အခန်း (၄၂၇-၄၂၉)
Vol. 29 Ch. 427-429
အခန်း (၄၂၇) ရွှေကောက်ပဲသီးနှံများ ရိတ်သိမ်းခြင်း
ရက်များကုန်လွန်သွားသည်။ ရွှေကောက်ပဲသီးနှံများ တဖြည်းဖြည်း ရင့်မှည့်လာသည်နှင့်အမျှ၊ တောထဲတွင် ထူးထူးဆန်းဆန်းများ ဖြစ်ပေါ်နေပါသည်။ ဘဲများသည တစ်စုံတရာကို ကြောက်ရွံ့နေကြပြီး၊ အကာအကွယ်ရရန် ရွာနားတွင်သာ ကျက်စားနေကြပါသည်။
ကင်းအဖွဲ့ဝင်အင်အားကိုလည်း တိုးမြှင့်ထားပါသည်။ တောအုပ်ထဲတွင် ကြွက်ရိုင်းများစွာ ပေါ်ပေါက်လာသဖြင့် ကင်းအင်အားတိုးမြှင့်ထားရခြင်း ဖြစ်ပါသည်။ နေရာအနှံ့တွင် ကြွက်ကြီး၊ကြွက်ငယ်များသည် တွင်းများကို တူးနေကြပါသည်။
ကြွက်ရိုင်းများသာမက၊ ကောင်းကင်တွင် ငှက်များပါရောက်ရှိလာကြပါသည်။ ရွှေ
ကောက်ပဲသီးနှံရှိသည့်နေရာနားတွင် ငှက်များ ရောက်ရှိနေကြသည်။ ကျန်းလောက ငှက်များကို ပစ်ချရန် လေးသည်တော်များကို ရှောက်ရွှမ်၏ အိမ်သို့စေလွှတ်ထားပါသည်။
သားကောင်ငယ်လေးများအပြင်၊ ကြောက်မက်ဖွယ်သားရဲများလည်း ရောက်လာပါသည်။ အလွန်ကြီးမားသော သားရဲကြီးများမဟုတ်သော်လည်း၊ မျိုးနွယ်စုကို အန္တရာယ်ပေးနိုင်ပါသည်။
အမဲလိုက်ရန် တောထဲသို့သွားစရာမလိုတော့ဘဲ၊ သားကောင်များက အိမ်ပေါက်ဝရောက်လာကြသဖြင့်၊ တချိ့လူများက ပျော်ရွှင်နေကြပါသည်။
လိုအပ်ပါက လူများစေလွှတ်ပေးမည်ဟု ချွမ်းပိုင်နှင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များက ပြောကြပါသည်။ သို့သော် ၎င်းတို့၏ အကူအညီကို မလိုအပ်သဖြင့်၊ ကျန်းလောက ငြင်းဆိုလိုက်ပါသည်။ ထိုက်ဟယ်မျိုးနွယ်စုကလည်း ရွှေ
ကောက်ပဲသီးနှံများကို လိုချင်သဖြင့် အကူအညီပေးမည်ဟု ဆိုနေခြင်း ဖြစ်ပါသည်။
ကျန်းလော်သည် ရွှေကောက်ပဲသီးနှံများကို ဝေမျှပြီးသားဖြစ်သည်။ ကူညီစိုက်ပျိုးပေးသည့်အတွက် ချွမ်းပိုင် နှင့် သူ့လူများကို ရွှေကောက်ပဲသီးနှံများ ပေးပြီးပြီ ဖြစ်သည်။ ကျန်းလောသည် နောက်ထပ်တော့ မပေးချင်တော့ပါ။
ကင်းအဖွဲ့တွင် လူလဲသောအခါ၊ အသစ်ရောက်လာသူများက မြေပြင်ပေါ်မှ ကြွက်များကို ကြည့်ရင်း လူဟောင်းများကို “မင်းတို့ဒီနေ့ ဘယ်နှကောင်မိလဲ” ဟုမေးလိုက်သည်။
“ကျန်တဲ့လူတွေတော့ မသိဘူး…ငါတော့ အကောင်၄၀နီးပါးရတယ်” ပြောနေရင်းနှင့် စစ်သည်တော်တစ်ယောက်သည် လက်မောင်းလောက်ရှိသော ကြွက်ကြီးတစ်ကောင်ကို သယ်လာသည်။ သူတို့သည် စိုးရိမ်နေသော်လည်း ပျော်ရွှင်နေကြပါသည်။ ထိုကြွက်များသည် သူတို့၏ အစာများပင် မဟုတ်ပါလား။ ထိုကြွက်များကို
ဖမ်းနိုင်လျှင်၊ ဖမ်းမိသူသည် တဝက်ပိုင်ဆိုင်ရမည်ဟု အကြီးအကဲက ပြောထားပါသည်။ အခုဆိုလျှင် သူတို့သည် အမဲလိုက်စရာမလိုတော့ပါ။ယနေ့အတွက် သူသည် ကြွက်အကောင်၂၀ ရလာသည်ဖြစ်ပြီး၊ စားမကုန်လျှင် မိသားစုကို ပေးလိုက်မည် ဖြစ်သည်။
နေ့တဝက်တွင် ကြွက်အကောင်၂၀ကျော်ကိုမိလာခြင်းဖြစ်ပါသည်။
“မနေ့ကထက်တောင် ပိုများသေးတယ်” အခုမှ ရောက်လာသူသည် မြားတစ်ချောင်းကို လျင်မြန်စွာ ပစ်လိုက်ပါသည်။
“ဝှစ်”
မြားက ခြုံထဲမှ ထွက်လာသော ကြွက်တစ်ကောင်၏ ကိုယ်ပေါ်တွင်သွားစိုက်သည်။
စစ်သည်တော်သည် မြားကို ပြန်မကောက်ဘဲ၊ နောက်မြားသုံးချောင်း ပစ်လိုက်ပါသည်။
မြား၂ချောင်းက သစ်ပင်ပေါ်မှ အမွှေးထူထူ၊အမြီးရှည်ရှည်နှင့် ကြွက်၂ကောင်ကို ထိမှန်သွားပြီး၊ ကျန်တစ်ချောင်းက နောက်သစ်ပင်ပေါ်မှ မီးခိုးရောင် ကြွက်တစ်ကောင်ကို ထိမှန်သွားပါသည်။
“ကဲ…ငါစပြီး တာဝန်ယူလိုက်တော့မယ်…မင်းတို့တွေ ကင်းစောင့်နေတာ နေ့ဝက်ကျော်နေပြီဆိုတော့ ပင်ပန်းနေရောပေါ့…သွားနားကြတော့” စစ်သည်တော်သည် ကြွက်သုံးကောင်ကို ကောက်ရင်း ပြောလိုက်သည်။
ထိုနေရာတွင် နေ့ဝက်လောက် ကင်းစောင့်နေရသူသည် သူရထားသော ကြွက်များကို ကြိုးတစ်ချောင်းနှင့် ချယ်လိုက်ပါသည်။ ထို့နောက် သားကောင်များကို ထမ်းကာ ထွက်ခွာသွားပါတော့သည်။
ကင်းစောင့်ရာမှ ပြန်လာသော စစ်သည်တော်များသည် သူတို့လိုက်ခဲ့သော ကြွက်များအကြောင်းကို ပြောနေကြပါသည်။ ကြွက်များ
အကြောင်းကို ပြောနေရင်း၊ ကြွက်အန္တရာယ်ကို စိုးရိမ်လာကြပါသည်။
“ကြွက်တွေက အကောင်ပိုကြီးလာသလို၊ ပိုလည်းမြန်လာတယ်…လူအင်အားဒီထက်များမှ ဖြစ်မယ်…အရင်ရက်တွေတုန်းကတော့ အဆင်ပြေတယ်…နောက်ပိုင်းမှာ ကြွက်တွေပိုအားကြီးလာတယ်…ငါတောင် တစ်ကောင်လွတ်မလို ဖြစ်သွားသေးတယ်”
“ငါရောပဲ…နောက်ဆို ပိုသတိထားမှ ဖြစ်တော့မယ်”
“မြစ်ကြီးခြားနေသေးတာတော်သေးတယ်…ကြွက်တွေက ရေမကူးတတ်တော့ ငါတို့နောက်ကို လိုက်လာလို့ မရဘူး”
“ရေကူးတတ်တဲ့ ကြွက်တွေလည်း ရှိပါတယ်”
စကားပြောနေရင်း၊ သူတို့သည် တောင်ကုန်းထိပ်ကို လှမ်းကြည့်လိုက်သောအခါ
ပျံသန်းနေသော ငှက်များကို တွေ့လိုက်ရပါသည်။ ငှက်တစ်ကောင်ကို မြားနှင့်ပစ်ချလိုက်သဖြင့်၊ မြေပြင်ပေါ်သို့ ပြုတ်ကျလာပါသည်။
နောက်ထပ်၂ရက်ကုန်ဆုံးသွားပါသည်။ ကြွက်ရိုင်းများသည် ရူးသွပ်နေသလို ဖြစ်နေပါသည်။ ရွာရှိ စစ်သည်တော်အားလုံးလည်း ကင်းစောင့်နေရပါသည်။
ရွှေကောက်ပဲသီးနှံများသည် ငှက်များနှင့် ကြွက်များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ရှောက်ရွှမ် မမျှော်လင့်ထားချေ။ အရင်တခေါက် သူမြင်ဖူးခဲ့သော ရွှေကောက်ပဲသီးနှံများကတော့ ကြွက်များကို ဆွဲဆောင်ခြင်းဖြစ်ပြီး၊ ငှက်များကိုတော့ မဆွဲဆောင်ပေ။
ငှက်များ၏ရန်မှ ကာကွယ်ရန်အတွက် သူ့ခြံအပေါ်တွင် ပိုက်ကွန်ကြီးတစ်ခုကို နေရာချထားပါသည်။
“ရတော့မယ်ထင်တယ်” ချီချီသည် ရွှေရောင်
ကောက်ပဲသီးနှံများကို ကြည့်နေပါသည်။ သူတို့၏အမြင်တွင်တော့ ရွှေကောက်ပဲသီးနှံပေါ်ထွန်းခြင်းမှာ ထူးခြားသော ဖြစ်ရပ်တစ်ခုဖြစ်သလို သတင်းကောင်းလည်း ဖြစ်ပါသည်။
“မျက်တောင်မခတ်ဘဲကြည့်ကြဟေ့” သောခန်က အပြင်တွင်ရှိသော စစ်သည်တော်များကို လှမ်းအော်လိုက်သည်။
မြားတံများပေါ်တွင် ပိုင်ရှင်များ၏နာမည်ကို ရေးထိုးထားသောကြောင့် မည်သည့် သားကောင်ကို မည်သူက ပစ်လိုက်ကြောင်း သိနိုင်ပါသည်။ သားကောင်များသည် သေးငယ်သော်လည်း အရေအတွက်များပြားပါသည်။ သားကောင်များများရလျှင်၊ လူကြီးများက ဆုချလိမ့်မည် ဖြစ်သည်။
ကျန်းလော်နှင့် စကားပြောပြီးသောအခါ၊ ကုန်းကျားဟုန်ထားခဲ့သော လက်နက်ကိုးခုကို မျိုးနွယ်စုထဲမှ အတော်ဆုံး စစ်သည်တော်ကိုးယောက်ကို ပေးမည်ဟု ရှောက်ရွှမ်က ကြေညာလိုက်ပါသည်။
ထို့ကြောင့် လက်နက်ကို လိုချင်သည်ဆိုလျှင် ကြိုးစားရမည် ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး စိတ်လှုပ်ရှားနေကြခြင်း ဖြစ်သည်။အားလုံးသည် ကင်းစောင့်ရန်သာ စိတ်အားထက်သန်နေကြတော့သည်။
ရင့်မှည့်နေသော ကောက်ပဲသီးနှံများကို ကာကွယ်ရန် နည်းလမ်းများရယူရန် ရှောက်ရွှမ်က ဆွေးနွေးပွဲများ ကျင်းပပါသည်။ ထိုအချိန်တွင် သီးနှံများသည် ရိတ်သိမ်းဖို့ အချိန်ကျရန် အနည်းငယ်လိုနေသေးသည် ဖြစ်ပါသည်။ တိရစ္ဆာန်များကတော့ တန်းစီနေပြီဖြစ်သည်။ ရိတ်သိမ်းရန် အပြည့်အဝရင့်မှည့်ချိန်ရောက်လျှင် ဘာတွေဖြစ်ကုန်မလဲ။
လှုပ်လှုပ်ရွရွဖြစ်နေသော ကြွက်အုပ်ကြီးအကြောင်းကို စဉ်းစားမိသောအခါ၊ ရှောက်ရွှမ်သည် ကြက်သီးထသွားပါသည်။
တိရစ္ဆာန်အသေးစားလေးများဖြစ်သော်လည်း၊ အရေအတွက်များလာလျှင် ရင်ဆိုင်ရ ခက်သွား
မည် ဖြစ်သည်။
ငှက်အုပ်များနှင့် ကြွက်များကြောင့်၊ ဘဲများဒုက္ခရောက်ရပါသည်။ ဝဝတုတ်တုတ်ဘဲကြီးတစ်ကောင်သည် ဘဲခြံတံခါးကိုဖွင့်လိုက်ကာ ဘဲများကို အထဲဝင်ခွင့်ပေးလိုက်ပါသည်။ ထိုအဖြစ်ကို မြင်သောအခါ ရှောက်ရွှမ်က ထိုဘဲအသစ်များနှင့် ဘဲခြံထဲတွင နဂိုရှိနှင့်ပြီးသားဘဲများကို ခွဲခြားပေးရန် ၊ အပင်များကို စောင့်ရှောက်ရန် တာဝန်မကျသူများကို ခိုင်းစေလိုက်သည်။ သူတို့သည် ဘဲခြံတံခါးကို ဖွင့်ပေးလိုက်သဖြင့် ဘဲများထပ်ဝင်လာပါသည်။
ကောင်းကင်ပေါ်တွင်တော့ ငှက်များတိုက်ခိုက်နေကြပါသည်။ ပြင်းထန်စွာတိုက်ခိုက်ကြခြင်းကြောင့် ငှက်မွှေးများနှင့် သွေးများက ပြန့်ကျဲနေပါသည်။ ရှောက်ရွှမ်၏ အိမ်ခေါင်မိုးသည်လည်း ငှက်သွေးများနှင့် ပေကျံနေပြီး အနံ့ကတော့…။
သို့သော် ရှောက်ရွှမ်သည် ရွှေကောက်ပဲသီးနှံများကို စောင့်ရှောက်ရမည်
ဖြစ်သည်။
တစ်နေ့တွင် ရှောက်ရွှမ်သည် သူ၏ အပင်များကို စောင့်ရှောက်နေပါသည်။
“ဒီ၂ရက်ထဲက ၁ရက်ဖြစ်ရမယ်” ချီချီသည် ကောင်းကင်ပေါ်မှကျလာသော ငှက်မွှေးများကို ကြည့်ရင်း မေးလိုက်သည်။
ရှောက်ရွှမ်က ကောက်ပဲသီးနှံများကို ကြည့်လိုက်ပြီးနောက် “ဒီနေ့ဖြစ်မယ် ထင်တယ်” ဟုပြောလိုက်ပါသည်။
ရှောက်ရွှမ်၏စကားကို ကြားလိုက်သောအခါ၊ ချီချီနှင့် ကျန်းလောတို့ ရင်ခုန်သွားကြပါသည်။ ချီချီဆိုလျှင် နောက်သို့ပင် ဆုတ်သွားမိပါသည်။ သူမအတွက်တော့ ရွေးချယ်စရာမရှိပါ။ သူမသည် တိုက်ခိုက်နိုင်လောက်သည်အထိ မသန်စွမ်းပါ။ သူမအနေဖြင့် ဘေးတွင် အသာနေပြီး စစ်သည်တော်များ လုပ်ကိုင်သည်များကို စောင့်ကြည့်ရန်သာ ရှိသည်။
ကျန်းလော်က သူ့လူများကို အသင့်ပြင်ခိုင်းထားပါသည်။ တောင်ခြေရှိ တောအုပ်ထဲမှ၊ လေချွန်သံတစ်ခု ထွက်ပေါ်လာပါသည်။ လေချွန်သံကို ကြားလိုက်သောအခါ၊ အစောင့်ကျသူများသည် အချိန်ကျပြီ ဖြစ်ကြောင်း သိလိုက်ကြပါသည်။
ခြုံများထဲမှ ချောင်းနေကြသော ကြွက်များသည် ရုတ်တရက် ရပ်တန့်သွားပြီး၊ သူတို့ကို တားဆီးသူမှန်သမျှကို တိုက်ခိုက်ရန် အဆင်သင့် ဖြစ်သွားပါသည်။
ကောင်းကင်တွင် ရန်ဖြစ်နေသော ငှက်များလည်း ရပ်တန့်သွားကြပြီး၊ ရှောက်ရွှမ်၏ အိမ်နောက်ဖေးသို့ ပျံလာကြပါသည်။
“သီးနှံတွေ မှည့်ပြီ…” ရှောက်ရွှမ်က အော်လိုက်သည်။ ရှောက်ရွှမ်၏ စကားမဆုံးသေးမီ၊ အားလုံးသည် ကောက်ပဲသီးနှံများကို ဖြတ်ယူလိုက်ပြီး အသင့်ပြင်ထားသော အိတ်များထဲသို့ ထည့်
လိုက်ပါသည်။
ရှောက်ရွှမ်သာမက၊ ထိုနေရာတွင်ရောက်နေကြသော ကျန်းလော်၊သုန့်ကန်းနှင့် ကျန်သူများပါ ဝိုင်းကူကြပါသည်။
အချိန်တိုအတွင်း၊ ရွှေကောက်ပဲသီးနှံများအားလုံးကို ရိတ်သိမ်းပြီးသွားပြီ ဖြစ်သည်။ မြေပြင်ပေါ်ကျသွားသော သီးနှံများကို ကောက်ပြီးသွားပြီဖြစ်ပါသည်။ ငှက်များရောက်လာသောအခါ သီးနှံများ မကျန်တော့ဘဲ၊ အပင်များသာ ကျန်ပါတော့သည်။ သီးနှံများမစားရဘဲ၊ သူတို့ဆီပြေးဝင်လာသော မြားတံများကိုသာ စားလိုက်ရပါသည်။
ငှက်အော်သံများထွက်ပေါ်လာပါသည်။ သီးနှံများမရှိတော့သောကြောင့် ငှက်များသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပါသည်။ သို့သော် ၎င်းတို့သည် ထွက်ခွာမသွားကြသေးပါ။ သီးနှံများနောက်ထပ် ရင့်မှည့်တော့မည်အလား၊ စောင့်စားနေကြပါသည်။
သီးနှံများကို မွန်းတည့်ချိန်တွင် ရိတ်သိမ်းလိုက်သော်လည်း၊ငှက်များက ညအခါမှသာ ထွက်ခွာသွားကြပါသည်။
ကြွက်အုပ်ကြီးသည်လည်း ပြိုကွဲသွားပြီဖြစ်ပါသည်။ စစ်သည်တော်များသည် ရေနစ်နေသော ကြွက်များကို လိုက်ဆယ်နေကြပါသည်။ ကြွက်များသည် စစ်သည်တော်များကို ဖြတ်ကျော်လာနိုင်ကြသော်လည်း၊ မြစ်ထဲရောက်သောအခါ ရေနစ်ပြီး သေကုန်ကြပါသည်။ ရေနစ်သေသော ကြွက်အကောင်၃၀လောက်ရှိမည် ဖြစ်ပါသည်။ ရွာထဲတွင် ကျန်ခဲ့သောကြွက်များကိုတော့ ရွာသားများက ရှင်းလိုက်ပြီ ဖြစ်ပါသည်။
ရှောက်ရွှမ်သည် သူ့အိမ်ထဲတွင် ရှိသော သားရေအိတ်၂၃လုံးကို ကြည့်နေပါသည်။ သူအပါအဝင်လူ၂၃ယောက်က အိတ်တစ်လုံးစီနှင့် သီးနှံများကို ရိတ်သိမ်းခဲ့ခြင်း ဖြစ်ပါသည်။ ရေတွက်မထားသော်လည်း တပင်လျှင် သီးနှံ၁၀၀၀ကျော်မည်ကို ရှောက်ရွှမ်သိလိုက်ပါ
သည်။ အားလုံးပေါင်းလိုက်လျှင် သီးနှံတစ်သောင်းကျော်လောက် ရှိမည်ဖြစ်သည်။
ငှက်ချေးနံ့များထွက်နေသော်လည်း၊ ချီချီ၊နတ်ဆေးဆရာမနှင့် အကြီးအကဲတို့ရောက်နေသဖြင့်၊ ရှောက်ရွှမ်သည် အိတ်တစ်လုံးကို ဖွင့်လိုက်ပါသည်။ သီးနှံတစ်စေ့ကို ထုတ်လိုက်ပြီး အပေါ်ယံအခွံ့ကို ခွာထုတ်လိုက်ပါသည်။
ရွှေအိုရောင်အပေါ်ယံအခွံ့ကွာသွားသောအခါ၊ ခရမ်းရောင်သီးနှံများ ထွက်ပေါ်လာပါသည်။
“ဘယ်လိုဖြစ်တာလဲ” ရှောက်ရွှမ် အံ့ဩသွားပါသည်။
သူပြန်ယူလာသော သီးနှံများမှာ အထဲတွင်လည်း ရွှေရောင်ဖြစ်ပါသည်။ အခုသီးနှံများသည် ဘာကြောင့် ခရမ်းရောင်ဖြစ်နေရသနည်း။ သူတွေ့ခဲ့ဖူးသော ရွှေကောက်ပဲသီးနှံများနှင့် အတော်ကွဲပြားနေပါသည်။
သူသည် အခြားအိတ်များကို ဖွင့်လိုက်ပြီး၊ ကောက်ပဲသီးနှံ၅စေ့လောက်ယူလိုက်သည်။ ဖွင့်ကြည့်လိုက်သောအခါ၊ အားလုံးသည် အထဲတွင် ရွှေခရမ်းရောင်ဖြစ်နေပါသည်။
“ဘာဖြစ်လို့ အရောင်ပြောင်းသွားတာလဲ” ချီချီကလည်း စိတ်ပူနေပါသည်။
သူတို့စိုက်သောအပင်များသည် ရှောက်ရွှမ်မြင်ဖူးသော အပင်များထက် အခြေအနေပိုကောင်းသည်ဟု ပြောခဲ့သော်လည်း၊ အရောင်ပြောင်းလဲလိမ့်မည်ဟုတော့ ရှောက်ရွှမ်ထင်မထားပါ။
အခုတော့ အရောင်ပြောင်းလဲနေပြီဖြစ်သည်။ ဖြစ်နေကျသာမန်အပြောင်းအလဲပဲလား၊ ထူးခြားမှုလား ရှောက်ရွှမ် မသိပေ။
ရှောက်ရွှမ်သည် ခဏလောက်စဉ်းစားလိုက်ပြီး၊ စိုက်ပျိုးသောနည်းစနစ်များကြောင့် ဖြစ်မည်ဟု သတ်မှတ်လိုက်သည်။ သူတို့သည် အပင်များကို အာဟာရများ အလွန်အကျွံကျွေးခဲ့မိသည်
မဟုတ်ပါလား။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၂၈) ဝက်သားနှင့်မလဲနိုင်သော ဟင်းတစ်ခွက်
အခြေအနေမှန်ကို သိရရန်အတွက်၊ သူတို့သည် အပင်များကို နောက်တခါစိုက်ကြည့်ပြီး၊ ရရှိလာသော ကောက်ပဲသီးနှံများကို ကြည့်ရမည်ဖြစ်သည်။ သို့သော် သူတို့အတွက် ထိုနှစ်တွင် အပင်စိုက်ရန် အချိန်မရှိတော့ပါ။
နောက်နည်းလမ်းတစ်ခုကတော့ ကျိကျွီကို သွားမေးရန်ဖြစ်သည်။
ရွှေကောက်ပဲသီးနှံသည် မည်သို့ပင်ဖြစ်နေစေကာမူ၊ အားလုံးသည် ထိုအပင်၏ ထူးခြားမှုကိုတော့ ယုံမှားသံသယမဖြစ်ကြပါ။ သာမန်သီးနှံဆိုလျှင် ငှက်ကျေးတိရစ္ဆာန်များ အလုံးအရင်းနှင့် ရောက်လာမည် မဟုတ်ပါ။ ရွှေကောက်ပဲသီးနှံကို စိုက်ပျိုးနေသော ကာလတလျှောက်လုံး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
“နည်းနည်းချက်စားကြည့်ကြမယ်လေ” ရှောက်ရွှမ်က ပြောလိုက်သည်။
သူတို့အတွက်တော့၊ ရွှေကောက်ပဲသီးနှံများသည် အစားအစာသာဖြစ်ပါသည်။ ရွှေကောက်ပဲသီးနှံသည် ကျန်းမာရေးအတွက် သင့်လျော်လား၊ မသင့်လျော်လား စားကြည့်ပြီး ဆုံးဖြတ်မည်ဖြစ်သည်။ ပြည့်စုံသော ကောက်ချက်ချခြင်းမဟုတ်သော်လည်း၊ ထိုမျှဆို လုံလောက်ပြီ ဖြစ်ပါသည်။ အပင်များအကြောင်းနှံ့စပ် ကျွမ်းကျင်သော နတ်ဆေးဆရာမနှင့် ထိုက်ဟယ်မျိုးနွယ်စုမှ ချွမ်းပိုင်တို့က စားကြည့်ပြီး အပင်အကြောင်းကို ပြောပြမည် ဖြစ်သည်။
ရှောက်ရွှမ်သည် သီးနှံအစေ့၁၅၀ကို အခွံများခွာလိုက်သည်။ အခွံများကို နတ်ဆေးဆရာလေ့လာနိုင်ရန် ရွှံ့ပုံးတစ်လုံးထဲသို့ ထည့်ထားလိုက်ပါသည်။ ထို့နောက် သီးနှံများကို နတ်ဆေးဆရာမက သုံးချောင်းထောက်ဒယ်အိုးကြီး
တစ်လုံးထဲသို့ ထည့်လိုက်ပါသည်။ သူမသည် ထိုဒယ်အိုးကြီးကို ဆေးကျိုရန်သာ အသုံးပြုခြင်းဖြစ်သည်။ အခုတော့ ရွှေကောက်ပဲသီးနှံများကို ချက်ပြုတ်ရန် အသုံးချမည် ဖြစ်ပါသည်။
ရှောက်ရွှမ်၏ အိမ်သည် ကျဉ်းမြောင်းသလို ငှက်ချေးစော်များလည်း နံနေသဖြင့် ဂိုဒေါင်အလွတ်တစ်လုံးထဲသို့ ရွှေ့သွားကြပါသည်။ ကျန်းလော်က ထိုနေရာကို အသင့်ရှင်းလင်းပေးထားပါသည်။
ရွှေကောက်ပဲသီးနှံ့စိုက်ပျိုးခြင်းတွင် ပါဝင်ခဲ့သော လူများမှာ အယောက်၃၀လောက် ရှိပါသည်။ သူတို့အားလုံးသည် ဒယ်အိုးကြီးကို ဝိုင်း၍ ထိုင်လိုက်ကြသည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များကိုတော့ တောင်ခြေတွင် စောင့်နေရန် ဖိတ်ကြားထားပါသည်။
ဒယ်အိုးကြီးထဲသို့ သီးနှံအစေ့၁၅၀ထည့်လိုက်ပြီးနောက် ရေထည့်လိုက်ပါသည်။ ထို့နောက် မီးမွှေးပြီး စတင်ချက်ပြုတ်ပါတော့သည်။
မွှေးပျံ့သောရနံ့တစ်ခု ထွက်ပေါ်လာပါသည်။ ပထမအပင်နှင့် အနံ့ချင်းမတူသော်လည်း လုံးဝမတူချင်းတော့ မဟုတ်ပါ။
လူအယောက်၃၀ကျော်တို့သည် ရွှေကောက်ပဲသီးနှံချက်ပြုတ်နေသည်ကို ဝိုင်းကြည့်နေကြပါသည်။ ဟင်းရည်က ခရမ်းရောင်သို့ ပြောင်းလာသောအခါ၊ နတ်ဆေးဆရာမက ယောက်ချိုတစ်ချောင်းကို ယူလိုက်ပြီး ပျစ်နှစ်နေသော ဟင်းရည်များကို ပန်းကန်တစ်လုံးထဲသို့ ထည့်လိုက်ကာ မြည်းကြည့်လိုက်ပါသည်။
နတ်ဆေးဆရာမသည် ဟင်းရည်ကို မြည်းကြည့်ပြီးသောအခါ ပျော်ရွှင်စွာနှင့် “ အရမ်းကောင်းတာပဲ”ဟုပြောလိုက်ပါသည်။
နတ်ဆေးဆရာမက ထိုကဲ့သို့ ပြောလျှင် အခြေအနေကောင်းကြောင်း ရှောက်ရွှမ် သိလိုက်ပါသည်။ အားလုံးကြိုးစားရကျိုးနပ်သွားပြီ ဖြစ်ပါသည်။
နတ်ဆေးဆရာမသည် ဒယ်အိုးထဲက ဟင်းရည်ကို အားလုံးအား မျှဝေပေးလိုက်သည်။ ထို့နောက် ကျန်နေသော ဟင်းရည်အနည်းငယ်ကို ထိုက်ဟယ်မျိုးနွယ်စုဝင်များအတွက် ပန်းကန်တစ်လုံးထဲ ထည့်လိုက်ပါသည်။
ဒီတစ်ခေါက်သည် အရင်အခေါက်ကထက် စားလို့ပိုကောင်းသည်ဟု ရှောက်ရွှမ် ခံစားလိုက်မိပါသည်။ ဟင်းရည်ကို သောက်ပြီးနောက် သူ့တကိုယ်လုံး အခိုးများပွင့်ထွက်သားသလို ခံစားလိုက်ရပါသည်။ ကျန်သောသူများအားလုံးသည်လည်း စိတ်ကျေနပ်သော မျက်နှာအမူအရာများဖြစ်နေပါသည်။ စိုက်ပျိုးခဲ့သူအားလုံး ကြိုးစားရကျိုးနပ်သွားပြီဖြစ်ပါသည်။
“အင်အားတွေ ပြန်ပြည့်လာသလိုပဲ” စစ်သည်တော်တစ်ယောက်က ပြောလိုက်သည်။
“ငါ့ဒဏ်ရာတွေလည်း သက်သာသွားတယ်” ဒဏ်ရာရထားသူတစ်ယောက်က ပြောလိုက်သည်။
“တကယ်ကောင်းတာပဲ…ဝက်သားထက်တောင် ကောင်းသေးတယ်” သုန့်ကန်းက အံ့ဩစွာ ရေရွတ်လိုက်မိသည်။
“ဒီအပင်ကို အာဟာရဘာကျွေးရလဲ…နောက်တစ်ခါစိုက်မယ်ဆိုရင် ငါသားကောင်တွေ ပိုဖမ်းလာခဲ့ပေးမယ်…ငါ့ကို သီးနှံဝေစုလေးသာ များများပေး…ဟီးဟီး…”
“ရွှေကောက်ပဲသီးနှံက ဒီထက်ပိုပြီးအစွမ်းရှိလိမ့်မယ်…ငါတို့မျိုးနွယ်စုတစ်ခုလုံး အကျိုးရှိလိမ့်မယ်” နတ်ဆေးဆရာမက ပြောလိုက်သည်။
“သေချာသိမ်းထားနော်” ကျန်းလော်က ကောက်ပဲသီးနှံများထည့်ထားသော အိတ်၂၃လုံးကို ညွှန်ပြရင်း ပြောလိုက်သည်။ ထိုသီးနှံသည် ဘာအစွမ်းရှိသလဲ သူတို့ သေချာမသိသော်လည်း နတ်ဆေးဆရာမက ကောင်းသည်ဆိုလျှင်၊ ကောင်းမည်သာ ဖြစ်သည်။
“နောက်နှစ်ဆိုရင် ပိုစိုက်ရမယ်” ချီချီက ပြောလိုက်ပါသည်။ ချီချီသည် ဟင်းရည်အနည်းကို သောက်ပြီးနောက် စိတ်ကျေနပ်သွားသလို မောပန်းနေမှုများ ပျောက်သွားသလို ခံစားလိုက်ရပါသည်။ ထိုအပင်တွင် တခြားအာနိသင်များလည်း ရှိလိမ့်ဦးမည်ဟု သူမက ထင်ပါသည်။
“အန်းဘမြို့တော်ကို ယူသွားမယ်ဆိုရင် ကုန်ပစ္စည်းကောင်းကောင်းလေးတွေနဲ့ လဲလို့ ရလောက်တယ်” သောခန်က နှုတ်ခမ်းများကို သပ်ရင်း ပြောလိုက်သည်။
ကျန်းလော်က ခေါင်းခါယမ်းလိုက်ပြီး “အဓိပ္ပါယ်မရှိတာ…ဒီလောက်ကောင်းတဲ့ပစ္စည်းကို ငါတို့စားဖို့ပဲ သိမ်းထားမှာပေါ့…ဘာကိစ္စလဲပစ်ရမှာလဲ” ဟုပြောလိုက်ပါသည်။
သုန့်ကန်းသည် ခဏလောက်စဉ်းစားလိုက်ပါသည်။ သူတို့မျိုးနွယ်စုသည် လူဦးရေများသောကြောင့်၊ အပြင်လူများကို ပေးရန် ဖြစ်နိုင်
မည် မထင်ပါ။
“အဲဒါဆိုရင် ကုန်ပစ္စည်းဖလှယ်ထွက်ရင် ဒီကောက်ပဲသီးနှံတွေ ယူမသွားတော့ဘူးပေါ့” သုန့်ကန်းက မေးလိုက်ပါသည်။
“ရှောက်ရွှမ်ကတော့ နည်းနည်းသယ်လာလိမ့်မယ်…ကျန်တဲ့လူတွေ သယ်စရာ မလိုဘူး” ကျန်းလော်က ပြောလိုက်ပါသည်။
ဆွေးနွေးပြီးနောက် ရှောက်ရွှမ်က ကုန်းကျားဟုန်အတွက် ရွှေကောက်ပဲသီးနှံ အနည်းငယ်ယူသွားပေးရန် ဆုံးဖြတ်လိုက်ကြသည်။ နောက်တစ်ခေါက်ဆိုလျှင် ဟုန်ဆီမှ လက်နက်များ တောင်းရမည် ဖြစ်သည်။
“ရှောက်ရွှမ် မနှစ်က ကောက်ပဲသီးနှံ မျိုးစေ့ဘယ်လောက်ကျန်သေးလဲ” နတ်ဆေးဆရာမက မေးလိုက်သည်။
ရှောက်ရွှမ်က ခဏစဉ်းစားလိုက်ပြီး “၂၅၀သုံး
ပြီးသွားပြီဆိုတော့ ၇၀၀လောက်တော့ ကျန်ဦးမယ်” ဟုပြောလိုက်ပါသည်။
“ဖြစ်နိုင်ရင် နောက်နှစ်မှာ အကုန်လုံးစိုက်လိုက်တော့…ဒီနှစ်ရိတ်သိမ်းထားတဲ့ မျိုးစေ့တွေလည်း ရှိဦးမယ်…ဒါပေမဲ့ လွယ်လွယ်နဲ့တော့ စိုက်လို့ရမှာ မဟုတ်ဘူး” နတ်ဆေးဆရာမက မျက်မှောင်ကြုတ်လိုက်သည်။
“ဘုရင့်မြို့တော်ကို ရောက်ရင်၊ အပင်စိုက်နည်းတွေ ထပ်လေ့လာလိုက်ဦးမယ်” ရှောက်ရွှမ်က ပြောလိုက်သည်။
နတ်ဆေးဆရာမက “အဲဒီလိုလုပ်ဖို့ပဲ ရှိတော့တာပဲ”
ချွမ်းပိုင်နှင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များကို သီးနှံမျိုးစေ့ ၅၀၀ပေးလိုက်ပါသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို အများကြီးကူညီခဲ့သည် မဟုတ်ပါလား။ ထိုက်ဟယ်မျိုးနွယ်စုဝင်များက ထပ်လိုချင်နေသေးသောလည်း
ကျန်းလော်က မပေးတော့ပေ။ အပင်ကို စိုက်ရန် စိတ်ကူးမှာ သူ့မျိုးနွယ်စုမှ ထွက်ပေါ်လာသဖြင့်၊ မျိုးစေ့ကို မီးတောက်ဦးချိုမျိုးနွယ်စုက ပိုင်ဆိုင်သည်ဟု ကျန်းလော်က ပြောပါသည်။ ကိုယ့်လူအားလုံးကိုပေးရန်ပင် မလုံလောက်သေးသောကြောင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များကို ထပ်မပေးနိုင်တော့ပါ။ မျိုးစေ့၅၀၀ပေးခြင်းမှာ လွန်လှပြီဖြစ်သည်။
ချွမ်းပိုင်နှင့် သူ့လူများက အတင်းတောင်းဆိုသောကြောင့် ရှောက်ရွှမ်သည် မနှစ်က လက်ကျန်မျိုးစေ့ ၁၀၀ထပ်ပေးလိုက်ပါသည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များ ပျော်ရွှင်စွာနှင့် ပြန်သွားကြသည်။
ရိတ်သိမ်းပြီးသော မျိုးစေ့များကို နောင်နှစ်တွင် စိုက်ပျိုးမည်ဖြစ်ပြီး ရလာသော ကောက်ပဲသီးနှံများကို ထိန်းသိမ်းထားမည် ဖြစ်သည်။
သုံးရက်ကြာသောအခါ၊ ကုန်ပစ္စည်းဖလှည်မည့်
အဖွဲ့သည် စတင် ထွက်ခွာပြီ ဖြစ်ပါသည်။
ရှောက်ရွှမ်သည် မျိုးစေ့၁၀၀၀ကို ရေတွက်ပြီး၊ အိတ်တစ်လုံးထဲတွင် ထည့်လိုက်ပါသည်။ ကျန်သော မျိုးစေ့များကို နတ်ဆေးဆရာမထံတွင် ထားခဲ့ပါသည်။ နတ်ဆေးဆရာမနှင့် အကြီးအကဲတို့က ထိုမျိုးစေ့များကို ခွဲဝေပေးမည် ဖြစ်သောကြောင့် ရှောက်ရွှမ် ခေါင်းရှုပ်နေစရာမလိုတော့ပါ။
ကုန်ဖလှယ်သည့်အဖွဲ့သည် အန်းဘမြို့တော်သို့ ရောက်သွားသော်လည်း ကုန်ပစ္စည်းဖလှယ်သည့်နေရာသို့ တန်းမသွားပါ။ ရှောက်ရွှမ်သည် ဝက်ဝံနက်ကို လိုက်ရှာနေပါသည်။
စတုရန်းမီတာ၁၀၀လောက်ရှိမည်ဖြစ်သော ခြံထဲတွင် အိမ်လေး၁လုံးရှိပါသည်။
ရှောက်ရွှမ်သည် အိမ်တံခါးကို ခေါက်လိုက်ပါသည်။
“ဘယ်သူလဲ” အသံတစ်သံထွက်ပေါ်လာပြီး ခြေသံများ ထွက်ပေါ်လာပါသည်။
“ကျွီ…”
သစ်သားတံခါးပွင့်သွားပြီး၊ ယောကျ်ားပီသသော လူတစ်ယောက် ထွက်လာပါသည်။ သူသည် ခေါင်းဆောင်ဝက်ဝံနက်လောက် လူကောင်မကြီးသော်လည်း၊ ဝက်ဝံတစ်ကောင်နှင့်တော့ တူပါသည်။
ရှောက်ရွှမ်ကို မြင်သောအခါ စိတ်မရှည်သောလေသံပျောက်ကွယ်သွားပြီး၊ “ဒယ်အိုးအစုတ်ကြီးသယ်သွားတာ မင်းမဟုတ်လား” ဟုမေးလိုက်ပါသည်။
“ဒယ်အိုးစုတ်”ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ သူတို့သယ်လာသော ဒယ်အိုးမှာ အစုတ်မဟုတ်ပါ။
ရှောက်ရွှမ်သည် အချိန်ဖြုန်းမနေတော့ဘဲ
ဝက်ဝံနက်ပေးထားသော တံဆိပ်ကို ထုတ်လိုက်ပါသည်။
“မင်းတို့က မီးတောက်ဦးချိုမျိုးနွယ်စုကလား…နောက်၂ရက်လောက်မှ လာမယ်ဆိုရင် ငါတို့နဲ့တွေ့ရတော့မှာမဟုတ်ဘူး…ငါတို့ နောက်၂ရက်နေရင် ဘုရင့်မြို့တော်ကို သွားတော့မှာ” ယောက်ျားပီသသောသူက ပြောလာသည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၂၉)
“ဘုရင့်မြို့တော်ကို သွားမလို့လား” ရှောက်ရွှမ်သည် ဝက်ဝံနက်တို့အဖွဲ့ ဘုရင့်မြို့တော်သို့သွားမည်ဟု မျှော်လင့်မထားပါ။ ရှောက်ရွှမ်တို့သည် ဝက်ဝံနက်တို့နှင့် အတူလိုက်သွား၍ရပါသည်။ အတူလိုက်သွားလျှင် လမ်းမေးရသည့် ဒုက္ခမှ ကင်းလွတ်မည် ဖြစ်ပြီး ဘေးလည်းပိုကင်းမည် ဖြစ်သည်။ ဝက်ဝံနက်တို့နှင့် အတူခရီးသွားရရန်အတွက် တန်ကြေးတစုံတရာပေးရလျှင်လည်း ကိစ္စမရှိပါ။
သို့သော် သူတို့သည် အလုပ်ကိစ္စအကြောင်းကို အရင်ဆွေးနွေးရမည် ဖြစ်သည်။
“ခင်ဗျားတို့ ခေါင်းဆောင် ဒီမှာ မရှိဘူးလား” ရှောက်ရွှမ်က မေးလိုက်သည်။
“ဆရာက ခုနလေးက ထွက်သွားတာ…ကျွန်တော်
တို့က ပစ္စည်းသယ်ဖို့ စောင့်နေတာပါ…ခင်ဗျားတို့ရောက်လာတာ အတော်ပဲ” ယောက်ျားပီသသောလူက ပြောလိုက်သည်။ မီးတောက်ဦးချိုမျိုးနွယ်စု၏ ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းသော ကုန်ပစ္စည်းများဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စု၏ သားရေများကို ပြန်လည်ရောင်းချခြင်းဖြင့် သူတို့သည် အကျိုးအမြတ်တော်တော်ရခဲ့ ပါသည်။ ကျန်နေသေးသော သားရေများကိုတော့ အဖွဲ့ထဲမှ လူများ ခွဲဝေယူလိုက်သည်။ သူတို့အားလုံး ဆောင်းတွင်းတုန်းက သားရေအနွေးထည်များဖြင့် ဇိမ်ကျခဲ့သည်။
သို့သော် သားရေချပ်များထက်စာလျှင်၊ သူတို့သည် အရောင်တောက်သော သလင်းကျောက်များကို ပိုစိတ်ဝင်စားပါသည်။
သူတို့သည် ရှောက်ရွှမ်ကို အိမ်ထဲဖိတ်ခေါ်လိုက်ပြီး ကျောက်သားထိုင်ခုံများပေါ်တွင် ထိုင်လိုက်ကြပါသည်။ သစ်သားကုလားထိုင်များသည် သူတို့
ထိုင်ရလောက်အောင်အထိ မတောင့်တင်းသဖြင့်၊ ကျောက်သားထိုင်ခုံများကို သုံးခြင်း ဖြစ်သည်။
“ကျွန်တော့်နာမည် မောင်တာ့ ပါ၊ ဒီမှာ ဆရာမရှိတော့ ကျွန်တော်ပဲ တာဝန်ယူထားရတယ်…ခင်ဗျားတို့မှာ ဘာပစ္စည်းတွေပါလာလဲ…သလင်းကျောက်တွေ ပါလာသေးလား” မောင်တာ့ သည် စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။
“သလင်းကျောက်တွေမပါလာတော့ဘူး…ဒီနှစ်ဝက်အချိန်အတွင်းမှာ မြစ်က အန္တရာယ်များနေတယ်…စိတ်မချရဘူး” ရှောက်ရွှမ်သည် အမှန်အတိုင်း တဝက်ပြောပြလိုက်သည်။ အမဲလိုက်သော နယ်ပယ်နားမှ မြစ်သည်ရေမခမ်းခြောက်သေးပါ။ မိကျောင်းများ အလွန်နည်းသွားသော်လည်း ရှိတော့ရှိပါသေးသည်။ ကျောက်တုံးများပြန်ကောက်ယူလိုလျှင် မြစ်ထဲတွင် ရေခမ်း သွားသည်ကို စောင့်ရမည် ဖြစ်သည်။
သို့သော် ဤခရီးကို ထွက်မလာခင်တုန်းက၊ ရှောက်ရွှမ်သည် သလင်းကျောက် အနည်းငယ်
ပြုလုပ်ခဲ့သည်။ ပစ္စည်းများသည် ရှားပါးလာသောအခါ၊ တန်ဖိုးများမြင့်တက် လာပါသည်။ ထို့ကြောင့် အများကြီး မယူလာခဲ့ခြင်း ဖြစ်ပါသည်။
ထိုစကားကို ကြားလိုက်သောအခါ၊ မောင်တာ့ သည် သွားများပေါ်သည်အထိ ပြုံးလိုက်ပါသည်။ ထို့နောက် ပေါင်ကို လက်ဝါးနှင့် ပုတ်လိုက်ပြီး၊ “ကောင်းတယ်…ပစ္စည်းတွေဘယ်မှာလဲ” ဟုမေးလိုက်သည်။
“မြို့တော်ထဲကို မသယ်လာခဲ့ဘူး” ရှောက်ရွှမ်က ပြောလိုက်ပါသည်။ ဝက်ဝံနက်ကို မယုံသောကြောင့် မြို့ထဲသို့ ပစ္စည်းများ မသယ်လာခြင်းမဟုတ်ပါ။ အခုတခေါက် ရှောက်ရွှမ်တို့အဖွဲ့တွင် ပါလာသော ပစ္စည်းများမှာ အရေအတွက်များပါသည်။ အန်းပါ့မြို့တော်မှ လူများနှင့် ခိုက်ရန်ဖြစ်ပွားလျှင်၊ ပစ္စည်းများဆုံးရှုံးကုန်မည်ဖြစ်သည်။ သူတို့၏ ပစ္စည်းများထိခိုက်မိမှာ စိုးရိမ်သဖြင့်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ပစ္စည်းများကို မြို့ထဲသို့ မယူလာခဲ့ခြင်း ဖြစ်
ပါသည်။
မနှစ်က ဖြစ်ပျက်ခဲ့သော အဖြစ်ကို ပြန်တွေးမိသောအခါ ၊ မောင်တာ့ သည် အခြေအနေကို နားလည်သွားပြီး “ကောင်းပါတယ်…လွန်ခဲ့တဲ့၂ရက်၃ရက်လောက်က ငါ အန်းဖင်းကို ကုန်ဖလှယ်တဲ့နေရာမှာ တွေ့ခဲ့တယ်…အန်းဖင်းကို မှတ်မိတယ်မဟုတ်လား…မင်းတို့ကို ဒယ်အိုးအစုတ်ကြီးပေးလိုက်တဲ့လူလေ”
“အင်း…ကျွန်တော်မှတ်မိပါတယ်” ရှောက်ရွှမ်သည် မောင်တာ့၏စကားကို နားထောင်နေပါသည်။
“အန်းဖင်းပေးလိုက်တဲ့ ဒယ်အိုးကြီးမှာ ဇာတ်လမ်းရှိတယ်…ဒယ်အိုးက သိပ်မကောင်းပေမယ့် အန်းလူမျိုးတွေအတွက်တော့ လက်ဆောင်အနေနဲ့ သုံးလို့ရသေးတယ်…ဒါပေမဲ့ အန်းဖင်းက ဉာဏ်မရှိတော့ ဒယ်အိုးကြီးကို လူပုံအလယ်ထုတ်လာတယ်…မြို့ကို ပြန်ရောက်တော့ အန်းဖင်းကို လက်တစ်ဖက် ခုတ်ဖြတ်လိုက်ကြတယ်…သူလက်အ
ဖြတ်ခံလိုက်ရတဲ့အတွက် ခင်ဗျားကို အပြစ်တင်နေတယ်…အဲဒီတော့ မြို့ထဲကိုသွားမယ်ဆိုရင် သတိထားကြပါ…အန်းဖင်းတွေ့မသွားစေနဲ့” မောင်တာ့ ကပြောလိုက်ပါသည်။
“ဒယ်အိုးကို ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တာ အန်းယန် မဟုတ်ဘူးလား” ရှောက်ရွှမ်က မေးလိုက်ပါသည်။
မောင်တာ့သည် မျက်မှောင်ကြုံ့လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် “ သူ့အစား အန်းဖင်းက ဝင်ခံလိုက်ရတော့ သူလွတ်သွားတာပေါ့…ဒါပေမဲ့ ခင်ဗျားတို့လုပ်သွားတာ တော်တော်ကောင်းတယ်…အန်းဖင်းတော်တော်လေး ဆုံးရှုံးသွားတယ်…ခင်ဗျားတို့နောက်ကို လူတွေလိုက်ခိုင်းသေးတယ်…သူလွှတ်လိုက်တဲ့ လူထဲက နည်းနည်းပဲ ပြန်ရောက်လာတယ်” ဟုပြောလိုက်ပါသည်။
အန်းပါ့မြို့တော်အကြောင်းကို အကြိမ်းဖျဉ်းရှင်းပြပြီးနောက်၊ ရှောက်ရွှမ် အပါအဝင် မောင်တာ့နှင့်သူ့လူများသည် တောအုပ်တစ်ခုဆီသို့
ထွက်ခွာသွားပါသည်။
မောင်တာ့နှင့်သူ့လူများသည် သွားလာနေကျဖြစ်သဖြင့် အစောင့်များက သိနေကြပါသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် မောင်တာ့နှင့် အတူပါလာသောအခါ၊ အစောင့်များက ဘာမှ မပြောကြခြင်း ဖြစ်ပါသည်။
အန်းပါ့မြို့တော်မှ ထွက်ခွာလာပြီး သိပ်မကြာမီတွင်၊ မောင်တာ့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် ပါလာသော ထိုက်ဟယ်မျိုးနွယ်စုဝင်များကို တွေ့ဆုံပါသည်။ မောင်တာ့သည် ဝက်ဝံနက်နှင့် အတူလိုက်ပါဖူးသောကြောင့်၊ သောခန်နှင့် ကျန်သူများကို သိနေကြပါသည်။
ကုန်ပစ္စည်းများကို စစ်ဆေးပြီးသွားသောအခါ၊ မောင်တာ့သည် ခေါင်းဆောင်၂ယောက်နှင့် ဈေးညှိပါသည်။ ဈေးညှိပြီးသွားသောအခါ၊ မောင်တာ့တို့တွင် ပါလာသော ပစ္စည်းမှာ မလုံလောက်သဖြင့်၊ မြို့တော်သို့ လူလွှတ်ပြီး ပစ္စည်းထပ်သယ်စေပါသည်။
မောင်တာ့သည် သူတို့၏ ပစ္စည်းများကို အလွန်အထင်ကြီးပါသည်။ ထို့ပြင် မောင်တာ့ပေးသောဈေးကို သောခန်နှင့် ကျန်သူများက မငြင်းဆိုပါ။ ကုန်ဖလှယ်မှု မြန်ဆန်စွာ ပြီးဆုံးသွားသဖြင့်၊ နှစ်ဦးနှစ်ဖက်စလုံး ကျေနပ်သွားကြသည်။ အရင်အခေါက်များကဆိုလျှင် မြို့ထဲတွင် ရက်အတန်ကြာနေပြီး၊ ကုန်ပစ္စည်းများကို သူခိုးရန်၊ဓားပြရန်က ကာကွယ်ရပါသေးသည်။ အခုတော့ ထိုကဲ့သို့ လုပ်ဆောင်ရန် မလိုတော့ပါ။
ထိုက်ဟယ်မျိုးနွယ်စုဝင်များလည်း အခုမှ ထိုကဲ့သို့ ကုန်ဖလှယ်ရခြင်း ဖြစ်သည်။မီးတောက်ဦးချိုမျိုးနွယ်စု၏ ကျေးဇူးကြောင့် ဖြစ်သည်ဟု သိပ်ဝန်မခံချင်ကြသော်လည်း၊ ပျော်ရွှင်နေကြပါသည်။
“ကုန်ဖလှယ်လို့ ပြီးသွားပြီဆိုတော့ မပြန်ခင်၂ရက်လောက် နားဖို့ နေရာရှာရမယ်…ကုန်ဖလှယ်ချင်သေးတဲ့လူတွေကတော့ အုပ်စုနဲ့သွားပေါ့…ဒါပေမဲ့ အားလုံးတော့ သွားစရာမလိုပါဘူး…လူအရမ်းများ
ရင် လူတွေသတိထားမိသွားလိမ့်မယ်” ထိုက်ဟယ်မျိုးနွယ်စုဝင်များက သောခန်ကို ပြောလိုက်ပါသည်။
“အင်း…ရတယ်လေ” သုန့်ကန်းက ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး “မင်းဘယ်တော့သွားမယ် စိတ်ကူးထားလဲ…လူများများခေါ်သွားနော်”
သုန့်ကန်းသည် ခေါင်းဆောင်ဖြစ်နေသဖြင့် အဖွဲ့ကို စွန့်ခွာသွား၍မရပါ။
“ဝက်ဝံနက်ရဲ့အဖွဲ့နဲ့အတူတူ မြို့ထဲကိုဝင်ဖို့ စီစဉ်ထားတယ်…နောက်၂ရက်နေရင် ဝက်ဝံနက်ရဲ့လူတွေ ဘုရင့်မြို့တော်ကို သွားလိမ့်မယ်” ရှောက်ရွှမ်သည် ထိုအကြောင်းများကို မောင်တာ့ကို ပြောပြီးပြီဖြစ်ပြီး၊ မောင်တာ့ကလည်း သဘောတူပြီးသား ဖြစ်သည်။
သို့သော် ဝက်ဝံနက်တို့အဖွဲ့နှင့် လိုက်မည်ဆိုလျှင် လူအများကြီးတော့ ခေါ်သွား၍မရပါ။
“လူတွေအများကြီးခေါ်သွားလို့မရဘူးဆိုရင် မင်းကွမ်းယီကို ခေါ်သွားလိုက်…ကွမ်းယီက မျက်နှာတွေမမှတ်မိပေမယ့် အတွေ့အကြုံများတဲ့ လူတစ်ယောက်ပါ” ကွမ်းယီသည် အလွန်သတိကြီးသူ တစ်ယောက် ဖြစ်ပါသည်။ ရှောက်ရွှမ်နှင့်အတူ ကွမ်းယီပါသွားလျှင် သုန့်ကန်းပို စိတ်ချသွားမည် ဖြစ်သည်။
ရှောက်ရွှမ်သည် ခဏစဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်ကာ “ကောင်းပြီ”ဟုပြောလိုက်ပါသည်။
နှစ်ရက်ခန့်ကြာသော်…။
သုန့်ကန်းသည် သူ၏အဖွဲ့နှင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များကို ခေါ်၍ ရွာသို့ ပြန်သွားပါသည်။ ရှောက်ရွှမ်နှင့် ကွမ်းယီတို့ကတော့ မောင်တာ့နှင့် ချိန်းဆိုထားသော နေရာသို့ ထွက်ခွာသွားကြပါသည်။
မကြာခင်တွင် လူ၁၀၀လောက်ရှိသော လူစုသည် မြို့ထဲမှ ထွက်ခွာလာပါသည်။ အားလုံး
သည် တောင့်တင်းကြံ့ခိုင်သူများ ဖြစ်ကြပါသည်။ အားလုံးသည် သစ်သားသေတ္တာကြီးများကို သယ်ဆောင်လာကြပါသည်။ တချို့လူများသည် ဓားပြတိုက်ရန် စိတ်ကူးကြသော်လည်း ဝက်ဝံနက်၏ လူများဖြစ်ကြောင်း သိသောအခါ၊ လက်လျော့သွားကြပါသည်။ ဝက်ဝံနက်၏အဖွဲ့ကို သူတို့ရန်မစရဲကြပါ။
“ခင်ဗျားတို့ပစ္စည်းတွေကို ဘုရင့်မြို့တော်အထိ အဲဒီလိုပဲ သယ်မှာလား” ရှောက်ရွှမ်က မောင်တာ့တို့သယ်လာသော ပစ္စည်းများကို ကြည့်လိုက်သည်။
မောင်တာ့ ပြုံးရုံသာ ပြုံးလိုက်ပြီး၊ သူတို့နောက်မှ လိုက်ခဲ့ရန် ရှောက်ရွှမ်နှင့် ကွမ်းယီကို အချက်ပြလိုက်သည်။
ကွမ်းယီသည် တိတ်တဆိတ်လိုက်ပါလာသည်။ သူသည် မောင်တာ့တို့အဖွဲ့မှ လူများ၏ မျက်နှာများကို မမှတ်မိပါ။ သူ့အတွက်တော့ အားလုံးသည် ဝက်ဝံများနှင့် တူနေပါသည်။
သို့သော် ကိုယ်နေဟန်ထားကို ကြည့်ပြီး၊ ကွမ်းယီသည် လူများကို မှတ်ထားပါသည်။
အန်းပါ့မြို့တော်မှ ထွက်လာပြီး နာရီဝက်လောက် လမ်းလျှောက်ပြီးသောအခါ၊ တောင်ခြေတစ်ခုသို့ရောက်လာကြသည်။ တောင်ကုန်းသည် မြင့်မားမှုမရှိသလို၊ မတ်စောက်မှုလည်း မရှိပါ။ လူသွားလူလာပြုလုပ်ထားသည့် ခြေရာလက်ရာများကိုတွေ့ရပါသည်။ တောင်ပေါ်တက်သည့်လမ်းတစ်ခုကို တွေ့ရပြီး၊ တောင်ထိပ်နားတွင် အဆောက်အဦးများကို တွေ့ရပါသည်။
မောင်တာ့သည် ဦးချိုတစ်ခုကို ထုတ်ယူကာ၊မှုတ်လိုက်ပါသည်။
“ဘော်…”
သိပ်မကြာလိုက်၊ တောင်ပေါ်မှ တစ်စုံတယောက် ပြေးဆင်းလာသည်ကို ရှောက်ရွှမ်သိလိုက်ပါသည်။ တောင်ပေါ်သို့ ကြည့်လိုက်သောအခါ၊ အရိပ်မည်းများ ပြေးဆင်းလာသည်
ကို တွေ့လိုက်ရပါသည်။အရိပ်ကြီးများဘေးတွင်တော့ လူများလျင်မြန်စွာ ပြေးလာကြပါသည်။
“အဲဒါ ဝက်ဝံတွေလား” ရှောက်ရွှမ် အံ့ဩသွားသည်။
“မဆိုးဘူး” မောင်တာ့ကျေနပ်သွားသည်။ အခြားကုန်ပစ္စည်းဖလှည်သည့်အဖွဲ့များဆိုလျှင် ကုန်ပစ္စည်းသယ်ပေးမည် တိရစ္ဆာန်များမရှိကြပါ။ အခြားအဖွဲ့များတွင် အရွက်စားသတ္တဝါများသာရှိကြသည် ဖြစ်သော်လည်း၊ သူတို့အဖွဲ့တွင်တော့ ဝက်ဝံများ ရှိနေပါသည်။
“ခင်ဗျားတို့တွေက ဝက်ဝံသားရေကို အင်္ကျီချုပ်ဝတ်တယ်…ပြီးတော့ သူတို့ကို အခိုင်းအစေလို အသုံးချတယ်…ဝက်ဝံတွေ စိတ်မဆိုးဘူးလား” ရှောက်ရွှမ်က အံ့ဩသင့်စွာ မေးလိုက်ပါသည်။
မောင်တာ့နှင့် သူ့လူများက ရှောက်ရွှမ်ကို ကြည့်လိုက်သည်။ သူတို့အကြည့်များ “မင်းဘာမှမသိသေးပါဘူးကွာ…ပြောင်းပြန်ကွ…သူတို့သားရေကို
အင်္ကျီချုပ်ဝတ်မှ သူတို့က ငါတို့ကို ခင်မင်တာ”ဟုပြောနေသယောင်ပင်။
ပြောနေရင်းနှင့်၊ သားရဲကြီးများသည် တောင်အောက်သို့ ရောက်လာပါသည်။
အားလုံးပေါင်း ဝက်ဝံ၇ကောင်ရှိပါသည်။ နောက်ခြေထောက်များပေါ်တွင် ရပ်လိုက်လျှင်၊ အမြင့်မှာ ၁၀မီတာကျော်မည် ဖြစ်ပါသည်။ အမွှေးရောင်များမှာ အညိုရင့်ရောင်ဖြစ်ပြီး၊ သေချာဖီးပေးထားခြင်းကြောင့် တောက်ပြောင်နေပါသည်။ နေရောင်အောက်တွင် ပြေးလွှားနေသောအခါ အမွှေးများက တောက်ပြောင်နေပါသည်။
သားရဲ၇ကောင်သည် ရပ်တန့်ရမည် ဖြစ်သော်လည်း သူစိမ်းအနံ့ရသဖြင့် ထိန်းမရ၊သိမ်းမရဖြစ်နေပါသည်။
ဝက်ဝံ၁ကောင်သည် အော်ဟစ်လိုက်ပြီး၊ ရှောက်ရွှမ်ဆီကို ပြေးဝင်လာပါသည်။ ခြေတစ်လှမ်း
လိုက်တိုင်း မြေပြင်သည် တုန်ခါသွားပါသည်။
မောင်တာ့သည် မျက်မှောင်ကြုံ့လိုက်ပြီး “သွားစမ်း”ဟုမောင်းထုတ်လိုက်ပါသည်။ သူတို့တွင် သယ်စရာပစ္စည်းပါမလာတော့သဖြင့် ဝက်ဝံကြီးကို လိုက်ဆွဲမနေတော့ပါ။ ခဏလွှတ်ပေးထားလိုက်လျှင်၊ ပုံမှန်ပြန်ဖြစ်သွားမည် ဖြစ်သည်။
မောင်တာ့သည် မပြေးဘဲ ဒီအတိုင်းရပ်နေသော ရှောက်ရွှမ်ကိုတွေ့သောအခါ “ပြေးတော့လေ…သေချင်လို့လား”
ဝက်ဝံကြီးကတော့ ပြေးလာရင်း ရှောက်ရွှမ်နားသို့ ရောက်လာပြီ ဖြစ်သည်။ ဝက်ဝံကြီး၏ အော်ဟစ်သံကြောင့် သစ်ပင်များပင် တုန်ခါနေပါသည်။
ရှောက်ရွှမ်သည် ပြေးဝင်လာသော ဝက်ဝံကြီးကို ကြည့်လိုက်ပြီး၊ ခြေတစ်ချောင်းကို မလိုက်ကာ မြေကြီးပေါ်သို့ နင်းချလိုက်ပါသည်။
“ဝုန်း…”
ဖနောင့်ပေါက်ချက်နှင့်အတူ စွမ်းအင်လှိုင်းများထွက်ပေါ်လာပါသည်။ မြေပြင်သည် တုန်ခါသွားပြီး အပေါ်သို့လိပ်တက်လာပါသည်။ အနားရှိ ကျောက်ခဲသလဲများနှင့် ဖုန်များ လေထဲတွင် လွင့်စင်သွားပြီး၊ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားပါသည်။
ထိုခြေလှမ်းနှင့်အတူ ရှောက်ရွှမ်၏ကိုယ်ထဲမှ နတ်စွမ်းအင်များနိုးထလာပါသည်။ သူ့ကိုယ်ပေါ်မှ နတ်အမှတ်အသားများကတော့ တခြားလူများမမြင်ရသေးခင် ပြန်လည်ပျောက်ကွယ်သွားပါသည်။
ဝက်ဝံကြီးသည် ရှောက်ရွှမ်အရှေ့ ၅မီတာအကွာလောက်တင်ရပ်တန့်သွားပါသည်။ ဝက်ဝံကြီး၏ ခြေထောက်အောက်ရှိ မြေပြင်သည် အက်ကွဲသွားပါသည်။
ရှောက်ရွှမ်သည် မတ်တပ်ရပ်နေပြီး ဝက်ဝံကြီး
ကို တိတ်ဆိတ်စွာကြည့်နေပါသည်။ ထို့နောက် ဝက်ဝံကြီးသည် တခြားဘက်သို့ လှည့်ထွက်သွားပါတော့သည်။
မောင်တာ့နှင့် သူလူများက အံ့ဩသင့်ပြီး “မင်းသေချင်လို့လား”
ကွမ်းယီကတော့ သွားကြားထိုးရင်း“လူကမွေးထားတဲ့ ဝက်ဝံတွေများ ဘာထူးဆန်းလို့လဲ…ငါဆို ဒီထက်ကြီးတဲ့ ဝက်ဝံကြီးတွေတောင် သတ်ဖူးသေးတယ်”
(ဆက်ရန်…)