သားရဲမြို့တော်မှ တိုက်ပွဲ
Vol. 21 Ch. 312
ကသောင်းကနင်းအဖြစ်များကြောင့် အခြားသူများအာရုံမစိုက်နိုင်ကြသော်လည်း ရှောက်ရွှမ်သည် မီးတောက်ဦးချို မျိုးနွယ်စု၏ သစ္စာဖောက် ဖြစ်နိုင်သည့် တောက်ယွီကို အာရုံစိုက်ခဲ့မိသည်။ လဲ့နှင့်ထွော်တို့သည်လည်း ထိုကဲ့သို့သော အခိုက်အတန်းတွင် အခြားအဖွဲ့ဖက်သို့ အလျင်အမြန် ပြေးသွားပြီး သစ္စာဖောက်ကို သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာကြသည်။
“ အဲ့ဒီလူက ထူးဆန်းနေတယ်လို့ ခံစားနေရတာ အဆန်းမဟုတ်တော့ပါဘူး “ ထွော်ပြောလိုက်သည်။
“ ငါသူ့ခေါင်းကို ဖြတ်မယ် “ လဲ့လည်း ပြောလိုက်သည်။
သို့သော်လည်း သူတို့ထိုကဲ့သို့သာ ပြောနေသော်လည်း သူတို့ တဖက်အုပ်စုထဲသို့ ပြေးသွားပြီး တောက်ယွီကို သတ်ဖြတ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် တောက်ယွီ၏ ခွန်အားသည် သူ့တို့ထက် အားမနည်းလောက်ကြောင်း ရှောက်ရွှမ် ခံစားမိနေခဲ့သည်။ ဖြစ်နိုင်သည်မှာ သူသည် စီနီယာ နတ်စစ်သည်တော် တစ်ယောက် ကဲ့သို့သော ခွန်အားမျိုး ရှိနိုင်ပေသည်။ အကယ်၍ သူတိုသာ တဖက်အဖွဲ့သို့ ပြေးသွားပြီး တိုက်ခိုက်နိုင်ခဲ့လျှင်ပင် အနိုင်အရှုံးမှာ ပြောရခက်သည့် အရာတစ်ခု ဖြစ်လေသည်။ ထို့အပြင် တောက်ယွီကို ပိုင်ရှီမြို့တော်မှ လူများက ဝန်းရံပေးထားခဲ့သည်။
သေချာဆန်းစစ်လိုက်ပြီးနောက် လဲ့နှင့်ထွော်တို့ အနည်းငယ် စိတ်ရှုပ်ထွေးသွားကြလေသည်။ သစ္စာဖောက်သည် သူတို့ထက်သာလွန်သည့် ခွန်အားများ ရှိနေခဲ့သည်။ သူတို့သည် ထိုလူကို သတ်ဖြတ်ချင်နေသော်လည်း မဖြစ်နိုင်ချေ။ သို့ဆို
လျှင် သူတို့အနေဖြင့် အိမ်ပြန်ခဲ့လျှင် နတ်ဆရာနှင့် မျိုးနွယ်စု ခေါင်းဆောင်တို့ကို မည်သို့မျက်နှာပြရမည်နည်း........။
ထိုပိုင်ရှီဘုရင်၏ ဘေးတွင် မတ်တပ်ရပ်နေခဲ့သည့် လူသည် တောက်ယွီ ဟုတ်မဟုတ် သေချာ မေးမြန်းကြည့်ရန် ရှောက်ွရှမ် အိုက်ရှစ်ကို လိုက်ရှာလိုက်သည်။ လဲ့နှင့်ထွော်တို့လည်း ပိုပြီး စိတ်ဝင်စားလာခဲ့လေသည်။
မီးတောက်ဦးချို မျိုးနွယ်စုမှ လူများနှင့်မတူစွာပင် တောက်ယွီသည် သူ့ကိုယ်သူ ကျွန်ပိုင်ရှင်များ ကြားတွင် နှစ်မြုပ်နေခဲ့လေပြီ။ လက်ရှိ အခြေအနေအထိတိုင် ရောက်လာနိုင်ခဲ့သဖြင့် သူသည် ကိစ္စများကို ရှုပ်ထွေးစေရန် ပြုလုပ်တတ်သည့် လဲ့ထက် သာလွန်နေပေသည်။ အကယ်၍ သူတို့သာ ဂရုမစိုက်ခဲ့လျှင် လွန်ခဲ့သည့် နှစ်များစွာက ဖြစ်ပျက်ခဲ့သည့် ဝမ်းနည်းစရာ ဇာတ်လမ်းမျိုး ပြန်ဖြစ်လာဦးမည် ဖြစ်သည်။
သူတို့ ရှေ့ဆက် ခရီးထွက်လာလေလေ နှင်းများကို ပိုမြင်လာရလေလေ ဖြစ်သည်. သာမန်လူများသည် ဤနေရာတွင် အသက်ရှင် ရပ်တည်နိုင်လိမ့်မည် မဟုတ်ဟုပင် ရှောက်ရွှမ် တွေးမိလိုက်သည်။
“ ငါတို့ ရောက်ပြီ “ စူးကု စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့သည်။
သူတို့၏ ရှေ့တွင် သားရဲမြို့တော်ရှိ လော့ယဲ့ မြို့တော်၏ အခြေစိုက်စခန်း တစ်ခု ရှိနေခဲ့လေသည်။
ဆယ်မီတာ ခန့်မြင့်မားသည့် ကျောက်တုံး နံရံများ ရှိနေခဲ့ပြီး ထိုနေရာ တစ်ဝိုက်ကို ဝန်းရံနေခဲ့သည်။ အတွင်းရှိအိမ်များကိုလည်း ကျောက်တုံး
များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုအိမ်များကို သဲများဖြင့် ပြုလုပ်ထားသည့် အိမ်ငယ်လေးများက ဝန်းရံနေခဲ့သည်။ ကျောက်တုံးအိမ်များသည် ကျွန်ပိုင်ရှင်များ အတွက်ဖြစ်ပြီး သဲအိမ်များနှင့် ရိုးရှင်းသည့် အိမ်ငယ်လေးများသည် ကျွန်များ အတွက် ဖြစ်လေသည်။
ရှောက်ရွှမ်တို့အုပ်စုမှာမူ စူးကုနှင့်အတူ ကျော်တုံးအိမ်တစ်လုံးတွင် နေထိုင်ခွင့်ရလေသည်။ စူးကု၏ ကျွန်ဆယ့်ငါးယောက်တို့မှာမူ သခင်လေးကို ခစားရန်အတွက် ခိုင်းစေခြင်း ခံရလေ၏။
ဤသည်မှာလော့ယဲ့မြို့တော်မဟုတ်ပဲ သားရဲမြို့တော်ရှိ အခြေစိုက်စခန်းတစ်ခုသာ ဖြစ်သော်လည်း ဆောက်လုပ်ထားသည့် ကျောက်တုံးအိမ်များသည် သေချားဆောက်လုပ်ထားခြင်း ဖြစ်သည်။ ဆယ်မီတာခန့်မြင့်မားသည့် အိမ်တစ်လုံးတွင်မူ အထပ်နှစ်ထပ် ပါဝင်နေခဲ့ပြီး ကြီးမားသည့် ကျောက်တုံးကြီးများ ဖြင့်
တည်ဆောက်ထားလေသည်။ ထိုအိမ်မှာ ဘုရင်ကြီးနေထိုင်ရန်အတွက် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် ထိုအိမ်သည် ဘုရင့်ကို ကိုယ်စားပြုပေသည်။ အကယ်၍ ဘုရင်သာ သုံးမီတာ လေးမီတာ ခန့်သာမြင့်မားသည့်သာမန် အိမ်တစ်လုံးတွင် နေထိုင်ခဲ့လျှင် သူသည် အခြားသူများ ၏ လှောင်ပြောင်ခြင်းကို သေချာပေါက် ခံရလိမ့်မည် ဖြစ်သည်။
စူးကုသည် သူ့အိမ်ဘေး တွင်ပင် ချာချာ အနားယူနိုင်ရန်အတွက် အိမ်တစ်လုံးကိုပါ ပြင်ဆင်ပေးထားလိုက်သည်။ ကံမကောင်းသည်မှာ အေးစက်နေသည့် ထိုနေရာသို့ ဝင်ပြီးသည့်အချိန်တွင် ချာချာသည် စိတ်လှုပ်ရှားနေခဲ့ခြင်း ဖြစ်လေသည်။ သူသည် ရာသီဥတိုကို နှစ်သက်ယုံသာ မက ၊ ဤနေရာမှ လေထုကိုလည်း နှစ်သက်ပေသည်။ ဤနေရာရှိလေထုသည် သိပ်သည်းနေပြီး သွေးဆာသည့် အရိပ်အယောင်များ ဖြစ်နေခဲ့လေသည်။ သူပျောက်သွားပြီးသည့် အချိန်တိုင်းပြန်ပေါ်လာသည့်အခါတွင် သူ့ထံ၌ ဒဏ်ရာတချို့ရှိနေ
တတ်သည်။ သို့သော်လည်း ချာချာသည် စိတ်တက်ကြွနေဆဲဖြစ်လေသည်။
ချာချာ ထိုမျှပျော်ရွှင်နေသည်ကို မြင်ရသည်မှာ မြင်ရခဲသည့် မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။ ရှောက်ရွှမ်သည် သူ့ကို ပျော်နေခွင့်ပေးထားလိုက်သည်။ ဟွေ မျိုးနွယ်စုမှ လူများ ပြောသည့်အတိုင်းပင် တောင် သိမ်းငှက်၏ ကြီးထွားသန်မာလာခြင်းသည် များစွာသော စိန်ခေါ်မှုများ ရှိနေမှသာ ဖြစ်နိုင်ပေမည်။ ချာချာသည် စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိသည့်ငှက်တစ်ကောင် ဖြစ်ကြောင်း ရှောက်ရွှမ် ယုံကြည်နေခဲ့လေသည်။ သူသည် ကောင်းကျိုးဆိုးကျိုးများကို သေချာ စီစစ်ပြီးမှသာ တိုက်ခိုက်တတ်သည်၊ အကယ်၍ သူမနိုင်နိုင်လျှင် ထွက်ပြေးမည်မှာ သေချာသည်။
ရှောက်ရွှမ် ၏ အခန်းသည် စူးကု၏ အခန်းနှင့် ကွာဝေးခြင်း မရှိလှပေ။ စူးကုသည် ကျွန်ပြုသိမ်းသွင်းခြင်းစွမ်းရည်ကြောင့် ရှောက်ရွှမ်ကို
အတော်လေး ယုံကြည်ပေသည်။ သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် လက်ရှိအချိန်အထိ ချောမွေ့နေခဲ့လေသည်။
“ မင်းဘယ်လို ခံစားရလဲ “ စူးကု ရှောက်ရွှမ်တို့အုပ်စုကို မေးလိုက်သည်။
“ မဆိုးပါဘူး “ ရှောက်ရွှမ် ပြန်ဖြေလိုက်သည်။
လူအများစုသည် ထိုကဲ့သို့သော ရာသီဥတုမျိုးကို သဘောကျကြလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း မီးတောက် ဦးချို မျိုးနွယ်စုကတော့ ထိုကဲ့သို့မဟုတ်ပေ။
စူးကု ရှောက်ရွှမ်နှင့်အခြားနှစ်ယောက်တို့ကို ကြည့်လိုက်သည်။ ထိုသုံးယောက်တို့ အေးစက်သည့် ရာသီဥတုကို အမှန်တကယ် စိတ်ထဲမထား
ကြောင်းသူသိလိုက်ရသည်။ သူတို့ အခြေအနေကောင်းနေကြောင်း မြင်လိုက်ရသဖြင့် သူပြုံးလိုက်ပြီး ပြောလိုက်သည် “ ဒီလိုဆိုမှတော့ ငါအပြင်ထွက်ပြီးတော့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ဦးမယ်။ ငါဒီကို မရောက်ဖြစ်တာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီ။ ဒီတော့ သားရဲမြို့တော်က ဘယ်လိုပုံစံလည်း ဆိုတာကိုတောင် ငါမေ့နေပြီ။ ဘာတွေများ ပြောင်းလဲသွားလဲဆိုတာ ငါသိချင်သေးတယ် “
သူ့မှတ်ဉာဏ်များအရ စူးကုသည် ကြမ်တမ်းသော သွေးဆာသော မြင်ကွင်းများ လွမ်းမိုးနေသည့် ရှေးဟောင်း ခေတ်ကာလ စွမ်းအားမျိုးကို သတိရမိသည်။ ထိုအရာသည် တစ်စုံတစ်ယောက် ၏ နှလုံးသားကို ပူလောင်စေပေသည်။
သူတို့အုပ်စု ကျွန်ပိုင်ရှင်များနှင့်အတူမြို့တော်ထဲ လျှောက်ကြည့်နိုင်သည်ကို တွေးမိလိုက်သဖြင့်
ရှောက်ရွှမ်တို့အုပ်စု စိတ်လှုပ်ရှားသွားကြလေသည်။
လဲ့နှင့်ထွော်တို့ကို ကြည့်လိုက်ပြီး ရှောက်ရွှမ် ခေါင်းညိတ်ပြလိုက်သည် “ ဒါဆိုရင် ကျုပ်တို့ တတိယသခင်လေးကို ကျေးဇူးတင်ပါတယ် “
သူတို့၏ ပင်ကိုယ် နောက်ခံဖြင့်သာ ဆိုပါက သူတို့သည် မြို့တော်ထဲတွင် လျှောက်ကြည့်ခွင့်ရလိမ့်မည် မဟုတ်ပေ။ သူတို့အနေဖြင့် စူးကု၏ နောက်ခံကို ငှားယမ်းရန် လိုအပ်ပေသည်။
လော့ယဲ့မြို့တော် ဘုရင်သည် စူးကုအပေါ်တွင် သိပ်ပြီး ချုပ်ချယ်ခြင်းမရှိလှပေ။ သူသည် စူးကုကို အခြားမြို့တော်သခင်များနှင့် ရင်းနှီးနေစေချင်သည့် စိတ်ရှိသည် ။ ဤသည်မှာ တစ်ကိုယ်ရည်ဆက်သွယ်ရေးနှင့် လူအများနှင့်ဆက်ဆံနိုင်သည့် အရည်အချင်းကို မြင့်တင်နိုင်သည့် နေရာတစ်ခု
ဖြစ်လေသည်။
ကျွန်အနည်းငယ်၊ အဆင့်မြင့် ကျွန်အနည်းငယ်ကို အစောင့်အကြပ်များအဖြစ် စေလွတ်ပေးခဲ့သဖြင့်စူးကုသည် သားရဲတစ်ကောင်ပေါ်တွင် စီးနင်းလိုက်ပြီး မြို့ထဲသို့ ဝင်လာခဲ့လေသည်။
ကျွန်ပိုင်ရှင်များ၏ ကမ္ဘာတွင် နောက်ခံအဆင့်အတန်းသည် အရေးပါသည့် အရာတစ်ခု ဖြစ်လေသည်။ ကျွန်များကို ဖုန်မှုံ့များ အဖြစ်ရှုမြင်ကြသည်။ အဆင့်နိမ့်ကျွန်ပိုင်ရှင်များသည်ပင် အဆင့်အတန်းမှီသည်ဟု ထင်မြင်ကြခြင်း မရှိကြပေ။
သူတို့၏ ဆက်ဆံရေးကြောင့် စူးကုသည် ရှောက်ရွှမ်တို့အုပ်စုကို နွေးထွေးစွဦဆက်ဆံနေခဲ့သည်။ ကုလားအုတ်များသည် စီးနင်းရန်အဆင်မပြေသဖြင့် သူသည် သူတို့အတွက် စီးနင်းရန် သားရဲ
များကိုပါ ရှာပေးခဲ့လေသည်။ အိမ်မွေးသားရဲများကိုသာ စီးတော်ယာဉ်အဖြစ် လက်ခံကြပြီး သူတို့သုံးယောက်သည် အခြားကျွန်များနှင့် မတူဟူသည့် ခံစားချက်ကိုဖြစ်စေလေသည်။
သားရဲမြို့တော်သည် လော့ယဲ့မြို့တော်နှင့် ကွာဝေးလှခြင်း မရှိပေ။ မြို့တော်ဂိတ်တံခါးကို သူတို့ဖြတ်ကျော်လာခဲ့ပြီးနောက်တွင် အစောင့်အကြပ်များသည် သူတို့ကို သိပ်ပြီး ဂရုစိုက်နေခြင်း မရှိပေ။
“ မြို့တော်ထဲက အစောင့်အကြပ်တွေက ဘယ်သူတွေလဲ “ ရှောက်ရွှမ် မေးလိုက်သည်။
“ အများစုက ကျောက်တုံးအုတ်ဂူက ...... မီးတောက် တောင်ကုန်းနဲ့ ၊ နှင်းမြို့တော် မြို့တော်တွေကလည်း ပါတယ်။ အဲ့ဒီမြို့တွေကသဲကန္တရ ထဲမှာ ကြီးမားတဲ့ မြို့တော်တွေပဲ၊ သားရဲမြို့တော်
ကို တည်ထောင်တဲ့ အဓိက မြို့တော်တွေလို့ ပြောလို့ရတယ် “ စူးကု ပြောလိုက်သည်။
ကန္တရအတွင်းရှိ ဤမြို့တော် သုံးခုနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များကို ရှောက်ရွှမ် ယခင်ကတည်းကပင် သိထားပြီးဖြစ်သည်။ ရှောက်ရွှမ် အများကြီးမမေးတော့ပေ။ သူသည် ပတ်ဝန်းကျင်မှ အခြေအနေများကိုသာ အာရုံစိုက်ကြည့်နေလိုက်သည်။
မြို့တော် အလည်ရှိ မြင့်မားသည့်ကွင်းပြင်တစ်ခုတွင် ကြီးမားသော အဆောက်အဦးတစ်ခု တည်ရှိနေပြီး ထိုနေရာသည် မြို့တော်၏ ပွဲကြည့်စင်ပင်ဖြစ်သည်။ ထိုပွဲကြည့်စင်ကို မြို့တော်ဘုရင်များ လာရောက်သည့်အချိန်မှသာ ဖွင့်လှစ်ကြသည်။ အခြား ကျွန်ပိုင်ရှင်များ လာလျှင်ပင် မဖွင့်ပေးကြပေ။
လေထုထဲတွင် သွေးညှီနံ့များ ရှိနေခဲ့သည်။ အနံ့အချို့သည် လက်ဆတ်နေသေးပြီး အချို့မှာမူ ပုတ်သိုးနေဟန် ရသည်။ ဖြစ်နိုင်သည်မှာ ဤသည်ပင်လျှင် မြို့တော်၏ အရသာ တစ်ခု ဖြစ်ပေလိမ့်မည်။
အသက်ကိုပြင်းပြင်းရှုလိုက်ပြီးနောက် စူးကု စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့သည် “ တကယ်ပဲ သတိရစရာပဲ “
ထိုအခိုက်အတန့်တွင် များစွာသော ပုံရိပ်များသည် ရှောက်ရွှမ်ဘေးကို ဖြတ်သန်းသွားကြလေသည်။ အစွန်းဖက်ရှိ စောင့်ကြပ်နေကြသည့် ကျွန်များသည် ကန်ထုတ်လိုက်ခြင်းကို ခံလိုက်ရသည်။
ရှောက်ရွှမ်သည် ထိုသူများ နောက်ခြေထောက် ရှည်များရှိသည့် ကန္တာရ ကြွက်တစ်မျိုးကို စီးနင်း
သွားသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် ရှည်လျားကြပြီး မြန်ဆန်ကြလေသည်။ သူတို့သည် မြို့တော်ရှိ အခြားသူများကို ဂရုစိုက်ကြခြင်း မရှိကြပေ။
“ မြန်မြန်လေး ၊ ကျောက်တုံး အုတ်ဂူက လူတွေ မီးတောက် တောင်ကုန်းက လူတွေနဲ့ တိုက်ခိုက်နေကြတယ် “ ထိုသူများ အော်ဟစ်လိုက်ကြသည်။
“ ခနလေး ၊ ငါလည်း လိုက်မယ် “ သူတို့နောက်သို့ လိုက်သွားကြသည့် လူများလည်း ရှိနေကြသေးသည်။
ထိုသူများ၏ အပြုအမူ ကြောင့် စူးကု စိတ်တိုနေခဲ့ပြီဖြစ်သည်။ သို့သော်လည်း ထိုစကားများကို ကြားလိုက်ရသည့်အခါတွင် သူ့ဒေါသများကို ထိန်းချုပ်ထားလိုက်လေသည်။
“ ငါတို့လည်း သွားကြည့်ရအောင် “ စူးကု စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။