တောက်ယွီကို သတ်ခြင်း
Vol. 23 Ch. 338
တောက်ယွီသည် ဝေဒနာတစ်ခုခုကို ခံစားနေရသလို သူ၏တစ်ကိုယ်လုံး တုန်ခါနေသည်။ သူ့ကိုယ်ပေါ်မှ ဒဏ်ရာများသည် အရှင်းပျောက်သေးသည် မဟုတ်ပါ။သို့သော် ဒေါသထွက်နေသဖြင့် တကိုယ်လုံးတုန်နေသည်။ မျိုးစေ့ပျောက်ဆုံးသွားသောကြောင့် ထွက်သော ဒေါသနှင့် ယှဉ်လိုက်လျှင် နာကျင်ခြင်းဝေဒနာမှာ မပြောပလောက်တော့ပေ။
ထိုနေရာတွင် တောက်ယွီနှင့် ရှောက်ရွှမ်မှ လွဲ၍ မည်သူမျှမရှိပေ။
တောက်ယွီ၏ အမူအရာကို မြင်သောအခါ ရှောက်ရွှမ်သည် သူ့လက်ထဲက ပစ္စည်းကို သူသာထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်သည်။
ရှောက်ရွှမ်သည် တောက်ယွီ၏ အသက်ရှူ
သံကြီးကို ကြားနေရသည်။ ရှောက်ရွှမ်သည် အပြင်ထွက်ပြီး ထိုနေရာကို ရှင်းရန်လုပ်နေစဉ်၊ သူ့စိတ်ထဲတွင် အပြောင်းအလဲတစ်ခုကို ခံစားလိုက်ရသည်။
ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သော နေရာတွင် မမြင်ရသော စွမ်းအားတစ်ခုရှိနေသလို ထင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ တောက်ယွီ၏ လက်ချက်ဖြစ်သည်။
ထိုစွမ်းအင်ကြောင့် ရှောက်ရွှမ် နေလို့မကောင်းပေ။ ရှောက်ရွှမ်သည် ကျောက်တုံးများကြားမှ တောက်ယွီကို မြင်လိုက်ရသည်။
တောက်ယွီ၏ဦးခေါင်းအပေါ်ပိုင်းတွင် အက်ကွဲကြောင်းများရှိနေသည်။ အရေးအကြောင်းများက ဦးခေါင်းမှ ခန္ဓာကိုယ်ဆီသို့ သွေးကြောများလို ဆင်းသက်သွားသည်။ ထိုအရေးအကြောင်းများသည် သွေးကြောများလို လှုပ်ရှားနေသည်။
ထိုသို့အပြောင်းအလဲ ဖြစ်သွားသည်ကို တောက်ယွီသဘောကျသွားသည်။ တောက်ယွီသည် သူ့သွေးကြောများထဲတွင် စီးဆင်းနေသော စွမ်းအင်များကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်သည်လည်း အပြုသဘောဆန်စွာ ပြောင်းလဲလာသည်။ သို့သော် ယခုအချိန်တွင်တော့ တောက်ယွီသည် ထိုအပြောင်းအလဲကို အရသာခံနေရန် မစဉ်းစားအားပေ။ မျိုးစေ့ပျောက်သွားသဖြင့် သူသည် ဒေါသထွက်နေဆဲ ဖြစ်သည်။ ဒေါသကြောင့် မှန်ကန်စွာ မတွေးတောနိုင်ပေ။ အချိန်ခဏတာအထိ သူသည် ရလာဒ်များကိုလည်း မစဉ်းစားမိသလို သိသာထင်ရှားသည် အပြောင်းအလဲအကြောင်းကိုလည်း မစဉ်းစားမိပါချေ။
တောက်ယွီ၏ လည်ပင်းတွင် ချိန်းကြိုးသဏ္ဍာန် ဆေးမင်ကြောင်တစ်ခုရှိသည်။ ထိုဆေးမင်ကြောင်သည် ပိုင်ရှီမြို့တော်မှ ကျွန်များ၏ မှတ်အသားဖြစ်သည်။ အကြီးတန်းကျွန်တစ်ယောက်ဖြစ်သွားပါက ကျွန်၏ခန္ဓာကိုယ်ပေါ်မှ အရေးအကြောင်းများသည်လည်း ပြောင်းလဲသွားမည် ဖြစ်သည်။ အဆင့်နိမ့်သော ကျွန်များတွင်
တော့ ထိုကဲ့သို့ မဖြစ်ပါ။
ထိုအချိန်တွင် တောက်ယွီ၏ လည်ပင်းပေါ်မှ ချိန်းကြိုးသည် တင်းကျပ်လာသည်ကို ရှောက်ရွှမ် ခံစားလိုက်ရသည်။ ကြွက်သားများမှာလည်း ပေါက်ကွဲထွက်တော့မလို တောင့်တင်းလာသည်။
တောက်ယီတစ်ယောက် ဆက်လက်ပြောင်းလဲနေသလို သူ့နားတွင် လေများက ပြင်းထန်စွာ တိုက်ခတ်နေသည်။ ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာပြီးနောက် ချိန်းကြိုးများမှာ ပိုတင်းကျပ်သွားသည်။
တောက်ယွီ၏ အရိုးများမှ အသံများထွက်ပေါ်လာသည်။ ထိုအသံများသည် ခလောက်မြွေတစ်ကောင် သူ့အမြီးကို ယမ်းခါနေသည့်အသံနှင့် တူနေသည်။ထိုအချိန်တွင် ဒဏ်ရာပြင်းထန်စွာရထားသော တောက်ယွီ၏ လက်မောင်းမှာ အချိန်ခဏအတွင်း ပြန်ကောင်းသွားသည်ကို တွေ့ရသည်။
သူ့နှလုံးသည်လည်း အရင်ထက် သန်စွမ်းလာပေသည်။ လည်ပင်းပေါ်မှ သွေးကြောများမှ တဆင့် သွေးများ လျင်မြန်စွာ စီးဆင်းနေသည်။ ကြွက်သားများသည် နှလုံးတစ်ချက်ခုန်လိုက်တိုင်း တစ်ခါ ကြီးထွားလာ၏။
ရုတ်တရက် လှုပ်ရှားသံတစ်ခုကို ရှောက်ရွှမ်ကြားလိုက်ရသည်။ ချိန်းကြိုးပြတ်သွားသည်နှင့် တူပါသည်။ ထိုအချိန်တွင် တောက်ယွီလည်ပင်းပေါ်မှ ချိန်းကြိုးသည် ပြတ်တောက်သွားပါသည်။ ထို့နောက် တဖြည်းဖြည်းအရည်ပျော်ကျကာ လုံးဝပျောက်ကွယ်သွားတော့သည်။
ရှောက်ရွှမ်၏ မျက်လုံးများတွင် အံ့ဩသင့်သော အရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။ သူသည် စူးကုကို တစ်ခါက မေးဖူးသည်။ ကျွန်ပြုခံထားရသော ကျွန်တစ်ယောက်သည် သူ၏နှောင်ကြိုးမှ လွတ်မြောက်နိုင်ပါ့မလား ဟုမေးခဲ့ခြင်းဖြစ်သည်။
လွတ်မြောက်နိုင်ပါသည်ဟု စူးကုကပြောခဲ့
သည်။ သို့သော် ဖြစ်နိုင်ချေအလွန်နည်းပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် ထိုသူသည် ဥာဏ်ကြီးရှင်တစ်ယောက် ဖြစ်နေမှ ရပေလိမ့်မည်။ အစွမ်းထက်ရန်လိုအပ်သကဲ့သို့ ကံကောင်းရန်လည်း လိုအပ်ပါသေးသည်။ လူတိုင်းလွယ်လွယ်လုပ်လို့ရသော ကိစ္စတစ်ခုမဟုတ်ပေ။
အခုတော့ ရှောက်ရွှမ်အရှေ့တွင် ကျွန်အဖြစ်မှ လွတ်မြောက်ရန် ကြိုးစားနေသူတစ်ယောက်ကို တွေ့လိုက်ရသည်။
ရှောက်ရွှမ်၏ စိတ်ထဲတွင် မီးတောက်တစ်ခုပေါ်လာသည်။ ကျွန်များပိုင်ဆိုင်သော မီးတောက်မဟုတ်သလို၊ မီးတောက်ဦးချိုမျိုးနွယ်စု၏ နတ်မီးတောက်လည်း မဟုတ်ပေ။ ကျွန်ပိုင်ရှင်တစ်ယောက် ၂ရောင်စပ်မီးတောက်လည်း မဟုတ်။ ကျွန်များလက်လှမ်မမီနိုင်သော အမှီအခိုကင်းမဲ့သည် မီးတောက်တစ်မျိုးဖြစ်သည်။ ထိုမီးတောက်မှာ တောက်ယွီ၏ စွမ်းအင်များ မြစ်ဖျားခံလာရာ မီးတောက်ဖြစ်လေသည်။
ထိုအချိန်တွင် တောက်ယွီသည် နတ်ဆိုးတစ်ကောင်လို စွမ်းအင်များ တိုးပွားလျက်ရှိပါသည်။ တောက်ယွီ၏ကိုယ်တွင် စွမ်းအင်များ တက်လိုက်၊ကျလိုက် ဖြစ်ပေါ်နေပေသည်။
“ဝုန်း”
တောက်ယွီသည် ကျောက်တိုင်ကြီးကို နောက်တစ်ချက်ထပ်ထိုးလိုက်ပြန်သည်။ သူ့မျက်လုံးများသည် အရူးတစ်ယောက်လို ဖြစ်နေသည်။ နန်းတော်ကြီး ထပ်မံတုန်ခါသွားပြီး၊ မျက်နှာကြက်မှ ကျောက်တုံးများ၊ဖုန်မှုန့်များ အောက်ပြုတ်ကျလာသည်။
“ဒီလို ဖြစ်လို့မရဘူး”
ရှောက်ရွှမ်သည် သူ့ကိုယ်ထဲမှ နတ်စွမ်းအင်များကို အစွမ်းကုန်ထုတ်လိုက်သည်။ ထိုအခါ သူ့စိတ်ထဲတွင် နတ်မီးတောက်သည် ဝုန်းခနဲ တောက်လောင်နေပြီး၊ နတ်စွမ်းအင်များက သူ့သွေးကြောထဲတွင် စီးဆင်းနေပေသည်။ မြစ်တစ်စင်းကဲ့သို့
အဟုန်ပြင်းသော စွမ်းအင်များ သူ့ကိုယ်ထဲတွင် စီးဆင်းနေသည်။ ထိုအချိန်တွင် ရှောက်ရွှမ်သည် ထူထဲသောနံရံတစ်ချက်ကိုပင် ထိုးခွဲနိုင်စွမ်းရှိနေပေသည်။ နှောင်ကြိုးများကို ဖြတ်တောက်လိုက် တောက်ယွီ၏ စွမ်းအားနှင့် နှိုင်းယှဉ်မည်ဆိုလျှင်၊ ရှောက်ရွှမ်၏ စွမ်းအားသည်လည်း မနည်းလှချေ။
တောက်ယွီ ကျွန်အဖြစ်မှ လွတ်မြောက်သွားတော့ကော ဘာအရေးလဲ။ ရှောက်ရွှမ်သည် တောက်ယွီကို သတ်နိုင်ပေသည်။
ရှောက်ရွှမ် ပုန်းနေရာမှ လျင်မြန်စွာ ထွက်လာချိန်တွင်၊ တောက်ယွီ၏ ဒေါသက ရှောက်ရွှမ်ဘက်တွင်ရှိနေသာ ကျောက်တိုင်ကြီးကို မြားဦးလှည့်သွားပြန်သည်။ ထိုအချိန်တွင် တောက်ယွီ၏ မျက်လုံးထဲတွင် မြင်မြင်သမျှမှာ ဝေဝါးနေသည်။သို့သော် တောက်ယွီသည် သူ့အိပ်မက်များကို ရိုက်ချိုးသွားသော၊ မျိုးစေ့ကို ခိုးသွားသော ရှောက်ရွှမ်ကို တွေ့လိုက်ရသည်။
ရှောက်ရွှမ် ပြေးထွက်လာသည်ကို မြင်သောအခါ တောက်ယွီသည် ရှောင်ထွက်မသွားဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ တောက်ယွီသည် ရှောက်ရွှမ်ထွက်လာသောနေရာသို့ လွှားခနဲ ခုန်ဝင်သွားသည်။ သူခုန်ထွက်သွားသည့်အရှိန်ကို မခံနိုင်သောကြောင့်၊ တောက်ယွီ၏ခြေထောက်အောက်မှ ကျောက်ပြားသည် အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားပြီး ကျောက်ခဲအစအနများ လွင့်ပျံထွက်လာသည်။
ကျောက်တုံးများနှင့် လူရိပ်များ ရှုပ်ယှက်ခတ်နေသည်။ ပြင်းထန်သော လေတိုးသံများလည်း ထွက်ပေါ်နေပြီး ကျောက်ခဲများ၊ဖုန်မှုန့်များသည် မျက်နှာကြက်မှနေ၍ အောက်သို့ ပြုတ်ကျလာနေသည်။
ရှောက်ရွှမ်တို့၂ယောက် မျက်နှာချင်းဆိုင်မိသည်မှာ အကြိမ်ပေါင်းများစွာ ရှိပြီ ဖြစ်သည်။
မျက်နှာကြက်မှ အမှိုက်သရိုက်များကျလာသောအခါ ရှောက်ရွှမ်သည် တုန့်ဆိုင်းမနေတော့
ဘဲ တောက်ယွီဆီသို့ ခုန်ဝင်သွားလေသည်။
တောက်ယွီဆီသို့ ရှောက်ရွှမ် ခုန်ဝင်သွားသောအခါ ပြင်းထန်သော လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။ ရှောက်ရွှမ်၏ လက်သီးချက်သည် အရှိန်အဟုန်ပြင်းထန်လှသဖြင့် လေခွင်းသံတဟူးဟူးပင် ထွက်ပေါ်လာသည်။
တောက်ယွီကလည်း ရှောက်ရွှမ်၏ တိုက်ခိုက်မှုကို ရှောင်ထွက်မသွားပါ။ သူသည် ခြေကျင်းဝတ်ကို လှည့်လိုက်ကာ မြေပြင်ကို ကန်လိုက်ပြန်သည်။ ထိုအခါ နောက်ထပ် ကျောက်ပြားတစ်ချပ် ကွဲကြေသွားပြန်သည်။
တောက်ယွီ၏စိတ်ထဲတွင် သူ့အနေနှင့် နှောင်ကြိုးများကို ဖြတ်တောက်နိုင်နေသရွေ့ သူ့ကိုယ်ဘယ်သူမှ မနိုင်တော့ဟု ထင်နေပါသည်။ သူနှင့်တိုက်ခိုက်နေသော ကောင်လေးသည် အဆင့်တက်လာသော်လည်း နှောင်ကြိုးကို ဖြတ်တောက်ခဲ့သော သူ့လောက်တော့ ခွန်အားသန်စွမ်းမည် မဟုတ်ပါ။ အကြီးတန်းကျွန်တစ်ယောက် ဖြစ်လာ
ပြီးနောက်တွင် တောက်ယွီသည် မျိုးနွယ်စုဝင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ မျိုးနွယ်စုများတွင် ထူးခြားသော အရည်အချင်းများရှိသော်လည်း သူ့အမြင်တွင် မျိုးနွယ်စုများမှာ အဆင့်အတန်းမရှိသလို ဖြစ်နေသည်။ ၎င်းတို့၏ မျိုးနွယ်စုမီးတောက်ကို မြင်ပြီးသောအခါ တောက်ယွီသည် မျိုးနွယ်စုဝင်များကို အထင်သေးသွား၏။
“သတ်မယ်…ငါ့မျိုးစေ့ကို ခိုးသွားတဲ့ကောင်ကို သတ်မယ်”
ကျယ်လောင်သော ဟိန်းဟောက်သံများ ဆက်တိုက်ထွက်ပေါ်လာပါသည်။ အော်သံတစ်ချက်တိုင်းတွင် သတ်ဖြတ်လို့သည် အရိပ်အငွေ့များ ဖုံးလွှမ်းနေသည်။ သာမာန်လူများအနေဖြင့် ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရပါက အကြောက်လွန်ပြီး မေ့သွားပေမည်။
သဲကန္တာရအောက်ရှိ မြေအောက်နန်းတော်ကြီးမှ ဟိန်းဟောက်သံတစ်မျိုးတည်းသာ ထွက်ပေါ်
နေသည်။ အခြားအသံများသည် ထိုအသံကြီးအောက်တွင် ပျောက်ကွယ်သွားတော့သည်။
အက်ကွဲသွားသော အမိုးမှာ တစစီဖြစ်သွားသည်။ ကျောက်တုံးအစအနများနှင့် ဖုန်မှုန့်များလည်း ပြန့်ကျဲနေပေသည်။
ရှောက်ရွှမ်၏ စိတ်ထဲတွင် သူအရင်နေခဲ့သော တောတောင်ထဲ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ သူ့အခြေအနေမှာ ကြောက်မက်ဖွယ်သားရဲ တစ်ကောင်နှင့် ရင်ဆိုင်နေရသလို ဖြစ်နေပါသည်။ သတိတစ်ချက်ပေါ့ဆလိုက်သည်နှင့် အခြေအနေမှာ အလွန်တရာ ဆိုးဝါးသွားနိုင်ပေသည်။
ရှောက်ရွှမ်၏ စိတ်ထဲတွင် ထိုကဲ့သို့ ခံစားနေရသည်။ သူရင်ဆိုင်နေရသည်မှာ သူတို့ မျိုးနွယ်စုကို သစ္စာဖောက်သွားသော တောက်ယွီဖြစ်သည်။
သူလက်လျှော့၍ မဖြစ်ပေ။ တောက်ယွီ၏ တိုက်ခိုက်မှုများမှာ ပြင်းထန်သည်ဆိုသော်လည်း
သူ၏တိုက်ခိုက်မှုများက ပိုပြင်းထန်ပါသည်။ တောက်ယွီကိုကြည့်ရသည်မှာလည်း အလျှော့ပေးမည့်ပုံမပေါ်ပါ။ ရှောက်ရွှမ်အနေနှင့် ယခုထက်ပိုအားထုတ်၍ တိုက်ခိုက်ရန်သာ ရှိသည်။
ရှောက်ရွှမ်ကိုယ်ပေါ်မှ နတ်အမှတ်အသားများမှာ ပို၍တောက်ပလာပါသည်။ စိတ်ထဲက မီးတောက်ကတော့ လူများကို လောင်ကျွမ်းစေလိုနေသည်။
“ဝုန်း”
ရှောက်ရွှမ်၏ လက်သီးချက်က တောက်ယွီ၏ ခေါင်းကိုထိသွားသည်။
ပထမတစ်ချက်ထိသွားပြီးနောက်၊ ရှောက်ရွှမ်က ဆက်လက်တိုက်ခိုက်သည်။ သာမန်မျက်စိနှင့် မမြင်ရလောက်အောင် လျင်မြန်သော လက်သီးချက်က တောက်ယွီ၏ ရင်ဘတ်ကို ထိသွားသည်။
လက်သီးချက်၂ချက်ထိသွားသောကြောင့်
တောက်ယွီ၏ ကိုယ်သည် လေထဲတွင် မြောက်တက်သွားပြီး မြေပေါ်သို့ ပြန်ကျလာသည်။ မြေကြီးပေါ်ကျလာသောအခါ နောက်သို့ ဆုတ်ပေးလိုက်ရသည်။
ရှောက်ရွှမ်သည် တောက်ယွီကို ဆက်လက်ထိုးချင်သေးသည်။ သို့သော် တောက်ယွီ၏ ကိုယ်ပေါ်မှ အက်ကွဲကြောင်းများမှ သွေးများထွက်လာသည်။ တောက်ယွီက ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်ချိန်တွင် သွေးများက မြေပေါ် စီးကျနေသည်။ ပါးစပ်မှ သွေးများထွက်လာသလို၊ ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ်တုန် နေပါသည်။ အခုအချိန်တွင်တော့ ထိုသို့ ဖြစ်ခြင်းမှာ ဒေါသထွက်ခြင်းကြောင့် မဟုတ်တော့ပါ။
ရှောက်ရွှမ်၏ လက်သီးချက်မှာ တောက်ယွီကို ပြိုလဲစေသော အကြောင်းရင်း ဖြစ်သည်။ တောက်ယွီသည် ခွန်အားများလျှော့နည်းသွားပြီး၊ အသက်ကို ပြင်းထန်စွာ ရှူနေရသည်။
သူ့တကိုယ်လုံး သွေးများပေကျံနေပြီး မျက်နှာ
တွင် ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသော အရိပ်အယောင်များ ထွက်ပေါ်လာပါသည်။ သူ့မျက်လုံးများကတော့ မယုံကြည်နိုင်သော အငွေ့အသက်များ ပြည့်နှက်နေသည်။
နှောင်ကြိုးများကို ဖြတ်ပြီးတာတောင် သူရှုံးနိမ့်သွားခြင်းလား။ တစ်ရက်လောက် အချိန်ရမည်ဆိုလျှင် သူ့ကိုယ်ထဲတွင် သောင်းကျန်းနေသော စွမ်းအင်များကို ငြိမ်သက်သွားအောင် ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ထိုအခါ သူသည် ဒီကောင်လေးကို အနိုင်ယူနိုင်မည် ဖြစ်သည်။
မျိုးစေ့ကို ထိုချာတိတ်လေးလက်ထဲသို့ အပါမခံနိုင်ပါ။ ထိုမျိုးစေ့မှာ သူ့အပိုင် ဖြစ်သည်။ သူသည် သူ့ကိုယ်ပိုင်ကန္တာရမြို့တော်တစ်ခု တည်ဆောက်မည်။ ဘုရင်တစ်ပါးအဖြစ် စိုးစံမည်။ အခုပုံစံနှင့်တော့ သူမသေနိုင်သေးပါ။
သူမသေချင်သေးပါ။ သူ့အနေနှင့် ထိုချာတိတ်လေးကို ရှုံးနိမ့်၍ မဖြစ်ပါ။
တောက်ယွီသည် သူ့ဆီသို့ဝင်လာသော ရှောက်ရွှမ်ကို ကြည့်နေလိုက်သည်။ ကျောက်ခဲအစအနများနှင့် ဖုန်မှုန့်များ မရှိတော့သောကြောင့် သူ၏ မြင်ကွင်းရှင်းသွားရမည် ဖြစ်သည်။ သို့သော် တောက်ယွီ၏ မြင်ကွင်းများမှာ မှုန်ဝါးနေပါသည်။ သူ့စိတ်ထင်ယောင်ထင်မှားဖြစ်ပြီး စွမ်းအင်များ တိုးပွားလာသည်ဟု ထင်မိခြင်းများလား။ တိုးပွားလာသော စွမ်းအင်များသည် အခုတော့ ယုတ်လျော့နေသည်။
နောက်ဆုံးတွင်တော့ သူ့နားသို့ ကပ်လာသော လူရိပ်သည် မီးတောက်တစ်ခု အဖြစ်ပြောင်းလဲသွားသည်ဟု သူ့အမြင်အာရုံထဲတွင် မြင်လိုက်ရသည်။ မီးတောက်ထဲတွင် အမှတ်အသားတစ်ခုကို တွေ့ရပါသည်။ သူစွန့်ပစ်ခဲ့သည်မှာ ကြာလှပြီဖြစ်သော ဦးချို၂ချောင်းအမှတ်အသား ဖြစ်သည်။
ရှောက်ရွှမ်သည် အသက်ရှူတဖြည်းဖြည်းရပ်သွားသော တောက်ယွီကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်တော့ မယုံသင်္ကာဖြစ်နေသည်။ တောက်ယွီအနေဖြင့် နှောင်ကြိုးများကို ဖြတ်တောက်နိုင်ပြီ
ဖြစ်၍ ယခုထက် အနိုင်ယူရ ခက်သင့်သည် မဟုတ်ပါလား။အခုတော့ တောက်ယွီသည် ရုတ်တရက် ရှုံးနိမ့်သွားပြီ ဖြစ်သည်။
ရှောက်ရွှမ်သည် တောက်ယွီ၏ သွေးကြောကို စမ်းကြည့်လိုက်သောအခါ တကယ်ပင် သွေးမခုန်တော့သည်ကို တွေ့လိုက်ရသည်။ တောက်ယွီ၏ ခန္ဓာကိုယ်မှာ အပြင်ပန်းကကြည့်လျှင်တော့ ကြံ့ခိုင်သလိုနှင့် အတွင်းတွင် ပျက်စီးနေခြင်းပင် ဖြစ်သည်။
သို့သော် ထိုသို့ဖြစ်ရခြင်းမှာ မျိုးစေ့ကြောင့် မဟုတ်ပါ။
ရှောက်ရွှမ် စဉ်းစားနေချိန်တွင် နန်းတော်ကြီးတစ်ခုလုံး တုန်ခါသွားသည်။ မျက်နှာကြက်ပေါ်မှ ကျောက်တုံများ နှင့် ဖုန်မှုန့်များ ပြုတ်ကျလာသည်။
“ဝုန်း…”
နောက်တစ်ကြိမ် တုန်ခါသွားပြန်သည်။
ကြည့်ရသည်မှ တစ်ယောက်ယောက်သည် အပေါ်မှနေ၍ လက်နက်တစ်ခုခုနှင့် ထုနေသလို ဖြစ်နေ၏။
ဖုန်မှုန့်များက အောက်ကို ရေတံခွန်တစ်ခုလို စီးကျလာသည်။ ကျောက်တုံးကြီးများလည်း လဲပြိုကျကုန်ပါသည်။ မျိုးစေ့ကို သားရေနှင့် ပတ်လိုက်သောအခါ သလင်းကျောက်များမှာ အရောင်မှိန်သွားသည်။ အခုတော့ သလင်းကျောက်များပေါ်တွင် ဖုံမှုန့်များပေကျံသွားသဖြင့် ပို၍ပင် အရောင်မှိန်သွားသည်။
နန်းတော်အမိုးပေါ်တွင် ဘယ်သူရောက်နေသနည်း။
အခုအချိန်သည် အခြားသော ကိစ္စများကို စဉ်းစားရမည့် အချိန်ဖြစ်သည်။ ရှောက်ရွှမ်သည် ထွက်ပေါက်ဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ နန်းတော်ထဲတွင်တော့ မီးတုတ်များ ငြိမ်း
သွားသဖြင့် မှောင်မည်းသွားပြီ ဖြစ်သည်။
ကံကောင်းချင်တော့ ရှောက်ရွှမ်သည် အထူးအမြင်အာရုံဖြင့် ထွက်လမ်းကို မြင်လိုက်ရပေသည်။
ရှောက်ရွှမ်ပြေးထွက်လာပြီး မကြာခင်တွင် တောက်ယွီနှင့် သူတိုက်ခိုက်ခဲ့သော နေရာသည် စတင်ပြိုကျလာပြီ ဖြစ်သည်။
ကျွန်များရာနှင့်ချီ၍ အသက်ပေးကာ ဆောက်လုပ်ခဲ့ရသော မြေအောက်နန်းတော်ကြီးသည် အတိတ်တွင်သာ ကျန်ခဲ့ပေတော့မည်။