← Chapters

စုစည်းမှု

Vol. 19 Ch. 279

စုစည်းမှု

Vol. 19 Ch. 279

ဘိုးဘေးများထားခဲ့သော မှတ်တမ်းများအရ မီးဖိုကြီးဘေးတွင် ကျောက်တိုင်၂တိုင် စိုက်ရမည်ဟု ပြောသည်။ နေရာဟောင်းမှာတုန်းကတော့ ရှောက်ရွှမ်သည် ကျောက်တိုင်တစ်ခုကို သာမြင်ဖူးလေသည်။ နောက်ကျောက်တိုင်တစ်ခုမှာ လူသားရန်ကြောင့်ပဲလား၊ သဘာဝဘေးရန် ကြောင့်ပဲလားတော့ မသိ၊ ပျက်စီးသွားလေပြီဖြစ်သည်။

နောက်ထပ် အခြားကျောက်တိုင်အတိုလေးများရှိနေသေးသည်။ ထိုကျောက်တိုင်များမှာ ဧရာမကျောက်တိုင်ကြီးများလို သိသာထင်ရှားခြင်းမရှိသော်လည်း စာရေးထွင်းရန်က ထိုကျောက်တိုင်များပေါ်တွင် ပိုလွယ်မည်ဖြစ်သည်။

မီးဖိုကြီးဘေးနားတွင် စိုက်ထူမည့် ကျောက်တိုင်ကြီး၂တိုင်အတွက် ရှောက်ရွှမ်က တာဝန်ယူထားရသည်။ အခြားတိုင်များကိုတော့

အခြားလူများက တာဝန်ယူထားသည် ဖြစ်သည်။

အကြီးဆုံးသော‌ ကျောက်တိုင်ကြီး၂တိုင်ကို မီးဖိုကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် စိုက်ထူထားသည်။ နေထွက်ရာအရပ်ကို မျက်နှာမူပြီး ထောင်ထားခြင်းဖြစ်သည်။

ကျောင်တိုင်များပေါ်တွင်ပါသော အမှတ်အသားများမှာ နတ်ရုပ်ပေါ်မှ အမှတ်အသားများနှင့်တူသော်လည်း စစ်သည်တော်များ၏ နတ်အမှတ်အသားများနှင့်တော့ အနည်းငယ်ကွာခြားသည်။ နတ်ရုပ်ပေါ်ရှိ အမှတ်အသားတစ်ခုနှင့် တစ်ခုကြားကနေရာလွတ်က ပိုကြီးမားသည်။ ထိုနေရာလွတ်များကြားတွင်လည်း အမှတ်အသားများကို ရေးဆွဲထားသည်။

နေထွက်ရာဘက်ကို မျက်နှာမူထားသောကျောက်တိုင်ပေါ်တွင် ယာဉ်ပုံများ၊ အိုးခွက်ပန်းကန်များ၊ ကျောက်လုံးများ၊ တူများ။ ပေါက်ဆိန်များ၊ ကျောက်ချပ်များ၊ ထွန်ခြစ်များ စ

သည့်ပုံများကို ရေးဆွဲထားလေသည်။ နေ့စဉ်လူနေမှုဘဝအကြောင်းနှင့် အမဲလိုက်ခြင်းများအကြောင်းကိုလည်း ထည့်သွင်းရေးဆွဲခဲ့သည်။ ထို့ပြင် ကြောက်မက်ဖွယ်သားရဲ မျိုးစုံတို့၏ ပုံများကိုလည်း ရေးဆွဲထားသည်။အမှတ်အသားများမှာ အလွန်များသော်လည်း ရှုပ်ထွေးနေသော အမှတ်အသားဟူ၍ မရှိပါ။ သားရေချပ်ပေါ်မှ စုတ်ချက်များကိုကြည့်လိုက်ရုံနှင့် ထိုအမှတ်အသားများ၏ အဓိပ္ပါယ်ကို သိသွားနိုင်သည်။

နေဝင်ရာဘက်ကို မျက်နှာမူထားသော ကျောက်တိုင်ကြီးပေါ်တွင်မူအပင်များ၊ ပန်းများ၊ အဆောင်ပစ္စည်းများ စသည်တို့ကို ရေးထွင်းထားသည်။ အချို့အပင်များနှင့် ပန်းများမှာ မျိုးနွယ်စုထဲတွင် မျိုးဖောက်သောအပင်များ ဖြစ်ကြပြီး အချို့အပင်များမှာတော သာမန်ဆေးပင်များဖြစ်ကြလေသည်။

ကျောက်တိုင်ပေါ်မှ အမှတ်အသားကတော့ ရိတ်သိမ်းခြင်း၊ ကြွယ်ဝခြင်း၊ စသည်တို့၏

အကြောင်းများနှင့် ဆုတောင်းစာတစ်ခုကို နှစ်ပိုင်းခွဲ၍ ရေးထိုးထားသည်။

ရှောက်ရွှမ်သည် သူခေါင်းထဲတွင် မှတ်မိနေသည်များကို သားရေချပ်များပေါ်တွင် အရင်ရေးဆွဲသည်။ ထို့နောက် သစ်သားတစ်ခုပေါ်တွင် အငယ်စားပုံစံအဖြစ် ရေးထွင်းကြည့်သည်။ ရှောက်ရွှမ်သည် ပထမနေ့ကတည်းက သစ်သားပြားပေါ်တွင် ပုံကို စတင်ရေးထွင်းကြည့်လေသည်။ နောက်တစ်နေ့တွင် သူသည် နတ်ဆေးဆရာနှင့် အကြီးအကဲကို သွားပြရမည် ဖြစ်သည်။

ကျောင်းသားတိုင်ကြီးများပေါ်တွင် ရေးထွင်းပြီးသောအခါ မျိုးနွယ်စုတစ်ခုလုံး ပျော်ရွှင်နေကြသည်။ လေလွင့်သူများနေထိုင်သောနေရာကဆိုလျှင် သစ်ပင်ကြီးတစ်ပင်ပေါ်တက်ကြည့်လျှင် ထိုကျောက်တိုင်ကြီးများကို မြင်ရနိုင်လေသည်။

တခြားတိုင်အပုလေးများကိုလည်း မျိုးနွယ်စုနယ်မြေအတွင်းစိုက်ထူခဲ့သည်။ သူတို့မျိုးနွယ်စုသည် ဘိုးဘေးများမှတ်တမ်းတင်ခဲ့သော နှစ်သန်း

ချီမျိုးနွယ်စုနှင့် တဖြည်းဖြည်း တူလာလေသည်။ နောင်တချိန်တွင် မျိုးနွယ်စုအနေနှင့် ပြောင်းလဲနိုင်ချေရှိသေးသည်။ အခုထိတော့ သူတို့သည် ဘိုးဘေးများခေတ်ကလို နေထိုင်နည်းများအတိုင်း လိုက်နေထိုင်ကြတုန်းပင်ဖြစ်သည်။

ကျောက်တိုင်များထူသော ကိစ္စပြီးသွားသောအခါဘိုးဘေးများ၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်မည့် ကိစ္စကို ဆက်လက်လုပ်ဆောင်ကြရမည်။

အခုတစ်ခေါက်တွင်တော့ သူတို့အားလုံးသည် ဘိုးဘေး၇ယောက်၏ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရသော်လည်း သူတို့သည် မကြောက်ရွံ့ကြပါ။ သူတို့သည် ဘိုးဘေးများကို ရိုသေမြတ်နိုးစွာဖြင့် ရှိခိုးကန်တော့ကြသည်။ ကောက်ပဲသီးနှံအထွက်ကောင်းရန်နှင့် ငြိမ်းချမ်းသာယာခြင်းအတွက် ဘိုးဘေးများထံတွင် ဆုတောင်းကြသည်။ ထို့နောက် ခွန်အားကြံ့ခိုင်သန်စွမ်းရန်၊ သူတို့ကလေးများ စွမ်းအင်နိုးထလာခွင့်ရရန်တို့ကို ဆုတောင်းကြသည်။

မီးဖိုကြီးအတွင်းတွင်တော့ ပျံလွှားမီးတောက် ဘိုးဘေး၇ယောက်၏ ရုပ်အလောင်းများကို ဝါးမျိုနေပြီဖြစ်သည်။ ခဏကြာသောအခါ ရုပ်အလောင်းများမှာ ဘာမှမကျန်တော့အောင် ဖြစ်သွားသည်။

တောအုပ်ဘက်မှ လေပြင်းများတိုက်ခတ်နေသည်။ ထိုကျောက်တိုင်အသစ်များစိုက်ထူထားမှုကြောင့် လေတိုက်သံမှာ တစ်စုံတယောက်က လေချွန်ရင်း သီချင်းဆိုနေသံနှင့်တူနေသည်။

တချို့ကတော့ ထိုအသံမှာ ဘိုးဘေးများ ပြန်လာသောအသံဟု ဆိုကြလေသည်။ တခြားလူများကတော့ ထိုအသံများမှာ သူတို့၏ဆုတောင်းများကို အကြောင်းပြန်သောအသံဟု မှတ်ယူကြလေသည်။

မည်သည့်အချက်က မှန်သည် ဖြစ်စေ၊ လူတိုင်းသည် ကိုယ့်ယုံကြည်ချက်နှင့် ကိုယ်စီဖြစ်နေကြသည်။

အခမ်းအနားပြီးဆုံးသွားသောအခါ အားလုံး ပြန်သွားကြလေသည်။ အော့ကတော့ ဘေးတွင် ပုံထားသော အုတ်ခဲကျိုးပုံပေါ်တွင် မတ်တပ်အကြာကြီးရပ်နေလေသည်။ ထိုကျိုးပဲ့နေသော အုတ်ခဲကျိုးပုံများနှင့် အဆောက်အအုံများကို ဝမ်ရှစ်မျိုးနွယ်စုက ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ထိုအရာများကို မြင်ရသောအခါ မီးတောက်ဦးချိုမျိုးနွယ်စုဝင်သည် စိတ်ထဲက ကြိတ်၍ ပေါက်ကွဲကြသည်။

“ဝမ်ရှစ်အဖွဲ့နဲ့တိုက်ခိုက်မယ်ဆိုရင်တော့ ကမ္ဘာပျက်သလိုဖြစ်မှာပဲ” အော့က ပြောလိုက်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကလည်း လွယ်လွယ်နှင့် အရှုံးပေးမည့် သူများ မဟုတ်သောကြောင့် ၊ ဝမ်ရှစ်မျိုးနွယ်စုနှင့် တိုက်ပွဲမှာ အနှေးနှင့် အမြန်ဖြစ်လာတော့မည်ကို ရှောက်ရွှမ်သိထားသည်။ ထိုသို့ ပြန်လည်မတိုက်ခိုက်ပါက ဘိုးဘေးများရှေ့တွင် သိက္ခာကျတော့မည်ဖြစ်သည်။ သူတို့ဘိုးဘေးများက သူတို့နေရာက လူများလာ

တိုက်ခိုက်လိမ့်မည်ကို ကြိုသိနေသောကြောင့် အဖိုးတန်ရာဇဝင်သားရေချပ်များကို အခြားလူများမသွားဝံ့သောနေရာတွင် သိမ်းထားခဲ့ခြင်းများလား။

“တိုက်ပွဲက စတောင်နေပြီ မဟုတ်လား” အော့ကရှောက်ရွှမ်ကို ကြည့်ပြီးမေးလိုက်သည်။ “ အားရွှမ်…ငါတို့စစ်ပွဲထဲကို အပြင်လူတွေ ဝင်ရှုပ်တာငါမကြိုက်ဘူး…သူတို့ပြောတဲ့ ကျွန်ပိုင်ရှင်တွေနဲ့ ပတ်သက်လို့တော့ ငါနည်းနည်း စိတ်ပူနေတယ်…သူတို့ပြောတဲ့လူတွေအကြောင်းကို ငါတို့ဘာမှ မသိထားဘူးလေ…ဘိုးဘေးတွေရဲ့မှတ်တမ်းတွေထဲမှာလည်း မပါဘူး”။

ခေါင်းဆောင်တစ်ယောက်အနေနှင့် အော့သည် အတွေးများ၍မရသလို၊ ဆုံးဖြတ်ချက်များကိုလည်း အလျင်အမြန်ချလို့မရချေ။ ကျွန်ပိုင်ရှင်များဆိုသူများသာ မရှိပါက အော့သည် သူ့ဆုံးဖြတ်ချက်ကို အလယ်ပိုင်းမှ မျိုးနွယ်စုဝင်များဝင်တားလျှင်တောင် ပြင်မည် မဟုတ်တော့ပါ။ အခုတော့ အော့သည် တိုက်ပွဲကိုစတင်ရန်

တွန့်ဆုတ်နေသည်။ ဘိုးဘေးများက သေမည်ဟု ခန့်မှန်းထားသော ဝမ်ရှစ်မျိုးနွယ်စုများသည် သူတို့ထက်တော့ အင်အားတောင့်တင်းသည်။ ထိုမျိုးနွယ်စုထဲတွင် ကျွန်ပိုင်ရှင်များက မည်သည့်နေရာက ပါဝင်ပတ်သက်နေပါသနည်း။

“ခရီးသွားအဖွဲ့ထဲကို ကျွန်တော်ဝင်ပြီးသွားရင် ကျွန်ပိုင်ရှင်တွေအကြောင်းသိရအောင် စုံစမ်းလိုက်မယ်…” ရှောက်ရွှမ်က ပြောလိုက်သည်။ သူသည် ကျွန်ပိုင်ရှင်တစ်ယောက်ကို မြင်လျှင်တောင် ထိုသူမှာ ကျွန်ပိုင်ရှင်မှန်း သိနိုင်မည်မဟုတ်ပါ။ သူသိထားသည်မှာ “ကျွန်ပိုင်ရှင်များသည် ရည်မှန်းချက်မြင့်မားသည်” ဆိုသော စကားတစ်ခွန်းသာဖြစ်သည်။

ထိုကိစ္စကိုတော့ အော့ကကောင်းကောင်းသိသည်။ အလယ်ပိုင်းဒေသရှိမျိုးနွယ်စုများက ကျွန်ပိုင်ရှင်များကို ကြောက်ကြသောကြောင့် မျိုးနွယ်စုများအကြားတွင်ရှိနေသော အမုန်းတရားများကို ခဏဘေးချိတ်ထားလိုက်ကြသည်။ သူတို့အတွက်တော့ ကျွန်ပိုင်ရှင်များမှာ ပိုကြောက်ဖို့ကောင်းနေ

လေသည်။

“ဒီတစ်ခေါက်မင်းနဲ့အတူ လဲ့နဲ့ထွော်လိုက်လာလိမ့်မယ်” အော့က ပြောလိုက်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များထဲမှ သုံးယောက်က ခရီးသွားအဖွဲ့တွင် ပါဝင်ရသည်။ လဲ့သည် မျိုးနွယ်စု၏ လူငယ်မျိုးဆက်များထဲတွင် နာမည်ကြီးဖြစ်သည်။ သူ့ဘိုးဘေးများသည် မျိုးနွယ်စုခေါင်းဆောင်များဖြစ်ခဲ့ကြသလို လဲ့ကိုယ်တိုင်ကလည်း အရည်အချင်းရှိပါသည်။ သူ့တွင် သူမွေးထားသော ကြောက်မက်ဖွယ်သားရဲတစ်ကောင်လည်း ရှိသေးသည်။ ထွော်သည်လည်း သိပ်မဆိုးလှပါ။ သူသည် မကြာသေးခင်ကမှ အဆင့်မြင့်အမဲလိုက်အဖွဲ့အတွင်းဝင်ထားသူဖြစ်ပြီး အရည်အချင်းရှိသူဖြစ်သည်။

လူစုရမည့်အချိန်မှာ အလွန်နီးကပ်နေပြီဖြစ်သည်။ ရှောက်ရွှမ်တို့သည် ထွက်ခွာသွားရန် အဆင်သင့်ဖြစ်နေလေပြီ။သူတို့မထွက်ခွာမီ ဟွမ်ယဲ့က မြေပုံတစ်ချပ်ကို ထုတ်လိုက်သည်။ ထို

မြေပုံပေါ်တွင် လူစုရမည့်နေရာကို ဖော်ပြထားသည်။

မြေပုံမှာ ရိုးရင်းသော မြေပုံတစ်ချပ်သာဖြစ်သည်။ စုတ်ချက်အနည်းငယ်သာ သုံးထားပြီး မျိုးနွယ်စု၏ နေရာအခွဲများကို ဖော်ပြထားသည်။ ထိုမြေပုံမှာ အလွန်မှုန်ဝါးသဖြင့် သူတို့အနေနှင့် လိုရာခရီးကိုရောက်ရန် လမ်းပြတစ်ယောက်ကို လိုအပ်လာသည်။ ကံကောင်းချင်တော့ ရှောက်ရွှမ်တွင်ပိုအသေးစိတ်ကျသော မြေပုံတစ်ချပ် ကျန်နေသေးသည်။ သို့သော် ထိုမြေပုံကလည်း မပြည့်စုံပါ။ ဟွမ်ယဲ့ပြောသော လူစုရမည့်နေရာမှာ ရှောက်ရွှမ်မြေပုံ၏ ထောင့်စွန်းတွင် ဖော်ပြထားသည်။

မြေပုံ၏အဆုံးသည် ကမ္ဘာမြေကြီး၏၏ အဆုံးသတ်မဟုတ်သေးပေ။ထိုနေရာ အဆုံးကို ကျော်သွားလျှင်တော့ ဘာတွေရှိမလဲ ရှောက်ရွှမ်ညလ်း သိမည်မဟုတ်ပါ။ ဒီတစ်ခေါက်ခရီးက မြေပုံကို ထပ်မံဖြည့်ဆည်းရန် အခွင့်ကောင်းကိုပေးသည့် ခရီးဖြစ်သည်။

ထွော်၊လဲ့နှင့် ရှောက်ရွှမ်တို့ သုံးယောက်ထဲတွင် ရှောက်ရွှမ်က အငယ်ဆုံးဖြစ်သည်။ သို့သော် ရာထူးအဆင့်အတန်းအရတော့ ရှောက်ရွှမ်က ပိုမြင့်လေသည်။ ရှောက်ရွှမ်သည် ဝါစဉ်ကြီးပုဂ္ဂိုလ်ဖြစ်လေသည်။ ထို့ကြောင့် အော့ကမမှာလိုက်သော်လည်း သူတို့သည် အပြင်ရောက်သည်နှင့် ရှောက်ရွှမ်စကားကို လိုက်နာရမည်ဖြစ်ကြောင်းကို သိကြပါသည်။ ထို့ပြင် သူတို့သည် အမဲလိုက်တတ်သော်လည်း ဘယ်နေရာတွင် အမဲလိုက်ရမည်ကိုတော့ မသိကြပေ။

ထူးခြားသော ဖြစ်စဉ်တစ်ခုဖြစ်သဖြင့် လဲ့၏ ကြောက်မက်ဖွယ်သားရဲကြီးမှာ ထိုလူစုရမည့်နေရာကို ရှာမတွေ့ပါ။ ထို့ကြောင့် လဲ့သည် သူမွေးထားသော သားရဲ မုန့်ကို သူ့အဖေကို ပေးလိုက်သည်။ ရှောက်ရွှမ်ကလည်း ဆီဇာ့ကို သူနှင့်ခေါ်မလာမိပေ။ မျိုးနွယ်စုပြင်ပတွင် ကြုံရနိုင်သော အန္တရာယ်များမှာ ကြီးမားလှသည်။ သူတို့ သွားသောနေရာမှာ ဆီဇာ့အတွက် စိတ်ချရသော နေရာမဟုတ်ပါ။

“မင်းဦးလေးမိုင်နဲ့အတူတူ အမဲလိုက်ထွက်လို့ရတယ်…မင်းအမဲလိုက်ထွက်ရင် စိတ်လိုက်မာန်ပါမလုပ်နဲ့…ဟိုပြေးဒီပြေးမလုပ်နဲ့…အိမ်ပြန်ရောက်ရင် လောင်ခဲ့စကားကို နားထောင်…မင်းကြိုက်တဲ့ ဝံပုလွေကောင်မလေးတွေ့ရင် အိမ်ကို ခေါ်လာလို့ရတယ်…ခေါ်လာမယ်ဆိုရင်တော့ မင်းကောင်မလေးကို တခြားကောင်တွေ မကိုက်အောင် ကာကွယ်ပေးရမှာပဲ” ရှောက်ရွှမ်က ဆီဇာ့ အမွှေးများကို ပွတ်သပ်ပေးရင်း ပြောနေလေသည်။

ရှောက်ရွှမ်က သူ့ကို မခေါ်သွား၍ ဆီဇာက စိတ်ညစ်နေသည်။ ရှောက်ရွှမ်က စကားပြောသောအခါ အသံတိုးတိုးဖြင့်သာ တုန့်ပြန်နိုင်တော့သည်။

သုံးရက်ကြာသောအခါ ရှောက်ရွှမ်၊ထွော်နှင့်လဲ့တို့သည် ဟွမ်ယဲ့ပြောထားသော ခရီးသွားအဖွဲ့၏ စုရပ်ကို ထွက်ခွာသွားကြလေသည်။ သူတို့သည် နေမထွက်ခင်အချိန်တွင် ထွက်ခွာသွားသောကြောင့် လူတချို့သာ သူတို့ကို မြင်လိုက်ရ

သည်။

All Chapters