← Chapters

အခန်း (၃၆)

Vol. 2 Ch. 36

အခန်း (၃၆)

Vol. 2 Ch. 36

မနက်စာစားပြီးနောက်မှာ ကျန်းချောင်းအာက မေရှန်း ကို ယင်းပေါင်နဲ့ အိမ်တွင်နေခိုင်းပြီး ကျားဟွေ့ကိုခေါ်ပြီး ကပ္ပတိန်အိမ်ကို သွားခဲ့သည်။

“ နင့်အစ်ကို ဟွေ့ရှန် နဲ့ အမေတို့မိသားစုရဲ့ ခင်မင်မှုက မဆိုးဘူး။ အမေ သူနဲ့ စကားပြောပြီးပြီ။ သမီးအတွက် သူစီစဉ်ထားတဲ့ အလုပ်မှန်သမျှကို သမီး လုပ်လို့ရတယ်။ သမီးအတွက် အခက်တွေ့စေတဲ့ တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရင် အဲ့တာကို ကိုယ့်ဘာသာ မသိမ်းထားနဲ့။ ပြန်လာပြီး အမေ့ကို ပြောပြ။ အမေ သမီးအတွက် အလုပ်ရှာပေးမယ်။ ”

လမ်းမှာ ကျန်းချောင်းအာက ကျားဟွေ့ကို အဖွဲ့အကြောင်း ပြောပြခဲ့သည်။ ထုတ်လုပ်ရေးအဖွဲ့တွင် ဒါဇင်နှင့်ချီသော မိသားစုများနှင့် လူ 200 ကျော်ရှိသည်။ ရှန်ဟဲကျေးရွာတွင် ထုတ်လုပ်ရေးအဖွဲ့ ၁၆ ဖွဲ့ရှိသည်။

သူမ သိထားရမည့် အရေးကြီးဆုံးအရာများမှာ- မိသားစုနှင့် ရင်းနှီးသူ၊ ပေါင်းသင်းရ အခက်ဆုံးသူ၊ အတင်းအဖျင်း ကြိုက်သူ၊ ခိုးမှု အသေးအမွှားကို နှစ်သက်သူ စသည်တို့ဖြစ်သည်။ သူမ ကျားဟွေ့ ကို အားလုံး တစ်ယောက်ပြီးတစ်ယောက် ရှင်းပြခဲ့သည်။

တုန်းကျားဟွေ့က တုန်းမိသားစုရဲ့ ဇနီးအသစ်ဖြစ်သည်။ အိမ်ထောင်ကျပြီး ရက်အနည်းငယ်ကြာတဲ့အထိ သူမ လျှောက်ပတ်မသွားဖြစ်ခဲ့ပေ။ အသိအကျွမ်းအနည်းငယ်မှလွဲ၍ ရွာရှိလူ ထက်ဝက်ကျော်ကို သူမသိဘူး။ ထို့ကြောင့် ကျန်းချောင်းအာက သူမနဲ့ အဲ့အကြောင်း ခဏမျှ စကားမပြောနိုင်ခဲ့ပေ။

ထိုအချိန်တွင်၊ ရွာမှလူများ တယောက်ပြီး တယောက် ထွက်လာသောအခါ၊ ကျန်းချောင်းအာ နှင့် ကျားဟွေ့တို့ လမ်းပေါ်တွင် လမ်းလျှောက်လာနေတာကို တွေ့လိုက်ရသဖြင့် သူတို့ အရှေ့သို့ရောက်လာပြီး စကားအနည်းငယ်ပြောကြသည်။

“ချောင်းအာ နင့်ရဲ့ချွေးမကိုခေါ်ပြီး ဘယ်သွားမို့လဲ။”

“ငါတို့ ဟွေ့ရှန် အိမ်ကိုသွားမို့။ ”

ကျန်းချောင်းအာ ပြန်ဖြေပြီးနောက် ကျားဟွေ့ ဘက်ကိုလှည့်ကာ မိတ်ဆက်ပေးလိုက်သည်။“ ဒါက သမီးရဲ့အဒေါ် ဝူ။ သူမက အမေတို့အိမ်ရဲ့ ရှေ့ဆုံးတန်းက တတိယအိမ်မှာ နေတယ်။ ”

တုန်းကျားဟွေ့ ဘေးနားတွင် ရပ်လိုက်ပြီး ရည်မွန်တဲ့အပြုံးဖြင့် ပြောလိုက်သည်။ “ကောင်းသောနေ့ပါ၊ ဒေါ်လေး ဝူ ”

အဒေါ် ဝူက မလှုပ်ဘဲ တုန်းကျားဟွေ့ကို ဂရုတစိုက်ကြည့်နေသည်။ ယနေ့တွင် တုန်းကျားဟွေ့ သည် အနီရောင်ကုတ်အင်္ကျီ၊ အနက်ရောင်ဘောင်းဘီနှင့် အဖြူရောင်ဖိနပ်ကို ၀တ်ထားသည်။ သူမဆံပင်ကို ကျစ်ဆံမြီး ကျစ်ထားပြီး ခေါင်းနောက်တွင် တွဲလောင်းချထားသည်။ သူမက ဆံမြိတ်ချထားပြီး တောက်ပတဲ့ မျက်နှာနဲ့ သူမ မျက်လုံးများက လူတွေကို ပြုံးပြနေသည်။ သူမရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းက အနီရောင်တောက်တောက်ဆိုးထားသည်။ ကြော့ရှင်းပြီး လှပသည်။

ဒီ ကျောက် မိသားစုက ချွေးမအသစ်နဲ့ တကယ်လက်ထပ်လိုက်ပြီလို့ တွေးပြီး စိတ်ထဲမှာ စုပ်သပ်လိုက်သည်။ အရင်ကတော့ ဝမ်မိန့်က ရုပ်ရည်မဆိုးပေ။ ပြီးတော့ သူတို့ရဲ့ ဒုတိယချွေးမ ယွဲ့ဖန်က ဒီချွေးမအသစ်နဲ့တောင် မရင်းနှီးပေ။ သူမက ဂုဏ်သိက္ခာရှိပြီး သဘောထားကြီးပုံရသည်။

“အိုက်ယား နင့်ရဲ့ချွေးမက အကျင့်စာရိတ္တကောင်းပြီး မြင်မြင်ချင်းမှာ သူမကိုသဘောကျသွားစေတယ်”

ဒေါ်လေး ဝူ စကားများက တစ်ဝက်ကမှန်ပြီး တစ်ဝက်ကမှားသည်။ တုန်းကျားဟွေ့ ရဲ့ အသွင်အပြင်က တကယ်ကို သဘောကျစရာပင်။ ပြုံးနေတဲ့ မျက်နှာကို ဘယ်သူက မကြိုက်မှာလဲ။ ဒါပေမယ့် ဒေါ်လေး ဝူက သူမကွာရှင်းထားဖူးတယ်ဆိုတဲ့အချက်ကို လက်မခံနိုင်ပေ။ ကျန်းချောင်းအာက သူမကို ကလေးလေးလို ဆက်ဆံတဲ့ သဘောထားကို သူမ နားမလည်ပေ။

ဒါ​ပေမယ့်​ သူမထင်​တာ​တောင်​ သူမ​ပြောနိုင်​ပေ။ သူမ တစ်ခုခုကိုကောင်းကောင်းပြောဖို့ လိုသေးသည်။ အဲ့တာကိုဘယ်လို သီးသန့်ပြောရမလဲ ဆိုတာကတော့ တခြားကိစ္စပင်။

ကျန်းချောင်းအာက ဒေါ်လေး ဝူ ရိုးသားသည်ဖြစ်စေ၊မရိုးသားသည်ဖြစ်စေ ဂရုမစိုက်ပေ။ ဘာပဲဖြစ်ဖြစ် ချီးကျူးစကားကြားရတာ သူမ အရမ်းပျော်သည်။

“အတိအကျပဲ။ သူမက လိမ္မာပြီး ဉာဏ်ရည်ထက်မြက်တယ်။။ ထမင်းဟင်း ကောင်းကောင်းချက်ပြုတ်နိုင်တယ်။ အဝတ်အစားလည်းချုပ်တတ်ပြီး အိမ်အလုပ်တွေကို မြန်မြန်လုပ်တယ်။ ဒါပေမယ့် ငါစိတ်ပူတယ်။သူမက အရမ်း ရိုးသားလွန်းတယ်။ ”

ဒေါ်လေးဝူက ပြုံးပြီးပြောလိုက်သည်။ “ငါမြင်ပါတယ်၊ နင့်မှာ နောက်ထပ် ချွေးမရှိတဲ့ပုံမပေါ်ဘဲ နောက်ထပ်သမီးတစ်ယောက်ရှိတဲ့ပုံပေါ်နေတယ်။”

ကျန်းချောင်းအာကလည်း ရယ်ပြီးပြောလိုက်သည်။ “အဲဒါမမှန်ဘူး။ ဒီသမီးက ငါ့သမီးအရင်းထက် ထောက်ထားညှာတာတတ်တယ်။”

အနည်းငယ် ရယ်မောပြီးနောက် ကျန်းချောင်းအာက ကျားဟွေ့ကို ခေါ်ကာ ရှေ့ဆက်လျှောက်သွားခဲ့သည်။ မီတာ 500 ခန့် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် သူတို့ ကပ္ပတိန် တင်းဟွေ့ရှန်အိမ်ကို ရောက်ရှိခဲ့ကြသည်။

“ဒါက အမေတို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်၊ သမီးရဲ့အစ်ကို ဟွေ့ရှန်။ ဒါက သမီးရဲ့ယောင်းမ ပင်း။ ”

တင်းဟွေ့ရှန်က အသက်မကြီးသေးသော်လည်း အလွန်စိတ်အားထက်သန်သူဖြစ်သည်။ သူက အရပ်ရှည်ပြီး ထွားသည်။ သူက ရိုးရိုးရှင်းရှင်း ရိုးသားတဲ့ စိတ်ထားနဲ့ ပြုံးလိုက်သည်။ အဒေါ် ပင်းက အရမ်းစိတ်အားထက်သန်သည်။ သူတို့လာနေတာကိုတွေ့တော့ မြန်မြန်ဝင်ထိုင်ခိုင်းသည်။ မနက်စာစားပြီးပြီလားလို့ မေးသည်။

“ ငါတို့အိမ်မှာစားလာတယ်”

“တကယ်လားပြောနေတာလား။ ယဉ်ကျေးမနေပါနဲ့၊ အိုးထဲမှာ ကန်စွန်းဥတစ်ချို့ ရှိတယ်။”

“တကယ်ပြောတာ။ နင်နဲ့ပတ်သက်ရင် ယဉ်ကျေးဖို့က ဘာရှိလို့လဲ။”

အဒေါ်တစ်ယောက်အနေနဲ့ ကျန်းချောင်းအာ ရဲ့အသက်ဟာ အဒေါ်ပင်း နဲ့ သိပ်မကွာပေ။ ကျန်းချောင်းအာ ၏ဖခင်အကြောင်းပြောရလျှင် သူလည်း ဇာတ်လမ်းများစွာရှိသူတစ်ဦးဖြစ်သည်။ သူ ငယ်ငယ်တုန်းကတော့ အရမ်းမိုက်တယ်၊ ချောတယ်။ သူ့မှာ မိန်းမပျိုတွေကို လှည့်စားနိုင်တဲ့ ပါးစပ်ရှိသည်။ တင်းဟွေ့ရှန်မိခင်က ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။

ကျန်းချောင်းအာက သူ့အဖေ၏ အကြီးဆုံးသမီးဖြစ်သောကြောင့် သူမသည် တင်းဟွေ့ရှန်ထက် နှစ်အနည်းငယ်ကြီးသည်။ တင်းဟွေ့ရှန် ရဲ့အမေက သူ့အဖေရဲ့ မယားငယ်ဖြစ်ချိန်ကို သူမမှတ်မိသေးသည်။

သူမ ခြောက်နှစ်သားအရွယ်တွင် တင်းဟွေ့ရှန်၏မိခင်သည် ကျန်း မိသားစုမှ ထွက်သွားပြီး ဇနီးမယားမရှိသော တစ်ရွာတည်းက ရိုးသားသော အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ အဲ့လူက တင်းဟွေ့ရှန်၏ဖခင်ဖြစ်သည်။

ရှားရှားပါးပါးအရာကတော့ သူတို့ကိုယ်သူတို့ ရှက်တယ်လို့မခံစားရပေ။ ဆက်ဆံရေးကတောင် တော်တော်ကောင်းခဲ့သည်။

ဘာပဲဖြစ်ဖြစ် တုန်းကျားဟွေ့က မိသားစုနှစ်စုက ဒီလိုမျိုး ဆက်ဆံရေးရှိမှန်း သိလိုက်တဲ့အခါ သူမရဲ့ ခံစားချက်ကို “ထိတ်လန့်တယ်” ဆိုပြီး ဖော်ပြလို့မရပေ။

တင်းဟွေ့ရှန်က အိမ်ပြန်သွားပြီး သော့တစ်ချောင်းကို တုန်းကျားဟွေ့ ကို ပေးခဲ့သည်။ “ဂိုဒေါင်မှာ သိမ်းဆည်းတဲ့အလုပ်က အရမ်းရိုးရှင်းတယ်၊ ပစ္စည်းတွေပြန်ယူလာတယ်ဆိုတာ သေချာအောင်လုပ်ဖို့ပဲ လိုတယ်။ ဒီသော့ကိုယူလိုက်၊ အဖွဲ့ကလူတွေက ပစ္စည်းစုဆောင်းဖို့ ဂိုဒေါင်ကို နေ့တိုင်းသွားကြတယ်။ သူတို့ပစ္စည်းတွေ ငှားတဲ့အခါကျရင် ငှားတဲ့နေ့မှာပဲ ပြန်ပေးရမယ်။”

ယခုအခါ ထုတ်လုပ်ရေးအဖွဲ့တွင် မြက်ယမ်းဓား၊ ပေါက်ပြား၊ ထယ်များ၊ သစ်သားတွန်းလှည်း၊ တစ်ဘီးလက်တွန်းလှည်း၊ လယ်ထွန်စက် အစရှိသည့် အလုပ်သမားသုံးကိရိယာများစွာ ရှိသည်။ ၎င်းတို့သည် ထုတ်လုပ်မှုအဖွဲ့၏ အရေးကြီးသော ဂုဏ်သတ္တိများဖြစ်သည်။ ဤအရာများသည် လယ်ကွင်းတွင် အလုပ်လုပ်သည့်အခါ အားကိုးရမည့်အရာများဖြစ်သည်။

ထွန်စက်ကဲ့သို့ပင်၊ ရှန်ဟဲရွာတစ်ရွာလုံးတွင် ၎င်းတို့စက်၅ခုသာရှိသည်။ သူတို့အဖွဲ့က ထွန်စက်တစ်ခုရှိတဲ့ အဆင့်မြင့်ထုတ်လုပ်ရေးအဖွဲ့ဖြစ်သည်။ အများအားဖြင့်၊ ၎င်းကို တင်းဟွေ့ရှန်၏သားက မောင်းသည်။

အဖွဲ့ခေါင်းဆောင်က အချက်နှစ်ချက်ကို အာရုံစိုက်ကာ ကြိုတင်ကာကွယ်မှုများကို တစ်ကြိမ်ရှင်းပြခဲ့သည်။ တစ်ချက်က ပျောက်ဆုံးနေသည့်အရာများ မရှိစေရ၊ နောက်တစ်ချက်မှာ လူတိုင်းအလုပ်မစမီ ဂိုဒေါင်ထဲတွင် သူမ ရှိနေရမယ်ဆိုတာကို သေချာစေရန်ဖြစ်သည်။

သူမ၏ပထမဆုံးနေ့တွင်၊ ကျန်းချောင်းအာက တုန်းကျားဟွေ့ နဲ့ ဂိုဒေါင်ဆီ လိုက်သွားခဲ့သည်။ လမ်းခရီးတွင် ကျားဟွေ့ သည် စိတ်ပိုင်းဆိုင်ရာ ဖိအားများခံစားရမှာကိုကြောက်ပြီး သူမကို နှစ်သိမ့်ပေးခဲ့သည်။ “စိတ်မပူပါနဲ့ ဒီအလုပ်က မခက်ပါဘူး။ နေ့တိုင်း ၇နာရီ၄၀ မတိုင်ခင် တံခါးဖွင့်ဖို့ မမေ့နဲ့။ ဘယ်သူက ဘယ်ပစ္စည်းကို​ယူသွားပြီး ဘယ်အချိန်ပြန်ပေးခဲ့လဲဆိုတာကို မှတ်ရမယ်။ အပြင်မသွားခင် တံခါးကိုပိတ်ရမယ်နော်။ ”

ဒီအလုပ်ဟာ ယခုခေတ်မှာ စက်ရုံဝန်ထမ်းတချို့နဲ့ တကယ်ဆင်တူကြောင်း နားလည်ကြောင်း တုန်းကျားဟွေ့က ပြောလိုက်သည်။

သူမ၏ ပထမဆုံး တရားဝင်အလုပ်စလုပ်တဲ့နေ့တွင်၊ တုန်းကျားဟွေ့ ကို သဘာဝအတိုင်း လူများကဝန်းရံထားသည်။

“ ဒီညီမက အကြီးဆုံးချွေးမလား။”

“သူမ မင်္ဂလာဆောင်တဲ့နေ့မှာ ပိန်တယ်ထင်ရပေမယ့် ဒီနေ့တော့ သူမကြည့်ကောင်းတယ်”

“ငါတို့အဖွဲ့က အုပ်ထိန်းသူအတွက် ဘယ်အချိန်က စီစဉ်ခဲ့တာလဲ။ အဲ့တာက အနည်းငယ်လေးပါပဲ။ စောင့်ကြည့်ဖို့ လိုအပ်သေးလို့လား။”

“ဟေး အဲ့တာကို ကပ္ပတိန်က စီစဉ်ပေးတာ။ နင် ဘာအကြောင်းကြောင့်ပဲ ပြောပြော၊ အဲဒါက အသုံးဝင်သေးလား။ ”

“သူအလုပ်တစ်ခုစီစဉ်ချင်ရင် စောစောစီးစီး စီစဉ်သင့်တယ်။ အကျိုးကျေးဇူးတွေ အကုန်ယူတယ်။”

“နင်က မနာလိုနေတာ။ နင့်မှာ အရည်အချင်းရှိရင် နင့်အတွက် အလုပ်တစ်ခုစီစဉ်ဖို့ ကပ္ပတိန်ကို သွားရှာလိုက်။ ”

ဂိုဒေါင်စောင့်တစ်ဦးဖြစ်ရန် လွယ်ကူသည်။ လယ်လုပ်ရတာနဲ့ မတူတာက အလုပ်က သိပ်မရှိပေ။ ထို့အပြင် ထိန်းသိမ်းစောင့်ရှောက်တဲ့သူက နေ့စဉ်ရေးရန် စကားလုံးနှစ်လုံးကို သိထားရမည်။ ရွာကလူကြီးတွေက စာမတတ်ပေ။ ထို့အပြင်၊ လူတိုင်းသည် အလုပ်လုပ်ရာတွင် အသုံးပြုလေ့ရှိသောကြောင့် ဂိုဒေါင်စောင့်တစ်ဦးဖြစ်ရန် အကျဉ်းချထားသည်ဟု သူတို့ခံစားခဲ့ရသည်။

ဒါပေမယ့် သူတို့စာမဖတ်နိုင်ရင် အဲ့တာက အရေးမကြီးပေ။ အိမ်မှာရှိတဲ့ ကလေးတွေက စာဖတ်နိုင်သည်။ ဒီလိုလုပ်ဖို့ အမျိုးသားတွေအတွက် တွက်ချေမကိုက်ပေ။အဲ့တာက အမျိုးသမီးတွေအတွက်ပဲ မဟုတ်လား။

နှစ်အတော်ကြာအောင် သူတို့သည် ထိန်းသိမ်းစောင့်ရှောက်တဲ့သူအဖြစ် မသတ်မှတ်ခဲ့ကြဘဲ ယခုတော့ ကပ္ပတိန်သည် ဤအလုပ်ကို တုန်းလင် ၏ဇနီးအား ရုတ်တရက် ပေးလိုက်သည်။ နောက်ကွယ်မှာ ဘာမှမရှိဘူးလို့ ပြောရင်တောင် ဘယ်သူမှ မယုံကြချေ။

ဂိုဒေါင်ကိုဖွင့်ပြီးနောက်၊ တုန်းကျားဟွေ့ သည် ပေါက်ပြားနှင့် ထွန်ကဲ့သို့သော လယ်ယာသုံးကိရိယာများကို ပိုင်းခြားကာ စာရေးစက္ကူကပ်ကိုယူပြီး ကိုယ်တိုင်လုပ် မှတ်တမ်းဖြင့် လယ်ယာသုံးကိရိယာများ ချေးငှားသည့် ခန့်မှန်းခြေအချိန်ကို မှတ်တမ်းတင်ခဲ့သည်။

“အရင်က ငါတို့ စာရင်းသွင်းဖို့ မလိုဘူး။ ဒီနေ့ဘာကြောင့်ဒီလောက်ဒုက္ခရောက်နေရတာလဲ။”

လယ်ယာသုံးကိရိယာများရယူရန် ဂိုဒေါင်သို့လာရောက်ကြသူအများစုမှာ ငယ်ရွယ်ပြီး သန်မာတာ သို့မဟုတ် အသက်ကြီးသော အလုပ်သမားများဖြစ်ပြီး ယခင်က အဖွဲ့တွင် ထိန်းသိမ်းစောင့်ရှောက်သူမရှိသောကြောင့် ထုံးစံအတိုင်း၊ ဤအရာကို မည်သူမျှ မှတ်ပုံတင်စာရင်းသွင်းထားခြင်းမရှိပေ။

“ အဘိုး၊ အဘိုးမြင်တဲ့အတိုင်းပဲ၊ ဒီနေ့က ကျွန်မရဲ့ပထမဆုံးတာဝန်လုပ်ရတဲ့နေ့ပဲ၊ အနည်းဆုံးတော့ နည်းနည်း ပူးပေါင်းပေးပါ။ အဘိုးရဲ့ပါးစပ်ကို လှုပ်ဖို့ပဲလိုတယ်၊ ကျွန်မက အဲ့တာကိုချရေးထားမယ်။ ကျွန်မ အကြိမ်အနည်းငယ် စာရင်းသွင်းပြီးရင် အဲ့ဒါကို ကျင့်သုံးသွားမှာ။”

ဆိုရိုးစကားအတိုင်း “ပြုံးနေသောသူကို မထိမခိုက်ဘဲ ထွက်သွားပါ။”[1] မျက်နှာပေါ်တွင် ပြုံးနေသော ဇနီးငယ်တစ်ဦးသည် ဤနည်းဖြင့် သင့်အား ပြောသောအခါတွင် ဘယ်သူကမှ အမှန်တကယ် မျက်နှာလွှဲလို့မရနိုင်ပေ။ ထို့ကြောင့် သဘာဝအတိုင်း၊ နောက်ဆုံးတွင် သူသည် ကိရိယာများကို စာရင်းသွင်းရလေသည်။

ကိရိယာတွေ လက်ခံရရှိသူများ အားလုံး ထွက်ခွာသွားသောအခါတွင် ကပ္ပတိန် တင်းဟွေ့ရှန်က တုန်းကျားဟွေ့ မည်ကဲ့သို့ လုပ်ဆောင်နေသည်ကို ကြည့်ရှု့ဖို့ ရောက်ရှိလာသည်။

“ခယ်မလေး ဘယ်လိုလဲ။ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်လား။”

တုန်းကျားဟွေ့ သူမ၏ မှတ်တမ်းစာအုပ်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။ “ကပ္ပတိန်၊ ဒါမှန်လား မသိဘူး။ ကပ္ပတိန် ကြည့်ကြည့်ပါဦး ”

တင်းဟွေ့ရှန် မှတ်တမ်းစာအုပ်ထဲက ရလဒ်တွေကို ကြည့်လိုက်သည်။ တုန်းကျားဟွေ့ လုပ်ထားတဲ့ ဇယားကို ကြည့်လိုက်တော့ သူက မတုံ့ပြန်နိုင်ခဲ့ပေ။ အဓိကကတော့ တရားဝင်ဖြစ်လွန်းတာကြောင့် ဖြစ်သည်။ ရပ်ကွက်ထဲက စာရင်းကိုင်က အကောင့်တွေကို မှတ်တမ်းတင်တဲ့ပုံနဲ့ တူသည်။

ဇယားထိပ်ကို ကော်လံများ ခွဲထားသည်။ စိုက်ပျိုးရေးကိရိယာများ၊ ချေးငှားသူများ၊ ချေးယူသည့်အချိန်နှင့် ပြန်ရမည့်အချိန်။ ဒေါင်လိုက်ကော်လံတစ်ခုတွင် ရက်စွဲရှိသည်။

“မင်းတကယ် တော်တယ်။ မင်းအရင်က စာရင်းကိုင်ပညာကို လေ့လာဖူးလား။”

“ဟင့်အင်း ။စာရင်းကိုင်စာအုပ် အနည်းငယ်ကိုပဲ ဖတ်ဖူးတာ။ တရားဝင်တော့ မလေ့လာထားဘူး။ ”

တင်းဟွေ့ရှန်က ကျေနပ်စွာ ခေါင်းညိတ်ပြီး မှတ်တမ်းစာအုပ်ကို တုန်းကျားဟွေ့ဆီ ပြန်ပေးလိုက်သည်။

“ကောင်းတယ်၊ တော်တော်ကောင်းတယ်။ မင်းလုပ်တာအရမ်းကောင်းနေတာတွေ့တော့ ငါစိတ်သက်သာရာရသွားပြီ။”

မူလက ကျန်းချောင်းအာနဲ့ ကျောက်တုန်းလင်ရဲ့ မျက်နှာကြောင့်ဖြစ်သည်။ သူက တုန်းကျားဟွေ့ကို ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် ထားရန် တွန့်ဆုတ်နေခဲ့သည်။ ဤကိစ္စတွင် သူသည် အဖွဲ့အတွင်းမှ ပုတ်ခတ်မှုများနှင့် တွေ့ပြီး လျှို့ဝှက်စွာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ ဆိုလိုသည်မှာ သူသည် ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစားလုပ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အခုတော့ သူ့ဆုံးဖြတ်ချက်က မဆိုးဘူးထင်သည်။ အနည်းဆုံး တုန်းကျားဟွေ့က ခြယ်လှယ်ထားသော ခေါင်းအုံးမဟုတ်ပါ[2]၊ အခြားသူများ၏ အဓိပ္ပါယ်မဲ့သော စကားများကို သင်ကြုံတွေ့ရသောအခါတွင် သူ့မှာပြောစရာရှိသည်။

အားလုံးက အလုပ်ပြီးတာနဲ့ နေ့လယ်မှာ လယ်လုပ်ကိရိယာတွေ ပြန်ပေးသည်။ ကျန်းချောင်းအာက လယ်ယာလုပ်ငန်းသုံးကိရိယာများကို ငှားခြင်းမရှိသော်လည်း ဂိုဒေါင်ကို သွားခဲ့သည်။

“ဒီနေ့ ဘယ်လိုလဲ။”

“တော်တော်ကောင်းတယ်”

“သမီးရဲ့အစ်ကို ဟွေ့ရှန်းကလည်း သမီးအလုပ်ကောင်းကောင်းလုပ်ခဲ့တယ်လို့ပြောတယ်။ ကွန်မြူနတီက စာရင်းကိုင်လိုမျိုး သမီးကိုယ်တိုင် စာရင်းတစ်ခု ပြုလုပ်ခဲ့တယ်လို့ သူက ပြောတယ်။ သမီးရဲ့ အရေးအသားကောင်းမှုအတွက်လည်း ချီးကျူးတယ်။ ”

ကျန်းချောင်းအာက စာရွက်ကို လှမ်းကြည့်လိုက်တယ်။ စာရွက်ပေါ်တွင် အလျားလိုက်နှင့် ဒေါင်လိုက်မျဉ်းကြောင်းများ ခြစ်ထားသည်။ အလွန်လေးနက်ပုံရပြီး စကားလုံးများစွာကို သူမမှတ်မိနိုင်သော်လည်း စကားလုံးကောင်းလား ဆိုးလား ခွဲခြားနိုင်သေးသည်။ တုန်းကျားဟွေ့ ရေးတဲ့ စကားလုံးတွေက အနည်းဆုံး စာရွက်ပေါ် လောင်းချပြီး မူးသလိုရေးတဲ့ စကားလုံးတွေနဲ့ မတူဘဲ တစ်ခုပြီးတစ်ခု သပ်သပ်ရပ်ရပ် ရေးထားသည်။

“သွားမယ် အိမ်ပြန်ထမင်းစားရအောင်၊ ဒီနေ့ မေရှန်း ဘာဟင်းချက်လဲမသိဘူး”

ကျောက်မေရှန်းက တုန်းကျားဟွေ့ဆီက လွန်ခဲ့သည့် နှစ်ရက်ကမှချင်း ချက်ခြင်းသင်ယူခဲ့သည်။ ကျားဟွေ့က ဟင်းပွဲပြင်ဆင်ခြင်းအကြောင်း အနည်းငယ် သင်ပေးသည်။ သူမရဲ့ ဟင်းချက်ကျွမ်းကျင်မှုက အရင်ကထက် အနည်းငယ် ပိုကောင်းလာသည်။ အနည်းဆုံးတော့ ဆီပေါက်တယ် ဆိုတာ ဘာလဲ သူမသိလာသည်။

“သမီးအချိန်တိုင်းနေဖို့ မလိုအပ်ဘူး။ ကြားချိန်မှာ အနားမှာ ဘယ်သူမှမရှိရင် ပြန်သွားလို့ရတယ်”

တုန်းကျားဟွေ့က ရွာသားများအား ကွင်းဆင်းလေ့လာခြင်းမပြုလုပ်မီ လူတိုင်းကို လယ်ယာသုံးကိရိယာများကို ချေးငှားပြီး အိမ်သို့ပြန်လာနိုင်သည်ကို သိရှိသော်လည်း ယနေ့သည် သူမ၏ ပထမဆုံးအလုပ်နေ့ဖြစ်သည်။ သူမသည် လုပ်ငန်းခွင်အသစ်ရှိသူများနှင့် သက်ဆိုင်သည်။ သူမသည် စစ်မှုထမ်းဟောင်းတစ်ယောက်လို ပြုမူခြင်းကမသင့်တော်ပေ။

“ဒါဆို အချိန်ရရင် ပြန်ပြီး ထမင်းချက်လိုက်ဦးမယ်”

အိမ်ပြန်ရောက်တော့ ဟင်းက စားပွဲပေါ်တင်ပြီးနေပြီ ဖြစ်ပြီး အိမ်ပြန်ရောက်ပြီး ထမင်းစားဖို့ စောင့်နေကြတာ ဖြစ်သည်။

ယင်းပေါင်က တုန်းကျားဟွေ့ ပြန်လာတာကိုမြင်တဲ့အခါမှာ သူမရဲ့ ခြေတံတိုတိုနဲ့ ပွေ့ဖက်ဖို့ တောင်းဆိုလာသည်။ တုန်းကျားဟွေ့က ပြုံးပြီး သူမကို လှမ်းချီလိုက်သည်။ သူမ မျက်နှာကို နမ်းလိုက်ပြီး “ ယင်းပေါင် ငါ့ကို လွမ်းနေတာလား။”

“သူမက အစ်မကို လွမ်းနေတာ။ အစ်မက သူမကိုအိမ်မှာ ဒီအရသာနဲ့ အရသာရှိတဲ့ အစားအစာကို ပေးခဲ့တယ်၊ ဒါကြောင့် ညီမက သူမအတွက် အစားအစာ ချက်ပေးပေမယ့် သူမက အဲဒါကို ကြိုက်တုန်းပဲ။”

ဟိုင်းဒန်က ညစာစားပွဲမှာထိုင်နေပြီး တုန်းကျားဟွေ့က ယင်းပေါင်ကို ချီပြီး နမ်းတာကို ကြည့်နေသည်။

ဟိုင်းဒန်က ဝမ်မိန့် သူ့အား တစ်ခါမှ မပေးဖူးသည့် ဤရင်းနှီးသောပုံစံကို သူ့စိတ်ထဲတွင် အနည်းငယ် မနာလိုဖြစ်မိခဲ့သည်။ သူ့မျက်လုံးများက သူမဆီမှာ သော့ခတ်ထားသော်လည်း သူ့နှုတ်ခမ်းသေးသေးလေးက တင်းတိမ်ကာ ကာထားရသည့် အနေအထားကို ပြသနေသည်။

နေ့လည်စာစားပြီးနောက်မှာ တုန်းကျားဟွေ့က ပန်းကန်တွေကို ဆေးကြောဖို့စတင်လုပ်ဆောင်ခဲ့သည်။ ဟိုင်းဒန်က တစ်ယောက်တည်း စားသောက်ပြီး သစ်ပင်အောက်တွင် ကျောက်တုံးများဖြင့် ကစားသည်။ တုန်းကျားဟွေ့က ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ ဟိုင်းဒန်က ဘောင်းဘီ အောက်နားကို ကုတ်နေပြီး သူ့ဘောင်းဘီမှာ အနည်းငယ်တိုနေသည်ကို တွေ့လိုက်ရသည်။ ဟိုင်းဒန်ရဲ့ ဖိနပ်တွေက အရမ်းဟောင်းနေပြီ ဖြစ်သည်။ သူက ကျောက်မန့်ဇူနောက်ကို နေ့တိုင်း လိုက်ခဲ့သည်။ သူ့အဝတ်အစားတွေနဲ့ ဖိနပ်တွေက ညစ်ပတ်လွယ်သည်။

“ဟိုင်းဒန်က လေးနှစ်ရှိပြီ အသိဉာဏ်မကြွယ်စေသင့်ဘူးလား။”

“အင်း၊ ဘာလို့ရုတ်တရက်ပြောတာလဲ။ ”

ယခုအချိန်တွင် မူကြိုကျောင်းများ အများအပြားမရှိပေ။ ရွာက ကလေးတွေက အသက် ခြောက်နှစ်၊ ခုနစ်နှစ်မှာ မူလတန်းကျောင်းတက်သည်။ ဟိုင်းဒန်ရဲ့ အရွယ်က ကျောင်းတက်ဖို့ အချိန်မရောက်သေးပေ။

နောက်ပြီး ယခုအချိန်တွင် ကျေးလက်နေကလေးများအတွက် အသိဉာဏ်ကြွယ်စေတာမျိုး မရှိပေ။

“သူက သင်ယူဖို့ အကောင်းဆုံးအရွယ်မှာ ရှိနေတဲ့အတွက် နေ့တိုင်း နည်းနည်းလောက် သင်ပေးရင် ကျောင်းသွားတဲ့အခါ တခြားသူတွေထက် မြန်မြန်ဆန်ဆန် သင်ယူနိုင်မှာ။”

သူမသည် ၎င်းတို့၏ “အမေ” သို့မဟုတ် “မေမေ” ဖြစ်ဖို့ တစ်ခါမှ မတောင်းဆိုသော်လည်း၊ သားသမီးများအတွက် အခြေခံကရုဏာရှိဆဲဖြစ်ပြီး ပြဿနာများကို တွေးတောသည့်အခါ အရွယ်ရောက်ပြီးသူ၏ တာဝန်ဝတ္တရားများကို ကျေပွန်ရန် အစွမ်းကုန်ကြိုးစားခဲ့သည်။

မျက်မှောက်ခေတ်တွင် အစောပိုင်းကလေးပညာရေးသည် ခေတ်စားလာပြီး ကလေးများအတွက် အစောပိုင်းအတန်းများကို ကလေးများကို စတင်ထားလာကြသည်။ လအနည်းငယ်သာရှိသေးသော ကလေးများသည် အစောပိုင်းပညာရေးအတန်းများကို စတင်သင်ကြားကြပြီး ကိုယ်ဝန်ဆောင်ပြီးပြီးချင်းတွင် ကိုယ်ဝန်ဆောင်ပညာရေးကို စတင်လုပ်ဆောင်သူများဖြစ်သည်။ မိခင်နှင့်သန္ဓေသားကြားတွင် ပြိုင်ပွဲများ ဆက်တိုက်ကျင်းပနေပြီဟု ဆိုနိုင်သည်။

တုန်းကျားဟွေ့က ဒီမေးခွန်းကို မေးတဲ့အခါ ကျောက်တုန်းလင် မတုန်လှုပ်ဘူးလို့ ပြောမယ်ဆို မှားလိမ့်မည်။ လက်တွေ့ဘဝတွင် တုန်းကျားဟွေ့က ဟိုင်းဒန်နဲ့ ယင်းပေါင်တို့ကို လုံလောက်စွာ ဂရုစိုက်ခဲ့သည်။ သူမသည် အလွန်အရည်အချင်းရှိသော မိထွေးဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သားသမီးတွေရဲ့ ဘဝကို ဂရုစိုက်ရုံသာမက သူတို့ရဲ့ ပညာရေးကိုလည်း ဂရုစိုက်တဲ့အတွက် အပြစ်တင်လို့ မရပေ။ ဒါက သူမရဲ့ စိတ်ထဲက ပူပန်မှုဖြစ်သည်။

ကျောက်တုန်းလင်က တုန်းကျားဟွေ့ လက်ကို ဆုပ်ကိုင်ထားပြီး သူမ၏လက်ဖဝါးကို ပွတ်သပ်ကာ စကားလုံးများစွာဖြင့်ပင် ယခုအခိုက်အတန့်တွင် သူခံစားရသည့် ခံစားချက်ကို ဖော်ပြနိုင်စွမ်းမရှိချေ။

“ကိုယ့်ဘဝမှာ ဆုံးဖြတ်ချက်တွေ အများကြီးချပြီးပြီ၊ စစ်တပ်ကို သွားဖို့အပြင် အိမ်မှာ လက်ထပ်ဖို့က အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ။ တကယ်ပါ။”

ဤရုတ်တရက် ဝန်ခံချက်ကြောင့် တုန်းကျားဟွေ့ မျက်နှာက အနည်းငယ် နီရဲသွားသည်။

“ဘာလို့ရုတ်တရက်ပြောလာတာလဲ။”

ကျောက်တုန်းလင်က သူမကို နူးညံ့သိမ်မွေ့စွာဖြင့် သူ့ရင်ခွင်ထဲသို့ ချောမွေ့စွာ ဖက်ထားသည်။

“ ကိုယ့် နှလုံးသားထဲက ပြောနေတာ။ အရင်ကတော့ ဟိုင်းဒန် နဲ့ ယင်းပေါင်တို့ကို ဒုက္ခရောက်စေမယ့် တစ်ယောက်ယောက်ကို ရှာတွေ့မှာကို ကိုယ် အစိုးရိမ်ဆုံးပဲ။ မင်းကို ပထမဆုံးတွေ့တုန်းက မင်းဟာ မိခင်ကောင်းနဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်လိမ့်မယ်လို့ ကိုယ်ထင်ခဲ့တာ၊ ကိုယ့် ရွေးချယ်မှုက မမှားဘူး။”

ကျောက်တုန်းလင်က ဟိုင်းဒန်နဲ့ ယင်းပေါင်ရဲ့ ခေါင်းစဉ်ကို ပထမဦးဆုံးအကြိမ် လုံးလုံးဖော်ပြခြင်းဖြစ်သည်။ တုန်းကျားဟွေ့က သူမ၏ နှလုံးသားထဲတွင် ပြောမပြနိုင်သော ခံစားချက်တစ်ခုရှိသည်။ ဟိုင်းဒန် နဲ့ ယင်းပေါင်ကို တကယ်ချစ်ပေမယ့် နှစ်ယောက်စလုံးက သူမရဲ့ သားသမီးတွေ မဟုတ်ကြပေ။ ၎င်းတို့က ကျောက်တုန်းလင်ရဲ့ သားသမီးများဖြစ်ပြီး အခြားသူတစ်ဦးဖြစ်သည်။ ကျောက်တုန်းလင်က သူ့ဇနီးဟောင်း ဝမ်မိန့်ကို မကြာခဏ တွေးတောနေသလားဟု တစ်ခါတစ်ရံ တွေးမိသည်။ “တစ်ည၊ ရက်တစ်ရာ ကျေးဇူးတော် ” ဆိုတဲ့ စကားအတိုင်းပါပဲ။ သူတို့ နှစ်ယောက်မှာ သားသမီးတွေ ရှိနေပြီလို့ မပြောဘဲ ကမောက်ကမ ဖြစ်နေကြသည်။

“ဘာမှားလို့လဲ။”

တုန်းကျားဟွေ့က ခေါင်းခါလိုက်ပြီး “ဘာမှမဟုတ်ပါဘူး၊ တကယ်လို့ကျွန်မက ဟိုင်းဒန်နဲ့ ယင်းပေါင်အပေါ်မှာ မကောင်းဘူးဆိုရင် ရှင် ကျွန်မကို အရမ်းစိတ်ပျက်သွားလိမ့်မယ်...”

“တကယ်လို့” ဆိုတာမျိုး မရှိပါဘူး။ အဲဒါကို ကိုယ်သိတယ်။ မင်းသူတို့အပေါ် ကောင်းလိမ့်မယ်ဆိုတာ ငါကိုယ်သိတယ်၊ အစကတည်းက ကိုယ်ယုံကြည်တယ်။ ”

“အများကြီး မတွေးပါနဲ့။ ဒီအကြောင်းကြောင့် ကိုယ် မင်းကို လက်ထပ်ချင်ခဲ့တာမဟုတ်ဘူး။ ကိုယ် မင်းကို အရမ်း သဘောကျတယ်။ မင်းရဲ့ ကိုယ်ကျင့်တရားနဲ့ အကျင့်စာရိတ္တက အစိတ်အပိုင်းတစ်ခုပဲလေ။ ”

ကျောက်တုန်းလင်က ကျားဟွေ့ နားလည်မှုလွဲသွားမည်ကို ကြောက်ရွံ့ခဲ့သည်။ ရှင်းပြဖို့ အလျင်လိုနေတယ်။ တုန်းကျားဟွေ့က ရယ်မောလိုက်သည်။ “ရှင်ဘာတွေ စိတ်ပူနေတာလဲ။ ကျွန်မအဲဒါပဲမေးတာ။ ဘာပဲဖြစ်ဖြစ် ရှင် ကျွန်မကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ဆံပြီး တခြားသူတွေအကြောင်း မတွေးနေသရွေ့ ကျွန်မ ကလေးတွေအပေါ် ကောင်းလိမ့်မယ်၊ ဒါပေမယ့် ရှင်စိတ်ပြောင်းသွားရင် ရှင့်ကို ကောင်းကောင်းကြည့်ရလိမ့်မယ်။ ”

သူမက ကျောက်တုန်းလင်ကို လက်ထပ်ပြီး အဆင်ပြေသော မိထွေးဖြစ်ရန် ဆန္ဒရှိခဲ့သည်။ အခြေအနေအရ အတင်းအကြပ် ခိုင်းစေခြင်းအပြင် ကျောက်တုန်းလင်ကိုလည်း သဘာဝအတိုင်း အလေးထားသည်။ အိမ်ထောင်ကွဲပြီး ကလေးနှစ်ယောက်ရှိပေမယ့် ချောမောပြီး အသက်မကြီးသေးပေ။ အနည်းဆုံး အသက် 30 က ယနေ့ခေတ်တွင် စံပြခေတ်ဖြစ်သည်။

နောက်ပြီး သူ့မှာ ဖော်မပြနိုင်သော စိတ်ဓာတ်၊ စစ်သားတစ်ဦး၏ ဇွဲလုံ့လနှင့် ယဉ်ကျေးမှု လက်အောက်ခံ ပုဂ္ဂိုလ်တစ်ဦး၏ အဓိပ္ပါယ်လည်း ရှိသည်။ ဒီလိုလူမျိုးက ခေတ်မှားပြီး မွေးဖွားလာတာ ဖြစ်သည်။ ယခုခေတ်တွင် သူသည် ကောင်းမွန်သော အသက်မွေးဝမ်းကြောင်းကို ရရှိနိုင်မည်ဖြစ်သည်။

တုန်းကျားဟွေ့က နေ့ခင်းဘက် ဂိုဒေါင်သွားချိန်မှာ ကျောက်တုန်းလင် သူမအတွက် ဝယ်ခဲ့တဲ့ နာရီကို ဝတ်ဆင်ခဲ့သည်။ အိမ်မှုကိစ္စအတွက် ဝတ်ရတာ အဆင်မပြေပေမယ့် အခုတော့ ထိန်းသိမ်းစောင့်ရှောက်သူ အလုပ်ကို လုပ်ရတာမလို့ တော်တော်ကို သင့်တော်သည်။

တုန်းကျားဟွေ့ ထွက်သွားတုန်းက ကျန့်ယွဲ့ဖန် မျက်လုံးထဲကို ပြေးဝင်သွားပြီး ကျန့်ယွဲ့ဖန်ရဲ့ မျက်လုံးတွေက ရေဒါနဲ့တူသည်။ တုန်းကျားဟွေ့ရဲ့ လက်ကောက်ဝတ်ကို ချက်ချင်း သတိပြုမိသည်။

“ငါ့ယောင်းမမှာ နာရီတစ်လုံးရှိတာပဲ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ယောင်းမ ဝတ်တာကို ငါမတွေ့ဖူးဘူး။ ”

ကျန့်ယွဲ့ဖန်ရဲ့ မျက်လုံးများက ပူလောင်နေပြီး သူမ၏ စကားများသည် နားမလည်နိုင်အောင် ဖြစ်နေသည်။ တုန်းကျားဟွေ့က တစ်ဝက်လောက်စစ်မှန်တဲ့ အပြုံးနဲ့ ပြောလာသည်။ “ ငါ့မှာ ရှိတာကို ဘယ်သူ့ကိုမှ ပြောနေစရာ မလိုဘူး။ ငါ့မှာ နာရီတစ်လုံးရှိတယ်၊ ငါလိုချင်တဲ့အချိန်တိုင်းဝတ်လို့ရတယ် ပြဿနာရှိလား။ ”

တုန်းကျားဟွေ့ စကားပြီးသွားတဲ့အခါ ကျန့်ယွဲ့ဖန်ရဲ့ မျက်နှာကို သူမ ဂရုမစိုက်ပေ။ သူမက ဂိုဒေါင်၏ဦးတည်ရာသို့ တိုက်ရိုက်သွားကာ ကျန့်ယွဲ့ဖန် မျက်နှာပေါ်တွင် ကြောက်စရာကောင်းသောအကြည့်ဖြင့် ထားခဲ့သည်။ သူမက တုန်းကျားဟွေ့ ကျောကိုကြည့်ရင်း အံကြိတ်နေသည်။

လက်ပတ်နာရီက အသစ်ဖြစ်ဆဲပဲ ရား အဲဒါက ကျိန်းသေပးပဲ။ ယောင်းမကို သတို့သမီးကြေးအဖြစ် တိတ်တဆိတ် ပေးခဲ့တာလား။ တုန်း မိသားစုရဲ့ ခန်းဝင်ပစ္စည်းဖြစ်ခဲ့ရင် ခန်းဝင်ပစ္စည်း ပေးတဲ့အခါမှာ ဘာလို့ မထုတ်တာလဲ။ နောက်ပြီး တုန်း မိသားစု အခြေအနေက အလွန်ကောင်းမွန်တာ်လို့ မပြောနိုင်ပေ။ အပ်ချုပ်စက်နှင့် လက်ပတ်နာရီကို တစ်ချိန်တည်းတွင် မပေးနိုင်ကြချေ။ ၎င်းသည် ရှန်ဟိုင်းအမှတ်တံဆိပ်ဖြစ်ပြီး ယွမ် 100 ထက် ပိုသင့်သည်။

ကျန့်ယွဲ့ဖန်က အမှန်တရားကို ခန့်မှန်းခဲ့တာလို့ ပြောရမှာဘဲ၊ ဒါပေမယ့် သူမဟာ လူမှားသွားသည်။ ဤနာရီသည် သတို့သမီးကြေးမဟုတ်ပေ။ ကျောက်တုန်းလင်က သူ့ဇနီးအတွက် နာရီဝယ်ဖို့ စစ်တပ်စရိတ်ကို အသုံးပြုခဲ့သည်။ အဲ့ဒါ သူ့ကိုယ်ပိုင်ငွေနဲ့ ဖြစ်သည်။

.........

ကိုးကားချက်

↑1 – “ပြုံးနေသောသူကို မထိမခိုက်ဘဲ ထွက်သွားပါ” တစ်ဖက်သားကမျက်နှာမှာ အပြုံးနဲ့ သူတို့ရဲ့ အမှားကို ဝန်ခံပြီးပြီပဲ။ ဒီအချိန်မှာ လူကို ထပ်ရိုက်ရမှာ မရှက်ဘူးလား။

↑2 - ခြယ်လှယ်တဲ့ ခေါင်းအုံး- ရုပ်ရည်သွင်ပြင်ရှိပေမယ့် ဉာဏ်ရည်ဉာဏ်သွေးမရှိသူ။

All Chapters