← Chapters

ဟွေမျိုးနွယ်စု

Vol. 10 Ch. 148

ဟွေမျိုးနွယ်စု

Vol. 10 Ch. 148

မျိုးနွယ်စုဝင်များသည် မျိုးနွယ်စုပြင်ပက ပစ္စည်းများကို စိတ်ဝင်စားလေ့ရှိကြောင်း ရှောက်ရွှမ်သိထားသည်။ သို့သော် “နတ်ဆေးဆရာပြီးရင် ငါအရေးအပါဆုံးပဲ” ဟူသော သဘောထားကို ကိုင်ဆွဲထားသော ရှင်းကပါ စိတ်လှုပ်ရှားသွားသည်ကို မြင်ရသောအခါ ရှောက်ရွှမ်အံ့သြသွားသည်။

ရှင်းမှာ နှာခေါင်းကြီး ပွလာသည်အထိ အသက်ကို ပြင်းစွာရှူရင်း မျက်နှာကြီးမှာလည်း နီရဲလာသည်။

“ဒါက…”

ရှင်းသည် ကျောက်တုံးကို လက်ထဲတွင် ကိုင်ရင်း သေချာကြည့်ရှုနေသည်။ သူသည် အသက်အရွယ်ကြီးရင့်နေသဖြင့် အမဲလိုက်သည့် ကျောက်ကိရိယာများနှင့် ပတ်သက်လာလျှင် သူ့အတွေ့အကြုံမှာ ကျန်မျိုးနွယ်စုဝင်များထက် သာလွန်ပါသည်။ ထို

ကျောက်တုံးကို ကြည့်လိုက်သောအခါ အရောင်တင်ထားသည်မှာ သိပ်မကြာသေးကြောင်းသိလိုက်သည်။ အရောင်တင်ထားသည်မှာ ၁၀နှစ်ဝန်းကျင်သာရှိပေဦးမည်။

သို့သော် ထိုကျောက်တုံးသည် မျိုးနွယ်စုထဲမှ ဘိုးဘေးများ၏ အမွေမဟုတ်ပေ။ ထိုကျောက်တုံးသည် ဘယ်သူ့ကျောက်တုံးဖြစ်သနည်း။

နတ်ဆေးဆရာသည် တောင်ခြေမှ ကလေးတစ်ယောက်ကြောင့် အလျင်စလို ပြေးလာခြင်းမှာ နည်းနည်းပိုသည်ဟု ရှင်းထင်မိသည်။ အခုတော့ သူသည် နတ်ဆေးဆရာအလျင်လိုစွာပြေးလာသည်ကို စိတ်မဝင်စားတော့ဘဲ ထိုကျောက်တုံး၏ ရာဇဝင်ကိုသာ သိချင်တော့သည်။

နတ်ဆေးဆရာသည် ပြန်လည်တည်ငြိမ်သွားသော်လည်း အသက်ကိုတော့ ပြင်းစွာ ရှူနေရသေးသည်။ လက်များသည် တုန်ခါနေသေးသော်လည်း သူ့အသွင်အပြင်ကတော့ ပြန်လည်တည်ငြိမ်သွားသည်။

“ကျုပ်ဒီကိုလာတာ အဲဒီကျောက်တုံးကြောင့်ပဲ” နတ်ဆေးဆရာက ပြောလိုက်သည်။

ရှင်း၏ခန္ဓာကိုယ်မှာ နတ်ဆေးဆရာနားသို့ တိုးသွားပြီး နတ်ဆေးဆရာပြောသည်ကို သေချာနားထောင်ရန် အသင့်ပြင်လိုက်သည်။ နတ်ဆေးဆရာသည် အနည်းငယ်တုန်ယင်နေသော အသံဖြင့် ရှောက်ရွှမ်ကို ပြောလိုက်သည် “ အားရွှမ် လောင်ရှင်းကို ဒီကျောက်တုံးဘယ်ကရလာလဲ ပြောပြလိုက်ပါကွာ”။

ရှောက်ရွှမ်ကို ကြည့်လိုက်ရင်း ရှင်းမျက်လုံးပြူးသွားသည်။ နတ်ဆေးဆရာ၏ စကားကို ကြားလိုက်ရသောအခါ ရှင်းတစ်ယောက်အံ့သြသွားသည်။

ထိုချာတိတ်လေးပျောက်နေသည်မှာ တစ်နှစ်လောက်ရှိပေပြီ။

“မြန်မြန်ပြောစမ်း” ရှင်းသည် ရှောက်ရွှမ်ကို အမိန့်ပေးလိုက်သည်။ ရှင်း၏လေသံမှာ နည်းနည်းမာနေသည်။ တခြားလူများသာ ထိုလေသံကို ကြားလိုက်ပါက သူတို့ကို ရှင်းက စစ်ဆေးမေးမြန်း

နေသည်ဟုထင်မိမည်သာ။ ရှင်း၏မျက်လုံး၂လုံးသည် ထိုးစိုက်တော့မည့် ဓားမြောင်၂ချောင်းနှင့်တူနေပါသည်။

“အဖြစ်က ဒီလိုပါ…”

ရှောက်ရွှမ်သည် ကျောက်တုံးကို ဘယ်လိုရလာသလဲ ရှင်းပြလိုက်သည်။သို့သော် ရှင်းက အလျင်လိုနေသောကြောင့် ရှောက်ရွှမ်သည် အတိုချုံး၍ ရှင်းပြရသည်။

“အဲဒါဟွေမျိုးနွယ်စုပဲ…” ရှင်း၏မျက်လုံးများနီသွားသည်။ နတ်ဆေးဆရာကို ကြည့်ပြီး မေးလိုက်သည် “ ခင်ဗျားဒီကိုလာတာ ဟွေမျိုးနွယ်စု ဟုတ်မဟုတ် အတည်ပြုချင်လို့ မဟုတ်လား” ။

နတ်ဆေးဆရာက ခေါင်းငြိမ့်လိုက်ပြီး “ဟုတ်တယ်…ဒီလောက်ဆို ခင်ဗျားပစ္စည်းကို ယူလာလို့ရပါပြီနော်”။

အသက်ကို ဝအောင် ရှူလိုက်ပြီး ရှင်းသည် ကျောက်တုံးကို သေချာပြန်ထားလိုက်သည်။ သူ

သည် ကျောက်တုံးလေးကွဲသွားမှာစိုးရိမ် သဖြင့် လွန်စွာသတိကြီးစွာဖြင့် နူးညံ့သိမ်မွေ့စွာလှုပ်ရှားနေသည်။

ပုံမှန်ဆို ရှင်း၏လှုပ်ရှားမှုများသည် လေကဲ့သို့ မြန်ဆန်တတ်သလို အပြုအမူမှာလည်း လွန်စွာခက်ထန်ကြမ်းတမ်းသည်။ ရှင်းတစ်ယောက်ထိုကဲ့သို့ ပြုမူနေသည်ဆိုပါက သူ့မိသားစုဝင်များသည် သေမလောက် ကြောက်ရွံ့ကြသည်။

ရှင်း၏အိမ်မှာ ၂၀မီတာ ပတ်လည်လောက်ရှိသည်။ ကျောက်သားစားပွဲတစ်လုံးမှ လွဲ၍ သူ့အိမ်မှာ သစ်သားခုံအနည်းငယ်သာရှိသည်။ ထို့နောက် ရှင်းအသုံးပြုသော ကျောက်ခရားကြီးတစ်လုံးလည်း ရှိသေးသည်။

ရှင်းသည် ဒူးထောက်လိုက်ပြီး ကျောက်ခရားကြီးကို ဖွင့်လိုက်သည်။ ထို့နောက် ကျောက်သေတ္တာတစ်လုံးကို ဖွင့်လိုက်သည်။ သူသည် အမှတ်အသားပါသော ကျောက်တုံးလေးကို ပြန်ပေးတုန်းကလိုပင် သတိကြီးစွာနှင့် လှုပ်ရှားနေလေသည်။

ရှင်းသည် ထိုသေတ္တာလေးကို ရိုသေသော မျက်လုံးများဖြင့် ကြည့်နေကြောင်း ရှောက်ရွှမ်သတိထားလိုက်မိသည်။ သူ့မျက်လုံးများမှတဆင့် သူ့ခံစားချက်များကို မြင်နေရသည်။ထိုအချိန်တွင် သူ့၏စူးရှသောမျက်လုံး၂စုံမှာ ကျောက်သေတ္တာကို သာကြည့်လျှက်ရှိပြီး တလောကလုံးတွင် ထိုကျောက်သေတ္တာသာ အရေးအကြီးဆုံးလို ပြုမူနေသည်။

သေတ္တာကို စားပွဲပေါ်တွင်သတိကြီးစွာ တင်လိုက်ပြီး ရှင်းသည် သေတ္တာကို ဖွင့်လိုက်သည်။

ရှောက်ရွှမ်ကလှမ်းကြည့်လိုက်သောအခါ အထဲတွင်လည်း နောက်သေတ္တာတစ်လုံး ရှိနေသည်ကို မြင်လိုက်ရသည်။

ကျောက်သေတ္တာ၂လုံးကြားတွင် သစ်သားအမှုန်များကိုခံထားသည်။ အထဲက သေတ္တာကို မထိခိုက်မိအောင် သစ်သားအမှုန်များခံထားခြင်း ဖြစ်သည်။

သေတ္တာငယ်လေးကို ဖြည်းညှင်းစွာဆွဲထုတ်ပြီး ရှင်းသည် သတိကြီးစွာဖြင့် သစ်သားအမှုန်လေးများကို ဖယ်ရှားပစ်နေသည်။ သူ့အပြုအမူမှာ ပုံမှန်သူ

လုပ်နေကြ အပြုအမူများနှင့်ကွာခြားပါသည်။

သူသည် အဖုံးကိုဖွင့်လိုက်သည်။

အထဲတွင် သစ်သားအမှုန်များကို ထပ်တွေ့ရသည်။ သေတ္တာအလယ်တွင် ရှိသောအရာကို ထူထဲသော သားရေချပ်ဖြင့် ဖုံးအုပ်ထားသည်။ အမဲလိုက်အတွေ့အကြုံရင့်ကျက်နေပြီဖြစ်သော ရှောက်ရွှမ်သည် ထိုသားရေချပ်လေး ဘယ်လောက် အရည်အသွေးကောင်းကြောင်း သိလိုက်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် အရည်အသွေးမြင့်မားသော သားရေများသည် မာကြောလေ့ရှိသည်။ သို့သော် အခုသားရေချပ်ကတော့ နူးညံ့နေသည်။

ပစ္စည်းများအားလုံးမှာ အကောင်းစားများဖြစ်ကြသည်။အကောင်းစား သစ်သားအမှုန်များ၊ ရှားပါးသော သားရေအမျိုးအစားဖြင့် အထဲက ပစ္စည်းကို ကာကွယ်ထားသည်။ ထိုမျှ အရေးတကြီးသိမ်းထားသော ပစ္စည်းကို ရှောက်ရွှမ်စိတ် ဝင်စားသွားသည်။

သတိကြီးစွာနှင့် သားရေဖြင့်ပတ်ထားသော

ပစ္စည်းကို ထုတ်ပြီး အပတ်ကို ဖြေချလိုက်သည်။ ထိုအခါ အထဲတွင် ရှိသော ပစ္စည်းကို ရှောက်ရွှမ်မြင်လိုက်ရသည်။

ရှင်းနှင့် နတ်ဆေးဆရာတို့ပြောနေသော အဖိုးတန်ပစ္စည်းကို ရှောက်ရွှမ်သေချာ ကြည့်လိုက်သည်။ မျက်တောင်ခတ်လိုက်ပြီးနောက် သေချာပြန်ကြည့်လိုက်သည်။

ရှောက်ရွှမ်သည် ထိုပစ္စည်းကို မြင်ရသောအခါတွင် ဘယ်လိုစိတ်ခံစားချက်မျိုးများဖြစ်လာမလဲ တွေးနေမိသည်။ ထိုအကြောင်းကိုတွေးပြီး သူ့နှလုံးခုန်သံများ မြန်ဆန်လာသည်။

ထိုပစ္စည်းနှင့် ပတ်သက်၍ ရှင်းနှင့် နတ်ဆေးဆရာတို့ ပြုမူနေပုံတို့ကိုကြည့်ပြီး ထိုပစ္စည်းသည် မျိုးနွယ်စုအပြင်ဘက်မှ ရလာသော ပစ္စည်းဖြစ်လိမ့်မည်ဟု ရှောက်ရွှမ် တွက်ဆလိုက်သည်။ ထိုပစ္စည်းသည် အလွန်ရှားပါးပြီး အင်မတန်အဖိုးတန်သော ပစ္စည်းတစ်ခုဖြစ်ရမည်။ ဥပမာပြောရလျှင် သိမ်းငှက်တောင်မှ ရေခဲတိုင်များ၊ သို့မဟုတ် အဖြူရောင်ပိုးကောင်များ၏ သားရေနှင့် ပိုးချည်မျှင်များ၊

သို့မဟုတ် မီးလျှံသလင်းကျောက်လို အဖိုးတန်ပစ္စည်းတစ်ခုခုဖြစ်ပေလိမ့်မည်။ သို့မဟုတ် အဆင့်မြင့် သားရဲတစ်ကောင်ကောင်စီမှ ရရှိသော အဖိုးတန် အစိတ်အပိုင်းတစ်ခုလိုမျိုးဖြစ်သည်။

သို့သော် ထိုပစ္စည်းကို မြင်လိုက်ရသောအခါ သူမျှော်လင့်သလိုဖြစ်မလာပေ။

သူသည် အရောင်ခြယ်ထားသော ရွံ့အိုးတစ်လုံးကို သေချာကိုင်တွယ်နေသော ရှင်းကို ကြည့်လိုက်သည်။

အိုးပေါ်တွင် ရေးဆွဲထားသော အမှတ်အသားများမှာ ရှောက်ရွှမ်ယူဆောင်လာသော ကျောက်တုံးပေါ်က အမှတ်အသားများနှင့် အတူတူပင်ဖြစ်သည်။ စုတ်ချက်တိုင်းသည် ဝေ့ဝဲနေသော မျဉ်းကောင်းတစ်ကြောင်းနှင့်တူလေသည်။

ရှောက်ရွှမ်သည် အိုးကို ကြောင်ပြီးကြည့်နေသည်ကို တွေ့သောအခါ ရှင်းမျက်နှာမှာပြုံးသွားသည်။

“မင်း ဒီအိုးကိုမမြင်ဖူးဘူးမလား” ရှင်းက ဂုဏ်ယူစွာ

ပြုံးလိုက်သည်။

ရှောက်ရွှမ်ပြောစရာစကားမရှိတော့။

“အံ့သြသွားပြီလား” ရှင်းကဆက်ပြောသည်။

ရှောက်ရွှမ်မှာ ဘာပြန်ပြောရမလဲ မသိပေ။

“ဒီအိုးက ငါတို့ ဘိုးဘေးတွေ လက်ဆင့်ကမ်းခဲ့တဲ့ပစ္စည်းပဲ…မျိုးနွယ်စုအပြင်ကလာတဲ့ ပစ္စည်းကွ…ကျောက်သားနဲ့လုပ်ထားတာမဟုတ်ဘူး” ရှင်းက တောင်ခြေမှလာသော ချာတိတ်လေးကို အိုးအကြောင်း ရှင်းပြနေသည်။ ရှောက်ရွှမ်သည် ဘာမှ ပြန်မပြောသဖြင့် ထိုကောင်လေးမှာ ထိုမျှတော့ အသိပညာမခေါင်းပါးလောက်ဟု ရှင်းထင်လိုက်သည်။ သူစကားပြန်မပြောသည်မှာ ထိုအိုးသည် မည်မျှအဖိုးတန်သလဲ သူမသိ၍ ဖြစ်မည်။ ဘိုးဘေးများ ထားခဲ့သော လမ်းညွှန်ချက်များကို အသုံးပြုမည်ဆိုလျှင်တောင် ထိုခရားမျိုး ပြန်ဖန်တီး၍ရမည် မဟုတ်ပါ။

နှစ်တစ်ထောင်လောက်ကြာပြီးသောအခါ ထိုအိုး

ကဲ့သို့ ပစ္စည်းများသည် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်လာပြီး လုံခြုံစိတ်ချရသော နေရာများတွင် ထိန်းသိမ်းထားကြသည်။ ထိုခရားကို ထိန်းသိမ်းခွင့်ရသူသည် အလိုလိုနေရင်း မျိုးနွယ်စုထဲတွင် အဆင့်အတန်းမြင့်မားသူ ဖြစ်သွားသည်။

ထိုခရားသည်ကွဲရှလွယ်သော်လည်း ထိုခရားကို ရထားသူသည် တခြားတစ်ယောက်ကို လက်လွှဲပေးခြင်းမပြုလုပ်ပါ။ ခွန်အားကြီးမားသော မျိုးနွယ်စု စစ်သည်တော်များ သို့မဟုတ် ယဉ်ပါးအောင် ပြုလုပ်၍မရသော ကြောက်မက်ဖွယ်သားရဲများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင် ထိုခရားကို လက်လွှဲပေးမည် မဟုတ်ပါ။

“ဒါမျိုး ခရားကို အမွေဆက်ခံထားတဲ့ တခြားမိသားစုတစ်ခုရှိသေးတယ်၊ ဒါပေမဲ့ သူတို့ခရားပေါ်မှ ငါ့ခရားလိုမျိုး ပန်းချီပုံတွေမပါဘူး…သူတို့ခရားက ကြည့်ရဆိုးတာပေါ့ကွာ၊ ခရား၂ခုကို တူတူထားလိုက်မယ်ဆို အသားစားသတ္တဝါနဲ့ အသီးအရွက်စား သတ္တဝါကွာခြားသလို ကွာခြားနေလိမ့်မယ်” ရှင်းက ဆက်ပြောသည်။

မျိုးနွယ်စုထဲမှ လူများ၏ စိတ်ထဲတွင် အသားမ

စားသော အားနည်းသည့် သတ္တဝါများမှာ အသုံးမဝင်ပေ။ သူတို့ကို အထင်သေးကြသည်။ အသီးအရွက်စားသော သတ္တဝါများမှာ ကြမ်းကြုတ်သော အသားစား သတ္တဝါများနှင့် နှိုင်းယှဉ်၍မရဟု ထင်ထားကြသည်။

ရှောက်ရွှမ် ဆွံ့အသွားပြန်သည်။ အဖိုးကြီးသည် ဂုဏ်မောက်လွန်းနေသည်။ ရှင်း၏ ဂုဏ်ယူဝမ်းမြောက်စွာ ပြုံးနေသော မျက်နှာကို ကြည့်ပြီး ရှောက်ရွှမ်သည် သူ့ကို ထရိုက်ချင်လာသည်။

ထို့ကြောင့် ရှင်းသည် သူမရင်းနှီးသေးသောသူနှင့်တွေ့ဆုံသည့်အခါ အဆင်ပြေလေ့မရှိပါဆိုသော သတင်းစကားများမှာ အလကားမဟုတ်ကြောင်း ရှောက်ရွှမ်သိလိုက်သည်။ ထိုခရားသည် သူ့မိသားစုပိုင်ဖြစ်နေသောကြောင့် ရှင်းတစ်ယောက် ထိုမျှ ဂုဏ်မောက်နေခြင်းဖြစ်မည်ဟု ရှောက်ရွှမ်တွေးလိုက်မိသည်။

ရှောက်ရွှမ်သည် ပါးစပ်အဟောင်းသားဖြစ်နေပြီး ဘာပြန်ပြောရမှန်းမသိပါ။ ထိုအချက်မှာ ဒီဘက်ကမ္ဘာမှ ဒေသခံများနှင့် ရှောက်ရွှမ်တို့ကြား ကွာခြား

ချက်ပင်ဖြစ်လေသည်။

ခရားကို ကြည့်လိုက်ပြီးနောက် ရိုးစင်းသော မျဉ်းများဖြင့် တိမ်တိုက်ပုံနှင့် လေစီးကြောင်းပုံတို့ကို ပုံဖော်ထားသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် ခရားမျက်နှာပြင်တချို့နေရာတွင် ဝေ့ဝဲနေသော စုတ်ချက်များကိုတွေ့လိုက်ရသည်။ ရှောက်ရွှမ်အတွက်တော့ ထိုစုတ်ချက်များမှာ အပိုလိုဖြစ်နေသည်။ ခရားကို အနီရောင် အညိုရောင်၊ ခရမ်းရောင်တို့နှင့် ဆေးခြယ်ထားသည်။

မျိုးနွယ်စုထဲမှ လူများအတွက်တော့ ထိုခရားသည် အလွန်လှပလေသည်။ ထို့ပြင် ခရားပေါ်ရှိ ပန်းချီမှာ မျိုးနွယ်စုတစ်ခု၏ နတ်ရုပ်ကိုရေးဆွဲထားခြင်းဖြစ်လေသည်။ နတ်ဆေးပန်းချီများနှင့် မတူသော ထူးဆန်းသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည့် ပုံဖြစ်လေသည်။ ထိုနတ်ရုပ်မှာ ထိုခရားပိုင်ရှင်မျိုးနွယ်စုကို ကိုယ်စားပြုသည့် ပုံရိပ်ပင်ဖြစ်လေတော့သည်။

အခုတော့ ရှင်းသည် ထိုအရာကို ဟွေမျိုးနွယ်စုက ပြုလုပ်သော ပစ္စည်းဖြစ်သည်ဟု ဆိုလေသည်။

ထိုသို့ဆိုလျှင် အတိတ်တချိန်တုန်းက သူတို့မျိုးနွယ်စုနှင့် ဟွေမျိုးနွယ်စုတို့ အဆက်အသွယ်ရှိခဲ့လေသလား။

နတ်ဆေးဆရာသည် စိတ်လှုပ်ရှားနေသာ ရှင်းကို ကြည့်ပြီး ပြုံး၍ခေါင်းငြိမ့်လိုက်သည်။ ထိုခရားအကြောင်းပြောသည့်အခါတိုင်း ရှင်းတစ်ယောက် ထိုကဲ့သို့ ပြုမူလေ့ရှိသည်။

ခဏလောက်စကားပြောပြီးနောက် နတ်ဆေးဆရာနှင့် ရှောက်ရွှမ်တို့သည် ဘာမှ မပြောသောကြောင့် ရှင်းသည် ရှောက်ရွှမ်ယူလာသော ကျောက်တုံးကို ပြန်ပေးလိုက်သည်။ စိတ်လှုပ်ရှားစွာဖြင့် ကျောက်တုံးပေါ်က အမှတ်အသားများကို ပြန်တွေးရင်း ရှင်းတစ်ယောက်မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထို့နောက် ရှင်းသည် ခရားကိုမလိုက်သည်။ ခရားအောက်ပိုင်းကို ရှောက်ရွှမ်နှင့် နတ်ဆေးဆရာတို့မြင်သာအောင် ပြလိုက်သည်။ ခရားပေါ်မှ ပန်းချီပုံနှင့် ကျောက်တုံးပေါ်မှ ပန်းချီပုံတို့ တူညီနေကြောင်း ရှောက်ရွှမ်တို့ တွေ့လိုက်ရသည်။

“ဟွေမျိုးနွယ်စုက ပစ္စည်းပဲ ဖြစ်ရမယ်” ရှင်းက

ရှင်းပြသည်။ အရင်တုန်းကဆိုလျှင် သူတို့သည် သူတို့နေထိုင်ရာနယ်ပယ်နှင့် မိုင်သန်းချီသည့် အရပ်တွင် သာတခြားမျိုးနွယ်စုများရှိသည်ဟု ယူဆထားခဲ့ကြသည်။ ထို့ကြောင့်လည်း မျိုးနွယ်စု အပြင်ဘက်က ပစ္စည်းများကို သူတို့မမြင်ဖူးခြင်းဖြစ်မည်။

သူယနေ့လိုအဖြစ်အပျက်မျိုးဖြစ်ပေါ်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားပါ။ အခုတော့ သူမသေခင်တွင် ဟွေမျိုးနွယ်စုမှ တခြားပစ္စည်းများကို မြင်တွေ့ရတော့မည် ဖြစ်သည်။ ဟွေမျိုးနွယ်စုမှ လူများနှင့်ပင် ဆုံချင်ဆုံလိမ့်ဦးမည်။

ထိုအကြောင်းကိုတွေးပြီးနောက် ရှင်းသည် စိတ်လှုပ်ရှားလာပြန်သည်။ နတ်ဆေးဆရာကို ကြည့်လိုက်ပြီး သူ့ဆီမှ ရှင်းလင်းပြတ်သာသော အဖြေတစ်ခုကို တောင်းလိုက်ခြင်သည်။ အနည်းဆုံးတော့ မျှော်လင့်ချက်ရှိခြင်းသည် မရှိခြင်းထက်ပိုကောင်းသည် မဟုတ်ပါလား။ နတ်ဆေးဆရာသည် မျိုးနွယ်စုထဲတွင် ဥာဏ်အမြော်အမြင်အရှိဆုံးဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းနိုင်သူမှာ နတ်ဆေးဆရာတစ်ယောက်သာရှိသည်ဟု ရှင်းထင်မိသည်။

“ကျုပ်စိတ်ကူးတစ်ခုရပြီ” နတ်ဆေးဆရာသည် သူ့နည်းလမ်းကို ရှင်းကို ပြောပြသည်။ ချာချာ့ကျောပေါ်မှ လိုက်ပြီး တောင်ကို ကျော်ဖြတ်မည့်စိတ်ကူးကိုလည်း ရှင်းကို ပြောပြသည်။

သေချာနားထောင်ပြီးနောက် ရှင်းသည် ခေါင်းငြိမ့်လိုက်သည်။ “မဆိုးဘူ…အဲဒီနေရာနားက တောအုပ်တွေက အတားအဆီးသိပ်မရှိဘူး…တောအုပ်တွေအပေါ်က ဖြတ်ပျံသွားမယ်ဆိုရင်တော့ ကောင်းတာပေါ့”။

ရှောက်ရွှမ်သည် နတ်ဆေးဆရာနှင့် ရှင်းတို့ဆွေးနွေးနေသည်ကို ကြားသဖြင့် ကြားဖြတ်ပြောလိုက်သည် “ကျွန်‌တော်တို့ မြစ်ပြင်ကျယ်ကြီးကိုလည်း ဖြတ်ကျော်လို့ရလောက်ပါတယ်”။

ရှင်းနှင့်နတ်ဆေးဆရာတို့သည် မြစ်ကိုဘယ်လိုဖြတ်ကျော်ရမလဲ မသိသောကြောင့် ရှောက်ရွှမ်ကို လှည့်ကြည့်လိုက်ကြသည်။

All Chapters