← Chapters

ထူးဆန်းသော အင်းဆက်များ

Vol. 17 Ch. 249

ထူးဆန်းသော အင်းဆက်များ

Vol. 17 Ch. 249

လေလွင့်သူများ၏ဖော်ပြချက်များအရဆိုလျှင် ကင်းလှည့်အဖွဲ့သည် အခြားသူများကို ထိုသတင်းအား ချက်ချင်းပေးရမည်ဖြစ်ပြီးကွားအာနဲ့အခြားသူများ ရင်ဆိုင်နေရနိုင်သည့် အင်းဆက်များကိုအကောင်းဆုံးကြိုးစား၍ ရှာဖွေရမည်ဖြစ်သည်။

ဒဏ်ရာအနည်းငယ်သာရထားသော လေလွင့်သူများကလည်းနယ်နိမိတ်စည်းရိုးအနားတွင် သူတို့ကို အင်းဆက်များ ရှာဖွေရာတွင်ကူညီကြလေသည် ။ သူတို့က မျိုးနွယ်စုထဲကို မဝင်ရောက်နိုင်သော်လည်း နယ်နိမိတ်အနားအထိသွားနိုင်ပြီး လောင်ဟယ်ကို အကူအညီပေးနိုင်လေသည် ။

ဝေဝါးသော နတ်အမှတ်အသားများ သူတို့၏ကိုယ်ပေါ်တွင် ပေါ်လာကတည်းက သူတို့သည် တဖြည်းဖြည်းပို၍ သန်မာလာလေသည် ။အထူးသဖြင့် နောက်ဆုံးအကြိမ် ထိုညက သူတို့ပုံမှန်

ထက်ပိုပြီး စိတ်လှုပ်ရှားသည်ဟုခံစားရကာ သူတို့ကိုယ်သူတို့ပင် မျိုးနွယ်စုစစ်သည်တော်အစစ်ဟူ၍ ထင်ယောင်ထင်မှားဖြစ်မိသွားပေသည် ။

သူတို့သန်မာလာကြသည့်အတွက်ကြောင့် သူတို့က ထိုနေရာတစ်လျှောက် လမ်းလျှောက်သွားလာနိုင်ကြပြီး သူတို့အထဲက အများစုမှာလည်း ရှင်သန်လွတ်မြောက်ခဲ့ကြလေသည် ။ တောင်ပေါ်တွင် စစစ်ပွဲရှိ ပြီး အချို့သောလူများက သူတို့အထဲကအချို့သည်အပြင်းအထန် ဒဏ်ရာရပြီး အချို့မှာ သေဆုံးခဲ့ကြသော်လည်း သူတို့သည် သူတို့ကို တိုက်ခိုက်ရသူများ ပူးပေါင်း၍ ပြန်လည်နှိမ်နင်းကြလေသည် ။

ဖုန်မျိုးနွယ်စုသည် လေ လွင့်သူများ၏သတင်းကြောင့် ရုန့်ရင်းဆန်ခတ်ဖြစ်နေကြချိန်တွင် သိုးများကို သွားရှာကြသည့် ကလေးသုံးယောက်မှာ အားလုံးထင်ထားကြသည့်အတိုင်း ပြဿနာတက်၍နေပြီဖြစ်သည်။ ကလေးသုံးယောက်မှာ အသက်ဝ၀မရှုနိုင်အောင်ပင် အလွန်လျင်မြန်စွာ ပြေး၍နေရလေသည် ။

“ မြန်မြန်လုပ် ၊ ငါတို့ကို မိသွားတော့မယ် “

ကွားအာက အော်ဟစ်ပြောလေသည် ။

သူတို့သည် အခြားသူများကို ချက်ချင်းသတင်းမပေးမိသည့်အတွက် ယခုအချိန်တွင် အလွန်နောင်တရနေပြီဖြစ်သည် ။ သူတို့တောအုပ်ကထွက်လာပြီး မကြာမီတွင် မြေပြင်ပေါ်တွင် သိုးမွေအချို့တွေ့ရသည်အတွက် သူတို့က ၎င်းကိုအာရုံရောက်သွားကြလေသည် ။ သူတို့ခဏတဖြုတ် လမ်းလျှောက်ခဲ့ပေမယ့် သူတို့သည်ကင်းလှည့်စစ်သည်တော်များနှင့် မတွေ့ဆုံပါပေ ။ ရုတ်တရက် သူတို့ရဲ့အနောက်တွင် တစ်ခုခုရှိနေသည်ကို သတိထားလိုက်မိကြသည်။ မြေကြီးပေါ်မှ အသံကြီးသည် အလျင်အမြန်ကျယ်လောင်လာပြီး သူတို့ဆီသို့ ချဉ်းကပ်၍လာသည် ။

ထိုသုံးယောက်က ထွက်ပြေးလေရာ လူနေအိမ်ခြေဒေသများနှင့်ပို၍ပင် ဝေး၍လာလေသည် ။ အစမှာ

တော့ သူတို့ပြေးနေချိန်တွင်အော်ဟစ်နေကြသေးသည် ။ သူတို့က သူတို့၏အော်သံကို တယောက်ယောက်ကြားပြီး သူတို့ကို ကင်းလှည့်အဖွဲ့ တွေ့ဆုံနိုင်ဖို့ သူတို့ မျှော်လင့်ထားကြလေသည် ။ သို့သော်လည်း ယခုအချိန်ထိ သူတို့ ဖုန်မျိုးနွယ်စုက မည်သူနှင့်မှ မတွေ့ရသေးပါပေ ။ သူတို့က ဖုန်မျိုးနွယ်စု၏ပိုင်နက်အတွင်း ရှိနေကြသေးသော်လည်း နယ်နိမိတ်နဲ့နီးကပ်နေပြီး လူအနည်းစုသာ ဒီနေရာသို့လာကြလေသည် ။

သူတို့နောက်ကလိုက်လာသူသည် ကင်းလှည့်အဖွဲ့များကို တမင်တိမ်းရှောင်သွားပြီး ဒီနေရာက သူတို့နောက်ကို လိုက်လာလေသည် ။ ထိုသုံးယောက်သည် အလွန်ပင်ပန်းသွားသည့်အတွက် ဆက်မအော်ဟစ်နိုင်ကြတော့ဘဲ ဆက်ပြေးနေကြသည် ။

သူပြောခဲ့သည့် “ ငါ့ခြံမွေးတိရိစ္ဆာန်တွေကို ခိုးတဲ့သူကို တွေ့ရင် သတ်ပစ်မည် “ ဆိုသည့်အကြောင်းကို ပြန်လည်တွေးတောမိနေသည်။ သို့ပေမယ့် ယခုသူမှားယွင်းနေသည်ကို ကွားအာသိရှိလာရသည်။

“ အဲဒီဘက်ကို ပြေး ၊ မျိုးနွယ်စုအပြင်ကိုထွက်မပြေးနဲ့ “

ကွားအာက အခြားသူနှစ်ယောက်နှင့်အတူ သူ၏လမ်းကြောင်းကိုပြောင်းလိုက်လေသည် ။ သို့ပေမဲ့ မကြာမီ သူတို့ လျှော့တွက်မိသွားသည့်အကြောင်း သူတို့သိရှိသွားသည် ။

အခြားနီညိုရောင်အင်းဆက်တကောင်ကြီးသည် မြေပေါ်သို့တက်လာပြီး သူတို့၏အရှေ့တွင် လမ်းပိတ်ထားလိုက်လေသည် ။ ထိုအင်းဆက်ကြီးသည် သူတို့သုံးယောက်ပေါင်းထက် ပိုပြီးအကောင်ကြီးပြီး သူ၏အရှည်မှာ မြင်းသုံးကောင်တန်းစီထားသည်ထက်ပို၍ရှည်လေသည် ။ သူ၏ သေးငယ်၍ချွန်ထွက်သောခေါင်းတွင် ဇဂနာပုံ အစွယ်နှစ်ချောင်းကို လှုပ်ရှား၍နေလေသည် ။

“ အား “

သော့ယာက အော်ဟစ်လိုက်လေသည် ။ သို့ပေမယ့် သူ့အသံသည် ကွဲအက်နေလေသည် ။ အနီးအနားက ကင်းလှည့်အဖွဲ့များကို သူတို့ကို လာရောက်ကယ်တင်နိုင်ရန်မျှော်လင့်ချက်ဖြင့် သူက အော်ဟစ်နေလေသည် ။ သို့သော်လည်း သူတို့က မျိုးနွယ်စုရှိရာအရပ်သို့ကြည့်လိုက်သောအခါ မည်သူမှ ပေါ်မလာပါပေ ။

နယ်နိမိတ်စည်းရိုးအနားတွင် တောင်ကုန်းအနိမ့်လေးများရှိသည် ။ တောင်ကုန်းနိမ့်များကိုတက်လိုက်ပါက သူတို့ ဖုန်မျိုးနွယ်စုက ထွက်သွားမည်ဖြစ်သည် ။ သူတို့က မွေးကတည်းက မျိုးနွယ်စုကထွက်မသွားဘူးပါချေ။ လူကြီးများကလည်း မျိုးနွယ်စုအတွင်းမှာ နေလျှင်သူတို့လုံခြုံမည်ဖြစ်ကြောင်းကို သူတို့ကို သတိပေးခဲ့ကြလေသည် ။ သူတို့ မျိုးနွယ်စုထဲက ထွက်သွားလျှင် အခြားမျိုးနွယ်စုများ၏ လိုက်ဖမ်းခြင်းကိုခံရပေလိမ့်မည် ။

သို့ပေမယ့် ယခု သူတို့မှာရွေးချယ်စရာမရှိပေ။

ကွားအာက သူအံကြိတ်လိုက်ကာ သူ့ဦးတည်ရာကို အမြန်ပြောင်းလိုက်ပြီး ဖုန်မျိုးနွယ်စု၏အဝေးသို့ပြေးကာ အော်ဟစ်လိုက်လေသည် ။

“ ပြေးကြ “

သော့ယာနဲ့နိုင်ကလည်း သူ၏နောက်တွင် ကပ်လျက် လိုက်ပါလာသည် ။

ကွားအာ ထွက်ပြေးသွားသောအခါ သူက သူ့မိဘများ၏စကားများကို တွေးမိလေသည် ။ သူ့မှာသာ သိုးတစ်ကောင်ရှိလျှင် သူရင်ဆိုင်နေရသည့် အနောက်ကိုလိုက်လာသော သားရဲဆီသို့ ထိုသိုးကို သူပစ်လိုက်နိုင်သည် ။ ထိုသားရဲက သိုးကိုရသွားလျှင် သူ့ကိုသတ်ဖို့ယာယီလက်လျှော့သွားပေလိမ့်မည်။ ထိုသို့သာဆိုလျှင် သူလွတ်မြောက်ဖို့ အခွင့်အရေးရှိလေသည် ။

ယခုအချိန်တွင် အင်းဆက်နှစ်ကောင်က သူ့နောက်ကို

လိုက်နေကြသည် ။ သူနဲ့သော့ယာက ဖုန်မျိုးနွယ်စုဝင်များဖြစ်ပေမယ့် အားနိုင်ကတော့ လေလွင့်သူတစ်ယောက် ဖြစ်သည်။ လေလွင့်သူများသည် လူများစု၏စိတ်ထဲတွင် သူတို့အန္တရာယ်ရောက်လျှင် စွန့်ပစ်နိုင်သည့်သိုးများအဖြစ် မြင်ကြလေသည် ။

သို့သော်လည်း ကွားအာသည် သစ်သားရုပ်ကလေးပေးခဲ့သည့် ပြီးခဲ့သော နှစ်နှစ်က ထိုသူကို သူ ကတိပေးခဲ့သည်ကို ကွားအာက မှတ်မိနေသေးသည် ။ အားနိုင်ကို စောင့်ရှောက်ပါမည်ဟု ကတိပေးခဲ့ပြီး ထိုကတိကို သူမချိုးဖောက်နိုင်ပါပေ ။

အကယ်၍ အခြားလေလွင့်သူတစ်ယောက်သာ ရှိလျှင် ကွားအာက တွေဝေခြင်းမရှိဘဲ ထိုသူကို သူ့နောက်ကလိုက်လာနေသည့် အကောင်ဆီသို့ တွန်းလွှတ်ပစ်လိုက်မည်ဖြစ်သည် ။ သို့ပေမယ့် ဒီသိုးအပေါ် သူပေးထားတဲ့ကတိကြောင့် သူလက်မလျှော့နိုင်ပါပေ။ ဘိုးဘေးများက မြက်ခင်းလွင်ပြင် ဒေသမှ သူတို့အား ကြည့်နေကြမည်ဖြစ်သည့်အတွက် ဖုန်မျိုးနွယ်စုက သူများသည် သူတို့၏ကတိကို မချိုး

ဖောက်နိုင်ကြပါပေ ။

သူသည် မကြာသေးခင်ကမှ သူ၏နတ်စွမ်းအင်များ နိုးထလာခဲ့ပြီး သူ့အဖေက မနေ့က သူသည် အနာဂတ်တွင် မျိုးနွယ်စု၏အရဲရင့်ဆုံးစစ်သည် တော် ဖြစ်လာနိုင်ပြီး မြက်ခင်းလွင်ပြင်ဒေသတွင် အမည်ကျော်ကြားသော စစ်သည်တော်တစ်ယောက် ဖြစ်လာမည်ဟုပြောခဲ့သည် ။ သို့ပါသော်လည်း သူကထို နေ့ရောက်သည်အထိမစောင့်နိုင်တော့ပါပေ ။

ကွားအာသည် လက်ထဲကအရိုးဓားကို ကျစ်ကျစ်ပါအောင် ကိုင်ပြီးအရှိန်လျှော့လိုက်သည်။ ဓားကိုကိုင်လိုက်ပြီး နီညိုရောင်အင်းဆက်နှစ်ကောင်ကို ကြည့်ရန်အတွက် သူက နောက်ကိုပြန်လှည့်လိုက်သည်။ တစ်ကောင်သည် အနောက်တွင်ရှိပြီး နောက်တစ်ကောင်မှာသူ၏ဘေးတွင်ရှိသည်။

“ ပြေးကြ ၊ ငါ သူတို့ကိုတားထားလိုက်မယ် “

သူစကားမဆုံးသေးခင်တွင် သူ့ဆီသို့ အလျင်အမြန် ပြေးလာနေကြသည့် အင်းဆက်၏ပုံရိပ်များ သူ့မျက်လုံးတွင် ရောင်ပြန်ဟပ်နေလေသည် ။

အင်းဆက်ကြီးသည် လူများကိုအလွယ်တကူဖမ်းနိုင်သော တံစဥ်နှင့်တူသော သူ့သွားများထုတ်ပြလိုက်သည် ။ ကွားအာသည် အင်းဆက်ကြီးပါးစပ်မှ ထွက်လာသော သွေးနံ့များကို ရနေပြီး သူ့သွားများတွင် သိုးမွေးများကို တွေ့ရလေသည် ။

၎င်းသည် သူ့နွားနဲ့သိုးများကို စားသော သူခိုးဖြစ်သည် ။

“ အား “

ကွားအာက အော်ဟစ်ကာ မျက်လုံးကို မှိတ်လိုက်ပြီး သူဓားကို ဝှေ့ရမ်းလိုက်လေသည် ။

တစ်ခုခုကို ထိုးစိုက်မိသွားသော အသံထွက်ပေါ်လာလေသည် ။ ထိုမတိုင်ခင်တွင် ကွားအာက လေထဲမှာ မြားများလွင့်ပျံနေသည်နှင့်တူသော အသံများကို ကြားလိုက်ရလေသည် ။

ကွားအာ၏ ဓားကို ကိုင်ထားသောလက်မှာ တုန်ရင်နေပြီး သူ့ခြေထောက်မှာ ပျော့ခွေနေသည်။ သူက ‘ အာ့ ‘ဆိုသောအသံငယ်လေးသာထွက်လာပေမယ့် သူတစ်ခုခုကိုမှ မခုတ်ဖြတ်မိသည်ကိုခံစားရသောအခါ သူက အော်ဟစ်ခြင်းကို ရပ်လိုက်ပြီး သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်လေသည် ။

ထို့နောက်တွင် သူ့နောက်ကို လိုက်လာသော နီညိုရောင်အင်းဆက်၏ခေါင်းတွင် လှံတချောင်း ထိုးစိုက်နေကြောင်းကို အံ့အားသင့်စွာ မြင်လိုက်ရလေသည် ။

အင်းဆက်သည် လှုပ်ရှားနေဆဲဖြစ်သော်လည်း အခြားလှံနှစ်ချောင်းမှာ ပစ်ဝင်လာလေသည် ။ သူ့ကို ဖောက်ထွက်သွားသောနာကျင်မှုသည် ပြင်းထန်သည့်အတွက် ကိုယ်လုံးကြီးမှာ မြောက်တက်သွားလေသည် ။ အားပြင်းလှသော ဖိအားတစ်ခုသည် အင်းဆက်၏ကိုယ်လုံးကို အနောက်မှ ဖိထားလိုက်လေသည် ။ သွေးများသည် အင်းဆက်၏ ကိုယ်ပေါ် ၊ အလွန်သေးလှသောအကြေးခွံများ၏အပေါ် ၊ မြေကြီးပေါ် နှင့် ကွားအာ၏အပေါ်သို့ လွင့်စင်ပေါက်ထွက်လာလေသည် ။

လေအဟုန်တိုက်သွားလေပြီး ကွားအာသည် မီးခိုးရောင်အရိပ်ကိုသာတွေ့လိုက်ရသည် ။ ထို့နောက် သူ့နောက်ကိုလိုက်လာသော အခြားအင်းဆက်ကြီးတကောင်မှာ အဝေးသို့ ဆွဲခေါ်သွားခံလိုက်ရသည် ။

မှန်သည် ၊ ၎င်းသည် အဝေးကိုဆွဲခေါ်သွားခံရသည် ။

မျိုးနွယ်စုမှ အရပ်အရှည်ဆုံးစစ်သည်တော်ထက် အရပ်မြင့်သော ဝံပုလွေသည် ထို တံစဥ်ပျော့ပျော့နှစ်ခုကို ရှောင်ရှားကာ အင်းဆက်ကိုကိုက်ပြီး မြေပေါ်သို့ ဆွဲချခံလိုက်ရလေသည် ။ ၎င်းသည် အဝေးသို့ဆွဲခေါ်သွားခံရပြီး သူ့ကိုယ်ပေါ်ကိုနင်းထားလေသည် ။ အင်းဆက်တကောင်လုံးကို အပိုင်းပိုင်းကိုက်ဖြတ်ပစ်လေသည် ။ ၎င်းသည် ပုံပြင်များထဲမှ စွမ်းအားရှင်ဝံပုလွေကြီး ကဲ့သို့ဖြစ်နေသည် ။

သစ်ရွက်ပုပ်များကဲ့သို့ အနံ့ရှိသည့် အညိုရောင်အရည်များ အင်းဆက်ဆီမှ ပန်းထွက်လာလေသည် ။ သူတို့အနောက်ကို လိုက်လာကြသော အင်းဆက် နှစ်ကောင်တွင် တကောင်သည် လှံတံထိုးဖောက်၍ သေနေပြီး အခြားတကောင်မှာ အပိုင်းပိုင်းဆွဲဖြတ်ခံရပြီး သေသွားလေသည် ။

သူ၏အနောက်တွင် အနားကပ်လာသော ခြေသံများကိုကြားလိုက်ရပြီး အသံများကြားလိုက်ရလေသည် ။

ကွားအာသည် အဝေးမှ ဝံပုလွေများကိုရှာဖွေကြည့်ရန် လှမ်းကြည့်လိုက်ပြီး နောက်ကိုပြန်ကြည့်လိုက်လေသည် ။ အားနိုင် နှင့် သော့ယာတို့က အဝေးကို ထွက်မပြေးကြပေမယ့် သူ ရပ်နေသည့်နေရာနှင့် ခြေနှစ်လှမ်းအကွာတွင် ရပ်လိုက်ကြလေသည် ။

အဝေးတစ်နေရာတွင် တောင်ကုန်းအနိမ့်လေးပေါ်မှ အဖွဲ့တစ်ခုပြေးလာနေသည်ကို တွေ့လိုက်ရသည် ။ ကွားအာက သူတို့အထဲမှ တစ်ယောက်ကိုသာ မှတ်မိလေသည် ။ ထိုလူသည် သူ့ကို သစ်သားအရုပ်ကလေးပေးခဲ့သော ရှောက်ရွှမ် လို့ခေါ်သည့်သူဖြစ်သည် ။

All Chapters