ရှောက်ရွှမ်တစ်ယောက် သူငယ်ချင်းတစ်ယောက်နှင့်အတူ မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သော ရှေးဟောင်းသုတေသန ဂူတစ်ခုသို့ လေ့လာရေးခရီး ရောက်ခဲ့သည်။ မထင်မှတ်စွာဖြင့် သာမန်ဆန်သော ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်မိသည်နှင့် မတူညီသည့်ကမ္ဘာကို ပို့ဆောင်ခံလိုက်ရပြီး မိဘမဲ့ကလေးငယ်လေးတစ်ဦး၏ ခန္ဓာကိုယ်ထဲ၌ နိုးထလာခဲ့ရသည်။ ယခု သူရောက်ရှိနေသော ကမ္ဘာကြီးသည် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ရှေးခေတ် ကိရိယာများ နှင့်အတူ လူသားဖြစ်စဉ်တို့ နှေးကွေးနေဆဲ။ ကြမ်းတမ်းခက်ထန်သည့် လူသားများကသာ အထူးအဆန်းဖြစ်နေသည်မဟုတ် အစွမ်းထက်သည့် လူသားများမှာ သစ်ပင်များနှင့် ကျောက်ဆောင်များထက်ပင် မြင့်အောင် ခုန်နိုင်ကြသေးသည်။ ရှင်းရှင်းပြောရပါက သူတို့ဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံ နိုင်ကြသည်။ ဒါတွေအားလုံးတင်မက စားနပ်ရိက္ခာရှားပါးမှုကြောင့် အသက်ရှင်ရပ်တည်ဖို့ တကယ့်ကို ရုန်းကန်နေကြရသေးသည်။ ရှောက်ရွှမ်တစ်ယောက် သူ၏ အိမ်မွေးဝံပုလွေ ဆီဇာနှင့်အတူ အနှီ ရက်စက်ကြမ်းကြုတ်သောကမ္ဘာတွင် ရှင်သန်နိုင်ရန် ကြိုးစားရတော့သည်။

