အခန်း (၃၄)
Vol. 2 Ch. 34
“ အမေ၊ သမီး အမေ့ အတွက် ထမင်းတစ်ချို့လုပ်လာတယ်.....”
တုန်းကျားဟွေ့ အခန်းထဲသို့ လှမ်းလိုက်ပြီး ကျန်းချောင်းအာ ကို ညစာစားရန် ထခိုင်းချင်သည်။ မမျှော်လင့်ဘဲ သူမ မော့ကြည့်လိုက်သောအခါ ကျန်းချောင်းအာ ကုတင်ပေါ်မှ ဆင်းပြီး ကျောက်တုန်းလင်နဲ့ ပြုံးလျက် စကားပြောနေသည်ကို သူမ တွေ့လိုက်ရသည်။
“ဟေး၊ မြန်မြန် အဲ့တာကိုချလိုက်။ သမီးရဲ့လက်ကို အပူမလောင်စေနဲ့။”
ကျန်းချောင်းအာက တုန်းကျားဟွေ့ကိုမြင်တော့ ပန်းတွေကို မြင်တဲ့ ပျားတစ်ကောင်လို ဝမ်းသာသွားသည်။ သူမမှာ တုန်းကျားဟွေ့အပေါ် ကောင်းမွန်တဲ့ ထင်မြင်ချက်ရှိသည်။ သူမကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် တစ်ခုတည်းသောအချက်မှာ တုန်းကျားဟွေ့ သည် ဒုတိယအိမ်ထောင်ဖြစ်ပြီး မျိုးမပွားနိုင်ခြင်းအတွက် နာမည်ရနေခြင်းဖြစ်သည်။ ဒါကြောင့် တုန်းကျားဟွေ့ ကို သူမမိသားစုမှာ လက်ထပ်ခွင့်ပေးလိုက်တာနဲ့ သူမစိတ်ထဲမှာ မကျေနပ်မှုအရိပ်အမြွက်ကို မျိုသိပ်ထားခဲ့သည်။ ဒါပေမယ့် ဘဝက သူမကို ကြီးကြီးမားမား အံ့အားသင့်စေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ကောင်းကင်က ကျလာတဲ့ မုန့်လုံးလိုပဲ။ အဲ့တာကသူမကို ခေါင်းမူးသွားတဲ့အထိ ထုခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ကျားဟွေ့ အစားအသောက်တွေနဲ့ ဝင်လာတာကို မြင်တော့ သူမက သူမရဲ့နေရာတိုင်းက ပိုကျေနပ်သွားသည်။ ကျားဟွေ့ရဲ့လက် အပူလောင်သွားမှာကို သူမစိုးရိမ်သောကြောင့် ကျားဟွေ့ လက်ထဲက ယာဂုပန်းကန်လုံးကို အလျင်အမြန်ယူကာ အနီရောင် အံဆွဲငါးခုပါသော ဗီရိုပေါ်တွင် တင်ထားလိုက်သည်။
“ ဒီပန်းကန်းလုံးအပူအတွက် အမေ့ကို အပြင်ထွက်စားဖို့ ခေါ်ခဲ့သင့်တယ်။ အဲ့တာကိုအထဲ ပို့ဖို့မလိုပါဘူး။”
တုန်းကျားဟွေ့ ခြောက်ကပ်စွာ ရယ်မောရင်း ယောက္ခမက ရုတ်တရက်ကြီး ဘာကြောင့် အရမ်းစိတ်အားထက်သန်နေလဲဆိုတာ သူမ နားမလည်နေပေ။ သူမ တကယ်ကို အဲ့လိုမလုပ်ချင်ပေ။ တုန်းကျားဟွေ့ ကျောက်တုန်းလင်ကို ကြည့်ဖို့ ခေါင်းကို လှည့်ပြီး ဘာဖြစ်နေတာလဲလို့ မျက်လုံးနဲ့သူ့ကိုမေးလိုက်သည်။
ကျောက်တုံးလင်က ပြုံးပဲပြုံးနေသည်။ သူက သူမကို ခေါင်းညိတ်ပြပြီး အခန်းထဲက အရင်ထွက်သွားလိုက်သည်။
ကျောက်တုန်းလင် သူ့အမေကို ဒီနေ့ပြောပြရတဲ့ အကြောင်းအရင်းကြောင့် ဒီအကျိုးသက်ရောက်မှုရှိလာတာ ဖြစ်သည်။ ပြင်ပလူတွေအတွက်တော့ သူတို့ သိဖို့ မလိုအပ်ပေမယ့် သူ့မိသားစုအတွက်မူ သူမ၏ ဒုတိယအိမ်ထောင်ကြောင့် သူမကို နှိမ့်ချမှာမဟုတ်ဘူးလို့ သူမျှော်လင့်ထားသည်။
သူလက်မထပ်ခင်မှာ ကျားဟွေ့ ကိုလက်ထပ်ပြီးရင် သူရင်ဆိုင်ရမယ့်အခြေအနေမျိုးကို သူမျှော်လင့်ထားပြီးတော့ သူမကို တခြားသူတွေဆီကနေ ကာကွယ်ပေးမယ်လို့ ကတိပြုခဲ့သည်။ ဒါပေမယ့် တချို့အရာတွေက မှန်းလို့မရပေ။ သူ မျက်လုံးမှိတ်ထားလိုက်တဲ့အခါမှာ တစ်အိမ်တည်းမှာနေတဲ့လူတွေမှာလည်း ဒီလိုမကောင်းတဲ့စိတ်တွေရှိလိမ့်မယ်လို့ သူတကယ်မထင်ထားခဲ့ချေ။
သူ့အမေရဲ့နှလုံးသားထဲက နောက်ဆုံးဆူးတွေကို ဖယ်ထုတ်ပြီး ကျားဟွေ့ ကို မျက်စိမှိတ်ဘက်လိုက်ခြင်းမျိုးမဟုတ်ဘဲ ရိုးရိုးသားသားဆက်ဆံခွင့်ပေးဖို့အတွက် သူ့အမေကို ဒါကိုပြောပြလိုက်တာဖြစ်သည်။ ကျားဟွေ့က သူ့မိခင် အကာအကွယ်အောက်မှာ ရှိနေသရွေ့ ဤမိသားစုတွင် ကောင်းမွန်စွာ နေထိုင်သွားမည်ဖြစ်သည်။
ယခင်က ကျားဟွေ့ အပေါ် သူ့ ခံစားချက်များက လေးစားမှုနှင့် ချစ်ခင်မှုသာ ဖြစ်သည်။ ထိုအဖြစ်အပျက်ကို သိပြီးကတည်းက သူ့နှလုံးသားသည်လည်း သူမကို ပိုင်ဆိုင်ပြီး ကာကွယ်လိုသည့် ခံစားချက်မျိုး ရှိနေခဲ့သည်။
ဒီအမျိုးသမီးက သူပိုင်တဲ့သူ။ ဘယ်သူကမှ သူမကို နည်းနည်းလေးတောင် ထိခိုက်အောင်မလုပ်စေရပေ။
ကျန့်ယွဲ့ဖန် ကျန်းချောင်းအာနဲ့ စကားများ ရန်ဖြစ်ခဲ့သည်။ နေ့ခင်းဘက် အလုပ်မသွားဘဲ သူမအမေအိမ်ကို တစ်ယောက်တည်း ပြန်သွားလိုက်သည်။ သူမ အမေ ကျန်းလျန်က စကားများရန်ဖြစ်တာကြောင့် သူမ ပြန်လာတာကို သိခဲ့သည်။
ပထမဆုံးအနေနဲ့ ဒါဟာ ပွဲတော်မဟုတ်ပေ။ သူမ ပြန်လာမယ်လို့လည်း ကြိုမပြောပေ။ ပြီးတော့ ကျန့်ယွဲ့ဖန်က နေ့လယ်ဘက်ကို ပြန်မလာတတ်ပေ။
“ဘာမှားလို့လဲ။ တုန်းဟဲ နဲ့ ရန်ဖြစ်ခဲ့တာလား။”
“မဟုတ်ဘူး”
“နင် စိတ်ပူသလောက်တော့ ငါ နားမလည်ဘူး။ နင် ရန်ဖြစ်မလာရင် လူတိုင်းက နင့်ကို တစ်ခုခု အကြွေးတင်နေတဲ့ပုံစံလိုမျိုးပေါက်နေရတာလဲ။”
စာကြောင်းအနည်းငယ်အတွက် သူ့အမေရဲ့ ဝေဖန်ခံရပြီးနောက် ကျနွယွဲ့ဖန် စကားစလာသည်။ လွန်ခဲ့သော နှစ်ရက်က အဖြစ်အပျက်များကို သူမအား ပြောပြလိုက်သည်။
“အဲဒါက အစ်ကိုကြီး တုန်းလင် နောက်ထပ်လက်ထပ်ခဲ့တဲ့ ယောင်းမအသစ်လေ။ သူရောက်ပြီးကတည်းက သမီးမှာ သာယာတဲ့နေ့ကိုမရှိခဲ့ဘူး။ သူမယောက္ခမကို ပျော်ရွှင်အောင် ချိုသာတဲ့ စကားပြောရတာကို သူမက ကြိုက်တယ်။ တစ်မိသားစုလုံးက သူ့ကို သဘောကျကြပြီး ယောက္ခမကလည်း ဘက်လိုက်လွန်းတယ်။သမီးရဲ့ ယောင်းမအသစ် လယ်မှာအလုပ်လုပ်ရတာ အရမ်းပင်ပန်းမှာစိုးလို့ဆိုပြီး ကပ္ပတိန်ကို အလုပ်တစ်ခုစီစဉ်ခိုင်းပြီး ဂိုဒေါင်စောင့်အဖြစ် လုပ်ခိုင်းလိုက်တယ်။ သူမ ဘယ်လိုအလုပ်မျိုး လုပ်သင့်လဲ။ သူမ အဲ့နေရာမှာပဲ တစ်နေ့လုံး ထိုင်နေရမှာ။ ”
ဒါက သူမ စိတ်ဆိုးခဲ့တဲ့အကြောင်းပဲ။ အရင်က ဝမ်မိန့် က အလုပ်လုပ်တာ မကောင်းခဲ့ပေမယ့် တစ်ချို့ကိုလုပ်သည်။ ဒါပေမယ့် ယောက္ခမကတော့ အဲ့တာကို သည်းခံခဲ့သည်။ ဒါပေမယ့် ဒီ တုန်းကျားဟွေ့ က ဘယ်သူလဲ? သူမက မြို့ထဲမှာနေထိုင်တဲ့ ငယ်ရွယ်ပြီး ချစ်စရာကောင်းသော မိန်းကလေးမဟုတ်ပေ။ သူမလို ကျေးလက်မှာ ကြီးပြင်းခဲ့တာ မဟုတ်ဘူးလား။ သူတို့နှစ်ယောက်လုံးက ချွေးမတွေဖြစ်ပေမယ့် သူမကတော့ လယ်ကွင်းထဲမှာလုပ်ရတဲ့အချိန် ကျားဟွေ့က ဘာလို့ထိုင်ပြီးအလုပ်လုပ်ဖို့လိုတာလဲ။
ယောက္ခမပြောပါတယ် ကျားဟွေ့က ထမင်းဟင်းချက်ပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ပေးတယ်တဲ့။ တစ်နေ့တည်းမှာ သူမ အများကြီးလုပ်ခဲ့လို့လား။
ကျန့်ယွဲ့ဖန်မိခင် ကျန်းလျန်က သမီးဖြစ်သူ၏စကားကို နားထောင်ရုံမှတပါး ရွေးချယ်စရာမရှိပေ။ ကျောက် မိသားစုနှင့်လက်ထပ်သောအခါတွင် ကျောက် မိသားစုတွင် ညီအစ်ကိုအနည်းငယ်ရှိပြီး ရိုးရှင်းသောလူဦးရေနှင့် အရည်အချင်းရှိသော ဦးလေးတစ်ဦးရှိခြင်းအပေါ် သူမအထင်ကြီးခဲ့မိသည်။ သူ့သမီးရဲ့ စိတ်နေစိတ်ထားကို သူ့အမေလို ဘယ်သူမှရှင်းရှင်းလင်းလင်း နားမလည်ပေ။ ပြင်ပလူတွေကို မပြောနဲ့ သူမရဲ့ မောင်နှမတွေဆီကတောင် သူမကတိုက်ခိုက်ပြီး သိမ်းပိုက်ချင်နေသေးသည်။
ကလေးဘဝတုန်းက၊ ပိုစားတဲ့သူ၊ အဝတ်အစားအသစ်ပိုဝတ်ရတဲ့သူ၊ အလုပ်ပိုလုပ်ရတဲ့သူ၊ လျှော့လုပ်ရတဲ့သူ၊ ပြီးတော့ အဲ့တာက တခြားသူတွေကို ရှုံးရတာ အဆင်ပြေသည်။ အကယ်၍ သူမသည် ၎င်းတို့အား ရှုံးသွားပြီဟု ခံစားမိပါက၊ သူမ၏ မိဘတွေက ဘက်လိုက်တယ်လို့ သူမပြောလိမ့်မည်။ အဲဒီတုန်းက မိသားစုအခြေအနေက မကောင်းချေ။ ကလေးပေါင်းများစွာကို ပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်ပေ။ သူတို့သည် နေ့စဥ်အလုပ်များနေပြီး အိမ်ပြန်သောအခါတွင် အသေးအဖွဲ့ ရန်ပွဲတွေ ရှိသေးသည်။ သူမရဲ့ ပင်ကိုယ်စရိုက်က ကြောက်စရာကောင်းသည်။
ဒီလိုစိတ်ထားမျိုးဟာ စိတ်ကောင်းရှိတဲ့ မိသားစုကို ရှာမတွေ့ဘဲနဲ့ ရှင်သန်နိုင်မှာ မဟုတ်ချေ။ နှစ်တွေကြာလာတာနဲ့အမျှ သူမဟာ တုန်းဟဲ နဲ့ ကောင်းမွန်သောဘဝတစ်ခုကို ပိုင်ဆိုင်ထားတာကြောင့် ကျန်းလျန်က အနည်းငယ် သက်တောင့်သက်သာရှိခဲ့သည်။ သူမသမီးလေးဘဝမှာ ဘာပြဿနာမှ မရှိတော့ဘူးလို့ တွေးမိသည်။ နောက်တော့ တုန်းဟဲ အစ်ကိုအကြီးဆုံးက စစ်တပ်မှပြန်လာ၍ ပထမဇနီးနှင့်ကွာရှင်းပြီး အခြားဇနီးကိုတွေ့ရှိခဲ့သည်။ ဒါပေမယ့် သူမ မိသားစုထဲ ဝင်လာပြီး ရက်အနည်းငယ် အကြာမှာတော့ သူတို့ ချက်ချင်း ပြဿနာတက်သွားသည်။
“နင့်ရဲ့ ပင်ကိုယ်စရိုက်… နှစ်အတော်ကြာပြီးတော့ နင့်ဆီမှာ အပြောင်းအလဲ မတွေ့ခဲ့ရဘူးလို့ ငါနင့်ကို အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ။ ယောက္ခမတွေဆီမှာ စားစရာနဲ့ အဝတ်အစားတွေ မချို့တဲ့ဘူးလို့ နင် ပြောတယ်။ နင် ဘယ်သူနဲ့မှ မတူအောင် နေထိုင်ခဲ့တယ်။ ဒီတစ်နှစ်တာလုံး နင့်ယောက္ခမ နင့်ကို ဘာတွေလုပ်ပေးခဲ့လဲဆိုတာ နင်မသိဘူးလား။ နင့်ယောင်းမကို သူ ဂရုစိုက်ချင်ရင် နင်အဲ့တာကိုသည်းခံပြီး ဘဝကို ကောင်းကောင်းနေထိုင်လို့ရတယ်။ နင့်ယောက္ခမနဲ့ ဒါမှမဟုတ် တခြားသူတွေနဲ့ နင်ဘာလို့ ဆန့်ကျင်ဘက်ဖြစ်နေရတာလဲ။”
သူမရဲ့ယောက္ခမ အရမ်းတော်သည်။ သူမလည်း ယောက္ခမပဲ။ ရိုးရိုးသားသားပြောရရင် သူမဆီမှာ သူမသမီးယောက္ခမလို ဒီလိုစိတ်ထားမျိုး မရှိပေ။ ဒါ သူမသမီးရဲ့အမှားပဲ။ သူတို့သည် ထိုကဲ့သို့သောချွေးမကို သူမရဲ့ကျန့် မိသားစုတွင် လက်ထပ်ပေးလိုက်ပါက သူတို့ သူမကို ဒေါသထွက်စေမည်ဖြစ်သည်။
ကျန့်ယွဲ့ဖန် ခွန်းတုံ့ပြန်လိုက်သည်။ “ယောက္ခမက သမီးကို မကောင်းဘူးလို့ မပြောခဲ့ပါဘူး၊ ဒါပေမယ့် သူမက သမီးထက် ယောင်းမ အသစ်ကို ကောင်းကောင်း ဆက်ဆံတာယူ”
ကျန်းလျန် သက်ပြင်းချကာ ကူရာကယ်ရာမဲ့နေခဲ့သည်။
ညနေစောင်းတွင် ကျောက်တုန်းဟဲ အလုပ်ပြီးသောအခါ ကျန့်ယွဲ့ဖန်ကို အိမ်လာခေါ်ခဲ့သည်။
“တုန်းဟဲ၊ ယွဲ့ဖန် ဒီနေ့ အဖြစ်အပျက်ကို အမေ့ကိုပြောပြတယ်။ သူ့အမှားဆိုတာကို အမေလည်းသိတယ်၊ ဒါပေမယ့် အမေ့သမီးလေးက ငယ်စဉ်ကတည်းက စိတ်ကိုပိတ်ထားပြီး အခုအချိန်အထိ မျက်လုံးမဖွင့်နိုင်သေးဘူး။ အမေ သူမနဲ့ တစ်နေကုန် စကားပြောခဲ့တယ်။ သူအမေ ပြောတာကို နားထောင်ခဲ့လားဆိုတာတော့ အမေ မသိဘူး။”
ကျန်းလျန် က သူ့သားမက်ကို ဒီစကားတွေပြောတဲ့အခါ ရှက်ရွံ့သလို ခံစားရသည်။ သူမ ကောင်းကောင်းကြီးပြင်းလာလား၊ မကြီးပြင်းလာဘူးလားဆိုတာ သူမ အဖေကို အပြစ်တင်ရမှာ သူတို့သမီးကို သူတို့ ကောင်းကောင်းမသွန်သင်ခဲ့ပေ။ အဲ့တာက တခြားလူတွေကို ဒုက္ခဖြစ်စေပြီး သူမနဲ့ သူ့ခင်ပွန်းကို မျက်နှာထားစရာနေရာမရှိအောင် ဖြစ်စေသည်။ ဒါပေမယ့် ဘာလုပ်နိုင်မလဲ။ ဒီကောင်မလေးက သူ့သမီးလေ။ ငယ်စဉ်ကတည်းက ဆူပူကြိမ်းမောင်း ရိုက်နှက်ဆုံးမပြီး အတန်းပညာကောင်းကောင်းလည်း မတတ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေနဲ့ များများသင်ပေးလေ သူမက နားမထောင်လေလေပဲ။
သူမကောင်းကောင်းကြီး ကြီးပြင်းမလာတာက မိဘရဲ့ အပြစ်ပဲ။ ကလေးတွေအတွက် အစားအသောက်နှင့် အဝတ်အထည်များကိုသာ ပံ့ပိုးပေးသော်လည်း သူတို့ကို ကောင်းစွာ ပညာမပေးခြင်းသည် မိဘများ၏ အပြစ်ဖြစ်သည်။
“ကလေးများအားလုံးသည် အကြွေးများဖြစ်ကြတယ်” [2] လို့ ပူဆွေးဝမ်းနည်းမှုကို ဖြည့်စွက်လိုက်ရသည်။သူမသမီးသည် ထိုကဲ့သို့သော သဘောကောင်းသည့် တုန်းဟဲလိုယောကျာ်းကို တွေ့ရှိခဲ့သည့်အတွက် သူမဝမ်းမြောက်မိသည်။
“အမေ၊ အဆင်ပြေပါတယ်။ သူမရဲ့ဗီဇကို ကျွန်တော် သိနေတာကြာပြီ။ သူမကိုယ်သူမ ခံစားနေရတာကို သူမ မမြင်နိုင်ဘူး။ ဒါနဲ့ ဒီနေ့ ကျွန်တော်တို့ ပြန်ရောက်တဲ့အခါ အဲ့အကြောင်း သူမကိုပြောပြလိုက်ပါ့မယ်။ ”
ကျောက်တုန်းဟဲလည်း ပင်ပန်းနေပြီ ဖြစ်သည်။ တစ်နေ့တာ အလုပ်ပြီးလို့ သူ တော်တော်ပင်ပန်းနေတော့သည်။ အခုလည်း အလုပ်ပြီးလို့ ကျန့် မိသားစုဆီ သူမကို လာခေါ်ရသည်။
သူ့အမေက သူတို့မိသားစုက ဇနီး/ချွေးမကို သူတို့ရဲ့ဇာတိအိမ်မှာ အကြာကြီးနေခိုင်းတာကို မကြိုက်ဘူးလို့ ပြောခဲ့သည်။ ကွဲလွဲမှုတွေ ဘယ်လောက်ပဲကြီးမားနေပါစေ ပြင်ပလူတွေကို သင့်ရဲ့အရှက်ကို မပြသင့်ပေ။ ဒီနေ့ နေ့လယ်က သူ ဒေါသထွက်ခဲ့သည်။ သူ့အမေက သူ့ကို မတားခဲ့ရင် သူ သူမကိုတစ်ကယ် ပါးရိုက်ချင်နေခဲ့တာ ဖြစ်သည်။
ကျောက်တုန်းဟဲက ကျန့်အိမ်တွင် ညစာစားပြီးမှ အိမ်ပြန်ခဲ့သည်။ အိမ်အပြန်လမ်းမှာ ကျောက်တုန်းဟဲက စကားမပြောပေ။ သူက သူမရှေ့ကနေ အမြန်လျှောက်ခဲ့သည်။ ကျန့်ယွဲ့ဖန်က မယားငယ်တစ်ဦးကဲ့သို့ သူ့နောက်က လိုက်ခဲ့သည်။
ကျောက် မိသားစုတွင် စက်ဘီးတစ်စီးသာရှိသည်။ ကျောက်တုန်းလင်က အဲ့တာကို နေ့တိုင်းသုံးသည်။ တုန်းဟဲ တစ်ခုခုလုပ်စရာရှိတဲ့အခါ အဲ့တာကို ငှားလို့ရနိုင်သည်။ ဒါပေမယ့် ဒီနေ့မှာတော့ ကျောက်တုန်းလင် နဲ့ သူ့ဇနီးတို့ဟာ သူတို့ရဲ့ ဇနီးဖြစ်သူရဲ့မိသားစုဆီ ပြန်သွားခဲ့ကြသည်။ ကျောက်တုန်းဟဲက သူ့ခြေထောက်နဲ့ တိုက်ရိုက်လာပြီး အဲ့တာကို ငှားဖို့ အိမ်ကိုပြန်မသွားပေ။ ဒါ့အပြင် သူအဲ့တာကိုမြင်ရင်တောင် သူ့ပါးစပ်ကိုဖွင့်ရမှာ ရှက်နေမိသည်။ သူ့အစ်ကိုက သူ့(တုန်းဟဲ)မိန်းမက သူ့အမေကို ဒေါသထွက်နေမှန်း သိခဲ့ရင် သူ့မှာ စားလို့ကောင်းတဲ့ အသီး ရှိမှာ မဟုတ်တော့ပေ။
ထူးချွန်သော အကိုကြီးအရိပ်တွင် နေထိုင်သော ညီငယ်တွေအားလုံးကဲ့သို့ ကျောက်တုန်းဟဲ ငယ်စဉ်ကပင် သူ့အစ်ကိုကို အလွန်လေးစားခဲ့သည်။ အဲ့တာက ကျောက်မန့်ဇူ၏မိသားစုရဲ့ သားများနှင့်ပတ်သက်လာသောအခါ လူတိုင်း ကျောက်တုန်းလင် ကိုချီးမွမ်းကြသည်။ လူအနည်းငယ်ကတော့ သူ့ကို ဖော်ပြလိမ့်မည်။
ဒါပေမယ့် ကျောက်တုန်းဟဲကတော့ စိတ်မဆိုးပေ။ အစ်ကိုကြီးတစ်ယောက်ရှိလို့ ကောင်းသည်။ သူက ကျောက်တုန်းလင်ရဲ့ ညီဖြစ်ကြောင်းပြောသည့်အခါတိုင်း အခြားသူများက သူ့အပေါ် အထင်ကြီးသွားမည်ဖြစ်သည်။ အထူးသဖြင့် စစ်တပ်ထဲဝင်ပြီး လစာရခဲ့သည်။ အခက်ခဲဆုံးအချိန်မှာတောင် ရွာကလူတိုင်း စားဖို့မလောက်ငှချိန် သူ ဗိုက်မဆာခဲ့ရပေ။
အစ်ကိုကြီးက တပ်မတော်မှာ မဟုတ်ရင် သူ့မိသားစုရဲ့ နေ့ရက်တွေ ခက်ခဲလိမ့်မည်။ ဒါကြောင့် သူ့အစ်ကိုကို တစ်သက်လုံး လေးစားရမယ်လို့ သူ့အမေက အမြဲတမ်း ပြောသည်။
“စစ်တပ်ထဲမှာ နေရခက်တယ်။ နောက်အိမ်က ရွာက တစ်ယောက်က စစ်သားလုပ်ပြီး နှစ်နှစ်ကြာမှ ပြန်လာတာ။ နေ့တိုင်း အပြင်ထွက်ပြီး သူ့ဘဝအတွက် လေ့ကျင့်တာထက် အိမ်မှာ လယ်စိုက်တာက ပိုကောင်းတယ်လို့ပြောတယ်။ မင်းအစ်ကိုက သန်မာပြီး နာကျင်တဲ့စကားတစ်ခွန်းမှ မပြောဘူး။ သူက အမေတို့ကို အရင်အကြိမ် က စာရေးပြီး အသင်းခေါင်းဆောင်ဖြစ်ပြီလို့ ပြောခဲ့တယ်။ သူက တပ်ကြပ်ကြီးတစ်ယောက်ဖြစ်လာပြီး လစာလည်း ၂ ယွမ် တိုးလာတယ်။ ဟုတ်တယ် သူ့အတွက် တစ်ပြားတစ်ချပ်မှ မချန်ဘဲ သူ့လစဉ် လစာအားလုံးကို ပြန်ပို့ပေးတယ်။ စစ်တပ်မှာ ဘာမှ ပြတ်တောက်မှု မရှိသလို ငွေကြေးလည်း မလိုဘူးလို့ သူက ပြောတယ်။ နောက်ဆုံးတော့ သူက ငါတို့မိသားစုအကြောင်းပဲ တွေးနေခဲ့တယ်။ မင်းညီမ အိမ်ထောင်ကျရင် ခန်းဝင်ပစ္စည်း ပြင်ဆင်ထားဖို့ လိုပြီး မင်းနဲ့ မင်းညီမ ပိုက်ဆံသုံးရမယ်။ သူက မင်းနဲ့ ဒီမိသားစုအတွက် လုပ်နေတာ။ မင်းအစ်ကိုရဲ့ ကျေးဇူးကို တစ်သက်လုံး သတိရနေရမယ်။”
သူ့အမေက ဒီလိုပြောပြီးနောက်မှာ ကျောက်တုန်းဟဲက သူဗိုက်ဆာနေချိန်မှာ သူ့ဗိုက်ပြည့်စေတဲ့သူကို အမြဲသတိရနေခဲ့သည်။ အထူးသဖြင့် တစ်ကိုက်စားရဖို့ တိုက်ပွဲဝင်သူတွေကို တွေ့ရပြီး ရွာသူရွာသားတွေဟာ ကျောက်မှုန်တွေကိုတောင် စားချင်ကြသည်။ ထို့အတွက်ကြောင့် သူ့အစ်ကိုကြီးပေးသော အကျိုးကျေးဇူးများအကြောင်း တွေးတောနေမိသည်။
ကျောက်တုန်းလင်က စစ်တပ်တွင် တောက်လျှောက်နေလာပြီး နှစ်အနည်းငယ်အကြာတွင် တပ်စုခေါင်းဆောင်ဖြစ်လာသည်။ သူစာလက်ခံရတဲ့နေ့မှာ သူ့အဖေက ဦးလေးနဲ့ ညနက်သန်းခေါင်မှာ ဝိုင်သောက်သည်။
“ တုန်းလင်က ငါတို့ ကျောက် မိသားစုရဲ့ ဂုဏ်ယူရသူပဲ။ မျိုးဆက်ပေါင်းများစွာ ဆင်းရဲနွမ်းပါးခဲ့ကြပေမယ့် အခု ငါတို့မှာ အရာရှိတစ်ဦးရှိလာပြီ။”
“ သူ့ဟာက ရာထူး ကြီးကြီးမားမား မဟုတ်ပေမယ့် အနည်းဆုံးတော့ တပ်မတော်မှာ ရာထူးတစ်ခုရှိတယ်။ ရွာလေးတစ်ရွာမှာ ဂုဏ်သိက္ခာရှိတဲ့ အနေအထားဖြစ်နေပြီ။ “
ဒီတစ်ခါတော့ သူ့အစ်ကိုကြီးက ရွာကို ပြန်ပြောင်းလာသည်။ စစ်တပ်က သူ့ကို ရွာအတွင်းရေးမှူးဖြစ်လာအောင် စီစဉ်ပေးခဲ့ပြီး ရွာမှာ ပြုပြင်ပြောင်းလဲပြီးနောက်ပိုင်း အသက်အငယ်ဆုံး ရွာအတွင်းရေးမှူးဖြစ်လာခဲ့သည်။
“ဒါက အတွင်းရေးမှူးကျောက်ရဲ့ညီ”
ယဉ်ကျေးသူ တစ်ချို့က “ဒါ ဒါရိုက်တာ ကျောက် ရဲ့ညီ” လို့လည်း ပြောကြလိမ့်မည်။
မြို့ထဲကို အလုပ်သွားလုပ်တဲ့အခါ တခြားသူတွေက သူ့ကို ယဉ်ကျေးစွာနဲ့ စီးကရက်ပေးသည်။ အစ်ကိုအကြီးဆုံးက ရွာပါတီ အတွင်းရေးမှူး မဖြစ်ခင်မှာ ဒါတွေက မရနိုင်ဘူးဖြစ်သည်။
ကျောက်တုန်းဟဲက လျင်မြန်စွာ လျှောက်သွားချိန် ကျန့်ယွဲ့ဖန်က လေအောင့်ကာ နောက်သို့ လိုက်သွားခဲ့သည်။ ဒီနေ့ နေ့လယ်ခင်းလုံး သူမအမေက ဆူပူကြိမ်းမောင်းခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူမ ဒေါသမထွက်သေးပေမယ့် ဒေါသအများစုကို ပြေပျောက်စေခဲ့သည်။
သူမကို ကုသပေးသည့် နောက်ဆုံးအရာမှာ သူ့အမေ၏ စကားဖြစ်သည်။ – “စဉ်းစားကြည့်။ တကယ်လို့ သူ မင်းကို ကွာရှင်းရမယ်ဆိုရင်ကော။ မင်း ကွာရှင်းခံရရင် ဘယ်လို အလုပ်မျိုး တွေ့နိုင်မလဲ။”
သေချာပါတယ်၊ သူမက ကျောက်တုန်းလင်ထက် ပိုကောင်းတဲ့လူကို ရှာမတွေ့နိုင်ပေ။ ကျန့်ယွဲ့ဖန်မှာ ကိုယ်ပိုင် ဉာဏ်ရှိသေးသည်။
တစ်ဖက်ကလည်း သူမအမေအိမ်ကို ရံဖန်ရံခါ ပြန်သွားလို့ ကောင်းသည်။ အိမ်ထောင်ကွဲပြီး တကယ်ပြန်သွားရင် ယောင်းမတော်တော်များများက သူမကို အစိမ်းလိုက်စားနိုင်သည်။ အစ်ကိုတွေ၊ ယောင်းမတွေနဲ့ ဆက်ဆံရေး မကောင်းဖို့ ဘယ်သူက တောင်းဆိုတာလဲ။
ကျောက်တုန်းဟဲက အိမ်အပြန်လမ်းတစ်လျှောက်လုံး လမ်းလျှောက်ခဲ့သည်။ ရွာထဲဝင်ပြီး သူ့ခြံကို လျှောက်သွားသည်။ ထောင့်နားရောက်တာနဲ့ သူ့အစ်ကိုကြီး ခြံရှေ့မှာ ဆေးလိပ်သောက်နေတာကို တွေ့လိုက်ရသည်။
“အစ်ကို”
ကျောက်တုန်းဟဲက တုံ့ဆိုင်းသွားသည်။ ငယ်ငယ်က ကျောင်းသွားတုန်းက မကောင်းတာလုပ်လို့ ဆရာ့ဖမ်းတာခံရသလိုမျိုး ခံစားရသည်။
ကျောက်တုန်းလင်က သူ့ကို ခေါင်းညိတ်ပြပြီး ခြံနားက ချောင်းဆီသို့ လျှောက်သွားသည်။
“အစ်ကို၊ ဒီနေ့ ယွဲ့ဖန် ရဲ့အမှား။ အနာဂတ်မှာ ပြောင်းလဲမယ်လို့ သူမ ပြောထားပြီးသားပါ။”
ကျောက်တုန်းလင်က စီးကရက်မှ မီးခိုးများကို ရှူထုတ်လိုက်သည်။ လရောင်အောက်တွင် ကြာပန်းကန်သည် မှောင်မဲ၍ မတ်စောက်သည်။ နိုဝင်ဘာလမှာ လရောင်တောင် သိပ်မတောက်ပပေ။ သူတို့ လမ်းကိုတောင် မမြင်နိုင်ပေ။
“ တုန်းဟဲ ဒီမိသားစုမှာ ငါတို့က ရင်းနှီးတဲ့ ညီအစ်ကိုတွေပဲ။ ဒီညီအစ်ကိုဘဝကို ထိန်းထားရမယ်။ ဒီလို အသေးအဖွဲအရာတွေနဲ့ ငါတို့ ညီအစ်ကိုဘဝကို မခွဲနိုင်ဘူး။ ”
“အစ်ကို” ဟူသော စကားလုံးက စစ်တပ်တွင် ဆယ်နှစ်ကျော် စစ်သားလုပ်ခဲ့သည့် ကျောက်တုန်းလင်အတွက် အလွန်အရေးကြီးသည်။ သူ၏ ရဲဘော်များသည် အခက်အခဲများနှင့် အန္တရာယ်များကြားတွင် ယုံကြည်မှုအပြည့်ဖြင့် သူတို့အပေါ် ကျောခိုင်းထားနိုင်သည့် ညီအစ်ကိုများဖြစ်ပြီး သူတို့ကိုယ်သူတို့ စွန့်လွှတ်အနစ်နာခံကြကာ အချင်းချင်း အသက်ကို ကယ်တင်ကြမည်ဖြစ်သည်။
အစ်ကို ဆိုတဲ့ စကားတစ်ခွန်းက စကားလုံးတစ်ထောင်နှင့် အနန္တယုံကြည်မှု ပါဝင်သည်။
လက်နက်ကိုင် ရဲဘော်များသည် ညီအကို အစစ်များလို့ မဆိုလိုချေ။ ခက်ခဲခဲ့တာလား။ သူ့မိန်းမကြောင့် သူတို့မှာ ဒီလိုနှောင်ကြိုးမျိုး မရှိနိုင်ပေ။
ကျောက်တုန်းဟဲရဲ့ မျက်နှာက ပူလောင်သွားသည်။ မှောင်မိုက်တဲ့ညသာမဟုတ်ရင် သူ့အစ်ကိုနဲ့တွေ့ဖို့ မျက်နှာမရှိတော့ပေ။
“အစ်ကို၊ ငါ့မိန်းမကို ဂရုတစိုက် စောင့်ကြည့်မယ်။ “
ကျောက်တုန်းလင်က “နောက်တစ်ခုက နောင်တစ်ချိန်မှာ မင်းမိန်းမ ကလေးကို အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောစေနဲ့။ မင်းမရီးက ငါတို့မိသားစုထဲကို ဝင်လာပြီ။ သူမက ဟိုင်းဒန်နဲ့ ယင်းပေါင်ရဲ့မိခင်ဖြစ်လာလိမ့်မယ်။ အဲ့ဒီဝမ်မိန့်ကို အခုကစပြီး မေ့ထားလိုက်။ သူမ အကြောင်း ထပ်မပြောနဲ့။”
ကျောက်တုန်းဟဲက ဤကိစ္စရှိပါသေးသည်ကို မသိပေ။ ကျန့်ယွဲ့ဖန် အပေါ် မကျေနပ်မှုသည်လည်း အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားခဲ့သည်။
“ကောင်းပြီ ငါသိပြီ ငါသူ့ကိုဒါတွေအားလုံးပြောပြလိုက်မယ်။ သူနားမထောင်ရင် ငါ့အပြစ်မဟုတ်တော့ဘူး။”
ကျောက်တုန်းဟဲက အတော်ပင် သင့်တင့်လျောက်ပတ်သော လူတစ်ယောက် ဖြစ်နေဆဲပင်။ အရင်တုန်းကတော့ သူ့မိန်းမမှာ ပြဿနာအသေးအဖွဲတွေပဲ ရှိသေးတယ်လို့ သူထင်ခဲ့သည်။ ဒါပေမယ့် ဒီတစ်ခါတော့ သူ့အမေကို ပြန်ပြောတာဖြစ်ဖြစ် ဟိုင်းဒန်ကို သူ့မရီးအသစ်နဲ့ မရင်းနှီးအောင် သင်ပေးတာပဲဖြစ်ဖြစ်၊ ဒါက အသေးအဖွဲပြဿနာမဟုတ်တော့ဘူး၊ ပညာတတ်ဖို့ လိုတဲ့အဆင့်အထိ ရောက်သွားပြီ ဖြစ်သည်။
ကျန့်ယွဲ့ဖန် မြင်လိုက်သည်။ ကျောက်တုန်းဟဲက ကျောက်တုန်းလင်နဲ့ အဝေးမှမြစ်ဆီသို့ လိုက်သွားခဲ့သည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခြံတံခါးကို တွန်းဖွင့်လိုက်သည်။
ဒီအချိန်က အရမ်းနောက်ကျနေပြီ ဖြစ်သည်။ ယင်းပေါင် အိပ်ရာဝင်ပြီးနောက်မှာ ကျောက်မေရှန်းက ညစာစားပြီး အိုးခွက်ပန်းကန်များကို ဆေးကြောခဲ့သည်။ ကျန်းချောင်းအာက လဲလျောင်းနေပြီး၊ သူ့သားက သူမကို တစ်ခုခုပြောပြီးတာနဲ့ ချက်ချင်းပဲ စိတ်ကောင်းဝင်လာသည်။ သူမက ခင်ပွန်းဖြစ်သူ ကျောက်မန့်ဇူ နဲ့စကားပြောနေချိန် သူတို့ရဲ့ မြေးနှစ်ယောက်ဟာ ဆော့ကစား နေခဲ့သည်။
ယနေ့မွန်းလွဲပိုင်းတွင် ကျန့်ယွဲ့ဖန်က ရှီထု မပါဘဲ သူမမိခင်အိမ်သို့ ပြန်သွားပြီး ကျောက်မေရှန်းက သူ့ကို ပြုစုခဲ့သည်။
ဒါကိုပြောပြီး ကျန်းချောင်းအာက သူမရဲ့ ဒုတိယချွေးမအတွက် စိတ်ပျက်သွားခဲ့သည်။ အရွယ်ရောက်ပြီး ရန်ဖြစ်တဲ့အခါ ကလေးတွေလို စကားများရန်မဖြစ်သင့်ပေ။ ဒုတိယချွေးမက သူမကလေးကို မခေါ်ဘဲ သူ့အမေအိမ်ဆီ ပြေးသွားလိုက်တယ်၊ ဒါက ဘယ်လိုအမေလဲ။
နှိုင်းယှဥ်ကြည့်လျှင် ကျားဟွေ့က သူမမိခင်မိသားစုထံသွားသောအခါတွင် သူ့စိတ်နေသဘောထားကိုပြသသည့် ဟိုင်းဒန်နဲ့ ယင်းပေါင်တို့ကို ခေါ်သွားဖို့ မမေ့လျော့ခဲ့ပေ။
ဒီအချိန်မှာ တံခါးခေါက်သံကြားလိုက်ရပြီး ကျန်းချောင်းအာ သွားကြည့်လိုက်ရာ ကျန့်ယွဲ့ဖန် ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။
“ဟမ် ဒါက ဒုတိယချွေးမပဲ ဘာလို့ ဒီလာတာလဲ။ သူမဘာလို့ဒီကိုပြန်လာတာလဲ။ ”
ကျောက်မန့်ဇူက စီးကရက်ခြောက်တစ်လိပ်သောက်ပြီး စကားမပြောပေ။ ငယ်ငယ်ကတည်းက ဇနီးသည် စကားပြောတဲ့အခါ ပါးစပ်ကို အမြဲပိတ်ထားသင့်တယ်ဆိုတာ သိခဲ့သည်။ သူက မိုက်မဲပြီး ဘာမှ မပြောနိုင်ပေ။ နောက်ဆုံးတော့ ဇနီးဖြစ်သူရဲ့ လက်ဖဝါးမှာ ရစ်ပတ်ထားသည်။ ဘာမှ မပြောတဲ့ အလေ့အထကို သူ တီထွင်ခဲ့သည်။ နားထောင်ချင်တဲ့အခါ နားကိုဖွင့်သည်။ နားမထောင်ချင်တဲ့အခါ နားပိတ်ထားသည်။ အဲဒီအတွက် ငြင်းခုံမှု နည်းပါးလာလိမ့်မည်။
သားနှစ်ယောက် လက်ထပ်ပြီးချိန်မှာတော့ နှစ်ပေါင်းများစွာ အိမ်ထောင်ရေး အတွေ့အကြုံတွေကိုလည်း ဝေမျှခဲ့သည်။ မင်းရဲ့နေ့ရက်တွေကို သန့်ရှင်းသပ်ရပ်စေချင်ပြီး မင်းမိန်းမနဲ့ ရန်မဖြစ်ချင်ရင်တော့ အသေးအမွှားကိစ္စလေးတွေ ဘာပဲပြောပြော နားထောင်ပါ၊ ဒါပေမယ့် ကြီးကြီးမားမားကိစ္စတွေဆိုရင်တော့ သူမနဲ့ ဆွေးနွေးသင့်သည်။ လက်ရှိမှာ ဤအတွေ့အကြုံသည် ထိရောက်မှုမရှိဟု ထင်ရသည်။ သင်ဘယ်လိုနေထိုင်မလဲဆိုတာက သင်လက်ထပ်မယ့် ဇနီးမယားအပေါ် မူတည်သည်။
........
စာရေးသူက ပြောစရာရှိတယ်။
ကျောက်မန့်ဇူ - မင်း သန့်ရှင်းတဲ့နေ့ကို ပိုင်ဆိုင်ချင်ရင် မင်းမိန်းမနဲ့ ငြင်းခုံမနေနဲ့။ စကားအနည်းငယ် မပြောပါနဲ့။ အဲဒီအသေးအဖွဲအရာတွေအတွက် သူတို့ပြောတာကို နားထောင်ပါ။
ကျောက်တုန်းဟဲ - အဖေ၊ ကျွန်တော့်မိန်းမက မတူဘူး။ကျွန်တော့်မိန်းမက အဖေ့ မိန်းမလောက် ဉာဏ်မမီဘူး။ သူမပြောမယ့် အရေးကြီးကိစ္စက မရှိပါဘူး။ သူမပြောသမျှကို နားထောင်ရင် အနာဂတ်က ကောင်းကင်ပေါ်မှာပဲ လှည့်ပတ်နေလိမ့်မယ်။
ကျောက်မန့်ဇူက စကားမပြောဘဲ စီးကရက်တစ်လိပ်သောက်နေခဲ့သည်။
...........
ကိုးကားချက်
↑2 - မိဘတွေစကားကို နာခံပြီး ပျော်ရွှင်အောင် လုပ်ပေးတဲ့သူတွေကတော့ သူတို့အရင်ဘဝက မိဘတွေဆီ သူတို့ရဲ့သားသမီးတွေက အကြွေးဆပ်ဖို့ လာတဲ့သူတွေ၊ မနာခံမှုနှင့် သားသမီးတာဝန်မကျေပွန်မှု၊ ဖျားနာမှု၊အမှုစစ်ဆေးမှုများ၊ ဆင်းရဲဒုက္ခများနှင့် ခေါင်းကိုက်ခြင်းအတွက် မိဘများ ပိုက်ဆံကုန်ဖို့ လိုအပ်တာ နှင့် စိုးရိမ်ပူပန်မှုများသည် ယခင်ဘဝက သားသမီးများအတွက် မိဘများရဲ့ကြွေးမြီများဖြစ်သည်။