← Chapters

တံဆိပ်နှိပ်ခြင်း

Vol. 9 Ch. 128

တံဆိပ်နှိပ်ခြင်း

Vol. 9 Ch. 128

နေရောင်တဖြည်ဖြည်းပျောက်ကွယ်သွားကာ တောအုပ်အပေါ်ကောင်းကင်တွင် လနှစ်စင်းထွက်ပေါ်လာသည်။

ငှက်အများစုမှာ အိပ်တန်းတက်သွားပြီဖြစ်သလို တချို့ညသတ္တဝါများ စတင်လှုပ်ရှားကြပြီဖြစ်သည်။

ရှောက်ရွှမ်တက်နေသော သစ်ကိုင်းကြီးပေါ်တွင် ငှက်သိုက်များစွာရှိသော်လည်း သူသည် ငှက်များကို ဒုက္ခမပေးပါ။

ငှက်များသည် အကောင်သိပ်မကြီးသော်လည်း ဆွဲဆောင်မှုရှိလေသည်။ သို့သော် အန္တာရာယ်ရှိသော သတ္တဝါများပင်ဖြစ်သည်။ သေလုဆဲဆဲ

သို့မဟုတ် သေခါနီး သတ္တဝါများကို အုပ်စုလိုက် အမဲလိုက်လေ့ရှိသည်။

ငှက်များတစ်ကောင်နှင့်တစ်ကောင်တိုက်ခိုက်ခြင်းကြောင့် ငှက်တစ်ကောင်သည် ရှောက်ရွှမ်မတ်တပ်ရပ်နေရာ သစ်ကိုင်းကြီးပေါ်သို့ ပြုတ်ကျလာသည်။

ဒီဘက်ကို လှည့်လိုက်ပြီး အတောင်ပံများကို ခါရင်း

ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်သည်။

ညအချိန်တွင် ၄င်း၏ အမြင်အာရုံမှာ အားနည်းသော်လည်း အနံ့ခံအာရုံကောင်းသောကြောင့် ဆီဇာ၏သွေးနံ့ကို ရနေသည်။ ဆီဆာအားနည်းနေသည်ကိုလည်း ထိုငှက်က သိနေသည်။

ထိုငှက်သည် အသိုက်သို့ ပြန်ရန်စိတ်ကူးနေသော်လည်း နောက်ပိုင်းတွင် စိတ်ပြောင်းသွားကာ

ဆီဆာဆီသို့ တဟုန်ထိုးပြေးဝင်လာတော့သည်။ ပါးစပ်ကိုဟထားသောကြောင့် မာကြောသောသွားများကို မြင်နေရသည်။ ၄င်း၏ လွှာသွားနှင့်တူသော နှုတ်သီးက အသားစများကို တကိုက်ထဲနှင့် ဆွဲဖဲ့စေနိုင်သည်။

ထိုငှက်သည် ဆီဆာဆီ ပျံလာသည်ကို မြင်ရသောအခါ ရှောက်ရွှမ်သည် ရှေ့သို့ လျင်မြန်စွာတက်လာပြီး ညာဘက်လက်တွင်ကိုင်ထားသော ဓါးဖြင့် လျင်မြန်စွာ ထိုးချလိုက်တော့သည်။

ထိုငှက်သည် သွေးနံ့များကြောင့် အပျော်လွန်နေသဖြင့် ရှောက်ရွှမ်ကို သတိမပြုမိပေ။ ဓါးကိုတွေ့မှ သေဘေးနှင့်နီးနေသည်ကို သိလိုက်သည်။

ခဏအကြာတွင် ထိုငှက်သည် ရှောက်ရွှမ်၏ဓါးချက်အောက်တွင် အသက်ပျောက်သွားရတော့သည်။

ရှောက်ရွှမ်သည် ထိုငှက်ကို ကြည့်မနေတော့ဘဲ ဓါးတန်းလန်းဖြစ်နေသော ငှက်ကို ပင်စည်သို့

လွှတ်ပစ်လိုက်သည်။

ထိုသစ်ပင်ပင်စည်တွင် အစိမ်းရောင်အလင်းတန်းများထွက်နေသော သစ်ခေါင်းပေါက်တစ်ခုကို တွေ့လိုက်ရသည်။

ရှောက်ရွှမ်သည် ထိုပင်စည်သို့ ငှက်ကို ပစ်ပေါက်လိုက်သောအခါ သစ်ခေါင်းပေါက်ထဲမှ ပါးစပ်များပေါ်ထွက်လာပြီး ငှက်ကိုမျိုချလိုက်သည်။ ထို့နောက် သစ်ခေါင်းပေါက်ထဲသို့ ပြန်ဝင်သွားလေတော့သည်။ အစိမ်းရောင်အလင်းတန်းက ညဘက်တွင်ထွက်သော ပိုးမွှားများကို ဆွဲဆောင်ကာ ပိုးမွှားများရောက်လာလျှင် ပါးစပ်များဟကာ မျိုချလိုက်ပြန်သည်။

ကြည့်ရသည်မှာ သစ်ပင်တွင်နေသော သစ်ပင်ပိုးမွှားတစ်မျိုးမျိုးဖြစ်မည်ထင်သည်။ နေ့အချိန်တွင် တခြား ပိုးမွှားများနှင့် အတူတူပင်ဖြစ်သော်လည်း ညအချိန်တွင် သားကောင်ကို ဆွဲဆောင်ရန် အလင်းရောင်များကို ထုတ်လွှတ်သည်။

သစ်ပင်ပေါ်မှ ငှက်များမှာ ဆီဆာကို အာသာငမ်းငမ်းကြည့်နေကြလေသည်။ ဆီဆာသာတစ်ကောင်တည်းဆိုပါက သူ့ကိုဝိုင်းစားပစ်ကြမည်ဖြစ်သည်။ မိနစ်ပိုင်းအတွင်း အရိုးအသားရှာမရဖြစ်သွားနိုင်သည်။ ထိုငှက်များသည် ညအချိန်တွင် လှုပ်ရှားလေ့မရှိသော်လည်း သားကောင်တွေ့လျှင်တော့ ဖမ်းမည်သာဖြစ်သည်။ အားနည်းနေသော သားကောင်ကိုတွေ့လျှင် လက်လွတ်ခံမည်မဟုတ်ပေ။

ရှောက်ရွှမ်သည် မအိပ်ရဲပေ။ ညနေစောင်းအချိန်လောက်သာ သူတို့အတွက်စိတ်ချရသည်ဖြစ်သည်။ သစ်ပင်ပေါ်တွင်လည်း အန္တရာယ်များရှိသည့်အတွက် သူသည်သတိဝီရိယနှင့်နေနေရသည်။

ရှောက်ရွှမ်သည် ထမ်းစင်လုပ်ရန် ဂုန်လျော်ကြိုးများကို ရှာစဥ်တုန်းက ဆီဆာကို ကုသပေးရန် သစ်မြစ်တချို့ကို ရှာတွေ့ခဲ့သော်လည်း ထင်သလောက် အသုံးမဝင်ပါ။ အချိန်တွေကုန်ဆုံးလာ

သည်နှင့်အညီ ဆီဆာ၏ အခြေအနေမှာ ပိုပိုဆိုးလာသည်။

မည်သို့ပင်ဆိုစေကာမူ ဆီဆာသည် မျိုးနွယ်စုစစ်သည်တစ်ယောက်မဟုတ်ပေ။ သူ့တွင် မျိုးနွယ်စုစစ်သည်တစ်ယောက်၏ ခံနိုင်ရည်မျိုးရှိနေပါက သူသည် အချိန်အတော်ကြာတောင့်ခံနေနိုင်မည်ဖြစ်သည်။ မျိုးနွယ်စုစစ်သည်များတွင် ပြန်လည်ကုစားနိုင်သော စွမ်းရည်ရှိသည်။ ထို့ကြောင့် သူတို့ဒဏ်ရာရလာပါက အချိန်ကြာကြာတောင့်ခံနိုင်သဖြင့် သူတို့ကို မျိုးနွယ်စုဆီ ပြန်ခေါ်လာလို့ရသည်။

သို့သော် ဆီဆာသည် သာမန်ဝံပုလွေတစ်ကောင်သာဖြစ်သည်။ သူ၏ပင်ကိုယ်သဘာဝ အခြေအနေအရ အချိန်တိုအတွင်း ကြံ့ခိုင်သန်စွမ်းသော သားရဲတစ်ကောင်ဖြစ်မလာနိုင်ပါ။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွင်လည်း သူသည်ဝံပုလွေအုပ်အသစ်မှ ဝံပုလွေများလောက် တောင့်တင်းကြံ့ခိုင်မှုမရှိပါချေ။

သူ၏ဒဏ်ရာကို ပြန်လည်ကုစားနိုင်စွမ်းသည် အကန့်အသတ်ရှိသည်။ ထိုအရာကို ရှောက်ရွှမ်လည်း ပြောင်းလဲမပေးနိုင်ပါ။

ထိုအချက်ကိုတွေးမိသောအခါ ရှောက်ရွှမ်သည် စိတ်မကောင်းစွာဖြင့် သက်ပြင်းချမိသည်။ သူသည်ဒီဘက်ကမ္ဘာကိုရောက်လာကတည်းက ဆီဆာကို မွေးမြူခဲ့ခြင်းမဟုတ်ပါလား။ သူတို့ရင်းနှီးခဲ့သည့်အချိန်၂နှစ်ကျော်ကြာခဲ့လေပြီ။

ရုတ်တရက် ရှောက်ရွှမ်ခေါင်းထဲ အကြံတစ်ခုပေါ်လာသည်။

ဒဏ်ရာကို ပြန်ကုစားနိုင်သောစွမ်းရည်..။

ဟုတ်သည်...ဒဏ်ရာကို ပြန်ကုစားနိုင်သောစွမ်းရည်။

ဆီဆာသည် သာမန်တိရစ္ဆာန်တစ်ကောင်အဖြစ်မှ ကြောက်မက်ဖွယ်သားရဲတစ်ကောင် ဖြစ်လာမည်ဆိုလျှင် ဆီဆာ၏ ဒဏ်ရာကို ပြန်ကုစားနိုင်

စွမ်းက ပိုတိုးတက်သွားမည်ဖြစ်သည်။ ကြောက်မက်ဖွယ်သားရဲတစ်ကောင် မဖြစ်လာလျှင်တောင် ဒဏ်ရာပြန်ကုစားနိုင်စွမ်းတိုးတက်လာကာ နည်းနည်းလောက် အသက်ပိုရှင်လာနိုင်မည်ဖြစ်သည်။

အချိန်တိုအတွင်း ဆီဆာကို ကြောက်မက်ဖွယ်သားရဲ ဖြစ်လာနိုင်စေသည့်နည်းမှာ ရှေးဟောင်းပညာကျမ်းတွင်ပါဝင်သည့် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာရေးထွင်းနည်းနှင့် တံဆိပ်နှိပ်ခြင်းဖြစ်သည်။

ရှေးအဆိုအရ လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာရေးထွင်းနည်းနှင့် တံဆိပ်နှိပ်ခြင်းအတွက် တိကျသော လိုအပ်ချက်များရှိသည်။ ဆီဆာသည် တချို့လိုအပ်ချက်များနှင့်ပြည့်စုံသည်။ ပထမအချက်အနေနှင့် သူသည် အမဲလိုက်အဖွဲ့ကို အဖော်ပြုနိုင်သည်။ ဒုတိယအချက်အနေနှင့် သူသည် သစ္စာရှိသည်။ ဆီဆာသည် ဘိုးဘေးများ သတ်မှတ်ခဲ့သော လိုအပ်ချက်အားလုံးနှင့် မကိုက်ညီသော်လည်း ရှောက်ရွှမ်သည် ကြိုးစားကြည့်

ရန် ဆုံးဖြတ်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာရေးထွင်းနည်းနှင့် တံဆိပ်နှိပ်ခြင်းမှာ အလုပ်ဖြစ်မဖြစ် ရှောက်ရွှမ်လည်း မသေချာပါ။ ထို့ကြောင့် အရင်တုန်းက သူသည် ဆီဆာကို မစမ်းသပ်ခဲ့ခြင်းဖြစ်သည်။ အခုတော့ သူ့တွင် ရွေးချယ်ခွင့်မရှိတော့ပါ။

ကြိုးစားကြည့်ပါက အောင်မြင်ချင်လည်း အောင်မြင်မည်၊ အောင်မြင်ချင််မှလည်း အောင်မြင်မည်ဖြစ်သည်။

သူမအောင်မြင်ခဲ့ပါက ဆီဆာသည် မနက်ဖြန်မနက်နေထွက်သည်ကို မြင်ရတော့မည် မဟုတ်ပါ။ အောင်မြင်သွားပါက ဆီဆာအသက်ရှင်မည် ဖြစ်သည်။

မကြိုးစားကြည့်ပါကလည်း ဆီဆာသည် သေဆုံးမည်သာ ဖြစ်သည်။

“သားလေး..”ရှောက်ရွှမ်သည် ဆီဆာခေါင်းလေးကို ပုတ်ရင်း ပြောသည်” မင်းကို ကယ်တင်နိုင်မယ့်နည်းလမ်းတစ်ခုတော့တွေ့ထားတယ်..အောင်မြင်သွားမယ်ဆိုရင် စွမ်းအားပိုကြီးတဲ့ သားရဲတစ်ကောင်ဖြစ်လာလိမ့်မယ်..မအောင်မြင်ရင်တော့ မင်း ဒီကမ္ဘာကြီးကို နှုတ်ဆက်ရလိမ့်မယ်”

ဆီဆာသည် မျက်လုံးများ ဖွင့်ရင်း ရှောက်ရွှမ်၏လက်ကို နှုတ်သီးဖြင့် ပွတ်ရန် ကြိုးစားသော်လည်း အားအလွန်နည်းနေသဖြင့် ရှောက်ရွှမ်ကို ကြည့်ရုံသာ ကြည့်နေနိုင်သည်။

ညနေခင်းလေပြည်တွင် သစ်ကိုင်းများလှုပ်ရမ်းနေသည်။

သစ်ရွက်များကို ဖြတ်သန်းလာသော လရောင်မှိန်ပျပျလေးက ဆီဇာ့မျက်လုံးများကို ရောင်ပြန်ဟပ်နေသည်။ လ၏အလင်းရောင်ကြောင့် ဝံပုလွေ၏ မျက်လုံးများမှာ တောက်ပနေသော မီးပွင့်များကဲ့သို့ ကြောက်စရာကောင်းနေသည်။ တောထဲတွင်တော့ တိရစ္ဆာန်အများစု၏ မျက်လုံးများမှာ

ထိုကဲ့သို့ပင် ဖြစ်သည်။

ရှောက်ရွှမ်ကတော့ မကြောက်ဘဲ ဆီဇာ့ခေါင်းလေးကို ပွတ်ပေးနေသည်။

“မင်းသဘောတူလိုက်တာ ကောင်းတယ်..လောင်ခဲ့ကလည်း အိမ်မှာမင်းကို စောင့်နေတယ်..မျိုးနွယ်စုထဲက သားပေါက်လေးတွေကလည်း မင်းပြန်အလာကို စောင့်နေတယ်..မင်းမရှိရင် သူတို့ချက်အစားခံရလိမ့်မယ်..မင်းတို့်မျိုးနွယ်ဝံပုလွေတွေကို သတ်သွားတဲ့ ဝံပုလွေတွေလည်း အသက်ရှင်နေသေးတယ်..မင်းသူတို့ကို လက်စားမချေချင်ဘူးလား”

လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာရေးထွင်းနည်းနှင့် တံဆိပ်နှိပ်ခြင်းမှာ တံဆိပ်နှိပ်ပေးသူရော ၊ တံဆိပ်နှိပ်ခံမည့်သူရော ၂ယောက်လုံး၏ စိတ်ဆန္ဒပေါ်တွင် မူတည်သည်။ တံဆိပ်နှိပ်ခံမည့်သူသည် စိတ်အားထက်သန်ပါက အောင်မြင်နိုင်ချေပိုများသည်။ ထိုသို့မဟုတ်ပါက မအောင်မြင်ရန် ပိုနီးစပ်သည်။ အောင်မြင်သွားသည် ဆိုလျှင်

တောင် အမိန့်မနာခံတတ်သော သားရဲတစ်ကောင်ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ဘိုးဘေးများက သစ္စာရှိသော သားရဲကိုရွေးချယ်ခြင်းဖြစ်သည်။

ဆီဆာ၏လက်ရှိအခြေအနေသည် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာရေးထွင်းနည်းနှင့် တံဆိပ်နှိပ်ရန်မသင့်တော်ပါ။ ထို့ကြောင့် အောင်မြင်ရန် ရှောက်ရွှမ်၏ ဆန္ဒပြင်းပျထက်သန်နေရန်လိုအပ်သည်။

သေရေးရှင်ရေးအခြေအနေတွင် ဖြစ်လာနိုင်ခြေကို ခန့်မှန်း၍မရပါ။ ထို့ကြောင့် ဆိုရိုးစကားပင်ရှိသေးသည် သေရေးရှင်ရေး အခြေအနေကို တိုက်ခိုက်ပြီး ပြာပုံထဲမှ ပြန်လည် နိုးထလာနိုင်သည်ဟူသောစကားပင်။

ဆီဆာကို စကားခဏပြောပြီးသောအခါ ရှောက်ရွှမ်သည်တုန့်ဆိုင်းမနေတော့ဘဲ လုပ်စရာရှိသည်တို့ကို လုပ်တော့သည်။ သူသည် ဆီဆာ သတိရှိနေတုန်းလုပ်စရာရှိသည်တို့ကို စလုပ်သင့်သည်မဟုတ်ပါလား။

တခြားသားရဲများဝင်မလာနိုင်ရန် ဂုန်လျော်ပင်များနှင့် ခြံစည်းရိုးတစ်ခု ပြုလုပ်သည်။

လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာရေးထွင်းနည်းနှင့် တံဆိပ်နှိပ်ခြင်းလုပ်ငန်းမှာ မည်သို့အဆုံးသတ်မည် ရှောက်ရွှမ်မသိပါ။ သို့သော် အခုလိုအခြေအနေတွင် သူစွန့်စားပြီး ကြိုးစားကြည့်ချင်သေးသည်။

ရှောက်ရွှမ်သည် ကျောက်သားဓါးမြောင်ကို ဘယ်ဘက်လက်နှင့်ကိုင်ထားလိုက်ပြီး ညာဘက်လက်ကိုမြှောက်လျက် ဆီဆာရှေ့တွင် ထိုင်ချလိုက်သည်။

ရှေးဟောင်းပညာကျမ်းများထဲတွင် ပါဝင်သော နည်းလမ်းများကို ပြန်စဥ်းစားပြီးနောက်သူလေ့ကျင့်ထားသည့်အတိုင်း ရှောက်ရွှမ်သည် သူ့ကိုယ်ထဲမှ ပညာဆက်ခံနိုင်မှုစွမ်းရည်ကို နိုးထစေလိုက်သည်။

သူ၏အသိစိတ်ထဲတွင် နတ်မီးတောက်အောက်ခြေမှနေ၍ ချို၂ချောင်းထိ အပြာရောင်မီးတောက်က တဖြည်းဖြည်းမြင့်တက်လာသည်။ ထိုနေရာမှ အပြာရောင်အမျှင်တန်းတစ်ခုထွက်လာသည်။

ထိုအချိန်မှာပင် ရှောက်ရွှမ်၏ညာလက်ဖဝါးအောက်မှ အပြာရောင် အမျှင်တန်းများသည် ဦးချို၂ဖက်အဖြစ်သို့ပြောင်းလဲသွားသည်။ ဦးချိုများသည် နှစ်ဖက်မြင်ပုံရိပ်မဟုတ်ဘဲ သုံးဖက်မြင် နတ်ရုပ်သဏ္ဍာန်ဖြစ်နေသည်။ မျိုးနွယ်စုနေထိုင်ရာနေရာမှ မီးပုံလောက်မကြီးမားဘဲ အခွံမာသီး အရွယ်အစားလောက်သာရှိလေသည်။

ဦးချို၂ဖက်သည် တဖြည်းဖြည်း ပုံပေါ်လာသည်။ ကောင်းမွန်စွာပုံပေါ်လာသောအခါ အပြာရောင်မီးတောက်များက ဦးချို၂ဖက်ကို ဖုံးလွှမ်းသွားသည်။ ထို့နောက် အနီရောင် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

ထိုအဆင့်တွင် ရှောက်ရွှမ်သည် မပေါ့ဆရဲပါ။ တစ်ခုခုမှားသွားသည်နှင့် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာရေးထွင်းနည်းနှင့် တံဆိပ်နှိပ်ခြင်းလုပ်ငန်းပျက်သွားမည်ဖြစ်ပြီး နတ်ရုပ်ပုံရိပ်မှာလည်း တစစီ ဖြစ်သွားမည်ဖြစ်သည်။ အနီရောင်မီးတောက်ပေါ်ထွက်လာပြီး တည်ငြိမ်သွားသောအခါ ရှောက်ရွှမ်သည် အနည်းငယ် စိတ်သက်သာရာရသွားသည်။ ပညာဆက်ခံနိုင်မှုစွမ်းရည်နှင့် နတ်ရုပ်ပုံရိပ်ဖော်ခြင်းအဆင့် အောင်မြင်သွားသည်ကို ပြသခြင်းဖြစ်သည်။ သို့သော် ထိုအဆင့်မှာ ပထမအဆင့်သာရှိသေးသည်။

စာရေးထွင်းခြင်း ပြီးဆုံးသောအခါ တံဆိပ်နှိပ်ခြင်းအဆင့်ကို စတင်လုပ်ကိုင်လေသည်။

နတ်ရုပ်တွငိ အောင်မြင်စွာ စာရေးထိုးပြီးသောအခါ ရှောက်ရွှမ်သည် သူ့လက်ဖဝါးဖြင့် ဆီဆာ နဖူးပေါ်တွင် တံဆိပ်နှိပ်လိုက်လေသည်။

ရှောက်ရွှမ်လက်လှုပ်လိုက်သည့်အခါ နတ်ရုပ်

လည်း လှုပ်ရှားသွားလေသည်။ ဆီဆာကို ထိလိုက်သောအခါ ဆီဆာ၏ကိုယ်ပေါ်တွင် ချက်ခြင်း တံဆိပ်ပေါ်မလာပါ။ သူ၏လက်ထဲတွင် တွန်းကန်အားဖြစ်ပေါ်နေသော်လည်း စိတ်မပူပါ။ ရှေးဟောင်းပညာကျမ်းထဲတွင်လည်း တံဆိပ်နှိပ်ခြင်းလုပ်ငန်းစဥ်တွင် တွန်းကန်မှုများရှိလိမ့်မည်ဟုဆိုထားသည်။ ထို့ပြင် ဆီဆာသည် မျိုးနွယ်စုဝင်တစ်ယောက်မဟုတ်သလို လူသားတစ်ယောက်လည်း မဟုတ်ပါ။

ထို့ကြောင့် တွန်းကန်မှုများ ဖြစ်ပေါ်သည်မှာ သဘာဝကျသည်။

ရပ်ဆိုင်းခြင်းမရှိဘဲ ရှောက်ရွှမ်သည် တံဆိပ်နှိပ်ခြင်းကို ဖြည်းညှင်းစွာ ဆက်လက်လုပ်ကိုင်နေသည်။ သူသည် တံဆိပ်နှိပ်ခြင်းကို မနှေးမမြန်ဆောင်ရွက်နေသည်။ရှေးဟောင်းပညာကျမ်းထဲတွင် မပါသဖြင့် အမြန်နှုန်းကိုတော့ သူ၏ ထိုးထွင်းသိစိတ်ဖြင့်ထိန်းချုပ်နေရသည်။

ရှောက်ရွှမ်၏လက်ဝါး၂ဖက်ဖြင့် ဖိနှိပ်လိုက်

သောအခါ ဦးချိုနှစ်ဖက်နှင့် နတ်ရုပ်သည် ဆီဇာ့ခေါင်းပေါ်တွင် တံဆိပ်နှိပ်ပြီးဖြစ်သွားသည်။

သူ၏လက်ဝါး ဖြင့် ဆီဆာကို ဖိနှိပ်ထားရင်း ရှောက်ရွှမ်သည် တံဆိပ်နှိပ်ခြင်းလုပ်ငန်းကို အပြီးသတ်လိုက်သည်။ တံဆိပ်နှိပ်ခြင်းလုပ်ငန်းပြီးသွားသော်လည်း သူ့လက်ကို ချက်ခြင်း ပြန်မရုတ်သိမ်းသေးပါ။ နတ်ရုပ်စွမ်းအင် ဆီဆာကိုယ်ထဲ စီးဝင်စေရန် သူ့လက်ဖြင့် ထိန်းချုပ်ပေးနေသည်။

ဆီဆာသည် သတိမေ့မြောခြင်းမရှိဘဲ နိုးထလာသော စွမ်းအင်ကို သူ့ကိုယ်ထဲ စီးဆင်းစေရန် ရှောက်ရွှမ်ညွှန်ပြသည့်အတိုင်း လိုက်လုပ်နေသည်။

သူသည် ထိုစွမ်းအင်ကိုသိသည်။ ဆောင်းတွင်းတိုင်းပြုလုပ်သော ရိုးရာအခမ်းအနားတိုင်းတွင် ထိုစွမ်းအင်ကို သူခံစားဖူးနေသည် မဟုတ်ပါလား။ သူသည်ထိုစွမ်းအင်ကို နှစ်ကြိမ်ခန့် ကြောက်ရွံ့စွာ ရှောင်ရှားဖူးသည်။ အခုတော့ သူထိုစွမ်းအင်နှင့် ရင်းနှီးသွားပြီဖြစ်သည်။

ဆီဆာ၏ အသိစိတ်ပြန်လွှမ်းမိုးလာသည့်အခါ ရှောက်ရွှမ်သည် သူ့လက်ကို ဖယ်လိုက်သည်။

သူ့နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သားရဲတစ်ကောင်ကောင်သာ သူတို့ကို တိုက်ခိုက်မည်ဆိုပါက ခုလိုအခြေအနေတွင် ခုခံနိုင်မည်မဟုတ်ပါ။ မည်သည့်သားရဲမှ မရှိခြင်းက သူတို့ ကံကောင်းခြင်းပင်။

သစ်ကိုင်းကြီးပေါ်တွင် လှဲနေသော ဆီဆာကိုကြည့်ရင်း ရှောက်ရွှမ်သည် သူ့လုပ်နိုင်စွမ်းမှာထိုမျှသာဆိုသည်ကို သိလိုက်သည်။ ကျန်သည့်အပိုင်းက ဆီဆာအပေါ်တွင် မူတည်နေပြီ ဖြစ်သည်။ သူသည် ထိုစွမ်းအင်ကို လက်ခံနိုင်ပြီး ထိန်းချုပ်နိုင်လိုက်ပါက အောင်မြင်သွားမည်ဖြစ်သည်။ မအောင်မြင်ပါက ပြင်းထန်သောဒဏ်ရာများကြောင့် သေဆုံးသွားတော့မည် ဖြစ်သည်။

ရှောက်ရွှမ်သည် ဆီဆာ၏ ခန္ဓာကိုယ် ပြင်းထန်

စွာ တုန်လှုပ်နေသည်ကို တွေ့ရသည်။ အကြောများပင်ဆွဲနေတော့သည်။

“ဝေါ့”

ဆီဆာသည် သွေးများအန်ထုတ်လိုက်ပြီး ရှောက်ရွှမ်တစ်ကိုယ်လုံး သွေးများပေကျံကုန်သည်။

“ဂျွတ် ...ဂျွတ်”

ကျွတ်ဆပ်သော အရိုးတို့၏ ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံနှင့်အတူ ဆီဆာသည် သူ့အရိုးများကို အားယူ၍ ကုန်းထလာသည်။ သူ့အမွှေးများသည် အရိုးများနှင့် ဆက်သွားသယောင်ဖြစ်သွားသဖြင့် ဆီဆာသည် အလွန်ပိန်သွားသလိုဖြစ်သွားသည်။

ဘာတွေဖြစ်ကုန်သနည်း။

ရှောက်ရွှမ်သည် တုန်လှုပ်စွာ ထိုအပြောင်းအလဲကို ကြည့်နေသည်။

ထိုကဲ့သို့အပြောင်းအလဲမျိုးကို ရှေးဟောင်းပညာကျမ်းထဲတွင် မဖော်ပြထားပေ။ ရှေးဟောင်းပညာကျမ်းထဲတွင် ဖော်ပြထားသည်က နတ်ရုပ်နှင့် အမဲလိုက်ခွေးပေါင်းစပ်ပြီးသွားသောအခါ အမဲလိုက်ခွေးသည် သူ၏ မျိုးနွယ်တူများထက် သန်စွမ်းသော သားရဲတစ်ကောင်ဖြစ်သွားမည်ဟု ဖော်ပြထားပြီး အချိန်တိုအတွင်း ကြောက်မက်ဖွယ်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်သည်ဟု ဆိုသည်။

အချိန်တိုအတွင်းဆိုသည်မှာ မိနစ်အနည်းငယ် စက္ကန့်အနည်းငယ်ကို ပြောခြင်းမဟုတ် တစ်ပတ် ဆယ်ရက်လောက်ကို ပြောခြင်းဖြစ်သည်။

အခုတော့ တံဆိပ်နှိပ်ခြင်းလုပ်ငန်းပြီးဆုံးသည့်ခဏအတွင်းမှာပင် ဆီဆာသည် စတင်ပြောင်းလဲလာပြီဖြစ်သည်။

အသေးစိတ်မှတ်တမ်းတင်ထားခြင်းများမရှိသဖြင့် ဆီဇာသည် ဘိုးဘေးများပြောသလို ပြောင်းလဲမလား ရှောက်ရွှမ် မသိပါ။

ရှောက်ရွှမ်သည် ဆီဆာ၏အခြေအနေကို စောင့်ကြည့်နေသည်။ ကျိုးနေသော အရိုးများ ပြန်ဆက်သွားပြီး အကောင်မှာ ပိုကြီးထွားလာသည်။ ပြင်းထန်သောဒဏ်ရာကြီး၂ခုမှာလည်း သွေးတိတ်သွားသည်။ ဒဏ်ရာတစ်ခုဆိုလျှင် အရိုးပေါ်သည်အထိ ကိုက်ခံထားရခြင်းဖြစ်သည်။ ဆီဆာ၏ အသက်ရှင်သန်နိုင်မှု ပိုအားကောင်းလာသည်ကို ရှောက်ရွှမ်ခံစားမိသည်။ အသက်ရှင်သန်နိုင်မှု စွမ်းရည်ပြောင်းလဲလာမှုသည် ခန္ဓာကိုယ်ပြောင်းလဲလာမှုလောက် သိသာထင်ရှားခြင်းမရှိပါ။ သို့သော် ထိုအပြောင်းအလဲသည် ဆီဆာအခြေအနေကောင်းလာသည့် လက္ခဏာပင် ဖြစ်သည်။

ရှောက်ရွှမ်နှင့်ဆီဆာကို တိုက်ခိုက်ရန်ချောင်းနေသော ငှက်များသည် အသိုက်ထဲ ပြန်ဝင်သွားလေသည်။ အောက်ကိုပင်ငုံ့မကြည့်တော့ဘဲ ငှက်ပေါက်စလေးများကဲ့သို့နူးညံ့သိမ်မွေ့သွားကြသည်။

သစ်ခေါင်းပေါက်အတွင်းမှ အစိမ်းရောင်အလင်းတန်းများကို ထုတ်လွှတ်နေသော သစ်ပင်ပိုးမွှားများမှာ အထဲကို ပိုတိုးဝင်သွားပြီး အလင်းရောင်မှာလည်း ဖျော့တော့သွားလေတော့သည်။

All Chapters