အဆိပ်ရှိသော အပင်များ
Vol. 24 Ch. 358
အဖိုးအို၏ အမိန့်ပေးသောလေသံသည် ဒီတစ်သက်ပျောက်ကွယ်သွားတော့မည် မဟုတ်ပါဟု ရှောက်ရွှမ်တွေးလိုက်မိသည်။ များသောအားဖြင့် သူသည် လူများကို ခိုင်းနေကျ ဖြစ်နေသဖြင့် အကျင့်ပါနေခြင်းဖြစ်သည်။ ထိုအဖိုးအိုသည် “ကျေဇူးပြု၍တို့…ကူညီပေးပါတို့” အစရှိသော စကားလုံးများကို သုံးလေ့သုံးထ သိပ်မရှိပါ။
အဖိုးအိုသည် အရပ်မျက်နှာတစ်ဖက်ကို စိတ်လှုပ်ရှားစွာ ညွှန်ပြနေသည်ကို မြင်လိုက်ရသောအခါ ရှောက်ရွှမ်သည် ထိုနေရာကို ကြည့်လိုက်မိသည်။ တောင်နံရံတွင် နောက်မြက်တစ်မျိုးကိုတွေ့လိုက်ရသည်။ ထိုမြက်ကတော့ သာမန်မြက်ပင်များအတိုင်း ပင်။ ရှောက်ရွှမ်ခြေထောက်အောက်မှ မြက်များနှင့်အတူတူပင်ဖြစ်သည်။ သို့သော် အရွက်ကတော့ အနည်းငယ်သေးငယ်
ပြီး အလျားကတော့ နည်းနည်းပိုရှည်ပါသည်။
“အဲဒါ ဘာမြက်အမျိုးအစားလဲ…ဘာအတွက်သုံးတာလဲ ရှောက်ရွှမ်ကမေးလိုက်သည်။
“ငါမသိဘူး”
“မသိဘဲနဲ့များ အဲဒီလောက် စိတ်လှုပ်ရှားရလား” ရှောက်ရွှမ်ပြောလိုက်သည်။
“စိတ်လှုပ်ရှားတာပေါ့ကွ…အဲဒီလိုမြက်မျိုးအရင်က တစ်ခါမှ မမြင်ဖူးဘူးလေ” အဖိုးအိုသည် တောင်နံရံကိုကြည့်လိုက်ပြီးနောက် ရှောက်ရွှမ်ကို “မြန်မြန်လုပ်” ဟု တိုက်တွန်းလိုက်သည်။
ရှောက်ရွှမ်သည် ခေါင်းခါယမ်းလိုက်ပြီး အဖိုးအိုအလျင်လိုနေတိုင်း သူက အလျင်စလိုလိုက်မလုပ်ရန် ဆုံးဖြတ် လိုက်သည်။ ထိုမြက်ရှိသောနေရာသို့ တက်ရန်မှာ ရှောက်ရွှမ်အတွက်တော့ ဘာမှမကြာပါ။ တောင်တက်သောအခါတွင်
လည်း အခက်အခဲမရှိ တက်သွားနိုင်သည်။ အရင်အခေါက်ကလိုပင် ရှောက်ရွှမ်သည် အဖိုးအို၏ ဓားမြောင်ဖြင့် မြက်ကို တူးထုတ်လိုက်သည်။ ထို့နောက် မြက်ပင်ကို အဖိုးအိုဆီသို့ ပစ်ပေးလိုက်သည်။
မျိုးနွယ်စုထဲတွင် သုံးနေကျအပင်များမှ လွဲ၍ ရှောက်ရွှမ်သည် အခြားအပင်များ အကြောင်း သိပ်မရင်းနှီးပါ။ ပင်လယ်ပြင်၏ သူရောက်နေသော ဘက်ခြမ်းတွင်ရှိသော အပင်များအကြောင်းဆိုလျှင် ပိုတောင်မသိသေးပါ။ ရှောက်ရွှမ်သည် ထိုမြက်က ဘာများ ထူးခြားနေသလဲ သိချင်သဖြင့် အဖိုးအို ဘာလုပ်မလဲ ကြည့်နေလိုက်သည်။
အဖိုးအိုသည် မြက်ပင်ကို သေချာကြည့်ပြီး အနံ့ခံကြည့်နေသည်ကို ရှောက်ရွှမ် တွေ့လိုက်ရသည်။ ထို့နောက် သစ်ရွက်တစ်ခုကို ဖြတ်ထုတ်လိုက်သည်။ ထို့နောက် သစ်ရွက် ထိပ်ဖျားလေးကို ဖြည်းဖြည်းချင်း အရသာခံကြည့်နေသည်။
“အရသာ ဘယ်လိုနေလဲ” ရှောက်ရွှမ်ကမေးလိုက်သည်။
အဖိုးအိုက ခေါင်းခါယမ်းလိုက်ရင်း “ဘာအရသာမှမရှိဘူး…ထူးဆန်းတယ်…မြက်ပင် အရသာတောင်မရှိဘူး”
“ဘာဖြစ်လို့လဲ” ရှောက်ရွှမ်ကမေးလိုက်သည်။
“အကြံတစ်ခုရပြီ…ဒါပေမဲ့ ငါ့စိတ်ထဲမှာ တမျိုးဖြစ်နေတယ်” အဖိုးအိုက ပြောလိုက်သည်။
“စိတ်ထဲတစ်ခုခုဖြစ်နေတယ်ဆိုပြီး မြက်ပင်ကို ဆက်ဝါးနေရသလား”။
အဖိုးအိုသည် သစ်ရွက်တစ်ခုလုံးကို ဝါးစားလိုက်ပြီးနောက် မျက်နှာကြီး ရှုံ့မဲ့သွားသည် ကိုရှောက်ရွှမ်တွေ့လိုက်ရသည်။ မျက်နှာပေါ်ရှိ ကြွက်သားများမှာ ထိန်းချုပ်၍မရလောက် အောင် တွန့်လိမ်ကုန်သည်။ အသားရောင်မှာလည်း ပြာနှမ်းသွားသည်။
“ဒါအဆိပ်မိနေတာ” ။
“ထွေးထုတ်လိုက်” ရှောက်ရွှမ်က အဖိုးအိုကို တိုက်တွန်းလိုက်သည်။ ဘေးဘီကို ကြည့်လိုက်ပြီးနောက် သစ်ကိုင်းတစ်ခုကို ယူကာ အဖိုးအို၏ အရေပြားကို ကုတ်ခြစ် ပေးနေသည်။ ရှောက်ရွှမ်သည် အဖိုးအိုကို အန်ထွက်အောင် လုပ်ပေးနေခြင်း ဖြစ်သည်။
ရှောက်ရွှမ်သည် သူ့လည်ပင်းကို သစ်ကိုင်းခြောက်ဖြင့် ထိုးနေသည်ကို အဖိုးအိုက တွေ့လိုက်သည်။ ရှောက်ရွှမ်ဘာလုပ်မည်ကို သိနေသဖြင့် အဖိုးအိုသည် သစ်ကိုင်းကို ခေါင်းလှည့်ပြီး ရှောင်လိုက်သည်။ ထို့နောက် ရှောက်ရွှမ်ကို လက်မောင်းဖြင့် ကာ၍ “မလုပ်နဲ့…ငါဘာမှ မဖြစ်ဘူး” ဟုပြောလိုက်သည်။
ရှောက်ရွှမ် ခဏကြောင်သွားသည်။ အဖိုးအိုသည် သူ့ကို ဘာမှ မလုပ်ရန် ပြောနေသည်။
“ကောင်းပြီလေ…ဒါဆိုလည်း ထွက်သွားရုံပဲပေါ့” ရှောက်ရွှမ်တွေးလိုက်သည် “အဆိပ်မိတာ ငါမှမဟုတ်ဘဲ…ဘာမှစိုးရိမ်နေစရာမလိုပါဘူး” ။
အဖိုးအိုသည် မြက်ပင်များကို ထွေးထုတ်မည် သို့မဟုတ် သူသိမ်းထားသော အဆိပ်ဖြေဆေးတစ်ခုခုကို ထုတ်စားလိမ့်မည်ဟု ရှောက်ရွှမ်က ထင်နေသည်။ သို့သော် အဖိုးအို၏ အပြုအမူကြောင့် ရှောက်ရွှမ် အံ့ဩသွားသည်။
ဝေဒနာကြောင့် အဖိုးအို၏မျက်နှာမှာ ရှုံ့မဲ့နေသည်။ မျက်နှာပေါ်ရှိ ကြွက်သားများ မှာလည်း တင်းမာနေသည်။ ခြေ၂လှမ်းလောက် လှမ်းလိုက်ပြီးသောအခါ အဖိုးအိုသည် တောင်နံရံကို မှီ၍ ထိုင်နေလိုက်သည်။
“လောင်ကျွီ…အဆင်ပြေရဲ့လား…အဆိပ်ဖြေဆေးတစ်ခုခု စားလိုက်ပါလား” ရှောက်ရွှမ်က အကြံပေးလိုက်သည်။
အဖိုးအိုသည် စကားပြန်မပြောပါ။ သူ့လက်
များကို ညင်သာစွာချထားရင် ငြိမ်သက်စွာ ထိုင်နေသည်။ စကားမပြောဘဲ မျက်လုံးများကို မှိတ်ထားလေသည်။ သူ့ရင်ဘတ်သည် အသက်ရှူနေခြင်းကြောင့် နိမ့်ချီ၊မြင့်ချီ လှုပ်ရှားနေမှုသာ မရှိတော့ပါက၊ သူ့ကို မြင်သူများက အသက်မရှိတော့သူတစ်ယောက်ဟု ထင်သွားမည် ဖြစ်သည်။
အသက်ရှူ တဖြည်းဖြည်းနှေးလာသည်။
ရှောက်ရွှမ်သည် အဖိုးအိုကို ကြည့်ရင်း စဉ်းစားမိသည် “ဒီအဖိုးကြီး သေမှာလား မသိဘူး”။
အဖိုးအိုတစ်ယောက် အဆိပ်ဖြေဆေးစားခြင်း သို့မဟုတ် အန်ထုတ်ခြင်းတို့ကို မလုပ်သေးပါ။ အဆိပ်၏ဝေဒနာကိုသာ ဆက်၍ခံနေရသည်။ “အဖိုးကြီးက သေတော့မှာလား…သေမယ်ဆိုလည်း သေတာကြာလှရောပေါ့”။
ရုတ်တရက် အဖိုးအို၏ ကိုယ်ပေါ်တွင် အနက်ရောင် အစင်းကြောင်းများ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ မျက်နှာနှင့် လက်များပေါ်တွင်
ပေါ်လာခြင်း ဖြစ်သည်။ အဝတ်များနှင့် ဖုံးကာထားခြင်းမရှိသော အရေပြားပေါ်တွင် အနက်ရောင် ဆေးမင်ကြောင်တစ်ခု ထွက်ပေါ်လာသည်။
“နတ်အမှတ်အသားလား”
ရှောက်ရွှမ်၏ စိတ်ထဲတွင် မီးတောက် တစ်ခုကို မြင်နေရသည်။ ထိုမီးတောက်သည် အဖိုးအို၏ ကိုယ်တွင်းရှိ စွမ်းအင်အရင်းအမြစ်ဖြစ်သည်။ သို့သော် မီးတောက်ထဲတွင် မသဲကွဲသော အရိပ်တစ်ခုကိုတွေ့လိုက်ရသည်။ မီးတောက်များဝိုင်းရံထားသောကြောင့် မီးတောက်အလယ်မှ အရိပ်ကို သဲကွဲစွာ မမြင်လိုက်ရပါ။
အနီရောင်နှင့်အပြာရောင် မီးတောက်ဖျော့ဖျော့များက တစ်ခုနှင့်တစ်ခု ယှက်လိမ်နေကြသည်။ တဖြည်းဖြည်းနှင့် မီးတောက်များမှာ အားပိုကောင်းလာသည်။ မီးတောက်အတွင်းမှ အရိပ်သည်လည်း တဖြည်းဖြည်း ကြီးလာသည်။
အဖိုးအို၏ ဆေးမင်ကြောင်ကို ကြည့်လိုက်သောအခါ မူလအနက်ရောင်မှ အစိမ်းရောင်တောက်တောက် အရောင်သို့ ပြောင်းလဲသွားသည်ကို ရှောက်ရွှမ်တွေ့လိုက် ရသည်။ အဖိုးအို၏ ငွေရောင်မျက်နှာသည်လည်း တဖြည်းဖြည်းကျသွားသည်။ ထိုနေရာတွင် ပိတ်လှောင်နေသော လေများထွက်သွားပြီး စွမ်းအားကြီးသော အသက်ဓာတ်တစ်ခုက နေရာယူလိုက်သည်။
အဖိုးအို၏မျက်နှာပေါ်မှ မီးခိုးရောင်များ ပျောက်ကွယ်သွားသည့်အခါ အစိမ်းရောင် ဆေးမင်ကြောင်များလည်း ပျောက်ကွယ်သွားသည်။ အဖိုးအို၏ ပုံပန်းကို ကြည့်လိုက်သောအခါ အဆိပ်ပင်ကို စားထားပြီး အဆိပ်ကြောင့်သေမလို ဖြစ်ခဲ့သော လူတစ်ယောက်နှင့် လုံးဝမတူပေ။ ရှောက်ရွှမ်သည် သူကိုယ်တိုင် မျက်စိဖြင့် မြင်ခြင်း မဟုတ်လျှင် ယုံမည်မဟုတ်ပါ။
ထို့ကြောင့် အဖိုးအိုသည် အဆိပ်မိမှာ မကြောက်ခြင်းဖြစ်လေသည်။ အဖိုးအိုသည် သူ့ကိုယ်သူ ကယ်တင်နိုင်သော အစွမ်းရှိလေသည်။
ထိုအခါကျမှ ရှောက်ရွှမ်လည်း စိတ်သက်သာရာရသွားသည်။
အဖိုးအိုသည် သက်ပြင်းချလိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် ကိုင်ထားသည့် ဘာမှမထူးခြားသော မြက်ပင်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
အဖိုးအိုသည် ထိုမြက်ပင်ကို သေချာသိမ်းလိုက်သည်ကို တွေ့သောအခါ ရှောက်ရွှမ်က “ခင်ဗျား ဘာမှမဖြစ်တာ တကယ်လား” ဟုမေးလိုက်သည်။
“ငါဘာမှမဖြစ်ပါဘူး…ဒီအဆိပ်လောက်က မပြောပလောက်ပါဘူး” အဖိုးအိုက တကယ်အရေးမလုပ်ပါ။ သူ့လေသံမှာ ပြေပြစ်သွားပြီး သူ့ကိုကြည့်ရသည်မှာ အေးဆေးပင်ဖြစ်သည်။
ထိုအဖိုးအိုသည် ထိုကဲ့သို့ပင်ဖြစ်သည်။ အဖိုးအိုနေရာတွင် တခြားသူဆိုပါက အဆိပ်မိပြီး သေ
သွားမည် ဖြစ်သည်။
“တောင်ခြေကနေပြီး အခုရောက်နေတဲ့နေရာအထိ ငါမြည်းလာတဲ့ မြက်တွေ အမျိုးပေါင်း ရာနဲ့ချီနေပြီ…အဲဒီထဲမှာ အဆိပ်ရှိတဲ့ မြက်တွေလည်း ပါတာပေါ့…အခုငါဝါးလိုက်တဲ့ မြက်က အဆိပ်အပြင်းဆုံး မြက်မဟုတ်သေးဘူး” အဖိုးအိုက ဘာမှ မဖြစ်သလို ပြောလိုက်သည်။
အဖိုးအို၏မျက်လုံးများသည် ဂုဏ်ယူမှုကြောင့် တောက်ပြောင်သွားသည်ကို တွေ့လိုက်ရသောအခါ ရှောက်ရွှမ်သည် သူပြောမည့် စကားများကို မပြောတော့ပါ။
ရှောက်ရွှမ် အံ့ဩနေလိမ့်မည်ဟု အဖိုးအိုက ထင်ထားသည်။ သူသည် ရှောက်ရွှမ် အောက်ပြန်ဆင်းလာမည်ကို စောင့်နေလိုက်သည်။ သို့သော် သူအပေါ်မော့ကြည့်လိုက်သောအခါ ရှောက်ရွှမ် ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။ အဖိုးအိုသည် ရှောက်ရွှမ်၏ အကူအညီကို လိုအပ်သေးသဖြင့် ရှောက်ရွှမ်နောက်ကို ပေးလိုက်သွားသည်။
မြက်များကို ရအောင် ယူရန်အတွက် ရှောက်ရွှမ်၏ အကူအညီယူရဦးမည် ဖြစ်သည်။ ရှောက်ရွှမ်နှင့်မတွေ့ခင်တုန်းက သူ့ခရီးစဉ်တလျှောက်တွင် ထူးဆန်းသောမြက်ပင်များကို တွေ့ခဲ့သော်လည်း ရအောင်မယူနိုင်ခဲ့ပါ။ ရအောင် မယူနိုင်သည့်အပြင် လက်တစ်ဖက်ပင် ကျိုးခဲ့ရသည်။ လက်ကျိုးပြီးနောက် အဖိုးအိုသည် မြက်ပင်များကို ရယူရန် လက်လျှော့လိုက်ရသည်။ သို့သော် အခုတော့ အခြေအနေက ပြောင်းလဲသွားပြီ။ သူ့ကို မြက်ပင်တူးပေးနိုင်သည့်သူ တစ်ယောက်ရှိခြင်းသည် အဖိုးအိုအတွက် တော်တော် အကျိုးရှိလေသည်။
အဖိုးအို၏ အပင်ရှာသည့်ကိစ္စများကြောင့် ရှောက်ရွှမ်သည် အတိုဆုံးလမ်းကို ရွေးချယ်မသွားတော့ပါ။ သူသည် အပင်များရှာရန် တောင်တစ်လုံးကို ဖြတ်ကျော်လျှင် ဖြတ်ကျော်သွားမည်။ သို့သော် မူလဦးတည်ရာကိုတော့မပြောင်းလဲပစ်ပါ။ ခရီးစဉ်ကတော့ မူလက မျှော်မှန်းထားသည်ထက် ပိုရှည်လျားသွားလေသည်။
ရှောက်ရွှမ်သည် အဖိုးအိုနောက်ကလိုက်ရင်း အဆိပ်ရှိသော အပင်အချို့ကို စုဆောင်းခဲ့လေသည်။ အပင်ပေါင်းမျိုးစုံအောင်လည်းတွေ့ရပါသည်။ သူ၏ စကားများခြင်းကို နားထောင်နိုင်သော သူတွေ့ရခဲသဖြင့် အဖိုးအိုသည် အချိန်ကုန်မည်ကို မစိုးရိမ်ပါ။ အဖိုးအိုသည် သူသိထားသော အပင်များ၏ တည်နေရာနှင့် နေရာဒေသများ အကြောင်းကို ပြောဆိုနေလေသည်။
အဖိုးအို၏ စကားများထဲမှ ဆေးဘက်ဝင်သော အပင်များအကြောင်းကို သိလာရသည်သာမက မျိုးနွယ်စုများနှင့် မြို့တော်များ၏ တည်နေရာများကိုပါ ရှောက်ရွှမ်သိခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် ယခုခရီးသည် ရှောက်ရွှမ်အတွက်တော့ အကျိုးရှိပါသည်။
ပျံသန်းနေသာ ပိုးမွှားများကို ကြည့်ပြီး ခန့်မှန်း၍ ရကြောင်းကို အဖိုးအိုက ရှောက်ရွှမ်ကို ပြောြပသည်။ ပိုးမွှားများသည် တစ်ကောင်နှင့်တစ်ကောင် အကြိုက်မတူ သဖြင့် ပိုးမွားများကို
ကြည့်ပြီး ခန့်မှန်းခြင်းဖြင့် အချိန်ကုန်သက်သာစေနိုင်ပါသည်။
“ပျံသန်းတဲ့ပိုးမွှားတွေအပြင် တချို့သားကောင်တွေကို…” အဖိုးအိုသည် ငှက်ကလေးတစ်ကောင်ကို လက်ညှိုးထိုးပြမည် လုပ်ပြီးမှ နားရွက် တစ်ချက်ခတ်လိုက်ပြီး စကားကို ဆက်ပြောလိုက်သည်။ အဖိုးအို၏ မျက်လုံးများသည် ငှက်ကို မကြည့်တော့ဘဲ နောက်တစ်နေရာသို့ ကြည့်နေလေသည်။ ထိုအချိန်မှာပင် သူ့လက်ကလည်း ရှောက်ရွှမ်ကို အသံမထွက်ရန် အချက်ပြနေသည်။
အဖိုးအိုကြည့်နေသော နေရာသည် မြက်တောထူသောနေရာ ဖြစ်ကြောင်း ရှောက်ရွှမ် မြင်တွေ့လိုက်ရသည်။
မြက်ပင်များအနောက်တွင် မီးခိုရောင်အမွှေးများရှိသော ကြွက်နှင့်တူသည့် သတ္တဝါတစ်ကောင် ပုန်းနေပါသည်။ ၎င်းသည် သူ့ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို နားစွင့်နေပြီး တစ်ခါတစ်ခါတွင် လေထဲတွင် အနံခံရန် သူ့ခေါင်း
ကို မြက်ပင်များနောက်မှ ထုတ်လိုက်ပါသည်။ ထို့နောက် မျက်စိတမှိတ်အတွင်း ထိုသတ္တဝါသည် မြက်ပင်များနောက်မှ ခုန်ထွက်လာပြီး ထွက်ပြေးသွားသည်။
“လုပ်လေ…နောက်ကလိုက်သွား” အဖိုးအိုသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး ရှောက်ရွှမ်ကို တီးတိုးလှမ်းပြောလိုက်လေသည်။