← Chapters

သားရဲကိုးကောင်

Vol. 9 Ch. 133

သားရဲကိုးကောင်

Vol. 9 Ch. 133

ရှေးဟောင်းပညာကျမ်းများအရ လျှို့ဝှက်နည်းလမ်းနှင့် တံဆိပ်နှိပ်မည့် အမဲလိုက်တိရစ္ဆာန်ကို သေချာရွေးချယ်ရသည်။ အခုတော့ မျိုးနွယ်စုထဲတွင် လိုအပ်ချက်နှင့် ကိုက်ညီသော သားရဲဆယ်ကောင်ခန့်ရှိနေပြီ ဖြစ်သည်။

နတ်ဆေးဆရာက လျှို့ဝှက်နည်းလမ်းကို စောနိုင်သမျှစောစော အသုံးပြုချင်နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကို ငယ်စဉ်အချိန်တွင် တံဆိပ်နှိပ် ပေးပါက အောင်မြင်နိုင်ရန် အခွင့်အရေးပိုများပြီး ကြောက်မက်ဖွယ်သားရဲများ ဖြစ်လာနိုင်ချေ ပိုများလေသည်။ အသက်ကြီးမှ တံဆိပ်နှိပ်မည်ဆိုလျှင် တံဆိပ်နှိပ်ခြင်း အောင်မြင်သွားလျှင်တောင် ကြီးထွားနှုန်းကတော သိပ်ကောင်းတော့မည် မဟုတ်ပေ။

သို့သော် ရှေးအဆိုများအရ သားရဲများသည်

လိုအပ်ချက်များနှင့် ကိုက်ညီရန် လိုအပ်သည်။ ထို့ကြောင့် သူသည် သားရဲများကို တံဆိပ်နှိပ်ခြင်းပြုလုပ်ရန် တုန့်ဆိုင်းနေခြင်းဖြစ်သည်။

ထို့ကြောင့်နတ်ဆေးဆရာသည် အမဲလိုက်အဖွဲ့တွင် ပထမအသုတ်လိုက်ပါသည့် သားရဲများ၏ စွမ်းဆောင်ရည်နှင့် လေ့ကျင့်မှုများကို မှတ်တမ်းတင်ထားရန် ရှောက်ရွှမ်ကို ခိုင်းလိုက်သည်။ ထိုမှတ်တမ်းများကို အကဲဖြတ်ပြီးနောက် နတ်ဆေးဆရာသည် သားရဲကိုးကောင်၏နာမည်များကို သူ၏ သားရေချပ်ပေါ်တွင် ရေးမှတ်လိုက်သည်။

ရှောက်ရွှမ်လည်း မှတ်တမ်းများကို နတ်ဆေးဆရာကို ပေးလိုက်ပြီး သူဘာပြောမလဲ စောင့်နေလိုက်သည်။ သူတို့ကို တံဆိပ်နှိပ်မနှိပ်က နတ်ဆေးဆရာ ပေါ်တွင် မူတည်နေသည်။

ရွေးချယ်ခံရသောသားရဲများသည် မျိုးနွယ်စုတွင်း ပထမဆုံးတံဆိပ်နှိပ်ခံရသော သားရဲများ

ဖြစ်လာမည်။ မည်သည့်သားရဲကို တံဆိပ်နှိပ်မည်ဆိုသည်ကို ရှောက်ရွှမ်ရွေးချယ်၍ မရပါ။

တံဆိပ်နှိပ်ခြင်းအောင်မြင်သွားပါက ဆီဆာအပါအဝင် ထိုသားရဲကိုးကောင်သည် မျိုးနွယ်စုအတွင်း အခွင့်ထူးခံသားရဲကိုးကောင် ဖြစ်သွားမည်။

ထိုကိုးကောင်တွင် ငှက်များ၊သားရဲများမှစ၍ လိပ်အထိ ပါဝင်သည်။ ထို့ကြောင့် ကုန်းသတ္တဝါ၊ရေသတ္တဝါ၊လေသတ္တဝါဆိုပြီး အုပ်စုသုံးစု ခွဲလိုက်လေသည်။

သို့သော်သူတို့သည် ကောင်းမွန်စွာ ဖွံ့ဖြိုးလာမည်လားကိုတော့ အချိန်ယူ၍ စောင့်ကြည့်ရပေမည်။

ရှောက်ရွှမ်ပေးလိုက်သော သားရေချပ်ကို နာရီဝက်ခန့်ကြည့်ပြီးနောက် နတ်ဆေးဆရာသည် သက်ပြင်းချလိုက်ပြီး “အားလုံးကတော့ တော်ပါတယ်၊ ဒါပေမဲ့ ငါသိပ်စိတ်မချဘူး”ဟုပြောလိုက်

လေသည်။

“ဘာကိုပြောချင်တာလဲ”

နတ်ဆေးဆရာသည် ရှောက်ရွှမ်ကို ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည် “ဒီကောင်တွေက တစ်ကောင်ချင်းဆိုရင်တော့ တော်ပါတယ်၊ ဒါပေမဲ့ အသင်းအဖွဲ့အနေနဲ့ဆိုရင်ရော”။

ထိုသားရဲများသည် အသင်းအဖွဲ့အနေနဲ့ ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဟု မမျှော်လင့်ထားပါ။ သို့သော် အသင်းအဖွဲ့အနေနဲ့ တာဝန်ပေးလိုက်သည့်အခါ အချင်းချင်း ရန်မဖြစ်ရန်တော့လိုအပ်သည်။ အမဲလိုက်ထွက်လျှင် တောထဲမှ သားရဲများနှင့်ထိပ်တိုက်တွေ့ရမည်။ သူတို့အချင်းချင်းမတည့်ပါက လျှို့ဝှက်နည်းနှင့် တံဆိပ်နှိပ်ခြင်းပြီးတာတောင် အဖွဲ့အတွင်းပဍိပက္ခများ ရှိလာမည် ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် အမဲလိုက်အဖွဲ့အတွက် အန္တရာယ်ရှိလေသည်။

ရှောက်ရွှမ်လည်း ခဏတိတ်ဆိတ်သွားပြီး ပြော

လိုက်သည် “ဒါဆို သူတို့ကို အဆင့်မြင့်နည်း နဲ့ပူးပေါင်းခိုင်းရမှာပေါ့”

“ဟုတ်တယ်”

နတ်ဆေးဆရာသည် သားရေချပ်ပေါ်မှ နာမည်များကို ညွှန်ပြလိုက်သည်။ သားရဲကိုးကောင်တွင် နှစ်ကောင်ကို သပ်သပ်ခွဲထုတ်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ ၇ကောင်ကိုသာ အသင်းအဖွဲ့အဖြစ်ပူးပေါင်းစေမည်ဖြစ်သည်။

သပ်သပ်ခွဲထားမည့်၂ကောင်မှာ ဆေးကုသဆောင်တွင်နေသော လိပ်နှင့် ကွေ့ဟယ် မြက်ခင်းစိမ်းများပေါ်မှ ခေါ်လာသော စွန်ဖြူကြီး ဖြစ်သည်။ ထို စွန်ဖြူကြီးကြောင့် အမဲလိုက်ထွက်ရာတွင် ကွေ့ဟယ်တို့အဖွဲ့သည် ထာ့တို့အဖွဲ့ထက် သားကောင်ပိုရခဲ့ခြင်း ဖြစ်သည်။ သို့သော် ကွေ့ဟယ်သည် ထိုစွန်ဖြူကြီးအကြောင်းကို မျိုးနွယ်စုထဲတွင် သိပ်ပြောလေ့မရှိပါ။

သူတို့၂ကောင်ကတော့ ချွင်းချက်ဖြစ်သည်။

ကျန်သော ၇ကောင်ကတော့ အသင်းအဖွဲ့အနေနှင့် ပူးပေါင်းဆောင်ရွက်တတ်ရန် သင်ယူရမည်ဖြစ်သည်။

ထိုသားရဲ၇ကောင်၏နာမည်များကို ကြည့်ပြီး ရှောက်ရွှမ်လည်း သက်ပြင်းချ လိုက်ကာ တီးတိုးရေရွတ်မိသည် “ဒီ၇ကောင်ကို တည့်အောင်ဘယ်လိုလုပ်ရမလဲ”။

သူတို့၇ကောင်ကို အသင်းအဖွဲ့အနေနှင့် ပူးပေါင်းစေလိုက်သောအခါ ရှောက်ရွှမ်ထင်ထားသည်နှင့်တခြားဆီဖြစ်နေသည်။ ထိုအဖွဲ့တွင် မတူညီသော သားကောင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ခေတ်သစ်ကာလများမှ တပ်ပေါင်းစုတစ်ခုနှင့်တူနေသည်။ သူတို့သည်မျိုးစိတ်များလည်း ကွဲပြားသဖြင့် စိတ်နေသဘောထားများလည်း မတူညီပါ။

ရှောက်ရွှမ်သည် နတ်ဆေးဆရာနှင့်အချိန်အကြာကြီး ဆွေးနွေးပြီးနောက် သားရေချပ်တစ်ခုကို ယူကာပြန်သွားလေသည်။ နတ်ဆေးဆရာ

ပေးလိုက်သော ထိုသားရေချပ်သည် ဉပဒေတမျှအရေးပါလေသည်။ နတ်ဆေးဆရာရေးပေးလိုက်သော နာမည်စာရင်းတွင် ပါဝင်သော တိရစ္ဆာန်များ၏ ပိုင်ရှင်များကို အကြောင်းကြားရန် ကျောက်သားအိမ်တော်မှ ရှောက်ရွှမ်ထွက်လာခဲ့သည်။

မနေ့က ကွေ့ဟယ်၏ အမဲလိုက်အဖွဲ့ပြန်ရောက်လာသည်။ မနက်ဖြန်ဆိုလျှင် တာ့တို့အဖွဲ့ အမဲလိုက်ထွက်မည်ဖြစ်သည်။ ထို့ကြောင့် ဒီရက်တွင် နှစ်ဖွဲ့စလုံးမျိုးနွယ်စု ထဲတွင် ရှိနေကြလေသည်။ ရှောက်ရွှမ်သည် သားရဲ၇ကောင်၏ပိုင်ရှင်များကို တစ်ယောက်ချင်း လိုက်လံအကြောင်းကြားရလေသည်။

ပထမဆုံး မောင်ဆီသို့သွားသည်။

အဖွဲ့ခေါင်းဆောင်၏ အိမ်သို့သွားသောအခါ လူတစ်ယောက်မှ မရှိပါ။ အိမ်ထဲတွင်လည်း ဘာသံမှ မကြားရပါ။ထို့ကြောင့် ရှောက်ရွှမ်အော်ခေါ်လိုက်သည် “စစ်ယာ့”။

“ဗုန်း”

ကြံ့ခိုင်သော ဝက်ကတုံတစ်ကောင်သည် နံရံကို ဖောက်ထွက်ပြီး ထွက်လာသည်။

ရှောက်ရွှမ်ဘာပြောရမှန်းမသိဖြစ်သွားသည်။ နံရံတွင် ဖြစ်သွားသော အပေါက်ကြီးကို ကြည့်ရင်း ရှောက်ရွှမ်သည် မောင်ကို အကြောင်းကြားပြီးပါက ချက်ချင်းပြန်ရန် ဆုံးဖြတ်လိုက်သည်။ ထာ့တစ်ယောက်တော့ ထိုအပေါက်ကြီးကိုတွေ့လျှင် ဒေါသူပုန်ထနေတော့မည် ဖြစ်သည်။

အခုတော့ စစ်ယာ့သည် အစွယ်လေးချောင်းပေါက်နေပြီ ဖြစ်ပြီး တော်တော်လေးလည်း အရွယ်ရောက်နေပြီ။ သို့သော် အများကတော့ သူ့ကို ဝက်ကတုံးဟုသာ ခေါ်ဆိုမြဲဖြစ်သည်။

စစ်ယာ့သည် နံရံကို ဖောက်ထွက်လာပြီးနောက်တွင် မောင်သည် မျက်နှာကြီး ရှုံ့မဲ့ပြီးထွက်လာကာ ရှောက်ရွှမ်ကို လှမ်းအော်လိုက်သည် “မင်း

ဘာလို့အဲဒီကောင်ကို အော်ခေါ်ရတာလဲ”။

“ဘာဖြစ်လို့လဲ” ရှောက်ရွှမ်ကမေးသည်။

“ဒီကောင်က အခုအိပ်နေတာကွ၊အိပ်မက်တောင် မက်ရင် မက််နေဦးမယ်၊ မနက်ဖြန်ကျရင် အမဲလိုက်ထွက်ရမှာဆိုတော့ သူအရမ်းတက်ကြွနေတာ” မောင်က သူ့မျက်နှာကို ပွတ်လိုက်ရင်း ပြောသည် “ ကဲ…ငါ့ကိုဘာပြောမှာလဲ မြန်မြန်ပြော၊ ငါ့အဖေပြန်မလာခင် နံရံကို ပြန်ဖာရဉီးမယ်၊ မဟုတ်ရင် ငါအရိုက်ခံရမှာကွ”။

တောင်ပေါ်ရှိအိမ်အများစုကို ကျောက်တုံးများဖြင့်သာ ဆောက်လုပ်လေ့ရှိသည်။ စစ်ယာ့သည် ငယ်သေးသဖြင့် စိတ်ခံစားမှုကို ဉီးစားပေးတတ်သည်။ သူသည် လွယ်လွယ်စိတ်လှုပ်ရှားလေ့ရှိသည်။ သူတစ်ခါစိတ်လှုပ်ရှားတိုင်း အိမ်ထဲမှ ပစ္စည်းတစ်ခုခု ပျက်စီးရသည်။ ထို့ကြောင့် ထာ့သည် သူ့ကို အိမ်ထဲတွင် နေခွင့်မပြုပါ။ သို့သော် ထာ့အပြင်သွားလျှင် ထိုအကောင်သည် အိမ်ထဲသို့ ခိုးဝင်လာတတ်သည်။ ထို့ကြောင့် ထာ့တို့အိမ်

တံခါးပေါက်ပင် အတော်ကျယ်နေပြီ ဖြစ်သည်။

ရှောက်ရွှမ်သည် တုန့်ဆိုင်းနေခြင်းမရှိတော့ဘဲ နတ်ဆေးဆရာ၏ အမိန့်ထုတ်ပြန်ချက်ကို မောင်ကိုပေးလိုက်ပြီး “ ဖတ်ကြည့်လိုက်” ဟုပြောသည်။

ခုနတုန်းကတော့ မောင်သည် နံရံကို ပြင်ရန်စိတ်ကူးနေသည် ဖြစ်သော်လည်း

အခုနတ်ဆေးဆရာပေးလိုက်သော သားရေချပ်ကို ဖတ်ပြီးသောအခါ စိတ်လှုပ်ရှားသွားပြီး

ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် မစောင့်နိုင်လောက်အောင် ဖြစ်သွားသည်။ နတ်ဆေးဆရာ၏ထုတ်ပြန်ချက်အရ ရလာဒ်သည် စိတ်ကျေနပ်စရာကောင်းပါက နတ်ဆေးဆရာသည် ထိုသားရဲကို တံဆိပ်နှိပ်ပေးရန် ရွေးချယ်မည်ဖြစ်သည်။

၂နှစ်ကြာစောင့်ဆိုင်းပြီးနောက် သူသည်

ဒဏ္ဍာရီလာလျှို့ဝှက်နည်းလမ်း အကြောင်းကို သိရတော့မည်။ ထို့ကြောင့် သူစိတ်မလှုပ်ရှားဘဲ မနေနိုင်ပါ။

“ငါတို့ဘယ်တော့သွားရမှာလဲ” မောင်က အလျင်စလို မေးသည်။

“မနက်ဖြန်ချက်ချင်းသွားရဦးမှာ မဟုတ်ဘူးလေ ဒါပေမဲ့ နောက်အမဲလိုက်ခရီးစဉ်ကျရင် မင်းမွေးထားတဲ့ တိရစ္ဆာန်ကို ခေါ်သွားခွင်ရပြီ” ရှောက်ရွှမ်က ပြောသည်။

မောင်စိတ်ပျက်သွားသည်။ သို့သော် မကြာခင်တွင် စစ်ယာ့ကို အမဲလိုက်ထွက်ရာ တွင်ခေါ်သွားရတော့မည်။ ထို့ပြင် နောက်အမဲလိုက်ခရီးစဉ်အတွက် စွတ်ရကိုလေ့ကျင့်ပေးရန် အချိန်ရသေးသည်၊ ထို့ကြောင့် နောက်အမဲလိုက်ခရီးစဉ်သည် ပျော်စရာကောင်းလာတော့မည် ဖြစ်သည်။ နတ်ဆေးဆရာရွေးချယ်လိုက်သော သားရဲကိုးကောင်

တွင် စစ်ယာ့လည်း ပါဝင်သည် မဟုတ်ပါလား။

စိတ်လှုပ်ရှားနေသော မောင်ကို ဒီအတိုင်းထားခဲ့ပြီး ရှောက်ရွှမ်သည် တခြားလူများကို ဆက်လက်အကြောင်းကြားရန် ထွက်လာခဲ့သည်။ တောင်ပေါ်မှ လဲ့အိမ်ကထွက်လာပြီးနောက် စာရင်းထဲတွင်ပါသော မုန့်ဆီကိုထွက်လာခဲ့သည်။

မုန့်နှင့်လဲ့တို့ကို အကြောင်းကြားပြီးနောက် သူသည် တောင်အလယ်ပိုင်းတွင်နေသော မော့အာကို သွားအကြောင်းကြားသည်။

မော့အာဆီသို့ ရောက်သောအခါ ဂူအောင်းခြင်္သေ့ လျောင်သည် တံခါးဝတွင် ပျင်းရိစွာ လှဲနေပြီး မြေပြင်ပေါ်တွင် လူးလှိမ့်နေသည်။ အမဲလိုက်ထွက်ပြီးသောအခါ ထိုအကောင်သည် အစားကောင်းကောင်းစားပြီး သုံးလေးရက်လောက် အိပ်နေမည် ဖြစ်သည်။

လျောင်သည် မျိုးနွယ်စုထဲတွင် ကြီးပြင်းလာသောကြောင့် မျိုးနွယ်စုထဲမှ လူများသည် ဂူ

အောင်းခြင်္သေ့များကို မကြောက်ကြတော့ပါ။

ရှောက်ရွှမ်ကိုတွေ့သောအခါ တံခါးဝတွင် လှိမ့်ပြီး လက်သည်းများကို လျက်နေသော လျောင်သည် တံခါးကို အမြီးနှင့် တဗုတ်ဗုတ် ပုတ်နေလေသည်။

မကြာခင် မော့အာ အိပ်ရာမှ နိုးလာပြီး တံခါးလာဖွင့်ပေးသည်။ အရင်တုန်းကဆိုလျှင် မော့အာတစ်ယောက် အမဲလိုက်ခရီးစဉ်တစ်ခုက ပြန်လာလျှင်လည်း အားပြည့်လန်းဆန်းနေတတ်သည်။ အခုတော့ လျောင့်ကို ခေါ်၍ အမဲလိုက်ထွက်ရသည်မှာ သူ့အတွက် စိတ်ရောလူပါ ပင်ပန်းစေသည်။ သို့သော် သားကောင်တော့ ပိုရလေသည်။ လျောင်သည် ဆီဇာလောက် သူ့ဒေါသကို မထိန်းချုပ်တတ်သေးပါ။ ထို့ကြောင့် မော့အာသည် အလွန်ဂရုစိုက်ရသည်။

“ဘာကိစ္စရှိလို့လဲ” မော့အာသည် သမ်းဝေရင်း ဂူအောင်းခြင်္သေ့ကို တစ်ချက် ပိတ်ကန်လိုက်သည်။

မြေပြင်ပေါ်တွင် ပျင်းရိစွာ လူးလှိမ့်နေသာ ဂူအောင်းခြင်္သေ့ကို မြင်ရသော်လည်း ရှောက်ရွှမ်သည် အံ့သြမနေတော့ပါ။ ထို့နောက် နတ်ဆေးဆရာ၏ ထုတ်ပြန်ချက်ကို မော့အာကို ပေးလိုက်ပြီး မောင်ကို ပြောပြသည့်အတိုင်း ထပ်ပြောပြလိုက်သည်။

သားရေချပ်ပါ အကြောင်းအရာကို ဖတ်ပြီးနောက် မော့အာသည် စိတ်လှုပ်ရှားသွားသည်။ သူသည် ငိုက်မြည်းခြင်းအလျဉ်းမရှိတော့ပါ။ ထိုအစား အသက်ရှူသံများ ပြင်းထန်လာပြီး “ဒီအခွင့်အရေးကို ငါရအောင် ယူမယ်၊ ဂူအောင်းခြင်္သေ့ကို ငါရအောင် လေ့ကျင့်ပေးမယ်” ။

မော့အာ၏အိမ်မှ ထွက်လာသောအခါ ရှောက်ရွှမ်သည် အားယန်နှင့် အားကွမ်တို့ကို ပြောပြရန် မိုင်နှင့်ချောင်တို့အိမ်ကို ထွက်လာခဲ့သည်။ မိုင်ကိုလည်း သူ့အဖွဲ့သည် သားရဲတပ်ပေါင်းစုနှင့် ပထမဆုံးအမဲလိုက်ထွက်ရန် အလှည့်ကျကြောင်းပြောရသေးသည်။

ရှောက်ရွှမ်သည် မိုင်နှင့်ချောင်တို့နှင့် စကားပြောနေစဉ်တွင် အန်းနှင့် ကျင်းတို့သည် ခြံနောက်ဘက် မြေကွက်လပ်တွင် ရန်ဖြစ်နေကြသည်။ ထို၂ကောင်သည် သူတို့၏နာမည် များနှင့်လိုက်ဖက်မှုမရှိပါ။ အားယမ်နှင့် အားကွမ်တို့သည် သူတို့၂ကောင်ကို အားပေးနေသည်။

“အန်း..နောက်ဘက်ကနေဝင်တိုက်..လက်သည်းတွေကို ရှောင်နော်”

“အားကျင်း…ခေါင်းနဲ့ဝင်ဆောင့်လိုက်..ဟုတ်တယ်”

အန်းသည် ခွေးအနှင့်တူသော်လည်း ခွာများရှိသည်။ခြေထောက်များကို ကြည့်လျှင် အရွက်စားသတ္တဝါနှင့်တူသော်လည်း အစွယ်များကြောင့် အသားစားသတ္တဝါသာ ဖြစ်ကြောင်း သိရသည်။ တစ်ကောင်လုံးကို ခြုံကြည့်မည်ဆိုလျှင် သူသည် ဝံပုလွေရေခြုံထားသော သိုးတစ်ကောင်နှင့်တူသည်။ သို့သော် ဝံပုလွေရေက ခြေထောက်များ

ကိုတော့ ဖုံးအုပ်ထားခြင်းမရှိပါ။ နာမည်ကသာ အေးချမ်းသော်လည်း အမှန်တော့ ကြောက်မက်ဖွယ်တိရစ္ဆာန်တစ်ကောင်သာဖြစ်တော့သည်။

ရှောက်ရွှမ်သည် ကျင်းကိုတော့ အတော်လေးစားသည်။ သူ့ဦးခေါင်းသည် ထွန်ခြစ်တချောင်းလို အသုံးပြုလို့ရသည်။ ကျင်းသည် သားကောင်ကို ပြင်းထန်စွာတိုက်ခိုက်နိုင်ပြီး တစ်ခါတရံ ဦီးခေါင်ဖြင့်ဝင်ဆောင့်ခြင်းဖြင့် သားကောင်ကို သတ်ဖြတ်နိုင်သည်။ ချာချာနှင့်တော့ တော်တော်ကွဲပြားသည်။

တစ်ယောက်ပြီးတစ်ယောက် အကြောင်းကြားပြီးသောအခါ ရှောက်ရွှမ်သည် နောက်တစ်နေ့ အမဲလိုက်ထွက်ရာတွင် လိုအပ်သော ကိရိယာများကို ပြင်ဆင်ရန် အိမ်ပြန်သွားလေသည်။

လွန်ခဲ့သောနှစ်ကစတင်၍ ရှောက်ရွှမ်သည် ချာချာနှင့်အတူ အမဲလိုက်ထွက်လေ့ရှိ သည်။ ချာချာသည် စိတ်ကျေနပ်စရာကောင်းလောက်သော စွမ်းရည်များကို ပြသခဲ့သည်။ စစ်သည်

တော်များကို ဒုက္ခမပေးသော်လည်း အမိန့်မရဘဲ ဒရယ်အုပ်မှ သားကောင်ပေါက်လေးတစ်ကောင်ကို ဖမ်းလာခဲ့သည်။ နောက်ပိုင်းတွင်တော့ ဒရယ်များသည် လေထဲတွင် ငှက်တစ်ကောင်ကောင် ပျံလာသည်ကို တွေ့သည်နှင့် သတိဝီရိယဖြင့်နေကြတော့သည်။ ပထမအကြိမ်တုန်းက ဒရယ်များသည် သတိလက်လွတ်ဖြစ်နေသဖြင့် ဖမ်းယူလာနိုင်ခြင်းဖြစ်ပြီး နောက်အခေါက်များတွင် သတိဝီရိယဖြင့်နေသောကြောင့် လွယ်လွယ်ဖမ်း၍မရတော့ပါ။

ထာ့တို့အမဲလိုက်အဖွဲ့သည် ရက်၂၀ကျော်ကြာမှ ပြန်ရောက်လာသည်။ ထာ့တို့ပြန်ရောက်ရောက်ချင်းတွင်ပင် ကွေ့ဟယ်၏ အုပ်စုထွက်ခွာကြသည်။ ဒီတခေါက်တွင် တော့ လဲ့နှင့်မော့အာတို့သည် ရှောက်ရွှမ်၊မောင်၊ အားယန်၊ အားကွမ်းတို့နှင့်အတူ လေ့ကျင့်ရန် အဖွဲ့ထဲတွင် နေခဲ့ကြသည်။

ရှောက်ရွှမ်တွက်ဆထားသည့်အတိုင်းပင် သားရဲ၇ကောင်ကို အတူပူးပေါင်းဆောင်ရွက်

စေသောအခါ ကျောက်တုံးကြွက်လေး၁ကောင်ကိုပင် နေ့တစ်ဝက်ခန့်အချိန်ယူ၍ဖမ်းယူရသည်။ တော်တော်ကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုပင်။

ကံကောင်းချင်တော့ ကြောက်မက်ဖွယ်သားရဲတစ်ကောင် ဖြစ်နေသော ဆီဆာသည် သူတို့ရန်ဖြစ်နေလျှင် ရန်ပွဲကို ဖြန်ဖြေပေးနိုင်သည်။

လေ့ကျင်းရေးကွင်းဆီမှ ဟိန်းသံများကို တစ်ခါတရံ မျိုးနွယ်စုနေထိုင်ရာမှ ကြားနေရသည်။ အစတုန်းကတော့ လန့်လန့်သွားကြသော်လည်း နောက်ပိုင်းတွင်တော့ ရိုးသွားပြီး ဘယ်အကောင်ဟိန်းနေသည်ကိုပင် အတတ်ပြောနိုင်လာကြသည်။

အစပိုင်းတွင် သားရဲ၇ကောင်မှာ ကောင်းကောင်းမပူးပေါင်းနိုင်သော်လည်း သူတို့သခင်များ၏အခန်းကဏ္ဍသည် အရေးပါအရာရောက်ခဲ့သည်။

သူတို့၏လမ်းညွှန်မှုနှင့် ဆီဆာ၏ ဖိအားပေးမှုတို့ကြောင့် ငါးရက်ခန့်ကြာသောအခါ အချင်းချင်းရန်မဖြစ်ကြတော့ပါ။

ဆယ်ရက်ခန့်ကြာသောအခါ နည်းနည်းစတင် ပူးပေါင်းလာနိုင်ပြီဖြစ်သည်။ ၁၅ရက်ကြာသောအခါ ပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက်လာလေသည်။ ရက်၂၀ကြာသောအခါ သူတို့သည် ရှောက်ရွှမ်စိတ်ကျေနပ်သည်အထိ ပူးပေါင်းဆောင်ရွက်နိုင်ပြီ ဖြစ်သည်။

နတ်ဆေးဆရာသည် တစ်ကောင်ချင်းသာ အမဲလိုက်လေ့ရှိသော ထိုသားရဲ၇ကောင် ထိုမျှပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မမျှော်လင့်ထားပါ။ ထိုသားရဲများ၏ စိတ်ကိုစမ်းသပ်ရန်လည်း နတ်ဆေးဆရာက ပြင်ဆင်ထားသည်။ သူတို့သည် စမ်းသပ်မှုကာလတလျှောက် အမိန့်ကိုနာခံပြီး မျိုးနွယ်စုထံ ဘေးကင်းစွာပြန်လာနိုင်ပါက နတ်ဆေးဆရာသည် ချက်ချင်းပင် လျှို့ဝှက်နည်းလမ်းနှင့် တံဆိပ်နှိပ်ပေးမည်ဖြစ်သည်။

အမဲလိုက်အဖွဲ့ အမဲလိုက်ရန် ထွက်လာသည့်အခါ ကင်းစောင့်ကျသူများမှ လွဲ၍ ကျန်သူအားလုံးသည် အောင်မြင်ခြင်းလမ်းမ၏ဘေးတစ်ဖက်တစ်ချက်သို့လာကာ ထိုသားရဲများကို ကြည့်ရှုကြလေတော့သည်။

ယခုအမဲလိုက်ထွက်မည့် အမဲလိုက်အဖွဲ့တွင် အာရုံစိုက်စရာ သားရဲများပါနေသောကြောင့် မျိုးနွယ်စုထဲမှ လူများ ပွက်လောရိုက်သွားသည်။

လွန်ခဲ့သောနှစ်များက သတိဝီရိယနှင့် စောင့်ကြည့်ခဲ့ရသော သားရဲများသည် ယခုသူတို့နှင့်အတူ အမဲလိုက်ထွက်မည်ဆိုတော့ မိုင်စိတ်ညစ်သွားသည်။ သူ့နောက်တွင် အားကွမ်းမွေးထားသော ငှက်ကုလားအုပ်ရပ်နေသဖြင့် လန်ကာ့ လည်ပင်းတချက်တွန့် သွားသည်။ သူသည် သူ့လည်ပင်းကို ငှက်ကုလားအုတ်၏ နှုတ်သီးနှင့် ပေါက်မိမှာ စိုးရိမ်နေသည်။

နတ်ဆေးဆရာသည် တောင်ထိပ်တွင် ရပ်နေပြီး အမဲလိုက်အဖွဲ့တောင်အောက်ဆင်းသွားသည်

ကို ကြည့်နေလေသည်။ထို့နောက် အမဲလိုက်အဖွဲ့မှ စစ်သည်တော်တိုင်း ဘေးကင်းစွာပြန်လာနိုင်ရန် မီးပုံကြီးရှေ့တွင် အရိုအသေပြုရင်း ဘိုးဘေးများထံတွင် ဆုတောင်းနေလေသည်။

မျိုးနွယ်စုထဲမှ လူများပထမဆုံးစမွေးသောသားကောင်ပေါက် အရေအတွက်မှာ အနည်းဆုံးတစ်ရာခန့်ရှိမည် ဖြစ်သည်။ အခုတော့ အနည်းငယ်သာ ကျန်တော့သည်ဖြစ်ကာ ၇ကောင်သာ ရွေးချယ်ခံရလေသည်။ ထိုသို့ရွေးချယ်ရခြင်းမှာ လွယ်သော အလုပ်မဟုတ်ပါ။

ဘိုးဘေးများမွေးခဲ့သော အမဲလိုက်တိရစ္ဆာန်များထက် သာလွန်သည်ဟု နတ်ဆေးဆရာထင်သော်လည်း သူတို့သည် အရမ်းကြီးသာလွန်ကောင်းမွန်နေခြင်းတော့ မဟုတ်ပါ။

All Chapters