← Chapters

အရေးမပါတဲ့နေရာက ပါနေရတယ်

Vol. 6 Ch. 76

အရေးမပါတဲ့နေရာက ပါနေရတယ်

Vol. 6 Ch. 76

" ဘာတွေလဲ "

ရှောက်ရွှမ်က အဖြူရောင်အမွေးကနေ အဆိပ်ခွက်လေးကို ဖယ်တာကို မြင်ရတဲ့အခါ ခဲ့ခဲ့က မထိန်းနိုင်တော့ပဲ အော်လိုက်မိသည်။ သူ့အသံမှာ အလွန်ကျယ်ကာ သူ့စိတ်အံ့အားသင့်မှုကို ဖော်ပြနေလေသည်။

ခဲ့ခဲ့က " ဘာတွေလဲ " လို့အော်သံကို ကြားလိုက်ရသောအခါ ကျန်တဲ့စစ်သည်တော်အားလုံးက အလွန်သိချင်စိတ်ပြင်းပြသွားသည်။ ဘာတွေဖြစ်နေသလဲဆိုတာကို သေချာမသိရတဲ့အတွက် သူတို့စိတ်ထဲမှာ ကြောင်ကုတ်နေသလို အသဲယားနေလေသည်။ သူတို့က တစ်ချက်လောက်ကြည့်ချင်သော်လည်း အဖွဲ့ခေါင်းဆောင်က စိတ်ကွက်သွားမည်ကိုလည်းကြောက်ကြလေသည်။ သူတို့လုပ်နိုင်တာက တိတ်တဆိတ်နဲ့ ရှောက်ရွှမ်ရှိရာကို စိုက်ကြနေကြရုံသာဖြစ်သည်။

မမျှော်လင့်ထားပဲ ခဲ့ခဲ့က ကိုယ်လုံးကြီးလေရာ သူတို့အားလုံး မမြင်ရအောင် လုံးဝကွယ်နေလေသည်။ လူတွေက သူ့ခေါင်းကို တူနဲ့ထုပစ်ချင်လာကြလေသည်။ မင်းအနီးကပ်ကြည့်ချင်ရင်လည်းကြည့်လေ..ဘာလို့ သူများမမြင်ရအောင်ပါ ကွယ်ထားရတာလဲဟ!

ထွော်ကတော့ စိတ်ထဲမထားပါပေ ၊ သူ ဒဏ်ရာရတဲ့စစ်သည်တော်တွေကို ပြုစုပြီးတဲ့နောက် ခဲ့ခဲ့ဘေးကိုသွားကာ ဆောင့်ကြောင့်ထိုင်ပြီး ရှောက်ရွှမ် အလုပ်များနေသည်ကို ကြည့်နေလိုက်သည်။

ပြောရရင် ရှောက်ရွှမ်က စမ်းသပ်ကြည့်နေခြင်းပင် ။ အဖြူရောင်အမွေးများဟာ ဖျက်ဖို့မလွယ်သည့်တိုင် အပင်များပင်ဖြစ်သည့်အတွက် မီးကိုတော့ကြောက်ကြပေမည် ။ မထင်ထားပဲ အလုပ်ဖြစ်သွားလေသည်။ သူ့လက်ထဲက အဖြူရောင်အမွေးလေး၏ အရှည်ကို ကြည့်ရင်း ရှောက်ရွှမ်သူ့လက်ချောင်းများနှင့် ကလိလိုက်သည်။

ခဲ့ခဲ့က ရှောက်ရွှမ် အဖြူရောင်အမွေးနှစ်ချောင်းကို ထုတ်လိုက်တာကိုမြင်ပြီး သူ့လက်ချောင်းများနဲ့ လိမ်လိုက်လှည့်လိုက်သော အခါ ၎င်းအဖြူရောင်အမွေးနှစ်ချောင်းက တစ်ခုနဲ့တစ်ခု ခိုင်ခိုင်မာမာ ချည်နှောင်မိပြီးသား ဖြစ်သွားသည်။

အချိန်တိုအတွင်းမှာ ရှောက်ရွှမ်က အဆိပ်ခွက်ဖယ်ပြီးသား အဖြူရောင်အမွေးအားလုံးကို ဆက်ကာ ကြိုးရှည်တစ်ချောင်းပြုလုပ်လိုက်လေသည်။ နှစ်မီတာမျှရှည်လျားကာ ဆွဲမယ်ဆိုရင်လည်း ဆွဲဆန့်နိုင်လောက်ပေသည်။

" အီး......"

ခဲ့ခဲ့ရဲ့ အီး...ဆိုသော အသံက ပိုပိုကျယ်လာတာ အသံကလည်းပိုပိုမြင့်လာသည် ။

အခြားဘေးမှာ ထိုင်နေကြတဲ့သူများက သူတို့စပ်စုချင်စိတ်ကြောင့် အဆင်မပြေဖြစ်လာလေသည်။ အချို့စစ်သည်တော်များဆိုရင် ခဲ့ခဲ့ကို ရိုက်ပစ်ချင်စိတ်များ ယားယံ၍နေလေသည်။

သောက်ကျိုးနည်း..မင်းနည်းနည်းလောက်နေရာဖယ်ပြီး အဝေးကနေမကြည့်တာလဲ

သို့သော် လူထုက အဖွဲ့ခေါင်းဆောင်ရဲ့ဒေါသနဲ့တော့ ရင်ဆိုင်ဖို့ရာ မရဲကြသည့်အတွက် သူတို့ထိုင်နေတဲ့နေရာက မထကြပေ။

အားစွော်က ရှောက်ရွှမ် ဘာတွေများဆော့နေသလဲကို ထကာ သွားကြည့်ပစ်လိုက်ချင်နေသည်။ သိူ့သော် အဖွဲ့ခေါင်းဆောင်က သူ့ကိုလှမ်းကြည့်နေမှန်း မသိခင် တစ်လှမ်းသာ သူလှမ်းလိုက်မိသည်။

သူက နီးအောင်ဆက်မသွားနိုင်သည့်အပြင် နောက်ပြန်ဆုတ်ဖို့လည်း မရွေးနိုင်ပါပေ ။ အားစွော်က သူ့ခြေထောက်ဘေးက မြေခဲတုံးတစ်တုံးကို ကောက်ကာ ခဲ့ခဲ့ကို လှမ်းပစ်လိုက်လေသည်။

ဗန်း

မြေခဲက ခဲ့ခဲ့ကျောကို ထိသွားကာ ချက်ချင်း တစစီပြန့်ကျဲသွားသည်။

ခဲ့ခဲ့က မြေကြီးခဲကို လုံးလုံးဂရုမစိုက်ပါပေ ။ သူက ရှောက်ရွှမ် အဖြူရောင်အမွေးတွေကိုဆွဲလို့ဆန့်လို့ရတဲ့ ကြိုးရှည်လုပ်နေတာကိုသာ သိချင်စိတ်များနေလေသည်။ သူက ယဥ်ကျေးမှုတွေ ၊ လောကဝတ်တွေအကြောင်း မသိလေရာ ရှောက်ရွှမ် လက်ထဲကနေ ကြိုးကိုလုယူလိုက်လေသည် ။

" ငါ့ကို ပေး "

ရှောက်ရွှမ်က ကြိုးကိုသေချာကိုင်မထားပဲ ခဲ့ခဲ့ကိုသာ ပေးလိုက်ပြီးနောက် ပတ်ပတ်လည်က အဖြူရောင်အမွေးတွေကိုသာ လိုက်ကောက်နေလေသည်။

ထွော်ကလည်း ဘာမှလုပ်စရာမရှိသည့်အတွက် သူ့ကိုအဖြူရောင်အမွေးများကူကောက်ပေးလေသည်။ ခဲ့ခဲ့က ကြိုးကိုလက်ထဲကိုင်ကာ မတ်တပ်ရပ်ပြီး ကြိုးကို ဆွဲဖြတ်ဖို့ လုပ်ပေမဲ့ လုံးဝပြတ်မသွားပေ ။ အိုး..ဒါတကယ့်ကို ဆွဲဆန့်လို့ရတာပဲ

" ဒီကြိုးက ရယ်ရတယ် "

ခဲ့ခဲ့က တတွတ်တွတ် ပြောနေလေသည်။

အားစွော်က ထာ့ကို လှမ်းကြည့်တဲ့အခါ သူ့နဖူးမှာသွေးကြောများထောင်ထနေသည်ကို တွေ့လေသည်။

သူက ဒီ အဖြူရောင်အမွေးကြိုးလေးက ဘယ်လောက်အထိ ဆွဲဆန့်လို့ရမလဲကို သိချင်နေပုံပင် ၊ ခဲ့ခဲ့က သူ့လက်နှစ်ဖက်မှာ ကြိုးအစွန်းနှစ်ဖက်ကို ပတ်လိုက်ပြီး အလယ်မှာ ကြိုးနည်းနည်းလေး ချန်ထားပြီး အားကြိုးမာန်တက်ဆွဲနေလေသည်။

ကြိုးကြောင့် ခဲ့ခဲ့လက် သွေးထွက်တော့မည့်အချိန်တွင် ကြိုးက "ပလက်" ဆိုသောအသံနှင့် ပြတ်ထွက်သွားလေသည်။ သို့သော်လည်း ပြတ်ထွက်သွားသည့်အပိုင်းမှာ အလည်ပိုင်းလေးက မဟုတ်ပါပေ။

" ဒါ တော်တော် မိုက်တာပဲ ၊ မင်း ဒါနဲ့ဘာလုပ်ဖို့အစီအစဥ်ရှိလဲ အားရွှမ်" ခဲ့ခဲ့က ဒဏ်ရာ ရတော့မလိုဖြစ်နေတဲ့သူ့လက်ကိုပွတ်ရင်းရှောက်ရွှမ်ကိုမေးလိုက်သည်။

" ကျွန်တော့်မှာသာ အချိန်ရှိရင် ဘာများမိမလဲသိချင်လို့ ထောင်ခြောက်ဆင်ကြည့်ဖို့တော့တွေးထားတယ် " ရှောက်ရွှမ်ကဖြေလေသည်။

အဖွဲ့ခေါင်းဆောင်က ပိုမကျေမနပ်ဖြစ်လာလေသည်။

ထာ့က သူ့ကို အပြင်ခေါ်လာမိခြင်းကိုနောင်တရနေလေသည်။ သူပြန်ရောက်တဲ့အခါ သူ့ကိုအဆင့်မြင့်အဖွဲ့က ထုတ်ပစ်ဖို့ဆုံးဖြတ်လိုက်သည်။ သူက ရှောက်ရွှမ်ကိုဘယ်တော့မှအဆင့်မြင့်အဖွဲ့ထဲ ပါခိုင်းတော့မည်မဟုတ်ပေ။

ထာ့က အနားယူပြီးကြောင်း ပြောလိုက်တဲ့အခါ ရှောက်ရွှမ်က အဖြူရောင်အမွေးများကို စုကာလုံးလိုက်ပြီး သူ့သားရေအိတ်ထဲ အလုံးကြီးလုံးကာ ထည့်လိုက်လေသည်။ အဖြူရောင်အမွေးများဟာ အလွန်ပေါ့လေရာ အရွယ်အစားကြီးမားနေသည့်တိုင် အခွံမာသီးတစ်လုံးမျှလောက်သာလေးပေသည်။

ထို့နောက် သူတို့က ခုန်တဲ့အသီးများကို ဝိုင်းကာ အမဲလိုက်ကြလေပြန်သည်။ သူ့ဘာသာ ကြွေကျတဲ့ခုန်တဲ့အသီးများကို ခုတ်ဖြတ်ခူးလိုက်လျှင် သူတို့က လုံးဝ မခုန်ကြတော့ပေ ။ အဆင့်မြင့်အဖွဲ့က စစ်သည်တော်များက အတော်လေး အတွေ့အကြုံရှိကြလေရာ သူတို့က အတော်လေးလွဲခဲ၊မှားခဲလေသည် ။

ရှောက်ရွှမ် ကတော့ ဒီမခုန်တော့တဲ့အသီးများကို ကောက်ဖို့ရာပင်အရည်အချင်းမရှိလေရာ အဖွဲ့ခေါင်းဆောင်က သူ့ကိုမှာထားသည်။

" ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် အဝေးသွားနေ "

ရှောက်ရွှမ် က စောဒကမတက်ပဲ ဂရုစိုက်ပြီးသာ စူးစမ်းကြည့်နေလေသည်။ အခြားသူများအသီးကိုဘယ်လို ခူးနေကြလဲကိုသာ သင်နေလေသည်။

ဒီအသီးတွေက ချက်ချင်း ထခုန်တတ်ကြပြီး အုပ်လိုက်ကြီး ပျံထွက်လာတတ်ကြသည်။ လူတွေက ဒီလိုအများကြီးလှုပ်ရှားလာရင် အနှောင့်အယှက်ဖြစ်ရသည်ပင်။

ထို့ကြောင့် စစ်သည်တော်တွေက နောက်တစ်လုံးခူးဖို့မလုပ်ခင်မှာ တလုံးကိုပဲ မျက်စိရှင်ရှင်ထားကြည့်ကာ ခူးရလေသည်။ အဲ့ဒီအချိန်မှာပဲ သူတို့က အသီး ကြွေကျမယ့်လမ်းကြောင်းကို သူတိူ့စိတ်ထဲတွက်ချက်ရလေသည်။

ခုန်တဲ့အသီးတွေက တိရိစ္ဆာန်တွေလိုခံစားချက်မရှိသော်လည်း သူတို့အကျိုးနောက်ကိုလိုက်ပြီးထိခိုက်တာကို ဘယ်လိုရှောင်ရမလဲတော့သိလေသည်။ ထို့ကြောင့် အာရုံသာမစိုက်ဘူးဆိုရင် ၎င်းကချော်ထွက်သွားပေလိမ့်မည်။ ရှောက်ရွှမ်က အပင်နောက်မှာပုန်းနေကာ အခွင့်အရေးရတိုင်း အသီးများကို ခြွေချတာ ၆လုံးအထိရှိသွားလေပြီ။

ခုန်တဲ့အသီးများက သူတို့မိခင်အပင်က အဝေးကို ရောက်သွားလျှင် သူတို့ကိုယ်သူတို့အကိုင်းများမှာ သူတို့ဘာသာ ပြန်မကပ်ကြခင် တောရိုင်းထဲတရက်နှစ်ရက်လောက်နေနိုင်သည်။ အကယ်၍ သူတို့အချိန်မှီ အကြောင်းအမျိုးမျိုးကြောင့်ပြန်မလာနိုင်လျှင် ၎င်းတို့က ခြောက်သွေ့သွားပေမည်။ မဟူတ်ပါက အခြားတိရိစ္ဆာန်များစားသွားပေလိမ့်မည် ။ ထို့ပြင် သူတို့က မြေကြီးမှာအမြစ်တွယ်ကာ အပင်သစ်ဖြစ်လာဖို့ကလည်း အခွင့်အရေးနည်းပါးလေသည်။

နတ်ဆရာလိုအပ်သည်က အသီးတစ်ခုလုံးမဟုတ်ပဲ အစေ့များသာပင်။ ပုံမှန်ဆိုရင် သူတို့ကအသားကိုစားပြီး အစေ့များကို သိမ်းထားလိုက်ရုံပင် ။ ဒီမှာက သူတို့အဓိကစားစရာက အပင်များပါပင်။

သူတို့က ခုန်တဲ့အသီးများ အပင်က သူ့ဘာသာကြွေကျချိန်တွင်သာ ရပ်ကြလေသည်။ သူတို့က မခုန်တော့တဲ့အသီးကိုမြေမှာတွေ့ရင် ကောက်ပြီးသူတို့သားရေအိတ်ထဲထည့်ကာ သူတို့ဗိုက်ဆာလာရင် အသားကိုစားပြီး အစေ့ကိုသိမ်းထားလိုက်ကြသည်။

ခုန်တဲ့အပင်များရဲ့အစေ့များအပြင် အဆင့်မြင့်အဖွဲ့က ရွှံ့ညွန်ထဲကအပင်အချို့ အမြစ်များကိုဖြတ်ဖို့လည်းလိုအပ်သေးသည်။ အခြားအပင်များနဲ့မတူသည်က ၎င်းရဲ့အကိုင်းအခက်၊အရွက်များက ရွှံ့ညွန်ထဲမှာဖြစ်ပြီး သူ့အမြစ်ကတော့လေထဲမှာဖြစ်ကာ ရွှံ့ညွန်အပြင်ဘက်ကိုထိုးထွက်နေလေသည်။ စစ်သည်တော်များက ရွှံ့ညွန်ထဲနစ်မသွားစေရန် အလွန်ဂရုစိုက်ရန်လိုလေသည်။

အဆင့်မြင့်အဖွဲ့က အထူးဖြတ်တောက်နည်းကိုသုံးကြလေသည်။ စစ်သည်တော်တယောက်က အပင်ရဲ့အမြစ်ကို ချုပ်ကိုင်ထားကြကာ အခြားတစ်ယောက်က ဓားသွားနဲ့ဖြတ်ပစ်လေသည်။

ပြောရတာလွယ်သော်လည်း ဖြတ်တောက်ရန်မှာခက်လေသည်။ ဒီနည်းလမ်းမှာ နည်းပညာမြင့်ပြီး စစ်သည်တော်အချင်းချင်းကြားက နားလည်မှုကိုလည်း စစ်ဆေးပေသည်။

အဓိကအမြစ်ကို ဖြတ်တောက်သည့်သူကသာ မအောင်မြင်လျှင် အမြစ်များက ရွှံ့ညွန် ထဲ အမြန်နစ်ဝင်သွားပေလိမ့်မည်။ ဒီလိုသာဖြစ်ရင် ဒီအမြစ်ကိုနောက်တစ်ခါထပ်ရှာတွေ့ဖို့မဖြစ်နိုင်ပါပေ ။

၎င်းက လွတ်ထွက်သွားဖို့ အခွင့်အရေးလည်းများလေသည် ။ ပထမစစ်သည်တော်ကသာ အမြစ်ကိုသေချာချုပ်ကိုင်မထားလျှင် ဘာမှရလာမည်မဟုတ်ပေ ။

ရှောက်ရွှမ် တာဝန်ကတော့ ထာ့က သူ့ကို ရွှံ့ပေနေတဲ့အမြစ်တွေကို ကူကောက်ပြီး အတူတူစုပေးရန်ပြောထားလေသည်။ ရှောက်ရွှမ် အခု ဘယ်လိုခံစားနေရလဲသာမေးရင် သူက အရေးမပါတဲ့နေရာက ပါနေရတယ်လို့ သူပြောပေလိမ့်မယ် ။ညမှာတော့ အဆင့်မြင့်အဖွဲ့က သစ်ပင်ကြီးများပေါ် နားကြလိမ့်မည်။ သစ်ကိုယ်ထည်ကြီးမှာ ထွင်းဖောက်ခံထားရသော အပေါက်ကြီး ရှိလေသည်။

ဒီအပင်တင်မဟုတ်ပဲ ပတ်ပတ်လည်က အပင်တော်တော်များများမှာလည်း ထိုကဲ့သို့အခေါင်းပေါက်များရှိလေသည်။ သို့သော် သူတို့ဒီအခေါင်းပေါက်များမှာ တစ်ညနားဖို့ရာကတော့ ကံသာလျှင်ဖြစ်သည်။

တစ်ခါတစ်လေ ဒီအခေါင်းပေါက်များကို ငှက်နဲ့အခြားတိရိစ္ဆာန်များက အပိုင်သိမ်းထားတတ်လေသည်။ သူတို့က မောင်းမထုတ်နိုင်ရင် စစ်သည်တော်များက အခြားသစ်ပင်အခေါင်းပေါက်များကိုရှာရပေမည်။

ရှောက်ရွှမ်က သူတို့ အချို့အသီးများကို စုဆောင်းနေသည်ကို မြင်ရလေသည်။ သူတို့က ၎င်းကိုမီးမြိုက်လိုက်သည့်အခါ မီးခိုးအများကြီးထွက်လာလေသည်။

စစ်သည်တော်များက မီးလောင်နေတဲ့အသီးများကို အပက်အပေါက်ထဲပစ်ထည့်လိုက်ကာ မကြာမီပင် အပင်အပေါက်ထဲ သစ်ခေါင်းထဲက ပိုးကောင်များကိုမီးခိုးတိုက်ခံရကာ မြေပေါ်သိူ့ကျလာလေသည်။ မီးခိုးများတိတ်သွားသောအခါ မြေပေါ်မှာ ပိုးကောင်အမျိုးမျိုးအလွှာတစ်ခု ရှိနေလေသည်။

သူတို့က အပေါက်ထဲ သစ်သီးတွေပစ်ထည့်နေချိန် ရှောက်ရွှမ်ကို ကြိုးကိုထုတ်ကာ အနားမှာ အလုပ်ရှုပ်နေလေသည်။

အဆင့်မြင့်အဖွဲ့က တစ်ယောက်ယောက်ကတော့ အစောင့်တာဝန်ယူထားပေလိမ့်မည် ။ ထို့ကြောင့် ရှောက်ရွှမ်က ဘာမှမပူပါပေ ။ ထာ့က ရှောက်ရွှမ် အပြုအမူတို့ကိုလုံးဝမကြိုက်ပါပေ ။

ထာ့ကို ရှောက်ရွှမ်က ခွင့်တောင်းလေတိုင်း ထာ့မျက်နှာကအေးစက်နေကာ ရှောက်ရွှမ်က ရှက်စရာတခုခုလုပ်ထားသည့်အတိုင်း ကြမ်းကြမ်းတမ်းတမ်း ခွင့်ပြုသည်ဟု ပြောဖို့ကိုလည်း အချိန်အတော်ကြာလေသည်။

ပြောရရင် ရှောက်ရွှမ်စိတ်ထဲကနေ ထာ့က နောက်အမဲလိုက်ခရီးကျသူ့ကိုမခေါ်တော့ဘူးဆိုတာကိုသိနေသည်။ သူကလည်း နောက်တစ်ခါတွဲပြီး မလိုက်ချင်တော့ပါပေ ။

အဆင့်မြင့်အဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်ရခြင်းက အကျိုးအတော်လေးများသော်လည်း သူက မိုင်တို့အဖွဲ့နဲ့သာ ပိုနေလိုသည်။

အဆင့်မြင့်အဖွဲ့က သူ့ကိုလာဘ်ကောင်လေးလိုသာ ဆက်ဆံပြီး ထာ့ကလည်း စည်းကမ်းတမ်းကြပ်ကာ ခေါင်းမာသောသူပင်ဖြစ်သာ်။ အဆင့်မြင့်အဖွဲ့ထဲ ဘာမှမလုပ်ပဲနေရသည်မှာလည်း သက်တောင့်သက်သာ မရှိပါပေ ။ ၎င်းနဲ့ယှဥ်ရင် တကယ့်အမဲလိုက်ခြင်းကသာ သူ့ကိုရင်ခုန်စေသည်။

စစ်သည်တော်အများစုက သစ်ခေါင်းထဲကို သစ်သီးများပစ်ထည့်နေရင်း ရှောက်ရွှမ်က နောက်မှာ ပြေးသွားကာ သစ်တောရဲ့မနီးမဝေးအရှေ့မှာ ရှိ နေသည်ကို သူတို့နောက်လှည့်ကြည့်ရင်းတွေ့လိုက်သည်။ သူတို့က သူတို့အဖွဲ့သားကိုမေးကြည့်လိုက်သည်။

" သူ ဘာလုပ်နေတာလဲ "

" ထောင်ခြောက် ဆင်နေတာထင်တယ် "

အခြားတစ်ယောက်က မရေမရာဖြေသည်။

" ညမှာ ဘာကိုထောင်ခြောက်မိမှာလဲ ၊ ငါတို့က သားရဲတွေကိုမှ မလိုပဲ ၊ စကားမစပ် ခေါင်းဆောင်က ထောင်ခြောက်ဆင်တဲ့ကိစ္စမျိုးတွေကို မုန်းတယ်ဆိုတာ သူမသိဘူးလား "

" ဘယ်သူပြောနိုင်မှာလဲ။ သူလုပ်နိုင်တုန်း ကောင်းကောင်းလုပ်နေတာဖြစ်မှာပါ ၊ ခေါင်းဆောင် သဘောထားကိုမြင်တယ်မလား၊ သူနောက်အမဲလိုက်ခရီးကျ ခေါ်သွားမသွားဆိုတာ စဥ်းစားစရာပဲ "

" ဒါဆိုလည်း ငါတို့ သူဘာလုပ်လုပ်ဂရုမစိုက်တော့ဘူး "

အဆင့်မြင့်အဖွဲ့က စစ်သည်တော်အများစုမှာ ရှောက်ရွှမ်ရဲ့ ဆွေမျိုးနဲ့သူငယ်ချင်းများ မရှိပေ။ နောက်ပိုင်းမှာ သူတို့က သူနဲ့ကပ်နေဖို့အစီအစဥ်မရှိပါပေ ။ ထို့ကြောင့် သူက သူတို့အဖွဲ့ငယ်လေးမှ လုံးဝထုတ်ခံထားရလေသည်။ မျိုးနွယ်စုအတွင်းမှာပင် ဂိုဏ်းကွဲမှုများ ရှိလေသည်။

အပေါ်က ပိုးကောင်များ ကျမလာတော့သည့်အခါ ထာ့က လူတွေကိုခေါ်လိုက်ပြီး

" အပေါ်တက်ရအောင် ၊ မှောင်တော့မယ် "

ရှောက်ရွှမ်လည်း သူ့အလုပ်ပြီးတဲ့အခါ သူလည်းအခြားသူတွေနောက်ကို လိုက်တက်လာခဲ့သည်။

All Chapters