← Chapters

တောင်အောက်မှကျောက်တုံးတီကောင်

Vol. 4 Ch. 54

တောင်အောက်မှကျောက်တုံးတီကောင်

Vol. 4 Ch. 54

တောရိုင်းထဲတွင် အားနည်းသည်သူတွေသည် ပို၍အတိုက်ခိုက်ခံရလိမ့်မည် ။ ထို့ကြောင့် ရှောက်ရွှမ်က ပတ်ဝန်းကျင်ကို တော်တော်ဂရုစိုက်ပြီး ကြည့်နေရသည် ။ သူက အခုမှ စွမ်းအင်နိုးထလာစ ကောင်လေးဖြစ်သည် ။ အထူးသဖြင့် သားရဲဆိုးကြီးတွေရဲ့အမြင်မှာ သူက အမဲလိုက်အုပ်စုထဲက အားအနည်းဆုံး နှစ်ယောက်ထဲကတစ်ယောက် ဖြစ်နေ၏ ။

သူတို့ ချိုင့်ဝှမ်းတစ်ဖက်ကိုရောက်တဲ့အချိန်မှာ နေဝင်လုပြီ ။ ရှောက်ရွှမ်ကတော့ ဒီမှာ အနားယူဖို့ဂူတစ်ခုရှိမည်ဟု ထင်သည် ။ ခြုံပြောရရင် အမဲလိုက်အသင်းစည်းမျဥ်းမှာ ညဘက်တွင် အမဲမလိုက်ရပေ ။ ညဘက်တွင် အမဲလိုက်ခြင်းက အလွန်အန္တရာယ်များသကဲ့သို့ ဒီလိုပတ်ဝန်းကျင်မှာ ဂူမရှိပဲ အနားယူခြင်းကလည်း မလုံခြုံပေ။

ဒုတိယအမဲလိုက်နယ်ပယ်က ဂူမှာ တောင်နံရံမှာ မရှိတဲ့အတွက် ရှောက်ရွှမ် အံ့သြသွားသည် ။

ဒုတိယအမဲလိုက်နယ်ပယ်မှာ တောင်ရဲ့အခြားတဖက်တွင် တည်ရှိပါ၏ ။ သို့သော်...

ရှောက်ရွှမ် တောင်ကို မော့ကြည့်လိုက်သည် ။ တောင်၏ တောင်ထိပ်နှင့် တောင်ကမ်းပါးတွေမှာ သေချာမမြင်ရချေ ။ မျိုးနွယ်စုစစ်သည်တွေကဲ့သို့ ခွန်အားမျိုးရှိရင်တောင် ဒီတောင်ပေါ်တက်ဖို့ တစ်နေကုန်သည်အထိကြာမြင့်နိုင်ပြီး တက်ဖို့အလွန်ခက်ခဲပေသည် ။ နောက်ကျနေတာကို ဖယ်လိုက်ရင်တောင် သစ်တောထဲကနေ သူတို့ကို ကြည့်နေတဲ့အရောက်လက်လက် မျက်လုံးတွေက ရှိနေသေးသည် ။

ဒီနေရာမှာ ရပ်မဲ့အစား မိုင်က အုပ်စုကို တောင်ပေါ်တက်ဖို့ ဦးဆောင်လိုက်သည် ။

တောင်နံရံနားကို ရောက်တော့ သဘာဝအတိုင်း လည်းမဟုတ် လူလုပ်ထားခြင်းလည်းမဟုတ်သော တကယ့်ဂူအကြီးကြီးတခု ရှိနေပြီး သတ္တဝါတစ်မျိုးမျိုးတူးထားခြင်း ဖြစ်နိုင်လေ၏ ။

အထူးသဖြင့် ၄င်းသည် တောင်ကိုဖောက်ထားသည် ။ အမဲလိုက်အုပ်စုများ ဒီကိုရောက်တိုင်း တခြားတဖက်ကို ရောက်ဖို့တောင်ကို ဖြတ်ပြီးသွားကြလေ့ရှိသည် ။

ဂူအဝင်ဝနားက နံရံပေါ်မှာတော့ ထွင်းထားတဲ့နာမည်များ အများအပြားရှိနေသည် ။ ဒီနာမည်စာရင်းတွေအဆုံးမှာ ရှောက်ရွှမ်က မိုင်ရဲ့နာမည်ကိုလည်း နံရံပေါ်မှာတွေ့လိုက်ရသည် ။

တောင်ဖောက်လမ်းကို ဦးဆောင်ဖြတ်ရတဲ့ အမဲလိုက်အုပ်စုခေါင်းဆောင်နာမည်ကို နံရံပေါ်မှာရေးထိုးလေ့ရှိကြသည် ။ နံရံထက်က ထွင်းထားလေသော နာမည်တို့မှာ အမဲလိုက်အုပ်စုတို့ရဲ့ ယခင်ခေါင်းဆောင်တို့နာမည်များ ဖြစ်၏ ။ မိုင်

က အမဲလိုက်အုပ်စုမှာ တာဝန်ထမ်းဖို့အတွက် အသက်ကြီးလွန်းလာပြီဆိုရင် ခေါင်းဆောင်အသစ်ကို ရွေးလိမ့်မည်ဖြစ်ပြီး ခေါင်းဆောင်အသစ်ကလည်း ဒီနေရာကို တနေ့လာ၍ သူ့နာမည်ကို ရေးထိုးပေလိမ့်မည် ။ သူတို့အတွက်တော့ ဒါ ဂုဏ်ယူစရာသင်္ကေတ ဖြစ်ပေသည် ။

လိုဏ်ဂူထဲ မဝင်ခင် အမဲလိုက်အုပ်စုထဲက စစ်သည်တွေက အခမ်းအနားအသေးစားလေးတခု လုပ်ကာ ဤအမဲလိုက်ခြင်းလမ်းကြောင်းကို စတင်လုပ်ဆောင်ခဲ့တဲ့ ဘိုးဘေးတွေကို အလေးအမြတ်ပြုကြလေသည် ။

မိုင်က သူ့ လှံရှည်ကို ဘေးမှာချလိုက်ပြီး ဒူးထောက်ထိုင်လိုက်သည် ။ နဖူးပေါ် လက်အုပ်ချီမိုးလိုက်ကာ နာမည်အပြည့်နှင့်နံရံကြီးကို ဦးညွှတ်လိုက်လေ၏ ။

" ဘိုးဘေးများ..."

" ကျေးဇူးကြီးမြတ်ပါတဲ့ ဘိုးဘေးများ "

ရှောက်ရွှမ်လည်း အခြား အမဲလိုက်အုပ်စု စစ်သည်များလုပ်သည့်အတိုင်း လိုက်လုပ်ပြီး ဂါဝရပြုလိုက်လေ၏ ။ အမဲလိုက်အုပ်စုတိုင်း သွားတတ်ကြတဲ့ အမဲလိုက်လမ်းကြောင်းတွေကို ဘိုးဘေးများက လမ်းဖောက်ခဲ့သည်ဟု အဆိုရှိသည် ။ ရှေးတုန်းက မျိုးနွယ်စုထဲ ယောင်္ကျားသား များများစားစား မရှိသည့်အတွက် အမဲလိုက်အုပ်စုလည်း အများအပြားမရှိပါချေ ။ ထို့ကြောင့် သူတို့အမဲလိုက်ကြတိုင်း လမ်းကြောင်းအသစ်ကို ထွင်လေ့ရှိကြသည် ၊ ပထမတစ်ခါ ဒီလမ်းက သွားလျှင် နောက်တစ်ကြိမ်ကျ တခြားလမ်းကို သွားလေသည် ။

နောက်ပိုင်းမှာ အမဲလိုက်အုပ်စုတွေထဲ လူတွေများလာပြီး မတူတဲ့အုပ်စုများလည်းပေါ်ထွက်လာသည် ။ အမဲလိုက်အုပ်စုတိုင်းကတော့ ဘိုးဘေးတွေ ဖောက်ခဲ့တဲ့လမ်းတွေထဲမှ တစ်ခုကို လိုက်နာကြရစမြဲပင် ။

ဒီလို လမ်းတွေအတိုင်း လိုက်နာရခြင်းမှာ မမြင်ရသော မခန့်မှန်းနိုင်သော အကြောင်းအရာတို့ကို ရှောင်ရှားနိုင်ရန် ဖြစ်လေသည် ။ ဒီလမ်းတစ်လျှောက် ဘယ်လိုတိရိစ္ဆာန်တွေ နေကြသလိုလဲ၊ မြေမျက်နှာသွင်ပြင်ကကော ဘယ်လိုအနေအထားလဲ ၊ သားရဲဆိုးကြီးတွေ ဘယ်နှကောင် ရှိနေမလဲ ၊ စတဲ့မေးခွန်းများကို အရှေ့ကမျိုးဆက်များ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံများအရ သိနိုင်ပေသည် ။ သို့သော် သင် လမ်းသစ်ကို ရှာလိုလျှင်တော့ အဆုံးအရှုံးများစေမယ့် ထိခိုက်မှုတွေကို ရင်မဆိုင်နိုင်ဖို့ များလေသည် ။

ဒါကြောင့် အမဲလိုက်လမ်းကြောင်းတွေမှာ ဘိုးဘေးတွေချခဲ့တဲ့ကြမ်းတမ်းတဲ့လမ်းညွှန်ချက်များသာဖြစ်သည် ။ သို့မှသာ လူတွေက လမ်းကြောင်းတစ်လျှောက်မှာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက်အသေးစားများ ချမှတ်နိုင်မည်ဖြစ်သည် ။ ဥပမာအနေနဲ့ မိုင်တို့အုပ်စု လမ်းကြောင်းမှာ ပထမနယ်တွင် တောင်ပေါ်တက်ရန်ဖြစ်ပြီး ထို့နောက် ချိုင့်ဝှမ်းကိုဖြတ်ကာ

တောင်၏တခြားတစ်ဖက်သို့သွားရန်ဖြစ်သည် ။

အကယ်၍ မျိုးနွယ်ထဲက အချို့က အမဲလိုက်လမ်းကြောင်းအသစ်ရှာဖို့ အကြံရှိလာလျှင်တော့ နတ်ဆေးဆရာနဲ့ အကြီးအကဲ နှစ်ယောက်လုံးသဘောတူဖို့လိုအပ်ပြီး မတူလျှင်တော့ ဒီအကြံကို မေ့ပစ်လိုက်ရမည် ။

ဘာတွေ လျှောက်တွေးနေသလဲ ၊ ကိုယ့်ဘာသာ အမဲလိုက်လမ်းကြောင်းအသစ်ဖန်တီးဖို့ ကြိုးစားနေသလား ၊ မင်းက ဘိုးဘေးတွေထက်များ သန်မာလို့လား ။

ဟင့်အင်း ၊ မင်း မလုပ်နိုင်ပါဘူး ။

ပြီးတော့ အမဲလိုက်လမ်းကြောင်းအဟောင်းတွေက မကောင်းတော့လို့သာ မဟုတ်ရင် လမ်းကြောင်းအသစ်ကို လွတ်လွတ်လပ်လပ် ရှာဖွေခွင့်မရှိပေ ။

အဓိပ္ပါယ်မရှိဘူးလို့ ထင်သလား ၊ ဘိုးဘေးတွေကို သံသယဝင်ရဲသလား ၊ မင်း သေဖို့များ ဆုတောင်းနေသလား...

မျိုးနွယ်စုထဲက လူတွေဟာ ဘိုးဘေးတွေနဲ့ပတ်သက်လျှင် ထူးထူးခြားခြားခေါင်းမာကာ အစွဲကြီးကြလေ၏ ။ အချို့သော စည်းမျဥ်းတွေဟာ ရှောက်ရွှမ် အမြင်မှာ မသင့်တော်ဘူးဟု ထင်ရင်တောင်မှ မည်သို့ပင်ဖြစ်စေ မျိုးနွယ်စုထဲကသူများက အလေးအမြတ်ထားကာ လေးစားကြလေသည် ။

နတ်ရုပ်ထုအပေါ်ထားသော သစ္စာတရားမှအပ ရှောက်ရွှမ်စိတ်ကူးထဲတွင် မျိုးနွယ်ထဲကသူများက ဘိုးဘေးများအပေါ် အလွန်ယုံကြည်ကာ လေးစားကြည်ညိုကြပုံပေါက်သည် ။ အကယ်၍ ဘိုးဘေးတွေသာ အုတ်ဂူထဲက ထလာပြီး ကောင်းကင်မှာ လတခုသာရှိတယ်လို့ဆိုကြလျှင်လည်း သံသယမရှိပဲ မျိုးနွယ်စုကလူတွေက ခေါင်းညိတ်ထောက်ခံကြပေလိမ့်မည် ။

တကယ်တော့ ဒါက နတ်ဆေးဆရာတို့ရဲ့ဦးနှောက်ဆေးထားတဲ့ ပညာရေးရဲ့ရလဒ်သာ ဖြစ်ပေသည် ။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဒီအတွေးကို လက်ဆင့်ကမ်းခဲ့ကြလေသည် ။

အုပ်စုခေါင်းဆောင်တွေက အမဲလိုက်မစ်ရှင်ထွက်ကြတိုင်း အရင်က ချထားတဲ့လမ်းကြောင်းအတိုင်းသာ သွားရင် ဂုဏ်သိက္ခာအပြည့်နဲ့ဘိုးဘေးများကို တွေ့နိုင်လိမ့်မည်ဟု ယုံကြည်ကြသည် ။ ဒါကလည်း အမဲလိုက်လမ်းကြောင်းတွေ ဖောက်ခဲ့တဲ့ ဘိုးဘေးတွေအပေါ်လေးစားသမှုပြခြင်းဟုလည်း မှတ်ယူကြလေသည် ။ဒီနံရံကြီးပေါ်က နာမည်စာရင်းတွေကို ကြည့်ရင် ဒီခေါင်းဆောင်တွေကို အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့ကြမှန်း မြင်သာပါသည် ။

ဂူထဲဝင်ကာ မီးဖိုပြီးတဲ့နောက် အမဲလိုက်အုပ်စု စစ်သည်ထဲက အတွင်းနက်နက်အထိ မဝင်ကြပေ။ အရင်ဓလေ့များအရ ဂူဝင်ပေါက်အနားမှာသာ တညကုန်ပြီး မနက်ဖြန်မနက်စောစောမှသာ ဂူထဲသို့ဝင်ကြပေလိမ့်မည် ။ ဂူမှာ လမ်းတစ်ဖြောင့်တည်း မဟုတ်သည့်အတွက် အချိန်တော့ အတော်ကုန်လိမ့်မည် ။

" ဘယ်လို ဖြစ်လို့ တောင်နှစ်ဖက်လုံးကို ဆက်ထားတဲ့ဂူ ရှိနေတာလဲ "

ရှောက်ရွှမ် က မီးပုံကြီးဘေးမှာ အနားယူနေရင်း လန်ကာ့ကို မေးလေသည် ။

" ဒီဂူက ဘိုးဘေးတွေ ဒီကိုပထမဆုံးစရောက်ကတည်းက ရှိခဲ့တာတဲ့ ၊ ပြောကြတာတော့ အရင်က ဧရာမ ကျောက်တုံးတီကောင်ဘုရင် ဒီတောင်မှာနေခဲ့တယ်တဲ့ ၊ ဒီဂူက အကွေ့အကောက်လမ်းတွေကလည်း သူတို့အပြင်ထွက်ဖို့ဖောက်ထားတာ "

လန်ကာ့က ပြောသည် ။

" ကျောက်တုံးတီကောင်တွေ.."

ဂူလမ်းဟာ ဆယ်မီတာ အနည်းဆုံးမြင့်တဲ့အတွက် ရှောက်ရွှမ်က ဆွံ့အသွားလေသည် ။ မိုင်နဲ့တခြားသူတွေက တောင်ကြီးရဲ့ဟိုဘက်ဒီဘက်ဖောက်ထားတဲ့လမ်းအပြင် တခြား အတက်အဆင်းလမ်းတွေပါ ရှိတဲ့အကြောင်းပြောပြကြသည် ။ ဒီလို ဂူနဲ့လမ်းကြီးက ကျောက်တုံးတီကောင်ကြီးဖောက်ထားတယ်ဆိုတာ ယုံဖွယ်ရာမရှိ ။

ဘယ်လောက်တောင် ကြီးနေမယ့် အကောင်ကြီးပါလိမ့်..

ရှောက်ရွှမ် ငါးမြှားဖို့သုံးတဲ့တီကောင် ငါးစာလေးတွေမှာ ဒါကြီးနဲ့နှိုင်းယှဥ်လို့တောင် မရပေ ။ သို့ပေမဲ့ ဒါက အမဲလိုက်လမ်းကြောင်းတွေရှာခဲ့တဲ့ ဘိုးဘေးတွေရဲ့ပုံပြင်တပုဒ်သာ ဖြစ်ပြီး တကယ့်ကျောက်တုံးတီကောင်ကြီးတွေလားဆိုတာကိုတော့ အတည်ပြုဖို့ရာလိုအပ်ပါသည် ။

" နောက်ပိုင်း..တခြား ဘိုးဘေးတွေကကော ကျောက်တုံးတီကောင်ကြီးတွေကို တောင်အောက်မှာတွေ့မိသေးလား "

ရှောက်ရွှမ်က မေးလိုက်သည် ။ ပထမဆုံး အမဲလိုက်အုပ်စုလာရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့လေပြီ ၊ အကယ်၍ စစ်သည်တွေကသာ ဒီဂူကို တောင်ဖြတ်လမ်းအဖြစ်သုံးခဲ့ကြရင် တစ်စုံတစ်ယောက်ကတော့ ကျောက်တုံးတီကောင်ကြီးတွေကို မြင်ဖူးသင့်သည်မဟုတ်ပါလား ။

" ငါတော့ တစ်ယောက်မှ မြင်ဖူးလိမ့်မယ်လို့မထင်ဘူး "

ရှောက်ရွှမ် သံသယမကင်းသေးတာ တွေ့တော့ လန်ကာ့ကဆက်ရှင်းပြသည် ။

" ဒါပေမဲ့ မင်းသေချာနားထောင်ကြည့်ရင် ကျောက်တုံးတီကောင်ဘုရင်ရဲ့အသံကို ကြားရလိမ့်မယ် "

ရှောက်ရွှမ် သေချာနားထောင်ကြည့်သောအခါ အမှန်ပင် တဝီဝီအသံများ ကြားရလေသည် ။ သို့သော်လည်း ကျောက်တုံးတီကောင်အသံများကြောင့် မဟုတ်ပေ။ ဂူနဲ့အပေါက်များစွာရှိတဲ့အတွက် လေဟာ တပေါက်ကနေ တပေါက်ကို တိုက်ခတ်သောအခါ ဒီအသံများထွက်ပေလိမ့်မည် ။

သူ့စိတ်ထဲမှာ သံသယပေါင်းများစွာ ရှိနေသေးသော်လည်း လန်ကာ့က ထပ်ဖြေပေးမှာမဟုတ်သည်ကို သတိထားမိလိုက်သည် ။ ဒီလိုခေါင်းမာတဲ့လူတွေနဲ့ ငြင်းခုန်နေမယ့်အစား ရှောက်ရွှမ်က စကားလမ်းကြောင်းလွှဲလိုက်သည် ။

" တောင် တခြားဖက်မှာကော ဘာတွေရှိသလဲ ၊

တခြားမတူတာတွေရှိသေးလဲ "

မျှော်လင့်ထားသည့်အတိုင်း လန်ကာ့က အာရုံပြောင်းသွားလေသည် ။

" မတူတာလား..ပြောရရင် မတူတာက တောင်ဟိုဘက်မှာ ငှက်ကြီးတွေအများကြီးရှိတယ် "

လန်ကာ့က သူ့လက်မောင်းကြီးကို ဆန့်ကာ ခြေဟန်လက်ဟန်နဲ့ပြော၏ ။ လန်ကာ့လက်မောင်းတွေက အတိုင်းအတာသိပ်မရှိသော်လည်း သူ့မျက်နှာပေါ်က ချဲ့ကားပြောတဲ့အမူအရာကို မြင်ရတဲ့အတွက် ရှောက်ရွှမ်က ဒီငှက်တွေ အတော်လေး ကြီးတယ်ဆိုတာ သိလိုက်သည် ။

သေချာ ပြန်စဥ်းစားကြည့်ရင် သူတောထဲကို ဝင်လာခဲ့ကတည်းက ရက်စက်တဲ့ငှက်ကြီးတွေ အများအပြားမရှိဘူးဆိုတာ သတိထားလိုက်မိသည် ။ သူတို့မြင်ခဲ့သမျှ ငှက်တွေက အတော်လေးကြီးတယ်လို့ ရှောက်ရွှမ်ထင်မိပေမဲ့ လန်ကာ့ပြောပုံအရဆိုရင် တောင်ရဲ့အခြားဖက်တွင် ဒီ့ထက်ပိုကြီးကာ ရက်စက်ပုံပေါက်တဲ့ငှက်များ ရှိနေသည် ။ ရိုးရာဓလေ့အခမ်းအနားပွဲတက်ရင် စစ်သည်တော်တွေ အလှဝတ်ကြတဲ့ ငှက်မွေးတွေက တောင်တစ်ဖက်ခြမ်းက ရခြင်း ဖြစ်လိမ့်မည်။

All Chapters