← Chapters

အခန်း (၁၅)

Vol. 1 Ch. 15

အခန်း (၁၅)

Vol. 1 Ch. 15

ကျောက်တုန်းလင်ကို အံ့အားသင့်စေသည့်အရာမှာ တုန်းကျားဟွေ့ရဲ့ စိတ်နေစိတ်ထားနှင့် တွေးခေါ်မှုသည် ကမ္ဘာကို မမြင်ဖူးသော ကျေးလက်မိန်းကလေးနှင့် လုံးဝမတူတာဖြစ်သည်။

“ငယ်ငယ်တုန်းက အလုပ်မကြိုးစားရင် အသက်ကြီးရင် ဝမ်းနည်းလိမ့်မယ်” လို့ သူမတူတွေကို ပြောပြပြီး မြစ်ကမ်းစပ် ဒါမှမဟုတ် တောင်နက်ကြီးတွေကို မသွားဘဲ ဘေးလွတ်ရာကို အာရုံစိုက်ဖို့ ပြောခဲ့သည်။ အစ်ကိုကြီးကို သူ့ညီငယ်လေးကို ဂရုစိုက်စေသည်။

သူမသည် အသိပညာကို လေးစားသည်၊ အသိပညာ၏ အရေးပါပုံကို နားလည်သည်၊ ကျိုးကြောင်းဆီလျော်စွာ ပြောတတ်သည်၊ ခွင့်လွှတ်ခြင်းမရှိဘဲ ပြုမူသည်ကို သူမြင်နိုင်သည်။ သူမကိုကြည့်ရတာ သူနှင့် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော နည်းပြဆရာကို သတိရမိသည်။

ကျောက်တုန်းလင်က သူ့ပါးစပ်ထောင့်ရှိ အပြုံးကို ဖုံးကွယ်ရန် ရေတစ်ငုံသောက်လိုက်သည်။ ဒီလိုမျိုး စပါးရိတ်သိမ်းဖို့ ယာယီခရီးသွားဖို့လာခဲ့မိတဲ့အတွက် သူ ဝမ်းသာမိသည်။ အရင်က တုန်းကျားဟွေ့အပေါ် ကောင်းတဲ့ထင်မြင်ချက် ရှိခဲ့တယ်ဆိုရင် သူက တုန်းကျားဟွေ့ရဲ့ စရိုက်ကို ကောင်းကောင်းနားလည်သည့။ အတွင်းကမ္ဘာနဲ့ သူ့စိတ်ထဲမှာ လျှို့ဝှက်စွာ ဖန်တီးလိုက်သည်။

သူက စစ်သား ဖြစ်သည်။ တပ်မတော်မှ ထွက်ခွာပြီးသည့်တိုင် သူ့ကိုယ်သူ စစ်သားအဖြစ် သတ်မှတ်ဆဲဖြစ်သည်။

စစ်သားတစ်ဦးသည် အစီအစဉ်ဆွဲပြီး လှုပ်ရှားလေ့ရှိသည်။ မပျက်မကွက် ပစ်သတ်ခြင်းကို ကျင့်သားရခဲ့သည်။ သူတို့မှာ ပန်းတိုင်တစ်ခုရှိတဲ့အခါ သဲသဲကွဲကွဲမရှိဘဲ ပန်းတိုင်ဆီ အပြေးအလွှားသွားကြသည်။ ဤသည်မှာ စစ်သားတစ်ဦးမှာရှိသင့်သည့် ကျွမ်းကျင်မှုအရည်အသွေးဖြစ်သည်။

“အတွင်းရေးမှူး ကျောက် ကျွန်မတို့ရဲ့ဟာသကို ရှင်ကြည့်လိုက်ရတာ တောင်းပန်ပါတယ်နော်။ “

တူဖြစ်သူ၏ အိမ်စာပြဿနာကို ဖြေရှင်းပြီးနောက် တုန်းကျားဟွေ့ လှည့်ကြည့်လိုက်ချိန် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

“မဟုတ်ဘူး၊ မင်းပြောတာမှန်တယ်”

ကျောက်တုန်းလင်က သူ့လက်ထဲက ရေခွက်ကို ချလိုက်ပြီး နှုတ်ဆက်ဖို့ ထကာ ထွက်သွားသည်။ တုန်းကျားဟွေ့က သူ့ကို တံခါးဆီ ပို့ပြီး တုန်းဟောင်ထျန်ရဲ့ အိမ်ဆီ လမ်းပြပေးလိုက်သည်။

ကျောက်တုန်းလင်က တုန်းဟောင်ထျန်ရဲ့အိမ်ကို သတင်းပို့ဖို့ စက်ဘီးစီးခဲ့သည်။ သူရောက်တော့ သူ့ကိုအိမ်ကို ဖိတ်သည်။ တုန်းဟောင်ထျန်က ဧည့်ဝတ်ကျေပြီး ကျောက်တုန်းလင်ကို ညစာစားဖို့ နေခဲ့ခိုင်းသည်။

တိုက်ဆိုင်စွာပင် တုန်းဟောင်ထျန်ရဲ့ဇနီး ကျောက်ဂျူဟွာသည်လည်း ရှန်ဟဲရွာမှဖြစ်သည်။ သူတို့သည် ကျောက်တုန်းလင်နဲ့ ထုတ်လုပ်ရေးအဖွဲ့တူမဟုတ်သော်လည်း ငယ်စဉ်ကပင် တစ်ယောက်နှင့်တစ်ယောက် ဆုံတွေ့ခဲ့ဖူးသည်။

“ တုန်းလင် ငါ မင်းထက် နှစ်အများကြီး အသက်ကြီးပေမယ့် အရင်က ငါတို့ ကျောင်းအတူတူ သွားခဲ့ကြတယ် “

“ ငါကျောင်းတက်တာနောက်ကျသွားတယ်။ ငါ ရှစ်နှစ်သား အရွယ်မှာ ပထမတန်းပဲ ရှိသေးတယ်။ အဲဒီတုန်းက ငါတို့ အခြေအနေတွေက ခက်ခဲတယ်။ ငါတို့ကျောင်းမှာ ဆရာတစ်ယောက်ပဲရှိတယ်။ ကျောင်းသားအားလုံးက စာသင်ခန်းကြီးတစ်ခုထဲမှာ အတန်းပေါင်းထားတာ။ ၁ တန်း၊၁၂ တန်းနဲ့ ၃ တန်းတို့ကို သင်ကြားပြီးတော့ တုန်းလင် ကျောင်းကို စတင်ဝင်ရောက်လာတဲ့အချိန်ကို ငါ မှတ်မိသေးတယ်။ သူက ပဲတောင့်သီးထက် အနည်းငယ်ပိုကြီးပေမယ့် သူက ထက်မြက်ပြီး တူညီတဲ့အတန်းမှာရှိတဲ့ အခြားကလေးတွေထက် အရာအားလုံးကို ပိုပြီးမြန်မြန်သင်ယူနိုင်တယ်။ ဆရာမက သူ့ကို အရမ်းသဘောကျတာကြောင့် နှစ်တန်းကျော်သွားခွင့်ပြုလိုက်တယ်။ ငါ မူလတန်းကျောင်းပြီးတဲ့အချိန်မှာ တုန်းလင်က စတုတ္ထတန်းရောက်နေပြီ။ ”

ကျေးလက်နေမိန်းကလေးများက ဘာစာကိုဖတ်ဖို့မှ စိတ်မဝင်စားဘဲ မူလတန်းကျောင်းပြီးသောအခါ ကျောင်းမှထွက်ပြီး မိသားစုကိုကူပြီး အိမ်မှုကိစ္စ၊ အဝတ်လျှော်၊ ချက်ပြုတ်၊ ဝက်စာကောက်၊ နွားချေးကောက်ကြပြီး အသက် ဆယ့်ငါးနှစ်တွင် လယ်ကွင်းများတွင် အလုပ်ဆင်းပြီး အမှတ်တစ်ဝက်ရခဲ့သည်။

အတိတ်အကြောင်းပြောရင်း ကျောက်ဂျူဟွား သူမ၏ မူလဝမ်းနည်းမှုနှင့် နာကျင်မှုကို ဆုံးရှုံးခဲ့သည်။ စားဝတ်နေရေး ရိက္ခာ ပြတ်လပ်တဲ့ ခေတ်ကြီးမှာ လူတိုင်း ဒီလို နေထိုင်ကြသည်။ တစ်ချို့လူတွေက သူတို့ထက် ပိုကောင်းတဲ့ဘဝနဲ့ တစ်ချို့လူတွေကတော့ သူတို့ထက် ပိုဆိုးသည်။

“မနေ့တနေ့က အမေ့အိမ်ပြန်ရောက်တော့ လူတွေက နင့်အကြောင်းကိုပြောနေတာကြားတယ်၊ နင်က ငါတို့ရွာမှာ အလားအလာအရှိဆုံး လူပဲ၊ နင်အသက် ဘယ်လောက်ရှိပြီလဲ ? နင်ကရွာမှာ အတွင်းရေးမှူးဖြစ်နေပြီလို့ လူတွေပြောနေကြတာကို ကြားလိုက်ရတယ်။”

ကျောက်တုန်းလင်က ကျိုးနွံစွာ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “မဟုတ်ဘူး ကျွန်တော် လုံးဝ မထူးချွန်ပါဘူး”

“ဘာလို့ အလားအလာမကောင်းရမှာလဲ။ နင်က အခု တော်ဝင်အစားအစာကို စားနေတဲ့ ကေဒါတစ်ယောက်ပဲ။ အစ်ကို ဟောင်ထျန် နင့်အရွယ်မှာတုန်းကဆိုရင် ရွာမှာ ဝေယျာဝစ္စလုပ်နေတုန်းပဲ။ ”

တုန်းဟောင်ထျန် လဲလျောင်းနေချိန်မှာ ပစ်သတ်ခံခဲ့ရသည်။ ခါးသီးသော အပြုံးဖြင့် သူက ခွက်ကို မြှောက်လိုက်ပြီး ကျောက်တုန်းလင်နဲ့ အတူတူသောက်လိုက်ကြသည်။

ကျောက်ဂျူဟွာက အစားတစ်လုတ်ကိုစားပြီး ကျောက်တုန်းလင်ကို လျှို့ဝှက်စွာ တိုင်းတာနေသည်။ သူမက တွေဝေနေတဲ့ လေသံနဲ့ပြောလိုက်သည်။ “ ဒေါ်လေး ချောင်းက နင့်အတွက် မိန်းမရှာနေတာလို့ ငါကြားတယ်။ နင်ဘယ်လိုမျိုးကို ကြိုက်လဲပြော။ နင့်အစ်မအကြီးဆုံးနဲ့ မရီးကလည်း နင့်ကိုတွေ့အောင် ကူညီပေးမယ်။”

တကယ်တော့ ကျောက်တုန်းလင်က လီဝမ်ချိုင်ရဲ့သမီးကိုတောင်မှ ဇီဇာကြောင်လွန်းတယ်လို့ လူတိုင်းက ပြောကြသည်။ သူမကို မကြိုက်ဘူး။ ကျောက်တုန်းလင် အတွင်းရေးမှူးဖြစ်လာသောအခါ သူ့စိတ်တစ်ခုလုံး ကောင်းကင်ဘုံကို လွင့်သွားတယ်လို့ လူတိုင်းက ပြောကြသည်။ *ဆီပုလင်းနှစ်လုံးပါသော ကွာရှင်းထားသောသူသည် အခြားသူများ၏ လက်မထပ်ရသေးသော သမီးများကိုပင် ဇီဇာကြောင်သူဖြစ်သည်။

*ဆီပုလင်းနှစ်လုံး - ကလေးနှစ်ယောက်

ကျောက်တုန်းလင်က မျက်နှာကို ငုံ့ပြီး ပြုံးပြသည်။ ကျောက်ဂျူဟွာ ဒါကိုပြောကတည်းက ဒီကိစ္စရဲ့ ယေဘူယျအခြေအနေကို သူသိသည်။ သူတို့နောက်ကွယ်က စကားအေးအေးလေးတွေကို မသိပေမယ့် တခြားသူတွေကို ရှင်းပြဖို့ ပျင်းသည်။

“မရီးက စမေးလာပြီဆိုတော့ မရီးကို ဒုက္ခပေးစရာ တစ်ခုခု ရှိတယ် ”

ကျောက်တုန်းလင် မော့ကြည့်လိုက်ပြီး ကျောက်ဂျူဟွာကို ပြုံးပြသည်။ သူ့စိတ်ထဲအဖြေရှိပြီးသားမို့ အမြန်တစ်ခု လိုအပ်နေသည်။ သင့်တော်တဲ့ အောင်သွယ်သူကို ရှာဖို့ သူ စိတ်ပူနေမိသည်။ ကျောက်ဂျူဟွာက တုန်းမိသားစုနဲ့ စကားပြောဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ပထမအချက်မှာ၊ သူမက တုန်းဟောင်ထျန်ရဲ့ ဇနီးဖြစ်ပြီး၊ သူက တုန်းကျားဟွေ့ မိသားစုဆွေမျိုးများဖြစ်ပြီး ဒုတိယအချက်မှာ သူမသည် ရှန်ဟဲ ရွာမှ အိမ်ထောင်ကျပြီး သူမနှင့် အမြဲရင်းနှီးမှုအနည်းငယ်ရှိသည်။

“ဘာကိစ္စမလို့လဲ။ စိတ်မပူနဲ့။ မင်းယောက်ဖ တတ်နိုင်သရွေ့ ငါတို့ ကူညီမယ်”

“ကျွန်တော် မရီးကို ပွဲအတွက် ကူညီပေးဖို့ တောင်းဆိုချင်တယ်။”

ကျောက်ဂျူဟွာရဲ့ မျက်လုံးများက ပြူးကျယ်သွားကာ သူမခင်ပွန်း တုန်းဟောင်ထျန်နဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြပြီး နှစ်ယောက်စလုံး၏ မျက်လုံးများတွင် ထိတ်လန့်သွားသည်ကို တွေ့လိုက်ရသည်။

သူမက ကြုံလို့ပြောလိုက်တာ။ သူမ ချက်ချင်းကြီး အောင်သွယ်တော်ထဲမှာ ဘယ်လိုကြောင့်ပါဝင်သွားတာလဲ။

ကျောက်တုန်းလင်က တစ်စုံတစ်ယောက်အတွက် ကျဆုံးပြီး သူ့ကိုယ်သူ အဆင်သင့်ဖြစ်နေလို့ အောင်သွယ်သူဖြစ်စေချင်တာလား။

စက္ကန့်အနည်းငယ်အတွင်းမှာ ကျောက်ဂျူဟွာရဲ့ စိတ်က အကြိမ်ပေါင်းများစွာ လှည့်ပတ်နေပြီဖြစ်သည်။

“အော်သွယ်တော်က တိုက်ဆိုင်မှုလား။ မင်း ဘယ်မိန်းကလေးကို ကြိုက်လဲ ပြော။ ငါ မင်းရဲ့မရီးကို သူတို့မိသားစုကို သွားတွေ့ဖို့ ကူညီပေးခိုင်းမယ်။”

ကျောက်တုန်းလင်က သူ့ခွက်ကို ကိုင်ရင်း ပြုံးလိုက်ပြီး တုန်းဟောင်ထျန်ရဲ့ လမ်းညွှန်ချက်အတိုင်း သူ့လက်ကို ယောင်ဝါးဝါးနဲ့ ညွှန်ပြရင်း “မရီး သူ့ကို သိလိမ့်မယ်။ အဲဒါက အတွင်းရေးမှူး တုန်း နဲ့ နောက်ဆုံးအကြိမ် မြို့မှာ တွေ့ခဲ့တာ။ ”

တုန်းဟောင်ထျန်က ပြုံးပြီး သူ့မျက်နှာတွေကို အံ့သြစွာ မော့ကြည့်လိုက်သည်။ ဟုတ်တာပေါ့ ကျောက်တုန်းလင် ဘယ်သူ့အကြောင်းပြောနေတာလဲဆိုတာ သူသိသည်။ တုန်း ညီမလေးက ကွာရှင်းထားသိထားတော့ သူအံ့အားသင့်သွားသည်။

ဒါ​ပေမယ့်​ သူအဲ့တာကို စဉ်းစားမိလိုက်​သည်​။ ကျောက်တုန်းလင်လည်း ကွာရှင်းထားပြီး တုန်း၏ ညီမငယ်က သူမ၏ သဘောသဘာဝမှာ မဆိုးလှသော်လည်း သူမက အသက်ငယ်တယ် နှစ်ဆယ်ကျော်အရွယ်ပဲရှိသေးသည်။ သူမ လု မိသားစုတံခါးကိုဝင်ဖို့ စောစောစီးစီး အိမ်ထောင်မပြုခဲ့ပါက၊ ဤအသက်အရွယ်တွင် ကောင်းမွန်သောလူကို ရှာတွေ့ရန် သူမ ကြောက်နေမည်မဟုတ်ပေ။

ယောက်ျားသားတွေက ယောက်ျားတွေအချင်းချင်းရဲ့ အတွေးအမြင်ကို ပိုနားလည်တယ်၊ ကျောက်တုန်းလင်က အိမ်ထောင်ကျပြီးသား။ သူ့ဇနီးဟောင်းက ကလေးနှစ်ယောက်နဲ့ သူ့ကိုထားခဲ့သည်။ တုန်း မိသားစုရဲ့ ညီမငယ်က တကယ် ကလေးမရနိုင်ရင်တောင် ဘာမှမဖြစ်ပေ။

သင် အဲ့တာကိုတွေးကြည့်မယ်ဆိုရင် ဒီနှစ်ယောက်က တကယ်ကို လိုက်ဖက်သည်။

“ရှင် နဲ့ တုန်းလင် ပြောနေတဲ့ သူက ဘယ်သူလဲ။”

ကျောက်ဂျူဟွာက စပ်စုသောမျက်နှာဖြင့် သူမရဲ့လူကို ကြည့်လိုက်သည်။

“အဲ့ဒါက တုန်း မိသားစုရဲ့ ညီမငယ်၊ ကျားဟွေ့ လေ ”

ကျောက်ဂျူဟွာက သူမယောက်ျားကို စိုက်ကြည့်ကာ ကျောက်တုန်းလင် နောက်ပြောင်နေတာမဟုတ်မှန်း ကြည့်ဖို့လှည့်လိုက်သည်။ သူ အလေးအနက်ထားတယ်ဆိုတာ ထင်ရှားသည်။ ကျောက်ဂျူဟွာ အံ့အားသင့်ပြီး တစ်ချိန်တည်းမှာပင် တုန်းကျားဟွေ့ အတွက် ပျော်ရွှင်နေခဲ့သည်။

လု မိသားစုမှ တုန်းကျားဟွေ့ ကို ကန်ထုတ်လိုက်သောအခါ ကျောက်ဂျူဟွာက အိမ်တွင် ကျားဟွေ့ အကြောင်းကို မကြာခဏ ညည်းညူလေ့ရှိသည်။ သူမငယ်ရွယ်တဲ့အချိန်မှာ ယောက္ခမရဲ့မိသားစုက သူမကို ဒီလိုဆက်ဆံတာခံရတာ သနားစရာလို့ သူမ ထင်ခဲ့သည်။

“ အဲဒါအရမ်းကောင်းတယ်။ တုန်းလင်လို ယောက်ျားတစ်ယောက်က မြေကြီးပေါ် ဆင်းသက်လာတယ်။ နင်တို့နှစ်​​ယောက်​အတူရှိ​နေရင်​ နင်​သေချာ​ပေါက်​ သာယာတဲ့ဘဝ​လေးကိုပိုင်ဆိုင်ရမှာ။ ”

ကျောက်တုန်းလင်က ရွာရဲ့အထောက်အပံ့ပဲ။ သူ့မှာ ခိုင်မာတဲ့ အရည်အချင်းနဲ့ ကောင်းမွန်တဲ့စရိုက် ရှိတယ်။ အရင်ကတော့ သူ စစ်တပ်မှာ တစ်လကို ယွမ် ၇၀ ကျော် ထောက်ပံ့ကြေးရသည်။ ကျောက် မိသားစု၏ အခြေအနေသည် ရွာတွင် အကောင်းဆုံးဖြစ်သည်။

“ဒါကို ငါ ဂရုစိုက်လိုက်မယ်။ ညစာစားပြီးရင် ဒေါ်လေး ကွေ့ရှောင်ကို သွားရှာမယ်။ သူမက ကျားဟွေ့ အတွက် ချိန်းတွေ့မယ့်သူကို ရှာဖို့ စိတ်ပူနေတာ။ ”

ကျားဟွေ့က သနားစရာကောင်းသူတစ်ယောက်လည်းဖြစ်သည်။ သူမကို လု မိသားစုမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီး သူမက အမြဲတစေ အခြားသူများ၏ အတင်းအဖျင်းပြောဆိုခြင်းကို ခံနေရသည်။ အခြားသူတွေ သူမကို မိတ်ဆက်ပေးခဲ့တဲ့သူတွေကလည်း အနုတ်စုတ်ကုပ်စုတ်တွေ။ ဒေါ်လေး ကွေ့ရှောင်က စာပို့ခဲ့သည်။ သင့်တော်မယ့်သူမရှိရင် သူ့သမီးကို အိမ်မှာပဲ တစ်သက်လုံးထားထားရင် ပိုကောင်းတယ်တဲ့။ အရင်တုန်းက တခြားသူတွေ မှားခဲ့ကြသည်။

ကျောက်တုန်းလင်က ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး ကျောက်ဂျူဟွာ ကို ပြုံးပြပြီး “ဒါဆို ကျွန်တော့်ရဲ့မရီးကို ကျေးဇူးတင်ပါတယ်” လို့ပြောလိုက်သည်။

ကျောက်တုန်းလင်က ထမင်းစားပြီး အလုပ်လုပ်ဖို့ပြန်သွားခဲ့သည်။ ကျောက်ဂျူဟွာက အိုးများနှင့် ပန်းကန်လုံးများကို သန့်ရှင်းရေးလုပ်ပြီး လက်ကို သုတ်လိုက်သည်။ သူမက သူမ၏ ရှေ့ဖုံးခါးစည်းကို ချွတ်လိုက်ပြီး သူမ၏ယောကျ်ာ တုန်းဟောင်ထျန်အား ပြောလိုက်သည်။ “ သူမကို ရှာဖို့ ကျွန်မယောင်းမ ကွေ့ရှောင် အိမ်ကို သွားလိုက်ဦးမယ်နော်။ ရှင်အိမ်မှာ မိန့်ဇီကို ကြည့်ထားလိုက်။ ”

တုန်းဟောင်ထျန်သည် တစ်ရေးတစ်မော အိပ်နေသော သူ့သားအငယ်ဆုံး မိန့်ဇီ ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ၊ တုန်းလင်ကို နောက်ထပ် ကောင်းတဲ့အရာတွေပြောပြဖို့ ဆက်လုပ်လိုက်ဦး။ ”

“အဲ့ဒါ ဘယ်လိုပြောလိုက်တာလဲ။ ချဲ့ကားပြောဖို့ မဆိုလိုပေမယ့် တုန်းလင်ရဲ့ အခြေအနေအရ သူ ကွာရှင်းထားတာကို ပြောစရာမလိုဘူး၊ လက်မထပ်ရသေးတဲ့ မိန်းကလေးတွေကို သူရွေးချယ်လို့ရသေးတယ်။ ကျားဟွေ့ ဒါကို လွတ်သွားရင်တော့ နောက်ထပ် ရှိတော့မှာ မဟုတ်ဘူး။”

ကျောက်ဂျူဟွာသည် ပထမဆုံးအကြိမ် အောင်သွယ်လုပ်တဲ့သူဖြစ်ရခြင်းအတွက် အလွန်စိတ်လှုပ်ရှားနေသည်။ ဤအရာက အမှန်တကယ် အလုပ်ဖြစ်သွားပါက ကျေးဇူးတင်လက်ဆောင်တစ်ခုရရန် အလွန်ကောင်းမည်ဟု တွေးနေမိသည်။ နောက်ပြီး အောင်သွယ်လုပ်ငန်းကိုလည်း ဖွင့်လှစ်နိုင်လိမ့်မည်။

တုန်း မိသားစုသည်လည်း မကြာသေးမီကပင် သူတို့၏ နေ့လယ်စာ စားသောက်မှုကို ပြီးဆုံးသွားခဲ့သည်။ ယောက်ျားတွေက တစ်ရေးတစ်မော အိပ်ကြပြီး ချွေးမတွေက မီးဖိုချောင် စားပွဲကို သန့်ရှင်းရေးလုပ်ကြတယ်။ ရှန်းကွေ့ရှောင်က အလုပ်မလုပ်ဘဲ တစ်ရေးတစ်မော အိပ်တဲ့အကျင့်မရှိပေ။ သူမက ခန်းမထဲတွင် ထိုင်ကာ ဖိနပ်ကိုဝတ်ထားသည်။

“ ဒေါ်လေး၊ ဘာလုပ်နေတာလဲ”

“ အို ဂျူဟွာ၊ နင်ဒီကို တစ်ခုခုရှိလို့လာတာလား။ ဝင်လာပြီး ဆေးဖက်ဝင် လက်ဖက်ရည်တစ်ခွက် လာသောက်လေ။ ”

ကျောက်ဂျူဟွာက ညွှန်ကြားတဲ့အတိုင်း ပြုံးပြီး ထိုင်ချလိုက်ကာ မေးဖို့မစောင့်နိုင်တော့ပေ။ “ဒေါ်လေး ၊ ကျွန်မ တစ်ခုလောက်မေးချင်လို့။ ညီမ ကျားဟွေ့ တစ်ယောက်ယောက်ကို ရှာတွေ့ပြီလား။”

ရှန်းကွေ့ရှောင် ထိုစကားကိုကြားသည်နှင့် ကျောက်ဂျူဟွာ ဤနေရာကို လာရသည့် အကြောင်းရင်းကို သိလိုက်သည်။ သူမလက်ကိုရပ်လိုက်ပြီး ခြေဖဝါးတစ်ဝက်ကိုဆွဲယူကာ မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ဘာလို့လဲ။ ကျားဟွေ့ ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမို့လား။”

ကျောက်ဂျူဟွာက စိတ်ကြီးဝင်တဲ့မျက်နှာနဲ့ ခေါင်းညိတ်ပြလိုက်သည်။ “ကျွန်မမှာ ဒေါ်လေးအတွက် သင့်တော်တဲ့ သူတစ်ယောက်ရှိတယ် ဒေါ်လေး ကျေနပ်သွားလိမ့်မယ်။”

“တကယ်လား။ ဒါဆို အဲ့အကြောင်း ငါ့ကိုပြောပြလေ ”

ကျောက်ဂျူဟွာက ကျောက်တုန်းလင်၏ ကိုယ်ရေးကိုယ်တာ အခြေအနေကို ပြောပြလိုက်သည်။

“ကျွန်မ ကိုယ်ရည်သွေးပြောတာ မဟုတ်ဘူး တုန်းလင် က တကယ်ကောင်းတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က သူ့ရဲ့ အရင်အလုပ်ကနေ ပြန်လာခဲ့ပြီး ကျေးရွာပါတီ အတွင်းရေးမှူး ဖြစ်လာခဲ့တယ်။ သူက ကွန်မြူနတီက လေ့ကျင့်သင်ကြားပေးတဲ့ ထူးချွန်တဲ့ ကေဒါတစ်ယောက်ပဲ။”

“ဒါ…..…” ရှန်းကွေ့ရှောင် ချက်ချင်းပင် ပိုင်မုန့်နဲ့ အထုခံရသည့် ခံစားချက်ကို ခံစားလာရပြီး ပြောလိုက်သည်။ “သူ့ရဲ့ကောင်းမွန်တဲ့ အခြေအနေတွေနဲ့ သူဘာလို့ ကျားဟွေ့ ကို လက်ထပ်ဖို့ ဆန္ဒရှိနေတာလဲ။”

အခြားသူများ၏ ညံ့ဖျင်းသော မိတ်ဆက်ပေးမှုဖြင့် ရှန်းကွေ့ရှောင်က ဒေါသတကြီးဖြစ်ကာ ကောင်းတဲ့လူတစ်ယောက်ရှာမတွေ့ရင် သူ့သမီးကို အိမ်ထောင်မပြုပေးဘူးလို့ အတိအလင်းဝန်ခံခဲ့သည်။ ကျောက်ဂျူဟွာက ယနေ့တွင် ထူးချွန်တဲ့သူတစ်ဦးကို မိတ်ဆက်ပေးခဲ့ပြီး အမြတ်နှင့် အရှုံးအတွက် သူမစိုးရိမ်ခဲ့သည်။

ရှန်းကွေ့ရှောင် စျေးကွက်ကို သိရှိခဲ့သည်။ ယခုအချိန်မှာ ကေဒါတွေက ခေတ်စားနေသည်။ သူတို့ကဘယ်လိုမျိုး ကေဒါတွေပဲဖြစ်ဖြစ် ကုန်ပစ္စည်း စပါးနှံတွေကို စားနေသရွေ့တော့ သူတို့က သံဆန်အိုးတွေပဲ။ ထို့အပြင် ကျောက်တုန်းလင်က အသက်ငယ်ငယ်လေးနဲ့ ရွာတွင် ကေဒါဖြစ်လာခဲ့ပြီး သူ၏အနာဂတ်က ဆိုးရွားမည်မဟုတ်ပေ။ ကျောက်ဂျူဟွာကလည်းပြောသည်။ သူက စစ်တပ်တွင် ကေဒါတစ်ယောက်ဖြစ်တယ်တဲ့ ပြီးတော့ ရှန်းကွေ့ရှောင် ပိုပြီး ကျေနပ်သွားခဲ့သည်။

ဒီခေတ်မှာ လူတိုင်းမှာ စစ်သားတွေနဲ့ပတ်သက်တဲ့ ခံစားချက်တွေ ရှိကြသည်။ စစ်သည်များ၏ ရုပ်ပုံနှင့် အဆင့်အတန်းသည် အလွန်မြင့်မားပြီး အဲ့တာက လူတိုင်းကိုးကွယ်သည့် အမျိုးအစားနှင့် သက်ဆိုင်သည်။

“ဒေါ်လေး ၊ကျွန်မ ဒေါ်လေးဆီ လာနေတာပဲ။ ဒေါ်လေးက ဘာကိုသံသယရှိလို့လဲ၊ ကျွန်မ အောင်သွယ်လုပ်တာမပြီးဘူးလို့ ပြောချင်တာလား၊ ဒီ အတွင်းရေးမှူး ကျောက် ကျွန်မအမေရဲ့ ရွာနီးချင်း။ မျိုးရိုးဇစ်မြစ်ကို ကျွန်မ သိတယ်။ ကျွန်မ အပြေးလေးတောင်သွားရဲတယ် ကျွန်မတို့က ဆွေမျိုးတွေလေ။ ကျွန်မ ကျားဟွေ့ကို ကျွန်မရဲ့ညီမလေးလို ခေါ်ချင်တယ်။ သူမ သာသာယာယာနဲ့ ပျော်ရွှင်နိုင်စေဖို့ပဲ ကျွန်မ မျှော်လင့်တာ။ ကျွန်မ သူမကို ဒုက္ခပေးဖို့လာတာ မဟုတ်ပါဘူး။”

“ဒေါ်လေး ကျွန်မပဲဟာကို တခြားဘာကို သံသယရှိနေသေးတာလဲ။ ကျွန်မ အောင်သွယ်တော်လုပ်တာမပြီးသေးလို့ စိုးရိမ်နေတယ်ဆိုရင် အဲ့လိုမဖြစ်ပါနဲ့။ အတွင်းရေးမှူး ကျောက်က ကျွန်မအမေတို့ရွာရဲ့ အိမ်နီးချင်းပါ။ မျိုးရိုးဇစ်မြစ် နဲ့ နောက်ခံကို သိပြီးမှသာ ကျွန်မ ဒီကို လာရဲတာ။ ကျွန်မတို့အားလုံးက ဆွေမျိုးတွေ။ ကျွန်မ ကျားဟွေ့ ကို ကျွန်မရဲ့ညီမအရင်းကို သဘောထားမှာ။ သူမရဲ့အနာဂတ်မှာ သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ပဲ မျှော်လင့်တာပါ။ ကျွန်မ သူမကိုဒုက္ခမပေးပါဘူး။”

ရှန်းကွေ့ရှောင်မှာ ကျောက်တုန်းလင်အပေါ် ပေါ့ပြက်ပြက်နိုင်ပြီး မတည်ငြိမ်တဲ့အတွေးရှိမှာကို ကြောက်တဲ့အတွက် ကျောက်ဂျူဟွာက တုန်းကျားဟွေ့အပေါ်ထားတဲ့ ကျောက်တုန်းလင်ရဲ့ စိတ်ဝင်စားမှုကို ဖုံးကွယ်ထားခဲ့သည်။

ရှန်းကွေ့ရှောင်က အတွင်းမှာ အလွန်စိတ်လှုပ်ရှားနေသော်လည်း သူမက အလွန်ပျော်ရွှင်နေတာကို မပြခဲ့ပေ။ ပျော်ရွှင်ဖို့ စောလွန်းနေမှာကို သူမကြောက်သည်။

All Chapters