← Chapters

ချောင်းမြောင်းလုပ်ကြံသူ

Vol. 11 Ch. 160

ချောင်းမြောင်းလုပ်ကြံသူ

Vol. 11 Ch. 160

“ဘာကိစ္စရှိလို့လဲ” ချန်ကျား အပြင်မထွက်ဘဲ အထဲမှာပင် ရပ်နေရင်း မေးလိုက်သည်။

“မျိုးနွယ်စု ခေါင်းဆောင်က မင်းတို့ကလေးတွေကို ခေါ်လာခိုင်းလို့ ဒီအခေါက်ကျူးကျော်မှုမှာ အာဇာနည်မျိုးနွယ်စုက ကောင်တွေ များလွန်းလို့ ငါတို့ အကုန်လုံးကို ထိန်းမထားနိုင်တော့ဘူး အဲ့တာကြောင့် ဒီနေရာကလည်း အခုမလုံခြုံတော့ဘူး” အပြင်ရှိလူ ပြန်ပြောလိုက်သည်။

ချန်ကျား သံသယ၀င်နေဆဲ ဖြစ်နေသည်ကို တွေ့လိုက်သောအခါ ထိုလူမှာ အိတ်ထဲမှ လေးထောင့်ပုံအရိုးတံဆိပ်ပြား တစ်ခုအား ထုတ်လိုက်၏။ ထိုတံဆိပ်ပြားပေါ်တွင်မူ ကူမျိုးနွယ်စု၏ နတ်အမှတ်အသားရှိနေလေသည်။ ထိုတံဆိပ်ပြားမှာ မျိုးနွယ်စုခေါင်းဆောင်၏ အမှတ်အသား တံဆိပ်ပြား

ဖြစ်၏။

တံဆိပ်ပြားအား မြင်သောအခါ ချန်ကျားအနည်းငယ် ယုံကြည်လာမိသည်။

“ဒါဆို ငါတို့အိမ်ရဲ့ ရေလကျောက်တုံးတွေအတွက်ကရော” ချန်ကျား ထပ်မေးလိုက်သည်။

“အဲ့တာတွေကိုပါ တခါတည်းယူလာခဲ့ ဒီမှာထားခဲ့ရင် ပျောက်သွားလိမ့်မယ်” ထိုလူ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ” ခေါင်းဆောင်နှင့် လူကြီးများမှာတော့ သူတို့အိမ်၏ ကျောက်တုံးများအပေါ် လောဘစိတ်ရှိမည် မဟုတ်ဟု ချန်ကျား ခံစားရ၏။ ထို့ကြောင့် ကျောက်တုံးများအား မျိုးနွယ်စုဗဟိုဒေသသို့ ယူသွားခြင်းမှာ ပိုလုံခြုံလိမ့်မည်ဟု သူယုံကြည်နေသည်။

သူ့နှလုံးသားထဲရှိ သံသယအနည်းငယ်အား ချိုးနှိမ်လိုက်ရင်း ချန်ကျား သစ်သားပြားများကို ပြန်ခွာကာ မြှုပ်ထားသော ခြင်းအား ဆယ်ယူလိုက်၏။ ထို့နောက် ခြင်းအား တင်းတင်းဆွဲထားလိုက်ပြီး ပြတင်းပေါက်ဆီသို့ ဦးတည်သွားလိုက်သည်။

“အမြီးလေး နဲ့တခြားလူတွေရော သွားနှင့်ကြပြီလား”

အမြီးလေးဆိုသည်မှာ သူတို့အိမ်နားရှိ ချန်ကျားနှင့်ကစားဖော် ကစားဖက် ရွယ်တူကောင်လေးတစ်ယောက် ဖြစ်၏။ သူ့ဆံပင်အား အမြဲ မြင်းမြီးပုံစံ စည်းထားလေ့ရှိပြီး ဆံပင်များမှာလည်း အမြဲတောင့်တင်းနေတတ်သောကြောင့် ထိုကောင်လေးတွင် မိကျောင်မြီးတစ်ချောင်းရှိနေသကဲ့သို့ ထင်ရလေသည်။ ဤသည်မှာ ကောင်လေး၏ နာမည်အား အဘယ်ကြောင့် အမြီးလေး ဟု ခေါ်ရသလဲဟူသော အကြောင်းပြချက် ဖြစ်၏။

“ဟုတ်တယ် သူတို့ကမင်းကို သစ်တော‌ထိပ်မှာ စောင့်နေကြပြီ မကြာခင် သူတို့နဲ့တွေ့ရတော့မှာ” လူကြီးမှာ ထိုသို့ပြောလိုက်ပြီး ပတ်၀န်းကျင်အား အကဲခတ်ကြည့်လိုက်သည်။ အခြား အိမ်များတွင် ကျန်သည့်ကလေးများမှာလည်း သူတို့အား လှမ်းကြည့်နေရကြသည်ကို တွေ့လိုက်ရသောအခါ လက်ဝှေ့ယမ်းပြလိုက်ပြီး အော်ပြောလိုက်၏။

“မင်းတို့ကောင်တွေလည်း ငါတို့နဲ့အတူတူ လိုက်ခဲ့သင့်တယ် အတူတူထွက်ကြတာပေါ့”

“ကောင်းပြီလေ” ကလေးများထဲမှ တစ်ယောက်မှာ ပြန်ပြောလိုက်သည်။

သူ့သူငယ်ချင်းအများစုလည်း အတူတူသွားကြမည်ကို ကြားလိုက်သောအခါ ချန်ကျား ပျော်ရွှင်သွားမိသည်။ ထို့နောက် ကြိမ်ခြင်းအား သေချာပိုက်ထားလိုက်ရင်း ပြတင်းပေါက်မှ ခုန်တက်ဖို့ လုပ်လိုက်၏။

သို့သော် ရှောက်ရွှမ်၏ သတိပေးစကားအား သတိရလိုက်မိသောအခါ သူတွေဝေသွားမိသည်။ ချန်ကျားက သူ့ကို ဘယ်သူလာလာ ပြတင်းပေါက်မှထွက်မသွားဖို့ ပြောခဲ့သည် မဟုတ်ပါလား။ သူသွားရမည်လား မသွားရဘူးလား ချန်ကျား မသိတော့ပေ။

ချန်ကျား အပြင်ထွက်ရန် ခြေလှမ်းတစ်၀က် ဆက်လှမ်းဖို့ လုပ်ပြီးမှ အပြင်လူအား သေချာပြန်ကြည့်လိုက်၏။

လရောင်ရှိသော်လည်း ထိုလူမှာ အရိပ်ထဲတွင် မမြင်ရလုနီးနီး ဖြစ်နေသည်။ သူ့တွင် အဝါရောင်ဖျော့ဖျော့ မျက်လုံးများ ရှိကြ၏။ ထိုအရာမှာ ဗုံမျိုးနွယ်စု၀င်များ၏ အမှတ်အသား ဖြစ်သည်။ သို့သော် ထိုလူအား ကြည့်ရသည်မှာ ထူးဆန်းနေ၏။ သူ့မျက်နှာအား သေချာကြည့်လေလေ မှုန်ဝါးလာလေလေ ဖြစ်သလို ခံစားနေရသည်။

ဝါးနေတဲ့ မျက်နှာလား ?

ချန်ကျား ထိတ်လန့်မှုကြောင့် ကြက်သေသေသွား၏။ ထို့နောက် အပြင်ဘက်ရှိလူအား ကြောက်လန့်တကြား ပြန်ကြည့်လိုက်သည်။

“ဘာလုပ်‌နေတာလဲ အမြန်ထွက်ခဲ့တော့ လူတိုင်မင်းကိုစောင့်နေကြပြီ” လူကြီးမှာ ချန်ကျားအား အလောတကြီး ပြောလိုက်၏။

အပြင်သို့ ထွက်မလာရုံသာ မကဘဲ ချန်ကျား နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ ထိုလူအားလည်း သတိထား၍ စိုက်ကြည့်နေလိုက်၏။ သူ့နှလုံးသားထဲတွင်လည်း သူ့ရှေ့ရှိလူအပေါ် သံသယများဖြင့် ပြည့်နှက်နေလေပြီ။ သို့သော် ခေါင်းဆောင်ကိုယ်တိုင် ထုတ်ပေးထားသော အရိုးတံဆိပ်ပြားမှာလည်း ထိုလူ့ဆီတွင် ရှိနေလေရာ သူလိုက်သွားရမည်လား မသွားရမည်လားဆိုသည်ကို အလွန်ဝေခွဲရ ခက်နေ၏။

ချန်ကျား ထွက်မလာဘဲ အထဲတွင်ပင်ရပ်နေသည်ကို တွေ့လိုက်သောအခါ ထိုလူမှာ သူ့လေသံအား မြှင့်လိုက်ပြီး ချန်ကျားကို ထပ်သတိပေးလိုက်သည်။

သို့သော် ချန်ကျားမှာ လှုပ်မလာသေးချေ။ ကြည့်ရသည်မှာ ကောင်လေးသည် တွေဝေနေပုံ ရ၏။ သူသည် ကြိမ်ခြင်းအား တင်းနေအောင် ပိုက်ထားပြီး သူ့ရှေ့တွင် သူခိုးတစ်ယောက်ရှိနေသလိုပင် သတိထားနေလေသည်။

သတိပေးခြင်းမှာ အလုပ်မဖြစ်သည်ကို တွေ့လိုက်သောအခါ ထိုလူမှာ သည်းခံနိုင်စွမ်း ရှိတော့ပုံ မပေါ်ချေ။ သူ့ခြေထောက်များအား ရှေ့သို့ လှမ်းလိုက်ပြီး မျက်လုံးထဲတွင်လည်း သတ်ဖြတ်လိုစိတ်များဖြင့် ၀င်းလက်လာ၏။

ထိုအကြည့်အား တွေ့လိုက်ရာတွင် ချန်ကျား မြစ်ကမ်းပေါ်မှ သူ့အား တွန်းချလိုက်သူကို မှတ်မိသွားလေပြီ။

သူပဲ အဲ့တာသူပဲ!

ချန်ကျားနှလုံးသားတစ်ခုလုံးမှာ ကြောက်စိတ်ဖြင့် အေးစက်သွားလေသည်။ သူထွက်ပြေးချင်သော်လည်း မပြေးနိုင်ပေ။ အော်ရန် ကြိုးစားလိုက်သော်လည်း သူ့ရှေ့မှလူမှာ သူ့ဆီသို့ ပြေး၀င်လာလေပြီ။ ထိုမြင်ကွင်းမှာ သူ့အား ကြက်သေသေသွားစေ၏။

ထိုအချိန်တွင် လူကြီးမှာ ပြတင်းပေါက်‌ဘောင်ပေါ်သို့ ခုန်တက်လာလေသည်။ နောက်တစ်လှမ်း လှမ်းလိုက်လျှင်ပင် သူအခန်းထဲသို့ ရောက်သွားတော့မည်သာ။ သို့သော် ထိုအခိုက်တွင် ပြတင်းပေါက်ဘောင်များမှ အသံတစ်သံ ထွက်ပေါ်လာကာ သူတုပ်နှောင်ခံလိုက်ရသည်။

၀တ်စုံနက်လူမှာ ပြတင်းပေါက်အပြင်တွင် ချုပ်

ခံထားရလေပြီ။ သူ့ခြေထောက်နှင့် လက်များမှာ သူ့ခန္ဓာကိုယ်နှင့်ပူး၍ ချည်ခံထားရ၏။ ကြိုးများမှာမူ ကြိုးမျှင်သေးသေးလေးများ ဖြစ်ကြသည်။

ဘာဖြစ်သွားတာလဲ?

ပြတင်းပေါက်တွင် အဘယ်ကြောင့် အဲ့လိုအရာမျိုး ရှိနေပါသနည်း။

ထိုလူ ဘာမှတုံ့ပြန်ချိန်မရှိလိုက်ဘဲ နောက်ဘက်မှ သူ့ကျောဆီသို့ ကျောက်ဓားတစ်ချောင်း တိုး၀င်လာသည်ကို ခံစားလိုက်ရသည်။

ရွှစ်!

သွေးစက်များမှာ ကျောက်ဓားထိပ်မှ တစက်စက်စီးကျနေပြီး လရောင်အောက်တွင် ထင်ထင်ရှားရှား မြင်

နေရ၏။

“မင်း…မင်း…”

သူ့ခေါင်းအား နောက်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူထွက်သွားပြီဟု ထင်ထားသော ကောင်လေးသည် သူ့နောက်တွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။

သူအရင်က စုံစမ်းထားမှုတွင် ချန်ကျားတို့ အိမ်၌ ရှောက်ရွှမ်ပါ နေနေ‌မှန်း သူသိထား၏။ ရှောက်ရွှမ်၏ ခွန်အားကိုလည်း သူ မသိရှိလေရာ အလျင်စလို မလုပ်ဝံ့ပေ။ ထို့ကြောင့် ရှောက်ရွှမ်ထွက်သွားသည်အား မြင်မှသာလျှင် သူ့အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပေသည်။

သူထင်ထားသည်မှာ ချန်ကျားအား အလွယ်တကူပင် လှည့်စား၍ အပြင်သို့ ခေါ်ထုတ်နိုင်မည်ဟု တွေး

ထားခြင်း ဖြစ်၏။ ကိစ္စများမှာ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူမည်သို့ ထင်ထားလိမ့်မည်နည်း။

ရှောက်ရွှမ် ကျောက်ဓားကို ဆွဲထုတ်၍ ထိုလူအား ဘေးဘက်သို့ ပစ်ထုတ်လိုက်ပြီး အခန်းထဲတွင် ကြောက်လန့်မှုကြောင့် သတိလွတ်နေသော ချန်ကျားဆီသို့ လှည့်ကြည့်လိုက်သည်။

“ရတယ် ရတယ် ကိစ္စမရှိဘူး ကျွန်တော်အခု ထိလို့ရပြီလား” ချန်ကျား ပြတင်းပေါက်ဘောင်အား ကြည့်လိုက်ပြီး ပြောလိုက်၏။ သူ့စိတ်ထဲတွင် ထိုလူကြီးမှာ ပြတင်းပေါက်ဘောင်အား ထိလိုက်ရုံနှင့် တစ်စက္ကန့်အတွင်း အချုပ်ခံလိုက်ရသည်ကို မြင်နေဆဲပင်။ ရှောက်ရွှမ်သူ့အား ထိုပြတင်းပေါက်အား မထိခိုင်းခြင်းအား သူမအံ့ဩမိတော့ချေ။

“အခုထိလို့ရပါပြီ” ရှောက်ရွှမ် ပြန်ဖြေလိုက်၏။

ချန်ကျား ကြိမ်ခြင်းအား ချထားလိုက်ပြီး

ပြတင်းပေါက်မှ ခုန်ထွက်လိုက်ကာ ဘေးတွင် လဲကျနေပြီဖြစ်သော လူအား ကြည့်လိုက်သည်။

ကြိုးမျှင်မျှင်ကလေးများဖြင့် တုပ်နှောင်ခံထားရပြီး ဓားဖြင့်လည်း အထိုးခံထားရပေရာ ထိုလူမှာ မသေသေးသော်လည်း အန္တရာယ်ပေးနိုင်စွမ်းတော့ မရှိတော့ချေ။

“တစ်ယောက်ယောက် လာလိမ့်မယ်လို့ ခင်ဗျားသိနေခဲ့တာလား” ချန်ကျား ရှောက်ရွှမ်ကို မေးလိုက်သည်။

“ငါခန့်မှန်းမိတာ”

ထိုအချိန်တွင် အခြားကလေးများမှာ အပြင်သို့ ထွက်ရန် စိတ်လှုပ်ရှားစွာဖြင့် စောင့်နေကြချိန် ဖြစ်၏။ သူတို့ ရှေ့ရှိ မြင်ကွင်းအား မြင်လိုက်ရသောအခါတွင်မူ အကုန်ကြောက်လန့်ကုန်ကြသည်။

“ဘာဖြစ်သွားတာလဲ ချန်ကျား မင်းတို့ မျိုးနွယ်စု၀င်တစ်ယောက်ကို သတ်ပစ်လိုက်တာလား”

“သူက ငါတို့ကို မျိုးနွယ်စုခေါင်းဆောင်ဆီကို ခေါ်သွားပေးမယ်လို့ ပြောတယ်လေ မင်းမကြားလိုက်ဘူးလား” ကလေးတစ်ယောက်မှာ မပျော်ရွှင်စွာဖြင့် ပြောလိုက်၏။

“သူက သူလျှိုပဲ ငါတို့ ကူမျိုးနွယ်စုကို သစ္စာဖောက်ခဲ့တာ” ချန်ကျား ရှင်းပြလိုက်သည်။

“သူက သူလျှိုမဟုတ်ဘူး” ထိုစဉ် သူတို့အနီးမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။

သူတို့ဆီသို့ တစ်ယောက်ယောက် ချဉ်းကပ်လာသည်ကို ရှောက်ရွှမ် သတိထားလိုက်မိ၏။ ရောက်လာသည့်သူ မည်သူမှန်း မသိသေးသောကြောင့် သူ

ငြိမ်၍သာ နေလိုက်သည်။

“ချင်းယီလား” ချန်ကျား သူတို့ဆီသို့လျှောက်လာသည့်သူကို စိုက်ကြည့်နေမိ၏။

ချင်းယီမှာ ရှောက်ရွှမ်မိကျောင်းပေါက်လေးအား သတ်သည်ဟု စွပ်စွဲခံရသည့်နေ့က ဟောင်နှင့်အတူ ရှိနေခဲ့သော လူငယ်လေး ဖြစ်သည်။ သူသည် ကူမျိုးနွယ်စုတွင် အလွန်သြဇာ‌ညောင်း‌သော မျိုးနွယ်စုခေါင်းဆောင်၏သားဖြစ်၏။ မျိုးနွယ်စုထဲရှိ လူအတော်များများမှာ ထိုကောင်လေးအား ကြောက်ကြသည်ကိုလည်း ရှောက်ရွှမ် သိရှိထားသည်။

“သူက သူလျှိုမဟုတ်ဘူးလို့ မင်းပြောတယ်ပေါ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အဲ့ဒီနေ့က ငါ့ကို မြစ်ကမ်းပေါ်ကနေ တွန်းချခဲ့တာ သူပဲ” ချန်ကျားအသံမှာ အနည်းငယ်ကွဲပြားနေသော်လည်း သူ့အားတွန်းချခဲ့သူသည် ထိုလူဖြစ်မှန်း သူသေချာနေ၏။

“ချန်ကျား မင်းထပ်ပြီးအထင်မှား‌နေပြန်တာပဲ”

“ဟုတ်တယ် ချန်ကျား မင်းအမှတ်မှားနေတာပဲနေမှာ ဒီလူက ငါတို့ကို မျိုးနွယ်စုခေါင်းဆောင်ဆီ ခေါ်သွားဖို့ လာတာလေ”

ချန်ကျားဘေးနားရှိ သူနှင့်ရွယ်တူကောင်လေးများမှာ သူ့အား ဝိုင်းရှင်းပြနေကြလေသည်။

ရှောက်ရွှမ် ဘာမှ၀င်မပြောဘဲ ချင်းယီနောက်ပြောမည့် စကားကိုသာ စောင့်နေလိုက်သည်။ သူထိုလူအား တစ်ချက်တည်းဖြင့် အသေမသတ်ခဲ့ခြင်းမှာ စစ်မေးချင်သေးသောကြောင့် ဖြစ်၏။ ထိုလူ၏ သရုပ်မှန်ကိုတော့ ရှောက်ရွှမ်သံသယ ၀င်မနေပေ။ ရေအိုင်ထဲရှိ မိကျောင်းလေးများမှာ ထိုလူ့အား စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ကာ ကိုက်ဖြတ်ချင်သည့်ပုံဖြင့် သူတို့ပါးစပ်များအား ဟထားကြသည် မဟုတ်ပါလား။

“ဒီလူက သူလျှိုမဟုတ်ဘူးလို့ ငါပြောခဲ့တာက သူကငါတို့ မျိုးနွယ်စု၀င် မဟုတ်လို့ဘဲ ငါတို့မျိုးနွယ်စု၀င်မဟုတ်မှတော့ ဘယ်လိုလုပ် သစ္စာဖောက်တာ ဖြစ်နိုင်တော့မလဲ” ထိုသို့ ပြောရင်း ချင်းယီ ချုပ်ခံထားရသော ထိုလူ့အနားသို့ သွားလိုက်ကာ သူ့လည်ဂုတ်အား ဆုပ်ကိုင်လိုက်ပြီး လှည့်ချိုးပစ်လိုက်လေ၏။

ဂျွတ်!

ရှောက်ရွှမ် တမင်အသက်ရှင်အောင် ထားထားသော လူမှာ ယခုအခါတွင် အမှန်တကယ်ပင် သေသွားလေပြီ။

သေသွားပြီးသည့်နောက် ထိုလူ့ခန္ဓာကိုယ်မှာ စတင်လှုပ်ရှားလာ၏။ သူ့ခန္ဓာကိုယ်မှာ ကျုံ့၀င်သွားပြီး မျက်နှာမှာလည်း ပြောင်းလဲသွားလေသည်။

ရှောက်ရွှမ်လက်အား အနည်းငယ် လှုပ်ရှားလိုက်သောအခါ ထိုလူအား တုပ်နှောင်ထားသော ကြိုးများသည် အသက်ရှိနေကြသကဲ့သို့ ရှောက်ရွှမ်လက်ထဲသို့ ပြန်ရောက်သွားကြ၏။

လူတိုင်းမှာ သူ့လက်ထဲရှိ ကြိုးများအား ကြည့်နေလေရာ ရှောက်ရွှမ် ရှင်းပြလိုက်သည်။

“ ငါတို့မျိုးနွယ်စုမှာ သားကောင်တွေကို ထောင်ဖမ်းတဲ့ ထောင်ချောက်ကိရိယာတွေ ရှိကြတယ်”

အများစုမှာ နားလည်သွားသည့်ပုံဖြင့် ခေါင်းညိတ်လိုက်ကြ၏။ သို့သော် သူတို့စိတ်ထဲတွင် သူတို့ အကြီးအကဲများပြောသော စကားကို ကြားယောင်နေမိသည်။ တချို့မျိုးနွယ်စုများတွင် လုံလောက်သော အင်အားမရှိကြခြင်းကြောင့် သားကောင်များအား အမဲလိုက်ရာတွင် ထောင်ချောက်ကဲ့သို့သော ကိရိယာများကို အသုံးပြုကြပေသည်။

ထို့ကြောင့် ချန်ကျားအပါအ၀င် ကလေးများအားလုံးမှာ ရှောက်ရွှမ်မျိုးနွယ်စုရှိ မျိုးနွယ်စု၀င်များသည် အားနည်းကြသည်ဟု ထင်မှတ်သွားကြ၏။

ကြိုးများအား သိမ်းလိုက်ပြီး ရှောက်ရွှမ် ချင်းယီကိုမေးလိုက်သည်။

“ဒီလူက ဘယ်သူလဲ”

“ငါလည်း မသိဘူး”

မျိုးနွယ်စုထဲတွင် သူလျှိုများ ပေါ်ပေါက်လာနိုင်သည်ကို ကြိုတွက်ထားမိသောကြောင့် မျိုးနွယ်စုတွင်လည်း သူလျှိုများအား တန်ပြန်တိုက်ခိုက်ရန် စီစဉ်ထားသော သူများ ရှိခဲ့၏။ သို့သော် ဤနေရာသည် မျိုးနွယ်စုဗဟိုဒေသနှင့်စာလျှင် အစွန်ဘက်သို့ ရောက်နေသော နေရာဖြစ်သည်။ ထို့ကြောင့်ပင် မျိုး

နွယ်စုမှ စီစဉ်ပေးထားသော သူများမှာ ဤနေရာသို့ မရောက်ကြသေးခြင်း ဖြစ်၏။

ချင်းယီမှာမူ အာဇာနည်မျိုးနွယ်စု၀င်တစ်ယောက်အား လိုက်ဖမ်းရင်း ထိုနေရာသို့ မထင်မှတ်ဘဲ ရောက်လာခဲ့ခြင်း ဖြစ်သည်။

“ခေါင်းဆောင်က တကယ်ပဲ ကလေးတွေကို ရေလကျောက်တုံးတွေယူလာပြီး ခေါ်လာခိုင်းခဲ့တာ ဒါပေမယ့် လာခေါ်ခိုင်းတဲ့သူကငါပဲ သူမဟုတ်ဘူး” ချင်းယီ သေနေသောလူအား လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။

အာဇာနည်မျိုးနွယ်စုတွင် ပုန်းကွယ်ရာ၌ အလွန်ကျွမ်းကျင်သော လူများ ရှိကြ၏။ ထိုလူများမှာာတိုက်ပွဲဖြစ်နေသော နေရာများကို ကျော်ဖြတ်၍ မျိုးနွယ်စု လူနေဒေသသို့ ခိုး၀င်လာနိုင်ကြပေသည်။ သူတို့၏ ပုန်းကွယ်နိုင်စွမ်းဖြင့် ပုန်းကွယ်နေကြပြီး အခွင့်အရေးရသောအခါမှသာ မျိုးနွယ်စု၀င်များကို

တစ်ချက်ထဲ ချောင်းမြောင်းသတ်ဖြတ်ကြခြင်း ဖြစ်၏။ ကင်းလှည့်နေသော စစ်သည်တော်များမှာလည်း ထိုလူများအား အကုန်မဖမ်းမိနိုင်ကြဘဲ လွတ်ထွက်သွားသော တချို့တလေမှာ ရှိနေကြစမြဲသာ။

ထို့ကြောင့်မျိုးနွယ်စုသည် လူနေဒေသတိုင်းတွင်လည်း အသင့်ဖြစ်နေစေရန် စစ်သည်များ ပြင်ဆင်ထားပြီး ပုန်းကွယ်နေသော ကျူးကျော်သူများအား ရှင်းလင်းပစ်ရန် စီစဉ်ထားကြသည်။ သို့သော် စစ်သည်အင်အားမလုံလောက်မှုကြောင့် ခေါင်းဆောင်သည် မျိုးနွယ်စု၀င်များကို ဘေးဘက်ဒေသများမှ ဗဟိုဒေသသို့သာ ရွှေ့ပြောင်းနေထိုင်ကြရန် အမိန့်ပေးလိုက်သည်။ နောက်ဆုံးတွင် ဘေးဘက်ဒေသများတွင် ကျန်နေသူများမှာ ကလေးအများစုသာ ဖြစ်ကြပြီး ထိုမျှသန်မာကြသူများ မဟုတ်ကြပေ။ ထို့ကြောင့် သူတို့လုံခြုံရေးအတွက် ဗဟိုဒေသသို့ ပြောင်းခိုင်းလိုက်ခြင်း ဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင်ရှိသည့် ဘက်သို့ သွားရဦးမည်ဟု သိလိုက်သောအခါ ကလေးများမှာ စိတ်

လှုပ်ရှားသွားကြပြီး အိမ်အမြန်ပြန်၍ ပစ္စည်းများအား ထုပ်ပိုးကုန်ကြ၏။

“ငါ့မှာ ပြောစရာကျန်သေးတယ် ငါကမင်းတို့နဲ့ အတူသွားမှာ ဆိုပေမယ့် လမ်းမှာ ခြုံခိုတိုက်ခိုက်ခံရနိုင်ချေက ရှိနေသေးတယ် အဲ့အခါ ငါကမင်းတို့အားလုံးကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

ချင်းယီ ကလေးများအား အသိပေးလိုက်သည်။

ကလေးများမှာ အရွယ်စုံရှိနေကြခြင်းဖြစ်ပြီး အငယ်ဆုံးမှာ ၁၀နှစ်ပင် ပြည့်သေးပုံ မပေါ်ဘဲ အကြီးဆုံးမှာတော့ ရှောက်ရွှမ်နှင့်ပင် ရွယ်တူလောက်ရှိ၏။ သူတို့၏ လမ်းမလျှောက်တတ်သေးသော ညီမလေးများအား ချီထားရသော ကောင်လေးတစ်ချို့ပင် ရှိနေကြသေးသည်။ အကယ်၍ သူတို့သာ ခြုံခိုတိုက်ခံရမည်ဆိုလျှင် အမှန်ပင် ဒုက္ခများကုန်ကြမည်သာ။ နောက်ဆုံးတွင် ခြုံခိုတိုက်ခိုက်သူများမှာ ကလေးများဟူ၍ ညှာနေမည့်လူများ မဟုတ်ကြပေ။

ထိုသို့ ကြားလိုက်သောအခါ ကလေးများမှာ စိုးရိမ်မိသွားကြသည်။ သို့သော် သူတို့မှာ စိတ်ပြင်ဆင်ထားကြပြီးသား ဖြစ်ကြ၏။ မွေးကတည်းကပင် ထိုကိစ္စများနှင့် ရင်းနှီးလာခဲ့ကြသူမျာ းဖြစ်လေသည်။

“တကယ်တော့ ငါတို့တွေ အငယ်ဆုံးကလေးတွေကို အရင်ပို့ပေးလိုက်လို့ရတယ်” ရှောက်ရွှမ် ရှင်းပြလိုက်၏။

“ဘယ်လိုပို့မှာလဲ” လူတိုင်းရှောက်ရွှမ်အား ကြည့်လိုက်ကြသည်။

သူကောင်းကင်အား ကြည့်လိုက်ပြီး အော်ခေါ်လိုက်၏။

“ချာချာ”

အသံမှာ ကောင်းကင်ဆီသို့ ပြန့်လွင့်သွားလေသည်။

ထိုအခါ ကောင်းကင်ပေါ်မှ အရိပ်ကြီးတစ်ခုမှာ မြေပြင်ပေါ်သို့ ထိုးဆင်းလာ၏။

ပျံသန်းလာစဉ်အတွင်း ချာချာသည် သူ့လက်သည်းများအတွင်း လူတစ်ယောက်ကိုပင် ချီလာသေးသည်။ ထိုလူ့ကိုယ်လုံးမှာ ချာချာ့လက်သည်းများဖြင့် ထိုးဖောက်ခံထားရပြီး အသက်မရှိတော့ပေ။ ထိုလူသည် အာဇာနည်မျိုးနွယ်စုမှ ဖြစ်၏။

ချာချာ ထိုလူသေအား ပစ်ချလိုက်ပြီး မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။ ထို့နောက် ရှောက်ရွှမ် ကလေးငယ်လေးများကို လင်းယုန်၏ ကျောပေါ်သို့ တင်ပေးလိုက်၏။ ကလေးတချို့မှာ သူတို့လက်ထဲတွင်ပင် ကလေးလေးများကို ချီထားကြသေးသည်။

ပထမအသုတ် တင်ပေးလိုက်သော ကလေးများမှာ

ဆယ်နှစ်အောက်လေးများ ဖြစ်ကြ၏။ ထို့နောက် ရှောက်ရွှမ် ချာချာအား စတင်ထွက်ခွာခိုင်းလိုက်သည်။ လမ်းများကိုလည်း ချာချာသိနေလေရာ စိတ်ပူစရာတော့ မရှိပေ။ ကျူးကျော်သူများမှာလည်း ကောင်းကင်ပေါ်သို့တော့ လှမ်း၍ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ရာ ကောင်းကင်ပေါ်မှ သွားခြင်းသည် မြေပြင်လမ်းထက် ပိုလုံခြုံပေလိမ့်မည်။

မြေပြင်ပေါ်တွင်မူ ကလေးငါးယောက် ကျန်နေ၏။ ချန်ကျားကိုလည်း ရှောက်ရွှမ် လိုက်သွားစေချင်သော်လည်း ထင်သည့်အတိုင်းပင် ထိုကောင်လေးမှာ လိုက်သွားဖို့ ငြင်းဆန်ခဲ့ပြီး နောက်အခေါက်မှသာ လိုက်မည်ဟု ပြန်ပြောခဲ့သည်။

“ဒါဆိုရင်တော့ မင်းငါ့အနားမှာ နေပြီး ပိုဂရုစိုက်ဖို့ လိုတယ်” ရှောက်ရွှမ် ညွှန်ကြားလိုက်၏။

“ဟုတ်ကဲ့” ချန်ကျား ကြိမ်ခြင်းအား ပိုက်ကာ ရှောက်ရွှမ်အနား ပိုတိုး၍ ကပ်နေလိုက်သည်။

အခြားကလေး လေးယောက်မှာမူ ချင်းယီအနားသို့သာ ကပ်သွားကြ၏။ သူတို့အမြင်တွင် ချင်းယီမှာ ရှောက်ရွှမ်ထက် ပိုသန်မာပေလေရာ ချင်းယီအနားတွင်နေခြင်းမှာ ပို၍ လုံခြုံလိမ့်မည်ဟု ထင်ကြခြင်း ဖြစ်သည်။

All Chapters