← Chapters

တောင်ပြိုခြင်း

Vol. 18 Ch. 256

တောင်ပြိုခြင်း

Vol. 18 Ch. 256

ရှောက်ရွှမ်သည် ဟူမာ့ကို နောက်တစ်ကြိမ်တိုက်ခိုက်လိုက်သည်။ ဟူမာက သူ့တုတ်ဖြင့် ရှောက်ရွှမ်၏ဓားချက်ကို ကာလိုက်သည်။

ပထမတစ်ချက်…ထို့နောက်ဒုတိယအချက်။ ကြောက်မက်ဖွယ်ကောင်းသော ဓားချက် ၂ ချက်ကို ခုခံပြီးနောက် ဟူမာ့ခြေထောက်အောက်ရှိ မြေပြင်မှာ တုန်လှုပ်သွားသည်။ အသံများလည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

အားလုံးမျှော်မှန်းထားသလို ရှောက်ရွှမ်သည် တတိယအကြိမ်မြောက်တိုက် ခိုက်လိုက်သည်။ ထို့နောက်အသံတစ်သံထွက်ပေါ်လာပြီး ရှောက်ရွှမ်လက်ထဲမှ ဓားမှာ ကျိုးသွားလေသည်။ ရှောက်ရွှမ်သည် ဟူမာ့ကို တတိယအကြိမ်တိုက်ခိုက်သောအခါ သူသည် ခန္ဓာကိုယ်ကို နှိမ့်လိုက်ပြီး ဓား၏အရှိန်အဟုန်ကို ပြောင်းလဲလိုက်သည်။ သူ

သည် ဟူမာ့နောက်သို့ လျင်မြန်စွာရောက်ရှိသွားသည်။ လက်ထဲမှာတော့ ဓားကျိုးကို ကိုင်ထားဆဲပင်။ ထို့နောက် ဟူမာ့ကို ခုတ်ချလိုက်သည်။ ဓားချက်မှာ မြန်ဆန်လွန်းသဖြင့် ဟူမာသည် ခုခံရန် အချိန်မရလိုက်ပေ။ သူ့လက်ကောက်ဝတ်မှ သွေးများ ထွက်လာလေသည်။

ဟူမာသည် ရှောက်ရွှမ်က ထိုသို့ တိုက်ခိုက်မည်ဟု မမျှော်လင့်ထားပေ။ သို့သော် သူသည် လျင်မြန်စွာနှင့် ရှောက်ရွှမ့် ဓားချက်ကို ရှောင်တိမ်းလိုက်သည်။ ရှောက်ရွှမ်၏ ဓားမှာ ထက်ပိုင်းကျိုးနေ၍သည် ရှောင်လိုက်နိုင်ခြင်းဖြစ်သည်။ ဓားသာ အကောင်းအတိုင်းရှိမည်ဆိုလျှင် သူ့ခန္ဓာကိုယ်မှာ ၂ပိုင်းပြတ်သွားမည် ဖြစ်သည်။

ဟူမာရသွားသော ဒဏ်ရာမှာ အသက်သေလောက်သော ဒဏ်ရာမဟုတ်သော်လည်း ဒဏ်ရာကတော့ တော်တော်ပြင်းလေသည်။ ဟူမာ ချွေးစေးများပျံလာသည်။ ရှောက်ရွှမ်၏ ဓားချက်ကို သူကြောက်ရွံ့သွားသည်။

ထိုအချိန်တွင် တောင်ကြီးတစ်ခုလုံး ယိမ်းထိုးနေသဖြင့် ဟူမာသည် ဒဏ်ရာကို ဂရုမစိုက်နိုင်ဘဲ ဂူပေါက်ထဲသို့ ပြေးဝင်လာသည်။

ခွင်းထူနှင့် သူ့လူများသည် တောင်ပေါ်သို့ စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ သူတို့သည် မျိုးနွယ်စု စစ်သည်တော်များ မဟုတ်သဖြင့် တောင်ပေါ်တွင် ဘာဖြစ်နေသလဲ ကောင်းစွာမမြင်နိုင်ကြပါ။ ခရီးသွားများပြောနေသော စကားသံများကို နားထောင်၍သာ အခြေအနေကို မှန်းဆနိုင်လေသည်။

အခြားသူများလိုပင် ခွင်းထူတို့သည်လည်း မီးတောက်ဦးချိုမျိုးနွယ်စုက တိုက်ပွဲကို ရှုံးနိမ့်မည်ဟု ထင်ထားသည်။ အကြီးတန်းစစ်သည်တော်အချင်းချင်းတိုက်ခိုက် ရာတွင် အရှုံးအနိုင်မှာ သိုင်းပညာပိုတော်သော စစ်သည်တော်တစ်ယောက်ပေါ်တွင် မူတည်သည်။ ခွင်းထူနှင့် ချီယိတို့က မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရှုံးနိမ့်မည် ဟုသာ ထင်ထားကြသည်။ သို့သော် တောင်

ပေါ်တွင် ပြောနေသော စကားသံများကို နားထောင်ပြီးနောက် အခြေအနေမှာ သူတို့ထင်ထားသလို မဟုတ်ကြောင်း သိလိုက်ရသည်။

“ခွင်းထူ…ငါကောင်းကောင်းမမြင်ရဘူး…ဟူမာနဲ့တိုက်ခိုက်နေတာ ဘယ်သူလဲသိလား” မြက်ခင်းလွင်ပြင်ဒေသတွင် နေထိုင်လာသူ ဖြစ်သဖြင့် ချီယိသည် တိရှန်မျိုးနွယ်စု၏ ရက်စက်ပုံများကို ကောင်းကောင်းသိသည်။ ဟူမာသည် အလွန်တရာ ကြံ့ခိုင်သန်စွမ်းသူတစ်ယောက်အဖြစ် နာမည်ကျော်ကြားသည်။ သို့သော် ဟူမာနှင့်တိုက်ခိုက်နေသော လူဘယ်သူလဲ ချီယိမသိသလို၊ အဆုံးသတ်တွင် ဘယ်သူနိုင်မည် ဆိုတာကိုလဲ သူမသိပါ။ ဟူမာ့ကို တိုက်ခိုက်နိုင်သူသည် ဘယ်သူလဲ သူသိချင်နေသည်။

ခွင်းထူသည် တောင်ပေါ်မှ အခြေအနေများကို သေချာမသိပါ။ သူသည် မီးတောက် ဦးချိုမျိုးနွယ်စုမှ လူ၂၀ကျော်အကြောင်းကို သေချာစဉ်းစားနေသည်။ သူတို့ထဲတွင် ဟူမာ့ကို တိုက်ခိုက်နိုင်သောသူမှာ တစ်ယောက်သာရှိသည်။

“ရှောက်ရွှမ်လား…ကျောက်သားဓားကို ကိုင်တဲ့ အငယ်ဆုံး အလတ်တန်းစစ်သည်တော်က သူတစ်ယောက်ပဲရှိတယ်”

“ဒါပေမဲ့ ဟူမာက အကြီးတန်းမျိုးနွယ်စု စစ်သည်တော်ပဲ…တိရှန်မျိုးနွယ်စု အတော်ဆုံးစစ်သည်တော် ၃ယောက်ထဲကတစ်ယောက်လေ” ချီယိက အံ့ဩစွာဖြင့် ပြောသည်။

ခွင်းထုက “ရှောက်ရွှမ်က တိရှန်မျိုးနွယ်စုဝင် အလတ်တန်းစစ်သည်တော်ကို ဓားတစ်ချက်တည်းနဲ့ အနိုင်တိုက်လိုက်တာ မင်းတွေ့လိုက်လား” ဟုမေးလိုက်သည်။

ချီယိနှုတ်ဆိတ်သွားသည်။ ထိုဓားချက်က ချီယိကို တုန်လှုပ်စေခဲ့သည် မဟုတ်ပါလား။

“ဖျောက်…ဖျောက်…ဖျောက်” တောင်ပေါ်မှ ကျောက်တုံးများ ကွဲအက်သံကို သူတို့ကြားလိုက်

ရသည်။

တိရှန်မျိုးနွယ်စုဝင်တို့နေသော ဂူပေါက်အောက်မှ လူများကတော့ ထွက်ပြေးသွားပြီ ဖြစ်လေသည်။ တောင်ပြိုကျလာပါက သူတို့အပြင်းအထန်ဒဏ်ရာရလျှင်ရ မရလျှင် သေဖို့သာ ရှိသည်။ တိရှန်မျိုးနွယ်စုဝင်တို့နေသော ဂူပေါက်မှာ တောင်ပေါ်တွင် အကျယ်ဆုံးနေရာဖြစ်သည်။ ထိုဂူထဲတွင် လာရောက်နားနေသူအားလုံးမှာ လူစွမ်းကောင်းတွေချည်းဖြစ်သည်။ နှစ်တရာလောက်ကြာပြီးသောအခါ ဂူပေါက်ရှေ့တွင် ၁၀မီတာလောက်ကျယ်ပြန့်သော လမ်းတစ်ခုဖြစ်ပေါ် လာခဲ့သည်။

တောင်ထိပ်နှင့်နီးသော ဂူပေါက်များတွင် ဘယ်သူမှ သိပ်မနေချင်ကြပါ။ လူအနည်းငယ်သာ လာရောက်နားနေကြသဖြင့် ပြဿနာဟူ၍သိပ်မရှိပါ။လူသွားလူလာ သိပ်မရှိသဖြင့် တောင်ပေါ်တက်သော လမ်းမှာလည်း ကျဉ်းမြောင်းလေသည်။

ထို့ကြောင့် တောင်ပေါ်မှ ကြည့်မည်ဆိုပါက တိ

ရှန်မျိုးနွယ်စုဝင်များ အနားယူသောနေရာသည် ထိုနားတဝိုက်တွင် အကျယ်ဆုံးဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ထိုဂူပေါက်သာပြိုကျပါက အောက်တွင်နေသောသူများ ဒုက္ခရောက်မည် ဖြစ်သည်။

ထို့ကြောင့် တိရှန်မျိုးနွယ်စုဝင်တို့နေသော ဂူပေါက်အောက်တွင် ရှိနေသော သူများသည် တောင်ပေါ်မှ အမြန်ထွက်ခွာသွားကြသည်။ တောင်ခြေနားတွင် နေသော သူများကတော့ ကျွဲ၊နွား၊တိရစ္ဆာန်များကို ပါခေါ်၍ ထွက်ခွာသွားကြပြီဖြစ်သည်။

တိရှန်မျိုးနွယ်စုဝင်တို့ နေသော ဂူ၏အဝင်ပေါက်တွင်…။

သူ့နောက်တွင် လူတစ်ယောက် ခြေသံပြင်းပြင်းဖြင့် လမ်းလျှောက်လာသံကို ကြားလိုက်ရသောအခါ ဟူမာသည့် ဂူပေါက်ဆီသို့ အားကုန်ပြေးသွားလိုက်သည်။ လျင်မြန်စွာ ပြေးသွားခြင်းကြောင့် လက်ကောက်ဝတ်ဒဏ်ရာမှ သွေးများ ယိုစီးထွက်လာသည်။ ဝင်ပေါက်တွင် လေးကိုင်

ထား‌သော လူတစ်ယောက်ကို တွေ့လိုက်ရသောအခါ ဟူမာကလှမ်းအော်လိုက်သည် “အဲဒီကောင်ကို မြားနဲ့ပစ်”။

လေးကိုင်ထားသူသည် မြားတစ်ချောင်းတည်းနှင့် ရှောက်ရွှမ်ကို သတ်နိုင်မည်ဆိုပါက အစောကတည်းက သူသတ်ပြီးဖြစ်ပေမည်။ ထိုအချက်ကို ဟူမာလည်းသိပါသည်။ သို့သော် အခုအချိန်တွင် ရှောက်ရွှမ်ကို တားပေးရန် တစ်စုံတစ်ယောက်၏ အကူအညီကို လိုနေသည်မဟုတ်ပါလား။ ဟူမာသည် တောင်ပေါ်ရှိ သူတို့ပိုင်နက်တွင် ရှုံးနိမ့်သွားရမည့် အဖြစ်ကို မလိုလားပါ။

လေးသည်တော်က ရှောက်ရွှမ်ကို မြားဖြင့် လျင်မြန်စွာပစ်ချလိုက်သည်။ ရှောက်ရွှမ်သည် ထိုမြားများကို ရှောင်ရန် အရှိန်ကိုလျှော့ချလိုက်ပြီး မြေကြီးကို ဖနောင့် ဖြင့်ပေါက်လိုက်သည်။ ကြက်ဥအရွယ်ခန့်ရှိသော ကျောက်တုံးများ ဖွာလန်ကျဲသွားသည်။ ရှောက်ရွှမ်သည် နောက်တစ်ကြိမ် မြေကြီးကို ဖနောင့်နှင့် ပေါက်လိုက်

သောအခါ လူများမှာ ဒေါသထွက်လာကြသည်။

တောင်ပြိုတော့မယ်ကွ…မြေကြီးကို ဖနောင့်နဲ့ပေါက်မနေနဲ့…။

“ဖျောက်…ဖျောက်…ဖျောက်”

ရှောက်ရွှမ်၏ ခြေထောက်အောက်တွင် အက်ကွဲကြောင်းများပေါ်လာပြီး ထိုအက်ကွဲကြောင်းသည် တောင်နံရံဆီသို့ ဦးတည်သွားသည်ကို တွေ့လိုက်ရသည်။

“ဝုန်း”

မီတာ၃၀လောက်ရှိသော တောင်၏အစိတ်အပိုင်းတစ်ခု ပြိုကျလာသည်ကို တွေ့လိုက်ရသည်။ တောင်ပေါ်မှ ကျောက်တုံးများလည်း တောင်အောက်သို့ ပြုတ်ကျလာသည်။ တောင်အောက်တွင်ရှိသော သူများသည် တောင်ပြိုကျလာသည်ကို မြင်သောအခါ ထွက်ပြေးသွားကြသည်။ သူတို့အပေါ်သို့ ကျောက်တုံးများ မပိ

သော်လည်း လိမ့်ကျလာသော ကျောက်တုံးများကို ကြည့်ပြီး ကြောက်ရွံ့တုန်လှုပ်နေကြသည်။

သူတို့ဘယ်ကလာသည် ဖြစ်စေ၊ ဘယ်အဖွဲ့ကိုအားပေးသည် ဖြစ်စေ၊ တောင်ပြိုကျတော့မည့် အဖြစ်က အားလုံးကိုဒုက္ခရောက်သွားစေနိုင်သည်။ တိရှန်မျိုးနွယ်စုနှင့် မီးတောက်ဦးချိုမျိုးနွယ်စုတို့၏ တိုက်ပွဲစရုံရှိသေးသည်။ တောင်ကပြိုကလာပြီ။ တိုက်ပွဲသည် ပြင်းထန်လှပေသည်။

ထိုနေရာတွင်နေကြသော မျိုးနွယ်စုများသည် အကြီးတန်းမျိုးနွယ်စု စစ်သည်တော်များကို တိုက်ခိုက်ခွင့်မပေးပါ၊ သူတို့တိုက်ခိုက်မည်ဆိုပါက ထိခိုက်ပျက်စီး မှုများတတ်သောကြောင့် ဖြစ်သည်။

ရှောက်ရွှမ်ကတော့ တောင်ပြိုကျလာသော်လည်း ထွက်မပြေးပါ။ သူသည် ဓားကျိုးဖြင့် ပြုတ်ကျလာသော ကျောက်တုံးများကို ခတ်ထုတ်လိုက်သည်။ ထိုအခါ ကျောက်တုံးများသည် ဘေးသို့ လွင့်စင်ထွက်သွားလေသည်။

တောင်ပြိုကျလာသောအသံကြောင့် အရိုးများကျိုးသံနှင့် ခန္ဓာကိုယ်ထဲသို့ ဓားဖောက်ဝင်သွားသံတစ်ချက် ထွက်လာသည်ကို မကြားလိုက်ရပါ။ ဂူပေါက်ဝတွင် ရပ်နေသော လေးသည်တော်များ တစ်ယောက်ပြီး တစ်ယောက် တောင်အောက်သို့ ပြုတ်ကျသွားလေသည်။

မိုင်နှင့် ကျန်သူများက လျင်မြန်စွာ တုန့်ပြန်လိုက်သည်။ ရှောက်ရွှမ်က လေးသည်တော်များကို တရစပ်မတိုက်ခိုက်ပါ။ လေးသည်တော်များကို အာရုံလွှဲရုံလောက်သာ တိုက်ခိုက်ခြင်းဖြစ်သည်။ သို့မှသာ သူလူများ နေရာပြောင်းရွှေ့နိုင်မည် မဟုတ်ပါလား။ မီးတောက်ဦးချိုမျိုးနွယ်စုဝင် ၂၀ကျော်တွင် တချို့က ဒဏ်ရာရကုန်ကြသည်။ သုံးယောက်က လမ်းမလျှောက်နိုင်ပါ။ လေးသည်တော်များက ထိုသူများကို မြားဖြင့်ပစ်မည်ဆိုပါက၊ သူတို့သည် မြားချက်များကို ရှောင်နိုင်မည် မဟုတ်ပါ။

အခုတော့ လေးသည်တော်များက ဂူပေါက်ဝ

နှင့် တဖြည်းဖြည်းနီးကပ်လာသော ရှောက်ရွှမ်ကိုသာ ပစ်မှတ်ထားနေကြသည်။ ထိုအချိန်တွင် ရှောက်ရွှမ်တို့အဖွဲ့မှ ဒဏ်ရာရထားသူများသည် အလွယ်တကူဆုတ်ခွာသွားနိုင်လေသည်။

တိရှန်မျိုးနွယ်စုဝင်များ၏ ခြေပြတ်လက်ပြတ်များနှင့် အလောင်းများက မြေပေါ်တွင် ပြန့်ကျဲနေသည်။ ထို့ပြင် မလှုပ်ရှားနိုင်တော့သော သူများကို ဒီအတိုင်း ထားပစ်ခဲ့သည်။

လေးသည်တော်များမှာ မြေပြင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက်လဲကျသွားသည်။ ဟူမာကသူ့ဘေးတွင် ရှိသော လူကို တွန်းထုတ်ပစ်လိုက်သည်။ ထို့နောက် သူကိုယ်တိုင် အကောင်းဆုံးနွားဦးချိုဖြင့် ပြုလုပ်ထားသော လေးကြီးကို ထုတ်ယူလိုက်သည်။ ထိုလေးကိုပြုလုပ်သော ဝါးကို ရရှိရန် ကျွဲ၊နွား၊တိရစ္ဆာန်များစွာနှင့် လဲယူထားရခြင်းဖြစ်လေသည်။ ထိုလေးသည် အခြားသာမန်လေးများနှင့် မတူပါ။

သူသည် လေးညို့ကို ဆွဲလိုက်သည်။ “ဝှီး…”

စူးရှသော အသံတစ်သံထွက်ပေါ်လာပြီး မြားတစ်စင်းသည် လေးညို့မှ ပြေးထွက်သွားသည်။

ယခုမြားသည် လေးသည်တော်များပစ်လိုက်သော မြားထက် မြန်ဆန်ပြီး ပစ်မှတ်ကို ထိနိုင်ခြေပိုရှိသည်။ ရှောက်ရွှမ်က မြားကို မရှောင်တိမ်းပဲ ဓားဖြင့်ကာလိုက်သည်။

“ဒုတ်…”

မြားဦးမှာကျိုးသွားပြီး ရှောက်ရွှမ်၏ ဓားလည်း ပဲ့ထွက်သွားသည်။ ဓားကိုင်ထားသော သူ့လက်အပေါ်သက်ရောက်လာသော အတွင်းအားကို ခံစားလိုက်ရသောအခါ ရှောက်ရွှမ်မျက်လုံးများ အရောင်လက်သွားသည်။ သူသည် ဟူမာ့လက်ထဲမှ လေးကို ကြည့်လိုက်သည်။ ထိုလေးသည် တိရှန်မျိုးနွယ်စု၏ အကောင်းဆုံးလေးဖြစ်သည်ကို သူမသိပါ။ ရှောက်ရွှမ်သည် အကောင်းဆုံးသော ပစ္စည်းများကို ရှာဖွေ၍ ထိုလေးထက် ကောင်းသော လေးတစ်ချောင်းပြုလုပ်ချင်စိတ် ပေါ်လာသည်။ ထိုသို့လေးမျိုးရှိပါက သူ

တို့သည် နောင်တချိန်တွင် ဝမ်ရှိမျိုးနွယ်စု ကို အနိုင်တိုက်နိုင်မည် ဖြစ်သည်။

အခုမြား၏ အဟုန်က ရှောက်ရွှမ်ကိုတော့ မရှင်းပစ်နိုင်သေးပါ။ လေးသည် ဒီထက် ပိုကောင်းပြီး လေးပစ်သူက လေးညို့ကိုယခုထက်ပိုဆွဲနိုင်မည် ဆိုလျှင်…။

ရှောင်ရွှမ်က မြားများကို သူ့ဓားဖြင့် ကာနေသည်။ သို့သော် ဟူမာကတော့ လေးပစ်ခြင်းကို မရပ်လိုက်ပါ။ မြားသုံးချောင်းကို ထုတ်ယူလိုက်ပြီး သုံးချောင်းစလုံးကို တပြိုင်နက် ပစ်လိုက်သည်။ ထို့နောက် မြားကျည်တောက်ထဲမှ နောက်ထပ် မြားသုံးချောင်းကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။

သူသည် မြားများကို လျင်မြန်စွာပစ်ခတ်နေသည်။ ထိုအရာကိုကြည့်ခြင်းဖြင့် ဟူမာသည် မြားပစ်ကျွမ်းကျင်သည်ကို သိနိုင်သည်။

သို့သော် လေးတွင် ခံနိုင်ရည်အတိုင်းအတာရှိ

သည်။ ဟူမာက သူ့အတွင်းအားကို ထိန်းချုပ်၍ ပစ်နေသောကြောင့်သာ လေးမှာ ကျိုးမသွားခြင်း ဖြစ်လေသည်။

ဟူမာက ရှောက်ရွှမ်ကို မြားဖြင့်ပစ်၍ အသေသတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ မသေလျှင်တောင် တောင်အောက်သို့ ပြုတ်ကျသွားစေရန် ဖြစ်သည်။

ရှောက်ရွှမ်သည် ရှေ့ဆက်မတိုးတော့ဘဲ မြားများကို ရှောင်ရှားရန် မြေပြင်ကို ခြေထောက်နှင့် ဆောင့်၍ လေပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် မြားများကို သူ့ဓားကျိုးလေးဖြင့် ခတ်ထုတ်လိုက်သည်။ သူ့ဓားသည် ကျိုးနေသောကြောင့် မြားများကို ကာရန် ခဲယဉ်းစွာ အားထုတ်နေရသည်။ သူ့တွင် ဓားအကောင်းတစ်ချောင်းသာ ရှိနေပါက၊ မြားများကို တားဆီးရန် ပိုလွယ်သူသွားမည် ဖြစ်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုမှ လူများဘေးလွတ်ရာသို့ရောက်သွားပြီဖြစ်၍ ရှောက်ရွှမ်သည်

မြေကြီးကို ခြေထောက်နှင့် ဆောင့်လိုက်ပြန်သည်။ တောင်စွန်းတွင်ရှိသော ကျောက်တုံးများ အရှိန်ပြင်းစွာ ပဲ့ထွက်လာသည်။ တောင်စွန်းမှ ကျောက်ခဲအစအနများ တောင်အောက်သို့ ပြုတ်ကျသွားသည်။ ဂူပေါက်ဝတွင် ထားထားသော သစ်လုံးတိုများလည်း တောင်ပေါ်မှ တောင်အောက်သို့ လိမ့်ကျသွားသည်။တရစပ်ပြုတ်ကျနေခြင်း မဟုတ်သော်လည်း တဖြည်းဖြည်းနှင့် ကျောက်တုံးကျောက်ခဲများ၊သစ်လုံးများ တောင်အောက်သို့ လိမ့်ကျကုန်သည်။

တောင်ပြိုကျလာသံက အားလုံးကို ဖုံးလွှမ်းသွားသည်။ တောင်အောက်တွင် ရှိသောလူများက ပြုတ်ကျလာသော ကျောက်တုံးကျောက်ခဲများကို ရှောင်ရှားနေကြသည်။ တချို့ကတော့ တိုက်ပွဲကို ဆက်ကြည့်နေလေသည်။ တောင်ခြေရှိ ဘေးကင်းသောနေရာတွင် ကြိုးချည်ထားသော မြင်းများမှာ ထိုအသံများကို ကြားရသဖြင့် ထိန်းချုပ်မရလောက်အောင် ကဆုန်ပေါက်နေကြသည်။

တောင်၏ ထိုဘက်ခြမ်းပြိုကျလာခြင်းကြောင့်

အခြားနေရာမှ ကျောက်တုံးများလည်း တောင်အောက်သို့ လိမ့်ဆင်းလာသည်။ စက္တန့်ပိုင်းအတွင်း ဂူပေါက်အပြင်တွင် ရပ်နေသူများမှာ ဂူပေါက်ထဲသို့ ဝင်သွားကြသည်။ တိရှန်မျိုးနွယ်စုဝင် တို့စခန်းချသောနေရာက အခြေအနေပိုဆိုးရွားနေသည်။မကြာသေးမီအချိန်အတွင်းကပင် ပြုတ်ကျလာသော ကျောက်တုံးတစ်တုံးမှာ လူတစ်ယောက်ကို ထိမှန်သွားသည်။

ဟူးမာက ဂူဝင်ပေါက်တွင် ရပ်နေသော်လည်း ခေါင်းကို စောင်းငဲ့၍ မကြည့်ရဲပါ။ အချိန်နှင့်အမျှ ကျောက်တုံးများက တစ်တုံးပြီးတစ်တုံးလိမ့်ကျနေသည်။ ထိုကျောက်တုံးများ သူ့ခေါင်းပေါ် ပြုတ်ကျလာမည်ကို ဟူမာ ကြောက်နေသည်။ ရှောက်ရွှမ်တက်ရပ်နေသော ကျောက်တုံးမှာလည်း တောင်အောက်သို့ လိမ့်ကျသွားသည်ကို သူတွေ့လိုက်သည်။ ဟူမာစိတ်သက်သာရာရသွားသည်။ ထိုချာတိတ်လေး မသေရင်‌တောင်ဒဏ်ရာ ရသွားလိမ့်မည်။ ထိုချာတိတ်လေးကို ကြောက်ရွံ့နေရန် မလိုတော့ဟု ဟူမာ တွက်ဆလိုက်သည်။

လက်ကောက်ဝတ်မှ သွေးထွက်နေသော ဒဏ်ရာကို စမ်းကြည့်လိုက်သောအခါ ဟူမာမျက်နှာပျက်သွားသည်။ သူသည် သူ့ကိုယ်သူဒဏ်ရာရမည်ဟု ထင်မထားပေ။ ဟူမာမှာ အတွေ့အကြုံရင့်ကျက်သူဖြစ်သော်လည်း ဒဏ်ရာကို စမ်းသပ်ပြီးချိန်တွင်တော့ တည်ငြိမ်စွာ မနေနိုင်တော့ပါ။

“သတ်ပစ်မယ်…အားလုံးကို သတ်ပစ်မယ်” ဟူမာ စိတ်ထဲမှ တွေးနေခြင်းဖြစ်သည်။

သို့သော် လတ်တလောတွင်တော့ ကိုင်ထားသော လေးကို အောက်ချလိုက်ပြီး ဒဏ်ရာကို ဆေးထည့်ရန် ဆေးပင်များကို လိုက်ရှာနေရသည်။ ထိုအချိန်တွင်ပင် သူ့ဘေးမှ လူတစ်ယောက်၏အော်သံထွက်ပေါ်လာသည်။

“ဟိုမှာ…ဟိုမှာ…” ထိုလူက နေရာတစ်နေရာကို ညွှန်ပြနေသည်။

ဟူမာက အပြင်ဘက်သို့ လှည့်ကြည့်လိုက်

သည်။ မီးခိုးရောင်အရိပ်တစ်ခု ဖြတ်ခနဲ ပြေးထွက်လာပြီး လေတိုးသံတစ်ချက် ထွက်ပေါ်လာသည်။ ထက်ပိုင်းကျိုးနေသာ ဓားကျိုးက သူ့လည်မျိုကို စိုက်ဝင်သွားသည်။ ဟူမာသည် ခဏလောက်တော့ စိတ်အေးရပြီဟုထင်နေချိန်တွင် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

“ဖောက်” သွေးများပန်းထွက်လာသည်။ ဟူမာသည် မြေပြင်ပေါ်လဲကျမသွားခင် တောင်အောက်သို့ ပြုတ်ကျသွားသော ချာတိတ်လေးသည် သိမ်းငှက်တစ်ကောင်၏ ခြေသည်းကို ဆွဲကာ တောင်ပေါ်သို့ ပြန်တက်လာသည်ကို မြင်လိုက်ရလေသည်။

All Chapters