← Chapters

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁) အဲ့ဒါ သူပဲ

ရှောက်ရွှမ် သူ့လူများကို မီးတောက်တွင်း ရှိသည့်နေရာသို့ ဦးဆောင်ခေါ်သွားလိုက်သည်။

ထူးဆန်းနေသည့် အရာတစ်ခုမှာ သူ မီး‌တောက်တွင်းနှင့်ပိုနီးလာလေလေ ပိုများသော ကျွန်များနှင့်တွေ့လာရလေလေ ဖြစ်သည်။ ဝမ်ရှီ များကို အနည်းငယ်သာ တွေ့ရသည်။ ဝမ်ရှီများသည် ကျွန်ပိုင်ရှင်များ သူတို့၏ မီးတောက်တွင်းကို အပိုင်စီးဖျက်ဆီးသွားမည်ကို မစိုးရိမ်လေသလော......။

သူတို့သည် အလွန်အမင်း ရက်ရောနေသလော၊ သို့မဟုတ် မည်သည့်အရာကိုမှ စိတ်မပူလေသလော.......။

ဤသည်မှာမမျှော်လင့်ထားသည့် အချက်ဖြစ်သည်။ ရှောက်ရွှမ် အနေဖြင့် ပိုဂရုစိုက်ရတော့မည် ဖြစ်သည်။

သူ လူတိုင်းကို သတိထားရန် အချက်ပြလိုက်သည်။ သူ့လက်ထဲမှ ဓါးကို ဝှေ့ယမ်းနေခြင်းကိုလည်း မရပ်တန့်ခဲ့ပေ။

သူ့ဓါးသည် သာမာန်ဓါးများထက် ကြီးမားပေသည်။ ထို့အပြင် လေးလည်း လေးလံသေးသည်။ ထို့ကြောင့် သူ့လှုပ်ရှားမှုများသည် မြန်ဆန်ခြင်းထက် ဖိအားကို ပိုဦးစားပေးသည်။ ဤသည်မှာ မီးတောက် ဦးချို မျိုးနွယ်စု ၏ အထိရောက်ဆုံးသော တိုက်ခိုက်သည့် ပုံစံလည်း ဖြစ်သည်။

သူ့ တိုက်ခိုက်သည့် လှုပ်ရှားမှုများသည် အမဲလိုက်ခြင်းနှင့် တိုက်ပွဲများမှ သင်ယူလာခဲ့ခြင်း ဖြစ်လေ

သည်။

ကလန့်......

သူ့ရှေ့မှ အဆင့်မြင့် ကျေးကျွန်တစ်ယောက်ကို ရှောက်ရွှမ် ခုတ်ပိုင်းလိုက်သည်။

ထိုကျေးကျွန်သည် အဆင့်မြင့်သူတစ်ယောက် ဖြစ်လေသည်။ သူုတိ့သည် သာမာန် သားရည်ပြားများနှင့် ချပ်ဝတ်များကို ဝတ်ဆင်ထားခြင်းမရှိပဲ ရှေ့နှင့်နောက်ကို လုံခြုံအောင် ဖုံးကာပေးထားသည့် သတ္တု ချပ်ဝတ်များကို ဝတ်ဆင်ထားကြလေသည်။ သူတို့၏ ခြေလက်များတွင်လည်း အကာအကွယ်များ တပ်ဆင်ထားသည်။

ရှောက်ရွှမ် ထိုသူ၏ လည်ပင်းကို ဦးတည်တိုက်ခိုက်လိုက်သည်။ သို့သော်လညး် ထိုသူ

သည် အကောင်းဆုံး ကာကွယ်ထားနိုင်ပြီး သူ့ချပ်ဝတ်ကိုသာ ထိမှန် ခံလိုက်သည်။

သို့သော်လည်း ချပ်ဝတ်သည် လိပ်ခွံတစ်ခုကဲ့သို့ပင် ကာကွယ်နိုင်စွမ်း မြင့်မားနေခဲ့လေသည်။

ချပ်ဝတ်ကြောင့် ရှောက်ရွှမ်၏ တိုက်ခိုက်မှု အရာမထင်ဖြစ်သွားရသည်။ သတ္တုနှင့် ထိခိုက်မိသည့် အသံနှင့်အတူ လေးပင်သော အသံတစ်ခုသာ ထွက်လာခဲ့သည်။

ချပ်ဝတ်ပေါ်တွင် သိသာထင်ရှားသည့် ချိုင့်ခွက်တစ်ခု ဖြစ်သွားလေသည်။ သို့သော်လည်း ၎င်းသည် သေစေနိုင်လောက်သည့် အရာမဟုတ်ပေ။ ချပ်ဝတ်၏ အောက်တွင်မူ ထိုသူ ၏ ရင်ဘတ်သည် ချိုင့်ဝင်လုဆဲဆဲ ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့်ပင် လေးပင်သော အရိုးကျိုးသံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သတ္တုချပ်ဝတ်များသည်ပင် ရှောက်ရွှမ်၏တိုက်ခိုက်မှုကို ခံနိုင်ရည်် အပြည့်မရှိကြပေ။

ထို့နောက် ထိုသူ သွေးများအန်ထုတ်ပြီး မြေပြင်သို့ လဲကျသွားသည်။ ရှောက်ရွှမ် အခြားသူများကို ရင်ဆိုင်လိုက်သည်။

မြေပြင်တွင် မြက်များ ထူထပ်စွာ မရှိနေခဲ့ပေ။ ဖြစ်နိုင်သည်မှာ လူများစွာ၏ မကြာခန သွားလာလှုပ်ရှားမှုများကြောင့် ဖြစ်နိုင်သည်။ တိုက်ခိုက်နေမှုများကြောင့် မြေပြင်များ မြေလွှာများသည် ကွာချနေပြီး ဖုန်မှုံ့များ လေထဲလွင့်စင်နေခဲ့သည်။

လူတိုင်းပင် တိုက်ပွဲထဲသို့ ရောက်နေကြပြီဖြစ်ပြီး ထိုသူများ၏ လေးပင်သော အသက်ရှုသံများကို ရှောက်ရွှမ် သဲကွဲစွာ ကြားနေရသည်။ လက်နက်

များသည် လေထဲတွင် လွင့်ပျံနေခဲ့ပြီး စူးရှသည့် အသံများ ထွက်ပေါ်နေသည်။ ထက်ရှသော ဓါးသွားများသည် ဘယ်ညာ လူးလာခတ်နေခဲ့ပြီး သတ်ဖြတ်လိုခြင်း အသိစိတ်များကို ထုတ်လွင့်နေခဲ့သည်။ စွမ်းအားများ ကြမ်းတမ်းမှုများသည် တိုက်ပွဲကွင်းပြင်တွင် ပြန့်နှံ့နေခဲ့သည်။ ထို့အပြင် သွေးညှီနံ့များကိုလည်း ရနေနိုင်သည်။

မြေပြင်သည် သွေးများဖြင့် ဆေးဆိုးထားသကဲ့သို့ ဖြစ်နေခဲ့သည်။

ရှောက်ရွှမ် ကျေးကျွန်များကို ကြည့်လိုက်သည်။ သူသည် လွန်ခဲ့သည့် နှစ်နှစ်က မြင်တွေ့ခဲ့ဖူးသည့် လူတစ်ယောက်ကို မြင်လိုက်ရလေသည်။

ထိုသူမှာ ကျောက်တုံးဖြူ မြို့တော် သခင်ငယ်လေး ဖြစ်လေသည်။ သူသည် တိုက်ပွဲစင်မြင့်ပေါ်တွင် ထိုသူကို မြင်ဖူးခဲ့သည်။

သခင်ငယ်လေး၏ မျက်လုံးများသည် ရှောက်ွရွှမ်နှင့် အကြည့်ချင်းဆုံလိုက်မိသည်နှင့် သူခေတ္တမျှ ဆွံ့အသွားခဲ့သည်။ ရှောက်ရွှမ်ကို သူရင်းနှီးနေသကဲ့သို့ ထင်နေမိသော်လည်း မမြင်ရသည်မှာ နှစ်နှစ်ခန့် ရှိနေပြီဖြစ်သည်။ သခင်ငယ်လေးသည် သူတို့ဆုံတွေ့ခဲ့သည်ကို ပြန်လည် ပုံဖော်ကြည့်နေခဲ့သည်။

သူသည် သူ့မှတ်ဉာဏ်များကို ပြန်ရှာကြည့်နေခဲ့သည်။

ရှောက်ရွှမ်နှင့် သူ့လူများသည် လမ်းတစ်လျှောက် သတ်ဖြတ်လာခဲ့ကြလေသည်။ သခင်ငယ်လေး နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။

မဝေးလှသည့် နေရာတွင် ဝမ်ရှစ်သားရဲများသည်

အော်ဟစ် ကြုံးဝါးနေကြသည်။ ဝမ်ရှစ်သားရဲများသည် မီးတောက်ဦးချို မျိုးနွယ်စု၏ သားရဲများနှင့် အပြန်အလှန် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ထိုသားရဲများသည် လူသတ်စက်များ ဖြစ်ကြသည်။ မီးတောက် ဦးချို မျိုးနွယ်စု မရောက်လာမှီကပင် ဝမ်ရှစ်များသည် အကောင်းဆုံးသော သားရဲများကို ရွေးချယ်ထားခဲ့ပြီး တောအုပ်သားရဲများကို ရင်ဆိုင်ရန် ပြင်ထားခဲ့ကြသည်။

ထိုသားရဲများကို မျိုးဆက်အလိုက်ရွေးချယ်ထားခြင်း ဖြစ်သည်။ သူတို့သည် သတ်ဖြတ်ရန်သာ ရှင်သန်နေကြသည့် သတ္တဝါများ ဖြစ်ကြပြီး သတ်ဖြတ်ခြင်းသည် သူတို့၏ သဘာဝပင်ဖြစ်သည်။

ဝမ်ရှစ်သားရဲများကြောင့် ကျေးကျွန်ပိုင်ရှင်များသည် သားရဲတိုက်ပွဲစင်မြင့်ကို အမြဲတမ်း အမှတ်ရနေမိကြသည်။ ဝမ်ရှစ်မျိုးနွယ်စုသည်

ဤအကြံကို ကျွန်ပိုင်ရှင်များထံမှ ရလာခဲ့ခြင်း ဖြစ်သည်။

သဲကန္တရမှ လွတ်မြောက်လာပြီးနောက် ကျွန်ပိုင်ရှင်များ သည် တခါတရံတွင် ကန္တရမှ သူတို့၏ ဘဝကို ပြန်အမှတ်ရမိကြသည်။ သားရဲတိုက်ပွဲ မြို့တော်ကိုလည်း ပြန်သတိရကြသည်။ သားရဲဟိန်းသံများကို နားထောင်ခြင်းဖြင့် သူတို့၏ မှတ်ဉာဏ်များ ပြန်ပေါ်လာကြသည်။

အဲ့ဒါ သူပဲ......

အဲ့ဒီခွေးကောင်ပဲ......

ကျောက်တုံးဖြူ မြို့တော် သခင်ငယ်လေး ရှောက်ရွှမ်ကိုစိုက်ကြည့်လိုက်သည်။

သူ ရှောက်ရွှမ်ကို မှတ်မိလိုက်လေပြီ။သူသည် သားရဲတိုက်ပွဲမြို့တော်တွင် ပေါ်လာခဲ့သည့် လူပင်ဖြစ်သည်။

တိုက်ပွဲစင်မြင့်ပေါ်တွင် ရှောက်ရွှမ်၏ စွမ်းဆောင်မှုသည် ကျွန်ပိုင်ရှင်များအတွက် အထင်ကြီးစရာဖြစ်ခဲ့သည်။ သို့သော်လည်း ထိုအချိန်က ရှောက်ရွှမ်သည် ဦးထုပ်ပါသည့် အင်္ကျီကို ဝတ်ဆင်ထားခဲ့သည်။ သူ့မျက်နှာကို သေချာမမြင်လိုက်ကြရပေ။ အခြားသူများသည် ရှောက်ရွှမ်ကို မှတ်မိနိုင်ချင်မှ မှတ်မိနိုင်မည် ဖြစ်သော်လည်း တေက်ယွီသည် သူ့အကြောင်းကို ပြောပြထားခဲ့လေသည်။

သခင်ငယ်လေးသည် အခြားသူဆိုလျှင် အထင်ကြီးချင်မှ ကြီးမည်ဖြစ်သော်လည်း ရှောက်ရွှမ်သည ရွက်ကြွေမြို့တော်မှ လူများဖြင့် ရောက်လာခဲ့ခြင်းဖြစ်သည်။ လွတ်မြောက်သွားကြသည့် ကျွန်ပိုင်ရှင်များ အတွက်မူ ရွက်ကြွေ

မြို့တော်သည် သစ္စာဖောက်များ ဖြစ်ကြသည်။ အခြားမြို့တော်များအားလုံး ဖျက်ဆီးခံလိုက်ရသော်လည်း ရွက်ကြွေမြို့တော် ကျန်နေခဲ့သည်။ သူတို့သည် အဆင်ပြေနေယုံသာမက သူတို့၏ ပိုင်နက်နယ်မြေသည် ပို၍ပင် ကျယ်ပြန့်လာခဲ့သေးသည်။

ကျောက်တုံးဖြူမြို့တော်ကို ဖျက်ဆီးခဲ့ကြသည့်အခြားသူများသည် ရွက်ကြွေမြို့တော်မှ လူများ အများစု ဖြစ်ကြလေသည်။ ရွက်ကြွေမြို့တော်သည် ကျောက်တုံးတောင်ကုန်းမြို့တော်၏ မိသားစု နောက်လိုက်ခွေးသာ ဖြစ်သည်။

ကျောက်တုံးဖြူမြို့တော်၏ ရွက်ကြွေမြို့တော် အပေါ်တွင် ထားရှိသည့် အမုန်းတရားသည် ယခုအချိန်တွင် ရှောက်ရွှမ်အပေါ်သို့ ကျရောက်လာခဲ့ပြီဖြစ်သည်။ ရှောက်ရွှမ်ကို တခါက ရွက်ကြွေမြို့တော် တတိယသခင်ငယ် စူးကုနှင့်အတူ မြင်ဖူးခဲ့ကြသည်။ ကျောက်တုံးဖြူမြို့တော်သည် ထိုစဉ်

ကတည်းကပင် ကံဆိုးနေခဲ့သည်။ သူတို့၏ အရှင်သေဆုံးသွားယုံသာမက မြို့တော်တစ်ခုလုံးသည်လည်း အချိန်တန်ကြာ မရပ်တည်နိုင်ခဲ့ပေ။ အကယ်၍ သခင်ငယ်လေးသာ အစီအစဉ်များကို ကြိုတင်မလုပ်ထားခဲ့လျှင် သူ့အနေဖြင့် လွတ်မြောက်လာနိုင်လိမ့်မည် မဟုတ်ပေ။

သူ့အကြည့်များ ပြင်းထန်စူးရှလာခဲ့ပြီး သူ့နောက် မှကျေးကျွန်တစ်ယောက်ကို လေးနှင့် မြားကမ်းပေးရန် အမိန့်ပေးလိုက်သည်။ ရှောက်ရွှမ်အပေါ် အသေစိုက်ကြည့်နေလိုက်ပြီး နောက် သူ့မျက်လုံးများ တင်းမာသွားခဲ့သည်။ ရှားပါးသော သဲကန္တာရ သားရဲဖြင့် ပြုလုပ်ထားသည့် လေးကို သူကြည့်လိုက်သည်။ ထို့နောက် လေးကိုင်းကို အဆုံးထိရောက်သည်အထိ ဆွဲတင်လိုက်လေသည်။ သူ့ဒေါသများအားလုံးကို လေးကိုင်းထဲတွင် ထည့်ထားခဲ့၏။

သူ့အနေဖြင့် အခြားနေရာများတွင် အရည်အချင်း

ရှိချင်မှ ရှိမည် ဖြစ်သော်လည်း မြားပစ်ရာတွင်မူ သူ့အရည်အချင်းကို သူယုံကြည်လေသည်။

ထိုအခိုက်တွင် သူသည် သူ့ပစ်မှတ်မှလွဲပြီး အရာအားလုံးကို လျစ်လျုရှုထားခဲ့သည်။ သူ့လူများကို ပင် မတော်တဆ မြားဖြင့်ပစ်မိမည်ကိုပင် သူစိတ်မပူတော့ပေ။ သူမြင်သည်မှာ သူ့ ဘဝတစ်သက်သာ ရန်သူတော်ကြီးဖြစ်သည့် ရှောက်ရွှမ်ကိုပင် ဖြစ်သည်။

ဝုရှ်.........

လေးကိုင်းတုန်ခါသွားသည်။ မြားတံသည် ပြင်းထန်သော အရှိန်ဖြင့် လေကို ထိုးခွင်းသွားသည်။ လေထဲတွင် စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်မြားတံသည် ကြယ်ကြွေသကဲ့သို့ပင် ရှောက်ရွှမ်ထံ ပျံသန်းသွားလေသည်။

ကျေးကျွန်များနှင့် မီးတောက်ဦးချို မျိုးနွယ်စုမှ လူများ အားလုံး နားစည်များ တုန်ခါသွားသည်ကို ကြုံတွေ့လိုက်ရသည်။

သခင်ငယ်လေး သူ့ကို စိုက်ကြည့်နေစဉ်ကပင် ရှောက်ရွှမ် သတိရှိနေခဲ့ပြီးဖြစ်သည်။ သူသည် တဖက်လူ၏ လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်ပေသည်။ ထို့အပြင် ထိုသူ့ထံမှ သတ်ဖြတ်လိုစိတ်များကို လည်း သူအာရုံခံနိုင်ပေသည်။

ဘေးဖက်မှတိုက်ခိုက်လာသည့် ကျေးကျွန်များ၏ တိုက်ခိုက်မှုများကို ခုခံလိုက်ပြီးနောက် သခင်ငယ်လေး သူ့ကို မြားဖြင့် ပစ်လိုက်သည်ကို သူတွေ့လိုက်သည်။ သူ ရှောင်တိမ်းခြင်း မပြုပေ။ သူ့ခြေထောက်များသည် ခိုင်မြဲသည့် သစ်ပင်တစ်ပင်ကဲ့သို့ မြေတွင် ရပ်တည်နေစဉ်မှာပင် သူ့ခန္ဓာကိုယ်အတွင်းမှ နတ်စွမ်းအားများ လှုပ်ရှားသွားခဲ့သည်။ သူ့အသက်ရှူမှုသည် ပူပြင်းလာခဲ့ပြီး

ကြမ်းတမ်းလာခဲ့သည်။ သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ သူ့ဓါးသည် ပျံသန်းလာသည့် မြားတံကို တားဆီးထားလိုက်လေသည်။

ကလန့်......

စွမ်းအားနှစ်ရပ်တို့ ဆုံတွေ့လိုက်ကြသည်။ စူးရှပြီး သတ္တချင်းထိခိုက်မိသည့်အသံတစ်ခု ထွက်ပေါ်လာလေသည်။

သူ့ဓါးဖြင့် ထိတွေ့မိလိုက်သည့် မြှားတံသည် ဘေးသို့လွင့်သွားခဲ့ပြီး ဓါးပေါ်တွင် အစင်းရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျောက်တုံးဖြူ မြို့တော်မှ သခင်လေးသည် နောက်ဆုံးတွင် ရှောက်ရွှမ်၏ ဓါးကို သတိပြုလိုက်မိပြီဖြစ်သည်။ သူသည် များစွာသော သတ္တု

ဓါးများကို မြင်ဖူးခဲ့သည်။ သူတို့သည် ဒီဇိုင်းမျိုးစုံ အရာဝတ္ထုမျိုးစုံဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

သတ္တု အရည်ကြို ပုံသွင်းရာတွင် ကျောက်တုံးဖြူ မြို့တော် ၏ အရည်အချင်းသည် အခြားမြို့တော် သုံခးတို့ကို မယှဉ်နိုင်ပေ။ ကျောက်တုံးဖြူမြို့တော်တွင် သူတို့ကိုယ်ပိုင် သတ္တုတွင်းများ အနည်းငယ်သာ ရှိပြီး သူတို့သည် စစ်ပွဲကာလများတွင် အခြားသူများထံမှသာ လုယက်ကြလေ့ရှိသည်။ ရှောက်ရွှမ်၏ ဓါးသည် သာမန်ဓါးတစ်ချောင်းမဟုတ်နေခဲ့ပေ။ ထို့ကြောင့် သခင်ငယ်လေး ထိတ်လန့်သွားခဲ့၏။

ကျောက်တုံး‌တောင်ကုန်းမြို့တော်က သူ့ကိုပေးထားတာထင်တယ်........ သူသည် နောက်ထပ် ရှင်းပြချက်တစ်ခုခုကို မတွေးတတ်တော့ပေ။

ဒီတော့ မီးတောက် ဦးချိုမျိုးနွယ်စုကလည်း ရှီ

မိသားစုရဲ့ နောက်လိုက်ခွေးတွေပဲပေ့ါ ။

လုံးဝ အဓိပ္ပာယ်မရှိဘူး........

“ သူတို့အားလုံးကို သတ် ........ “ သခင်ငယ်လေး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် တိုက်ပွဲ ဧရိယာမှ လွတ်မြောက်စေရန် နောက်ဆုတ်လိုက်ပြီး သူ့ကျေးကျွန်များကိုသာ တိုက်ခိုက်ခိုင်းလိုက်သည်။ သူ့ကို ကာကွယ်ပေးနေသည့် ကျွန် တစ်စုလည်း ရှိနေသေးသည်။

သူသည် ရှောက်ရွှမ်၏ ဓါးကို ခိုးယူရန် အမိန်ပေးချင်နေခဲ့သည်။ သို့သော် သူမည်သို့မျှ မပြောရသေးခင်မှာပင် ရှောက်ရွှမ် လျှင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ့လက်ထဲတွင် သွေးများစွန်းပေနေသည့် ဓါးကို ကိုင်ထားပြီး ရှောက်ရွှမ် သူ့ထံ ပြေးဝင်လာနေခဲ့သည်။ သတ္တု ပစ္စည်းများ ထိခိုက်မိသံများမှ လွဲ၍ အရိုးကျိုးသံများကိုလည်း ကြားနေရ

လေသည်။ ထို့နောက် တွင် ဓါးများကိုဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ များစွာသော ခြေလက်များ ပြတ်တောက် ကုန်ကြသည်။ ကျေးကျွန်များသည် ဘေးဖက်ဆီသို့ လွင့်စင်ကုန်ကြလေသည်။

သခင်ငယ်လေးသည် ရှောက်ရွှမ်သူ့ထံပြေးဝင်လာနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ရင်တုန်သွားလေသည်။ သူ့ဦးရည်ပြားသည် ထုံကျဉ်သွားခဲ့ပြီး ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။ သူ လုပ်နိုင်သည့်အရာမှာ ထွက်ပြေးခြင်းသာ ဖြစ်သည်။ အကယ်၍ သူသာ ဤနေရာမှ ထွက်ပြေးနိုင်ခဲ့လျှင် ရှောက်ရွှမ်ကို ကြောက်နေစရာလိုတော့မည် မဟုတ်ပေ။ ယခုတွင် သူတို့သည် ဝမ်ရှီများကို ကူညီယုံသာ ကူညီပေးနေခြင်းဖြစ်သည်။ သူ့အသက်ကို တိုက်ပွဲအတွက် အဆုံးခံရန် မလိုအပ်ပေ။ သူ့ကျေးကျွန်များကို သူ့အား ကူညီပေးရန်အတွက် အမိန့်ပေးရမည်ကိုလည်း သူမမေ့ပေ။

ရှောက်ရွှမ်သည် ထိုကျေးကျွန်များနောက်တွင်

ပုန်းအောင်းနေသည့် စိတ်ရှုပ်စရာ ကျွန်ပိုင်ရှင်ကို သတ်ဖြတ်လိုနေခဲ့သည်။ အကယ်၍ ကျွန်ပိုင်ရှင်သာ သေသွားခဲ့လျှင် ကျေးကျွန်များ၏ တိုက်ိခိုက်လိုစိတ်များ လျော့နည်းသွားနိုင်ပေသည်။ သိုသောလည်း ထိုကျွန်ပိုင်ရှင် ထွက်ပြေးသွားသည်မှာမြန်လွန်းလှပေ၏။ သူ မြှားဖြင့် ပစ်ရန် ကြံလိုက်သော်လည်း ဝန်းရံနေသည့် ကျေးကျွန်များစွာ ရှိနေခဲ့သည်။ သူသည် ထိုကျွန်ပိုင်ရှင် သခင်လေးကို ထိမှန်အောင် ပစ်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ရှောက်ရွှမ် သူ့လူများကိုသာ စုလိုက်ပြီး မီးတောက် တွင်းဆီသို့သာ ဆက်သွားလိုက်သည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ကျေးကျွန်ပိုင်ရှင် မရှိတော့သောကြောင့် ဖြစ်နိုင်သည်။ ကျေးကျွန်များသည် မည်သို့လုပ်ရမည်ကိုမသိ ဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် မီးတောက်ဦးချိုမျိုးနွယ်စုသည် ရှေ့သို့ ဆက်တက်လာနိုင်ခဲ့ကြသည်။

ကျောက်တုံးဖြူ မြို့တော်မှ ကျေးကျွန်များအပြင် အခြားကျေးကျွန်များလည်း ရှိနေခဲ့သည်။ ထိုသူများကို ကိုင်တွယ်ရန်မှာမူ မခက်ခဲလှ‌ပေ။ ကျွန်ပိုင်ရှင်များသည် သေချာပေါက် တိုက်ပွဲကို စိတ်နှစ်ပြီတိုက်ခိုက်နေကြခြင်း မဟုတ်ပေ။၊ သူတို့သည် ဝမ်ရှစ်များကို ကူညီပေးရန်ကိုလည်း မတွေးတော ကြပေ။

သူပို၍ နီးကပ်လာသည်နှင့်အမျှ ဝမ်ရှစ် မီးတောက် မျိုးစေ့ကို ရှောက်ရွှမ် ပို၍ အာရုံခံမိလာလေလေ ဖြစ်သည်။ နတ်စွမ်းအားများသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြန့်နှံ့နေခဲ့ပြီး မီးတောက်မျိုးစေ့သည် သူ့ပြိုင်ဖက်နှင့် တွေ့ရသကဲ့သို့ ဖြစ်နခဲ့ကာ တိုက်ခိုက်ရန် မစောင့်နိုင်တော့ပုံပေါ်သည်။

မျိုးနွယ်စု စစ်သည်များ တိုက်ခိုက်နေကြစဉ်တွင်

မီးတောက် မျိုးစေ့များသည်လည်း တစ်ခုနှင့်တစ်ခု သည်းမခံနိုင်ကြတော့ပေ။ “ မင်းရှိနေရင် ငါမရှိဘူး “ ဟူသည့် ခံစားချက်မျိုးကို ခံစားလိုက်ရလေသည်။

အခန်း (၅၁၂) ဝမ်ရှစ်တို့၏ မီးတောက်

ဝမ်ရှစ်မျိုးနွယ်စု၏ နတ်ဆရာသည် လေးနက်သော မျက်နှာဖြင့် မီးတောက်တွင်းဘေးတွင် ရပ်နေခဲ့သည်။ သူသည် မလှုပ်မရှားပဲ တိုက်ပွဲမှ အသံများကို နားစွင့်နေခဲ့လေသည်။

သူ့ဘေးတွင် ဝမ်ရှစ်တစ်ယောက်မှ ရှိမနေခဲ့ပေ။ အနီးဆုံးသော ဝမ်ရှစ်စစ်သည်တော်သည် သူနှင့် မီတာ ငါးဆယ် ခန့်အကွာတွင် ရှိနေခဲ့သည်။

ဝမ်ရှစ် မီးတောက်တွင်း၏ ပတ်ပတ်လည်တွင် ကွင်းပြင်တစ်ခုသာ ရှိနေခဲ့သည်။ မီတာ ငါးဆယ် အချင်းဝင်အတွင်း ရှိနေသည့် တစ်ယောက်တည်းသော လူမှာ ဝမ်ရှစ်နတ်ဆရာသာ ဖြစ်သည်။

မီးတောက် တွင်းထဲတွင် မီးတောက်များ ကခုန်နေ

ခဲ့သည်။ မီးတောက်များသည် ဝမ်ရှစ်တို့၏ အရောင်ဖြစ်သည့် အညိုရောင် ရောလျှက်နေခဲ့လေသည်။

နတ်ဆရာသည် တစ်ခါ က သူတို့မီးတောက် သေးငယ်သွားမည်ကို စိတ်ပူခဲ့ဖူးသည်။ သို့သော်လည်း မီးတောက်ဦးချို မျိုးနွယ်စု၏ မီးတောက် ပျောက်ကွယ်သွားပြီးသည့် နောက်ပိုင်းတွင် မီးတောက်များသည် ပြိုင်ဖက်တစ်ဦး လျော့နည်းသွားဟန် ရသည်။ ၎င်းသည် သူ၏ နဂို အရောင်နှင့် အရွယ်အစားပြန်ဖြစ်လာခဲ့သည်။

ထို့ကြောင့် နတ်ဆရာ စိတ်ချလက်ချ ဖြစ်သွားသည်။ မီးတောက် ဦးချို မျိုးနွယ်စု၏ မီးတောက် အဘယ်ကြောင့် ပျောက်ကွယ်သွားရသည် ဟူသည်ကို သူမသိသော်လည်း မီးတောက်ဦးချိုမျိုးနွယ်စု၏ မီးတောက် မရှိတော့လျှင် သူတို့၏ ဝမ်ရှစ်မီးတောက်သည် စွမ်းအားများ ပိုမိုကြီးမား

လာသည်ကိုတော့ သူသိနေခဲ့သည်။

သူတို့က ဘာလို့ မီးတောက် ဦးချို မျိုးနွယ်စုကို ကြောက်နေရမှာလဲ..........။ သူတို့မှာ မီးတောက် မျိုးစေ့မရှိဘူးလေ........ ငါတို့ ဝမ်ရှစ်တွေမှာ မီးတောက် မျိုးစေ့ ရှိတယ်။

သူတို့သည် သေးငယ်သည့် မျိုးနွယ်စုလေးများကို ကြောက်ရွံ့နေလိမ့်မည် မဟုတ်ပေ။

မီးတောက် မျိုးစေ့၏ စွမ်းအားများသည် အကန့်အသတ်မဲ့လေသည်။ နတ်ဆရာသည် တစ်စုံတစ်ယောက်က မီးတောက်မျိုးစေ့ကို ဖျက်ဆီးနိုင်မည်ကို စိတ်ကူးပင်မယဉ်ဖူးပေ။ ကျွန်ပိုင်ရှင်များသည်ပင် ထိုသို့မလုပ်နိုင်ပေ။ ဒီလူတွေက လုပ်နိုင်မယ်လို့ ထင်နေကြတာလား.........။

မီးတောက် ဦးချိုမျိုးနွယ်စုက ငတုံးတွေပဲ........။

သူတို့ မြင့်မားသည့် အချိန်မှ ကျဆုံးခဲ့သည်မှာနှစ်ပေါင်းတစ်ထောင် ရှိခဲ့ပြီဖြစ်သည်။ သူတို့သည် မတွေးခေါ်တတ်သည့်လူများ ဖြစ်လာကြပေသည်လော.........။

အကယ်၍ မီးတောက် ဦးချို မျိုးနွယ်စု၏ မီးတောက်မျိုးစေ့သာ ဆက်လက်တည်ရှိနေခဲ့လျှင် သူသည် သတိထားကောင်းထားမိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း မီးတောက်ဦးချို မျိုးနွယ်စုသည် တုံးအပြီး သူတို့တွင် ကိုယ်ပိုင် မီးတောက် မျိုးစေ့ပင် မရှိတော့ပေ။

ဟားဟားဟား.........

နတ်ဆရာ ကျယ်လောင်စွာ ရယ်မောချင်စိတ် ဖြစ်

မိသည်။

ကြီးမားသည့် မျိုးနွယ်စုများကြားမှ စစ်ပွဲများသည် မီးတောက် မျိုးစေ့ပေါ်တွင် မူတည်နေပေသည်။ မင်းတို့ ဒါကို ဘာလို့နားမလည်နိုင်ကြတာလဲ။ မင်းတို့မှာ မီးတောက် မျိုးစေ့ မရှိဘူး။ မင်းတို့က ငါတို့ကို တိုက်ခိုက်နိုင်တယ်လို့ ထင်နေသေးတာလား..........

သူ ထိုအကြောင်းကို တွေးနေစဉ် စိတ်ကျေနပ်သည့် အမူအယာများ ပေါ်လာခဲ့သည်။ ထို့နောက် သူ့လက်ကို မြှောက်လိုက်ပြီး တိုက်ပွဲ အသံများကို နားထောင်လိုက်သည်။ ရှည်လျားသည့် မီးတောက် များ မီးတောက်တွင်းထဲမှ ခုန်ထွက်လာလေသည်။ ၎င်းသည် မှိတ်တုတ်မှိတ်တုန် လင်းနေခဲ့၏။ သူသည် သာမန် လေတိုက်သည့်အသံများကို မကြားနေရတော့ပေ။ ထို့အစား ကျောက်တုံးများ အချင်းချင်း ထိခိုက်မိသည့် အသံများကိုသာ ကြားနေရလေသည်။

ရှောက်ရွှမ် ရောက်လာသည့်အချိန်တွင် ထူးဆန်းသည့်တစ်စုံတစ်ခုကို သူသတိပြုလိုက်မိသည်။

မီးတောက်တွင်း ပတ်လည်ရှိ အကာအကွယ်များသည် သူမှန်းထားသည်နှင့်ကွာခြားနေခဲ့သည်။ ထိုနေရာတွင် စစ်သည် စုစုပေါင်း သုံးရာခန့်ပင် မရှိပေ။ ဝမ်ရှစ်များသည် စစ်သည်တော် တစ်သောင်းခန့် ရှိသည့် မျိုးနွယ်စု တစ်ခုဖြစ်သည်။ သို့သော်လည်း အမှန်တကယ်တွင် သူတို့သည် ထိုမျှ အင်အားမရှိလေသလော။ အကယ်၍ မတိုက်ခိုက်နိုင်သည့် လူများကို ထည့်ပေါင်းလိုက်လျှင်ပင် အများဆုံးအနေဖြင့် စစ်သည် ရှစ်ထောင်ခန့်သာရှိပေလိမ့်မည်။ သို့သောလည်း ကျွန်ပိုင်ရှင်များနှင့် ကျွန်များကို ထည့်သွင်းလိုက်ပါက စစ်သည်တစ်သောင်းကျော်လောက်မည် ဖြစ်သည်။ ထို့အပြင် သူတို့ ဖမ်းထားသည့် စစ်သုံ့ပန်းများသည် ရာပေါင်းများစွာ ရှိနိုင်သေးသည်။

လူအင်အားတစ်သောင်းကျော်ဖြင့် သူတို့သည် မျိုးနွယ်စုကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။ အကယ်၍ သူတို့သာ မျိုးနွယ်စုငယ်များကို တိုက်ခိုက်စဉ်က လူဦးရေ မနည်းပါးသွားခဲ့လျှင် ထို့ထက်ပင် ပိုများနေပေဦးမည်။

ဤတစ်ကြိမ်တွင် မီးတောက် ဦးချို မျိုနွယ်စုမှ စစ်သည်တော် ငါးထောင်ခန့် လာရောက်တိုက်ခိုက်ခဲ့ကြသည်။ ဝမ်ရှစ်တို့ဖက်တွင် ကျွန်ပိုင်ရှင်များနှင့် ဝမ်ရှီစစ်သည်များအင်အားပေါင်းလိုက်လျှင် သူတို့၏ စစ်အင်အားသည် မီးတောက်ဦးချို မျိုးနွယ်စုထက် များသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် အနီးကပ်ကြည့်လိုက်လျှင် မီးတောက်ဦးချို မျိုးနွယ်စုဖက်မှ သေဆုံး ဒဏ်ရာရသူများပိုနည်းပါးသည်ကို တွေ့နိုင်ပေသည်။

ရှောက်ရွှမ် လမ်းတစ်လျှော်က တိုက်ခိုက် သတ်ဖြတ်လာခဲ့ပြီး မီးတောက်မျိုးစေ့ကို အာရုံခံမိနေခဲ့သည်။ သို့သော်လည်း ထိုနေရာတွင် စစ်သည် သုံးရာခန့်ကိုသာ တွေ့လိုက်ရသဖြင့် သူအံ့သြသွားလေသည်။

ထိုသူများသည် မီးတောက်တွင်းအနားတွင် ရှိနေကြခြင်း မဟုတ်ကြပေ။ သူတို့သည် အလယ်တွင်ရှိနေသည့် မြေကွက်လပ်တွင်သာ ရှိနေကြခြင်း ဖြစ်သည်။

ရှောက်ရွှမ်နှင့်အတူ မီးတောက်ဦးချိုမျိုးနွယ်စု စစ်သည်တော် တစ်ရာခန့် ပါလာခဲ့သည်။ မကြာခင်တွင် နောက်ထပ် တစ်ရာ ထပ်ရောက်လာပြန်သည်။ ထို့ကြောင့် ထိုသူ သုံးရာကိုတိုက်ခိုက်ရသည်မှ လွယ်ကူပေမည်။ သူတို့အားလုံးသည် သာမန် စစ်သည်များသာ ဖြစ်ကြသည်။ အမဲလိုက်ခေါင်းဆောင်များ မရှိကြပေ။

ထူးဆန်းသည့် ခံစားချက်ကို ရှောက်ရွှမ် ခံစားလိုက်ရပြန်သည်။

အခြားသူများသည်လည်း ဝမ်ရှစ် မီးတောက် မျိုးစေ့မှ တွန်းကန်နေသည့် ခံစားချက်ကို ခံစားမိလိုက်ကြသည်။

ရှောက်ရွှမ် ချက်ချင်း မီးတောက်တွင်းထံ ပြေးသွားခြင်း မပြုပေ။ မီးတောက်ဦးချိုမျိုးနွယ်စုသည် ကွင်းပြင်ထဲတွင် ရှိနေသည့် လူသုံးရာကို အရင်တိုက်ခိုက်လိုက်ကြသည်။

ထိုလူသုံးရာသည် တိုက်ခိုက်ရန်အတွက် မပြင်ဆင်ထားကြသည့်ပုံပေါ်သည်။ သူတို့သည် တစ်ခါတစ်ရံတွင် မီးတောက်တွင်းရှိသည့်ဖက်သို့ ဆုတ်ခွာသွားတတ်ကြသည်။ ရှောက်ရွှမ် သူတိုကို ကြည့်လိုက်ပြီး သူတို့၏ ရည်ရွယ်ချက်ကို သိသွား

သည်။ သူတို့သည် ရှောက်ရွှမ်တို့အာ မီးတောက်တွင်း အနီးသို့ မြှားခေါ်လိုနေခြင်း ဖြစ်မည်။

မည်သူက ပြင်ပရန်သူများကို သူတို့ကိုယ်ပိုင် မီးတောက်တွင်း ရှိရာဆီသို့ မြှားခေါ်မည်နည်း။

ဖြစ်နိုင်သည်မှာ ကွင်းပြင်သည် တစ်စုံတစ်ခု မှားယွင်းနေခြင်းပင်ဖြစ်မည်။

ရှောက်ရွှမ် မည်သို့မှ မပြောသော်လည်း အချို့ကိစ္စများကို မှန်းဆနိုင်လိုက်ပြီဖြစ်သည်။ သူတို့သည် ပြင်ပ မီတာ ငါးဆယ်တွင်သာ တိုက်ခိုက်နေကြပြီး အထဲသို့ ဝင်ကြခြင်း မရှိကြပေ။

မီးတောက်တွင်းဆီသို့မည်သည့် မီးတောက်ဦးချိုမျိုးနွယ်စုမှ လူများကပ်မလာကြသည်ကို တွေ့လိုက်ပြီး နတ်ဆရာ စိတ်မရှည်နိုင်ဖြစ်လာခဲ့သည်။

ကြောက်မက်ဖွယ်အပြုံးတစ်ခုကို ပြုံးလိုက်ပြီးနောက် သူ့လက်များကို မတင်လိုက်ကာ ရှည်လျားသည့် အော်မြည်သံတစ်ခုကို ပြုလုပ်လိုက်သည်။ ထို့နောက် သူသည် ရှောက်ရွှမ် နားမလည်နိုင်သည့် ဘာသာစကားတစ်ခုကို ရွှတ်ဆိုနေလေသည်။ ထိုဘာသာစကားသည် အဓိပ္ပာယ်မရှိသယောင် ထင်ရပြီး ကြီးမားသည့် အန္တရာယ်တစ်ခုကို ရှောက်ရွှမ် ခံစားမိလိုက်သည်။

“ ပြန်ဆုတ် “ ရှောက်ရွှမ် အော်ဟစ်သတိပေးလိုက်သည်။

ထွော်နှင့် အခြားသူများ သူအော်ပြောလိုက်သည်ကို ကြားလိုက်ကြသည်။ သူတို့ ခေတ္တ ရပ်တန့်သွားပြီး လူတိုင်းသည် နောက်သို့ပြန်ဆုတ်လိုက်ကြလေသည်။

“ ထပ်ဆုတ်ဦး ...... ဝေးဝေး ဆုတ် “ ရှောက်ရွှမ် ဆက်‌အော်လိုက်သည်။

မီးတောက်ဦးချို မျိုးနွယ်စုမှ ထပ်ရောက်လာသည့်လူများလည်း ထပ်မံဆုတ်လိုက်ကြသည်။ ဝမ်ရှစ် များ ရောက်လာသည်။ ထိုအခြေအနေသည် ထူးဆန်းသည့် အခြေအနေဖြစ်နေသည်။ ရှောက်ရွှမ်တို့ နောက်ဆုတ်နေသော်လည်း ဝမ်ရှစ်များက ဆုတ်လမ်းကို ပိတ်ထားသည်။

ဒတ်.....ဒတ်.....ဒတ်.......

မီးတောက်တွင်းထံမှ စီးချက်ကျကျ အသံတစ်ခု ထွက်ပေါ်လာသည်။

အော်မြည်နေသည့် အညိုရောင် မီးတောက်များ မီးတောက်တွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ကြောက်မက်ဖွယ် အလင်းများ မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာသည်။ မီးတောက်ဘောလုံများ တွင်းထဲမှ အန်ထွက်ကျလာသည်။

မီးဘောလုံးများသည် လေထဲတွင် ချိတ်ဆွဲနေဟန်ရသည်။ သူတို့သည် ကောင်းကင်ကိုပင် ဖုံးလွှမ်းနေလေပြီ။ လေလှိုင်းများ တိုက်ခတ်သည့်အသံဖြစ်ပေါ်လာပြီး မီးတောက် ဘောလုံများသည် ကမ္ဘာပျက်သည့်နှယ် မြေပေါ်သို့ ကျဆင်းလာခဲ့သည်။

မီးတောက် ဦးချိုများ အားလုံး ထိုမြင်ကွင်းကို ချွေးအေးများ ထွက်နေရင်းဖြင့် ကြည့်လိုက်မိကြသည်။ သူတို့သည် ပထမဆုံးရောက်လာခဲ့ကြသည့် လူများဖြစ်ကြသည်။ သူတို့အနေဖြင့် မီးတောက်တွင်းနှင့် နီးကပ်သော နေရာတွင် ရှိနေ

ကြသူများ ဖြစ်၏။ အမဲလိုက် အဖွဲ့ဟောင်းတို့အတွက် ဤတစ်ကြိမ်သည် အခြားမျိုးနွယ်စုတစ်ခုကို ပထမဆုံးတိုက်ခိုက်သည့်အကြိမ်ဖြစ်လေသည်။ ပင်လယ်တဖက်မှ လူများအတွက်လည်း မီးတောက် မျိုးစေ့ရှိသည့် မျိုးနွယ်စုကို ပထမဆုံး အကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။ သူတို့နှစ်ဖက်လုံးသည် ဤသို့သော အချင်းအရာမျိုးကို မမြင်ဖူးကြပေ။

မီးတောက်မျိုးစေ့သည် စွမ်းအားကောင်းလွန်းလှ၏။ သူတို့အားလုံးသည် ငရဲသို့ရောက်နေသည့်နှယ် ခံစားလိုက်ရသည်။

ထိုနေရာတွင်ဆက်နေနေခြင်းသည် သေခြင်းသာ ရှိလိမ့်မည် ဖြစ်သည်။ အော့နှင့် ကျန်းလော်တို့သည် သူတို့အားလုံး အသက်ကိုသာ ဂရုစိုက်ကြရန် သတိပေးလိုက်သည်။

မီးတောက် တွင်းဘေးနားမှ ဝမ်ရှစ်နတ်ဆရာ နှာခေါင်းရှုံ့လိုက်သည်။ သူ့ ဂါထာရွတ်ဖတ်သံသည် ယခုတွင်ပိုကျယ်လာခဲ့ပြီး ပိုရှည်လျားလာခဲ့သည်။

မီတာ ငါးဆယ် ဟုတ်လား.......

မီတာ ငါးဆယ်ပဲ ဘယ်ကပါ့မလဲ .........

ဒါက သရုပ်ဖော်မှုလေးတစ်ခုပဲရှိသေးတယ်။ သေချာပေါက် မီးတောက်မျိုးစေ့ ရဲ့‌ဒေါသက မီတာ ငါးဆယ် မကဘူး။

ဘုန်းဘုန်းဘုန်း ........

မီးတောက် ဘောလုံးများ မြေပြင်ပေါ်သို့ ကျဆင်း

လာသည်နှင့် မြေပြင်တွင် ပေါက်ကွဲသံများ ဆူညံသွားလေသည်။

မီးတောက် ဘောလုံးများသာ ဖြစ်သော်လည်း မီးတောက်များသည် မြေပြင်နှင့်ထိမှန်သည်နှင့် ကြီးမားသည့်ကျောက်တုံးကြီးများ သဖွယ်ဖြစ်သွားကြပြီး မြေပြင်သည် တုန်ယင်သွားလေသည်။

မီးလုံးများသည် မီးတောက်တွင်းနှင့် ဝေးသည်ထက် ဝေးလာခဲ့သည်။ မြေပြင်နှင့ ထိမှန်သည့် မီးလုံးများသည် အညိုရောင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုမီးတောက်များကြားထဲမှ နတ်ဆရာ၏ ဖြူဖျော့သော မျက်နှာကို သူတို့အားလုံးမြင်နိုင်ကြသည်။

မီးတောက်တွင်းပတ်လည်ရှိ မြေပြင်သည် အညိုရောင်မီးတောက်များဖြင့် ပြည့်နေခဲ့ပြီဖြစ်သည်။

ဒုတိယစည်းတစ်ခု အလျှင်အမြန် ဖြစ်ပေါ်လာသည်။ ထိုမီးတောက်များသည် စုစည်းနေပြီး တောက်တန်းများကဲ့သို့ပင် ဖြစ်လာခဲ့သည်။

မီးလုံးများဆက်လက်ကျဆင်းနေလေသည်။ ဝမ်ရှစ်များ ပိတ်ဆို့ထားသဖြင့် ပထမဆုံးရောက်လာခဲ့ကြသည့် မီးတောက်ဦးချို မျိုးနွယ်စုမှ စစ်သည်များသည် ထိုအဝန်းအဝိုင်းအတွင်းမှ မထွက်နိုင်ကြတော့ပေ။

သူတို့အားလုံးကို မမြင်နိုင်သည့် ဖိအားတစ်ခုမှ ဖိထားသကဲ့သို့သူတို့ ခံစားလိုက်ရသည်။ သူတို့ ခန္ဓာကိုယ်ပေါ်မှ အမွေးအမျှင်များအားလုံး ထောင်ထလာလေသည်။ သူတို့ ကောင်းကင်ထက်သို့ မော့မကြည့်ကြသော်လည်း သူတို့ကို ဖိနှိပ်နေသည့် တောင်များ၏ ဖိအားကို သူတို့ ခံစားနေကြရသည်။ သူတို့ရပ်နေသည့် မြေပြင်သည် နိမ့်ဆင်းလာသကဲ့သို့ ဖြစ်သည်။

အခြား မျိုးနွယ်စု၏မီးတောက်မျိုးစေ့သည် သူတို့၏ လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ထားလေသည်။ သူတို့အားလုံး အသက်ရှူများ မြန်ဆန်လာသည်၊ မျက်နှာများ ဖြူလျော်လာသည်။ တစ်ခုခုကို ထမ်းပိုးထားရသည်ကို ခံစားလာရသည်။ သူတို့ ခြေလက်များကိုပင် မလှုပ်ရှားချင်ကြတော့ပေ။ လှုပ်ရှားရ ခက်ခဲနေခဲ့ပြီဖြစ်သည်။

စစ်သည်တော်များ၏ ဦးခေါင်းထက်တွင် သေမင်းအရိပ်ရှိနေခဲ့လေပြီ။ သူတို့၏ နောက်တွင် မရေမတွက်နိုင်သည့် အညိုရောင်မီးလုံးများသည် သူတို့နှင့် တဖြးဖြေး နီးကပ်လာနေခဲ့ပြီဖြစ်သည်။ မီးလုံးတစ်ခုစီတိုင်းတွင် မိုးကြိုးပစ်ချက်တစ်ချက်နှင့်ညီမျှသည့် စွမ်းအားများ ပါဝင်နေခဲ့သည်။ အညိုရောင်မီးတောက်များ ပြန့်နှံ့လာသည်နှင့် သေခြင်းသည် တစ်ဖြေးဖြေး နီးကပ်လာနေခဲ့ပြီဖြစ်သည်။

ကောင်းကင်သည် အညိုရောင် မီးအလွှာဖြင့်ပြည့်

နှက်သွားပြီ ဖြစ်သည်။ ထွက်ပြူနေသည့် နေ‌ရောင်ကိုပင် မမြင်ကြရတော့ပေ။ အန္တရာယ်သည် လက်တကမ်းတွင် ရောက်နေလေပြီ။

တိုက်ခတ်နေသည့် လေထုသည် အရိုးကွဲလောက်သည့် အေးစက်မှုကို ယူဆောင်လာနေခဲ့သည်။

ဤသည်မှာဝမ်ရှစ်များ၏ နောက်ဆုံး ခုခံမှုဖြစ်သည်။ ထို့အပြင် အစွမ်းအထက်ဆုံးလည်း ဖြစ်သည်။

ထို့ကြောင့်ပင် အမဲလိုက်အဖွဲ့ခေါင်းဆောင်များသည် မီးတောက်မျိုးစေ့၏ စွမ်းအားကို ယုံကြည်ကြခြင်း ဖြစ်သည်။

မျိုးနွယ်စုများအတွက်မူ မီးတောက်မျိုးစေ့သည် အမွန်မြတ်ဆုံးသော အရာတစ်ခုဖြစ်၏။

မီးတောက် မျိုးစေ့သည် ကောင်းကင်နှင့် မြေကြီးတို့၏ စွမ်းအားမျာကို ပိုင်ဆိုင်လေသည်။

ဝမ်ရှစ်များသည် သူတို့မီးတောက်မျိုးစေ့ထက် အစွမ်းထက်သည့် မီးတောက် မျိုးစေ့သာ မရှိခဲ့လျှင် သူတို့၏ မီးတောက် မျိုးစေ့ ဘယ်တော့အခါမှ ရှုံးနိမ့်လိမ့်မည် မဟုတ်ဟု ယုံကြည်ထားကြလေသည်။ သို့သော်းလည်း မီးတောက်မျိုးစေ့ကို မီးတောက်တွင်းထဲတွင်သာ ထားထားလေ့ရှိပြီး မည်သည့်မျိုးနွယ်စုကမှ မီးတောက် မျိုးစေ့ကို ကိုယ်နှင့်အတူ ယူဆောင်သွားရဲကြခြင်း မရှိကြပေ။

သူတို့အားလုံး သူတို့၏ ကျေးရွာများကို ကြောက်မက်ဖွယ်တောအုပ်အပြင်ဖက်တွင် တည်ထောင်ထားကြသည်မှာ တော်အုပ်ထဲမှ သားရိုင်းများ မီးတောက် မျိုးစေ့ကို ကြောက်ရွံ့လိမ့်မည် ဟူသည့် ယုံကြည်ချက်ကြောင့် ဖြစ်သည်။

ဝမ်ရှစ်များ၏ မီးတောက် မျိုးစေ့သည် ရှေးဟောင်း အဓိက မျိုးနွယ်စုကြီးများ၏ မီးတောက် လောက် စွမ်းအားကောင်းခြင်း မရှိသော်လည်း သူတို့သည် လည်း ဘုရင်များသာ ဖြစ်ကြသည်။ သူတို့သည် ဤကမ္ဘာကြီး၏ နတ်ဘုရားများ ဖြစ်ကြလေသည်။

ကျွန်ပိုင်ရှင်များသည် ဝမ်ရှစ်များကို မှီခိုနေကြခြင်းမှာ သက်တောင့်သက်သာ ဖြစ်သော်ကြောင့် မဟုတ်ပေ။ သူတို့ကိုယ်ပိုင် အကြောင်းပြချက် ရှိသောကြောင့်သာဖြစ်သည်။

ကျွန်ပိုင်ရှင်များ ထိုဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ခြင်းမှာ ဝမ်ရှီများ အစွမ်းထက်သည့် မျိုးနွယ်စုကြီးတစ်ခု ဖြစ်လာနိုင်သည်ကို ကြိုမြင်ခြင်းကြောင့် ဖြစ်သည်။

အခန်း (၅၁၃) ကျောက်တုံးတောင်

ဝမ်ရှစ်၏ အဓိပ္ပာယ်မှာ ကျောက်တုံးတစ်သောင်းဟု အဓိပ္ပာယ်ရလေသည်။ အဘယ်ကြောင့် ဆိုသော် သူတို့၏ မီးတောက် မျိုးစေ့သည် ကျောက်တုံးများမှ မြစ်ဖျားခံလာသောကြောင့် ဖြစ်သည်။

ဝမ်ရှစ်မီးတောက် မျိုးစေ့သည် တောင်တန်းတစ်ခု၏ ကျောက်တုံးတစ်သောင်းကြားတွင် ရှိနေခဲ့သည်။

အညိုရောင်မီးတောက်များကြားတွင် ဝမ်ရှစ်များကို သဲကွဲစွာ မမြင်ရပေ။ လေတိုက်နေခြင်းကြောင့် မီးတောက် များ ယိမ်းထိုးနေပြီး နတ်ဆရာကို သေချာမမြင်နိုင်ပေ။

သူတို့ သူ့ကို သေချာမမြင်နိုင်သော်လည်း ရှောက်

ရွှမ်သည် မီးတောက်တွင်းနားမှ အသံကိုတော့ ကြားနေရသေးသည်။

“ ဟားဟားဟား...... မီးတောက် ဦးချို မျိုးနွယ်စုမှ မီးတောက်မျိုးစေ့မရှိတာက ဘယ်သူ့အပြစ်လဲ။ မင်းတို့ မီးတောက်မျိုးစေ့မရှိပဲ ဘယ်လိုတိုက်ခိုက်မယ်ဆိုတာကို စောင့်ကြည့်ရအောင် “

ဘုန်း....ဘုန်း.....

အညိုရောင် မီးလုံးများသည် မြေပြင်ပေါ်သို့ ဥက္ကာခဲများ ကြွေကျသကဲ့သို့ ပြုတ်ကျနေဆဲ ဖြစ်သည်။ အသက်ရှုရန်ပင် အချိန်မရနိုင်ပေ။ တတိယ မီးတောက် စက်ဝိုင်းတစ်ခုပင် ဖြစ်လာခဲ့ပြီဖြစ်သည်။

ဒဏ်ရာရသူများကို သယ်ယူနေကြသည့် မီးတောက်ဦးချို မျိုးနွယ်စုသည် သူတို့၏ ခန္ဓာကိုယ်များ အားနည်းလာသည်ကို ခံစားလိုက်ကြရသည်။ သူတို့၏ ကြွက်သားများ တုန်ယင်နေပြီး ချွေးပေါက်ကြီးများသည် သူတို့မျက်နှာပေါသို့ ကျနေခဲ့သည်။ သူတို့သည် မီတာ တစ်ရာခန့်ကို ပြေးထွက်လာခဲ့သောလည်း လုံလောက်ခြင်း မရှိနေပေ။ ခြေလှမ်းတိုင်းသည် ခက်ခဲလှပေ၏။

ကျန်နေသည့်လူများကို ကာကွယ်ပေးနေသည့် စစ်သည်တော်များသည်လည်း တူညီစွာ ခံစားနေရသည်။ သူတို့၏ခွန်အားများနည်းပါးလာပြီး အားနည်းလာသည်ကို ခံစားနေကြရသည်။ မီးတောက် ဦးချို မျိုးနွယ်စုသည် သန်မာကြသူများ ဖြစ်သဖြင့် သူတို့ အချိန်တစ်ခု ကြာသည်အထိ တောင့်ခံနိုင်ကြသည်။ အကယ်၍ အခြားမျိုးနွယ်စုမှ လူများဆိုလျှင် ဝမ်ရှစ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးနေပြီဖြစ်သည်မှာကြာနေလောက်ပြီဖြစ်သည်။

“ သတိထား “

လူအုပ်ရှိရာသို့ ကြီးမားသည့် မီးလုံးတစ်ခု ပြုတ်ကျလာပြန်သည်။

အညိုရောင် မီးလုံးများ ရုတ်တရက် ကျယ်ပြန့်လာခဲ့သည်။ ထို့နောက် ပေါက်ကွဲသွားပြီး ကြီးမားသည့် နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ သူတို့သည် အချိန်မှီ လွတ်မြောက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ မီးလုံးတစ်လုံးကို ရှောင်တိမ်းနိုင်ခြင်းသည် နောက်ထပ် မီးလုံးတစ်ခုကို ရှောင်တိမ်းနိုင်လိမ့်မည် ဟု ဆိုလိုခြင်းမဟုတ်ပေ။ အုပ်စုထဲမှ စစ်သည်တော် ဆယ်ယောက်တို့သည် သူတို့အပေါ်ကို ပြုတ်ကျလာသည့် မီးလုံးကို မျက်နှာချင်းဆိုင်သာ ရင်ဆိုင်လိုက်ရလေသည်။ သူတို့ထံ ပြေးဝင်လာသည့် မီးလုံးကို ကြည့်နေစဉ် သူတို့၏ လက်နက်များကို မြှောက်ကိုင်လိုက်ပြီး ကာကွယ်ရန် ပြင်ဆင်လိုက်ကြသည်။

အညိုရောင်မီးတောက်များ သူတို့၏လက်နက်များ၊ ဓါးများကို ဖြတ်သန်းသွားသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များကို ပါ ဖြတ်သန်းသွားခဲ့သည်။ ကျယ်လောင်သည့်အသံတစ်ခုကို ကြားလိုက်ကြရလေ၏။ မြေပြင်သည် တုန်ယင်လာပြန်သည်။

မီးတောက်များသည် သူတို့၏ခန္ဓာကိုယ်များကို ဖြတ်သန်းသွားသော်လည်း မျက်နှာပြင်ပေါ်တွင် မည်သည့် ဒဏ်ရာမှ မကျန်ခဲ့ပေ။ ထိုသူများသည် ကြီးမားသည့် ကျောက်တုံးများဖြင့် အရိုက်ခံလိုက်ရသကဲ့သို့သာ ခံစားလိုက်ရသည်။ ထို့အပြင် အရပ်မျက်နှာပေါင်းစုံမှ ဖိအားများကိုလည်း ခံစားလိုက်ရသည်။ သူတို့၏ သွေးကြောများ ပြားကပ်သွားသကဲ့သို့ ဖြစ်သွားပြီး ကြောက်မက်ဖွယ်စွမ်းအားများသည် သူတို့၏ ဦးခေါင်းထံသို့ ပြေးဝင်လာသည်ကို ခံစားလိုက်ရသည်။

တိုက်ပွဲနေရာပြင်ပတွင် ရှိနေကြသည့် ကျွန်ပိုင်ရှင်များသည်ပင် တုန်ယင်သွားကြလေသည်။ သူတို့သည် တိုက်ပွဲနေရာတွင် မရှိနေကြသော်လည်း မီးတောက် မျိုးစေ့၏ စွမ်းအားသည် သူတို့ကို ထိတ်လန့်စေသည်။ သူတို့သည် ကျေးကျွန်များကို မီးတောက်မျိုးစေ့ မပါပဲ ထိန်းချုပ်နိုင်စွမ်းရှိကြသည်။ သို့သော်လည်း စွမ်းအင်နှိုးထပြီးသည့် စစ်သည်တော် တစ်ယောက်ကို ထိန်းချုပ်နိုင်ရန်မှာမူ ခက်ခဲလှ၏။ ဤသည်မှာ မီးတောက် မျိုးစေ့၏ စွမ်းအားများ ဖြစ်လေသည်။

ကျွန်ပိုင်ရှင်များသည် မီးတောက်မျိုးစေ့နှင့် ပေါင်းစပ်ပြီးသွားသည့် လူများ၏ အဆက်အနွယ်များ ဖြစ်ကြသည်။ အလွန့်အလွန်ရှည်ကြာသော ကာလတစ်ခုကို ဖြတ်သန်းပြီးသည့် အချိန်တွင် သူတို့သည် မီးတောက် မျိုးစေ့ကို အတွင်း၌ ပိုင်ဆိုင်ထားသည့် ကျွန်ပိုင်ရှင်များ ဖြစ်လာခဲ့ကြသည်။ လူသားများ၏ စစ်ပွဲများကဲ့သို့ပင် မီးတောက် မျိုးစေ့များကြားမှ တိုက်ပွဲသည်လည်း

အဆုံးသတ် မရှိ‌ပေ။

ဝမ်ရှစ်များကို သစ္စာဖောက်ရန် ကြံစည်ခဲ့ကြသည့် ကျွန်ပိုင်ရှင်များသည် အမှန်တကယ် သစ္စာမဖောက်ခဲ့သည့်အတွက် စိတ်သက်သာရာ ရသွားကြသည်။ အကယ်၍ ဝမ်ရှစ်များသာ သူတို့ ၏ မီးတောက်မျိုးစေ့ကို ထုတ်ဖော်ခဲ့လျှင် သူတို့သည်လည်း မီးတောက်ဦးချို မျိုးနွယ်စုကဲ့သို့ ကြုံရနိုင်သည်။

“ ငါတို့ တကယ်မလုပ်ခဲ့မိတာ တော်သေးတယ် “

“ ကြည့်ရတာ မီးတောက် ဦးချို မျိုးနွယ်စုကတော့ ခံရတော့မယ် ထင်တယ်။ ဝမ်ရှစ်တွေ ဒီအခွင့်အရေးကို ယူပြီးတော့ မီးတောက် ဦးချိုမျိုးနွယ်စုကို အနိုင်ယူဖို့ပဲ မျှော်လင့်ကြတာပေ့ါ” ဝမ်ရှစ်များကို မနှစ်သက်ခဲ့ကြသည့် ကျွန်ပိုင်ရှင်များပင် သူတို့၏ အမြင်များ ပြောင်းလဲသွားကြလေ

သည်။

ကျွန်ပိုင်ရှင်တစ်ယောက် မျက်လုံးအရောင်လက်သွားပြီး တီးတိုးပြောလိုက်သည် “ ကျုပ်တို့ ဒီအခွင့်အရေးကို အရယူပြီးတော့ ဝမ်ရှစ်တွေကို ကူညီပေးလိုက်မယ် ဆိုရင်ကော “

ထိုအကြံသည် ကျောက်တုံးဘီး မြို့တော်မှ ကျွန်ပိုင်ရှင်ငယ် တစ်ယောက်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူသည် ယခင်က ဝမ်ရှစ်များကို အထင်သေးခဲ့သူဖြစ်သည်။ ယခုတွင် ဝမ်ရှစ်များသည် အသာစီးရနေပြီဖြစ်သဖြင့် သူ့စိတ်ထားလည်း ပြောင်းလဲသွားလေသည်။

“ မင်းပြောတာ အဓိပ္ပာယ်ရှိတယ်၊ လုပ်လိုက်ရအောင် “

သခင်ငယ်လေးနှင့် သဘောထားတူညီသည့် လူများလည်း ရှိသည်။ သူတို့အားလုံး ကျေးကျွန်များကို တိုက်ပွဲကွင်းပြင်သို့ ချီတက်ခိုင်းလိုက်သည်။

ရှောက်ရွှမ်သည်လည်း မီးတောက်များ ဝန်းရံခြင်းကို ခံနေရသည်။ သူ့စွမ်းအားများ ဖိနှိပ်ခံနေရသည်ကို သူခံစားမိနေခဲ့သည်။ သို့သော်လည်း သူ့လှုပ်ရှားမှုများသည် အခြားသူများထက်တော့မြန်ဆန်နေဆဲ ဖြစ်သည်။

သူ့လူများ ပိုပိုပြီး မီးတောက်များ ဝန်းရံခံနေရသည်ကို တွေ့လိုက်သည့်အချိန်တွင် သူ့နှလုံးသားနာကျင်သွားပြီး အော်ပြောလိုက်သည် “ လူတိုင်းပဲ......... အုပ်စု ဖွဲ့လိုက်ကြ။ အတူတူနေကြ။ အရမ်းမပြန့်ကျဲသွားစေနဲ့။ ငါတို့ လူပိုများလေ ပိုကောင်းလေပဲ။ မျိုးနွယ်စုဝင်တွေ ရှိနေရင် မီးတောက် မျိုးစေ့လည်း ရှိနေတယ်။ မကြောက်ကြနဲ့ “

သူတို့၏ မီးတောက် မျိုးစေ့ အမှန်တကယ် ပျောက်ကွယ်သွားပြီဟု ဝမ်ရှစ်နတ်ဆရာ တကယ်ပင် ထင်နေသည်လော...........

“ တကယ်လို့ မျိုးနွယ်စုဝင်တွေ ရှိနေရင် မီးတောက် မျိုးစေ့လည်း ရှိနေတယ် “ ဤသည်မှာအားပေးစကားသပ်သပ်သာ မဟုတ်ပေ။

ရှောက်ရွှမ် သူ့လူများကို အတူတူ စုစည်းစေလိုက်သည်။ ထို့နောက် သူ့ကိုတိုက်ခိုက်လာသည့် ဝမ်ရှစ်တစ်ယောက် ၏ ဓါးကို ရှောင်တိမ်းလိုက်ပြီး ရင်ဘတ်ကို ဆောင့်ကန်လိုက်သည်။ ထို့နောက် သူ့လူများထံဆက်ပြေးသွားလိုက်သည်။

ထိုသူများသည် သူနှင့်အတူ ပထမဆုံး ဝင်လာခဲ့ကြသည့် လူများဖြစ်ကြသည်။ သူတို့သည် ယခုတွင် မီးတောက် များ ဝန်းရံခြင်းကို ခံနေရသည်။

သူ့အသံကို ကြားလိုက်ပြီးနောက်တွင် ပြန့်ကျဲနေကြသည့် စစ်သည်များသည် ယခင်ကထက် ပို၍ စုစည်းမိလာခဲ့သည်။ ယခုအချိန်တွင် ထွက်ပြေးနေလျှင်လည်း ထူးတော့မည် မဟုတ်ပေ။

ယခုတစ်ကြိမ်သည် ထိုမျှအစွမ်းထက်သည့် မီးတောက်မျိုးစေ့နှင့် သူတို့ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။ သူတို့တွင် အတွေ့အကြုံမရှိခဲ့သည့်အတွက် ကသောင်းကနင်းဖြစ်နေခဲ့ရသည်။ ရှောက်ရွှမ်၏ စကားများသည် မျှော်လင့်ချက်ရောင်ခြည်ကဲ့သို့ပင် ဖြစ်သည်။ သူ့စကားအတိုင်းအလုပ်ဖြစ်မည် မဖြစ်မည် မသေချာသော်လည်း လူအများသည် သူ့အမိန့်ကိုသာ လိုက်နာလိုက်ကြလေသည်။

အတူတကွ အုပ်စု ပြန်ဖွဲ့လိုက်ပြီးနောက် မီးတောက် ဦးချိုမျိုးနွယ်စုသည် သူတို့ကိုဖိနှိပ်နေသည့် ဖိအားများ လျော့နည်းသွားသည်ကို ခံစားလိုက်ရသည်။ ယခင်က သူတို့၏ နတ်

အမှတ်အသားများသည် မှိန်ဖျော့သွားခဲ့သည်။ ယခုတွင် ထိုအမှတ်အသားများ ပြန်လည် တောက်ပလာ ခဲ့ပြီဖြစ်သည်။ သူတို့ကိုယ်ထဲမှ မီးတောက် မျိုးစေ့သည် ရေခဲလှောင်အိမ်ကို ချိုးဖျက်လိုက်နိုင်သည်နှင့်တူပြီး တဖန်ပြန်လည် အသက်ဝင်လာခဲ့ပြီဖြစ်သည်။

အမှန်တကယ် အလုပ်ဖြစ်ပေသည်။

မှန်ပေသည်။ သူတို့အားလုံး မီးတောက် မျိုးစေ့ဖြင့် ပေါင်းစပ်လိုက်စဉ်က နတ်ဆရာ ပြောခဲ့ဖူးသည်။ မျိုးနွယ်စုမှ လူများရှိနေသရွေ့ မီးတောက် မျိုးစေ့ ရှိနေမည် ဖြစ်သည်။ သူတို့သည် ထိုစကားကို ဘာသာရေး ယုံကြည်မှုတစ်ခု အဖြစ်သာ သတ်မှတ်ခဲ့ကြသည်။ ယခုတွင် ထိုစကား၏ ဆိုလိုရင်းအစစ်အမှန်ကို သိလိုက်ကြပြီဖြစ်သည်။

မီးတောက် မျိုးစေ့သည် သူတို့အထဲတွင် ရှိနေသည်။ လောင်မြိုက်နေဆဲ ဖြစ်သည်။ ၎င်းသည် မည်သည့်အခါကမှ မပျောက်ကွယ်ခဲ့ပေ။ လူတစ်ယောက်၏ ခွန်အားသည် အကန့်အသတ်ရှိသည်။ မီးတောက် မျိုးစေ့သည် သေးငယ်လှ၏။ သို့သော်လည်း လူများစွာ အုပ်စုဖွဲ့လိုက်သည့်အချိန်တွင်မူ မီးပွားလေးများသည် မီးတောက် တစ်ခု အဖြစ် အသွင်ပြောင်းလာလေသည်။ မီးတောက်သည် လောင်မြိုက်နေသည့် မီးပင်လယ်အဖြစ်သို့လည်း ပြောင်းလဲသွားနိုင်သည်။

ရှောက်ရွှမ်၏ ညွှန်ကြားချက်သည် လူအများကြားတွင် ပြန့်နှံ့သွားခဲ့သည်။ သောခန်၊ ကွေ့ဟယ်နှင့် တာ့တို့အားလုံး ပြန့်ကျဲ နေသည့် စစ်သည်တော်များကို ပြန်လည် စုစည်းစေလိုက်သည်။ အော့နှင့် ကျန်းလော်တို့သည်လည်း စစ်သည်များကို ပြန်စုစည်းစေရန် ကူညီ‌ပေးလိုက်ကြသည်။

ယခင်က စစ်သည်တော်များသည် ပြန့်ကျဲနေခဲ့

သည့် ပုတီးစေ့များနှင့်တူလျှင် ယခုတွင်မူ သူတို့သည် သီကုန်းထားသည့် ပုတီးကုန်းနှင့်တူနေပြီဖြစ်သည်။ သူတို့သည် သေချာသည့် အနေအထား ပုံစံကို မဖော်နိုင်သေးသော်လည်း ယခုတွင် ရှေ့တန်း စစ်သည်များနှင့် တူနေပြီဖြစ်သည်။ မီးတောက် မျိုးစေ့၏ ပြင်းထန်လှသည့် ဖိအားအောက်တွင် စစ်သည်တော်များသည် နီရဲနေသည့် သားသတ်ဓါးများနှင့် တူနေခဲ့သည်။ သူတို့သည် ရှေ့တွင်ရှိနေသည့် အရာရာကို ပိုင်းဖြတ်ရန် အသင့်ဖြစ်နေကြလေပြီ။

ဝမ်ရှစ် မီးတောက် မျိုးစေ့၏ အာနိသင်သည် သေးငယ်သည်ထက် သေးငယ်လာခဲ့သည်။ မီးတောက်များသည် သူတို့အပေါ်တွင် ကြောက်မက်ဖွယ် တည်ရှိနေသော်လည်း မီးတောက်ဦးချို မျိုးနွယ်စုသည် ကြောက်လန့်ခြင်းများမရှိတော့ပေ။ သူတို့အတွင်းမှ မီးတောက်မျိုးစေ့သည် တဖြေးဖြေး လှည့်ပတ်နေခဲ့သည်။ သူတို့သည် စက္ကန့်များကုန်ဆုံးလာသည်နှင့်အမျှ တိုက်ခိုက်ရန် အားတက်လာကြသည်။

ဝမ်ရှစ်နတ်ဆရာ ပြောသည်မှာမှန်နေပေသည်။ ဤကဲ့သို့သော စစ်ပွဲမျိုးတွင် အခြားမျိုနးနွယ်စု ကို လူမျိုးသုဉ်းသတ်ဖြတ်ရန် မလွယ်ကူပေ။ အကယ်၍ သူတို့သာ ဆက်တိုက်ခိုက်နေခဲ့လျှင် မီးတောက်မျိုးစေ့များကြားတိုက်ပွဲသည် လည်းရှောင်လွဲမရနိုင်တော့ပေ။

မျိုးနွယ်စုများသည် များသောအားဖြင့် တိုက်ပွဲအတွက် မီးတောက်မျိုးစေ့များကို အသုံးမပြုကြပေ။ မီးတောက်ဦးချို မျိုးနွယ်စုတွင် မီးတောက်မျိုးစေ့ ရှိမနေသဖြင့် ဝမ်ရှစ်များ မိမိကိုယ်ကို ယုံကြည်မှု ရှိနေခဲ့ကြသည်။ သို့သော်လည်း သူတို့၏ အပြုအမူကြောင့် သူတို့အားလုံး အံ့သြသွားမိသည်။

ဘာလို့လဲ.......

သူတို့ဘာလို့ မီးတောက်ဦးချို မျိုးနွယ်စုရဲ့ မီးတောက် တွေကို အာရုံခံမိလိုက်တာလဲ .........

မီးတောက်မျိုးစေ့က မရှိတော့ဘူးမလား........ သူတို့ ဒါမျိုးကို အရင်တုန်းက မကြုံဖူးပါဘူး။

မီးတောက် ဦးချိုမျိုးနွယ်စုက ရူးသွားပြီလား..... သူတို့က တခြားမျိုးနွယ်စုကို တိုက်ခိုက်တဲ့နေရာမှာ မီးတောက် မျိုးစေ့ကို ယူလာခဲ့ကြတာလား.........

ဘယ်မှာလဲ.......... သူတို့ မီးတောက် မျိုးစေ့က ဘယ်မှာလဲဟ.........

နတ်ဆရာလေ့လာလိုက်သည့်အချိန်တွင် မီးတောက် ဦးချိုမျိုးနွယ်စု၏ မီးတောက်မျိုးစေ့

သည် နေရာအနှံ့တွင် ရှိနေသည်ဟူသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ တစ်ခုချင်းစီသည် အားနည်းသော်လည်း သူတို့ကို ပေါင်းစပ်လိုက်သည့်အချိန်တွင်မူ တောင်တန်များကိုပင် ချေမွနိုင်သည့် စွမ်းအားများ ထွက်လာပေသည်။

စွမ်းအားနှစ်ခုတို့သည် ဆုံတွေ့တိုက်ခိုက်နေကြပြီဖြစ်သည်။

မီးတောက် ဦးချိုများဖြစ်စေ၊ ဝမ်ရှစ်များဖြစ်စေ၊ ကျွန်ပိုင်ရှင်များဖြစ်စေ လူတိုင်းသည် ပြောင်းလဲမှုများကို အာရုံခံလိုက်မိကြသည်။ စစ်ပွဲအတွင်း‌ ဝင်ရောက်ပြီး ဝမ်ရှစ်များကို ကူညီပေးရန် ပြင်ဆင်နေသည့် ကျွန်ပိုင်ရှင်များသည် အလှည့်အပြောင်း ဖြစ်နေပြီကို သိလိုက်ကြသည်။ သူတို့တုန့်ဆိုင်းသွားပြီး လှုပ်ရှားမှုများကို နှေးကွေးလိုက်ကြသည်။ ထို့နောက် အခွင့်အရေးကို စောင့်နေလိုက်ကြသည်။ အကယ်၍ ဝမ်ရှစ်များသာ ဆက်ပြီးအသာစီးရနေလျှင် သူတို့ကူညီကြမည် ဖြစ်သည်။

မီးတောက်တွင်း၏ ဘေးတွင် နတ်ဆရာသ်ည မယုံကြည်နိုင်သည့်မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ “ ဘာလို့...... ဘာလို့ ဒီလိုဖြစ်ရတာလဲ “

မင်းတို့အားလုံး ဘာတွေလုပ်လိုက်ကြတာလဲ .........

ရှောက်ရွှမ် မြေပြင်ပေါ်တွင် လဲကျနေသည့် သူ့စစ်သည်တော်တစ်ယောက်က်ို ဆွဲထူလိုက်သည်။ ထို့နောက် သူ့ပုခုံးပေါ်တွင် တင်ထားလိုက်သည်။ ဒဏ်ရာသည် ပြင်းထန်လှခြင်းမရှိသော်လည်း ထိုသူသည် ဝမ်ရှစ် မီးတောက် မျိုးစေ့၏ ဖိအားများကို ခံစားနေရခြင်း ဖြစ်သည်။ အခြားစစ်သည်တော်များ ဆုတ်ခွာကြသည့်အချိန်တွင် သူတစ်ယောက်သာ ကျန်နေခဲ့ခြင်းဖြစ်သည်။

အခြားသူများ ဆုတ်ခွာနေချိန်တွင် ရှေ့နောက် ပြေးလွှားနေသည့် ရှောက်ရွှမ်ကိုကြည့်လိုက်ပြီး နတ်ဆရာ အသိပြန်ဝင်သွားသည်။ သူ ရှောက်ရွှမ်ကို ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်သည်။ သူ့ကိုယ်ပေါ်မှ နတ်အမှတ်အသားများသည် မီးရောင်နှင့်အတူ သူ့ကို တမူထူးခြားနေစေသည်။

“ မင်းဘာလုပ်တယ်ဆိုတာကို ငါဂရုမစိုက်ဘူး။ မင်းဒီနေ့ ဒီနေရာမှာသေရမယ် ။ မင်းအရိုးတွေကို ဝမ်ရှစ် မီးတောက် တောင်တန်းမှာ မြုပ်နှံမယ် “

မီးတောက်တွင်းအထဲမှ မီးတောက် တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် မီးလုံးတစ်ခုအဖြစ် စုစည်းသွားပြီး ရှောက်ရွှမ် ထံ တိုးဝင်သွားခဲ့သည်။

သူ့ခေါင်းပေါ်ရှိ ကြီးမားသည့် စွမ်းအင်တစ်ခုကို ရှောက်ရွှမ် အာရုံခံမိလိုက်သည်။ ကောင်းကင်

သည် ပြိုကျလာဟန် ရပေသည်။ များစွာ တွေးမနေတော့ပဲ သူ့ပုခုံးပေါ်မှ လူကို စစ်သည်အုပ်စုထံ ပစ်ပေးလိုက်သည်။

ထို့နောက် နောက်တစ်ခနတွင် ကြီးမားသည့် စွမ်းအားထုသည် မြေပြင်ပေါ် ကျဆင်းလာပြီး မြေပြင်ကို ဖုံးလွှမ်းသွားခဲ့သည်။ သူ့ကြွက်သားများနှင့် အရိုးများအားလုံး ညှစ်ချေမှုကို ခံလိုက်ရသည်။ သူသည် တောင်တန်းတစ်ခုလုံးကို ထမ်းထားရသည့်နှယ် ခံစားနေရလေသည်။

အညိုရောင်အလင်းများ သူ့ကို ဖုံးအုပ်သွားသည်။ နေ့ခင်းအချိန်သည် ညဖြစ်သွားသကဲ့သို့ သူ့မြင်ကွင်းတစ်ခုလုံး မဲမှောင်သွားလေ၏။

All Chapters