← Chapters

လိုက်ပါသော်လည်း မမီနိုင်

Vol. 25 Ch. 368

လိုက်ပါသော်လည်း မမီနိုင်

Vol. 25 Ch. 368

ရှောက်ရွှမ်သည် ထိုသူကို တွန်းနောက်လိုက်ပြီးနောက် နောက်ကိုမဆုတ်ပါ။ မြေပြင်ပေါ်တွင် မြဲမြံစွာရပ်ရင်း တစ်ဖက်သို့လှည့်ကာ နောက်တစ်ယောက်ကို ထိုးချလိုက်သည်။

သူ့လက်သီးချက်များသည် သစ်ပင်တစ်ပင်ကို ကျိုးသွားစေသည်အထိ ပြင်းထန် ပါသည်။ ရှောက်ရွှမ်၏ ရန်သူများသည် ထိုတိုက်ခိုက်မှုများကို ရှောင်ရှားခြင်းသာ ပြုလုပ်နိုင်ခဲ့ကြသည်။ သူတို့အဖွဲ့ဝင်တစ်ယောက်၏ အဖြစ်ကို မြင်ပြီးနောက် ထိုချာတိတ်လေး၏ ခွန်အားကို သူတို့လျှော့မတွက်ရဲတော့။

မီးတောက်ဦးချိုမျိုးနွယ်စုမှ လူအားလုံးသည် ကြောက်မက်ဖွယ်ကောင်း လှပေသည်။

သူတို့၂ယောက် မီးတောက်ဦးချိုမျိုးနွယ်စု၏

အင်အားတောင့်တင်းပုံအကြောင်း ကိုပြောနေရင်းနှင့် သူတို့ဖြစ်ချင်သည့်အရာ ဖြစ်လာခဲ့ပေပြီ။သူတို့၏ အကြံမှာ သူတို့အဖွဲ့ဝင် ၃ယောက် လက်သည်းရှည်မျောက်အား ခေါ်သွားနိုင်ရန် ရှောက်ရွှမ်ကို ရသလောက် အချိန်ဆွဲထားရန် ဖြစ်သည်။ ထိုသို့အချိန်ဆွဲထားမှသာ နောက်မှ လိုက်၍ မမီဖြစ်မည် မဟုတ်ပါလား။

သူတို့၅ယောက်၏ စိတ်ထဲတွင် ထိုအတွေးပေါ်လာသောအခါ ရှောက်ရွှမ်က ပစ်မှတ်ကို ပြောင်းလိုက်သည်။ လက်သည်းရှည်မျောက်ကို သယ်ယူနေသည့် သုံးယောက်ကို ရှောက်ရွှမ် ပစ်မှတ်ထားလိုက်သည်။

အမဲလိုက်ရာတွင် အမြန်နှုန်းသည် အရေးပါပေသည်။ သားကောင်များသည် မြန်ဆန်ကြသည် ဖြစ်သည်။ လေးလံသည်ဟု ထင်ရသော တောဝက်ပင်လျှင် အသက်ဘေးကြောင့် ပြေးသောအခါ လိုက်၍ မမီလောက်အောင်ပင် မြန်ဆန်ပေသည်။ ထို့ကြောင့် မီးတောင်ဦးချိုမျိုးနွယ်စုဝင်

များသည် အမဲလိုက်လျှင် အမြန်နှုန်းကို သိပ်အရေးစိုက်မနေတော့ပါ။ လူအများစုသည် မီး‌တောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အခြားအစွမ်းများကို မေ့နေကြပြီး ခွန်အားကြီးမားပုံကိုသာ သတိရကြသည်။ ရှောက်ရွှမ်၏ အမြန်နှုန်းမှာ အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသော မူထာ့၊ကွေ့ဟယ်တို့နှင့် ယှဉ်နိုင်ပါသည်။ အခုတော့ ရှောက်ရွှမ်သည် ယခင်ထက် ပိုတိုးတက်လာသည် ဖြစ်၍ သူတို့ထက်တောင် မြန်ရင်မြန်နေပါဦးမည်။

ထို့ကြောင့် ရှောက်ရွှမ်စ ပြေးသောအခါ သူ့ရန်သူများသည် အံ့ဩလွန်း၍ နှုတ်ဆိတ်သွားကြသည်။ ထို့နောက် မျောက်ကိုဖမ်းမိတဲ့လူပဲ…ဒီလောက်တော့ မြန်မှာပေါ့ဟု တွေးလိုက်မိကြသည်။

သူတို့စိုးရိမ်နေသည်မှာ မှန်ပေသည်။

မျောက်ကို ချောင်းနေသော သုံးယောက်ဆီသို့ ရှောက်ရွှမ် ချဉ်းကပ်သွားသည်ကို တွေ့သောအခါ

ကျန်၂ယောက်သည် ရှောက်ရွှမ်ကို တားဆီးရန် ပြင်ဆင်ကြလေသည်။

နတ်စွမ်းအင်များအားလုံးကို နှိုးထလိုက်သောအခါ သူ၏ နတ်အမှတ်အသားများမှာ မီးတောက်များလို တောက်ပလာပါသည်။ ထို့နောက် ကြွက်သားများတွင် စွမ်းအင်များကို စုစည်းပြီး ရှေ့တွင် ကာဆီးထားသောအရာမှန်သမျှကို ရှောင်ရှားရင်း တောအုပ်ကို ဖြတ်သန်း၍ လျင်မြန်စွာ ပြေးလေသည်။ အဝတ်အစားများမှ လေတိုးသံများထွက်ပေါ် လာပါသည်။ မြန်လွန်းသဖြင့် သူဖြတ်သွားသည်ကို ငှက်များပင် မမြင်တွေ့ရပါ။ ငှက်များသည် ရှောက်ရွှမ်နောက်မှ လိုက်နေသူ၂ယောက်ကိုသာ မြင်လိုက်ရသည်။

ရှောက်ရွှမ်သည် လျင်မြန်သော မြွေတစ်ကောင်လိုပြေးထွက်သွားသည်ကို မြင်သောအခါ နောက်ကလိုက်သူ၂ယောက်တို့မှာ ငြီးတွားရုံမှ တပါး တခြား မတတ်နိုင်ကြ တော့ပါ။ “မီးတောက်ဦးချိုမျိုးနွယ်စုက ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်ဖို့ကောင်းတဲ့ လူကို ပိုင်ဆိုင်ထားတာလဲ…ထို

ချာတိတ်က သူတို့ကို မတိုက်ရသေးဘဲ သူတို့က ဘာလို့ ပုန်းအောင်းနေရတာလဲ…နောက်ပိုင်းတွင် ခြုံခို၍ ပြန်လည်တိုက်ခိုက်ရန် အတွက်လား။

ရှေ့တွင်ရှိသော သူတို့အဖော်သုံးယောက်နား ရှောက်ရွှမ်ကပ်သွားသောအခါ ကျန်၂ယောက်တို့သည် အလွန်စိတ်လှုပ်ရှားလာကြသည်။ သူတို့သည် မြန်နိုင်သမျှ မြန်အောင်ပြေးသွားကြသည်။ တစ်ယောက်က မျောက်ကိုသတ်ရန်သုံးမည့်ဓားကိုပင် ကိုင်ဆွဲထားလေသည်။

မျောက်ကို သတ်ရမည့်အခွင့်အရေးကို ရှောက်ရွှမ်က သူတို့ဆီက လုယူသွားခြင်းဖြစ်သည်။

ရှေ့တွင်ရှိသော မြေပြင်အနေအထားမှာ မညီညာပါ။ မြေပြင်တွင် သစ်မြစ်များစွာပေါက်ရောက်နေပြီး နွယ်ပင်များလည်း ရှုပ်ယှက်ခတ်နေပါသည်။ ပေါ့ပေါ့ဆဆ ဝင်သွားမည်ဆိုပါက လွယ်လွယ် ပြန်ထွက်၍ရတော့မည် မဟုတ်ပါ။ ရှေ့မှ သွားနေသော ၃ယောက်သည် အရှိန်ကို လျှော့ချလိုက်သည်။

ထိုသုံးယောက်နောက်ကို အမီလိုက်ရန် စိတ်ကူးတစ်ခု ရှောက်ရွှမ်ရသွားသည်။ အပေါ်စီးမှ တိုက်ခိုက်ရန် ဖြစ်သည်။

မျောက်နောက်လိုက်ရင်းနှင့် ရှောက်ရွှမ်သည် မျောက်၏ လှုပ်ရှားပုံများကို မှတ်သားထားကာ ၎င်းအတိုင်း လိုက်၍ လှုပ်ရှားလေသည်။ သူသည် မျောက်ကို အမိဖမ်းလိုက်၍ ရသော်လည်း မျောက်၏ လှုပ်ရှားမှုများကို လေ့လာလိုပါသေးသည်။ မျောက်နှင့်နီးကပ်လာလျှင် သူသည် သစ်ပင်တစ်ပင်ပေါ်တက်ကာ မျောက်ကို ခြောက်လှန့်လိုက်သည်။ ထို့နောက် မျောက်၏လှုပ်ရှားမှုများကို အနီးကပ်ကြည့်ရှုလေ့လာ ပါသည်။ မျောက်၏လှုပ်ရှားမှုများနှင့် အသားကျသွားသည်အထိ သူသည် ထိုအတိုင်းသည ပြုမူနေသည်။

ရှောက်ရွှမ်သည် အနက်ရောင်ဓားမြောင်ကို ကိုင်၍ နောက်သို့လှည့်ကာ ထိုးချလိုက်သည်။

အရိပ်တစ်ခုသည် သစ်ပင်ကို ကန်ပြီး လေပေါ်ခုန်တက်သွားသည်။ ထို့နောက် နောက်တွင်ရှိသော လူ၂ယောက်တို့သည် “ရွှပ်”ခနဲ အသံတစ်ခုကို ကြားလိုက်ရသည်။ သူဖြတ်သန်းသွားသော သစ်ပင်ပေါ်တွင် ဓားရာတစ်ခုကျန်ခဲ့သည်။

“ရွှပ်…ရွှပ်…ရွှပ်”

တောနက်ထဲတွင် အော်သံတစ်ခု ဆက်တိုက် ဖြစ်ပေါ်လာသည်။ ထို့နောက် အရိပ်တစ်ခုသည် လျှပ်စီးကဲ့သို့ အရှိန်မျိုးဖြင့် ပြေးလာနေသည်။ ခြုံပုတ်များ၊ ဆွေးမြေ့နေသော သစ်ရွက်များနှင့် သစ်ရွက်ကြွေများအောက်မှ သစ်မြစ်များသည် ရှောက်ရွှမ်အတွက် ပြဿနာ မဟုတ်တော့ပါ။ သူသည် မြေပြင်ညီမှာတုန်းကလောက်တော့ အရှိန်မမြန်တော့သော်လည်း ဟိုလူ၅ယောက်ထက်တော့ မြန်နေပါသေးသည်။ အနောက်မှ တိုက်ခိုက်မှုများကိုလည်း သစ်ပင်များကို ကွေ့ဝိုက်ပြီး ရှောင်တိမ်းလိုက်နိုင်ပါသေးသည်။

ရှောက်ရွှမ်၏ လှုပ်ရှားမှုများကို မြင်သောအခါ

နောက်လိုက်သူ၂ယောက်တို့ အကြီးအကျယ် တုန်လှုပ်သွားကြသည်။

မဖြစ်နိုင်ဘူး…။

ရှောက်ရွှမ်သည် လက်သည်းရှည်မျောက်၏ လှုပ်ရှားမှုများအတိုင်း လိုက်လံ လှုပ်ရှားနေခြင်း ဖြစ်သည်။

“သွားပြီ…ငါတို့တော့ ပြဿနာတက်ပြီ…တော်တော်မြန်တဲ့လူပါလား”

ရှောက်ရွှမ်သူတို့နှင့် ဝေးသွားသည်ကို မြင်ရသောအခါ နောက်ကလိုက်နေသူ ၂ယောက်၏ စိတ်ထဲတွင် ခဲဆွဲထားသလို လေးလံသွားကြသည်။

သစ်ပင်များသည် အမြင့် ၇မီတာ၊၈မီတာလောက်အထိ သစ်ကိုင်းသိပ်မရှိပါ။ ပို၍ မြင့်မားလေ သစ်ကိုင်းပိုများလေဖြစ်ပါသည်။ ထိုအချက်မှာ မျောက်၏ အရှိန်နှုန်းသော့ချက်ပင် ဖြစ်

ပါသည်။ အမြင့်၇မီတာ၊မီတာလောက်ရှိသော သစ်ပင်များပေါ်မှ ဆိုလျှင် မြေပြင်ပေါ်မှ အတားအဆီးများကိုလည်း ရှောင်လွှဲနိုင်မည်၊ အပေါ်ပိုင်းတွင်ရှိသော ရှုပ်ထွေးနေသည့် သစ်ကိုင်းများကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်သည်။ သွားရန်လမ်းကြောင်းအတွက်လည်း ပင်စည်များနောက်လိုက်နေရန် မလိုပါ။ အခုတော့ မီးတောင်ဦးချိုမျိုးနွယ်စုဝင်တစ်ယောက်သည် မျောက်၏ လျှို့ဝှက်ချက်ကို သိသွားပေပြီ။

နောက်ကလိုက်နေသူ၂ယောက်သည်လည်း မျောက်၏ လှုပ်ရှားမှုများအတိုင်း လိုက်လှုပ်ရှားကြည့်သည်။ သို့သော် နည်းစနစ်မမှန်ကန်သဖြင့် အရှိန်မြန်ရမည့်အစား အရှိန်နှေးကွေးသွားပါသည်။ နည်းလမ်းများကို စမ်းသပ်နေရန် အချိန်မရသဖြင့် မြေပြင်ပေါ်မှသာ ပြေးလွှားနေရသည်။ သူတို့အဖော်၃ယောက်ကို ရှာတွေ့ပါပြီ။ သုံးယောက်လုံး မြေပြင်ပေါ်တွင် လဲကျနေကြသည်။

“ဒဏ်ရာ ကြီးကြီးမားမား မရဘူး” ထိုသုံးယောက်၏ အခြေအနေကို ကြည့်ရှုပြီးသွားသော

အခါမှ အဖွဲ့ခေါင်းဆောင် စိတ်သက်သာရာရသွားသည်။

“သတ်မသွားတာပဲ ဟိုကောင်စုတ်လေးကို ကျေးဇူးတင်” နောက်တစ်ယောက်က ပြောလိုက်သည်။

ကျန်သူများ နှုတ်ဆိတ်သွားကြသည်။ ရှောက်ရွှမ်သာ သူတို့ကို ချမ်းသာမပေးဘူးဆိုလျှင် သူတို့ အခုချိန်လောက်ဆို အသက်ရှူရပ်နေလောက်ပြီ ဖြစ်သည်။ ရှောက်ရွှမ်သည် သူတို့ထက် ခွန်အားရော အမြန်နှုန်းပါ သာလွန်နေပါသည်။

ရှောက်ရွှမ်က သူတို့အပေါ်လျှော့ပေါ့ပေးလိုက်သည်။ သူတို့၅ယောက်ကလည်း ရှောက်ရွှမ်ကို သတ်လိုခြင်းမဟုတ်ဘဲ မျောက်ကိုသာလုလိုခြင်း ဖြစ်သည်။

“ဟိုမှာ အဲဒီကောင်လား” ခေါင်းဆောင်သည် ပြိုလဲနေသော သစ်ပင်ကြီးများဆီသို့ လက်ညှိုးညွှန်ပြရင်း မေးလိုက်သည်။

“ဟုတ်တယ်” ကျန်သုံးယောက်က မျက်နှာကို ရှုံ့မဲ့ပြီး ဖြေလိုက်သည်။ ရှောက်ရွှမ်က သူတို့၃ယောက်ကို မြေပေါ်သို့ ကိုင်ပေါက်လိုက်သောအခါ သူတို့သည် ပြန်ထပြီး ရှောက်ရွှမ်နောက်သို့ လိုက်ချင်စိတ်များ ပေါ်ပေါက်လာသည်။ သို့သော် ရှောက်ရွှမ်က သစ်ပင်ကြီးများကို လှဲပြပြီး သူတို့ကို သတိပေးလိုက်သည်။

သူတို့ ဘာဆက်လုပ်ရမလဲ မသိကြတော့ပါ။

“ငါတို့ ဘာလုပ်ရင် ကောင်းမလဲ” တစ်ယောက်က မေးလိုက်သည်။

“ဘာလုပ်စရာရှိသေးလို့လဲ…ငါတို့ပစ်မှတ်ကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ယောက် လုယူသွားတဲ့လို့ ကျန်တဲ့လူတွေကို ပြောရုံပဲ ရှိတော့တာပေါ့” ခေါင်းဆောင်က ပြောလိုက်သည်။ ပုံမှန်ဆိုလျှင် အဖွဲ့ခေါင်းဆောင်သည် သူ့အမှားသူ ဝန်ခံလေ့မရှိပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ယောက်၏ လက်ထဲသို့ ရောက်သွားသော ပစ္စည်း

ကို ပြန်ယူရန်မှာ မလွယ်ကူလှပါ။

သူတို့မျိုးနွယ်စုခေါင်းဆောင်များနှင့် အခြားမျိုးနွယ်စုများအားလုံး ဆူညံပွက်လော ရိုက်ကုန်မည်ကို သူတို့မြင်ယောင်နေသည်။ အခြေအနေကတော့ ဟုတ်တော့ ဟုတ်နေပြီ။

ရှောက်ရွှမ်ကတော့ အသက်ဝိညာဉ်ကင်းမဲ့နေသော မျောက်ကို ကိုင်ကာ တိတ်ဆိတ်သော နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ ရှောက်ရွှမ်သည် မျောက်ခေါင်းကို ပုတ်လိုက်ကာ “ဟန်ဆောင်မနေနဲ့တော့…မင်းဖွက်ထားတဲ့ပစ္စည်းထုတ်လိုက်” ဟုပြောလိုက်သည်။

မျောက်သည် ရှောက်ရွှမ်ကို မျက်လုံးသေကြီးများ ဖြင့် စိုက်ကြည့်နေသည်။

“မင်းက ဟန်ဆောင်နေဦးမလို့လား…ငါ့ကိုပြစမ်းပါဦး” ရှောက်ရွှမ်သည် မျောက်ပုခုံးကို ဓားမြောင်ထိပ်ဖျားနှင့် တို့လိုက်သည်။

ခုနကလူများ မျောက်ကို အသေရရ၊အရှင်ရရ လိုချင်နေခြင်းမှာ အ‌ကြောင်းရင်း ရှိပါသည်။ ထိုမျောက်တွင် သူတို့လိုချင်နေသော အရာတစ်ခု ရှိနေခြင်းကြောင့်ပင်။

(ဆက်ရန်…)

All Chapters