာမှလုပ်စရာမလိုပေ။ မနက်မိုးမလင်းခင်မှာ တုန်းကျားဟွေ့က အိမ်အပြင်မှာ ရေဆေးပြီး ထမင်းချက်ဖို့ အိပ်ရာထကာ မနက် ၈ နာရီမှာ လယ်ကွင်းမှာ အလုပ်သွားလုပ်သည်။ လုယုကွမ်က ထုတ်လုပ်ရေးအဖွဲ့၏ ကေဒါတစ်ဦးဖြစ်ပြီး ကစားရာတွင်အသာစီးရသူကို မျက်ကွယ်ပြုထားသည်။ တုန်းကျားဟွေ့က အလုပ်ရမှတ်မဖြတ်ဘဲ နေ့လည်စာချက်ပြုတ်ဖို့ ပြန်လာနိုင်သည်။

ထမင်းစားပြီးနောက်လည်း တုန်းကျားဟွေ့က ထမင်းပန်းကန်ကို ယူသွားသည်။ မစ္စ လုက တစ်ရေးတစ်မော အိပ်တယ် ဒါမှမဟုတ် လမ်းလျှောက်ထွက်သည်။ တုန်းကျားဟွေ့က အိမ်တွင် ဝေယျာဝစ္စလုပ်ရန် အချိန်ယူခဲ့သည်။ နေ့ခင်းဘက် အလုပ်ဆက်လုပ်ပြီး ညနေ ထမင်းချက်ဖို့ ပြန်လာခဲ့သည်။

(TN: သူက နင့်ရဲ့ကျွန်လား။ ငါက နင့်ရဲ့ချွေးမလို့ ထင်ခဲ့တာ။)

မစ္စ လု က သူ့ကိုယ်သူ ဂုဏ်ယူသည်။ သူမက လူ့အဖွဲ့အစည်းဟောင်းတွင် ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရသည်။ မမျှော်လင့်ဘဲ လူ့အဖွဲ့အစည်းသစ်တွင် သူမသည် အိမ်ပိုင်ရှင်များ၏ စည်းစိမ်ဥစ္စာဟောင်းများကို သုတ်သင်ရှင်းလင်းခဲ့ပြီး သူမသည် “အိမ်ရှင်မ” ကဲ့သို့ နေထိုင်ခဲ့သည်။

လီချိုင်ဖန် တံခါးဝကို ဝင်လာကတည်းက ကောင်းမွန်တဲ့ နေ့ရက်တွေ မရှိတော့ဘူး။ လီချိုင်ဖန်က အိမ်ရှင်အမျိုးသမီးဖြစ်လာပြီး သူမသည် အိမ်ရှင်မိသားစု၏ နှစ်ရှည်လများ အလုပ်သမဖြစ်လာခဲ့သည်။

သူမကိုလက်ထပ်ပြီးနောက် လု မိသားစုရဲ့ ဆက်ခံသူရဖို့ မမျှော်လင့်ခဲ့သည်။ သုံးလလောက်ကြာတာတောင် ဗိုက်ထဲမှာ လှုပ်ရှားမှုမရှိလာပေ။ သူမသားမှာ ပြဿနာရှိပြီး တစ်သက်လုံး ကလေးမမွေးနိုင်ဘူးလို့လည်း သူမက ပြေသည်။ မစ္စ လု သူမပြောတာကိုကြားပြီး ထိတ်လန့်တကြားနဲ့ သူမသားကို မေးလိုက်သည်။ သူမသားက တည်ငြိမ်တဲ့မျက်နှာနဲ့ စကားမပြောဘဲ ဝမ်းနည်းနေခဲ့သည်။ သူမသည် ဤဘဝတွင် မကောင်းမှုပြုခဲ့သလို ခံစားခဲ့ရပြီး နေ့ရက်များက ပိုဆိုးလာတော့မှာကို သူမ ခံစားခဲ့ရသည်။

သူမ လီချိုင်ဖန်နဲ့ ရန်ဖြစ်နေစဉ်တွင်၊ လုချန်းယွမ်က တုန်းကျားဟွေ့ ကိုရှာဖွေဖို့ တယွိရွာကို တိတ်တဆိတ်လာခဲ့သည်။

မနေ့က တုန်းကျားဟွေ့ ကို မြို့ထဲမှာတွေ့ပြီးနောက်မှာ လုချန်းယွမ်က လက်မလွှတ်နိုင်ခဲ့ပေ။ သူပထမဆုံးလက်ထပ်တုန်းက တုန်းကျားဟွေ့ ဟာ တောက်ပတဲ့မျက်လုံးလေးတွေရှိတဲ့ မိန်းကလေးတစ်ယောက်လည်း ဖြစ်သည်။ သူ့ကို တိတ်တိတ်လေးပုန်းပြီးကြည့်သောအခါတွင် သူမ မျက်နှာနီပြီး ရှက်သွားတတ်သည်။ နောက်ပိုင်းတွင်၊ တုန်းကျားဟွေ့ ကိုယ်ဝန်မရသေးသောကြောင့် သူ့မိခင်က ကျားဟွေ့ နဲ့ ပတ်သက်ပြီး ပို၍ပို၍ထင်မြင်ချက်တွေရှိလာကာ ကျားဟွေ့မှာ ကလေးမရနိုင်ကြောင်း မကြာခဏ ထောက်ပြခဲ့သည်။ သူတို့မိသားစုက ကြက်မတွေက ဥတွေဥနိုင်ပြီး သူ့ချွေးမက ကြက်မလောက်တောင် မတော်ဘူးလို့ ပြောလာသည်။

ဤနည်းဖြင့် ကျားဟွေ့၏ မျက်နှာပေါ်ရှိ အပြုံးက နည်းပါးလာသည်။ သူမသည် နေ့တိုင်း မနက်စောကြီးကနေ ညမှောင်တဲ့အထိ အလုပ်လုပ်သည်။ အိမ်ထောင်ကျခါစတုန်းကနဲ့မတူတော့လို သူမ အသားအရေက ဖြူပြီး စိုစွတ်မှုမရှိတော့ဘဲ ညိုမဲလာခဲ့သည်။

ဆောင်းရာသီတွင် အရိုးထိအေးသောလေများ တိုက်ခတ်လာကာ ကျားဟွေ့ မျက်နှာက သွေးလည်ပတ်မှုမကောင်း၍ အေးပြီးရောင်ရမ်းလာတာတွေကို စတင်ခံစားလာရသည်။ သူမသည် ခရင် တစ်ဗူးဝယ်ချင်သော်လည်း တစ်လလုံးလုံး သူ့အမေ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။ သူမကပြောတယ် ကလေးမွေးနိုင်စွမ်းမရှိပေမယ့် သူမမျက်နှာကိုပဲ ဘာကြောင့် အရမ်းဂရုစိုက်ရတာလဲတဲ့။

ကျားဟွေ့ မျက်ရည်ကျကာ တိတ်တိတ်ဆိတ်ဆိတ် ခံနိုင်ရည်ရှိနေသည်ကို ကြည့်ပြီး သူလည်း စိတ်ဆင်းရဲနေသော်လည်း ကလေးကိုမွေးဖို့ သူ မရပ်တည်နိုင်ပေ။ အဲ့တာကသူ့အတွက် သည်းမခံနိုင်လောက်အောင် လေးလံလွန်းသည်။

လုချန်းယွမ်က တုန်း မိသားစုအိမ်ကို မသွားရဲဘူး။ တုန်း မိသားစုအိမ်နှင့် ဆန့်ကျင်ဘက်က မြစ်ကမ်းပါးတွင် လှည့်ပတ်သွားလာနေရင်း အားလပ်ရက်တွင် ရူးသွပ်စွာ ဆော့ကစားနေသော ချွေ့ဇီ ကို အိမ်တွင်တွေ့လိုက်ရသည်။ သူ ချွေ့ဇီ ကို သူ့အနားလာရန် လက်ယက်ခေါ်လိုက်သည်။

“ ချွေ့ဇီ မင်း ငါ့ကို မှတ်မိသေးလား။ ငါက မင်းရဲ့ ဦးလေးလေ။ ”

လုချန်းယွမ်က သူ့ကုတ်အင်္ကျီအိတ်ကပ်ထဲမှ သကြားလုံးကိုလက်တစ်ဆုပ် ထုတ်ယူလိုက်ပြီး ချွေ့ဇီ လက်ထဲ ထည့်ပေးလိုက်သည်။ သူက ပြုံးနေရင်းနဲ့ ပြောလိုက်သည်။ “ ချွေ့ဇီ ၊ မင်းအိမ်ပြန်သွားပြီး မင်းရဲ့ ဒေါ်လေးကို ခေါ်လာလိုက်၊ ဦးလေးမှာ သူ့ကိုပြောစရာရှိတယ်။”

ချွေ့ဇီက ဒါကို ထုံးစံအတိုင်း မှတ်မိသော်လည်း ဒီဦးလေး၏မိသားစုက လွန်ကဲကြောင်းကို သူလည်းသိထားသည်။ သူတို့က သူတို့ဒေါ်လေးကို မလိုချင်တော့တာကြောင့် သူတို့ဒေါ်လေးကို အိမ်ပြန်သွားအောင် နှင်ထုတ်လိုက်ကြသည်။ အဲ့တာက ဒေါ်လေးဖြစ်သူကို ဝမ်းနည်းစေပြီး မြစ်ထဲခုန်ချစေခဲ့ကာ မိသားစုကို စိတ်မချမ်းသာစေခဲ့ပေ။

သူ သကြားတုံးများကို လွှင့်ပစ်ချင်သော်လည်း မျက်လုံးများကို လှည့်လိုက်သည်။ စားဖို့ သကြားလုံး ရှိပြီလို့ သူထင်ခဲ့သည်။ သူဘာမှမစားနိုင်ပေ။ ဒါနဲ့ သူ သကြားလုံးတွေကို အိတ်ကပ်ထဲ ထည့်လိုက်သည်။

“ ကောင်းပြီ ဒီမှာ ခဏစောင့်”

ထိုသို့ပြောပြီးနောက် ချွေ့ဇီ လှည့်ပြီး ထွက်ပြေးသွားခဲ့သည်။ သူက ဉာဏ်ကောင်းလွန်းသဖြင့် အိမ်ပြန်မသွားခဲ့ပေ။ သူက သူ့အဖော်လေးတွေနဲ့ ဆော့ကစားရန် အခြားအိမ်သို့ သွားကာ သူ့အိတ်ကပ်ထဲမှ သကြားလုံးများကို ထုတ်ပြလိုက်သည်။

လုချန်းယွမ်ကတော့ မိုးမခပင်အောက်တွင် ရပ်နေခဲ့သည်။ သူ ဘယ်ဘက်ကို ကြည့်လိုက်တော့ ဘယ်သူမှ မလာဘူး။ ညာဘက်ကိုကြည့်တော့လည်း ဘယ်သူမှ မလာပေ။ တုန်းကျားဟွေ့က သူ့ကို ဒေါသထွက်နေတယ်လို့ ထင်တဲ့အတွက် သူမက အပြင်ကို ထွက်ဖို့ ဆန္ဒမရှိဘူးလို့ သူတွေးလိုက်သည်။

ရှန်းကွေ့ရှောင် လယ်ကွင်းမှ ပြန်လာသောအခါ သစ်ပင်အနောက်တွင် ရပ်နေသော ပုံရိပ်ကို သူမတွေ့လိုက်ရသည်။ ပုံရိပ်က လုချန်းယွမ်နဲ့ အနည်းငယ် ဆင်သည်။

လုချန်းယွမ် သူတို့ရွာကို မလာရဲဘူးလို့ သူမ ထင်ခဲ့တာ ဖြစ်သည်။

မမျှော်လင့်ဘဲ လုချန်းယွမ်က သူ့နောက်က ခြေသံတွေကိုကြားပြီး နောက်ကိုကြည့်လိုက်တဲ့အခါ သူ ကြောက်လန့်သွားပြီး မြစ်ထဲကို ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူက အကျိုးဆောင်ဖြစ်သည်။အိမ်မှာ သူ့အမေကို သူကြောက်သည်။ တုန်းကျားဟွေ့ ကိုလက်ထပ်ပြီးနောက်၊ သူ့ယောက္ခမ ရှန်းကွေ့ရှောင် ကိုလည်း ကြောက်ခဲ့သည်။ ထိခိုက်မှာကို သူ ကြောက်တာကြောင့် တုန်း အိမ်ကို သူ မလာချင်ပေ။ ထို့ကြောင့်၊ တုန်းကျားဟွေ့က *အနီးကပ်နေထိုင်သူတစ်ဦးနှင့် လက်ထပ်ထားသော်လည်း သူမ၏မိခင်အိမ်သို့ မကြာခဏ မပြန်ဖြစ်ခဲ့ပေ။

*သူမရွာနဲ့နီးတဲ့နေရာမှလက်ထပ်ထားပေမယ့်

“လုချန်းယွမ် ငါတို့ တယွိရွာမှာ နင်ဘာလုပ်နေတာလဲ။ သေမင်းကိုရှာနေတာလား။”

လုချန်းယွမ်က သွားချင်ပေမယ့် မသွားရဲပေ။ သူ့ခြေထောက်တွေက မြေကြီးထဲမှာ နစ်မိနေပုံရပြီး သူ့ခြေထောက်တွေကို တုန်နေကာ “အမေ၊ ကျွန်တော် ကျားဟွေ့ နဲ့ စကားပြောချင်တယ်” လို့ ချီတုံချတုံနဲ့ ပြောလိုက်သည်။

ရှန်းကွေ့ရှောင်က ပြုံးပြီး ပိုလို့တောင် ဒေါသဖြစ်သွားသည်။ “အမေလား။ ဘယ်သူက နင့်အမေလဲ။ နင့်မှာ ကျားဟွေ့ ကိုရှာဖို့ အာရုံရှိနေတုန်းပဲလား။ နင်သူမကို လုံလောက်တဲ့ ထိခိုက်နစ်နာစရာတွေပေးလို့မပြီးသေးဘူးလို့ ခံစားနေရသေးတာလား။ နင်နဲ့ လု မိသားစုက အရမ်းအသားထူတယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ”

သူမလက်ထဲတွင် မြက်ရိတ်တံစဉ်ကိုကိုင်ကာ အဲ့တာကို ကျဉ်းမြောင်းစွာရှောင်သွားခဲ့သော လုချန်းယွမ်ကို တိုက်ရိုက်ထုရိုက်ခဲ့သည်။

“အမေ၊သေသေချာချာ စကားပြောရအောင်။ ကျွန်တော်ဒီကို တောင်းပန်ဖို့လာတာ”

ရှန်းကွေ့ရှောင်ရဲ့ လက်လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ နောက်တော့ သူမလက်ထဲက တံစဉ်ကို ဆက်ဝှေ့ယမ်းလိုက်သည်။

“ ငါ့ကို အမေလို့ ပြန်ခေါ်လိုက်စမ်း၊ ငါ နင်ကို သေအောင်သတ်နိုင်လား မသတ်နိုင်ဘူးလားကို ကြည့်လိုက်စမ်း! ငါ့သမီးကို လက်ထပ်ပေးခဲ့ပြီး နင်တို့မိသားစုဆီထည့်ပေးလိုက်တုန်းက ငါ ကန်းနေခဲ့တာ။ နင့်ရဲ့ လု မိသားစု ဘယ်တော့မှ ခေါင်းတွေ မထောင်နိုင်အောင် နင့်တို့တံခါးဆီကိုသွားပြီး တိရစ္ဆာန်တွေရဲ့ချေးတွေနဲ့ ငါပစ်ပေါက်ပစ်မယ်ဆိုတာကို နင်ယုံလား။”

လုချန်းယွမ် ပုန်းအောင်းရင်း ထွက်ပြေးသွားပြီး သူ ထွက်မသွားခင် တုန်း မိသားစုရဲ့ ပိတ်ထားတဲ့ သစ်သားတံခါးကို လှမ်းကြည့်လိုက်သည်။

ရှန်းကွေ့ရှောင်က ငြီးတွားပြီး အိမ်ပြန်လာခဲ့သည်။ ဇာတ်လမ်းကို သိရှိရန် လှည့်ပတ်မေးမြန်းရင်း သူမ ချွေ့ဇီကိုရိုက်ဖို့ သူ့နားရွက်ကို ဆွဲထားခဲ့သည်။

“အဖွား၊ သား သူ့အတွက် ဒေါ်လေးကို မခေါ်ပေးချင်ဘူး။ အဲ့တာကြောင့် သား သကြားလုံးယူပြီး ထွက်ပြေးသွားတာ။ ”

“နင်ဘာလို့ သူ့သကြားလုံးကိုလိုချင်ရတာလဲ။ ငါတို့မိသားစုက နင့်ရဲ့ပါးစပ်တစ်ပေါက်ကို ကျွေးဖို့ ချန်ထားလို့လား။ အဲ့တာမှမဟုတ်ရင် ဘာလို့ သူ့သကြားလုံးကိုယူရတာလဲ။ ”

ချွေ့ဇီ က သူ့ဘေးမှာ ခြေထောက်ကိုတန်းလန်းချထားပြီး ဆွဲခံရတဲ့သူ့နားရွက်ကို လက်တစ်ဖက်နဲ့ အုပ်ပြီး “အဖွား၊ သားအဲ့တာကိုဘာမှမလုပ်ဘူး။ သူက သားဒေါ်လေးကို ထိခိုက်စေခဲ့တယ်။ ချိုချဉ်နည်းနည်းလေးစားတာက သားနဲ့ဘာဆိုင်လို့လဲ။ ”

ရှန်းကွေ့ရှောင်က လူတွေကို ထပ်ပြီး ရိုက်နှက်ချင်ပေမယ့် သူမ လွှတ်ပေးလိုက်တာနဲ့ ချွေ့ဇီက ထွက်ပြေးသွားသည်။ ရှန်းကွေ့ရှောင်က ခြံဝင်းထဲမှာ ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။

ကျောက်တုန်းလင်ရဲ့ ချိန်းတွေ့ခြင်းက မချောမွေ့ခဲ့ပေ။ သူ့ကလေးနှစ်ယောက်အတွက် မိထွေးရှာပေးပါ့မယ်လို့ ကျန်းချောင်းအာကို သူ ကတိပေးခဲ့သော်လည်း သူ ဘာမှမတတ်နိုင်ခဲ့ပေ။

သူ တစ်ခါ ကွာရှင်းပြီးပြီ ပြီးတော့ မသင့်တော်တဲ့သူကို ရှာမိရင် အိမ်မှာ ရှုပ်ပွအောင် မွှေနေတာကမှ ပိုကောင်းလိမ့်မည်။

“ သားက ဘာကို အတိအကျ ရှာချင်တာလဲ။”

ကျန်းချောင်းအာ ဒေါသထွက်ပြီး နှုတ်ထွက်ချင်လာသည်။ ဒါက အလုပ်မဖြစ်နိုင်ဘူး။ အဲဒါက မသင့်တော်ဘူး။ သူမသားလိုချင်တာကို သူမတကယ်နားမလည်တာလား။

ကျောက်တုန်းလင်သည် ထိုနေ့က သူမြို့၌တွေ့ဆုံခဲ့ရသော တုန်းကျားဟွေ့ ကို တစ်နည်းနည်းဖြင့် သတိရမိသည်။

သူမက ဖြူဖျော့ပြီး အားနည်းနေတယ် ပြီးတော့ သူမ မျက်မှောင်ကြုတ်နေတာက သနားစရာ ဖြစ်နေသည်။သူမရဲ့ ယောက္ခမကြောင့် ကွာရှင်းပြတ်စဲခဲ့ပြီး သူမက ကလေးမမွေးနိုင်ဘူး ပြီးတော့ သူကတော့ ကလေးနှစ်ယောက် ရှိသည်။

သူမက သဘောကောင်းပြီး အပ်ချုပ်ကျွမ်းကျင်တယ်ဆိုတာ သူ ကြားခဲ့သည်။ ထိုသို့သောအမျိုးသမီးက မိသားစုမှ ဦးစားပေးတာကိုခံရသင့်ပြီး သူမက သူမ၏အိမ်အား စိတ်အေးချမ်းသာစွာ ထားနိုင်သည့် အမျိုးသမီးဖြစ်သင့်သည်။

All Chapters