လီ
Vol. 12 Ch. 171
ရှောက်ရွှမ် သူ့စိတ်ထဲမှ မျိုးနွယ်စုနတ်ရုပ် ယမ်းခါနေသည်ကို ခံစားမိလိုက်သောကြောင့် အိပ်မလို့လုပ်နေရာမှ ရုတ်တရက်ထလာခြင်း ဖြစ်သည်။
သူ့ပတ်ပတ်လည်တွင် သစ်သားပြားများဖြင့် ကာရံထားေသာေကြာင့် အပြင်သို့မမြင်ရချေ။ သူ့ဘေးရှိ မြေပြင်ပေါ်တွင်မူ တစ်ယောက်ကိုတစ်ယောက်ထပ်လျက်ပင် ဟောက်ပြီးအိပ်နေကြသော လူများကို တွေ့နေရ၏။
ရှောက်ရွှမ်တိတ်တဆိတ်ပင် သူ့အားထိုသို့ဖြစ်သွားစေသည့် အရာကို ကြိုးစားအာရုံခံလိုက်သည်။
အဲ့မှာပဲ အဲ့ဘက်ကလာတာ။
သို့သော် ကမ္ဘာပေါ်မှ ဘယ်လိုအရာမျိုးမှာ သူ့မျိုးနွယ်စုနတ်ရုပ်အား ထိုသို့ဖြစ်သွားစေနိုင်ပါသနည်း။
ရှောက်ရွှမ်အပြင်သို့ ထွက်ကြည့်ချင်သော်လည်း မကြာခင်တွင် ထိုလှုပ်ရှားနေမှုမှာ ရပ်တန့်သွားသည်။ သူ့စိတ်ထဲရှိ ယမ်းခါနေသောမျိုးနွယ်စုနတ်ရုပ်မှာလည်း ငြိမ်သက်သွားကာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။
ရှောက်ရွှမ် အပြင်ထွက်ကြည့်မည့်စိတ်ကူးအား ဖယ်ထုတ်လိုက်ရသည်။ ဤပတ်၀န်းကျင်သည် လူစိမ်းများသာ ရှိသောနေရာဖြစ်ပြီး ကျွန်များအား ထိန်းသိမ်းထားသော နေရာမဟုတ်ပါလား။ အကယ်၍ ညဘက်တွင် သူအပြင်သို့လျှောက်သွားနေပါက သံသယရှိသူအဖြစ်သတ်မှတ်ခံရကာ ကင်းလှည့်နေသော အစောင့်များ၏ တိုက်ခိုက်ခြင်းအား ခံရနိုင်ပေသည်။
သူ့နတ်ရုပ်အား နောက်တစ်ခါထပ်စစ်ဆေးလိုက်ပြီး
ငြိမ်သက်သွားတာ သေချာသွားသောအခါတွင်မူ ရှောက်ရွှမ် ပြန်အနားယူဖို့ ကြိုးစားလိုက်၏။
ပုမျိုးနွယ်စု၀င်များသည် နောက်နေ့အတွက် မည်သည့်အစီအစဉ်မှ မရှိကြပေ။ ဖန်းနင်ကဲ့သို့ အဖွဲ့၏ အရေးပါသော ပုဂ္ဂိုလ်များသည်သာ အခြားကုန်အဖွဲ့များနှင့် ညှိနှိုင်းရန်ထွက်ခွာသွားကြပြီး ကျန်သူများအတွက်တော့ ဘာလုပ်စရာမှ မရှိကြပေ။
ထို့ကြောင့် ရှောက်ရွှမ်ညက သူ့နတ်ရုပ်လှုပ်ယမ်းသွားစေသော ဖြစ်ရပ်ဖြစ်ခဲ့ေသာအရပ်သို့သွားကာ အကြောင်းအရင်းကိုရှာဖွေရန် ကြိုးစားခဲ့သည်။ သို့သော် သူအိမ်ထဲမှ ထွက်လိုက်သောအခါ ယွီ၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရ၏။ ယွီသည် အခြားကုန်သွယ်အဖွဲ့များဆီမှ အဆိပ်ဖားအသစ်တစ်မျိုးကို ရှာတွေ့ခဲ့ပေသည်။ ထိုသို့သော ဖားမျိုးကို သူတို့မျိုးနွယ်စု၌ ဘယ်မှာမှ မတွေ့နိုင်ချေ။ အစက ယွီ ထိုအဆိပ်အား တစ်ယောက်ထဲသွားကြည့်ရန် စဉ်းစားထားပါသော်လည်း မျိုးနွယ်စုမှမထွက်ခင် သူ့အဖိုးပြောထားသည်ကို သတိရသွားသောအခါ ရှောက်ရွှမ်
ကိုခေါ်လိုက်ခြင်း ဖြစ်၏။ ထို့နောက် သူရှောက်ရွှမ်အပါအ၀င်အခြားသူများကိုပါ ခေါ်၍ ချီတက်သွားတော့သည်။
“ရှောက်ရွှမ် မင်းဘာကိုကြည့်နေတာလဲ” သူတို့ထဲမှတစ်ယောက် မေးလိုက်သည်။
“လေလွင့်သူတွေအကုန်လုံးက အဲ့မှာနေတာလား” ရှောက်ရွှမ် နေရာတစ်ခုအား လက်ညှိုးထိုးပြကာ မေးလိုက်၏။
တစ်ချက်ကြည့်လိုက်ပြီးနောက် ပုမျိုးနွယ်စုမှ အတွေ့အကြုံရင့် ကုန်သည်တစ်ယောက် ပြန်ဖြေလိုက်သည်။ “လေလွင့်သူတွေ အများစုကတော့ အဲ့မှာနေကြတယ် ဒါပေမယ့် ငါမင်းကိုအဲ့နေရာကိုမသွားဖို့ အကြံပေးလိုက်မယ် အဲ့ကကောင်တွေက တကယ့်အရူးတွေ မင်းသွားလို့ကတော့ နားပူနားဆာလုပ်ခံရမှာပဲ သူတို့ထဲက တချို့က မျိုးနွယ်စုတစ်ခုခုကို ၀င်ချင်ကြတာ ဒါပေမယ့် အရမ်းအန္တရာယ်များလို့ ဘယ်
မျိုးနွယ်စုကမှ သူတို့ကိုမခေါ်ချင်ကြဘူး”
စွမ်းအားကင်းမဲ့ခြင်းသည် လူတစ်ယောက်အား ရူးသွပ်သွားစေပြီး စိတ်ကျဝေဒနာကို အချိန်အတော်ကြာ ခံစားပြီးရသည့်နောက် သူတို့စိတ်များသည် အလိုလိုကြမ်းကြုတ်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဤနေရာရှိ လူအများစုမှာ ထိုသူများအား ရှောင်ကြခြင်း ဖြစ်၏။
“ခင်ဗျား အဲ့နေရာကို သွားချင်လို့လား” ယွီမေးလိုက်သည်။
“တစ်ချက်လောက် ကြည့်ချင်ရုံပါ” ရှောက်ရွှမ်ဖြေလိုက်၏။
“မင်းအဲ့ကိုအခု သွားစရာမလိုဘူး” ဘေးမှ လူကြီးတစ်ယောက် ၀င်ပြောလိုက်သည်။ “လေလွင့်သူတွေက အိမ်ကနေအစောကြီး ထွက်သွားတတ်ကြတယ်
တချို့က အနီးနားဒေသတွေမှာ အစာရှာကြပြီး အချို့ကတော့ အခွင့်အရေးတစ်ခုခုရလိုရငြား သွားရှာတတ်ကြတယ်”
ရှောက်ရွှမ် ထိုနေရာကို တစ်ချက်ကြည့်လိုက်ရာ ထိုနေရာမှ အပြင်ထွက်လာသူများကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမူလအစီအစဉ်အတိုင်း ယွီခေါ်သည့်နေရာကိုသာ လိုက်သွားလိုက်၏။
သို့သော် ရှောက်ရွှမ်ထွက်သွားပြီး မကြာမှီတွင် လေလွင့်သူများ နေသောနေရာ၌ ယန်ရှို့ သစ်သားတံုးကို သူ့အိမ်အပေါက်မှ ရွှေ့လိုက်သည်။
သူ့မျက်နှာတွင် အားနည်းနေသည့်ပုံ ပေါ်သော်လည်း အမှန်တကယ်တွင် သူအလွန်စိတ်ကောင်း၀င်နေ၏။ အရင်ကသူ၏ ငါးသေမျက်လုံးများနှင့် ယှဉ်လျှင်မူ ယခုအခါ သူ့မျက်လုံးများသည် အလွန်တောက်ပနေကြသည်။
မနေ့ညက ပထမဆုံးအနေနှင့် ဒဏ္ဍာရီလာစစ်သည်တော်များတွင်သာ ရှိကြသော နတ်အမှတ်အသားများကို သူ့ကိုယ်ပေါ်တွင်မြင်လိုက်ရပြီး ထိုအမှတ်အသားမှာလည်း မီးတောက်ဦးချိုမျိုးနွယ်စု၏ အမှတ်အသား ဖြစ်ပေသည်။
ထိုနတ်အမှတ်အသားသည် သေချာမရှင်းလင်းဘဲ အကြာကြီးပေါ်မနေခဲ့သော်လည်း ယန်ရှို့ထိုအလင်းရောင်အား သူ့ဘ၀တွင် နောက်တစ်ကြိမ် ပြန်ခံစားခဲ့ရခြင်း ဖြစ်၏။ ထို့ကြောင့် စိတ်လှုပ်ရှားမှုေကြာင့် တစ်ညလုံးပင် သူအိပ်မပျော်ခဲ့ပေ။
အမှောင်ထဲတွင် အနေကြာလာေသာ လူတစ်ယောက်အတွက်မူ အလင်းရောင်လေးအနည်းငယ်မှာပင် မျှော်လင့်ချက်တစ်ခု ဖြစ်ပေသည်။
မနေ့ညက နတ်အမှတ်အသား၏ ပုံသဏ္ဍာန်ပေါ်လာရုံသာမက သူ့ခန္ဓာကိုယ်တွင် အပြောင်းအလဲအချို့ ဖြစ်ပေါ်ခဲ့သည်ကိုလည်း သူခံစားခဲ့ရ၏။ သူ့ခန္ဓာကိုယ်
သည် အရင်ကနှင့်အတူတူဟု ထင်ရသော်လည်း သူ့စွမ်းအား အနည်းငယ်တိုးလာကာ သစ်သားတုံးကိုပင် အလွယ်တကူ ရွှေ့နိုင်နေသည်ကို တွေ့ခဲ့ရသည်။
ယန်ရှို့အရင်က သူ့လူများအားခေါ်ကာ ဤနေရာမှ ထွက်ခွာသွားဖို့ စဉ်းစားခဲ့သော်လည်း မနေ့ညကအဖြစ်အပျက်မျိုး ဖြစ်ပျက်ပြီးသော အခါတွင်မူ သူ၏ထွက်ခွာသွားချင်စိတ်ကို လက်လျှော့လိုက်သည်။ မနက်ရောက်သောအခါ သူ့ဇနီးနှင့် ရှေ့ဆက်လုပ်ရမည့်ကိစ္စများအား ဆွေးနွေးခဲ့ပြီး ပုံမှန်အတိုင်းပင် သူ့အိမ်မှ ထွက်ခွာခဲ့၏။
အခြားသူများမှာမူ အစာရှာရန် ထွက်သွားကြလေပြီ။ ယန်ရှို့ထွက်ခွာရန် ပြင်လိုက်စဉ် မြစ်ကမ်းမှ လူတစ်ယောက်သူ့ဆီသို့ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။
ထိုလူ့အားမြင်သောအခါ ယန်ရှို့မျက်မှောင်ကြုတ်သွားပြီး နောက်လှည့်ကာ သူ့မိန်းမကို ပြောလိုက်၏။
“အထဲ၀င်နေ အပြင်ထွက်မလာနဲ့”
ထိုလူသည် ပျင်းတိပျင်းရွဲပုံစံဖြင့် သူ့ဆီသို့လာနေပြီး ကြာပွတ်တစ်ချောင်းအား လက်ထဲတွင် ကိုင်ထားလေသည်။ မြစ်ကမ်းရှိ ကျွန်များအား ကိုင်တွယ်သောနေရာတွင် ထိုလူကဲ့သို့သော လူများကို မကြာခဏ တွေ့မြင်နိုင်ပေ၏။
ထိုသူများသည်လည်း ကျွန်များသာဖြစ်ကြသော်လည်း အခြားအဆင့်နိမ့်ကျွန်များထက်တော့ တစ်ဆင့်မြင့်ကြသူများ ဖြစ်ကြသည်။
သူတို့သည် အဆင့်နိမ့်ကျွန်များအား အုပ်ချုပ်ရပြီး သူတို့လက်ထဲရှိ ကြာပွတ်သည် ပျင်းရိနေသော ကျွန်များအပေါ် ညှာတာမှု လုံး၀မရှိချေ။ ထိုမျှ အာဏာသေးသေးလေးမှာပင် ထိုလူများအား အလွန်စိတ်ကျေနပ်စေပြီး သူတို့အား စိတ်မကျေနပ်အောင်
လုပ်လျှင် ထိုကျွန်မှာ သေသည်အထိ ကြာပွတ်နှင့် အရိုက်ခံရမည် ဖြစ်၏။ သို့သော် ကျွန်သခင်ဆီမှ ခွင့်ပြုချက်မရဘဲနှင့်တော့ သူတို့သေသည်အထိ မလုပ်ရဲကြပေ။
ယခုလျှောက်လာသော လူ၏ အမည်မှာမူ လီ ဖြစ်သည်။ ဤနေရာသို့ မရောက်ခင်တွင် သူသည် ယန်ရှို့နှင့်အတူ တစ်နေရာတည်းမှ လာခဲ့ခြင်းဖြစ်၏။ သူသည် မျိုးနွယ်စုတစ်ခုခုထဲသို့ ၀င်ချင်ခဲ့ပြီး မျိုးနွယ်စုများမှ ငြင်းဆန်ခြင်းကိုသာ ခံနေရသောအခါတွင် ကျွန်တစ်ယောက်ဖြစ်ရန် ရွေးချယ်ခဲ့လေသည်။
လီသည် ဤနေရာသို့ အတူတူလာခဲ့ကြသော လူများကြားထဲ၌ ကျွန်ဖြစ်ရန် ပထမဆုံးရွေးချွယ်ခဲ့သူ ဖြစ်၏။
အစတွင် လီသည်လည်း အဆင့်နိမ့်ကျွန်တစ်ယောက်သာ ဖြစ်သည်။ နေ့တိုင်းနားချိန်နည်းနည်းနှင့် အလုပ်
လုပ်ရပြီး အလွန်ပင်ပန်းရကာ ကြာပွတ်နှင့် ရိုက်ခြင်းကိုလည်း ခံခဲ့ရ၏။ သို့သော် သူအခွင့်ကောင်းတစ်ခုအား ရရှိခဲ့သည်။ ကျွန်များထဲမှ တချို့သည် ကုန်သွယ်အဖွဲ့ကြီးတစ်ခုအား စော်ကားခဲ့မိလေရာ ကျွန်သခင်သည် ထိုကျွန်များအား သတ်ဖြတ်ပစ်ခဲ့၏။ ထိုအခါ လီသည်အလိုလိုနေရင်း ရာထူးတိုးခြင်းကို ခံခဲ့ရသည်။
ကျွန်တစ်ယောက်ဖြစ်လာပြီးသည့်နောက် ကျွန်ပိုင်ရှင်ဆီမှ သူချီးမြင့်သော စွမ်းအားကိုရရှိကြပြီး ကျွန်အဆင့် မြင့်လေလေ စွမ်းအားနှင့် အရင်းအမြစ် ပိုရလေလေဖြစ်၏။
မနေ့ညက ယန်ရှို့ဆီသို့လာခဲ့သောသူမှာ လီလက်ချက်ဖြင့် လက်မောင်းရိုးကျိုးထားသူ ဖြစ်ပေသည်။
သူ့အစွမ်းအား ထုတ်ပြလို၍ဖြစ်စေ အခြားလူမှုရေးပြဿနာများကြောင့်ဖြစ်စေ လီသည် သူ၏ အရင်မိတ်ဆွေဟောင်းများအား မကြာခဏ အစွမ်းပြလေ့
ရှိ၏။ အကယ်၍ မြစ်ကမ်းတွင်သာ လီထိန်းချုပ်ရမည့် အုတ်အော်သောင်းနင်းမှုမျိုးမဖြစ်ခဲ့ပါက ထိုလူသည် လက်မောင်းကျိုးမည့်အစား သေနေမည် ဖြစ်သည်။
ဤနေရာသို့ လာခဲ့ကြသော လူများထဲတွင် တချို့မှာ ထွက်သွားကြကာ တချို့မှာသေသွားကြပြီး တချို့မှာတော့ ဒဏ်ရာရရကြရ၏။ ယန်ရှို့နှင့်သူ့မိသားစုမှ လွဲရင် မနေ့ညကလာခဲ့သောသူမှာ သူတို့အဖွဲ့တွင်း နောက်ဆုံးကျန်သော တောင့်ခံနေသူဖြစ်ပေသည်။ သို့သော် ယခုတွင်မူ သူတစ်ယောက်ထဲသာ ကျန်ပေတော့သည်။
လီ သူ့လက်ထဲတွင် ကြာပွတ်ရှည်အားကိုင်ကာ သံသယဖြစ်စရာ မျက်နှာနှင့် ယန်ရှို့ထံသို့ တလှမ်းခြင်း လျှောက်လာနေ၏။
အကယ်၍ သူတို့နှစ်ယောက်လုံးသာ ကျွန်ပိုင်ရှင်တစ်ယောက်ထဲထံမှ ကျွန်များ ဖြစ်နေပါက လီသူ့အား
သတ်ရဲမည်မဟုတ်ပေ။ ကျွန်ပိုင်ရှင်သည် အဆင့်နိမ့်ကျွန်များအပေါ် ထိုမျှဂရုမစိုက်ဟုဆိုပါသော်လည်း ပိုင်ရှင်စိတ်ပြောင်းသွားမည်ကို သူကြောက်သည်။ သူ့ရာထူးလေးမှာ အချိန်အကြာကြီးစောင့်ပြီးမှ ခက်ခက်ခဲခဲရလာခဲ့သော အရာလေးမဟုတ်ပါလား။ ကျွန်သခင် စိတ်ကွက်မှာမျိုးကို သူမလိုလားပေ။ ထိုလူသည် အမြဲတမ်းပြုံးရွှင်နေပါသော်လည်း ကျွန်များအား မျက်တောင်မခတ်ဘဲ သတ်သည်ကို သူတွေ့ခဲ့ဖူး၏။ ထိုအကြောင်းအား တွေးမိသောအခါ သူ့ကျောတစ်ခုလုံး ချွေးများဖြင့် စိုရွှဲသွားလေသည်။
သို့သော် လေလွင့်သူများနှင့် ပတ်သက်လျှင်တော့ ကျွန်ပိုင်ရှင် ဘာမှ၀င်ပါလေ့မရှိချေ။ ဤလေလွင့်သူများသည် သူတို့အတွက် ဘယ်အရာက ပိုကောင်းသည်ကို မသိကြသောသူများ ဖြစ်ကြသည်။ သူတို့ထဲမှ တချို့သည် ကျွန်ပိုင်ရှင်သူတို့အား ကျွန်အဖြစ်ရွေးချယ်သောအခါ ငြင်းလေ့ရှိတတ်ကြ၏။
အစက သူတို့ကြားထဲတွင် ကျွန်ဖြစ်လာရန် ကျွန်
ပိုင်ရှင်ရွေးခဲ့ေသာ သူမှာ သူတို့ထဲ၌ အားအကောင်းဆုံးသူဖြစ်သော ယန်ရှို့ဖြစ်သည်။ သို့သော် ထိုယန်ရှို့သည် သူ့အတွက်ဘာက ပိုကောင်းမည်ကို မသိဘဲ ငြင်းဆန်ခဲ့၏။ လီမှာမူ ထိုအခွင့်အရေးအား အရယူခဲ့ပြီး ကျွန်တစ်ယောက်ဖြစ်လာခဲ့ကာ ယန်ရှို့နှင့် အခြားသူများကို ထားခဲ့လေသည်။
ယန်ရှို့က အားပိုကြီးတယ် ဟုတ်လား။ ငါတို့အားလုံးက လေလွင့်သူတွေချည်းပဲ။ မီးတောက်ကလည်း ငြိမ်းသွားတာ အတော်ကြာနေပြီ။ ငါတို့ကြားထဲမှာ ဘာများကွာလို့လဲ။
ယန်ရှို့ အမြဲပြောနေတတ်သော မီးတောက်ဦးချိုမျိုးနွယ်အကြောင်းကိုမူ လီတစ်စက်ကလေးတောင် အယုံအကြည်မရှိခဲ့ပေ။
အကယ်၍ မျိုးနွယ်စုသာရှိနေသေးပါက သူတို့ဘာကြောင့် ယခုကဲ့သို့ နေနေရပါမည်နည်း။
အကယ်၍ မီးတောက်ဦးချိုမျိုးနွယ်သာ အမှန်တကယ်တည်ရှိနေပါက ကုန်သွယ်အဖွဲ့များက ထိုမျိုးနွယ်စု၏ နာမည်ကိုပင် ဘာကြောင့် မကြားဖူးရပါသနည်း။
ထိုအချိန်တွင် သူတို့ကြားထဲ၌ ယန်ရှို့သည် ယုံကြည်မှုအပြင်းထန်ဆုံးသူဖြစ်သည်။ သို့သော် အခြားသူများ၏ မျက်လူံးထဲတွင်မူ ယန်ရှို့သည် အရူးတစ်ယောက်သာ ဖြစ်၏။ မဖြစ်နိုင်သော အရာကို အိပ်မက်မက်နေသူသာ ဖြစ်လေသည်။
လီ မကျေနပ်ဆုံးအရာမှာ မီးတောက်ဦးချိုမျိုးနွယ်အကြောင်းပြောသောအခါ ယန်ရှို့မျက်လုံးထဲတွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေတတ်ခြင်း ဖြစ်၏။ အတိတ်တုန်းက သူသည် ယန်ရှို့၏ ပြိုင်ဘက်တစ်ယောက်မဟုတ်ပါသော်လည်း ကျွန်တစ်ယောက်ဖြစ်လာပြီးသည့် အခါတွင်မူ သူ့တွင် ခွန်အားများ ရှိလာပြီဖြစ်၏။ အရင်ကသူ့တွင် ဤနေရာသို့ လာရန် အချိန်မရှိခြင်းကြောင့် သူ့မိတ်ဆွေ
ဟောင်းများအား ဂရုမစိုက်နိုင်ခြင်းဖြစ်သည်။ ယခုတွင်မူ သူ့တွင် အားလပ်ချိန်များ ပေါများနေ၏။ ထို့ကြောင့်ပင် မနေ့ကတစ်ခေါက်လာပြီး မိတ်ဆွေဟောင်းတစ်ကောင်အား ဂရုစိုက်ပေးခဲ့ပြီး ယနေ့တွင်မူ ယန်ရှို့အတွက် လာခဲ့ခြင်း ဖြစ်ပေသည်။
လက်တစ်ဖက်တွင် ကြာပွတ်ကိုကိုင်ထားရင်း နောက်တစ်ဖက်တွင် လက်ဖဝါးအရွယ် ခရုခွံတစ်ခုကို ကိုင်ထားရင်း လီလျှောက်လာနေသည်။
ပြောကြသည်မှာ ဗဟိုမျိုးနွယ်စုများတွင် လှပသော ခရုခွံများကို ပစ္စည်းများနှင့် လဲလှယ်နိုင်သည်ဟု ဆိုကြ၏။ သို့သော် ဤနေရာမှ ခရုများမှာမူ လှပသည်ဟူသော စကားနှင့် အဝေးဆုံးနေရာတွင်ရှိကြပြီး ဤနေရာမှ လူများကဲ့သို့ ရုပ်ဆိုးကာ စိတ်ပျက်စရာကောင်းသော အရာများဖြစ်ကြသည်။
ချပ်!
သူ့လက်ထဲမှ ခရုခွံသည် တစ်စစီဖြစ်သွား၏။
“မင်းအရမ်းဆိုးနေတယ်လို့ တစ်ယောက်ယောက်က ငါ့ကိုလာပြောတယ်” လီ ယန်ရှို့ရှေ့တွင် ရပ်လိုက်ရင်း ပြောလိုက်သည်။ ထို့နောက်တွင် သူ့လက်များအား မြှောက်လိုက်ကာ အားဖြင့် ရိုက်ချလိုက်လေသည်။
ကြာပွတ်သည် သစ်သားတဲလေးပေါ် ကျရောက်သွားလေရာ သစ်သားတုံးများ ကျိုးပဲ့ကုန်ပြီး ခေါင်မိုးစွန်းပင် ပေါက်ပြဲသွားဧ်။။
“လီ!”
လီ သူ့အိမ်အားဖျက်ဆီးချင်နေသည်ကို တွေ့ရသောအခါ ယန်ရှို့ဆက်သည်းမခံနိုင်တော့ချေ။ သူ့မိန်းမနှင့်ကလေးများသည် အထဲတွင် ရှိကြသည် မဟုတ်ပါလား။ အကယ်၍ တဲသာဖျက်ဆီးခံရပါက
သူတို့ဒီည မည်သည့်နေရာတွင် အိပ်ရလိမ့်မည်နည်း။ သူတို့ပတ်၀န်းကျင်တစ်ခုလုံးသည် အလွန်အန္တရာယ်များလှပြီး ကလေးများမှာလည်း ငယ်လွန်းကာ အလွယ်တကူ ထိခိုက်စေနိုင်သော အရွယ်မျိုး ဖြစ်ကြသည်။
လီသည် သူ့အား သတ်ရန်လာခြင်းဖြစ်၏။ ယန်ရှို့ထိုအရာအား သိနေပေရာ ချိုချိုသာသာစကားများ ပြောမနေတော့ချေ။
သူသုံးနေကျ ကျောက်ဓားအား ထုတ်ကာ ယန်ရှို့ လီအား တိုက်ခိုက်လိုက်လေသည်။
လီ ယန်ရှို့အား စိတ်ရှုပ်ထွေးစွာဖြင့် တစ်ချက်ကြည့်လိုက်မိသည်။ ယန်ရှို့သည် အရင်တုန်းကနှင့် ကွဲပြားနေသည် မဟုတ်ပါလား။ ထိုအရာမှာ မဖြစ်သင့်ပေ။ ယန်ရှို့မည်သည့် အရာမျိုးအား ကြုံတွေ့ခဲ့ရပါသနည်း။
သို့သော် လီစိတ်မပူချေ။ ယန်ရှို့ဘာပဲပြောင်းလဲနေပါစေ ကိစ္စမရှိချေ။ နောက်ဆုံးတွင်သူသည် လေလွင့်သူတစ်ယောက်သာဖြစ်ပြီး သူ့ပြိုင်ဘက်မဟုတ်ပေ။
ယန်ရှိူ့ဓားဖြင့် တိုက်ခိုက်လိုက်သည့် ပုံစံမှာ သားရဲများအား အမဲလိုက်ရာ၌ သူရခဲ့သော အတွေ့အကြုံများအပေါ် အခြေခံပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
အတိတ်တုန်းက သူသည် အခြားသူများထက် ပိုသန်မာပါသော်လည်း သူ့ကိုယ်ထဲတွင် ကျောက်တုံးကြီးတစ်တုံးရှိနေသလိုဖြစ်ကာ သူ့အား ခွန်အားပိုထုတ်ခြင်းမှ တားဆီးနေခဲ့သည်။ သို့သော် ယခုတွင်မူ ကွဲပြားသွားခဲ့လေပြီ။ အရင်လိုခံစားချက်သည် လုံးလုံးပျောက်သွားခဲ့သည် မဟုတ်ပါသော်လည်း တားဆီးေနမှုမှာ အရင်ကထက်စာလျှင်တော့ သေးငယ်သွား၏။ သူ့ဓားအား ဝေ့ယမ်းလိုက်သောအခါတွင် သူ့စိတ်မှာလည်း ကျေနပ်မှုကြောင့် အလွန်ပျော်
ရွှင်နေလေသည်။
ထိုအရာအား စွမ်းအားဟု ခေါ်ပါသည်လော။
ဓားတွင် ဖျက်ဆီးနိုင်စွမ်းအပြည့် ရှိေန၏။ ယန်ရှို့သူ့မျက်နှာတွင် နတ်အမှတ်အသားပိုပြတ်သားလာစဉ် အမဲတစ်ကောင်အား ခုတ်ပိုင်းသလို လီအား ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ယွီနှင့် အဆိပ်ဖားကြည့်ရန် လိုက်လာသော ရှောက်ရွှမ် သူ့မျက်လုံးများအား လေလွင့်သူများရှိသည့်အရပ်သို့ လှည့်၍ ကြည့်လိုက်မိသည်။
“ယွီ ငါ့မှာလုပ်စရာရှိနေလို့ ခဏသွားမှရမယ် ငါ့ဖို့အဆိပ်တချို့ယူထားပေး” ရှောက်ရွှမ် ယွဲ့အား ရေလကျောက်တုံးအချို့ပေးလိုက်ကာ အမြန်ထွက်သွားလိုက်၏။
“ဟေး ကျွန်တော်တို့လည်း ခဏနေရင် အိမ်ပြန်လာခဲ့မယ်” ရှောက်ရွှမ်အလျင်လိုနေသည်ကို တွေ့သောအခါ ယွီအများကြီးတွေးမနေတော့ဘဲ သူ့ရှေ့မှ အဆိပ်ဖားများကိုသာ ကြည့်လိုက်လေသည်။