← Chapters

ပင်လယ်ထဲသို့ ရောက်သွားခြင်း

Vol. 24 Ch. 349

ပင်လယ်ထဲသို့ ရောက်သွားခြင်း

Vol. 24 Ch. 349

တတိယအကြိမ်မြောက် အဆင့်မြှင့်တင်ခြင်းပြီးသွားသောအခါ ရှောက်ရွှမ်သည် နီလာ့ကို ဒီအတိုင်းကြည့်နေရပါသည်။

ရှောက်ရွှမ်သည် အဖြေကို ချက်ချင်းသိရမည်ဟု ထင်ထားသော်လည်း၊ တတိယအကြိမ်မြောက် အဆင့်မြှင့်တင်ခြင်း လုပ်ပြီးသွားသောအခါ နီလာသည် အိပ်ပျော်သွားပါသည်။ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်သွားပြီး အိပ်မောကျနေသလို ဖြစ်သွားသည်။

ရှောက်ရွှမ် စိတ်မသက်မသာ ဖြစ်သွားသည်။ သူသည် ထပ်မံစောင့်ကြည့်ရန် စီစဉ်ထားသော်လည်း၊ ကျင်းကျားဝေများ၏ အသံကို ကြားလိုက်ရသည်။

ရှောက်ရွှမ်ပင် သူ့နောက်မှလိုက်နေသူများကို

လေးစားမိသွားသည်။

ယနေ့နှင့်ဆို ၁၀ရက်မြောက်သောနေ့ဖြစ်သည်။ အစာစားခြင်းနှင့် ခဏအနားယူခြင်းမှလွဲ၍ ကျင်းကျားဝေများသည် ရှောက်ရွှမ်နောက်သို့ တောက်လျှောက်လိုက်နေခဲ့ကြသည်။ ကျင်းကျားဝေများသာမဟုတ်၊ သူတို့စီးလာသော ကုလားအုတ်များ၊မြင်းများမှာလည်း လွန်စွာစိတ်ရှည်ကြသည်။ သူတို့သည် အပူအအေးဒဏ်ကို ခံနိုင်ရည်ရှိကြပြီး ဝန်လည်းသည်နိုင်ပါသည်။ အချိန်အကြာကြီးလည်း ပြေးလွှားနိုင်ကြသည်။ ကျင်းကျားဝေများနောက်မှ လိုက်နေသော ရှချီမြို့တော်နှင့် ကောင်းကင်ရထားမြို့တော်တို့မှ လူများသည် နောက်တွင် ပြတ်ကျန်ခဲ့ပြီ ဖြစ်သည်။

နီလာ အိပ်စက်နေသေးသည်ကို တွေ့သောအခါ ရှောက်ရွှမ်သည် ၎င်းကို ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။ သူ့နောက်မှ လိုက်လာသော လူများနှင့်သားရဲများသည် ထိုချေးပိုးထိုးလေးကို စိတ်မဝင်စားပါ။ ရှောက်ရွှမ်သည် နီလာကို လက်နှင့်မ

လိုက်ပြီး သဲသောင်ကုန်းတစ်ခုပေါ်တွင် တင်ပေးလိုက်ပါသည်။ ထို့နောက် အပေါ်က သဲများ ဖုံးလွှမ်းပေးလိုက်သည်။ ပိလော်များသည် သူတို့ပစ်မှတ်ဖြစ်သော ရှောက်ရွှမ်နောက်ကိသာ လိုက်ကြပြီး ကျန်သောအရာများကို ဂရုမစိုက်ပါ။

ပိလော်များသည် စူးရှသော် အော်မြည်သံများကို ပြုလုပ်ကာ၊အတောင်ပံ တဖျပ်ဖျပ်ခတ်ပြီး ရှောက်ရွှမ်နောက်သို့ ဖုံများတထောင်းထောင်းထအောင် လိုက်နေကြသည်။

ဖုန်များကင်းစင်သွားသောအခါ ပတ်ဝန်းကျင်မှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပါသည်။ လေထဲတွင်တော့ သဲများ ပြည့်နေပါသည်။ မကြာခင်တွင် အရာအားငြိမ်သက်သွားသည်။

ရှောက်ရွှမ်သည် ပြေးရင်းနှင့် လမ်းဆုံတစ်ခုသို့ ရောက်လာပေသည်။

ဘယ်ဘက်ကို ဆက်သွားလျှင် ရှချီမြို့တော်အပိုင်ထဲ ရောက်သွားမည် ဖြစ်ပြီး၊ ညာဘက်ကို ကွေ့

လိုက်လျှင် ကောင်းကင်ရထားမြို့တော် ဖြစ်ပါသည်။ ကောင်းကင်ရထားမြို့တော်လူအရေအတွက် တိုးလာခြင်းကို ရှောက်ရွှမ် မြင်နိုင်ပြီ ဖြစ်သည်။

ရှောက်ရွှမ်သည် ဘာမှ သေချာမစဉ်းစားဘဲ ပြေးလာခြင်းဖြစ်သည်။ နောက်ဆုံးတွင်တော့ လမ်းအပိတ်တစ်ခုသို့ ရောက်လာပြီဖြစ်သည်။ သူ့လွတ်လမ်းကို ကြိုတင်စဉ်းစားသင့်ကြောင်း သတိရပါသေးသည်။ ကန္တာရကြီးမှာ အလွန်ကျယ်ပေသည်။ ကွေ့ပတ်ပြီးပြေးမည်ဆိုလျှင်တောင် ကျင်းကျားဝေ့များလက်မှ လွတ်နိုင်သည်။ သို့သော် သူ့စိတ်ကို တစ်ယောက်ယောက်က ထိန်းချုပ်ပြီး ရှေ့တည့်တည့်သာ ပြေးခိုင်သလို ခံစားနေရသည်။

ကောင်းကင်တွင် ပျံသန်းနေသောငှက်များကို တွေ့လိုက်ရသည်။ ထိုငှက်များသည် ကန္တာရထဲမှ ငှက်အရိုင်းများမဟုတ်ပါ။ ကောင်းကင်ရထားမြို့တော်မှ လူများ မွေးထားသောငှက်များ ဖြစ်ပါသည်။ တချို့ငှက်များ၏ ကျောပေါ်တွင် လူ

များပါလာသည်။

ကောင်းကင်ရထားမြို့တော်သည် အခြားမြို့တော်များနှင့် စစ်မဖြစ်သော်လည်း၊ ရှချီမြို့တော်နှင့်တော် ပဍိပက္ခအနည်းငယ်ရှိပါသည်။ ကန္တာရထဲမှ အခြေအနေများက သူတို့၂မြို့လုံးအပေါ် သက်ရောက်မှု ရှိပါသည်။ နေ့စဉ်နှင့်အမျှ ခရီးရှည်ကင်းလှည့်သော အဖွဲ့များက ကန္တာရထဲထွက်လေ့ရှိသည်။ အခုတော့ ကောင်းကင်ရထားမြို့တော်၏ ကင်းအဖွဲ့နှင့် ရှောက်ရွှမ် ဆုံမိပြီဖြစ်သည်။

ရှောက်ရွှမ်၏ ညာဘက်တွင် ကောင်းကင်ရထားမြို့တော်၏ ကင်းအဖွဲ့၊ အနောက်ဘက်တွင် ကျင်းကျားဝေ့အဖွဲ့၊ တို့လိုက်နေပြီး ရှေ့တွင်တော့ ပင်လယ်ကြီးသာ ရှိတော့သည်။

လူသာမန်တစ်ယောက်ဆိုလျှင်တော့ ဘယ်ဘက်ကို ထွက်ပြေးမိမည် ဖြစ်သည်။ ရှောက်ရွှမ်ကတော့ ရှေ့တည့်တည့်သာ ဆက်ပြေးသွား၏။

ထိုအချိန်တွင် ရှောက်ရွှမ်သည် သူ့ခြေထောက်များကို သူမထိန်းချုပ်နိုင်သလို ဖြစ်နေပါသည်။ သူသည် တခြားအကြောင်းရာကိစ္စများကို စဉ်းစားမနေတော့ဘဲ ခုန်လိုက်ပါသည်။ ခုန်လိုက်ပြီးမှ ရှောက်ရွှမ် သတိပြန်ဝင်သွားသည်။

အမြင့်ကြီးမှ ခုန်ချပြီးနောက် ရှောက်ရွှမ်သည် အပြာရောင်ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။ ရေအောက်မှ တစ်စုံတယောက်က သူ့ကိုဆွဲနေသလိုဖြစ်ပြီး၊ ရေအောက်သို့ မြုပ်သွားသည်။

ပင်လယ်ရေအပူချိန်သည် ကန္တာရထဲက အပူချိန်ထက် နည်းပါသည်။ရှောက်ရွှမ်သည် ပူပြင်းသော ကန္တာရထဲမှ ပင်လယ်ရေနက်ပိုင်းသို့ ရောက်ရှိလာခြင်းဖြစ်သဖြင့်၊ ရေနက်လေ ပိုချမ်းလေပင်။ ရှောက်ရွှမ်တစ်ယောက် ခိုက်ခိုက်တုန်အောင် ချမ်းနေပါတော့သည်။ သူသည် ရေမျက်နှာပြင်အပေါ်ပိုင်းသို့ ပြန်တက်ရန် စိတ်ကူးလိုက်သော်လည်း တက်နိုင်သည့် အင်အားမရှိတော့ပါ။

သူ့နားတွင်ဖြစ်ပေါ်နေသော ရေစီးကြောင်းကြီးမှာ အလွန်အားသန်လှသည်။ ရှောက်ရွှမ်၏ ဦးရေပြားများ ထုံကျင်သွားသည်။ ထိုကဲ့သို့သော ရေစီးကြောင်းများ၏ အန္တာရာယ်ကို ရှောက်ရွှမ်သိပါသည်။ ရှောက်ရွှမ်သည် အသက်ရှူများကြပ်လာပြီး၊ ခြေလက်များလှုပ်ရှား၍ မရတော့ပေ။

ထိုအချိန်တွင် အရိပ်ကြီးတစ်ခုပေါ်လာ၏။ ရေပြင်ပေါ်မှ ကျလာသော အလင်းရောင်ဖြင့် ရှောက်ရွှမ်သည် ထိုအရိပ်ကြီးကို မြင်လိုက်ရသည်။ ကြီးမားသော ပါးစပ်ကြီးကို ဖြဲ၍ အစွယ်များကို ထုတ်ပြသည်ကိုလည်း မြင်လိုက်ရပါသည်။ ရှောက်ရွှမ်၏ခန္ဓာကိုယ်သည် ထိုသတ္တဝါကြီး၏ အစွယ်တစ်ချောင်းစာပင် မရှိပေ။

လက်သည်များ မရှိသော်လည်း၊ ရေယက်များပါရှိသဖြင့် အစွမ်းထက်မြဲ ဖြစ်ပါသည်။ ကြောက်တတ်သူတို့ ၎င်း၏ မျက်လုံးများကို ကြည့်မိမည်ဆိုပါက လိပ်ပြာလွင့်သွားနိုင်ပေသည်။ ထိုသတ္တဝါကြီးသည် ရှောက်ရွှမ်ကို စိတ်ဝင်စားဟန်မရှိဘဲ၊ အနားတွင် ကူးခတ်နေသည်။ သို့သော် ထွက်

တော့မသွားချေ။

ရှောက်ရွှမ်သည် ကျင်းကျားဝေ့များလက်မှ လွတ်လာပြီးနောက် ပင်လယ်ရေအောက်တွင် သေမည့်ကိန်းဖြစ်နေသည်။ ရှောက်ရွှမ်သည် အသက်ကို အချိန်ကြာကြာအောင့်နိုင်သော်လည်း ပင်လယ်အောက်တွင် တောက်လျှောက် အသက်အောင့်နိုင်ဖို့တော့ မဖြစ်နိုင်ပါ။

အခုအတိုင်းသာဆက်သွားပါက၊ ပင်လယ်အောက်တွင် အသက်ပျောက်မလို ဖြစ်နေ၏။

ထိုအချိန်တွင် ကျင်းကျားဝေ့များသည် ကျောက်ကမ်းပါးစွန်းတွင် ရောက်နေကြပြီး အဆုံးအစမရှိသော ပင်လယ်ကြီးကို ကြည့်နေကြသည်။ သူတို့သည် ရှောက်ရွှမ်နောက်မှ လိုက်မခုန်ချပါ။ သူတို့သည် ထိုမျှတော့ မရူးမိုက်ကြသေးပါ။ ခုန်ချခြင်းသည် ကိုယ်သေတွင်း ကိုယ်တူးခြင်းပင် မဟုတ်ပါလား။

သူတို့စီးလာသောသားရဲများသည် ပင်လယ်ရေ

အောက်မှ ဖိအားကို ခံစားသိရှိသည့်အလား၊ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ကျင်းကျားဝေ့များသည် ရှောက်ရွှမ်၏အခြေအနေကို တွေ့မြင်ပြီးနောက်၊ ကမ်းပါးစွန်းမှ စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် ကောင်းကင်ရထားမြို့တော်မှလူများသည် ရှောက်ရွှမ်၏ လှုပ်ရှားမှုကြောင့် အံ့ဩသွားကြသည်။ ရှောက်ရွှမ်သည် ကျောက်ကမ်းပါးစွန်းမှ ပင်လယ်ထဲသို့ ခုန်ချလိုက်ခြင်းသည် သေကြောင်းကြံလို၍လား သို့မဟုတ်အခြားအကြောင်းရင်းများရှိမလား။

ပင်လယ်ထဲမှ သားရဲကြီးသည် ကမ်းပါပေါ်တွင် လူများလှုပ်ရှားနေကြောင်းကို သိနေပုံပေါ်ပြီး မပျော်မရွှင် ဖြစ်နေ၏။ ၎င်းသည် ရေပေါ်ခုန်တက်လိုက်ပြီး ကမ်းပါးစွန်ကြီး ပြိုကျလုမတတ် ကျယ်လောင်သံ အသံကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

ကျင်းကျားဝေ့များသည် ပြုတ်ကျမည်ကို မကြောက်သော်လည်း၊ သူတို့စီးလာသော သားရဲများကို နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်ခိုင်းလိုက်သည်။ ငှက်များကို စီးနင်းလိုက်ပါလာသော ကောင်းကင်ရထားမြို့တော်မှလူများသည်လည်း မီတာ၁၀၀ခန့် နောက်ဆုတ်သွားသည်။ သူတို့သည် ပင်လယ်နားတွင် နေသူများဖြစ်သဖြင့်၊ ပင်လယ်အောက်မှ သားရဲကြီးအကြောင်းကို သိနေသူများဖြစ်သည်။ ထိုသတ္တဝါကြီးမှာ နှိမ်နင်း၍ရနိုင်သော သတ္တဝါမျိုးမဟုတ်ပါ။

ကျင်းကျားဝေ့များသည် ကမ်းပါးစွန်းပေါ်တွင် ၂ရက်ခန့် ကြာသွားသည်။ ၂ရက်ကြာသည်အထိ ရှောက်ရွှမ်ကို မတွေ့ရသည့်အခါ ၊ ပင်လယ်သတ္တဝါကြီး စားသွားပြီဟု ထင်မှတ်လိုက်ကြသည်။ ရှောက်ရွှမ်သေသွားသောကြောင့် ဘုရင့်အမိန့်ကို သွယ်ဝိုက်သောနည်းဖြင့် ထမ်းဆောင်ပြီးသလို ဖြစ်သွားသည်။

တတိယမြောက်နေ့တွင် ကျင်းကျားဝေ့များ

ထွက်ခွာသွားကြသည် “သွားကြမယ်…တာဝန်ထမ်းဆောင်လို့ပြီးပြီ…ပြန်ကြစို့”။

ကောင်းကင်ရထားမြို့တော်မှ ကင်းအဖွဲ့သည် ကျင်းကျားဝေ့များဆီမှ လက်နက်ကိရိယာများကို လုယူလိုသော်လည်း မလုရဲကြပါ။ ခဏကြသော်အခါ ကျင်းကျာဝေ့များသည် သူတို့နှင့် အတော်ဝေးသောနေရာသို့ ရောက်သွားသည်။

“ထားလိုက်တော့…နောက်တစ်ခေါက်ပေါ့” ကောင်းကင်ရထားမြို့တော်မှ လူတစ်ယောက်က ပြောလိုက်သည်။ ကင်းလှည့်သည့်အဖွဲ့တွင် လူများများမပါပါ။ ကျင်းကျားဝေများက လူအင်အားပိုကောင်းသဖြင့် တိုက်ခိုက်မည်ဆိုလျှင်လည်း၊ သူတို့သာ ရှုံးနိမ့်မည် ဖြစ်သည်။

“ခုန်ချလိုက်တဲ့လူ ရေနစ်သေသွားတာလား ဒါမှမဟုတ် ငါးစားသွားတာလား” တစ်‌ယောက်က မေးလိုက်သည်။

“ပြောမနေပါနဲ့ကွာ…အဲဒီကောင်က အရူးပါ”

ကောင်းကင်ရထားမြို့တော်မှ လူများလည်း ပြန်လာကြပြီဖြစ်သည်။ သူတို့၏ အပြန်ခရီးမှာ အေးအေးဆေးဆေးပင်ဖြစ်သည်။ သို့သော် ကျင်းကျားဝေ့များကတော့ ကံမကောင်းပါ။ သူတို့သည် လာလမ်းအတိုင်းပြန်လာကြသော်လည်း လမ်းတွင် ပိုးမွှားအုပ်ကြီးတစ်အုပ်နှင့် ရင်ဆိုင်လိုက်ရသည်။

ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါ အနက်ရောင်ချေးပိုးထိုး လှိုင်းလုံးကြီးများသည် သဲပြင်ကို ဖုံးလွှမ်းထားသည်။

သဲသောင်ကုန်းပေါ်မှ အဝါရောင်သဲများ လှုပ်ရှားသွားသည်။ သဲပြင်အောက်မှ အပြာရောင် ချေးပိုးတစ်ကောင် ထွက်ပေါ်လာပါသည်။ တည်ငြိမ်နေသော ချေးပိုးထိုးအုပ်ကြီးမှာ လှိုင်းလုံးကြီးများလို လှုပ်ရှားလာသည်။

နှင်းမြို့တော်အနေနှင့် နန်းတော် အဖောက်ခံရခြင်းသည် ကြီးမားသော ဆုံးရှုးမှုတစ်ခု

ဖြစ်သည်။ နှင်းမြို့တော်ဘုရင်သည် ရှုံ့မဲ့နေသော မျက်နှာကြီးနှင့် ထိုင်နေပါသည်။ဘုရင်ကြီးသည် သူလွှတ်လိုက်သော ကျင်းကျားဝေ့များ ထွက်ခွာသွားသော ရက်များကို ရေတွက်ရင်း၊ ဘာကြောင့်ပြန်ရောက်မလာကြသေးလဲဟု စဉ်းစားနေတော့သည်။

All Chapters