အခန်း (၄၆၀-၄၆၂)
Vol. 31 Ch. 460-462
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၆၀)
ညကောင်းကင်အောက်တွင်၊ လူရိပ်များသည် ဆားကွင်းကို ဖြတ်ကျော်ပြီး တရွေ့ရွေ့လှုပ်ရှားနေပါသည်။ တိရစ္ဆာန်တစ်ကောင်တွားသွားနေသည်အလား၊ မြေပြင်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာ၏။
ညသည် မှောင်မည်းနေသော်လည်း၊ ထိုလူစုမှာ မီးတုတ်ကိုတော့ မထွန်းညှိပါ။ ကျန်းလော်က ရှောက်ရွှမ်၏ အလင်းကျောက်များကို သုံးရန် စိတ်ကူးမိသေးသည်။ အဆင့်မြင့်စစ်သည်တော်များပင် အမှောင်ထဲတွင် မြင်နိုင်စွမ်းမရှိပေ။ သို့သော် အလင်းကျောက်များကို ထုတ်သုံးလိုက်မည်ဆိုလျှင်၊ အဝေးမှ ရန်သူများ မြင်သွားမည် ဖြစ်သည်။
ရှောက်ရွှမ်က ရှေ့မှ ဦးဆောင်၍ သွားနေ၏။ သွားရင်း၊ သွားရင်းနှင့် ရှောက်ရွှမ်သည် မည်သည့်
မြေအမျိုးအစားကို ရှောင်သွားသင့်လဲ သိလာသည်။ ရှောက်ရွှမ်သည် သူသွားနေသော လမ်းကြောင်း၏ ဦးတည်ရာကို သိထားပေသည်။
အလင်းရောင်မရှိတော့သောကြောင့်၊ ရှောက်ရွှမ်က သူ၏အထူးအမြင်အာရုံကို အသုံးပြုရပါသည်။ အထူးအမြင်အာရုံအောက်တွင်၊ ရှောက်ရွှမ်သည် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နေရပါသည်။
ဦးဆောင်သွားနေသူမှာ ရှောက်ရွှမ်ဖြစ်နေသောကြောင့်၊ ကျန်သူများမှာ စိတ်ချလက်ချ လိုက်ပါလာကြပါသည်။
ရှောက်ရွှမ်သည် နေ့ခင်းဘက်တွင် သွားသော အရှိန်နှုန်းအတိုင်း ဆက်သွားနေပါသည်။ ကျန်းလော်သည် အစပိုင်းတွင် ရှောက်ရွှမ်ကို သံသယနည်းနည်းဝင်မိသော်လည်း၊ နောက်ပိုင်းတွင်တော့ စိတ်ချသွားပြီး၊ ရှောက်ရွှမ်နောက်မှ ကပ်လိုက်လာပါသည်။
ရှောက်ရွှမ်တို့အဖွဲ့သည် တစ်ဦးနောက်တွင် တစ်ဦးက တန်းစီပြီး ချီတက်လာကြပါသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ကျန်းလောသည် ကလေးများ ကစားသည်ကို သတိရသွားပါသည်။ သူ၏ ပထမဆုံး အမဲလိုက်ခရီးစဉ်တွင် ကျန်းလော်သည် သူ၏လှံကြီးကို ကိုင်ပြီး၊ အခုလို သွားဖူးပါသည်။ သို့သော် ထိုအခေါက်တုန်းကတော့ အသက်ဘေးနှင့် ရင်ဆိုင်ရရ၍ ထွက်ပြေးခြင်း ဖြစ်ပါသည်။
သူတို့သည် လမ်းတစ်နေရာတွင် ရပ်ပြီး အနားယူကြပါသည်။ ရှောက်ရွှမ်သည် ခရမ်းရောင်ကောက်ပဲသီးနှံများကို ဝေမျှပေးလိုက်ပါသည်။ မီးမွှေး၍ မရသောကြောင့်၊ ဆန်ပြုတ်ပြုတ်၍တော့ မရပါ။ ထို့ကြောင့် သီးနှံများကို ဒီအတိုင်းသာ စားလိုက်ရသည်။ တောထဲတွင် စစ်သည်တော်များမှာ သီးနှံများကို အစိမ်းစားခြင်းမှာ အဆန်းမဟုတ်ပါ။
သီးနှံမှာ အစိမ်းဖြစ်နေသောကြောင့်၊ ဝါးစား
လိုက်သောအခါ တဂျွတ်ဂျွတ်မြည်သံထွက်ပေါ်လာပါသည်။ သို့သော် ခရမ်းရောင်ကောက်ပဲသီးနှံမှာ၊ ရွှေကောက်ပဲသီးနှံထက် ပိုကောင်းနေပါသည်။ ခရမ်းရောင်ကောက်ပဲသီးနှံကို စားပြီးသွားသောအခါ၊ ကုန်ဆုံးသွားသော အင်အားများ ပြန်လည် ပြည့်လာပါသည်။ ထို့ပြင် ရာသီဥတုမှာလည်း ကောင်းမွန်နေသောကြောင့်၊ အားလုံးမှာ စိတ်လက်ကြည်သာနေပါသည်။ မသိလျှင် ၎င်းတို့မှာ အပန်းဖြေခရီးထွက်လာသလို ဖြစ်နေပါသည်။
ခရမ်းရောင်သီးနှံကို စားပြီးသောအခါ၊ ကိုယ်ထဲတွင် ကမောက်ကမဖြစ်နေသော အတွင်းအားများမှာ ပုံမှန်ပြန်ဖြစ်သွားသည်။
မည်သူကမှ ထုတ်မပြောသော်လည်း၊ အားလုံး၏ စိတ်ထဲတွင် ကြည်သာနေကြပါသည်။ ဆားကွင်များကို ဖြတ်ကျော်ခဲ့ရတုန်းကလို စိတ်များလေးလံမနေတော့ပါ။
“သွားကြမယ်” ကျန်းလော်က ပြောလိုက်သည်။
“အင်း…” ရှောက်ရွှမ်က ရေနည်းနည်းသောက်ပြီး၊ အဖွဲ့ကို ဆက်လက်ဦးဆောင်သွားပါသည်။
ကောင်းကင်သည် တဖြည်းဖြည်းလင်းလာပါသည်။ အဖြူရောင်ဆားများမှာ အရောင်များ တလက်လက်ဖြစ်နေပါသည်။
ဆားတွင်းကြီးတွင်…။
မြေခွေးများနှင့် ရှန်တို့၏ အကြီးအကဲများသည် လူများလွှတ်၍ မီးတောက်ဦးချို၊ ထိုက်ဟယ်နှင့် တောင်လေ မျိုးနွယ်စုတို့၏ ဂူများကို ဖျက်ဆီးခိုင်းလိုက်ပါသည်။
ဆားတွင်းတည်ရှိသောနေရာမှာ တောင်ကုန်းတစ်ခုဖြစ်ပါသည်။ သိပ်မမြင်သော်လည်း၊ တောင်ကုန်းပေါ်တွင် ကျယ်ပြန့်သော မြေပြင်ရှိပါသည်။ ထိုနေရာကို မျိုးနွယ်စု၅ခုက သိမ်းပိုက်ပြီး၊ နယ်မြေများကို အသီးသီးခွဲယူလိုက်ပြီး ဆား
များကို တူးဖော်ယူလိုက်ကြသည်။
ဆားများကို တူးဖော်ကြသောအခါ၊ အရည်အသွေးကောင်းမွန်သော ဆားများ ရရှိလာရန် မျိုးနွယ်စု၅ခုလုံးသည် သတိကြီးစွာထား၍ တူးယူကြပါသည်။ ကိုယ်အမူအရာ ကြမ်းတမ်းသည်ဟု နာမည်ကျော်သော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည်ပင် ဆားများကို တူးယူသောအခါ သတိကြီးစွာထားဥ တူးယူကြပါသည်။
မြေနက်နက်သို့ရောက်လေ၊ ကျောက်တုံးများမှာ ပိုမာကြောလာလေဖြစ်ပါသည်။ အပေါ်ယံမှ ကျောက်သားများကတော့ သိပ်မမာပါ။ ပထမအလွှာဖြစ်သော ဆားများမှာ မြေကြီးအပေါ်နားတွင်ရှိပြီး၊ ဒုတိယအလွှာကတော့ မြေအောက်ထဲတွင် တည်ရှိပါသည်။ ဝါချာနှင့် သူ့လူများသည် မြေကြီးအောက်မှ ဆားများကို သာတူးယူလေ့ရှိကြပါသည်။ အဘယ်ကြောင့်ဆိုသော် အပေါ်ယံအလွှာမှဆားများကုန်သွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ဂူပေါ်၌၊ မြေခွေးများနှင့် ရှန်များက ၎င်းတို့ခေါ်ဆောင်ထားသည့် စစ်ကူများနှင့်အတူနေရာ ယူထားပါသည်။
တူကြီးများနှင့် ချွန်ထက်နေသော စို့များကို ကိုင်ဆောင်ထားကြပြီး၊ ဂူထဲတွင် အသင့် နေရာယူထားကြပါသည်။
“ကဲ…အားလုံးပဲ…မင်းတို့လုပ်ရမှာက ဂူကို ဖြိုချရမှာနော်” မြေခွေးတစ်ယောက်က အော်ပြောလိုက်ပါသည်။
“အဲထဲက ဆားတွေကိုဘယ်လိုလုပ်မလဲ” သူတို့ထဲမှ တစ်ယောက်က နှမျောနေပါသည်။ စစ်ကူများသည် ဆားများကို တူးယူချင်နေကြခြင်း ဖြစ်ပါသည်။ သို့သော် မြေခွေးများနှင့် ရှန်များက ၎င်းတို့ကို ဂူများထဲသို့ ဝင်ခွင့်မပေးပါ။
“ဆားလား…ကျုပ်တို့အကြီးအကဲက ခင်ဗျားတို့ ဝေစုကို ပေးလိမ့်မယ်…စိတ်ချ ဝေစုမရမှာ
စိတ်မပူနဲ့…အရင်ရက်တွေကလည်း ဆားတွေ ပေးပြီးပြီပဲ…ဘာလဲ ဆားက အရည်အသွေးမကောင်းလို့လား” ရှန်တစ်ယောက်ကမေးလိုက်သည်။
“အဲဒီလိုတော့ မဟုတ်ပါဘူး” ၎င်းတို့ရသော ဆားများမှာ စားနေကျဆားများထက် အရည်အသွေးပိုကောင်းပါသည်။သို့သော် အချိန်ကြာလာသောအခါ၊ ၎င်းတို့သည် စိတ်ကျေနပ်မှု မရရှိကြတော့ပါ။ လူ့သဘာဝအရ ရလေ၊လိုလေ ဖြစ်လာပါသည်။
အမြင့်တစ်နေရာတွင်ရပ်နေသော ခေါင်းဆောင်က အားလုံးကို ကြည့်ပြီး စိတ်ထဲက ကြိတ်ဆဲနေမိပါသည်။ သို့သော် အကြီးအကဲက ထိုစစ်ကူများမှာ တိုက်ပွဲတွင် သေဆုံးမည့် သူများဖြစ်သည်ဟု မှာထားသဖြင့်၊ စစ်ကူများအား လောလောဆယ် နှစ်သိမ့်ထားရန် ဆုံးဖြတ်လိုက်ပါသည်။
ခေါင်းဆောင်သည် သူ့လူများအား သစ်သားသေတ္တာတစ်လုံးကို သယ်ဆောင်လာရန် အမိန့်ပေးလိုက်ပါသည်။ သေတ္တာထဲတွင် အနီရောင်၊
အဖြူရောင်ဆားခဲများ ပါလာပါသည်။ ထိုဆားများမှာ မြေပြင်အပေါ်ယံလွှာနားမှ တူးယူလာသော ဆားများ ဖြစ်ပါသည်။ ဂူမျက်နှာကျက်မှ ဆားများလောက်တော့ အရည်အသွေးမကောင်းပါ။ သို့သော် စစ်ကူများကတော့ ထိုအချက်ကို မသိသဖြင့်၊ ထိုဆားများကို ရသောအခါ စိတ်ကျေနပ်သွားကြပါသည်။
“ဒီဂူကို ဒီနေ့ပြီးအောင် ဖြိုပေးနိုင်ရင်၊ ဒီဆားတွေကို မင်းတို့ကို ပေးမယ်” ခေါင်းဆောင်က ပြောလိုက်ပါသည်။
စစ်ကူများသည် ထိုစကားကို ကြားသောအခါ၊ အင်္ကျီလက်များကို ပင့်တင်လိုက်ပြီး၊ အလုပ်များကို စတင်ကြိုးစားကြပါတော့သည်။ သို့သော် ဆားဂူပြိုကျသွားပါက၊ မြေခွေးများနှင့် ရှန်များသည် ဆားကို ဘယ်လိုတူးယူမလဲ စဉ်းစားနေမိကြပါသည်။ ဆားများကို ခိုးယူရင်ကောင်းမလားဟုလည်း တွေးနေမိကြပါသည်။
၎င်းတို့သည် လတ်တလောတွင် ဆားများကို
မြင်လိုက်ရသောကြောင့်၊ ဆားမရမှာ စိုးရိမ်နေသော စိတ်များ ပျောက်ကွယ်သွားပါသည်။ ဂူကိုသာ ဖြိချပြီးသွားပြီဆိုပါက၊ သေတ္တာထဲတွင် ရှိသောဆားများကို အပိုင်ရမည် ဖြစ်ပါသည်။
“ဝုန်း…”
ယောက်ျားပီသသောမျက်နှာထားနှင့် လူတစ်ယောက်သည် တူကြီးကိုလွှဲပြီး ကျောက်တုံးကြီးတစ်လုံးကို ထုချလိုက်ပါသည်။
ကျန်သူများအားလုံးသည်လည်း အတွင်းအားများထုတ်ပြီး၊ သူတို့၏ လက်နက်များဖြင့် ဂူကြီးကို စတင်ဖျက်ဆီးပါတော့သည်။
လက်နက်များနှင့် ထုရိုက်သံများသည် တောထဲသို့ ပဲ့တင်ထပ်သွားပါသည်။
ဆားကွင်း၏မြေမျက်နှာပြင်မားမှာ မညီညာပါ။ အရွယ်အစားစုံလင်သော ကျောက်တုံးကြီးများကို နေရာအနှံ့တွေ့မြင်နိုင်ပါသည်။ ကျောက်
တုံးများပေါ်တွင်တော့ ဆားများပါးပါးလေးပွင့်နေပါသည်။ ၎င်းတို့သည် အဆိပ်မရှိသော်လည်း၊ ဆားကြမ်းများသာ ဖြစ်ပါသည်။ ထိုဆားမျိုးကို မျိုးနွယ်စု၅ခုက စိတ်မဝင်စားပါ။ မြေခွေးများခေါ်ထားသည့် စစ်ကူများပင် ထိုဆားများကို ယူမည် မဟုတ်ပါ။
“ဝုန်း…ဝုန်း”
ဂူကြီးမှာ တဖြည်းဖြည်းပြိုကျလာသည်။ အခြားသော ဂူ၂လုံးသည်လည်း ပြိုကျနေပြီ ဖြစ်သည်။ နံရံများတုန်ခါသွားသည့်အခါ၊ နံရံတွင် ဖြစ်ပေါ်နေသော ဆားပွင့်များ ကွာကျလာပါသည်။
မြေခွေးများ၏ ဂူအဝတွင်၊ မြေခွေးမျိုးနွယ်စုအကြီးအကဲသည် အကြံပေးအမျိုးသမီးကို “အားလုံးအဆင်ပြေတယ်…ဂူတွေပြိုကျသွားရင် ဒီကောင်တွေ အအေးဒဏ်ကို ကာကွယ်ဖို့ ခိုလှုံစရာနေရာ ရှိတော့မှာ မဟုတ်ဘူး” ဟုပျော်ရွှင်စွာ ပြောလိုက်သည်။
အမျိုးသမီးသည်လည်း ပျော်ရွှင်သွားပါသည်။ သို့သော် ရုတ်တရက် သူမ၏မြေခွေးလေးသည် တကိုယ်လုံးတုန်လာပြီး အမွှေးများထောင်ထလာလေသည်။
“ဝူး…ဝူး…ဝူး”
မြေခွေးသည် ကြောက်လန့်တကြား ရုန်းကန်နေကာ ဂူထဲသို့ ပြေးဝင်ချင်နေပုံပင်။ သို့သော် ကောင်းကင်ကို မော့ကြည့်လိုက်သောအခါတွင်၊ ဆက်၍ မရုန်းရဲတော့ဘဲ ငြိမ်သွားပြန်သည်။
“ဘာဖြစ်တာလဲ” အကြီးအကဲက မေးလိုက်သည်။
အမျိုးသမီးကလည်း သိချင်သွား၏။ ထို့နောက် သူမသည် တစ်စုံတရာကို သိသွားပြီး၊ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး “အပြောင်းအလဲက ကျွန်မထင်ထားတာထက် စောပြီး ဖြစ်တော့မယ်ထင်တယ်” ထိုအပြောင်းအလဲ
ကို မြင်သောကြောင့်သာ သူမ၏ မြေခွေးမှာ ဂဏှာမငြိမ်ဖြစ်နေခြင်းပင်။
ထိုစကားကို ကြားသောအခါ မြေခွေးမျိုးနွယ်စုအကြီးအကဲမှာ စိတ်ပျက်သွားသည်။ တိမ်များဖုံးနေသောကြောင့် နေလုံးကို မမြင်ရပါ။ ပတ်ဝန်းကျင်တွင် လေပြည်ညှင်းလေးများတိုက်ခတ်နေသလို၊ နှင်းများလည်း ကျမနေပါ။ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပါသည်။ သို့သော် ထိုငြိမ်သက်ခြင်းမှာ မုန်တိုင်းမကျမီ ဖြစ်ပေါ်လေ့ရှိသော ငြိမ်သက်ခြင်းနှင့် တူနေပါသည်။ ရှန်မျိုးနွယ်စုက ခေါ်လာသော ငှက်များပင်လျှင် အသိုက်များထဲတွင် တုန်တုန်ရီရီ ဖြစ်နေကြသည်။
“ရာသီဥတုက ကျုပ်တို့ထင်ထားတာထက် စောပြီး ပြောင်းလဲမယ်ဆိုရင် ကျုပ်တို့အတွက်ကောင်းတာပေါ့” အကြီးအကဲကပြောလိုက်ပါသည်။
အမျိုးသမီးကလည်း ထိုကဲ့သို့ တွေးလိုက်မိပါသည်။ ၎င်းတို့သည် ဂူသုံးလုံးကို စတင်ဖျက်ဆီး
နေပြီ ဖြစ်ပါသည်။စစ်ကူများမှာ ဆားကို လိုချင်သောကြောင့်၊ ဂူများကို အားကြိုးမာန်တက် ဖျက်ဆီးနေကြပါသည်။ ထိုပုံအတိုင်းဆိုလျှင် နေ့တဝက်အတွင်း ဂူများကို ဖျက်ဆီး၍ ပြီးတော့မည် ဖြစ်ပါသည်။ သို့သော် ၎င်းတို့သည် ဂူများကို စိစိညက်ညက် ကျေသွားသည်အထိ ဖျက်ဆီးပစ်ရမည် ဖြစ်ပါသည်။ မဟုတ်လျှင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက အပေါ်ယံလောက်သာ ပျက်စီးသွားသော ဂူကို ပြန်ပြင်ကြမည်ဖြစ်သည်။
“မီးတောက်ဦးချိုတွေရဲ့ ဂူကို ဖျက်ဆီးနေတဲ့လူတွေကို မြန်မြန်လုပ်ဖို့ သွားပြောလိုက်…နောက်ထပ်လူ၅၀ပါခေါ်သွား” အကြီးအကဲက အနားတွင် ရှိသော တစ်ယောက်ကို ပြောလိုက်ပါသည်။
“ဟုတ်ကဲ့…” ထိုလူသည် အမိန့်အတိုင်း ရှန်များ၏ ဂူထဲတွင် အိပ်နေသော လူများကို သွားနှိုးလိုက်ပြီး၊ မီးတောက်ဦးချိုများ၏ ဂူသို့စေလွှတ်လိုက်ပါသည်။
ဂူကြီးမှာ အဝနားတွင်တော့ အတော်ပျက်စီးနေပြီဖြစ်သည်။ အားလုံးက အားကြိုးမာန်တက်နှင့် ဂူကို ဝိုင်းဖြိုနေကြပါသည်။
“တော်တော်မာတဲ့ ကျောက်ခဲတွေဗျာ” တစ်ယောက်ပြောလိုက်သည်။
“မြေအောက်ရောက်လေ ပိုမာလေပဲဟေ့”
“တိတ်ကြစမ်း…လုပ်စရာရှိတာဆက်လုပ်ကြ” ရှန်တစ်ယောက် စကားများနေသူများကို လှမ်းဟောက်လိုက်သည်။
မြေခွေးများနှင့် ရှန်များက စစ်ကူများကို စောင့်ကြည့်နေကြပါသည်။ စောင့်မကြည့်ဘူးဆိုလျှင်၊ ထိုလူများက သူတို့ကို တပတ်ရိုက်သွားမည် ဖြစ်သည်။
ထိုအချိန်တွင် မိုင်းတွင်းများအပြင်ဘက်မှ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီး တစ်ခု
ထွက်ပေါ်လာပါသည်။
ကျန်းလော်၏ မျက်နှာမှာ ဒေါသထွက်နေသဖြင့် ရှုံ့မဲ့နေပါသည်။ ဆားတွင်း ရောက်လျှင်ရောက်ချင်း၊ သူတို့၏ဂူကို ဖျက်ဆီးပစ်နေသောသူများကို တွေ့လိုက်ရပါသည်။
သို့သော် သူတို့ရောက်နေသည်ကို မသိစေလိုသေးသောကြောင့်၊ ကျန်းလော်မှာ ဒေါသများကို မျိုသိပ်ထားလိုက်ရပါသည်။ ကျန်းလော်တစ်ယောက်တည်းသာ ဒေါသထွက်ခြင်းမဟုတ်၊ ကျန်းလော်တို့တစ်ဖွဲ့လုံးမှာ အမျက်ဒေါသမီးများ ဟုန်းဟုန်းတောက်နေတော့သည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၆၁) စစ်ပွဲ
မီးတောက်ဦးချိုမျိုးနွယ်စုသည် အဖွဲ့သုံးဖွဲ့ခွဲကာ ဆားတွင်းများသို့ ချဉ်းကပ်လာသည်။ အဖွဲ့များကို ဆားကွင်းကို ရင်းနှီးပြီးသားဖြစ်သော ဆားတွင်း အစောင့်များက ဦးဆောင်လာသည်။ ထို့ကြောင့် မြေခွေးများနှင့် ရှန်များက ၎င်းတို့ကို မမြင်ကြရပေ။
မီးတောက်ဦးချိုမျိုးနွယ်စုမှ အစောင့်များမှာ ဆားကွင်းမှ အလျင်စလို ထွက်ခွာလာရသဖြင့်၊ ထောင်ထားသော ထောင်ခြောက်များကို မဖယ်ရှားရသေးပါ။ အခြားလူများ ထောင်ထားသော ထောင်ခြောက်များကိုလည်း တွေ့နေရပါသည်။ ၎င်းတို့၏ အားသာချက်မှာ ကျောက်တုံးများထူထပ်သော မြေပြင်တွင် အခက်မခဲမရှိသွားနိုင်ခြင်းပင် ဖြစ်သည်။
အခုတော့ အဖွဲ့သုံးဖွဲ့လုံးသည် ဆားကွင်းများ
သို့ ရောက်လာကြပြီ ဖြစ်သည်။ အခုလို အောင်မြင်စွာချဉ်းကပ်လာနိုင်ခြင်းမှာ ၎င်းတို့၏ အတွေ့အကြုံများကြောင့် ဖြစ်သည်။ ထို့ပြင် ရန်သူများက ၎င်းတို့၏ ဂူများကို ဖျက်ဆီးနေပြီ ဆိုသောအသိကြောင့်လည် ဖြစ်ပါသည်။ တတိယအချက်ကတော့ ရန်သူများ၏ အစောင့်ငှက်များသည် ဂူများထဲတွင် ဝင်ပုန်းအောင်းနေကြခြင်းကြောင့် ဖြစ်သည်။ အရေးအကြီးဆုံးအချက်ကတော့ မြေခွေးများနှင့် ရှန်များက မီးတောက်ဦးချိုမျိုးနွယ်စုဝင် များရောက်မလာနိုင်သေးဟု အပိုင်တွက်ထားခြင်းကြောင့် ဖြစ်သည်။
ကျန်းလော်သည် သူ၏ထိန်းချုပ်ထားသော ဒေါသများကို၊ ချုပ်တီးမထားတော့ဘဲ စတင်တိုက်ခိုက်ပါတောသည်။ ဒေါသအရှိန်ကြောင့် မျက်လုံးများမှာ မီးဝင်းဝင်းတောက်နေပြီး၊ အချိန်တိုအတွင်း သူ့တစ်ကိုယ်လုံးမှ နတ်စွမ်းအင်များ ထွက်ပေါ်လာပါသည်။ ၎င်းကို ကြည့်ရသည်မှာ ကြောက်မက်ဖွယ် ဘီလူးသဘက်တစ်ကောင်နှင့် တူနေပေသည်။
သူသည် အမြောက်မှထွက်လာသော အမြောက်ဆံကြီးတစ်လုံးလို၊ ရှေ့သို့ ဝုန်းခနဲ ခုန်ထွက်သွားပါသည်။ မြေကြီးကို ခြေနှင့်ကန်ပြီး၊ ခုန်ထွက်သွားခြင်း ဖြစ်သောကြောင့်၊ မြေပြင်ပေါ်မှ ဆားများ ဖွာလန်ကျဲထွက်သွားပါသည်။ ထို့နောက် သူ၏လက်ထဲမှ ဓားက လေထဲတွင် လက်ခနဲ ဖြစ်သွားပါသည်။ ထိုကဲ့သို့သော စွမ်းအားမျိုးမှာ ကြောက်မက်ဖွယ်သားရဲတစ်ကောင်၏ စွမ်းအားမျိုးဖြစ်ပါသည်။
ကျန်းလော်၏ အရှိန်ပြင်းထန်လှသော ဓားသွားကြောင့် လေထုထဲတွင် ဝှီးခနဲ ဖြစ်ပေါ်သွားသော အသံကြီးမှာ မုန်တိုင်းမလာမီ တိုက်ခတ်သော လေကြမ်းများ၏ အသံလိုပင်။
ကျန်းလော်နှင့် အနီးဆုံးတွင် ရပ်နေသူမှာ မြေခွေးမျိုးနွယ်စုမှ အစောင့်တစ်ယောက် ဖြစ်သည်။ ဂူကြီးမှာ အပေါက်ဝတွင် ပြိုကျနေပြီဖြစ်သဖြင့်၊ ထိုအစောင့်သည် အပေါက်ဝနားမှ ခုန်ထွက်လာပြီး၊ ကျောက်တုံးကြီးတစ်တုံးပေါ်သို့
တက်သွားသည်။ ကျန်းလော်ကို မြင်သောအခါ၊ ထိုလူမှာ ခုခံရန်ပြင်လိုက်သော်လည်း၊ နောက်ကျသွားလေပြီ။
ဓားသွားက ထိုလူ၏ ခါးကို ပိုင်းဖြတ်ပြီးသွားပြီဖြစ်သည်။
“ဖောက်”
ထို့နောက် ကျန်းလော်သည် သူ၏ ဓားကို ပြန်ရုတ်သိမ်းလိုက်သည်။ ဓားသွားပေါ်တွင် သွေးများပေကျံနေပြီး၊ လေထဲတွင်လည်း ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ဖုံးလွှမ်းနေ၏။
ခန္ဓာကိုယ်၂ပိုင်းပြတ်သွားသောသူမှာတော့၊ မျက်လုံးများက မယုံနိုင်သောကြောင့် ပြူးကျယ်နေပါသည်။
ပထမလူတစ်ယောက်ကို သတ်ပြီးသွားသော်လည်း၊ ကျန်းလော်က ဓားကို မသိမ်း
သေးပါ။ ပြင်းထန်လှသော အရှိန်အဟုန်ဖြင့်၊ နောက်လူတစ်ယောက်၏ လည်မျိုကို ထိုးဖောက်လိုက်ပါသည်။ ထိုလူမှာလည်း ခုခံချက်မရလိုက်ဘဲ၊ ဓားချက်အောက်တွင် အသက်ပျောက်သွားပါသည်။
မြေပြင်ပေါ်မှ ဆားများမှာ သွေးများပေကျံကုန်သဖြင့်၊ နီရဲနေပါသည်။ လေထဲတွင်လည်း သွေးညှီနံ့တို့ ထောင်းထောင်းထသွားသည်။
ရုတ်တရက်ဖြစ်ပေါ်လာသော တိုက်ခိုက်မှုများကြောင့်၊ ရန်သူများမှာ ဘာလုပ်ရမှန်းမသိဘဲ ကြက်သေသေနေပါသည်။
“ဆရာကြီးတေပြောတော့ ရန်သူတွေက မနက်ဖြန်မှ ရောက်လာမှာဆို…ငါတို့တော့ ဆေးထိုးခံရပြီ”
ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သော၊ သေမင်း၏ အေးစက်သော မျက်လုံးများကို မြင်လိုက်ရပါသည်။ ထိုမျက်လုံးများမှာ တောအုပ်ထဲ
မှ ကြောက်မက်ဖွယ်သားရဲကြီးများ၏ မျက်လုံးများနှင့် တူနေပါသည်။
ဆားတွင်းများတွင် အလုပ်လုပ်နေသူများမှာ ကြောက်လန့်တကြား အော်ဟစ်ပြီး ထွက်ပြေးကြပါတော့သည်။ “မီးတောက်ဦးချိုတွေလာနေပြီ…မီးတောက်ဦးချိုတွေလာနေပြီ”
ထိုအခါမှ မြေခွေးများနှင့် ရှန်များ သတိဝင်လာပြီး၊ လက်နက်များကို ကိုင်ဆွဲကာ တိုက်ခိုက်ရန် အသင့်ပြင်ကြလေတော့သည်။
သုန့်ကန်းသည်လည်း သူ့ပုဆိန်ကြီးကို ဝှေ့ယမ်းကာ၊ ရန်သူများဆီသို့ ပြေးဝင်သွားပါသည်။ ပုဆိန်ကြီးနှင့် ရန်သူများကို လျှပ်ပျက်သလို ခုတ်ချလိုက်သည်။ ရန်သူက သူ၏ဓားနှင့် ခုခံလိုက်သောအခါ၊ သောခန်က ပုဆိန်ကို လမ်းကြောင်းပြောင်းလိုက်ပြီး၊ ခေါင်းကိုချိန်ထားရာမှ လက်မောင်းကို ခုတ်ချလိုက်ပါသည်။ ထိုလူသာ အချိန်မီမလှုပ်ရှားနိုင်လျှင်၊ လည်မျိုမှာ ပုဆိန်စာမိသွားမည် ဖြစ်သည်။
သုန့်ကန်းသည် လက်တစ်ဖက်ပြတ်သွားသော လူ၏ ဓားကို ပုဆိန်နှင့် တ်ထုတ်လိုက်ပြီး၊ နက်ကျယ်သော အသံကြီးဖြင့် “မင်းတို့ဘယ်မျိုးနွယ်စုဝင်လဲ ငါစိတ်မဝင်စားဘူး…ငါတို့ဆားတွင်းတွေကို မင်းတို့ ခိုးသွားတော့…မင်းတို့ကို အသေသတ်ရမှာပဲ…သေစမ်းကွာ…သေစမ်းကွာ…သေကြစမ်း”ဟု ကြိမ်းဝါးလိုက်သည်။
“ကျား…”
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ညာသံပေးကာ စတင်တိုက်ခိုက်ပါတော့သည်။ တိတ်ဆိတ်ပုန်းအောင်းနေသော စစ်သည်တော်များမှာ ဒေါသများကို ချွန်းအုပ်မထားတော့ဘဲ၊ လွှတ်ပေးလိုက်ပါတော့သည်။ လက်နက်များကို ကိုင်ဆွဲပြီး၊ ရူးသွပ်နေသူများလို စတင်တိုက်ခိုက်ပါတော့သည်။
“ငါတို့ ဆားတွင်းတွေကို ခိုးဦးမလားကွ”
“သေကြစမ်း…”
“ငါတို့ ဂူတွေကို ဖျက်ဆီးဦးမလားကွ”
“သေစမ်း…အကုန်သေကြစမ်း”
“ဘာလဲ…မင်းတို့က စစ်ကူလာတဲ့လူတွေပါဟုတ်လား”
“ငါတို့ကို အရူးတွေများ မှတ်နေလား…မင်းတို့လက်ထဲက ဆားခဲတွေက ဘာတွေလဲ…အဲဒါငါတို့ ဆားတွေကွ…”
“ဘာ…ဆားလာတူးရင်းနှင့် မြေခွေးတွေခိုင်းတာ လုပ်မိတာပါ ဟုတ်လား…မင်းတို့ပြောတာကို အရူးတွေပဲ ယုံမယ်ကွ”
“သေကြစမ်း…”
ပိုက်နက်လုပွဲအတွက် အဆုံးအဖြတ်မှာ တစ်ခုသာ ရှိပါသည်။ သူသေကိုယ်သေ တိုက်ခိုက်ကြ
ခြင်းပင် ဖြစ်ပါသည်။
မြေပြင်ပေါ်မှ ဆားပွင့်များပေါ်ကို သွေးများဖုံးလွှမ်းသွားပြီ ဖြစ်သည်။
တိုက်ပွဲ၏ အရှိန်မှာ မျက်စိတမှိတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
အခြားဂူ၂လုံးကို ဖျက်ဆီးနေသူများသည် တိုက်ခိုက်နေသံများကို ကြားသော်လည်း လာမကူရဲကြပါ။ သူတို့ သွားနေတုန်း၊ ထိုက်ဟယ်များနှင့် တောင်လေများရောက်လာမည်ကို စိုးရိမ်နေပါသည်။ သို့သော် မြေခွေးများနှင့် ရှန်များက ဝင်ကူလိမ့်မည်ဟုသာ တွေးလိုက်ကြသည်။
ရှန်မျိုးနွယ်စုအကြီးအကဲမှာ အံ့ဩသင့်နေ၏။ မီးတောက်ဦးချိုမျိုးနွယ်စုသည် ထိုက်ဟယ်မျိုးနွယ်စုနှင့် ပူးပေါင်းပြီးတိုက်ခိုက်လိမ့်မည်ဟု သူ ထင်ထားခဲ့ပေသည်။
သူတို့သည် ကင်းထောက်ရန်လည်း ငှက်များ
ကို မစေလွှတ်ရဲပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက သူတို့ငှက်များကို ပစ်ချမှာ စိုးရိမ်သောကြောင့် ဖြစ်ပါသည်။သို့သော် ထိုက်ဟယ်မျိုးနွယ်စုဝင်များကိုတော့ ငှက်များနှင့် ကင်းထောက်ကြည့်၍ ရပါသည်။ ထိုက်ဟယ်မျိုးနွဘ်စုဝင်များမှာ ဆားကွင်းများကို ဖြတ်ကျော်နေတုန်းသာရိပါသေးသည်။ ဘာကြောင့်မီးတောက်ဦးချိုမျိုးနွယ်စုများသည် အချိန်စောပြီး ရောက်လာရသနည်း။
ရှန်မျိုးနွယ်စုအကြီးအကဲမှာ ကင်းထောက်များ မလွှတ်မိသည့်အတွက် နောင်တရနေပါသည်။ မဟုတ်လျှင် အခုလို သဲကြီးမဲကြီး တိုက်ခိုက်ခံရမည် မဟုတ်ပါ။
မြေခွေးမျိုးနွယ်စုများက ဘာမှမလှုပ်ရှားသည်ကိုတွေ့သောအခါ၊ ရှန်အကြီးအကဲမှာ စစ်ကူများစေလွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။
ပြဿနာ တက်နေပြီထင်၏။ သူသည် ထောင့်တနေရာတွင် ကုပ်နေသော ငှက်များကို ကြည့်
လိုက်ပြီးနောက်၊ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
ကောင်းကင်ပြင်မှာ အပြောင်းအလဲများဖြစ်ပေါ်နေပြီဖြစ်သည်။
သူတို့ခန့်မှန်းထားသည်မှာ ရာသီဥတုသည် ၃ရက်နေမှ ပြောင်းလဲမည်ဟူ၍ ဖြစ်သည်။ သို့သော် မြေခွေးမျိုးနွယ်စုမှ အကြံပေးအမျိုးသမီးကတော့ ၂ရက်အတွင်း ပြောင်းလဲမည်ဟု ဆိုထားပါသည်။ မနက်ခင်းတုန်းက အခြေအနေဘာမှမထူးခြားသေးသဖြင့်၊ ရာသီဥတုသည် နောက်တစ်နေ့မှ ပြောင်းလဲမည်ဟု သူကထင်ထားပါသည်။ အခုတော့ ရာသီဥတုပြောင်းလဲလာပြီ ဖြစ်သောကြောင့်၊ သူ၏အကြံအစည်များအားလုံး ပျက်စီးသွားပြီ ဖြစ်ပါသည်။
ရှန်မျိုးနွယ်စုဝင်များသည် ပတ်ဝန်းကျင်အနေအထားများကို ကြည့်ပြီး ရာသီဥတုကို ခန့်မှန်းကြခြင်း ဖြစ်ပါသည်။ ပြီးခဲ့သောရက်
ကတော့၊ စစ်သည်တော်တစ်ယောက်က တောထဲတွင် ထူးဆန်းသည့် အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်း သတင်းလာပို့သွားပါသည်။သူတို့က သဘာဝဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်ပေါ်လာမည်ကို ကြောက်ရွံ့နေကြပါသည်။ အကြီးအကဲသည် အသိုက်များထဲတွင် ပုန်းအောင်းနေသော ငှက်များကို ကြည့်ပြီး အခြေအနေကို နားလည်သွားပါသည်။ ငှက်များသည် အသိုက်ထဲမှအပြင်ကို မထွက်ရဲကြပါ။ သူတို့၏ ရန်သူများသည် သဘာဝထက်ပင်စွမ်းအားများ ကြီးနေသလား။
ရာသီဥတုပြောင်းလဲသွားပြီ ဖြစ်သောကြောင့်၊လူထပ်လွှတ်ရန်မလိုတော့ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကတော့ တိုက်ခိုက်မှုများကို ရပ်တန့်မည်ပုံမပေါ်ပါ။ ရှန်မျိုးနွယ်စုအကြီးအကဲသည် မီးလျှံသလင်းကျောက်များကို ရလိုသောကြောင်သာ၊ အံ့ကိုကြိတ်ပြီး တင်းခံနေရပါသည်။
မမျှော်လင့်သော အပြောင်းအလဲများ ဖြစ်ပေါ်လာသော်လည်း၊ ၎င်းတို့၏ အဓိက အစီအစဉ်မှာ အသက်ဝင်နေဆဲဖြစ်သည်။ ရှန်မျိုးနွယ်စု
အကြီးအကဲသည် သူ့လူများကို မြေခွေးများ၏ ဂူသို့စေလွှတ်ပြီး ပုန်းခိုင်းလိုက်ပါသည်။
ဂူအပြင်တွင်တော့ နှင်းများကျဆင်းနေဆဲ ဖြစ်ပါသည်။
အပူရှိန်လျော့ကျသွားသည်ကို မည်သူကမှ သတိမထားမိပါ။ အပြင်တွင် အအေးဓာတ်က တဖြည်းဖြည်းပိုလာပါသည်။
လေများလည်းပြင်းထန်စွာတိုက်ခတ်လာပြီး၊ လေတိုးသံများ တဟူးဟူးထွက်ပေါ်နေပါသည်။ နှင်းခဲများနှင့် ကျောက်တုံးများ ရိုက်ခတ်နေသံကို ရှောက်ရွှမ်ကြားနေရပါသည်။
အေးခဲနေသော သွေးစများသည် မြေကြီးပေါ်ပြုတ်ကျသွားသောအခါ အစိတ်စိတ်အမြွှာမြွှာကွဲကျေကုန်ပါသည်။
လေတိုက်နှုန်းကလည်း ပိုမိုပြင်းထန်လာပြီး၊ နှင်းများကထူထပ်စွာကျဆင်းနေပါသည်။
ထို့ကြောင့် မြင်ကွင်းများမှာ မရှင်းလင်းတော့ပါ။
ရှောက်ရွှမ်က ဒူးခေါင်းကို ကွေးညွှတ်အားပြုလိုက်ပြီး၊ လျှပ်ပြက်သလို ဘေးသို့ ခုန်ထွက်လိုက်ပြီး၊ သူ့ဆီဝင်လာသော ဓားချက်ကို ရှောင်တိမ်းလိုက်ပါသည်။ ထို့နောက် သူ့လက်ထဲမှ ဓားက လျင်မြန်စွာ ရန်သူ၏ လည်မျိုကို ထိုးခွဲလိုက်ပါသည်။
ထို့နောက် ရှောက်ရွှမ်သည် မရပ်တန့်သေးဘဲ၊ နောက်ရန်သူတစ်ယောက်ကို ဓားနှင့် ခုတ်ချလိုက်ပါသည်။
ထိုလူကို သတ်ပြီးသွားသောအခါ၊ ရှောက်ရွှမ်သည် မယုံနိုင်သော မျက်နှာထားဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ပါသည်။
“တစ်ခုခုတော့ လွဲနေပြီ…တစ်ခုခုတော့ လွဲနေပြီ”
ရှောက်ရွှမ်သည် ကျောရိုးထဲမှ စိမ့်ခနဲဖြစ်သွား
ပါသည်။ တစ်ခုခုတော့ ဖြစ်နေပြီဖြစ်သည်။
ရာသီဥတုမှာ မည်မျှပြင်းထန်၊ ပြင်းထန်၊ ရာသီဥတုကြောင့်တော့ ရှောက်ရွှမ်သည် ထိုခံစားချက်မျိုးဖြစ်ပေါ်လာမည် မဟုတ်ပါ။ အခြားသော အန္တရာယ်အငွေ့အသက် တစုံတရာကြောင့်သာ ထိုကဲ့သို ခံစားလိုက်ရခြင်းဖြစ်သည်။
နှင်းများက ပိန်းပိတ်အောင်ကျနေသဖြင့်၊ ဘေးဘီဝဲယာကို ကောင်းကောင်းမမြင်ရတော့ပါ။ မြေပြင်ပေါ်တွင် ဖြစ်ပေါ်နေသော ရေအိုင်ငယ်လေးများမှာ၊ တဖြည်းဖြည်း အေးခဲကုန်ပြီဖြစ်သည်။ သို့သော် ထူးဆန်းသည်မှာ နွေရာသီတွင်သာ ဖြစ်ပေါ်တတ်သော ဆားပွင့်များမှာ မြေပြင်ပေါ်တွင် ပေါ်ထွက်လာပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုများ၏ ဂူထဲတွင်တော့၊ အလုပ်သမားများက ရှုံးပေးလိုက်ပြီဖြစ်သည်။ အရင်တုန်းကဆိုလျှင်တော့ ၎င်းတို့သည် ဆားရရှိရေးအတွက် အသက်ကို စွန့်ပြီး တိုက်ခိုက်မည် ဖြစ်သော်လည်း၊ သို့သော် အခုလို
ကြောက်မက်ဖွယ် ရာသီဥတုကြောင့်၊ ၎င်းတို့မှာ ကြောက်စိတ်ဝင်လာပါသည်။ စိတ်အာရုံများ ထွေပြားကုန်သဖြင့်၊ ၎င်းတို့၏တိုက်ခိုက်မှုများမှာလည်း အရာမထင်တော့ပါ။
ရှန်များနှင့် မြေခွေးများကလည်း စစ်ကူများ ရောက်မလာသောကြောင့် တုန်လှုပ်နေပြီဖြစ်သည်။ သူတို့မျိုးနွယ်စု၂ခုတည်းနှင့်တော့ ရန်သူများ၏တိုက်ခိုက်မှုကို ခံနိုင်မည် မဟုတ်ပါ။
“တိုက်ပွဲကို မြန်မြန် အဆုံးသတ်ကြပါတော့” ရှောက်ရွှမ်က အော်ပြောလိုက်ပါသည်။
ရှောက်ရွှမ်သည် ဖြစ်ပေါ်လာသောအခြေအနေများကို မကြိုက်သလို၊ တစ်စုံတရာ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်လာတော့မည်ကို သူစိတ်ထဲက သိလိုက်လေပြီ။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၄၆၂) မီးလျှံသလင်းကျောက်များ
ရှောက်ရွှမ်၏ စကားကိုကြားသောအခါ၊ ကျန်းလော်က သူ၏ တိုက်ခိုက်မှုကို အရှိန်အဟုန်မြှင့်တင်လိုက်ပြီး ယခင်ကထက် ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်ပါတော့သည်။ ၎င်းတို့မှာ ရန်သူများထက် ခွန်အားသန်စွမ်းကြသူများ ဖြစ်ကြသည်။
မြေခွေးများနှင့် ရှန်များက စစ်ကူများ ထပ်မလွှတ်ပေးတော့ပါ။ ဂူထဲမှ လူလေးရာကတော့ ကိစ္စချောသွားပြီ ဖြစ်သည်။ ထွက်ပြေးသွားသည့်လူများက ထွက်ပြေးသွားသလို၊ တချို့လည်း သေကုန်ကြသည်။ စိတ်ဓာတ်များလည်း ပျက်ပြားကုန်သဖြင့် ရေရှည်တောင့်ခံနိုင်ကြတော့မည် မဟုတ်ပါ။
အမှန်တော့ တိုက်ပွဲ၏ကြာချိန်မှာ၅မိနစ်လောက်သာ ရှိပါသေးသည်။ ငါးမိနစ်ဆိုသည်မှာ အသားတစ်ခါကင်စာပင် မရှိပါ။ တိုက်ပွဲမှာ အချိန်
ကြာနေပြီဟုထင်ရသော်လည်း၊ ငါးမိနစ်သာရှိပါသေးသည်။
အပူချိန်ရုတ်တရက်ကျဆင်းလာပြီး၊ နှင်းများက ထပ်မံကျဆင်းလာပါသည်။ နေရာအနှံ့မှ နှင်းခဲများနှင့် မြေပြင် ရိုက်ခတ်သံများကို ကြားနေရပါသည်။ မြေပြင်ပေါ်မှ သွေးများမှာ လျင်မြန်စွာခြောက်သွေ့သွားပါသည်။ မျက်စိတမှိတ်အတွင်း သွေးစသွေးနများနှင့် နီရဲနေသော မြေပြင်မှာ နှင်းများဖုံးလွှမ်းသွားသဖြင့် ဖြူဖွေးသွားပါသည်။
တချို့စစ်သည်တော်များက ထွက်ပြေးသွားသော ရန်သူများနောက်ကို လိုက်ချင်ကြသော်လည်း ရှောက်ရွှမ်ကတားလိုက်ပါသည်။
“မလိုက်ကြနဲ့…ဂူထဲက ကျောက်တုံးတွေကို အမြန်ဖယ်လိုက်”
“ကျောက်တုံးတွေကို ဖယ်ကြဟေ့” ကျန်းလော်
က ပြောလိုက်ပါသည်။
စစ်သည်တော်များအားလုံးမှာ မောပန်းနေကြပြီဖြစ်သည်။ အကျင့်ပါနေသဖြင့်၊ ၎င်းတို့သည် လက်နက်တွင်ပေနေသော သွေးများကို ခါချလိုက်ပါသည်။ သို့သော် အအေးဒဏ်ကြောင့်၊ ဓားပေါ်မှ သွေးများမှာ ခြောက်သွားပြီဖြစ်ပါသည်။
ဆေးတပ်သားများက ဒဏ်ရာရသူများကို ပြုစုနေကြပါသည်။ ကျန်သူများက ဂူထဲမှ ကျောက်တုံးများကို ဖယ်ရှားပစ်နေကြပါသည်။
စောစောရောက်လာသည်မှာတော်ပါသေးသည်။ ဂူမှာ အဝနားတွင် ပျက်စီးနေသော်လည်း၊ အထဲတွင်တော့ အကောင်းအတိုင်းရှိပါသေးသည်။
စစ်သည်တော်များက ကျောက်တုံးများကို မပြီး၊ အပြင်သို့ ပစ်ထုတ်နေကြပါသည်။ မကြာခင်အချိန်အတွင်းတွင်၊ ဂူပေါက်ဝတွင် ပိတ်ဆို့နေသော ကျောက်တုံးများကို ဖယ်ရှားပြီးသားဖြစ်သွ
ဦးပါသည်။ အပေါက်ဝကို ပိတ်ရန်ထားသော ကျောက်တုံးကြီးတစ်လုံးသာ ကျန်ခဲ့ပါတော့သည်။
ကျန်းလော်က အဖွဲ့တစ်ဖွဲ့ကို ခေါ်ပြီး ဂူထဲတွင် ဆင်ထားသော ထောင်ခြောက်များရှိ၊မရှိ သွားစစ်ဆေးနေပါသည်။ စစ်ဆေးပြီးသောအခါမှသာ၊ သူ့လူများကို အထဲသို့ ဝင်စေပါသည်။ စစ်သည်တော်များထဲတွင် ဒဏ်ရာရသူများလည်းရှိသလို၊ သေဆုံးသူများလည်း ရှိပါသည်။သေဆုံးသွားသော စစ်သည်တော်များကို ရွာသို့ ပြန်သယ်ပြီး မီးသင်္ဂြိုဟ်မည် ဖြစ်ပါသည်။
သို့သော် သေဆုံးဒဏ်ရာရသူများမှာ အရေအတွက် သိပ်မများပါ။ သူတို့ အနိုင်ရလိုက်ပြီ ဖြစ်ပါသည်။
သူ့လူများကို နေရာချထားပေးပြီးသွားသောအခါ၊ ကျန်းလော်က ဂူအပြင်သို့ ကြည့်လိုက်ပါသည်။
သို့သော် နှင်းများထူထပ်စွာ ကျဆင်းနေသောကြောင့်၊ မြင်ကွင်းမှာ မရှင်းလင်းပါ။
“သုန့်ကန်း…မင်းဒီမှာနေခဲ့ဦီး…ငါအပြင်မှာ သွားစစ်ဆေးဦးမယ်” ကျန်းလော်က လူတချို့ကို ခေါ်ပြီး ထွက်သွားပါသည်။
အပြင်တွင် နှင်းမုန်တိုင်းတိုက်နေသောကြောင့်၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များနှင့် တောင်လေမျိုးနွယ်စုများ ဘာဖြစ်နေမလဲ သူတို့လည်း မသိတော့ပါ။
သူတို့သည် ရှောက်ရွှမ်၏ စကားကို နားထောင်လိုက်သည်မှာ မှန်သွားသည်။ မဟုတ်လျှင် နှင်းမုန်တိုင်းထဲတွင် အားလုံးဒုက္ခရောက်ကုန်မည် ဖြစ်သည်။
“ရှောက်ရွှမ် ဘယ်ရောက်သွားလဲ” သုန့်ကန်းက အနားမှ စစ်သည်တော်များကို မေးလိုက်ပါသည်။
စစ်သည်တော်များက ဂူထဲသို့ လက်ညှိုးထိုးပြ
ပြီး “ အထဲမှာ ထင်တာပဲ”
ရှောက်ရွှမ်သည် ဒဏ်ရာရထားသူများအား သူ့တွင်ပါလာသော ဆေးဝါးများဖြင့် ကုသပေးနေပါသည်။
ဝါချနှင့် ဆားတွင်းအစောင့်များကတော့ ဂူ၏ အတွင်းပိုင်းသို့ သွားနေကြပါသည်။ ထို့နောက် ကြွေဒယ်အိုးကြီးတစ်လုံးနှင့် ပြန်ထွက်လာပါသည်။ ထို့နောက် သူတို့သည် ဂူထဲတွင် မီးမွှေးလိုက်ပြီး၊ သန့်စင်သော နှင်းများကို ရေနွေးအဖြစ်တည်လိုက်ပြီး၊ အားလုံးစားသောက်ရန် ဆန်ပြုတ်များ ပြုတ်ပါတော့သည်။
ရှောက်ရွှမ်က ဆန်ပြုတ်ထဲသို့ ထောင်ချီကောက်ပဲသီးနှံတချို့ကို ထည့်လိုက်ပါသည်။ အခြားလူများရှိနေသဖြင့်၊သူသည် ဆန်ပြုတ်အိုးကို ကြည့်ရန် မလိုပါ။ သုန့်ကန်းရောက်လာသောအခါ၊ ရှောက်ရွှမ်သည် ဂူအတွင်းပိုင်းသို့ ထွက်ခွာသွားပါသည်။
“ရှောက်ရွှမ်…ဒီနှင်းမုန်တိုင်းက ဘယ်လောက်ကြာဦးမလဲ သိလား”သုန့်ကန်းက မေးလိုက်သည်။
ရှောက်ရွှမ်က ခေါင်းခါလိုက်ပြီး၊ “မသိဘူး…ဒါပေမဲ့ ဒါအစပဲရှိသေးတယ်…ဒီထက်ပိုဆိုးတာတွေလာလိမ့်ဦးမယ်”
သုန့်ကန်းက ခေါင်းညိတ်လိုက်ပြီး “အင်း…ငါလည်း သိပါတယ်…အဲဒါကြောင့် မြေခွေးတွေနဲ့ ရှန်တွေက ဂူထဲမှာပဲ ပုန်းနေတာပေါ့…ရှန်လူမျိုးတွေကလည်း ရာသီဥတုကို ခန့်မှန်းနိုင်တယ်မဟုတ်လား”
ရှောက်ရွှမ်သည် တစ်စုံတရာ ပြောလိုက်ချင်သော်လည်း၊ ပြောသင့်မပြောသင့် ချိန်ဆနေပါသည်။ သုန့်ကန်းသည် ရှောက်ရွှမ်ကို ကြည့်ပြီး “တခြားဘာကိစ္စများ ရှိသေးလို့လဲ”
“ကျွန်တော်လည်း သေချာမသိသေးဘူး…ဒါပေမဲ့ စိတ်ထဲမှာ လေးနေတယ်” ရှောက်ရွှမ်က
ပြောလိုက်ပါသည်။
သုန့်ကန်းသည် ဂူပေါက်ဝတွင် အစောင့်များချထားပါသည်။၎င်းတို့သည် သေခြင်းနှင့် အကြိမ်ကြိမ်ရင်ဆိုင်ဖူးသူများဖြစ်၍၊ အတွေ့အကြုံရှိသူများဖြစ်ပါသည်။ ရှောက်ရွှမ်ကပြောနေပြီ ဆိုလျှင် သတိထားခြင်းက မမှားနိုင်ပါ။
“သူတို့ကို ဆားသိုလှောင်ခန်းတွေကို သွားစစ်ခိုင်းလိုက်မယ်” သုန့်ကန်းက ပြောလိုက်ပါသည်။
မြေခွေးများနှင့် ရှန်များက သူတို့ဂူကို သိမ်းပိုက်ပြီးနောက် အစာရေစာများကိုလည်း ယူဆောင်သွားပါသည်။ ဂူထဲတွင် ကြွေဒယ်အိုးကြီးတစ်လုံးသာ ကျန်နေခဲ့ပါသည်။ အခြားသော ပစ္စည်းများကတော့ သုံး၍မရလောက်အောက် ပျက်စီးနေပြီ ဖြစ်သည်။ ရှိသော ဒယ်အိုးကြီးမှာလည်း ခြေထောက်တစ်ချောင်းမရှိတော့ပါ။ ဝါချက ထိုအိုးဖြင့် ဆန်ပြုတ်များ ပြုတ်နေပါသည်။
သုန့်ကန်းကတော့ မြေခွေးများ၊ရှန်များနှင့် ၎င်းတို့ခေါ်ဆောင်လာသော စစ်ကူများကို ကျိန်ဆဲနေပါသည်။
မကြာခင်တွင်၊ ကျန်းလော်သည် တည်ငြိမ်လေးနက်သောအသွင်နှင့် ပြန်ရောက်လာပါသည်။
“အခြေအနေဘယ်လိုလဲ” ရှောက်ရွှမ်က မေးလိုက်ပါသည်။
“ဂူပေါက်ဝကတော့ ပြိုကျသွားပြီ…ငါတို့ဂူထက်အခြေအနေဆိုးတယ်”
သူတို့ အချိန်မီရောက်လာ၍သာ သူတို့၏ဂူမှာ လုံးဝပျက်စီးမသွားခြင်း ဖြစ်ပါသည်။ သို့သော် အခြားဂူ၂လုံးကတော့ အခြေအနေတော်တော်ဆိုးသွားပြီ ဖြစ်ပါသည်။ အခြားဂူများမှလူများသည် မီးတောက်ဦးချိုတို့၏ ဂူမှ တိုက်ခိုက်သံများကိုကြားသောအခါ၊ ဖျက်ဆီးခြင်းကို အရှိန်မြှင့်ပြီးလုပ်ဆောင်ခဲ့ကြပါသည်။ ထို့ကြောင့် ထိုဂူ၂လုံး၏ အခြေအနေမှာ တော်တော်ဆိုးသွားခြင်း
ဖြစ်သည်။
ထိုက်ဟယ်မျိုးနွယ်စုနှင့် တောင်လေမျိုးနွယ်စုတို့အချိန်မီရောက်လာလျှင်တော့၊ ပျက်စီးနေသည့်ဂူကို ပြန်ပြင်နိုင်မည် ဖြစ်သည်။ ရာသီဥတုအခြေအနေပြင်းထန်လာခြင်း နှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရောက်လာခြင်းတို့ကြောင့်၊ ဂူများကို ဖျက်ဆီးနေသူများ ထွက်ပြေးသွားကြခြင်း ဖြစ်ပါသည်။
“ကျန်တဲ့ကိစ္စတွေ ခဏမေ့ထားလိုက်…အဲဒီဂူတွေကို သွားစောင့်ကြည့်နေကြ…တစ်ခုခုထူးရင် ငါ့ကိုလာပြော” ကျန်းလော်က တာဝန်များ ဝေခွဲပေးလိုက်သည်။
ဆားတွင်းကို တိုက်ခိုက်ပြီး ပြန်သိမ်းပိုက်ရခြင်းမှာ လွယ်ကူသော အလုပ်မဟုတ်ပါ။ ရာသီဥတုအခြေအနေက ခန့်မှန်း၍ မရဖြစ်နေသောကြောင့်၊ တိုက်ခိုက်ရသည်မှာ ပို၍ပင် ခက်ခဲနေပါသည်။
နှင်းမုန်တိုင်းများတိုက်နေသဖြင့်၊ ထိုက်ဟယ်
မျိုးနွယ်စုနှင့် တောင်လေမျိုးနွယ်စုတို့မှာ အချိန်မီရောက်လာကြတော့မည်မဟုတ်ပေ။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဂူပေါက်ဝအား တစ်ယောက်တလှည့် စောင့်ကြပါသည်။ ယခုလိုအခြေအနေမျိုးတွင်၊ စတင်တိုက်ခိုက်ရန် မသင့်တော်သေးပါ။ လောလောဆယ်အခြေအနေအရ၊ ရာသီဥတုကောင်းမွန်လာသည့်အချိန်ကို ဂူထဲမှ စောင့်ဆိုင်းနေရုံသာရှိသည်။ ရန်သူများကို တိုက်ခိုက်ရန်၊ ထိုက်ဟယ်နှင့်တောင်လေ မျိုးနွယ်စုတို့ကို စောင့်ဆိုင်းကြမည် ဖြစ်သည်။
ရှောက်ရွှမ်က ဝါချာကို ခေါ်ပြီး ဂူအတွင်းပိုင်းသို့ ဝင်သွားပါသည်။
သုန့်ကန်းနှင့် ကျန်းလော်တို့လည်း လိုက်လာကြပါသည်။
“မြေခွေးတွေနဲ့ ရှန်တွေ မီးလျှံသလင်းကျောက်တွေကို တူးတဲ့နေရာက ငါတို့အောက်မှာလား…
အောက်ကိုဆက်တူးရင် သလင်းကျောက်တွေထွက်လာမှာလား” သုန့်ကန်းက မေးလိုက်ပါသည်။
“ဖြစ်နိုင်ပါတယ်” ဝါချာက ပြောလိုက်ပါသည်။ “အခုဘာမှ လုပ်စရာမရှိတဲ့အတူတူ၊ မြေကြီးအောက်ကို တူးကြည့်ရင် မကောင်းဘူးလား…”
မီးလျှံသလင်းကျောက်များကို တွေ့ရလျှင် အားလုံး စိတ်အားများ ပိုတက်ကြွလာမည် ဖြစ်သည်။
အချိန်ဆွဲမနေတော့ဘဲ၊ ကျန်းလော်က သူ့လူများကို ခေါ်ကာ မြေကြီးကို စတင်တူးခိုင်းပါတော့သည်။ အားလုံးကလည်း မီးလျှံသလင်းကျောက်များကို လိုချင်နေကြပါသည်။
“မြေကြီးအောက်ကို ရောက်လေ…ကျောက်တွေက ပိုမာလေပဲ…မီးလျှံသလင်းကျောက်တွေကတော့ ရမရ မပြောတတ်ဘူး” သုန့်ကန်းက ပြောလိုက်ပါသည်။
“ရတာ မရတာ အရေးမကြီးပါဘူး…ကြိုးစားကြည့်ဖို့က အရေးကြီးတာပါ” ကျန်းလော်က မြေကြီးကို စတင်တူးပါတော့သည်။
ဂူထဲမှ ပစ္စည်းကိရိယာများကို မြေခွေးများနှင့်ရှန်များက ဖျက်ဆီးသွားသော်လည်း၊ ဖွက်ထားသည့် ပစ္စည်းကိရိယာများ ရှိနေပါသည်။ ထိုပစ္စည်းများကို ဝါချာ သွားယူလိုက်သည်။ အရင်တုန်းကတော့ စစ်သည်တော်များသည် ပစ္စည်းကိရိယာများကို ပေါများစွာ အသုံးချမည်စိုးသောကြောင့်၊ ဝါချာက ဖွက်ထားခြင်းဖြစ်ပါသည်။ အခုတော့ ထိုပစ္စည်းများမှာ အသုံးဝင်လာပြီ ဖြစ်သည်။
“တူးကြဟေ့…တူးကြ…ဟိုကောင်တွေတောင် ရှာတွေ့သေးတာ ငါတို့လည်း တွေ့ရမှာပေါ့” သုန့်ကန်းက ပြောလိုက်ပါသည်။
“အောက်မှာ မီးလျှံသလင်းကျောက်တွေ ရှိမှာ သေချာပါတယ်” ရှောက်ရွှမ်က မီးလျှံသလင်း
ကျောက်များကို အာရုံခံ၍ရနေပါသည်။
ရှောက်ရွှမ်သည် ကျန်သူများထက် အာရုံခံနိုင်စွမ်းထက်မြက်ပါသည်။ ကျန်းလော်ပင်လျှင် မီးလျှံသလင်းကျောက်များကို အာရုံခံ၍မရပါ။
“တကယ်လား…”ကျန်းလော်နှင့် သုန့်ကန်းက ရှောက်ရွှမ်ကို မော့ကြည့်လိုက်ပါသည်။ “ဘယ်လောက်နက်နက်တူးရမှာလဲ”
ရှောက်ရွှမ်သည် နေရာတစ်နေရာကို ညွှန်ပြပြီး “ဒီနားကို တူးရင် ရမယ်ထင်တယ်…ဒါပေမဲ့ ဘယ်လောက် နက်နက်တူးရမလဲတော့ ကျွန်တော်လည်း မသိဘူး”
“နက်နက်တူးရတာက အရေးမကြီးဘူး..မီးလျှံသလင်းကျောက်တွေ ရှိနေဖို့ပဲ အရေးကြီးတယ်” ကျန်းလောကသူတူးနေသာ နေရာမှ ထလာပါသည်။
ရှောက်ရွှမ်ကတော့ စိတ်များလေးလံနေဆဲဖြစ်
သောကြောင့်၊မတူးတော့ပါ။ ရှောက်ရွှမ်သည် အန္တရာယ်အငွေ့အသက်များကို ရနေ၏။ ထို့ကြောင့် ကျန်းလောတို့ မီးလျှံသလင်းကျောက်များကို တူးနေသည့်အချိန်တွင်၊ ရှောက်ရွှမ်သည် ကျောက်တုံးကြီးတစ်တုံးပေါ်တွင်ထိုင်ပြီး၊ ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို စဉ်းစားကြည့်နေပေသည်။
ကျန်းလော်တို့ကတော့ ရှောက်ရွှမ်၏ အပြုအမူကို သတိမထားမိကြပါ။ မီးလျှံသလင်းကျောက်များကိုသာ သဲကြီးမဲကြီးတူးနေကြသည်။
အချိန်မှာ မနက်ခင်းအစောပိုင်းသာရှိသေးသော်လည်း၊ ကောင်းကင်ကတော့ မှောင်မည်းနေပြီဖြစ်သည်။ နှင်းများကလည်း ထူထပ်စွာကျဆင်းနေဆဲဖြစ်ပါသည်။
“ ထိုက်ဟယ်တွေနဲ့ တောင်လေမျိုးနွယ်စုဝင်တွေ ဘယ်နားရောက်နေလောက်ပြီထင်လဲ” သောခန်က ဆန်ပြုတ်သောက်ရင်း မေးလိုက်ပါသည်။
အိုးခွက်ပန်းကန်များမှာလည်း ဖျက်စီးခံလိုက်ရသောကြောင့်၊ ထည့်စားစရာ ခွက်မရှိပါ။ အခုတော့ ရှောက်ရွှမ်လုပ်ပေးထားသော ကျောက်သားပန်းကန်လုံးများကို အသုံးပြုနေရပါသည်။ ဂူထဲတွင် ရှိသော ကျောက်တုံးများမှာ သိပ်မမာကြောသောကြောင့်၊ လိုသလိုပုံသွင်း၍ရပါသည်။ သို့သော် ကျောက်သားပန်းကန်လုံးများမှာ ဆားဓာတ်များ ရှိနေသောကြောင့်၊ ဆန်ပြုတ်မှာ နည်းနည်းငန်နေပါသည်။
ဆန်ပြုတ်သောက်ပြီးသွားသောအခါ၊ သုန့်ကန်းက ခုန်ထလိုက်ပြီး လက်ဝါး၂ဖက်ကို ပွတ်လိုက်ပါသည်။ ယခုဆောင်းတွင်းမှာ သူကြုံဖူးခဲ့သော ဆောင်းတွင်းများထဲတွင် အအေးဆုံးဆောင်းတွင်းဖြစ်ပါသည်။
သို့သော် ဒုတိယနေ့ရောက်သောအခါ၊ အအေးဓာတ်မှာ ပို၍ပင် ပြင်းထန်လာပါသည်။ မနက်ခင်းအိပ်ရာထသောအခါ၊ ဂူအပြင်မှ မြေပြင်ပေါ်တွင် နှင်းများမှာ သုံးမီတာလောက်ထူနေပြီဖြစ်သည်။
“ရှောက်ရွှမ်…မင်းကြုံဖူးတဲ့ အိမ်တွေပါ မြုပ်သွားလောက်အောင် နှင်းကျတယ်ဆိုတာ ဒါမျိုးလား” သုန့်ကန်း မေးလိုက်သည်။
“ဒီလိုမျိုးတော့ ဒီလိုမျိုးပဲ…ဒါပေမဲ့ တညတည်းမှာ နှင်းတွေ ဒီလောက်အများကြီး ကျလာတာတော့ မဟုတ်ဘူး” ရှောက်ရွှမ်ပင် တုန်လှုပ်နေပါသည်။
ရာသီဥတုမှာ ထိုပုံအတိုင်းသာဆက်သွားနေပါက၊ အခြေအနေများမည်သို့ဖြစ်လာမည်လဲ ရှောက်ရွှမ်လည်း မသိတော့ပေ။
(ဆက်ရန်…)