မိုးရာသီအတွင်းအပြောင်းအလဲများ
Vol. 7 Ch. 91
လန်ကာ့နဲ့အခြားသူများက သူတို့ဘက်လှည့်လာအောင်ကြိုးစားနေကြသည်။ ထိုအကောင်ရဲ့အကြည့်က ရှောက်ရွှမ် အပေါ်မှာမြဲနေသည်ကို သူခံစားလိုက်ရပြီး သူ့ကိုနှစ်မိနစ်လောက်စိုက်ကြည့်ပြီးမှသာ အဝေးသို့အကြည့်လွှဲသွားလေသည်။
" ပြေး ၊ အားရွှမ်ရေ ၊ ပြေးတော့ "
လန်ကာ့ကအခြားတဖက်ကနေ အော်ဟစ်လေသည်။
အမှန်တော့ လန်ကာ့အော်ဖို့ပင်မလိုပေ ။ ရှောက်ရွှမ်က ၎င်းအကြည့်လွှဲသွားသည်နှင့် ချက်ချင်း ဒူးကိုကွေးကာ သူ့အားကုန်သုံးပြီး ချက်ချင်းခုန်လိုက်လေသည်။ မျက်စိတမှိတ်အတွင်းမှာပင် သူ့ကိုယ်သူ အရှိန်နဲ့ကန်ထုတ်ပစ်လိုက်သည်။
ခရက်!
ရှောက်ရွှမ် ကသူ့ကိုယ်သူ မြားတစင်းကဲ့သို့ ခုန်လွှတ်လိုက်လေရာ သူရပ်ခဲ့တဲ့ ကျောက်တုံးတိုင်မှာချက်ချင်းကွဲအက်သွားလေသည်။
ရှောက်ရွှမ် ကျောက်တိုင်ကနေ ခွာလိုက်လိုက်ချင်းမှာ ခုန်ထွက်လာပြီး နောက်ပြန်ဆုတ်သွားတဲ့ အရိပ်ရှည်ကြီးကိုကြည့်နေလိုက်သည်။ သူသာ နည်းနည်းနှေးရင် ထိုအရိပ်မည်းကြီးဆွဲချခြင်းကို ခံရနိုင်ချေ ရှိလေသည်။
ရှောက်ရွှမ် ကထိုအရိပ်မည်းကြီးက ဘာမှန်းသိလေသည်။ ထိုအရာထိတာခံရလျှင် သူရေထဲကိုဆွဲချခံရပေလိမ့်မည်။
ထိုအချိန်မှာ လန်ကာ့နဲ့ အခြားသူတွေက သူတို့လက်ထဲမှာရှိတဲ့ လှံတွေနဲ့ မြစ်ထဲက သတ္တဝါကြီးကို လှမ်းပစ်ကြလေသည်။ ရှောက်ရွှမ် နဲ့ ထိုသတ္တဝါက နီးနေသည့်အတွက် မတော်တဆရှောက်ရွှမ်ကိုထိခိုက်မိနိုင်လေရာ သူတို့ အစက မပစ်ရဲကြခြင်းသာဖြစ်သည်။
အခု ရှောက်ရွှမ် ကထိုနေရာမှာမရှိတော့လေရာ သူတို့လည်း သတိထားနေဖို့ရာမလိုတော့ပေ ။ သူတို့လှံရှည်ကိုပစ်လိုက်တိုင်းမှာ သူတို့လက်မောင်းမှာသွေးကြောများပေါ်လာလေသည်။
ကျောက်လှံများ မိုးစက်များအကြားဖြတ်သန်းသွားကာ လေထဲမှာလှံတံပစ်ခွင်းလာတိုင်း " ဝှစ် " ဆိုတဲ့အသံကို ရှောက်ရွှမ် ကြားနေရသည်။
ဖက်! ဖက်! ဖက်!
လှံသုံးချောင်းက ထိုအကောင်ကြီးကိုယ်ပေါ်စိုက်ဝင်သွားပြီး ချက်ချင်းသွေးများ ချင်းချင်းနီနေလေသည်။ အသားစားငါးများသာ အနားရှိရင် သွေးနံ့ ဆွဲဆောင်မှုကြောင့် သူတို့အကုန်အနားလာစုနေပေလိမ့်မည်။ သို့သော် သွေးထွက်သတ္တဝါကြီးရဲ့အော်ဟစ်ငြီးငြူသံကလွဲရင် အခြားဘာမှမရှိပေ ။
ဝှစ်..ဝှစ်...
အခြား လှံရှည်နှစ်ချောင်းကိုပစ်လိုက်ကြလေသည်။
လှံရှည်နောက်ဖျားတွင် ကြိုးရှည်များချည်ထားကြလေသည်။ သူတို့က ဒဏ်ရာရနေတဲ့အမဲကို ကမ်းစပ်ကိုဆွဲယူကြဖို့ဖြစ်နိုင်လေသည်။
လူတွေက ကြိုးရှည်များနဲ့ ဆွဲလိုက်သောအခါ ထိုအရာက ဘယ်လိုပုံစံလဲဆိုတာရှောက်ရွှမ်မြင်လိုက်ရလေသည်။
သူစောစောကထင်ထားသလိုပင် ကမ်းခြေကိုဆွဲခေါ်ခံလာရတဲ့အရာက ဖားနဲ့တူသော်လည်း အံ့သြစရာကသူ့တွင် အမြီးရှည်ကြီးရှိနေလေသည်။
ဖားလောင်းများလား ၊ ဖားအဖြစ်မရောက် သေးပေမဲ့ ခြေထောက်တွေရှိလာတဲ့အမျိုးအစားလား ၊ သူ့ပုံစံကိုခန့်မှန်းခဲ့သော်လည်း ရှောက်ရွှမ် ဒီပုံမြင်ရမည်ဟု ထင်မှတ်မထားပေ။
လှံများစိုက်နေတဲ့ အမြီးရှည်ဖားက ရုန်းကန်နေဆဲပင်ဖြစ်သော်လည်း အရင်ကလိုအားမကောင်းတော့ပေ ။ ခြေလေးဖက်မှာ ပတ်ပတ်လည်ကို ကုတ်ခြစ်နေလေရာ ကမ်းပါးမှာ အရာကြီးကျန်ခဲ့လေသည်။
အမြီးရှည်ဖားမှာ ဓားနဲ့အထိုးခံရပြီးနောက် ရုန်းကန်ခြင်းရပ်သွားလေသောအခါ ရှောက်ရွှမ် ကအသေးစိတ်ကြည့်ဖို့အနီးကပ်ကြည့်လိုက်လေသည်။ အမြီးရှည်ကြီးမှအပ ခြေထောက်လေးခုမှာ အရေပြားဆက်နေလေပြီး ခြေချောင်းများနဲ့မတူပေ ။ ပါးစပ်အတင်းဖွင့်ကြည့်လျှင် ချွန်ထက်တဲ့သွားများကိုအထဲမှာတွေ့ရသည်။ ၎င်းကလွဲရင် ကျန်တဲ့အရာအကုန်လုံးကအရွယ်ရောက်ပြီးဖားတစ်ကောင်နဲ့တူလေသည်။
ဒါတင်မကသေး အမြီးရှည်ဖားရဲ့ အရွယ်အစားကလည်းရှောက်ရွှမ်ကိုအတော်လေးအံ့အားသင့်စေသည်။ အမြီးရှည်ကိုထည့်မတွက်လျှင်ပင် သူ့ကိုယ်လုံးမှာ ငါးမီတာကျော်လေသည်။ လန်ကာ့နဲ့အခြားသူများ စိတ်လှုပ်ရှားနေကြတာ အံ့သြစရာမရှိပေ ။
ဒါရှောက်ရွှမ်အတွက် အမြီးရှည်ရှည် သွားချွန်တွေနဲ့ ဖားကြီးကိုပထမဆုံးအကြိမ်တွေ့ဖူးခြင်းပေ ။
" မင်း ငါ့ကိုလန့်သေအောင်လုပ်နေတာပဲ "
ရှောက်ရွှမ်ဒဏ်ရာမရသည်ကိုမြင်ရမှ လန်ကာ့အတော်လေးစိတ်သက်သာရာရသွားသည်။ သူက ရှောက်ရွှမ်ကိုသတိပေးလိုက်သည်။
" အခု ဒါကြီးထွက်လာတော့ အခုကစပြီးပိုသတိထားဖို့လိုနေပြီ ၊ ငါးဖမ်းပိုက်ထောင်တွေကို အခုတော့သွားမစစ်ဆေးနဲ့ဦး "
သူတို့ငါးတွေ ဖမ်းမိခြင်း ၊ မမိခြင်းက ကိစ္စမရှိပေ။
အရေးကြီးဆုံးက သူတို့ဘေးကင်းရန်ပင်ဖြစ်သည်။
လန်ကာ့က ဒီသတ္တဝါ ဒီလောက်မြန်မြန်ထွက်လာမယ်လို့မထင်ထားသည့်အတွက် တုန်လှုပ်နေဆဲပါပင် ။ ရှောက်ရွှမ် အနားက ရေထဲ မျက်လုံးပြူးကြီးနှစ်ခုပေါ်လာတုန်းက သူ့တစ်ကိုယ်လုံးကိုရေခဲရေနဲ့လောင်းချလိုက်သလိုခံစားရလေသည်။
ကင်းလှည့်အဖွဲ့က လူများ အရင်တုန်းက ရေထဲဆွဲချခံရဖူးကာ ဘယ်သူကမှ အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပေ ။ လူတွေကနောက်ပိုင်းမှာ ပိုဂရုစိုက်ကြသော်လည်း နှစ်တိုင်း တချို့တလေတော့ အသတ်ခံနေရဆဲ ဖြစ်လေသည်။ သူတို့သတိပေါ့လျော့သွားတိုင်းမှာ သူတို့လူများ အဆွဲခံရတုန်းပင်ဖြစ်လေသည်။
အခြားသူများက အမြီးရှည်ဖားကိုသတ်ကာ ခွဲခြမ်းနေကြသည်ကိုကြည့်ရင်း လန်ကာ့က ရှောက်ရွှမ် သတိထားသင့်တဲ့အရာများအကြောင်းကို မျှဝေနေသည်။ ပြီးတော့ ရှောက်ရွှမ် အာရုံကိုဖမ်းစားနိုင်ဖို့အတိတ်က အသတ်ခံရမှုများကိုပါ ပြောပြနေလေသည်။
" ဒါပေမဲ့ သူ့မှာကောင်းတာတစ်ခုတော့ရှိတယ် ၊ သူကအရသာရှိတယ် ၊ ငါတို့တချို့ကိုအခုသတ်လို့ရတယ် ၊ ဒါပေမဲ့နောက်ရက်နည်းနည်းကြာရင်တော့ သူတို့ကို ဖမ်းဖို့ခက်သွားလိမ့်မယ် "
လန်ကာ့ကပြောလိုက်သည်။
အဲ့ဒီနေ့မှာ ရှောက်ရွှမ်က အခြားသူများနဲ့ အတူ အမြီးရှည်ဖားသုံးကောင်ကိုသတ်လိုက်လေသည်။ ဖားသုံးကောင်မှာအကွက်နဲ့အရောင်များ မတူပေမဲ့ အားလုံးမှာအမြီးရှည်များရှိကြပြီး ထူးဆန်းတဲ့မျိုးစိတ်တစ်ခုတွင်ပါဝင်သည့်ပုံရလေသည်။
တာဝန်တူတူကျတဲ့သူများက အမဲများကိုမျှဝေကြပြီး ကင်းလှည့်ပြီးတဲ့အခါမှာတော့ ဖားသားများကို အိမ်ပြန်ယူသွားကြလေသည်။ အလွန်အရသာရှိလေသည်။ ရှောက်ရွှမ် အရင်ဘဝကစားဖူးတဲ့ဖားသားလောက် မနူးညံ့ပါသော်လည်း မြစ်ခရုများထက်တော့စွမ်းအင်ပိုပါဝင်လေသည် ။
မိုးရာသီမှာ ဆောင်းတွင်းထက်အတော်လေး တိုတောင်းလေသည်။သို့ပေမဲ့ တစ်ရက် နှစ်ရက်မျှတော့မဟုတ်ပါပေ ။ မိုးရာသီက ရက်သုံးဆယ်နီးပါးမျှကြာတတ်လေပြီး အမြဲပြောင်းလဲနေသည့်အတွက် ဘယ်သူကမှအချိန်အတိအကျမပြောနိုင်ပေ။
နှစ်ရက်ကြာပြီးနောက် မိုးများလာကာ မြစ်ရေလည်းအလွန်တက်လာလေသည်။
ရှောက်ရွှမ် တွက်ချက်မှုအရ တက်လာတဲ့နှုန်းအပေါ်အခြေခံရင် ဆယ်ရက်အတွင်းမှာ မြစ်ရေကကျောက်တန်းလေးကိုကျော်သွားနိုင်လေသည်။ သို့သော် သူတို့အမူအရာကိုကြည့်ရင် ဘယ်သူကမှ စိတ်ပူနေပုံမရပေ။
ရှောက်ရွှမ် ကင်းထပ်လှည့်သောအခါ တြိဂံပုံခေါင်းနှင့် မျက်လုံးပြူးကြီးများကို မြစ်ကမ်းပါးတစ်လျှောက် အများကြီးတွေ့ရလေသည်။
လန်ကာ့က နောက်ပိုင်းဖမ်းဖို့ခက်သည်ဟုပြောသည်မှာမမှားပေ၊ အမြီးရှည်ဖားများအလွန်များလေရာ သူတို့ကိုကမ်းကိုဆွဲတာထက် သူတို့ကသာရေထဲကိုပြန်ဆွဲသွားပေလိမ့်မည်။
အခြား ဘာမှလည်းလုပ်စရာမရှိလေရာ လန်ကာ့က အခွံအလွတ်တွေထဲကို ရွှံ့များဖြည့်ပြီး ဖားတွေဆီကိုလှမ်းပစ်ကာ ဖားများသူတို့ လျှာအရှည်ကြီးများနဲ့ဖမ်းနေကြသည်ကို ကြည့်နေလိုက်သည်။
ရှောက်ရွှမ် အရင်ဘဝကသိခဲ့တဲ့ဖားများကဲ့သို့ပင် အမြီးရှည်ဖားများက ရွေ့နေတဲ့အရာတွေကို သူတို့လျှာကိုသုံးကာဖမ်းလေသည် ။ အကြိမ်ရေအများစုမှာ အခွံကရေထဲမကျခင် သူတို့က လျှာအရှည်ကြီးများနဲ့ဖမ်းလိုက်ကြသည်။
အမြီးရှည်ဖားများက ဘယ်တော့မှကမ်းကိုမလာကြပဲ သူတို့တြိဂံပုံခေါင်းနဲ့မျက်လုံးပြူးကြီးများကိုရေပေါ်ဖော်ကာ ရေတိမ်မှာပဲရပ်နေတတ်ကြသည် ။ ရှောက်ရွှမ် မှတ်ညဏ်ထဲကနဲ့မတူပဲသူတို့က အော်ခဲကြလေသည် ။ တစ်ခါတရံမှသာ ''ဂွပ်" ဆိုတဲ့အသံကျယ်ကြီးကြားရတတ်သည်။
မြစ်ရေတက်လာသည်နှင့်အမျှ ရှောက်ရွှမ် တို့ကင်းလှည့်ရတိုင်းမှာ ကင်းလှည့်ရတဲ့ လမ်းကြောင်းကနောက်နည်းနည်းဆုတ်သွားလေသည်။ အမြီးရှည်ဖားများလည်း ရှိနေလေရာ သူတို့က မြစ်ကနေ စိတ်ချရတဲ့အကွာအဝေးကနေ နေဖို့လည်း ထိန်းသိမ်းရသေးသည်။
ရှောက်ရွှမ် ကမ်းပါးကိုလာတဲ့တစ်ရက်မှာတော့ မြစ်ကမ်းပါးနားက အမြီးရှည်ဖားတွေအကုန်ပျောက်နေတာကိုတွေ့ရလေသည်။ ပြီးတော့ ခုနစ်ခုမြောက် ငါးပိုက်အထိတက်ခဲ့တဲ့ မြစ်ရေကလည်း စ ကျနေသည်ကိုတွေ့ရလေသည်။
လန်ကာ့က ရှောက်ရွှမ်ကို မိုးရာသီမပြီးသေးဘူးလို့ပြောလေသည်။ ဒါ ဒီမိုးရာသီရဲ့ပထမဆုံးဒီရေတက်ခြင်းပင် ။ ဒီမိုးရာသီမှာ နောက်ထပ်ရေတက်လာဖို့လည်း ရှိသေးသည်။ သို့ပေမဲ့ ပထမရေတက်အပြီးမှာ အမြီးရှည်ဖားများအကုန်ပျောက်သွားပြီး နောက်မိုးရာသီမတိုင်ခင်အထိပြန်ပေါ်မလာလောက်တော့ပေ။
ထိုအချိန်မှာ မြစ်ရေတက်လာတိုင်း မြစ်ရေစီးကြောင်းက သိသိသာသာပြောင်းလဲတတ်သည်ကို ရှောက်ရွှမ် သတိထားမိလိုက်သည်။ရှောက်ရွှမ်တွက်ထားသည့်အတိုင်းပင် မြစ်ရေများက ရေဘုရင်များ ရှိရာဘက်ကိုမစီးတော့ပဲ အရင်ကရေဆန်ဘက်ကိုစီးဆင်းနေလေသည်။
ပြောင်းလဲသွားတဲ့ရေစီးကြောင်းနှင့် တစ်ညတည်းနှင့်ပျောက်သွားသည့်အမြီးရှည်ဖားများ... နှစ်မျိုးလုံးက ရေဆန်မှာ တစ်ခုခုဖြစ်နေပြီဟု ရှောက်ရွှမ်ကိုသတိပေးနေလေသည်။
လန်ကာ့သီအိုရီအရ မြစ်ရေတက်တဲ့အချိန်တချို့မှာ မြစ်စီးကြောင်းက ပြောင်းသွားတတ်သည်။ မိုးရာသီအတွင်း အထူးအဆန်းများ အများအပြားဖြစ်လေသည်။
ဒီလိုထူးထူးဆန်းဆန်းဖြစ်ရပ်များကြောင့် မျိုးနွယ်စုကလူများက ထူးဆန်းတဲ့မြစ်က ပိုထူးဆန်းလာသည်ဟုခံစားရပြီး သူတို့ရှာဖွေဖို့ ကြိုးစားတိုင်းမှာ မရှာဖွေရဲတော့ပါပေ။
ပထမ ဒီရေအတွင်းမှာ ခုနှစ်ခုမြောက် ငါးပိုက်ထောင်ထဲမှာ သစ်သားစားတဲ့အင်းဆက်များကို ရှောက်ရွှမ် တွေ့လိုက်ရသည်။
ရှောက်ရွှမ် က ခုနှစ်ခုမြောက်ငါးပိုက်ထောင်ဆင်တုန်းက သစ်သားအနည်းငယ်ကို ငါးဖမ်းပိုက်ထောင်ထဲထည့်ထားသေးတယ် ။မထင်ထားပဲ ရုတ်တရက်တက်လာတဲ့ဒီရေက သစ်သားစားအင်းဆက်အနည်းငယ်ကိုထောင်ခြောက်ထဲ ပိတ်မိနေစေသည်။
သစ်သားစားတဲ့အင်းစက်များက ချွဲအလုံးများနဲ့တူလေသည်။ သူတို့က သစ်သားနံ့ရလျှင် သစ်သားတုံးကို အမြန်ကပ်တွယ်ကာ အင်းဆက်များက သစ်သားတုံးပုံပြောင်းသွားအောင်လုပ်ပြီး ရေထဲကိုဆွဲနှစ်သွားတတ်လေသည်။
သို့သော် ရှောက်ရွှမ်က ရေမြုပ်နေတဲ့နေရာများမှာ သစ်ပင်အများအပြားတွေ့ရပေမဲ့ အများကြီးတော့ ကိုက်စားမခံထားရပေ ။ အကယ်၍ မြစ်ထဲကို သစ်သားတုံးတစ်တုံးကိုသာပစ်လိုက်မယ်ဆိုရ
လျှင် တစ်နာရီကျော်သည်နှင့် ထိုသစ်သားတုံးရေထဲဆွဲချခံရသည်ကိုတွေ့ရလိမ့်မည်။ ပုံမှန်ဆိုလျှင် သစ်သားတုံးမှာ နှစ်မိနစ်အတွင်းရေမျက်နှာပြင်ကပျောက်ကွယ်သွားတတ်သည်။
မိုးတွင်းတွင် သစ်သားကို စားသည့်အင်းဆက်များက ပုံမှန်မဟုတ်ကြပုံရလေသည်။
ထို့ကြောင့် ရှောက်ရွှမ် ကင်းလှည့်တဲ့အခါတိုင်းမှာ သူက မြစ်ထဲကိုသစ်သားပိုင်းတစ်ခုပစ်ထားပြီး ဘယ်လောက်ကြာမှ ရေထဲဆွဲချခံရသလဲကို စောင့်ကြည့်တတ်လေသည် ။ သစ်သားတုံးပေါ်မှာ ကြိုးအပါးလေးချည်ကာ တစ်ဖက်မှာ သစ်သားတုံးအဝေးမျောမသွားစေရန် ကျောက်တိုင်နဲ့ချည်ထားလေသည်။ သူထိုနေ့ကအိမ်ပြန်လာသောအခါ သူက သူ၏တွေ့ရှိချက်တွေကို လျှို့ဝှက်မှတ်စုစာအုပ်ထဲမှာရေးမှတ်ထားလေသည်။
မိုးရာသီက ၂၇ရက်သာကြာပြီး မနှစ်ကထက်ပိုတိုတောင်းလေသည်။ ၎င်းကပုံမှန်ပင်ဖြစ်လေသည် ။ ဝါရင့်စစ်သည်တော်များအဆိုအရ သူတို့တစ်ဘဝလုံးမှာ အကြာဆုံးမိုးရာသီက ရက်လေးဆယ်ကြာမြင့်ပြီး ၂၅ ရက်ထက်ပိုတိုတောင်းတဲ့မိုးရာသီတော့မရှိသေးပေ ။
မိုးရွာတာရပ်သွားပြီး တိမ်တိုက်ကြီးများကလည်း အဝေးသို့လွင့်ပါးသွားသောအခါ တန်ဖိုးရှိတဲ့နေမင်းက လူတို့အထက်မှာတဖန် တောက်ပ၍နေလေသည် ။ မျိုးနွယ်စုကသူများက နေသာတဲ့ရာသီဥတုကြောင့် ပြန်လည်လန်းဆန်းမှုကိုခံစားရလေသည်။
သူတို့အိမ်ထဲမှာ ရက် ၃၀ လောက်ပိတ်ထားခံရသောကလေးများလည်း သူတို့အိမ်ပြင်ဘက်ကိုစိတ်လှုပ်ရှားစွာ ပြေးထွက်နေကြလေသည်။ မိဘမဲ့ဂူမှကလေးများကလည်း ပစ္စည်းများ တဖန်စတင်ပြင်ဆင်ကြလေသည် ။ မိုးရာသီကုန်လျှင် ပုံမှန်အတိုင်း သူတို့ငါးပြန်ဖမ်းနိုင်ကြလေပြီဖြစ်သည်။ ခဏတဖြုတ်တော့ သူတို့ရင်ဘတ်တွေအောင့်နိုင်တဲ့ အသံဆိုးကြီးများကိုစိတ်ပူစရာတော့မလိုပေ။
ဘာလို့ ခဏတဖြုတ်လဲ။
အကြောင်းမှာ ရေမိစ္ဆာများမှာ အချိန်တစ်ခုကြာတဲ့အထိပျောက်နေကြမှာဖြစ်ပြီး ထို့နောက်မှာတော့ သူတို့တဖန်အော်ဟစ်ကြပေလိမ့်မည်။
" အားရွှမ်..သွားစို့ "
လန်ကာ့နဲ့အခြားသူများက ပစ္စည်းများထုပ်ပိုးကာ ထွက်ခွာဖို့ပြင်ကြလေသည်။
" ကျွန်တော်ပြီးတော့မယ် ၊ အရှေ့ကသွားနှင့်ကြ"
ရှောက်ရွှမ် ကပြန်ဖြေလိုက်သည်။
မိုးရာသီကုန်သွားတဲ့အခါမှာ မြစ်ထဲဆင်းလျှင်ပင် အန္တရာယ်မရှိတော့ပါပေ ။ ထို့ ကြောင့် လန်ကာ့နဲ့အခြားသူများက မပူကြပေ ။
လန်ကာ့နဲ့အခြားသူတွေထွက်သွားသောအခါ ရှောက်ရွှမ် ကသူ့အိတ်ထဲက သစ်သားလှေအသေးလေးကိုထုတ်လိုက်သည်။ ဒီလှေလေးကို သူကင်းလှည့်တာဝန်ကပြန်လာတိုင်းမှာ ဒီရက်ပိုင်းအတွင်းလုပ်ခဲ့ခြင်းဖြစ်လေသည်။ ဒါကရိုးရိုးရွက်လှေလေးဖြစ်ပြီး သူ့မှာရှိတဲ့သစ်သားလေးနဲ့ကျောက်အပ်တချို့ကိုသုံး၍ ပြုလုပ်ထားခြင်းဖြစ်သည်။
ရွက်ကိုတော့ သစ်ရွက်တချို့နဲ့လုပ်ထားပြီး သစ်သားပြားကတော့ပုံမှန်ကျွန်းပင်များကဖြစ်သည်။ သစ်သားလှေကလေးမှာ လက်နှစ်ဖဝါးစာရှည်လေသည်။
လေက ကမ်းမှ မြစ်သို့တိုက်နေသည်။ ရှောက်ရွှမ် က လှေလေးကိုရေမျက်နှာပြင်ပေါ်တင်ကာ သူ့လက်နဲ့အသာလေးတွန်းလိုက်တယ်ဆိုရင်ပဲ လှေကလေးက ကမ်းနဲ့အဝေးကို ရွက်လွင့်ကာထွက်သွားလေသည်။
မြစ်ထဲမှာအသားစားငါးများ အများအပြားရှိပြီး ၎င်းတို့ကညဏ်ကည်နိမ့်ပါးလေရာ တမိုးတွင်းလုံးပျောက်နေပြီး ယခုပြန်ပေါ်လာလေပြီး အရင်ကထက်ပိုတက်ကြွနေလေသည်။ အသားတစနဲ့တင် မြစ်ထဲမှာအချိန်အကြာကြီး ကစဥ့်ကလျားဖြစ်သွားနိုင်လေသည်။ သူတို့ကအားအင်အပြည့်ဖြစ်နေသည်။ ကံကောင်းထောက်မစွာနဲ့ သူတို့က သစ်သားတွေကိုစိတ်မဝင်စားသလို သစ်သားစားအင်းဆက်များကလည်း ပျောက်သွားပုံရလေသည်။
ကမ်းပါးမှာရပ်ကာ လှေလေးကိုခဏကြည့်ပြီးတဲ့နောက် ရှောက်ရွှမ် သူ့ပစ္စည်းများသိမ်းကာထွက်သွားလိုက်သည် ။ သူတောင်ပြန်တက်ပြီး မြစ်ဘက်ကိုပြန်ကြည့်လိုက်သောအခါ လှေလေးသွားနေသည်ကိုတွေ့နေရသေးလေသည်။