← Chapters

ရွက်လှေတည်ဆောက်ခြင်း

Vol. 10 Ch. 150

ရွက်လှေတည်ဆောက်ခြင်း

Vol. 10 Ch. 150

တစ်စုံတစ်ယောက်က မျိုးနွယ်စုကိုလေ့လာကြည့်မည်ဆိုပါက အပြောင်းအလဲမရှိဟု သာထင်မိမည်ဖြစ်သည်။ သို့သော် သေချာအကဲခတ်လေ့လာကြည့်မည်ဆိုပါက မျိုးနွယ်စုထဲတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို လွယ်ကူစွာ တွေ့နိုင်ပါသည်။ မျိူးနွယ်စုထဲမှ လူများကိုယ်တိုင်ကလည်း ထိုကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်လာသည့်အတွက် အံ့သြသင့်နေကြသည်။

ဥပမာအနေဖြင့် ပြောရလျှင် အသက်အရွယ်ကြီးနေပြီ ဖြစ်သော လူအိုကြီးများ မြစ်ကမ်းနံဘေးတွင် ခေါက်တုန့်ခေါက်ပြန်သွားလာနေသည်ကို တွေ့မြင်ရခြင်းမျိုးဖြစ်သည်။ ထိုအပြောင်းအလဲများက တောင်ခြေတွင်နေသာ လူများ၏ သိလိုစိတ်ကို ပိုမိုပြင်းထန်လာစေခဲ့သည်။ အရမ်းသိချင်လာသဖြင့် ငါးဖမ်းရမည့်အချိန်မှာတောင် ငါးမဖမ်းဘဲ သူတို့သည် မြစ်ကမ်းနံဘေးသို့ လာသော လူအိုကြီးများ စောင့်

ကြည့်အကဲခတ်နေကြသည်။

ထို့ကြောင့် မျိုးနွယ်စုထဲမှ လူများတွင် အလေ့အကျင့် အသစ်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ ထိုအလေ့အကျင့်မှာ အချိန်အားရလျှင် မြစ်ကမ်းနံဘေးကို သွားကြည့်တတ်သော အလေ့အကျင့်ပင်ဖြစ်လေသည်။ သူတို့သည် မျိုးနွယ်စုထဲမှ အဆင့်မြင့် မိသားစုဝင်တစ်ယောက်နှင့်တွေ့ဆုံပြီး ဘဝအကြောင်း ဆွေးနွေးကြမည်လား။

ထို့ပြင် စိတ်တိုတတ်သော လူအိုကြီးများက ရှောက်ရွှမ်ကို ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေသည်ကို တောင်ပေါ်မှ လူများသိလိုက်ရသည်။ လူအိုကြီးများ၏ အပြုအမူကို ကြည့်ပြီး သူတို့သည် မယုံနိုင်အောင် ဖြစ်နေကြသည်။

ထို့ပြင် အမဲလိုက်အဖွဲ့ခေါင်းဆောင်၂ယောက် ရှောက်ရွှမ်ကို ကြည့်သောအကြည့်များ မှာ ထူးဆန်းနေသည်။

ထို့ပြင် အားလုံးအတွက် ပဟေဠိဖြစ်နေသော ကိစ္စတစ်ခုလည်း ရှိသေးသည်။ မိုးရာသီကျရောက်လာ

သောအခါ မျိုးနွယ်စုထဲမှ အရေးပါသော လူများသည် မိုးကို အမှုမထားဘဲ နေ့စဉ်မြစ်ထဲသို့ ဆင်းကြသည်။ အတိတ်တုန်းကဆိုလျှင် ထိုသို့ တစ်ခါမှ မဖြစ်ခဲ့ဘူးပါ။ ဘိုးဘေးများမှစ၍ သားစဉ်မြေးဆက်တလျှောက် မျိုးနွယ်စုထဲမှ လူများသည် မြစ်ကိုကြောက်ရွံ့ကြသည်။ လွန်ခဲ့သောနှစ်အနည်းငယ်မှ စ၍သာ မြစ်ထဲတွင် ငါးဖမ်းသော အလေ့ကိုစတင်ရင်း လူတို့၏ မြစ်နှင့် ပတ်သက်သော အမြင်များ ပြောင်းလဲလာခဲ့သည်။ သို့သော် လူအိုကြီးများကတော့ မြစ်နားသို့လာသော ထုံးစံမရှိပါ။

သံသယဖြစ်နေသော လူများက သံသယဆက်ပွားကြသလို မျှော်လင့်ချက်ရှိသောသ လူများကလည်း ဆက်လက် မျှော်လင့်ကြသည်။

ယခုနှစ်တွင်တော့ မိုးရာသီကို အဓိကထား၍ အစီအစဉ်များရေးဆွဲကြသည်။

ရှောက်ရွှမ်သည်လည်း ၁၆နှစ်သားအရွယ်သို့ရောက်ခဲ့ပြီဖြစ်သည်။ မျိုးနွယ်စုထဲမှ လူများကတော့ စိတ်လှုပ်ရှားသောကြောင့် ညအိပ်မပျော်သော ရောဂါများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။ သူ

တို့သည် နေ့စဉ်တိုင်းလို မြစ်ကို ဖြတ်ကျော်မည့် ကိစ္စအတွက် လိုအပ်သည့် အပြောင်းအလဲများကို အကောင်အထည်ဖော်ရန် တိုင်ပင်ဆွေးနွေးကြသည်။

မျိုးနွယ်စုဝင်တချို့က လှေဆောက်ရန် သင့်တော်သော သစ်ပင်ကိုရှာကြသည်။ တချို့က ရွက်ဖျင် ယက်လုပ်ကြသည်။ ထိုအရာများလုပ်ပြီးသောအခါ လူများမသိအောင် လျှို့ဝှက်ထားရန်မှာ မလွယ်ကူတော့ပါ။

နတ်ဆေးဆရာသည် မျိုးနွယ်စုတစ်ခုလုံးကို မြစ်ကိုဖြတ်ကျော်မည့် အစီအစဉ်ကို အသိပေးလိုက်သည်။ ထို့ကြောင့် မျိုးနွယ်စုတစ်ခုလုံး ပွက်လောရိုက်သွားသည်အထိ ဆွေးနွေးသံများ တညံညံဖြစ်ခဲ့ရသည်။ မိုးတွင်းတတွင်းလုံးလည်း ရှောက်ရွှမ်ကို မေးခွန်းများစွာမေးကြသည်။

မျိုးနွယ်စုထဲမှ လူများသည် စိတ်အားထက်သန်နေကြသည်။ တချို့က နတ်ဆေးဆရာ၏ စကားများကို နားမလည်ကြသော်လည်း သူတို့သည် မြစ်ကို ဖြတ်သန်းရန် အစီအစဉ်တွင် ပါဝင်ဆင်နွှဲရန် အားမ

လျှော့ကြပါ။

နောက်ဆုံးတွင်တော့ မိုးသည်းထန်စွာ ရွာသွန်းသော မိုးရာသီသို့ ရောက်ခဲ့ပြီ ဖြစ်သည်။ မြစ်ထဲမှ သားရဲကြီးများသည် မြစ်အောက်ခြေသို့ ဆင်းသွားကြသည်။ မြစ်ထဲမှ သစ်သားစားသော သတ္တဝါများသည်လည်း ထွက်ခွာသွားကြပြီ။ ကျန်သော ရေနေသတ္တဝါများသည်လည်း ရေနေသားရဲကြီးများနောက်သို့ လိုက်ပါသွားကြလေသည်။ လနှစ်စင်းကြတ်သည့်အချိန်မှ သူတို့အားလုံး ပြန်လာမည်ဖြစ်သည်။ ဖားများနောက်သို့ လိုက်ပါသော သူများလည်းရှိသေးသည်။ အခုအချိန်တွင်တော့ သူတို့အားလုံး မြစ်ထဲမှ ပျောက်ကွယ်သွားပြီဖြစ်သည်။

ရှောက်ရွှမ်သည် ထိုကာလကို အခွင့်ကောင်းယူအသုံးချလိုက်သည်။

မိုးရာသီကုန်ဆုံးသောနေ့တွင် မျိုးနွယ်စုဝင်အားလုံးသည် တောင်အောက်သို့ ဆင်းသွားကြသည်။ လူအိုကြီးများစ၍ ကလေးများအထိ၊ အားလုံးသည် ကိုယ်လုပ်စရာရှိသည်များကို ခဏရပ်နားထားပြီး အောင်မြင်ခြင်းလမ်းမတွင် လာစုဝေးကြသည်။

“ထုတ်လာခဲ့တော့ဟေ့” နတ်ဆေးဆရာက တောင်ထိပ်မှနေ၍ လှမ်းအော်လိုက်သည်။

အော့၊အမဲလိုက်အဖွဲ့ခေါင်းဆောင်၂ယောက်နှင့် စစ်သည်တော် တချို့သည် ကနူးလှေကြီးကို သတိကြီးစွာဖြင့် တရိုတသေ မယူလာကြသည်။

ကနူးလှေကြီးမှာ လွန်းဆံတစ်ခုနှင့်တူလေသည်။ အလျားမှာ ဆယ်မီတာ ရှည်လျားပြီး အနံမှာ သုံးမီတာခန့်ရှိပါသည်။ ချာချာနားလို့ရရန် ထိုမျှ ကြီးမားအောင် လုပ်ထားခြင်းဖြစ်ပါသည်။ ရှောက်ရွှမ်တစ်ယောက်တည်းသာ လိုက်စီးမည်ဆိုပါက ထိုမျှကြီးမားအောင် လုပ်မည် မဟုတ်ပေ။

အမဲလိုက်အဖွဲ့များ ယူလာသော သစ်သားများအနက်မှ အသင့်တော်ဆုံးအသားကို ကနူးလှေထွင်းရန် ရှောက်ရွှမ်က ရွေးချယ်ထားခြင်းဖြစ်ပါသည်။ သစ်သားကို‌ရွေးချယ်ပြီးသောအခါ စိတ်အကျေနပ်ဆုံးဖြစ်မည့် သစ်ပင်ကို ရွေးချယ်ရန် တခါထွက်၍ ရှာကြပြန်သည်။

လောင်ခဲ့အပါအဝင် မျိုးနွယ်စုထဲမှ အတော်ဆုံး

လက်သမားများ၏ အကူအညီဖြင့် ကနူးလှေကို ရှောက်ရွှမ်က ထွင်းခဲ့ခြင်းဖြစ်သည်။ သစ်ပင်ကို အရင်လှဲ၍ အလယ်မှ အသားများကို ထွင်းထုတ်လိုက်သောအခါ နေရာကျယ်ဝန်းသော ပေါ့ပါးသော လှေတစ်စင်းကို ရရှိလာသည်။

လှေထွင်းရသော အလုပ်မှာ လွယ်ကူရိုးရှင်းပါသည်။ သို့သော် ရေစိမ့်မဝင်အောင် နှင့် လေပြင်းဒဏ်ခံနိုင်အောင် လုပ်ရန်ကတော့ ခက်ခဲပါသည်။

လှေဒီဇိုင်းပုံကြမ်းကို ရှောက်ရွှမ်က ရေးဆွဲပါသည်။ ဒီဇိုင်းပုံကြမ်းကို ရေးဆွဲသောအခါ ရှောက်ရွှမ်သည် စစ်သည်တော်အိုကြီးများနှင့် တိုင်ပင်ဆွေးနွေးပါသည်။ သူတို့သည် လှေအကြောင်းကို နားမလည်သော်လည်း မြစ်ကိုဖြတ်သန်းရာ၌ အသုံးဝင်လာနိုင်သော နည်းစနစ်များကိုတော့ သိထားသည်။ ရှောက်ရွှမ်သည် သူတို့၏ အကြံပေးချက်များကို အသုံးပြု၍ သူ့နဂိုမူလအစီအစဉ်ကို ပြောင်းလဲခဲ့သည်။

ဒီဇိုင်းရေးဆွဲပြီးသောအခါ လက်သမားများ စတင်အလုပ်လုပ်ကြသည်။ လေ့ကျင့်သည် အနေဖြင့်

သစ်ပင်များစွာကို ခုတ်လှဲကြသည်။ ကျောက်ကိရိယာများ မှာ သစ်သားကိရိယာများနှင့် မတူညီသဖြင့် ကနူးလှေထွင်းရာတွင် ပေါ့ဆစွာ မထွင်းရဲကြပါ။ အခြေခံလိုအပ်ချက်များနှင့် ကနူးလှေထွင်းရာတွင် သိသင့်သည်များကို သိပြီးမှ သူတို့သည် လုပ်ငန်းစတင်နိုင်ကြသည်။

မျိုးနွယ်စုထဲမှ စစ်သည်တော်များအမြင်တွင် ကနူးလှေသည် မလေးလံပေ။ နေ့စဉ်လိုပင် ကျောက်တုံးများကို သယ်မနေသူများအတွက် သစ်သားဖြင့် ပြုလုပ်သော ကနူးလှေကို သယ်မရန်မှာ မခက်ခဲချေ။

သို့သော် မြစ်ကိုဖြတ်သန်းခြင်း၏ အရေးပါပုံကို သိစေရန် အဆင့်မြင့် မျိုးနွယ်စုစစ်သည်တော်များကို ကနူးလှေကို တောင်အောက်သို့ ထမ်းယူစေလေသည်။ သူတို့သည် လှေချခြင်း အခမ်းအနားကို တရိုတသေလုပ်ဆောင်ကြလေသည်။

နတ်ဆေးဆရာက သူ့မျက်နှာပေါ်တွင် ပန်းချီများ

ရေးဆွဲပေးနေချိန်တွင် ရှောက်ရွှမ်သည် ခြေ၂ချောင်းကို ချိတ်၍ ထိုင်နေလေသည်။ စစ်သည်တော်များအတွက်တော့ ထိုကဲ့သို့ ပန်းချီရေးဆွဲခံရခြင်းမှာ မင်္ဂလာရှိသော အဖြစ်တစ်ခု ဖြစ်လေသည်။ သိမ်းငှက်တောင်တွင်တွေ့ခဲ့သော သိမ်းငှက်ကြီး၏ ခြေထောက်တွင် ရေးဆွဲထားသည့် အမှတ်အသားနှင့် တူညီသော အမှတ်အသားကိုလည်း နတ်ဆေးဆရာက ချာချာ့ခြေထောက်ပေါ်တွင်ရေးဆွဲပေးလေသည်။

နတ်ဆေးဆရာက ပန်းချီရေးဆွဲခြင်းပြီးဆုံးသောအခါ ရှောက်ရွှမ်သည် မီးပုံကြီးကို အရိုအသေပေးရသည်။ ထို့နောက် မျိုးနွယ်စုစစ်သည်များနှင့် အတူ အောင်မြင်ခြင်းလမ်းမကို ဖြတ်၍ ကနူးလှေဆီ ချီတက်သွားသည်။ ချာချာကတော့ ကောင်းကင်ပေါ်မှ ပျံသန်း၍ ကနူးလှေဆီသို့ သွားနေသည်။

နတ်ဆေးဆရာနှင့် လူအိုကြီးများသည် ကနူးလှေနောက်တွင် မတ်တပ်ရပ်နေသည်။ သူတို့၏ မျက်နှာများကိုကြည့်ခြင်းဖြင့် သူတို့၏ စိတ်ထဲတွင် ခံစားချက်များစွာ ဖြစ်ပေါ်နေကြောင်းကို သိနိုင်လေသည်။ တချို့က စိတ်လှုပ်ရှားနေကြသည်။ တချို့က

စိတ်ပူနေကြသည်။ တချို့ကတော့ အေးဆေးသယောင်ယောင်။ သို့သော် သူတို့၏ မျက်နှာအမူအရာများကတော့ သူတို့၏ အတွင်းစိတ်ကို ဖော်ြပနေကြသည်။ အခုလိုမြစ်ပြင်ကို ဖြတ်သန်းမည့်ကိစ္စသည် ဘိုးဘေးများ ဆန္ဒပြင်းပြခဲ့သော ကိစ္စမဟုတ်ပါလာား။ ထို့ကြောင့် သူတို့ စိတ်လှုပ်ရှားနေကြခြင်းဖြစ်သည်။

ကြည့်ရှုအားပေးသူများက လှေနောက်တွင် စုဝေးနေကြသည်။ လူကြီးများက ကလေးများကို ခေါ်လာကြသည်။ မသန်စွမ်းသော သူများကလည်း ချိုင်းထောက် ကိုယ်စီနှင့် လာအားပေးကြသည်။ ဘေးတွင်ရှိသော လူများကလည်း ထိုမသန်စွမ်းသော သူများကို တတ်နိုင်သမျှ ကူညီပေးကြသည်။

သူတို့အားလုံးသည် “အမဲလိုက်သီချင်း”နှင့် “ဆုတောင်းသံ” သီချင်းများကို အတူတူသီဆိုကြသည်။ ပုံမှန်ဆိုလျှင်တော့ ထိုသီချင်းများကို တောင်ပေါ်တွင်နေထိုင်သူများသာ သီဆိုလေ့ရှိသော်လည်း အခုတော့ တောင်အောက်တွင် နေသော သူများပါသီဆိုကြသည်။ မျိုးနွယ်စုဝင်များ၏ သီချင်းသံသည် လေထဲတွင် စည်းချက်ညီညာစွာ လွင့်ပျံနေသည်။

မျိုးနွယ်စုထဲမှ လူများအတွက်တော့ သီချင်းဆိုခြင်းသည် သူတို့၏ စိတ်ခံစားချက်များကို ထုတ်ဖော်ပြသခြင်းဖြစ်သည်။

မျိုးနွယ်စုထဲမှ လူအများစုသည် ပုံမှန်ဆိုလျှင် သူတို့၏ စိတ်ခံစားချက်များကို ထုတ်ဖော်ပြောလေ့မရှိပါ။ သီချင်းဆိုခြင်းသည် သူတို့၏ စိတ်ခံစားချက်ကို ထုတ်ဖော်ပြသသည့် ကြားခံတစ်ခုဖြစ်လေသည်။

ပုံမှန်ဆိုလျှင် အမဲလိုက်သီချင်းကို သီဆိုလိုက်သည့်အခါ သတ်ဖြတ်လိုစိတ်များဖြစ်ပေါ်လာကြသည်။ အခုတစ်ခေါက်တွင်တော့ အမဲလိုက် သီချင်းကို သီဆိုသည့်အခါ အကြောက်တရားကင်းမဲ့ခြင်းနှင့် မျှော်လင့်ချက်များ ရှင်သန်လာခြင်း စသည့် ခံစားချက်များဖြစ်ပေါ်လာသည်။

ထို့ပြင် ထိုနေ့တွင်သာ မျိုးနွယ်စုထဲမှ လူများအားလုံးသည် ရှောက်ရွှမ်ကို အားပေးရန် အတူတူစုဝေးကြခြင်းဖြစ်လေသည်။

မြစ်၏အခြားတစ်ဖက်တွင် မည်သည့်အရာတွေရှိနေမည်နည်း။ သူတို့သည် သိလည်း မသိကြသလို သိအောင်လည်း မကြိုးစားခဲ့ကြပါ။ လူအများ၏အမြင်

တွင် ရှောက်ရွှမ်၏ လုပ်ရပ်သည် လေးစားဖွယ်လုပ်ရပ်ပင်ဖြစ်လေသည်။ သူတို့သည် ရှောက်ရွှမ်အနေဖြင့် ဘေးကင်းစွာ မြစ်ကို ဖြတ်သန်းနိုင်မည်ဟု မထင်ကြပါ။ မြစ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်များလွန်းလှသည်။

ကနူးလှေကို တောင်ပေါ်မှ တောင်အောက်သို့ ချပြီးသောအခါ အော့၏လူများသည် လှေကို မြစ်ထဲသို့ ချလိုက်သည်။

သူတို့ထွင်းထားသော လှေသည် လှေအမွှာအမျိုးအစားဖြစ်လေသည်။

လှေ၂စင်းကို အလယ်တွင် သစ်သားချောင်းဖြင့်ဆက်ထားသောကြောင့် ထိုသို့ နာမည်တွင်ခြင်းဖြစ်လေသည်။ ရှောက်ရွှမ်သည် ထိုပုံစံမျိုးကို သူ့အရင်ဘဝတွင် မြင်ဖူးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဒီဇိုင်းသည် ပြင်းထန်သော လေများကို ခံနိုင်စွမ်းရှိလေသည်။ ထို့ပြင် ရှောက်ရွှမ်၏ ကနူးလှေမှာ ပေါ့ပါးပါသည်။ ရှောက်ရွှမ်၏ ဟိုဘက်ကမ္ဘာတွင် ထိုကဲ့သို့ လှေမျိုးကို ခရီးရှည်ထွက်ခြင်း

အတွက် အသုံးပြုကြသည်။

ရွက်များသည် လှေ၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ ရေထဲတွင် လှေကို ပဲ့ကိုင်ရာတွင် ရွက်များကို အသုံးချရမည် ဖြစ်သည်။ ရွက်ကိုတော့ သစ်ရွက်များ၊နွယ်ပင်များဖြင့် ယက်လုပ်ထားခြင်းဖြစ်သည်။ ကြံ့ခိုင်ပြီး အသုံးဝင်သော နွယ်ပင်များကို အမဲလိုက်ထွက်ရင်းရလာခြင်းဖြစ်သည်။ အတော်ဆုံးသော ရွက်ဖျဉ်ပြုလုပ်သူများက တြိဂံပုံ ရွက်တစ်ခုရလာအောင် ယက်လုပ်ပေးခဲ့ကြသည်။

နတ်ဆေးဆရာ၏ အမြင်တွင် ထိုသို့ပစ္စည်းမျိုးသည် အချိန်မရွေးအသုံးပေါ်လာနိုင်သဖြင့် များနိုင်သမျှများအောင် စုဆောင်းထားသင့်သည်။ သို့သော် ထိုနွယ်ပင်မျိုးမှာ ရှားပါးသဖြင့် နွယ်ပင်၂ချောင်းသာ ရှာတွေ့ခဲသည်။ တစ်ချောင်းကို ရွက်ထည်ပြုလုပ်ရာတွင် သုံးလိုက်ပြီး ကျန်တစ်ချောင်းကို အရံအနေနှင့် ထည့်ပေးလိုက်သည်။ အရံအနေနှင့် နွယ်ပင်တစ်ချောင်းတည်းသာ ပါသွားသဖြင့် ခရီးစဉ်အတွက် လုံလောက်မှု ရှိမရှိတော့ သူတို့လည်း မသိပါ။

အရင်ဘဝတုန်းကရခဲ့သော ဗဟုသုတများအရ ထိုလှေမျိုးသည် တစ်နေ့တွင် ကီလိုမီတာ ၂၀၀ခန့်သွားနိုင်သည်ကို ရှောက်ရွှမ်သိထားသည်။ သို့သော် ဒီဘက်ကမ္ဘာတွင် ကြုံတွေ့ရမည့် အခက်အခဲများကြောင့် ထိုမျှသွားနိုင်ပါ့မလား။

ရှောက်ရွှမ်သည် အရံလှေငယ်လေးကို မူရင်းကနူးလှေကြီးနှင့် သေချာစွာ ဆက်လိုက်သည်။ ထို့နောက် သူလိုအပ်သော ပစ္စည်းများပါမပါ သိရရန် လှေအတွင်းပိုင်းကို သေချာစစ်ဆေးလေသည်။ အားလုံးပြီးဆုံးသောအခါ ကမ်းဆီသို့ ပြန်လှည့်ကြည့်လိုက်သည်။

ဆီဆာက လောင်ခဲ့ကို ထမ်းထားရင်း ရှောက်ရွှမ်နှင့် ချာချာ့ကို မြစ်ကမ်းနံဘေးမှ လှမ်းကြည့်နေသည်။ ဆီဆာသည် ရှောက်ရွှမ်တို့၂ယောက်နှင့်လိုက်လာလိုသော်လည်း ရှောက်ရွှမ်သည် သူ့ကို ခေါ်မသွားနိုင်ပေ။ မြစ်ထဲတွင် အန္တရာယ်များ ကြုံတွေ့လာပါက ချာချာနှင့်ဆို ထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်ပြီး ဆီဆာနှင့်ဆိုလျှင် ထွက်ပြေးလွတ်မြောက်မည် မဟုတ်ပေ။

ချာချာသာ သိမ်းငှက်တောင်ကြီးတွင်တွေ့ခဲ့ရသော သိမ်းငှက်ကြီးများ ထွားကြိုင်းမည်ဆိုပါက နောက်လူတချို့ကို ခေါ်လာနိုင်မည် ဖြစ်သည်။ သို့သော် ချာချာသည် ထိုမျှ အကောင်မကြီးသေးပေ။

“တာ့တာ…ကျွန်တော်သွားတော့မယ်” ရှောက်ရွှမ်က ကမ်းရိုးတန်းဘက်သို့ လက်ပြနှုတ်ဆက်လိုက်သည်။

ကမ်းရိုးတန်းမှ လူများအားလုံးကလည်း ရှောက်ရွှမ်နှုတ်ဆက်သလို ပြန်လည် နှုတ်ဆက်ကြလေသည်။ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာအတွင်း ယခုလိုဖြစ်ရပ်မျိုး တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ခဲ့ပါ။

မျိုးနွယ်စုထဲမှ လူများအတွက်တော့ ရှောက်ရွှမ်သည်သာ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်လေသည်။ ရှောက်ရွှမ်သာ မအောင်မြင်ခဲ့ပါက နောက်တစ်ကြိမ် ထပ်မံကြိုးစားကြည့်ရန် မည်မျှကြာအောင် စောင့်ရမည်နည်း။ နှစ်တစ်ထောင်လောက်ကြာသော်လည်း ထိုကဲ့သို့ အခွင့်အရေးမျိုးထပ်မံပေါ်

ချင်မှ ပေါ်လာတော့မည်။

ရွက်ကိုလွှင့်တင်လိုက်သောအခါ လေတိုးသဖြင့် ကနူးလှေမှ စတင်ပြေးလွှားလေပြီး။ ရွက်ထည်မှာ အလွန်ကြီးမားသည်။ နတ်စွမ်းအင်ကို အသုံးမပြုပါက ထိုရွက်ကို ရှောက်ရွှမ်အသုံးပြုနိုင်မည် မဟုတ်ပါ။

ချာချာကတော့ လှေပေါ်တွင် ရပ်ရင်း ဟိုဘက်ဒီဘက်ကို ကြည့်နေသည်။ သူ့အတွက်တော့ အခုခရီးသည် ရှားပါးသော အတွေ့အကြုံကို ပေးမည့်ခရီးဖြစ်သည်။ ချာချာသည် သူ့ကိုယ်သူ ရေပေါ်တွင် မတ်တပ်ရပ်နိုင်သည်ဟုပင်ထင်နေသလား။

လှေသည် အတော်ကြီးသော်လည်း ချာချာနှင့်နှိုင်းယှဉ်လိုက်လျှင် အတော်သေးငယ်နေသေးသည်။ သူသည် လှေထဲတွင် လှုပ်ရှား၍ မရပါ။ ရှောက်ရွှမ်က ပျံသန်းရန် အမိန်မပေးခင်တွင် ခဏလောက်သာ လှေထဲတွင်ရပ်နားနေ၍ ရသည်။ ကောင်းကင်သည် သူ့အတွက် ပိုလွတ်လပ်ပေသည်။ ပျံသန်းရင်းမောပန်းလာသောအခါမှ သူသည် ကနူးလှေပေါ်တွင် လာအနားယူလိမ့်မည်။

ကမ်းပေါ်တွင်တော့ မျိုးနွယ်စုတစ်ခုလုံးသည် “ဆုတောင်းသံ” သီချင်းကို အတူတကွ သီဆိုနေကြသည်။

ရှောက်ရွှမ်က နောက်ပြန်လှည့်ကြည့်လိုက်သည်။ ကမ်းရိုးတန်းပေါ်မှ လူများသည် တဖြည်းဖြည်းဝေး၍ ကျန်ခဲ့သည်။ တောင်ပေါ်မှ အိမ်များသည်လည်း နှင်းများကြားတွင် ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ၈နှစ်လောက်နေထိုင်ခဲ့သော တောင်ကြီးသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင်တော ရေပြင်နှင့် ကောင်းကင်ထိစပ်နေသည်ကိုသာ မြင်တွေ့ရတော့သည်။

လေတိုးသံမှ တစ်ပါး ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသည်။

နေ၏ဦးတည်ရာနှင့် လေတိုက်ရာလမ်းကြောင်းတို့ကို ကြည့်ပြီး ရှောက်ရွှမ်သည် ရွက်များကို ချိန်ညှိလိုက်သည်။ သူသည် ဘယ်သူမှ မရောက်ဖူးသေးသော နယ်မြေအသစ်ဆီသို့ ဦးတည်သွားနေပြီ ဖြစ်ပေသည်။

All Chapters