← Chapters

သဲကန္တရရဲ့ဘုရင်

Vol. 21 Ch. 305

သဲကန္တရရဲ့ဘုရင်

Vol. 21 Ch. 305

သဲမြန်သားရဲကြီး ပါးစပ်အပြည့် သားကောင်များကို ဝါးမျိုနေစဉ်တွင် အခြားကျွန်များသည် ထွက်ပြေးနေကြပြီဖြစ်သည်။ အိုအေစစ်ထံသို့ အရင်ရောက်လာကြသည့်ကျွန်များသည် အိုက်ရှီ၏ ကန်ထုတ်ခြင်းကို ခံလိုက်ရသည်။

မမျှော်လင့်စွာပင် ထိုသူများသည် သားရဲကြီးကို အိုအေစစ်ထံသို့ ခေါ်လာခဲ့ကြသည်။ အကယ်၍ ထိုသူများသည် ဒုတိယသခင်လေး၏ လူများမဟုတ်ခဲ့လျှင် အိုက်ရှစ်သည် ထိုသူများကို သတ်ဖြတ်ကောင်း သတ်ဖြတ်ပေလိမ့်မည်။

“ ပြင်ဆင်ကြ “ အိုက်ရှစ် အော်ဟစ်လိုက်သည်။

အိုအေစစ်အတွင်းမှ ကျွန်များအားလုံး အိုအေစစ်

တဖက်ဆီသို့ ရောက်လာကြလေသည်။ သဲမြန်သားရဲကြီးသည် အနိုင်ယူ၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ပေးဆပ်မှုတော့ ရှိရပေလိမ့်မည်။

အခြားတဖက်တွင်မူ ပါးစပ်အပြည့် ကျွန်များကို ဝါးမျိုစားသုံးနေခဲ့သည့် သဲမြန်သားရဲကြီးသည် သူ့ရွှေရောင်မျက်လုံးများဖြင့် အိုအေစစ်ကို လှမ်းကြည့်လိုက်သည်။ အထူးသဖြင့်သူသည် အိုအေစစ် အတွင်း အကာအကွယ်လုပ်နေကြသည့် ကျွန်များကို လှမ်းကြည့်လိုက်ခြင်းဖြစ်လေသည်။ ပူနွေးသည့် ပတ်ဝန်းကျင်ဖြစ်သော်လည်း လူတိုင်းသည် ရေခဲအတွင်း ရောက်နေသကဲ့သို့ အေးစက်တောင့်တင်းသွားကြသည်။

ဤသားရဲကြီးသည် အလွန်ကြမ်းတမ်းသော သားရဲကြီးဖြစ်သည်။ ဤအတွေးကို ရှောက်ရွှမ်တို့ သုံးယောက် တွေးမိလိုက်ကြသည်။

အိုအေစစ်ကိုကြည့်လိုက်ပြီးနောက် သားရဲသည် အိုအေစစ်ထံသို့ ချက်ချင်း မလာခဲ့ပေ။ ၎င်းသည် ကျန်နေသည့် သူ့ခန္ဓာကိုယ်တစ်ဝက်ကိုပင် သဲထဲမှ မထုတ်သေးပေ။ ထို့အစား သဲပြင်ပေါ်တွင် ၎င်း၏ အထက်ပိုင်း ခန္ဓာကိုယ်ကို ယိမ်းနွဲ့နေခဲ့လေ၏။ သူ့ခေါင်းသည် နိမ့်လိုက် မြင့်လိုက်ဖြစ်နေခဲ့သည်။

ဤသည်မှာ လူအရေအတွက်ကို ရေတွက်နေခြင်း မဟုတ်ပေ။ တိုက်ခိုက်ရန်အတွက် အချက်ပေးနေခြင်းသာ ဖြစ်သည်။

“ သတိထားပါ “ အိုက်ရှစ် အော်ဟစ်လိုက်သည်။

သူတို့သည် ဤသားရဲကြီးကို မသိကြသော်လည်း ရှောက်ရွှမ်သည် ၎င်းပြုလုပ်မည့် နောက်ထပ်

တိုက်ခိုက်မှုကို ခန့်မှန်းမိနေခဲ့သည်။ နှောင့်နှေးနေခြင်းမရှိပဲ သားရဲကြီးသည် သူ့ခေါင်းကို နောက်တစ်ကြိမ် ခေါင်းညိတ်ပြနေခဲ့သည်။ ရှောက်ရွှမ် လဲ့နှင့် ထွော်တို့ကို သတိပေးလိုက်သည် “ နောက်ပြန်ဆုတ် “

သူ့ဒူးများကို ကွေးလိုက်ပြီးနောက် ရှောက်ရွှမ် မြေပြင်ပေါ်မှ ခုန်တက်လိုက်သည်။ သူခုန်လိုက်သည့်အချိန်တွင်ပင် သဲများဖြင့် ဖွဲ့စည်းထားသည့် မြှားတံများ ထိုနေရာသို့ ကျဆင်းလာခဲ့သည်။ ထိုမြှားတံများသည် ထောင်ပေါင်းများစွာသော အပ်ချောင်းများကဲ့သို့ပင် လူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားနိုင်လေသည်။ ရှောင်တိမ်းချိန်မရလိုက်သည့် ကျွန်များသည် သနားစဖွယ် အော်ဟစ်လိုက်ကြရသည်။

၎င်းတို့မှာ သဲမြန်သားရဲကြီး၏ ပါးစပ်မှ မှုတ်ထုတ်လိုက်သည့် သဲများ ဖြစ်ကြသည်။ ၎င်း မှုတ်ထုတ်လိုက်သည့်အရှိန်သည် ပြင်းထန်သဖြင့် ပေါက်ကွဲ

လုမတတ်ပင် ဖြစ်ခဲ့ရလေသည်။

လဲ့နှင့် ထွော်တို့၏ အခြေအနေသည် ရှောက်ရွှမ်ကို စိတ်မပူစေပေ။ ရှောက်ရွှမ်သည် သူတို့ကို ယုံကြည်ထားပြီးဖြစ်သည်။ စူးကု မှာမူ သူ့ကို ကာကွယ်ပေးနေသည့် ဝူရှစ် ရှိနေခဲ့သည်။ သူတို့သည်လည်း နောက်သို့ ဆုတ်သွားကြသဖြင့် ရှောက်ရွှမ် စိတ်ပူနေရန် မလိုအပ်တော့ပေ။

လဲ့နှင့် ထွော်တို့ စူးကုနှင့်အတူ ဆုတ်ခွာသွားသဖြင့် ရှောက်ရွှမ် လှမ်းမေးလိုက်သည် “ ဒီကောင့်ရဲ့အားနည်းချက်က ဘာလဲ “

“ အားနည်းချက်လား “ ဝူရှစ်မသိနေခဲ့ပေ။ “ ပုံမှန်ဆိုရင်တော့ ငါတို့ သဲမြန်သားရဲတွေနဲ့ တွေ့ရင် သူ့မျက်လုံးကို တိုက်ခိုက်ကြတယ် “

ဤနည်းလမ်းသည် အခြားသားရဲများကို တိုက်ခိုက်သည့်အချိန်တွင်လည်း အသုံးဝင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ သဲမြန်သားရဲ၏ အားနည်းချက်ကိုမူ ဝူရှစ် သိမနေခဲ့ပေ။ ဝူရှစ်တင်မက အခြားသူများသည်လည်း မသိနေကြပေ။ သူတို့သည် ယခင်က သဲမြန်သားရဲများကို အနိုင်ယူခဲ့ဖူးသော်လည်း သူ၏ အားနည်းချက်မည်သည်ဟူသည်ကို မသိထားပဲ အနိုင်ယူခဲ့ကြခြင်းသာ ဖြစ်သည်။ ထိုသားရဲများကို ကြီးမားသောကျွန်ပိုင်ရှင်ကြီးများက တန်ဖိုးထားပြီး သဲကန္တာရသားရဲ ဘုရင်များဟု လူသိများသည် မဟုတ်ပေလော။ ထိုသားရဲများကို အနိုင်ယူရန်အတွက် လူအင်အားကိုသာ အဓိကထား အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။

ရှောက်ရွှမ်တို့ သုံးယောက် အချင်းချင်းပြန်ကြည့်လိုက်ကြသည်။ သူတို့သည် အကူအညီမဲ့နေသလို ခံစားနေရသော်လည်း ထိုသားရဲကိုတော့ အမြန်ဆုံးအနိုင်ယူနိုင်မှ ဖြစ်မည်ဖြစ်သည်။

အကယ်၍ သူတို့သည်သားရဲကို မျက်နှာချင်းဆိုင် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့လျှင် တောင် မောင်းထုတ်နိုင်မှ ရပေမည်။ သူတို့အနေဖြင့် သားရဲ၏ အားနည်းချက်ကို မသိမဖြစ် သိနေမှသာ ရပေလိမ့်မည်။

ရှောက်ရွှမ်တို့ သုံးယောက်သည် ဘေးမှသာ လေ့လာနေခဲ့သည်။ သူတို့၏ နေရာမဟုတ်သဖြင့် သူတို့ အရမ်းစိတ်ပူနေစရာမလိုအပ်ပေ။ ထို့အပြင် ဤကိစ္စကို ဖြစ်စေသည်မှာ လော့ယဲ့ မြို့တော်၏ ကျွန်ပိုင်ရှင်များနှင့် ကျွန်များသာ ဖြစ်သည်။

အခြားတဖက်တွင် အိုက်ရှစ်သည် သားရဲကြီးကို ကျွန်အချို့နှင့်အတူ တိုက်ခိုက်နေခဲ့သည်။

မြားသမားတစ်ယောက်သည် ၎င်း၏ မျက်လုံးကို

ပစ်ခတ်ရန် ပြင်လိုက်သည်။ သို့သော်လည်း သားရဲကြီးသည် မြားများကို ရှောင်တိမ်းသွားခဲ့လေသည်။ သူ့အကြေးခွံများပေါ်သို့သာ မြှားများကျရောက်သွားပြီး ထူထဲလှသည့် အကြေးခွံများကို မဖောက်ထွင်းနိုင်ကြပေ။ မြားများကို အဆက်မပြတ်ပစ်ခတ် လိုက်သော်လည်း သူတို့သည် သားရဲကြီး၏ မျက်လုံးကို ထိမှန်‌အောင် မပစ်နိုင်ကြသေးပေ။ မြားများသည် သေးငယ်သည့် အရာတစ်ခုသာဖြစ်သည်။ ပြုလုပ်ထားသည်မှာလည်း သစ်သားများ ကျောက်တုံးများဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ထူထဲသည့် အကြေးခွံများရှိသည့် သားရဲကြီးကို ထိုးဖောက်တိုက်ခိုက်နိုင်ရန်မှာ အကန့်အသတ်များ ရှိနေပေသည်။

ရှောက်ရွှမ် ကျောက်တုံးအိမ်တစ်လုံးပေါ်သို့ခုန်တက်လိုက်ပြီးနောက် တိုက်ပွဲကို အကဲခတ်လိုက်သည်။

တွားသွားသတ္တဝါများသည် သူတို့၏ ဝမ်းဗိုက်တွင် ထူထဲသည့်အကြေးခွံများ မရှိတတ်ကြပေ။ သို့သော်လည်း သဲမြန်သားရဲသည် ဤသတ္တဝါများ စာရင်းတွင် မပါဝင်နေပေ။ သူ့ဝမ်းဗိုက်သည်ပင် ထူထဲ‌သော အကာအကွယ် အကြေးခွံများဖြင့် ဖုံးအုပ်နေခဲ့လေသည်။

မီတာ နှစ်ဆယ်ခန့်ရှည်လျားသည့် ခန္ဓာကိုယ်ကြီးသည် ကြီးမားလှသော်လည်း ပြောင်းလွယ်ပြင်လွယ်တိုက်ခိုက်နိုင်စွမ်း ရှိနေခဲ့သည်။ ထို့ကြောင့် သားရဲကြီးသည် ကျွန်များ၏ တိုက်ခိုက်မှုများကို အလွယ်တကူ ရင်ဆိုင်နိုင်နေသည်။ မြေတွင် နှစ်မြုပ်နေသည့် သူ့ခန္ဓာကိုယ်ကျန်တစ်ဝက်သည်လည်း လှုပ်ရှားနေပုံပေါ်သည်။ ၎င်း၏ လှုပ်ရှားမှုကြောင့် သဲပြင်သည် ရေလှိုင်းများကဲ့သို့ ဖြစ်နေခဲ့ပြီး သဲလှိုင်းလုံးများ ထကြွနေခဲ့လေသည်။

ကျွန်များ ဆက်လက်တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ လှံရှည်များသည် စူးရှစွာ အော်မြည်သွား

ကြပြီး ဝဲလွင့်နေခဲ့သည်။ သူတို့သည် သားရဲကြီး၏ မျက်လုံးများကို တိုက်ခိုက်ရန် ကြံစည်နေကြခြင်းဖြစ်လေသည်။ အကယ်၍ သူတို့သာ သားရဲခန္ဓာကိုယ်ရှိ အခြားနေရာများကိုလည်း ထိုးဖောက်နိုင်ခဲ့လျှင် သူတို့အတွက် အခွင့်အရေး ရလာလိမ့်မည် ဖြစ်သည်။ သားရဲကြီး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ရှောက်ရွှမ်သည် လှည့်စားမှုတစ်ခုခုရှိနေသည်ကို ခံစားလိုက်ရသည်။

ယခင်က ရှိနေခဲ့ကြသည့် ကန္တာရသားရဲများသည် ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။ သူတို့ရှေ့တွင် အမြဲတစေ လျှောက်သွားနေတတ်သည့် အနက်ရောင် ပိုးကောင်များပင်လျှင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ဖြစ်နိုင်သည်မှာ ထိုအကောင်လေးများသည် ပုန်းအောင်းနေကြခြင်း ဖြစ်ပေလိ့မ်မည်။

ကျွန်များ၏ ဝိုင်းရံတိုက်ခိုက်မှုများကြောင့် သားရဲ

ကြီးထွက်မသွားသည့်အပြင် ပို၍ပင် ဒေါသထွက်လာဟန်ရသည်။

ယနေ့တွင် ၎င်းသည် အိုအေစစ်အတွင်းမှ ကျွန်များကို အလွတ်ပေးတော့မည် မဟုတ်ချေ။ သူတို့ တိုက်ခိုက်နေဆဲဖြစ်သော်လည်း ၎င်းသည် ထွက်သွားမည့်ပုံ မပေါ်နေပေ။

စူးရှပြီး ကြောက်မက်ဖွယ်ကောင်းသည့် အော်သံတစ်ခု အိုအေစစ်တွင် ထွက်ပေါ်လာခဲ့သည်။

သားရဲကြီးသည် ကြီးမားသည့်ပါးစပ်ကြီးကို ဟလိုက်ပြီး နောက် အော်ဟစ်လိုက်ခြင်းဖြစ်သည်။ သူ့လည်ပင်းတွင် ဆက်သွယ်ထားသည့် အရစ်များ ရှိနေခဲ့သည်။ ထိုအရစ်များသည် အော်ဟစ်လိုက်သံနှင့်အတူ ပြန့်ကားထွက်လာကြလေသည်။ ထိုအရစ်များ၏ အ‌ရောင်သည်လည်း ပြန့်ကားထွက်လာမှုနှင့်အတူ အရောင်ဖျော့တော့ သွား

ကြလေသည်။ နေရောင်အောက်တွင်မူ ထိုအရစ်များ အထက်ရှိ အကြေးခွံများသည် တောက်ပသော ရွှေရောင် အလင်းပြန်မှုကို ဖြစ်နေစေသည်။ ၎င်း၏ ဦးခေါင်းထက်ရှိ ဦးချိုများသည်လည်း ရွှေရောင် တောက်ပနေခဲ့သည်။ ထက်ရှပြီး ကြောက်မက်ဖွယ်လည်း ကောင်းလှပေသည်။

“ လှလိုက်တာ “ စူးကု ရေရွတ်လိုက်သည်။

စူးကု၏ စကားကိုကြားလိုက်ရသည့်အခါတွင် ရှောက်ရွှမ် နဖူးကြောများပင် တင်းမာသွားရသည်။ ဤကဲ့သို့သော အချိန်တွင်ပင် သူသည် ထိုသို့သော ခံစားချက်မျိုးကို ခံစားနိုင်သေးသည်။ သူ့ဦးနှောက်မကောင်း‌တော့သည်လော ..... ရူးသွပ်သွားသည်လော ........။

မီးတောက်ဦးချို မျိုးနွယ်စုမှ လူသုံးယောက်သည်

သတိထားနေကြလေသည်။ သူတို့သည် ဤကဲ့သို့သော သားရဲမျိုးကို ယခင်က မကြုံဖူးခဲ့ကြပေ။ ဤသည်မှာ သူတို့နှစ်ပေါင်းများစွာ အမဲလိုက်လာခြင်း၏ အလိုလို သိစိတ်များပင် ဖြစ်သည်။ သူတို့သည် သားရဲကြီးကို မြင်လိုက်သည့်အချိန်တွင်ပင် သူတို့၏ အာရုံများကို အပြည့်အဝစူးစိုက်ထား ခဲ့ကြလေသည်။ အကယ်၍ သူတို့သာ ထိုကဲ့သို့သော သားရဲမျိုးကို တောင်တန်းဒေသတွင် တွေ့ကြုံခဲ့ရပါက သူတို့သည် တိုက်ခိုက်လိမ့်မည် မဟုတ်ပဲ ချက်ချင်း ထွက်သွားကြလိမ့်မည်ဖြစ်သည်။

လဲ့နှင့်ထွော်တို့ အိုအေစစ်ထဲမှ အခြေအနေကို ကြည့်နေလိုက်သည်။ တစ်ခုခုမှားနေသည်ကို သူတို့ခံစားမိနေခဲ့သည်။ သားရဲကြီးကို ကြည့်ရသည်မှာ ရူးသွပ်နေဟန် ရသည်။ သူ့ခန္ဓာကိုယ်သည်ပင် စတင်ဒဏ်ရာ ရနေခဲ့ပြီဖြစ်သည်။ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ၎င်း၏ အကြေးခွံတချို့တို့ပင် ပျက်စီးနေခဲ့ပြီဖြစ်သည်။ ၎င်းသည် သွေးများထွက်နေသော်လည်း

နောက်ဆုတ်သွားခြင်း မရှိသေးပေ။

ကျွန်များကို ကြည့်လိုက်ပြီး သူတို့တွေးမိလိုက်ကြသည် “ ဒီလူတွေက တကယ်ပဲ သဲမြန်သားရဲကြီးကို ရူးသွပ်တဲ့အထိ ဆွပေးခဲ့တာလား ဒါမှမဟုတ် သားရဲကြီး ဒေါသထွက်နေတာက သူ့သဘာဝပဲလား “

သားရဲကြီးမည်သည့်အတွက်ကြောင့် ရူးသွပ်နေခဲ့သည်ကို ရှောက်ရွှမ် မသိတော့ပေ။ သဲမြန်သားရဲများသည် ကန္တာရ သားရဲဘုရင်များဖြစ်ကြောင်း စူးကု ပြောခဲ့သောကြောင့် သူတို့သိခဲ့ရသည်။ ၎င်းသည် အားနည်းချက်မရှိသလောက်ပင် ဖြစ်သည်။ သို့သော်လည်း ရှောက်ရွှမ်သည် ၎င်းကို လေ့လာလိုနေသေးသည်။

သူ့စိတ်ထဲမှ နတ်မီးတောက်သည် အားနည်းသွားခဲ့ပြီး ကြက်ဉပုံ အခွံလေး ပွင့်လာခဲ့သည်။ ရှောက်ရွှ

မ်၏ ပြင်ပ အမြင်အာရုံတွင်မူ တောက်ပနေသည့်နေမင်း၊ သဲ‌ရောင် သားရဲကြီးနှင့် သဲများသည် မှောင်မဲသွားခဲ့သည်။

ယခုတွင် ရှောက်ရွှမ်၏ အမြင်၌ သားရဲကြီးသည် အကြေးခွံများ ဖုံးအုပ်နေခဲ့သည့် သိပ်သည်းသည့် အလွှာတစ်ခုသာ ဖြစ်နေခဲ့ပြီဖြစ်သည်။

သားရဲ၏ ခုခံကာကွယ်နိုင်စွမ်းသည် အကျွင်းမဲ့သည်ဟုပင် ပြော၍ရနိုင်သည်။ သူ့မျက်လုံးများသည် မျက်လုံးအိမ်များအတွင်း ပြန်ဝင်သွားခဲ့ပြီး ကျွန်များသည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ သူ့အခြား အစိတ်အပိုင်းများသည် မာကျောသည့် အကြေးခွံများ ဖြစ်ကြပြီး ပွင့်နေသည့် လည်ပင်းအရစ်များသည်ပင် သေးငယ်သော သိပ်သည်းသော အကြေးခွံများဖြင့် ဖုံးအုပ်ထားလေသည်။

အကယ်၍ ဇွဲမလျော့ပဲ မဆုတ်မနစ် တိုက်ခိုက်နေကြသည့် ကျွန်များ ကြောင့်သာ မဟုတ်လျှင် ၎င်းကို ဒဏ်ရာ ရ‌စေရန် ပြုလုပ်ရခက်ခဲမည်ဖြစ်သည်။

All Chapters