အခန်း (၄၀၃-၄၀၅)
Vol. 27 Ch. 403-405
အခန်း (၄၀၃) တိမ်ပုံစံများ၏ လျှို့ဝှက်ချက်
ကြောက်မက်ဖွယ်သားရဲကြီးများ၏ အသားများကို ဆက်တိုက်ကျွေးလာသောအခါ၊ အပင်များက အသားကို နှစ်ခြိုက်လာကြပါသည်။ သို့သော် အသားများကျွေးနေရင်းနှင့်ပင်၊ နောက်အပင်၂ပင် ထပ်မံသေဆုံးသွားပါသည်။ ထိုအခါ ချီချီတို့သည် အပင်များကို အသားများ ထပ်မံကျွေးပါတော့သည်။
ရှောက်ရွှမ်သည် ဝါစဉ်ကြီးပုဂ္ဂိုလ် မဟုတ်ပါက၊ ချီချီနှင့် ချွမ်းပိုင်တို့သည် ရှောက်ရွှမ်ကို ရိုက်နှက်မိမည်ဖြစ်သည်။ ၎င်းတို့အမြင်တွင် ရှောက်ရွှမ်သည် အပင်များကို သိပ်ဂရုမစိုက်ပါ။ အပင်များကို ဂရုစိုက်မည့်အစား၊ ရှောက်ရွှမ်သည် တိမ်ပုံစံများနှင့်သာ အလုပ်ရှုပ်နေပါသည်။
ရှောက်ရွှမ်သည် ထောင်ချီရွှေကောက်ပဲသီးနှံကို စားဖူးသဖြင့် ထိုအပင်၏ အကျိုးအာနိသင်
များကို သိနေပေသည်။ ရှောက်ရွှမ်အတွက်တော့ ထောင်ချီရွှေကောက်ပဲသီးနှံသည် ထူးခြားမှုမရှိပါ။ ထိုက်ဟယ်မျိုးနွယ်စုတွင် ထောင်ချီရွှေကောက်ပဲသီးနှံနှင့် အာနိသင်တူသော အပင်အနည်းဆုံး ၃မျိုးလောက်ရှိသည်။ ထိုအပင်များသည် စိုက်ပျိုးရလည်း ပိုလွယ်ကူပေသည်။
အပင်များကို အသားများဆက်ကျွေးရမည်မှာ မတန်တော့ပါ။မျိုးနွယ်စု၏ အဓိကအလုပ်အကိုင်မှာ စိုက်ပျိုးရေးမဟုတ်ပါ။ သူတို့သည် အမဲလိုက်ထွက်ရာမှ ပြန်လာသည့်အခါတိုင်း ဆေးဖက်ဝင်သော သစ်ဥသစ်ဖုများကို ယူဆောင်လာတတ်ကြသည်။ အမဲလိုက်ရခြင်းမှာ အန္တရာယ်များပါသည်။ ထို့ကြောင့် ရလာသည့်အသားကို အပင်ကို ကျွေးရမည့်အလုပ်မျိုးကို လူအများက လုပ်မည် မဟုတ်ပါ။
ချီချီနှင့် ချွမ်းပိုင်တို့ကတော့ ထောင်ချီရွှေကောက်ပဲသီးနှံကို မစားဖူးကြပါ။ အကယ်၍ စားဖူးကြလျှင်၊ အခုလောက် စိတ်အားထက်သန်မှု ရှိ
ပါတော့မလား ရှောက်ရွှမ် တွေးမိသည်။
တစ်ရက်တွင် ရှောက်ရွှမ်သည် အိမ်အပြင်သို့ လမ်းလျှောက်ထွက်လာပါသည်။ သူသည် မကြည့်ဖြစ်သည်မှာ ကြာနေပြီ ဖြစ်သော အပင်များကို ကြည့်ရန် ခြံထဲဆင်းလာခဲ့ပါသည်။ တစ်နေရာအရောက်တွင် ရှောက်ရွှမ်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
ဓာတ်မြေဩဇာများ သုံးပြီး၊ အသားများကျွေးသော်လည်း၊ အပင်များမှာ ဆက်လက် သေဆုံးဆဲဖြစ်သည်။ အခုဆိုလျှင် ၃၄ပင်သာ ကျန်တော့သည်။ အပင်များသည် ရှောက်ရွှမ်၏ ပုခုံးလောက် မြင့်နေပြီဖြစ်ပါသည်။ အပင်များကို ဘယ်အချိန်ရိတ်သိမ်းရမလဲတော့ ရှောက်ရွှမ် မသိပါ။
အပင်များကိုတွေ့သောအခါ ရှောက်ရွှမ်တုန်လှုပ်သွားပါသည်။ အရွက်များသည် သူမြင်ဖူးသော အရွက်များထက် ပိုကြီးနေပါသည်။သူစိုက်ထားသောအပင်များသည် ကျိကျွီနှင့်အတူ တွေ့ခဲ့
ဖူးသောအပင်များထက် ကျန်းမာသန်စွမ်းနေပါသည်။
ရှောက်ရွှမ်သည် အပ်နှင့်တူသော သစ်ရွက်တစ်ခုကို ကိုင်ကြည့်လိုက်သည်။ အခုအပင်များသည် သူမြင်ဖူးခဲ့သော အပင်များနှင့် ကွာခြားနေပါသည်။
ရာသီဥတုအခြေအနေကြောင့် ပို၍ကျန်းမာသန်စွမ်းနေခြင်းများလား။ ထိုသို့ဆိုလျှင် သူ့အပင်မှ သီးနှံများသည် ဆေးဖက်များပိုဝင်နေမလား။
ရှောက်ရွှမ်သည် အပင်၃၀လုံးကို စစ်ဆေးကြည့်လိုက်သည်။ အပင်တိုင်းမှ အရွက်များသည် သူမြင်ဖူးထားသော သစ်ရွက်များထက် ပိုကြီးနေပါသည်။ ထိုအပင်များသည် အခုမှ ကြီးထွားဆဲဖြစ်ပြီး၊ ဆက်လက်ကြီးထွားလာဦးမည်ဟု ချီချီက ပြောခဲ့ပါသည်။ ဆက်လက်ကြီးထွားလာလျှင်၊ ဘာတွေဖြစ်လာမလဲတော့ မည်သူမျှ မသိပါ။
ရလာဒ်ကောင်းများထွက်ပေါ်လာပါက၊ သူတို့သည် နောက်ထပ်စိုက်ပျိုးကြဦးမည် ဖြစ်သည်။ ရလာဒ်မကောင်းပါက၊ သီးနှံများကို စားသောက်ရန် ဝေပေးလိုက်မည်ဟု ရှောက်ရွှမ်က ဆုံးဖြတ်ထားပါသည်။ ထိုသီးနှံမျိုးစေ့များ၏ သက်တမ်းဘယ်လောက်ရှိလဲ သူမသိပါ။ ကျိကျွီကိုလည်း မေးမထားလိုက်မိပါ။
ရှောက်ရွှမ်သည် သစ်ရွက်တစ်ရွက်ကို ကိုင်ကြည့်လိုက်ပြီး “ကဲ…အခြေအနေ ကြည့်ကြတာပေါ့” ဟုပြောလိုက်ပါသည်။
ရှောက်ရွှမ်သည် တိမ်ပုံစံများ၏ အဓိပ္ပါယ်ကို ဖော်ဆောင်ရန် ကြိုးစားနေသည်မှာ နှစ်ဝက်လောက်ရှိသွားပြီ ဖြစ်သည်။ အခုတော့ ထိုက်ဟယ်မျိုးနွယ်စုများ၏ ဘိုးဘေးများ မတွေ့ရှိခဲ့သော “တံခါးပေါက်”ကို ရှောက်ရွှမ် ခံစားနေရပြီဖြစ်သည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်တို့၏ ဘိုးဘေးများ၏ ကြိုးစားမှုများကို အခြေခံပြီး အဓိပ္ပါယ်ဖော်ရန် ကြိုးစားခဲ့ခြင်းကြောင့်၊ အခုလောက်ထိ နားလည်လာခြင်း ဖြစ်သည်။ ထို
“တံခါးပေါက်”ကို ဖွင့်ရန်တော့ မလွယ်ကူပါ။
ရှောက်ရွှမ်သည် ထိုတံခါးပေါက်ကို ဖွင့်ချင်နေသော်လည်း ဘယ်လိုဖွင့်ရမလဲ မသိပါ။ရှောက်ရွှမ်သည် တံခါးကို ဖွင့်ပြီး တံခါးနောက်တွင် ရှိသော အရာများကို ကြည့်ချင်နေပါသည်။
သုန့်ကန်း၊ကွမ်းယီတို့နှင့် စကားပြောပြီးသောအခါ၊ အကြီးအကဲနှင့် နတ်ဆေးဆရာမသည် ရှောက်ရွှမ်ရောက်လာသော ကမ်းရိုးတန်းသို့ အဖွဲ့၁ဖွဲစေလွှတ်လိုက်ပါသည်။ ထိုနေရာကို အဖွဲ့များက အလှည့်ကျ စောင့်ကြည့်ရန် အကြီးအကဲနှင့် နတ်ဆေးဆရာမတို့က မှာထားပါသည်။ ကမ်းရိုးတန်းတွင် အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်ပါက လာအကြောင်းကြားရန်လည်း မှာထားပါသည်။
ဟိုဟိုဒီဒီလျှောက်သွားရင်း၊ ခြံထဲတွင် အပင်များကို ကြည့်နေသော ချီချီနှင့် ချွမ်းပိုင်တို့ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ သူတို့သည် ခြံထဲသို့ ၁ရက်လျှင် ၂ကြိမ်လာကြပါသည်။ ရာသီဥတု
ကောင်းလျှင် ၂ကြိမ်မက လာကြပါသည်။ တစ်ခါတရံတွင် တောင်ကုန်းပေါ်တွင်သာ နေကြပါသည်။
ထောင်ချီရွှေကောက်ပဲသီးနှံပင်ကြောင့် ထိုက်ဟယ်မျိုးနွယ်စုနှင့် မီးတောက်ဦးချိုမျိုးနွယ်စု၏ ဆက်ဆံရေးမှာ ကောင်းမွန်လာပါသည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် ၎င်းတို့၏ လျှို့ဝှက်နည်းလမ်းများကိုပင် ပြောပြပါသည်။ ထောင်ချီရွှေကောက်ပဲသီးနှံကို စိုက်ပျိုးမည်ဆိုလျှင်၊ ရိုးသားမှု ရှိဖို့ လိုအပ်ပါသည်။
ရှောက်ရွှမ်က ခြံနောက်ဖေးသို့ရောက်သွားသောအခါ၊ ချွမ်းပိုင်သည် သားရေချပ်တစ်ချပ်ကို ကိုင်ရင်း မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် စကားပြောနေပါသည်။
“ဟိုးအရင်တုန်းက ငါတို့ရဲ့ ဘိုးဘေးတွေက အစိမ်းရောင်နွေဦးပင်ကို ဒီနေရာမှာ ရှာတွေ့ခဲ့ကြတာပေါ့”
“အစိမ်းရောင်နွေဦးပင်”ဆိုသည်မှာ ဆေးပင်တစ်
မျိုးဖြစ်သည်။ ထိုအပင်များသည် ငယ်ရွယ်စဉ်အချိန်တွင် ခြောက်သွေ့သော မြေကြီးကို နှစ်သက်ကြသည်။ မြေကြီးစိုစွတ်နေပါက မျိုးစေ့များပုပ်ကုန်မည် ဖြစ်ပြီး၊ အညှောင့်ထွက်လာတော့မည် မဟုတ်ပါ။ ခြောက်သွေ့သောမြေကြီးထဲတွင် အချိန်အတော်ကြာနေပြီးမှ၊ မျိုးစေ့များမှ အညှောင့်ထွက်လာမည် ဖြစ်သည်။ ထို့နောက် ပန်းပွင်များပွင့်လာပြီး၊ သစ်သီးများ သီးလာမည် ဖြစ်သည်။
ထိုအပင်၏ အသီးအပွင့်အားလုံးသည် အစိမ်းရောင်ဖြစ်နေသောကြောင့် ထိုနာမည်ပေးထားခြင်း ဖြစ်သည်။ ထိုအပင်မှာ အတွင်း၊အပြင် ဒဏ်ရာများကို ကုသရန် သုံးသော ဆေးပင်တစ်မျိုးဖြစ်သည်။ သူတို့မျိုးနွယ်စု၂ခုလုံးသည် ထိုအပင်နှင့် ကုန်ပစ္စည်းဖလှယ်လေ့ရှိပါသည်။
ထိုအပင်အများစုကို တောနက်ထဲတွင်သာ တွေ့နိုင်ပါသည်။ ယနေ့ခေတ် ထိုအပင်များကို စိုက်ပျိုးသော နည်းလမ်းများရလာရန်အတွက် မျိုးဆက်ပေါင်း၁၀ဆက်လောက်က ကြိုးစားလာခဲ့ရသည်
ဟု ဆိုပါသည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များအတွက် အဓိကဝင်ငွေကို ရှာပေးသော အပင်ဖြစ်နေသောကြောင့် အပင်ကို ရှာတွေ့နိုင်သော နေရာများကိုတော့ မပြောပြပါ။
ထောင်ချီရွှေကောက်ပဲသီးနှံကြောင့် ထိုလျှို့ဝှက်ချက်များကို ပြောပြခြင်း ဖြစ်ပါသည်။ သို့သော် အသေးစိတ်ပြောပြခြင်းမဟုတ်ဘဲ၊ အကြမ်းဖျဉ်းလောက်သာ ပြောပြခြင်း ဖြစ်ပါသည်။
ရှောက်ရွှမ်သည် သိချင်လာသဖြင့်၊ ချွမ်းပိုင်၏ သားရေချပ်ကို ကြည့်လိုက်ပါသည်။
ထိုသားရေချပ်မှာ မြေပုံတစ်ချပ်ဖြစ်သည်။ အတိအကျပြောရလျှင် နားလည်ရလွယ်အောင် ရေးဆွဲထားသော မြေပုံတစ်ခုဖြစ်သည်။ ချွမ်းပိုင်သည် ထိုမြေပုံကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ရွာသို့ မလာမီ သူ့မျိုးနွယ်စုဆီမှ ကူးယူလာခြင်း ဖြစ်သည်။
မြေပုံပေါ်မှ မျဉ်းကြောင်းများကို ကြည့်လိုက်ပြီးနောက်၊ ရှောက်ရွှမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် ခဏ စဉ်းစားလိုက်ပြီး “အပေါ်နားက ဒီမျဉ်းကြောင်းအကွေးတွေက ဘာတွေလဲ” ဟုမေးလိုက်ပါသည်။
ချွမ်းပိုင်သည် စိတ်အားထက်သန်စွာ ရှင်းပြနေသဖြင့်၊ သူ့နောက်တွင် ရှောက်ရွှမ် ရောက်နေသည်ကို မသိလိုက်ပါ။ သူသည် အခြားလူများရှေ့တွင် လေလုံးကြီးရဲသော်လည်း၊ ရှောက်ရွှမ်ရှေ့တွင်တော့ လေလုံးမကြီးရဲပါ။ ရှောက်ရွှမ်သည် သူတို့မျိုးနွယ်စုကို အကူအညီများပေးထားသည် မဟုတ်ပါလား။
ရှောက်ရွှမ်၏ စကားကို ကြားလိုက်သောအခါ၊ ချွမ်းပိုင်သည် ပြုံးလိုက်ပြီး “ အဲဒါ မြစ်တွေလေ…မျဉ်းကြောင်းအကြီးတွေက မြစ်ကြီးတွေ…မျဉ်းကြောင်းအသေးတွေက ချောင်းတွေ…ဒီမှာ ခင်ဗျားတို့ပိုင်နက်ထဲက မြစ်…”ဟုပြောလိုက်ပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုပိုင်နက်ထဲမှ မြစ်ဖြစ်နေသောကြောင့်၊ အသေးစိတ် မဆွဲထားပါ။ ထိုမြေပုံကို လွန်ခဲ့သော နှစ်၁၀၀၀ကတည်းက ဆွဲထားခြင်း ဖြစ်ပါသည်။ မြစ်ထဲသို့ စီးဝင်သည့် ချောင်းလေးများကိုတော့ မြေပုံထဲတွင် ထည့်မဆွဲထားပါ။
ရှောက်ရွှမ်သည် ထိုမြစ်ထဲတွင် အရောင်တောက်သော ကျောက်တုံးများကို ကောက်ဖူးသဖြင့်၊ ထိုမြစ်ကို သိနေပါသည်။ အခုလောက်ဆိုလျှင်တော့ ထိုမြစ်သည် ရေများ ပြန်ပြည်နေလောက်ပြီ ဖြစ်ပါသည်။
ရှောက်ရွှမ်သည် မျဉ်းကြောင်းအသေးလေးများကို မကြည့်တော့ဘဲ၊ မျဉ်းကြောင်းအကြီးများနှင့် အရေးကြီးသော မျဉ်းကြောင်းများကိုသာ ကြည့်နေပါသည်။
ပင်မမြစ်ကြီး၏ အစိတ်အပိုင်းတစ်ခုလောက်သာ မြေပုံထဲတွင် ပါပါသည်။ တစ်ဖက်တွင် သမုဒ္ဒရာကြီး ရှိနေပြီး၊ တစ်ဖက်တွင်တော့ သူတို့
တည်ရှိနေသည့် ကုန်းမြေဖြစ်သည်။ ထိုမျဉ်းကြောင်းများသည် ရှောက်ရွှမ်အတွက် အတော်အထောက်အကူ ဖြစ်စေပါသည်။
တိမ်ပုံစံများနှင့် ပတ်သက်ပြီး သူသိချင်နေသော မေးခွန်းတစ်ခုအတွက် အဖြေကို ရပြီဖြစ်ပါသည်။
ရှောက်ရွှမ်သည် သူတို့၏ လျှို့ဝှက်အပင်များအကြောင်းကို မေးမည်ဟု ချွမ်းပိုင်က ထင်နေပါသည်။ သို့သော် ရှောက်ရွှမ်က အရေးမကြီးသော ကိစ္စများကိုသာမေးပြီး၊ အစိမ်းရောင်နွေဦးပင်ကို ရရှိနိုင်မည့် နေရာကို မမေးသဖြင့်၊ ချွမ်းပိုင် စိတ်သက်သာရာရသွားသည်။
သိချင်တာကို သိပြီးသွားသောအခါ၊ ရှောက်ရွှမ်သည် ချွမ်းပိုင်၏ ပုခုံးကို ပုတ်လိုက်ပြီး “ကျေးဇူးတင်ပါတယ်”ဟု ပြောလိုက်ပါသည်။ ထို့နောက် ရှောက်ရွှမ်သည် အိမ်ထဲသို့ ပြေးဝင်သွားပါသည်။
အားလုံးလည်း အံ့ဩသင့်သွားကြသည်။ ချွမ်းပိုင်က “ခင်ဗျားတို့ ဝါစဉ်ကြီးပုဂ္ဂိုလ် ဘာဖြစ်တာလဲ” ဟုမေးလိုက်ပါသည်။
“ဘယ်သူက သိမှာလဲ”
ရှောက်ရွှမ်စိတ်ထဲရှိသည်ကို ချီချီလည်း မသိပါ။ သိမည်ဆိုလျှင်လည်း ပြောမည် မဟုတ်ပါ။ တချို့ကိစ္စများသည် အကြီးအကဲနှင့် နတ်ဆေးဆရာမတို့၏ ခွင့်ပြုချက်မရှိဘဲ ပြောပြခွင့်မရှိပါ။ ဝါစဉ်ကြီးပုဂ္ဂိုလ်သည် အရေးကြီးသော ကိစ္စတစ်ခုခု ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။
ရှောက်ရွှမ်သည် အိမ်ထဲသို့ ဝင်လာပြီးနောက် တံခါးကို ပိတ်လိုက်ပြီး၊ စားပွဲပေါ်မှ သစ်ရွက်ပုံကြီးကို မလိုက်ပါသည်။ ထိုသစ်ရွက်များပေါ်တွင် ရေးဆွဲထားသော ပုံများမှာ သူအဓိပ္ပါယ်မဖော်နိုင်သော ပုံများဖြစ်ပါသည်။ သို့သော် ချွမ်းပိုင်၏ မြေပုံကို တွေ့ပြီးသောအခါ၊ တိမ်ပုံများမှာ စာလုံးများမဟုတ်ဘဲ မြေပုံတစ်ချပ်သာဖြစ်ကြောင်း ရှောက်ရွှမ်သိလိုက်ပါသည်။
ရှောက်ရွှမ်သည် သုံးချောင်းထောက် ကြေးဒယ်အိုးကြီးကို ရက်အတော်ကြာအောင် ကြည့်ခဲ့သဖြင့်၊ ဒယ်အိုးပေါ်မှ ပုံများကို အလွတ်ပင်ရနေပါသည်။ ထို့ကြောင့် ဒယ်အိုးပေါ်မှ ပုံများနှင့် ချွမ်းပိုင်၏ မြေပုံကို ဆက်စပ်ပြီး စဉ်းစားမိခြင်း ဖြစ်ပါသည်။
ရှောက်ရွှမ်သည် သစ်ရွက်များကို ဒယ်အိုးကြီးပေါ်မှ ပုံအတိုင်း အစီအစဉ်တကျဖြန့်ခင်းလိုက်သည်။ ထို့နောက် ရှောက်ရွှမ်သည် သဲဗန်းတစ်ခုပေါ်တွင် သစ်ကိုင်းတစ်ခုဖြင့် ပုံစတင်ဆွဲပါသည်။ အရေးကြီးသော မျဉ်းကြောင်းများကိုသာ ထည့်ဆွဲပြီး၊ ကြည့်သူကို မျက်စိလည်စေမည့် အသေးစိတ်မျဉ်းများကို ချန်လှပ်ထားလိုက်သည်။
သုံးချောင်းထောက် ဒယ်အိုးကြီးပေါ်မှ တိမ်ပုံစံများမှာ စကားလုံးများနှင့် မြေပုံတစ်ခု ဖြစ်နေပေသည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၀၄) မြစ်ထဲမှ မိကျောင်းများ
၂ရက်လောက် ညမအိပ်ဘဲ ကြိုးစားပြီးသွားသောအခါ၊ ရှောက်ရွှမ်သည် သားရေချပ်ပေါ်တွင် မြေပုံတစ်ခုကို ရေးဆွဲပြီးသွားပြီ ဖြစ်သည်။
သူနားမလည်သေးသောပုံများ ရှိနေသေးသော်လည်း၊ အတော်များများကိုတော့ နားလည်နေပြီဖြစ်သည်။
ဒယ်အိုးကြီးပေါ်မှ တိမ်ပုံများသည် လမ်းညွှန်တစ်ခုနှင့်တူပေသည်။
ရှားလူမျိုးများပြုလုပ်သော ပစ္စည်းများအားလုံးတွင် ထိုကဲ့သို့ တိမ်ပုံစံများ ရေးဆွဲ လေ့ရှိသည်။ ထိုပုံများသည် အခြားပန်းပဲဆရာများ ရေးဆွဲသော အလှဆင်သည့် ပန်းချီပုံများ မဟုတ်ကြောင်း ကျန်းလော်က ပြောပြထားသည်။ ထိုပုံများတွင် လျှို့ဝှက်ချက်များပါဝင်ပါသည်။ အခု
ထိတော့ ထိုလျှို့ဝှက်ချက်များကို မည်သူမျှ မဖော်ထုတ်နိုင်သေးပါ။
တိမ်ပုံများမှာ ရှုပ်ထွေးသော်လည်း၊ အောင်မြင်သော ရှားမျိုးနွယ်စုဝင်တစ်ယောက်ကတော့ ထိုပုံများကို ကောင်းမွန်စွာ နားလည်ပေသည်။ ထိုတိမ်ပုံများမှာ ဝှက်စာတစ်ခုနှင့်တူပေသည်။ တိမ်ပုံများကို အဓိပ္ပါယ်ဖော်ပြီးသောအခါ၊ ထိုတိမ်ပုံများတွင် ကြီးမားသောလျှို့ဝှက်ချက်တစ်ခုရှိမည်ဟု ရှောက်ရွှမ်ခံစားလိုက်ရပါသည်။ ရှားမျိုးနွယ်စုဝင်များနှင့် ပတ်သက်သော လျှို့ဝှက်ချက်လား၊ အခြားအရေးကြီးလျှို့ဝှက်ချက်လားတော့ ရှောက်ရွှမ်မသိပါ။
ရှားမျိုးနွယ်စုဝင်များသည် ပန်းပဲလုပ်ငန်းတွင် အကျွမ်းကျင်ဆုံးသူများ ဖြစ်ကြသည်။
အကောင်းဆုံးသော ဓားလက်နက်များကို ရှားမျိုးနွယ်စုဝင်များက သွန်းလုပ်သည်ဟု ဒဏ္ဍာရီများကဆိုကြသည်။ ဒယ်အိုးကြီးကို ပြုလုပ်
ရာတွင် မည်သို့မှားယွင်းသွားသလဲတော့ ရှောက်ရွှမ်မသိပါ။ သို့သော် အခြားလူများ၏ အဆိုအရဆိုလျှင် ရှားမျိုးနွယ်စုဝင်များသည် အစွမ်းထက်ကြသည်။
တိမ်ပုံများ၏ လျှို့ဝှက်ချက်သည် ပန်းပဲပညာနှင့် ဆက်စပ်နေမလား။
ရှောက်ရွှမ်ဖော်ထားသော အဓိပ္ပါယ်အရဆိုလျှင်၊ စစ်မှန်သော ရှားမျိုးနွယ်စုဝင်များသာ ရောက်ဖူးသော နေရာတစ်ခုရှိသည်ဟု ဆိုသည်။ ထိုနေရာသို့ ရောက်အောင်မသွားနိုင်လျှင် ရှားမိသားစု၏ ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်သူ အဖြစ် သတ်မှတ်ပေသည်။
ထိုတိမ်ပုံများ၏ သက်တမ်းကို ရှောက်ရွှမ်မသိသော်လည်း၊ အနည်းဆုံးတော့ နှစ်၁၀၀၀လောက်ရှိပြီ ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရောက်မလာခင်ကတည်းက ထိုပုံများရှိနေခြင်း ဖြစ်သည်။
ရှောက်ရွှမ်သည် ပန်းပဲပညာကို စိတ်ဝင်စားပါသည်။ ပန်းပဲပညာကို ရှားလူမျိုးများ၏ တဝက်လောက်တတ်မြောက်မည်ဆိုလျှင်၊ သူ့မျိုးနွယ်စုအတွက် ကြီးမားသော တိုးတက်မှုကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ပန်းပဲပညာနှင့် ပတ်သက်လျှင် အနည်းငယ်နောက်ကျနေပါသည်။ ပင်လယ်ဟိုဘက်ကမ်းက မျိုးနွယ်စုဆိုလျှင် သတ္တုလက်နက်များကို သုံးပင်မသုံးကြပါ။ သို့သော် သူတို့တွင် ပင်မမျိုးစေ့ရှိနေပါသည်။ တစ်နေ့နေ့တွင် မျိုးနွယ်စုဆီသို့ ပြန်သွားနိုင်မည်ဆိုပါက၊ ထိုပညာများကို ဝေမျှသွားမည် ဖြစ်သည်။
ဒယ်အိုးကြီး၏ ခြေထောက်၃ချောင်းမှာ ကုန်းကျားတောင်တန်း၏ စရိုက်လက္ခဏာ၃မျိုးကို ကိုယ်စားပြုပေသည်။
ကုန်းကျားတောင်တန်းသည် ရှားမျိုးနွယ်စုဝင်များ အဓိက အခြေချရာ နေရာများလား။ သို့မဟုတ် ရှားမျိုးနွယ်စုဝင်များက ဘိုးဘေးများ နေသွားသော နေရာများလား။
မည်သို့ပင်ဖြစ်စေ၊ ရှောက်ရွှမ်ကတော့ မြေပုံထဲမှ နေရာကို သွားကြည့်ရန် ဆုံးဖြတ်ထားပါသည်။ မြေပုံထဲမှနေရာကို ရှာတွေ့မည်ဆိုလျှင်၊ ရှောက်ရွှမ်၏ ကြိုးစားမှုများ အလကားဖြစ်တော့မည် မဟုတ်ပါ။
ရှောက်ရွှမ်သည် ထိုအကြောင်းများကို နတ်ဆေးဆရာမနှင့် အကြီးအကဲကို သွားပြောပြလိုက်ပါသည်။ အကြီးအကဲက ရှောက်ရွှမ်နှင့်အတူ အဖော်တချို့ထည့်ပေးလိုက်ချင်သည်။ သို့သော် ရှောက်ရွှမ်နောက်သို့ လိုက်နိုင်မည့်သူမှာ လက်ချိုးရေ၍ရပါသည်။ အစွမ်းသိပ်မထက်သောသူကို ထည့်ပေးလိုက်လျှင်၊ ရှောက်ရွှမ်ကို ခရီးဖင့်စေမည် ဖြစ်သည်။ အဖော်ထည့်ပေးမည်ဆိုလျှင်လည်း၊ ကွမ်းယီ၊ သုန့်ကန်းတို့လောက် အစွမ်းထက်သူ ဖြစ်မှ ရပေလိမ့်မည်။
နောက်ဆုံးတွင်တော့၊ ရှောက်ရွှမ်သည် သူတစ်ယောက်တည်း သွားရန် ဆုံးဖြတ်လိုက်သည်။ သူ၏ခရီးစဉ်သည် မည်မျှကြာမလဲ မည်သူမျှ မ
သိပါ။ သုန့်ကန်းနှင့် ကွမ်းယီတို့သည် အဖွဲ့များကို ဦးဆောင်၍ ကုန်ဖလှယ်ရဦးမည် ဖြစ်သည်။ အကြီးအကဲ ကျန်းလော်သည်လည်း ရွာကို အုပ်ချုပ်ရဦးမည် ဖြစ်သည်။ ရှောက်ရွှမ်သွားမည့်နေရာသည် သူတို့သိသော နေရာမဟုတ်သဖြင့်၊ လိုက်သွားမည်ဆိုလျှင်လည်း လမ်းညွှန်ပေးနိုင်မည် မဟုတ်ပါ။
“ဒီနေရာကိုတောင် တစ်ယောက်တည်း ရောက်လာသေးတာပဲ…တခြားနေရာကိုလည်း တစ်ယောက်တည်း သွားနိုင်မှာပါ…မစိုးရိမ်ပါနဲ့” ရှောက်ရွှမ်က အကြီးအကဲနှင့် နတ်ဆေးဆရာမကို ပြောလိုက်ပါသည်။
ကျန်းလော်တို့သည် ရှောက်ရွှမ်အတွက် စိတ်ပူနေကြပါသည်။ ရှောက်ရွှမ်အတွက် လက်နက်များနှင့် ဆေးဝါးများကို ထည့်ပေးလိုက်ကြပါသည်။
ရှောက်ရွှမ်သည် ငြင်းမနေတော့ဘဲ ဓားနှင့် နတ်ဆေးဆရာမ၏ ဆေးများကို ယူလိုက်ပါသည်။ နတ်ဆေးဆရာမက ဆေးများ၏ အစွမ်းကို သူ့
အားပြောြပပါသည်။
“ ကုန်းကျားတောင်တန်းကို ရှာမတွေ့လည်း အရေးမကြီးဘူး…မင်းအသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး” နတ်ဆေးဆရာက သတိပေးလိုက်ပါသည်။
အကြီးအကဲကျန်းလော်ကလည်း နတ်ဆေးဆရာမနှင့် တစ်လေသံတည်းပင် ဖြစ်ပါသည်။ ကျန်းလော်သည် ရှားလူမျိုးများ၏ ပန်းပဲပညာကို စိတ်ဝင်စားသော်လည်း၊ ရှောက်ရွှမ်အတွက် ပိုစိုးရိမ်နေပါသည်။ ရှောက်ရွှမ်သည် ဘိုးဘေးများက အသိအမှတ်ပြုထားသော ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါသည်။ သူတစ်ခုခု ဖြစ်သွားပါက ဘိုးဘေးများက စိတ်ဆိုးပေလိမ့်မည်။
“ဟုတ်ကဲ့…ကျွန်တော်နားလည်ပါတယ်” ရှောက်ရွှမ်က ခေါင်းညိတ်ပြလိုက်သည်။
“မင်းဘာများနားလည်လို့လဲ” ကျန်းလော်နှင့် နတ်ဆေးဆရာမက စိတ်ထဲမှ ကြိတ်ပြီး ပြောလိုက်ပါ
သည်။ ရှောက်ရွှမ်သည် ကွမ်းယီတို့လို ရင့်ကျက်သူဖြစ်ပါက သူတို့သည် စိတ်ပူနေမည် မဟုတ်ပါ။ သို့သော် ရှောက်ရွှမ်သည် လူငယ်တစ်ယောက် ဖြစ်ပါသည်။ လူငယ်ဆိုသည်မှာ စိတ်လိုက်မာန်ပါ လုပ်တတ်သည် မဟုတ်ပါလား။
ထောင်ချီရွှေကောက်ပဲသီးနှံပြဿနာကိုတော့ ချီချီတို့အား လွှဲအပ်ထားလိုက်ပြီ ဖြစ်သည်။ ရှောက်ရွှမ်အတွက် စိတ်ပူစရာမလိုတော့ပါ။ ထို့ကြောင့် နေသာသော နေ့တစ်နေ့တွင်၊ ရှောက်ရွှမ်သည် ရှားလူမျိုးတို့၏ လျှို့ဝှက်ချက်ရှာပုံတော် စတင်ဖွင့်ပါတောသည်။
ပထမဦးဆုံး၊ ရှောက်ရွှမ်သည် ရေနေကျောက်တုံးများရရှိခဲ့သော မြစ်ကို သွားပါသည်။ ဆောင်းကုန်သွားပြီ ဖြစ်သောကြောင့်၊ မြစ်ထဲတွင် ရေများပြန်ပြည့်နေပြီ ဖြစ်သည်။
မြစ်ထဲတွင် မိချောင်းများ ရှိပါသည်။ ရှောက်ရွှမ်တို့ အမဲလိုက်ထွက်လျှင် ထိုမြစ်ကို ရှောင်ရှားသွားကြပါသည်။
မိချောင်းများမှာ အလွန်ခက်ထန်ကြမ်းကြုတ်ကြပါသည်။ ၎င်းတို့သည် လူဖြစ်ဖြစ်၊ သားရဲဖြစ်ဖြစ်၊ သားရဲတိရစ္ဆာန်ဖြစ်ဖြစ် အကုန်လုံးကို သူတို့၏ သားကောင်များလို သဘောထားကြပါသည်။
ထိုမိချောင်းများသည် သူမြင်ဖူးထားသော ကူမျိုးနွယ်စုမှ မိချောင်းများထက် အကောင်ပိုကြီးသလို၊ နှုတ်သီးများလည်း ပိုရှည်ပါသည်။ ဦးခေါင်းအပေါ်ဘက်ပိုင်းသည် မေးစေ့ထက် ငေါထွက်နေပါသည်။ ကူမျိုးနွယ်စု၏ မိချောင်းများသည် သွားအချောင်း၆၀မှ၇၀လောက်ရှိမည် ဖြစ်သော်လည်း၊ ဤမြစ်ထဲမှ မိချောင်းများကတော့ သွားအချောင်း၁၀၀လောက်ရှိပါသည်။
သွားများသည် သံချွန်များလို မာကြောပြီး၊ အမဲလိုက်ရာတွင် အသုံးဝင်ပါသည်။ ကြီးမားလှသော ပါးစပ်ကြီးများဖြင့် သားကောင်ကို မြစ်အောက်ခြေသို့ အလွယ်တကူ ဆွဲယူသွားနိုင်ပါသည်။
ကြံ့ခိုင်သော မေးရိုးကြီးများ၊ သန်မာသော ခန္ဓာကိုယ်ဖွဲ့စည်းပုံတို့ကြောင့် မိချောင်းများမှာ ပေါ့ပါးသွက်လက်ကြပါသည်။
ကူမျိုးနွယ်စုမှ မိချောင်းများကတော့ လူနှင့်အနေနီးသဖြင့်၊ လူသားများကို အနည်းငယ် ညှာတာလေ့ရှိပါသည်။ သို့သော် ဤမြစ်ထဲမှ မိချောင်းများကတော့ မြင်မြင်သမျှကို သတ်ပစ်ကြသော မိချောင်းများ ဖြစ်ကြပါသည်။
ရှောက်ရွှမ်သည် မိချောင်းများမှာ ဥာဏ်များသော သတ္တဝါများဖြစ်ကြောင်း သိထားပါသည်။ ၎င်းတို့၏ဦးနှောက်မှာ သေးငယ်သော်လည်း၊ ထင်ထားသည်ထက် ဥာဏ်ပိုကောင်းသော သတ္တဝါများဖြစ်ကြသည်။
ကူမျိုးနွယ်စုဝင်ကလေးတစ်ယောက်သည် မိချောင်းတစ်ကောင်နှင့် ကစားနေသည်ကို ရှောက်ရွှမ်မကြာခဏ မြင်ဖူးပါသည်။ ကလေးငယ်သည် အသားစကို မိချောင်းကို ပစ်ပြီး မကျွေးပါ။
ကလေးငယ်က မိချောင်း၏ နှုတ်သီးကို လက်နှင့် ပုတ်လိုက်သောအခါ၊ မိချောင်းက ပါးစပ်ဟပေးပါသည်။ ထိုအခါ ကလေးငယ်က အသားဖတ်ကို မိချောင်း၏ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်ပါသည်။
ဒုတိယအကြိမ် ကလေးငယ်က အသားဖတ်တစ်ဖတ်ကို ထုတ်ယူလိုက်သောအခါ၊ မိချောင်းက ရေကန်ထဲပြန်ရောက်သွားပြီ ဖြစ်ပါသည်။ သို့သော် ကလေးငယ်က မိချောင်း၏ နှာခေါင်းကို လက်နှင့် ပုတ်လိုသောကြောင့်၊ ရှေ့သို့တိုးလိုက်ရပါသည်။
တတိယအကြိမ်တွင် မိချောင်းသည် နောက်ကို ပိုဆုတ်သွားသဖြင့်၊ ကလေးငယ်သည် ရှေ့ကို ပိုတိုးလာပါသည်။ ကလေးငယ်၏ ခြေထောက်များသည် ရေထဲသို့ ရောက်နေပြီ ဖြစ်ပါသည်။
ကလေးငယ်က အသားဖတ်ကို ပစ်ပေးလိုက်သောအခါ၊ မိချောင်းသည် အသားဖတ်ကော ကလေးကိုပါ ဟပ်လိုက်ပါသည်။ ထို့နောက် မိချောင်းသည် မျက်စိတမှိတ်အတွင်း ကလေးငယ်
ကို ရေထဲဆွဲချသွားပါသည်။
ထိုအဖြစ်အပျက်ကို မြင်သောအခါ၊ ရှောက်ရွှမ်တုန်လှုပ်သွားပါသည်။ မိချောင်းများသည် လူများကို ကျီစယ်တတ်သည်ဟု သူ့ကို ကူမျိုးနွယ်စုဝင်များက ပြောခဲ့ပါသည်။
ထိုစကားမှာ မှန်ပါသည်။ မိချောင်းသည် ကလေးငယ်ကို မကိုက်ဘဲ၊ အဝတ်များကိုသာ ကိုက်ဆွဲနေခြင်း ဖြစ်ပါသည်။ ကလေးငယ်သည် ရေထဲတွင် မိချောင်းနှင့် ကစားရင်း ရယ်မောနေပါသည်။ သူ့ခြင်းတောင်းထဲမှ အသားဖတ်များကတော့ ရေကန်ထဲ ပြုတ်ကျသွားပြီ ဖြစ်သဖြင့် အခြားမိချောင်းများက ဝိုင်းစားပစ်လိုက်ကြပါသည်။ အမှန်တော့ မိချောင်းသည် ကလေးကို ကိုက်ခြင်း မဟုတ်ဘဲ၊ ကစားနေခြင်းသာ ဖြစ်ပါသည်။
ကြောက်မက်ဖွယ်သားရဲကြီးများ ကစားသည်မှာ အမဲလိုက်သည်နှင့် တူပါသည်။
မိချောင်းများသည် သူ၏သားကောင်ကို မျှားခေါ်တတ်ကြောင်း ရှောက်ရွှမ်သိထားပါသည်။ ကုန်းပေါ်တွင်ဆိုလျှင် အနည်းငယ်အားနည်းသွားသော်လည်း၊ ရေထဲတွင်ဆိုပါက အလွန်ကြောက်ဖို့ကောင်းပါသည်။ ကုန်းပေါ်တွင်ဆိုလျှင် မိချောင်းဆွဲသည့်ကလေးကို လူကြီးတစ်ယောက်က ကယ်နိုင်မည် ဖြစ်သော်လည်း၊ ရေထဲတွင်ဆိုလျှင်တော့ ကယ်နိင်မည် မဟုတ်ပါ။
ကူမျိုးနွယ်စုဝင်များကတော့ မိချောင်းများနှင့် ထိုကဲ့သို့ ကစားလေ့ရှိသော်လည်း၊ အခြားလူများကတော့ မိချောင်းများကို အလွန်အန္တရာယ်များသော သတ္တဝါများအဖြစ် သတ်မှတ်ပါသည်။ ထိုကလေးငယ်သည် ကူမျိုးနွယ်စုမှသာ မဟုတ်ပါက၊ မိချောင်းသည် ထိုကလေးငယ်ကို တကယ်ကိုက်လိုက်မည်ဖြစ်ပါသည်။ မိချောင်းနှင့်ကစားခြင်းမှာ သေမင်းနှုတ်ခမ်းမွှေးကိုဆွဲခြင်းပင် ဖြစ်ပါသည်။
အခြားမျိုးနွယ်စုဝင်များကတော့ မိချောင်းများကို လူသတ်ကောင်များအဖြစ် မြင်ကြပါသည်။
ရှောက်ရွှမ်သည် မြေပုံအညွှန်းအတိုင်း လျှောက်လာရင်းနှင့် ပင်မမြစ်ကြီးနားသို့ ရောက်လာပါသည်။ မြေပုံပေါ်တွင် မြစ်ကြီးကို အရေးမပါသလို မျဉ်းကြောင်းအသေးဖြင့်သာ ဖော်ပြထားပါသည်။
ချွမ်းပိုင်တို့ ပြောြပထားသဖြင့် ထိုမြစ်သည် မိချောင်းများနှင့် ပြည့်နှက်နေကြောင်း ရှောက်ရွှမ်သိထားပါသည်။ ထိုက်ဟယ်မျိုးနွယ်ုဝင်များသည် ထိုနေရာသို့ ရောက်လာသည်မှာ ကြာလှပြီဖြစ်သည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များ၏ ဘိုးဘေးများ တောထဲတွင် ဆေးမြစ်များရှာရန် ရောက်လာတုန်းကဆိုလျှင်၊ မိချောင်းမျာသည် တောအုပ်ထဲမှ ချောင်းများထဲတွင် နေကြပါသည်။ ထို့ပြင် မြေပုံပေါ်တွင် မျဉ်းအကြီးဖြင့် ဆွဲထားသော ပင်မမြစ်ကြီးထဲတွင်လည်း နေကြပါသည်။ ချွမ်းပိုင်အဆိုအရ သူတို့ဘိုးဘေးများထားခဲ့သော မှတ်တမ်းများထဲတွင် မိချောင်းများကို အန္တရာယ်များသော ဧရာမ သတ္တဝါများအဖြစ် ဖော်ပြထားသည်ဟု ဆိုပါသည်။ မြင်သည်နှင့်
ဝေးဝေးက ရှောင်သွားရန်လည်း ဘိုးဘေးများက မှာထားခဲ့ပါသည်။
ရှောက်ရွှမ်သည် ဧရာမဆိုသော စကားလုံးကို သိပ်နားမလည်သော်လည်း၊ ထိုမိချောင်းများသည် သာမန်မိချောင်းများထက်တော့ ကြီးလိမ့်မည်ဟု သိလိုက်ပါသည်။
လူသားကဲ့သို့ သတ္တဝါများသည် အချိန်အတိုင်းအတာတစ်ခု ရောက်လျှင် ကြီးထွားနှုန်းရပ်တန့်သွားပါသည်။ သို့သော် အချို့သတ္တဝါများကတော့ ကြီးထွားနှုန်းရပ်တန့်မသွားဘဲ၊သစ်ပင်များလို သက်တမ်းအလိုက်ဆက်လက် ကြီးထွားကြပါသည်။ ထိုမြစ်ထဲတွင် ပွားများလာသော မိချောင်းအရေအတွက်မှာလည်း ရပ်တန့်မသွားဘဲ တဖြည်းဖြည်း ပိုများလာပါတော့သည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၀၅) မိချောင်းဖမ်းခြင်း
ရှောက်ရွှမ်သည် အမဲလိုက်ရာနေရာမှ မြေပုံထဲတွင်ပါသော မြစ်ကြီးဆီသို့ ရောက်ရန် ရက်၂၀လောက်လမ်းလျှောက်လိုက်ရသည်။ ရှောက်ရွှမ်သည် အနားမယူဘဲ ခရီးပြင်းနှင်နေပါသည်။ မြစ်ကြီးဆီသို့ ရောက်ရန် ထိုမျှသွားရမည်ဟု ရှောက်ရွှမ် မျှော်လင့်မထားပါ။
ထို့ကြောင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များ၏ ဘိုးဘေးများသည် ဆေးမြစ်များကို ရှာတွေ့ရန် အချိန်၁နှစ်မျှ ယူလိုက်ရခြင်းဖြစ်သည်။ ဆေးမြစ်များကို ရှာမတွေ့ပါက အချိန်ပိုကြာမည် ဖြစ်ပါသည်။
ရှောက်ရွှမ်ကတော့ စောင့်စရာမလိုပါ။ သူသည်နေရာတစ်နေရာကို ရှာရမည် ဖြစ်သည်။
ရှောက်ရွှမ်သည် သစ်ပင်တစ်ပင်ပေါ်သို့ တက်
ပြီး မြေပံကို ထုတ်ကြည့်လိုက်သည်။ လမ်းညွှန်လည်းမပါသဖြင့် မြေပုံကိုသာ အားကိုးနေရပါသည်။
ရှောက်ရွှမ်နားတွင်ပေါက်နေသော အပင်များမှာ သိပ်မမြင့်လှပါ။ မြေကြီးကတော့ စိုစွတ်နေပြီး၊ စိမ့်တောများ ရှိပါသည်။ ချုံနွယ်များကတော့ ထူထပ်လှသည်။
ထိုနေရာသည် စိမ့်တောတစ်ခုဖြစ်ပါသည်။ ရှောက်ရွှမ်သည် မြစ်ကို အမြန်ရှာတွေ့ချင်ဇောဖြင့် တောင်ကုန်းပေါ်မှ မဖြတ်ဘဲ၊ အန္တရာယ်များသော စိမ့်တောထဲမှ ဖြတ်သန်းနေခြင်း ဖြစ်သည်။ တောအုပ်မှာ အန္တရာယ်များသည်ဆိုသော်လည်း စိမ့်တောလောက်တော့ အန္တရာယ်မများပါ။
“ဒီနေရာမှာပဲ ရှိရမယ်” ရှောက်ရွှမ်သည် သိပ်မဝေးတော့သော မြစ်ကြီးကို ကြည့်ပြီး၊ ကုန်းကျားတောင်တန်းသို့ အချိန်မည်မျှအတွင်း ရောက်နိုင်မလဲ တွက်ကြည့်နေပါသည်။ သူသည် လမ်းသိပ်မ
ကျွမ်းကျင်သဖြင့်၊ ထင်ထားသည်ထက် အချိန်ပိုကြာမည် ဖြစ်သည်။
တွေးရင်းနှင့် ရှောက်ရွှမ်သည် မျက်လုံးပြူးသွားသည်။ ရှောက်ရွှမ်သည် သားရေလိပ်ကို သိမ်းလိုက်ပြီး ခုန်ထွက်သွားပါသည်။
ထိုအချိန်တွင် ရေထဲမှ ချွန်မြသောသွားများရှိသည့် ပါးစပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။ အရှည်၁၀မီတာခန့်ရှိမည် ဖြစ်သော မိချောင်းကြီး တစ်ကောင် ဖြစ်ပါသည်။ မိချောင်းကြီးက ခုန်လိုက်သဖြင့် ရေပေါ်တွင် မျောနေသော မြက်ဖုတ်များ လေထဲသို့ ဝဲသွားပါသည်။
ရွှံ့ရေများသည် နေရာအနှံ့သို့ စင်သွားပါသည်။ ရှောက်ရွှမ်သည် ထွက်ပေါ်လာသော ရွှံ့ရနံ့နှင့်အတူ သေမင်းအနံ့ကိုပါရလိုက်သည်။
အေးစက်ပြီး ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် ရှောက်ရွှမ်သည် အကြည့်ချင်းဆုံလိုက်မိပါသည်။ မိချောင်းကြီးသည် ရှောက်ရွှမ်ကို လှမ်း
ဟပ်လိုက်သော်လည်း၊ ရှောက်ရွှမ်က ရှောင်လိုက်သဖြင့် သစ်ကိုင်းကြီးကိုသာ ကိုက်မိသွားသည်။
“ဂျွတ်…”
လူတကိုယ်စာလောက်ရှိမည် ဖြစ်သော သစ်ကိုင်းကြီးမှာ ထက်ပိုင်းကျိုးသွားသည်။
ရှောက်ရွှမ်သည် မြေပြင်ထက် အမြင့်၇မီတာလောက်တွင် ရပ်နေသော်လည်း၊ မိချောင်းကြီးက လှမ်းမီပါသည်။ ရှောက်ရွှမ်ဆီသို့ လှမ်းခုန်လိုက်သောအခါ၊ နှာခေါင်းပေါက်ကြီးများကိုပင် လှမ်းမြင်နေရပါသည်။
မိချောင်းသည် လက်မလျှော့ပါ။ ရှောက်ရွှမ်ကို ဒုတိယအကြိမ် ခုန်အုပ်ရန် ကြိုးစားနေပါသည်။
၎င်း၏ရှေ့သွားကြီးများမှာ ချိတ်ကောက်နှင့်တူသဖြင့်၊ သားကောင်များကို လွယ်ကူစွာ ဆွဲနိုင်မည် ဖြစ်ပါသည်။ ရှောက်ရွှမ်၏ အဝတ်အစားတချို့မှာ၊ မိချောင်းကြီး၏ ပါးစပ်ထဲသို့ ပါသွားပြီ
ဖြစ်ပါသည်။
ရှောက်ရွှမ်က ပိုမြန်ပါသည်။ မိချောင်းကြီး ဒုတိယအကြိမ် ခုန်အုပ်လာသောအခါ၊ ရှောက်ရွှမ်က ခုန်ထွက်သွားပါသည်။ မိချောင်းကြီးသည် အရှိန်လျော့နည်းသွားသဖြင့်၊ တတိယအကြိမ် မခုန်နိုင်တော့ပါ။
ပါးစပ်ကြီးပိတ်လိုက်သောအခါ မေးရိုးကြီး၂ခု ရိုက်ခတ်သံ ထွက်ပေါ်လာပါသည်။ ထို့နောက် မိချောင်းကြီးသည် ရေအောက်ထဲသို့ ပြန်ငုပ်သွားပါသည်။
ရေအောက်ထဲသို့ ဝင်သွားပြီးနောက်၊ မိချောင်းကြီးသည် ပြန်ထွက်ပေါ်မလာတော့ပါ။
ရှောက်ရွှမ်သည် သစ်ပင်များ တစ်ပင်မှ တစ်ပင်သို့ ခုန်ကူးနေပါသည်။ အပင်များသည် ၈မီတာလောက် မြင့်သော်လည်း စိတ်မချရပါ။ စိမ့်တောရေပြင်သည် သူထင်ထားသည်ထက် ပိုနက်နေပါသည်။ ရေနက်သောကြောင့်သာ မိချောင်းများ
ပုန်းအောင်းနေနိုင်ခြင်း ဖြစ်သည်။
ရှောက်ရွှမ်သည် မြင့်မားသောသစ်ပင်များကို ရှာနေစဉ်၊ မိချောင်းနောက်တစ်ကောင်က သူ့ကို ခုန်အုပ်လိုက်ပါသည်။ ရှောက်ရွှမ်က ကျန်းလောပေးထားသော ဓားကိုဆွဲထုတ်လိုက်ပြီး၊ နှုတ်သီးကို ခုတ်ချလိုက်ပါသည်။
“ဒုတ်…”
မိချောင်း၏ သားရေမှာ အလွန်မာကျောလှသဖြင့်၊ ရှောက်ရွှမ်၏ လက်များထုံကျင်သွားသည်။ သို့သော် မိချောင်းကြီး ဒဏ်ရာရသွားပါသည်။ ဓားခုတ်ချက်ကြောင့် မိချောင်းကြီး၏ သွားတစ်ချောင်းကျွတ်သွားပါသည်။ ရှောက်ရွှမ်၏ ဓားချက်အခုထက်သာ ပြင်းထန်မည်ဆိုပါက၊ မိချောင်းကြီး၏ မေးရိုးပြုတ်ထွက်သွားမည် ဖြစ်ပါသည်။
စိမ့်တောထဲမှ သွားရခြင်းမှာ မိချောင်းခံတွင်းထဲရောက်နေသည်နှင့်တူပါသည်။ စိမ့်တောသည်
အလွန်အန္တရာယ်များသော နေရာဖြစ်ပါသည်။ ထို့ကြောင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များ၏ ဘိုးဘေးများက ထိုနေရာကို ရှောင်ရှားရန် မှာကြားသွားခြင်း ဖြစ်ပါသည်။
စိမ့်တောကြီးသည် ကျယ်ဝန်းလှပါသည်။ ရှောက်ရွှမ်သည် မြင့်မားသော သစ်ပင်ကြီးများအပြင် ကုန်းမြေကိုပါ ရှာကြည့်နေသည်။ မြစ်ကမ်းတလျှောက်လုံးတော့ စိမ့်တောချည်းပဲ ဟုတ်ဟန်မတူပါ။ ကုန်းမြေတော့ ရှိရမည် ဖြစ်သည်။ မြေပုံပေါ်တွင်တော့ ကုန်းမြေကို မပြထားသဖြင့်၊ ရှောက်ရွှမ်သည် သူ့အားသူကိုးပြီး ရှာရတော့မည် ဖြစ်သည်။
မြေပုံကိုသိမ်းလိုက်ပြီး၊ ရှောက်ရွှမ်သည် သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ခုန်ကူးသွားသည်။ သူသည် မြစ်ကို ကျောပေး၍ မသွားရဲပါ။ မြစ်ကို ကျောပေး၍ သွားလျှင် ပင်မမြစ်ကြီးနှင့် အလှမ်းဝေးသွားမည် ဖြစ်သည်။ မြစ်သည် ကောက်ကွေ့နေပါသည်။
နေ့တဝက်လောက်သွားပြီးသောအခါ၊ စိမ့်တောများတဖြည်းဖြည်း လျော့နည်းသွားသည်။ တောအုပ်များနှင့် တောင်ကုန်းများကို စတင်မြင်လာရပါသည်။
စိမ့်တောသည် ထိုနေရာတွင် ပြီးဆုံးပြီဟု ရှောက်ရွှမ်ထင်လိုက်မိသည်။
ထိုနေရာတွင် မိချောင်းသိပ်မရှိတော့ပါ။ စိမ့်တောထဲတွင် မိချောင်းများ အလွန်များသော်လည်း၊ ဤနေရာတွင်တော့ တစ်ကောင်တောင် မတွေ့ရပါ။
အခြားသော ကြောက်မက်ဖွယ်သားရဲများလိုပင်၊ မိချောင်းကြီးများသည်လည်း အမဲလိုက်ရန် တောလိုအပ်သည်သာ ဖြစ်ပါသည်။ အခုတော့ အမဲလိုက်ရန် ကုန်းမြေကို တွေ့သော်လည်း မိချောင်းတစ်ကောင်မှ မတွေ့ရပါ။ ရှောက်ရွှမ်သည် အခုထိ အန္တရာယ်နယ်မြေထဲမှာပင် ရှိသေးသည်။ ထိုနေရာတွင် မိချောင်းများ မရှိတော့ခြင်းမှာ ထူးဆန်းနေပါသည်။ ထို့ကြောင့် ရှောက်ရွှမ်သည်
သတိဝီရိယနှင့် နေလိုက်ပါသည်။
တောအုပ်ထဲတွင် ပြေးလွှားနေရင်း၊ သူ၏အထူးအမြင်အာရုံဖြင့် မြစ်ရေမျက်နှာပြင်ပေါ်တွင် တစ်စုံတစ်ခုမျောပါလာသည်ကို မြင်လိုက်ရသည်။
ရှောက်ရွှမ်သည် သစ်ပင်တစ်ပင်ပေါ်ခုန်တက်ပြီး၊ ကြည့်လိုက်ပါသည်။
မြစ်ထဲတွင် မျောပါလာသော မြက်ပင်စုကိုတွေ့ရသော်လည်း၊ ရှောက်ရွှမ်အတွက်တော့ ထူးဆန်းနေသလို ဖြစ်နေပါသည်။
မြက်ပင်စုများစီးလာသောနားတွင် ရေစီးကြောင်းများ ဖြစ်ပေါ်နေပါသည်။
“ဝုန်း…”
မြက်ပင်စုသည် တုန်ခါသွားပြီး၊ ဝုန်းခနဲ မြည်သံတစ်ခုထွက်ပေါ်လာပါသည်။
“ဘာအသံများလဲ”
ရှောက်ရွှမ်သည် မြက်ပင်စုကို ကြည့်လိုက်သောအခါ၊ အထဲတွင် တစ်စုံတရာ ရှိနေကြောင်း သိလိုက်ပါသည်။
မိချောင်းတစ်ကောင်များလား။ မြက်ပင်စုအလယ်တွင် မိချောင်း ရှိနေခြင်းလား။
မြက်ပင်စုမဟုတ်ဘဲ…လှောင်အိမ်တစ်ခုဖြစ်နေပေသည်။
ရှောက်ရွှမ်တုန်လှုပ်သွားပါသည်။ လှောင်အိမ်ရှိသည်ဆိုလျှင် လူသားများလည်း ရှိမည် ဖြစ်ပါသည်။ လူသားများသည် ထောင်ခြောက်များဖြင့် မြစ်ထဲမှ တိရစ္ဆာန်များကို ဖမ်းယူနေကျ ဖြစ်ပါသည်။
တချို့တံငါသည်များက ပိုက်ကွန်သုံးကြသည်။ တချို့ကတော့ ငါးမျှားတံများ သုံးကြ
သည်။ သို့သော် မိချောင်းကို လှောင်အိမ်နှင့် ဖမ်းခြင်းကိုတော့ ရှောက်ရွှမ် အခုမှ မြင်ဖူးခြင်း ဖြစ်ပါသည်။
“ဝုန်း…ဝုန်း”
မိချောင်းက ရုန်းလိုက်သဖြင့် လှောင်အိမ်တွင် ကပ်နေသော မြက်ပင်စုများ ရေထဲကျသွားပါသည်။ ထိုအခါ ရှောက်ရွှမ်သည် လှောင်အိမ်ကို ကောင်းမွန်စွာ မြင်ရပါသည်။
လှောင်အိမ်မှာ သတ္တုလှောင်အိမ်တစ်ခု ဖြစ်ပါသည်။ မီးတောက်ဦးချိုနှင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် ထိုကဲ့သို့ တန်ဖိုးကြီးသော လှောင်အိမ်မျိုးကို သုံးမည် မဟုတ်ပါ။ သတ္တုပစ္စည်းများနှင့် ပတ်သက်လာလျှင် သူတို့သည် ရှေးရိုးစွဲဆန်ပါသည်။ မိချောင်းတစ်ကောင်ဖမ်းဖို့ဆိုလျှင် လှေင်အိမ်အကြီးကြီးတစ်ခုလိုမည်ဖြစ်သည်။ ထိုမျှကြီးမားသော လှောင်အိမ်အတွက် သတ္တုအတော်များများကို သုံးရမည် ဖြစ်ပါသည်။
မြို့ကြီး၆မြို့နှင့် အလှမ်းကွာသောရွာများတွင် သတ္တုနှင့်ပြုလုပ်သော ပစ္စည်းများ သိပ်မရှိပါ။ ရှောက်ရွှမ်သည် ဤနေရာသို့ လာခဲ့သော လမ်းတလျှောက်တွင် အခြားမျိုးနွယ်စုဝင်များနှင့်တွေ့ဆုံခဲ့သော်လည်း၊ ထိုလူများမှာ အရိုးလက်နက်များသာ သုံးကြပါသည်။
ထိုမျှကြီးမားသော သံလှောင်အိမ်ကြီးကို တွေ့လိုက်ရသဖြင့် ရှောက်ရွှမ်တုန်လှုပ်သွားပါသည်။
ကုန်းကျားတောင်တန်းနားများ ရောက်နေသလားဟု ရှောက်ရွှမ်တွေးမိပါသည်။ အခြားလူမျိုးများသည် သတ္တုသိပ်မသုံးကြသော်လည်း၊ ရှားလူမျိုးများကတော့ ထိုသို့မဟုတ်ပါ။ ထို့ပြင် မိချောင်းတစ်ကောင်ကို လှောင်အိမ်ဖြင့် ဖမ်းနိုင်သူမှာ သာမန် တိုင်းရင်းသားတစ်ယောက် မဖြစ်နိုင်ပါ။
ရှောက်ရွှမ်သည် အခုချက်ချင်းထွက်ခွာသွားရန် မလိုသေးပါ။ ရှောက်ရွှမ်သည် သစ်ပင်တစ်ပင်
ပေါ်တက်ပြီး ပုန်းနေလိုက်သည်။ ထောင်ခြောက်တွင် သားကောင်မိနေပြီ ဖြစ်သဖြင့်၊ ထောင်ခြောက်ဆင်ခဲ့သူမှာ ရောက်လာတော့မည် ဖြစ်သည်။ ရောက်မလာပါက မိချောင်းရုန်းသဖြင့်၊ ထောင်ခြောက် ပျက်တော့မည် ဖြစ်သည်။
ရှောက်ရွှမ်မျှော်မှန်းထားသလိုပင်၊ မကြာခင်တွင် လူသံများကို ကြားလိုက်ရသည်။ လူတစ်ယောက်၏အသံမှာ မိချောင်းများအကြောင်းကို ကျွမ်းကျင်သော လေသံဖြင့် စကားပြောနေပါသည်။
အသံများသည် ရှောက်ရွှမ်နှင့် ပိုနီးလာပါသည်။ ရှောက်ရွှမ်သည် မြစ်ကမ်းပါးသို့ ကြည့်လိုက်သောအခါ အံ့ဩသွားပါသည်။
ကောင်းကောင်းမမြင်ရသေးခင်တွင်၊ လူတစ်ယောက်၏ လက်တစ်ဖက်ပေါ်ထွက်လာသည်။ ရှောက်ရွှမ်သည် ထိုအရာကို မိချောင်းလေးတစ်ကောင်ဟု ထင်လိုက်သော်လည်း မဟုတ်ပါ။
ကူမျိုးနွယ်စုဝင်များပင် ထိုလူလောက်မိချောင်းတစ်ကောင်နှင့် မတူပါ။
နတ်စွမ်းအင်များကို နှိုးထလိုက်လျှင်၊ ကူမျိုးနွယ်စုဝင်များ၏ မျက်နှာနှင့် အရိုးဖွဲ့စည်းပုံမှာ မိချောင်းတစ်ကောင်နှင့်တူသွားပါသည်။ အခုရောက်လာသောသူကတော့ မိချောင်းသားရေကို ခြုံလာခြင်းသာ ဖြစ်သည်။ ရှောက်ရွှမ်၏ အမြင်တွင်တော့ ထိုလူကိုကြည့်ရသည်မှာ သာမန်လူတစ်ယောက်နှင့်သာ တူပါသည်။