အခန်း ၅၃၄
Vol. 36 Ch. 534
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၅၃၄) ကြောက်မက်ဖွယ်မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ
အရင်တုန်းက တောအုပ်ထဲတွင် မျိုးနွယ်စုဝင်များနေထိုင်ခဲ့သည်ဟူသော ကောလဟာလများထွက်ပေါ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင်တော့၊ ထိုမျိုးနွယ်စုဝင်များသည် တောအုပ်ထဲမှ ပြောင်းရွှေ့သွားပြီး၊ တည်ငြိမ်အေးချမ်းသော နေရာတစ်ခုတွင် သွားအခြေချကျသည်။ တချို့လူများကတော့ တောအုပ်ထဲမှ ပြောင်းမသွားဘဲ၊ သူတို့နေသော နေရာနားတဝိုက်မှ တောအုပ်များကို ရှင်းပစ်လိုက်သည်။ နှစ်ပေါင်းများစွာ ကြာသွားသောအခါ၊ သူတို့သည် တောအုပ်ထဲမှထွက်ခွာသွားပြီး၊ သူတို့နေသောမူလနေရာမှာ ဘယ်နေရာလဲ အတိအကျမပြောနိုင်တော့ပါ။
အခုတခေါက်တွင်တော့ မျိုးနွယ်စုဝင်များသည် တောအုပ်ထဲသို့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် အတူဝင်သွားရန် ဆုံးဖြတ်လိုက်
ကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များမှာ ထိုနေရာတွင် နေလာကြသည်မှာ နှစ်ပေါင်းထောင်ချီနေပြီဖြစ်သည်။ လုံကျိုးမျိုးနွယ်စုကဲ့သို့ တချို့သော မျိုးနွယ်စုဝင်များ၏ ဘိုးဘေးများသည် တောအုပ်ကို စွန့်ခွာရန် ရွေးချယ်ခဲ့ကြသည်။ ငှက်မွှေးမျိုးနွယ်စုကဲ့သို့သော မျိုးနွယ်စုဝင်များကတော့ တောအုပ်ကို ခုတ်ထွင် ရှင်းလင်းပစ်ကြသည်။
သူတို့သည် ဘယ်မျိုးနွယ်စုမှ ဆင်းသက်လာသည်ဖြစ်ဖြစ်၊ ၎င်းတို့အားလုံးသည် မူလ အမိမြေကို စွန့်ခွာလာကြသူများသာ ဖြစ်ကြသည်။ ၎င်းတို့သည် ရှေးဟောင်းသစ်ပင်ကြီးများ၊ မြက်ရိုင်းပင်ကြီးများ၊ ကြောက်မက်ဖွယ်သားရဲကြီးများနှင့် အဆိပ်ရှိသော ပိုးမွှားများနှင့် အသားကျနေကြပြီ ဖြစ်သည်။ အခုတော့ ၎င်းတို့သည် ကျောက်ခေတ်လူသားများလို ပြန်ဖြစ်နေပါသည်။
၎င်းတို့သည် ပိုးထည်များကို ဝတ်ဆင်ထားသောကြောင့်၊ တောအုပ်ထဲတွင် သွားလာရ
သည်မှာ အဆင်ပြေလှသည်မဟုတ်ပါ။ မူလလူရိုင်းဗီဇကို ပြောင်းလဲပစ်ချင်သော မျိုးနွယ်စုဝင်များအတွက်တော့၊ ထိုခရီးသည် အဖိုးဖြတ်၍ မရနိုင်သော အတွေ့အကြုံများပင် ဖြစ်သည်။
၎င်းတို့သည် သူတို့ရှေ့မှ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို လေ့လာကြည့်သောအခါ၊ ဘာမှမပြောင်းလဲကြောင်းကို သတိထားမိသွားပါသည်။ ၎င်းတို့၏ တချို့အဝတ်အစားများမှာ ချည်ကြမ်းများနှင့် ချုပ်လုပ်ထားခြင်း ဖြစ်သော်လည်း၊ အများစုဝတ်ဆင်ထားသော အဝတ်အစားများမှာ တိရစ္ဆာန်သားရေနှင့် ချုပ်လုပ်ထားခြင်းဖြစ်သည်။ ထိုအဝတ်အစားများကို အမှတ်တမဲ့ကြည့်လျှင် အထင်ကြီးလောက်စရာ မရှိသော်လည်း၊ တောအုပ်ထဲသို့ဝင်လာသောအခါ၊ ထိုအဝတ်အစားများသည် တောနှင့် တစ်သားတည်းဖြစ်သွားစေသည်။ ထိုလူများသည် တောထဲတွင်နေသော ကျွမ်းကျင်အဆင့် မုဆိုးများဖြစ်ကြသော်လည်း ၎င်းတို့ကို ကြည့်ရသည်မှာ ဘီလူးသဘက်များနှင့် တူနေသည်ကတော့ အမှန်ပင်။
အခြားသော မျိုးနွယ်စုဝင်များမှလူများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များဆီမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်သားရဲများ၏ အငွေ့အသက်လိုပုံစံမျိုးကို သတိထားမိသွားကြသည်။ ၎င်းတို့သည် သောခန်က သားရဲတစ်ကောင်ကို လက်ကြီးဗလာဖြင့် သတ်ဖြတ်ပြလိုက်သောအခါ၊ အားလုံးသည် တုန်လှုပ်သွားကြသည်။
သူတို့သည် ရောက်နေသော နေရာမှာ ကြောက်ဖက်ဖွယ်သားရဲများ၊ ပြည့်နှက်နေသော နေရာဖြစ်သည်။
“ဝှစ်”
လှံလေးတစ်ချောင်းက သူတို့လူအုပ်ကြားမှ ဖြတ်ပြီး ပျံသန်းသွားသည်။ ထိုလှံလေးသည် သူတို့၏ အဝတ်အစားများနှင့် ဖြတ်ပြီး ပွတ်တိုက်မိသွားသည်။
လှံတံလေးမှာ မြန်ဆန်လွန်းသောကြောင့် သူ့နားတွင် ပူခနဲ ဖြစ်သွားသည်။ သူတို့၏ ဆံပင်မွှေးလေးများလည်း ထောင်ထသွားသည်။
“ဝှစ်…”
“ဖောက်…”
ထိုအသံသည် ကြွက်သားများကို ထိုးခွဲသွားသော အသဖြစ်သည်။ ဆက်တိုက်ဆိုသလို ၎င်းတို့သည် သစ်ပင်တစ်ပင်ကို မြားများ စိုက်ဝင်သွားသော အသံများကိုလည်း ကြားလိုက်ရသည်။
လှံနှင့်အပစ်ခံလိုက်ရသူသည် သူ့ကိုယ် လှံတံကြီးစိုက်ဝင်သွားမည်ဟု ထင်သွားပါသည်။ သူသည် ဖြည်းညှင်းစွာနောက်လှည့်လိုက်ပြီး၊ အသံလာရာသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ထူးဆန်းသော သတ္တဝါတစ်ကောင်သည် သူ၏ ဝါးလုံးများနှင့် တူသော ခြေလက်များကို လွှဲလိုက်ပြီး၊ ခန္ဓာကိုယ်ကို လိမ်ထားကာ
တစ်ခုခုမှ လွတ်မြောက်အောင် ကြိုးစားနေသည့်ပုံမျိုးပေါက်နေပါသည်။ ၎င်း၏ လည်ပင်းပေါ်တွင်တော့ လှံတံတစ်ချောင်းက စိုက်ဝင်နေပါသည်။
ဒဏ်ရာမှ သွေးများယိုစီးကျနေပြီး၊ ထိုသတ္တဝါကို ကြည့်ရသည်မှာ မိးခိုးရောင် ကျားသစ်တစ်ကောင်နှင့် တူနေပါသည်။ တဖြည်းဖြည်းနှင့် ၎င်း၏ လှုပ်ရှားမှုများသည် နှေးကွေးသွားပါသည်။
ထိုသားရဲ၏ လက်သည်းများမှာ သံချွန်များလို ထက်မြက်နေပါသည်။ ထိုအရာကို မြင်လိုက်ရသောလူများသည် ကြောက်ရွံ့မှုနှင့် တံတွေးကို မျိုချလိုက်မိပါသည်။ ထိုအရာသည် ထိုကဲ့သို့ ထက်မြက်သော လက်သည်းများရှိနေပါက၊ ဘယ်လိုလုပ်ပြီးလှုပ်ရှားနိုင်မည်နည်း။ ၎င်းတို့သည် ထိုသားရဲက သူတို့နားသို့ချဉ်းကပ်လာသောအသံကိုပင် မကြားမိပါ။ အသံကိုကြားလိုက်ရပြီးနောက်၊ သူတို့ကိုယ်သူတို့ ကာကွယ်မည်ဟု စဉ်းစားနေချိန်တွင်၊ လှံတံတစ်ချောင်းက ၎င်းကို စိုက်ဝင်သွားပြီဖြစ်သည်။
“အဲဒါဘာကောင်လဲ” ငှက်မွှေးမျိုးနွယ်စုမှ အဖွဲ့ဝင်တစ်ယောက်က မေးလိုက်သည်။
“တောအုပ်ထဲက သာမန်သားရဲတစ်ကောင်ပါပဲ” ရှောက်ရွှမ်ကလမ်းလျှောက်သွားရင်းနှင့် လှမ်းပြောလိုက်သည်။ ရှောက်ရွှမ်သည် သားရဲကြီး၏ ကိုယ်တွင် စိုက်ဝင်နေသော လှံတံကို ဆွဲနှုတ်လိုက်သည်။ ထို့နောက် “အဲဒီကောင်တွေ ကုတ်တာကို မခံနဲ့… သူ့လက်သည်းတွေက အဆိပ်ရှိတယ်… ကျွန်တော်တို့က အဲဒီလိုကောင်တွေကို စားလေ့မရှိဘူး”
ရှောက်ရွှမ်၏ တည်ငြိမ်သောအမူအရာကိုတွေ့သောအခါ၊ အားလုံးသည် ကစိတ်ထဲမှ ထိတ်လန့်သွားကြသည်။ ထိုသားရဲကြီးကို ကြည့်ပြီး ဖြစ်ပေါ်နေသော စားချင်သောက်ချင်နေစိတ်များပင် ပျောက်ကွယ်သွားပါသည်။
အမှန်တကယ်တော့ ၎င်းတို့အများစုသည် ကန္တာရထဲမှ လာခြင်းဖြစ်ပြီး၊ ကန္တာရထဲတွင်လည်း သားရဲပေါင်းများစွာကို မြင်တွေ့ဖူးနေကြ
ပါသည်။ ၎င်းတို့သည် ကန္တာရထဲမှ ရလာသောအတွေ့အကြုံများကို အခြေခံပြီး၊ အခုထွက်လာခဲ့သော ခရီးအတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ကြသည်။ သို့သော် သူတို့အခု ရောက်နေသော တောအုပ်မှာ ကန္တာရနှင့် မတူပါ၊ လူသတ်ရခြင်းနှင့် သားရဲကြီးများကို သတ်ဖြတ်ရခြင်းမှာ အတော်ပင်ကွာခြားပါသည်။
ကျွန်ပိုင်ရှင်များနေထိုင်ခဲ့သော ကန္တာရထဲတွင် သေဆုံးမှုပေါင်းများစွာဖြစ်ခဲ့သည်။ တစ်ခါတစ်ရံတွင် အသက်ရှင်ကျန်ရစ်သူတစ်ယောက်ဟူ၍ပင် မရှိါပါ။ သို့သော် ၎င်းတို့သည် သတိဝီရိယရှိသူများဖြစ်သောကြောင့်၊ ၎င်းတို့သည် အန္တရာယ်အများစုကို ရှောင်လွှဲနိုင်ကြလေသည်။
သို့သော် အခြေအနေများကတော့ ပြောင်းလဲသွားပြီဖြစ်သည်။ အခုတောအုပ်ထဲတွင် တွေ့ရသမျှသော သားရဲများအားလုံးသည် သတ်ဖြတ်အသင့်ဖြစ်နေပါသည်။ သူတို့သည် ထိုသားရဲများအားလုံးကို ရင်ဆိုင်တိုက်ခိုက်နေမည်ဆိုလျှင် သူတို့သာပင်ပန်းရုံရှိပေလိမ့်မည်။
ထိုနေရာသည် သားရဲများပျော်စံရာမြေတောအုပ်ဖြစ်ပါသည်။
“ကျွီ…”
ကောင်းကင်ပေါ်မှ စွန်အော်သံများ ထွက်ပေါ်လာပါသည်။
ထိုအခါ ဟွေမျိုးနွယ်စုဝင်များ၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။ သူတို့သည် စွန်များသည် စိတ်လှုပ်ရှားသောကြောင့် အော်နေခြင်းဖြစ်ကြောင်းကို ၎င်းတို့က ခံစားမိပါသည်။ သစ်ပင်များက ပေါများသလို၊ သစ်ရွက်များကလည်း ထူထပ်လှပါသည်။ ထို့ကြောင့် ကောင်းကင်ပြင်ကို ကောင်းမွန်စွာ မမြင်ရပါ။သစ်ပင်ကြီးများ ထူထပ်စွာပေါက်နေသောကြောင့်၊ မြေပြင်ပေါ်သို့ နေရောင်ခြည် အနည်းငယ်သာ ကျရောက်နိုင်ပါသည်။
“ခင်ဗျားတို့ ကြည့်မနေပါနဲ့…ခင်ဗျားတို့ရဲ့ စွန်
တွေက လမ်းပျောက်ပြီး သားရဲကြီးတွေရဲ့ပိုင်နက်ထဲကို ရောက်သွားပြီထင်တယ်” ရှောက်ရွှမ်က မကြည့်ဘဲနှင့် ခန့်မှန်းလိုက်သည်။
“ဒီကောင်တွေကို ပျံခွင့်မပေးနဲ့ဦး… ငါတို့တွေ မူလအစီအစဉ်အတိုင်းပဲ လှုပ်ရှားကြမယ်… သားရဲကြီးတွေကို တိုက်ခိုက်ဖို့လည်း မကြိုးစားနဲ့ဦး… ငှက်တွေ ထပ်ရောက်လာရင် ကျွန်တော်တို့ ခရီးသွားရတာ အဆင်ပြေတော့မှာ မဟုတ်ဘူး” ရှောက်ရွှမ်က ရှင်းပြလိုက်သည်။
ကူလာ့က ခေါင်းညိတ်ပြလိုက်ပြီး သစ်ပင်ပေါ်သို့ ခုန်တက်သွားသည်၊ ထို့နောက် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး၊ လေချွန်လိုက်ပါသည်။ စွန်ကြီးများသည် အောက်ကို ဆင်းလာသောအခါ၊ ကူလာ့က ၎င်းတို့ကို အဖွဲ့ဆီသို့ ပြန်သွားရန် အမိန့်ပေးလိုက်သည်။
“ကျွီ…”
“တောအုပ်ထဲမှာဆိုရင် သတိဝီရိယပြတ်လို့မရ
ဘူး… တချို့နေရာတွေက သားရဲကြီးတွေရဲ့ ပိုင်နက်တွေ… ငါတို့အဲဒီနေရာတွေကို ကျူးကျော်လို့မရဘူး…အဲဒီသားရဲတွေက ငါတို့ရင်ဆိုင်လို့ ရနိုင်လား မရနိုင်လားဆိုတာကို အရင်စဉ်းစားရမယ်… သားရဲကြီးတွေရဲ့ပိုင်နက်ထဲကို ဝင်ပြီးတော့ သူတို့ရဲ့ သားကောင်တွေကို သွားလုလို့ မရဘူး… အဲဒီလိုလုပ်ရင် ကံဆိုးမှုတွေနဲ့ ကြုံရလေ့ရှိတယ်” ရှောက်ရွှမ်သည် တောအုပ်အကြောင်းကို မရင်းနှီးသေးသူများအား ရှင်းပြလိုက်သည်။ ထိုသို့ ရှင်းပြမှသာ ၎င်းတို့သည် တောအုပ်အကြောင်းကို နားလည်သွားပြီး၊ အန္တရာယ်များကို ရှောင်လွှားနိုင်မည် ဖြစ်သည်။
“ဒါပေမဲ့ ဘယ်နေရာက ဘယ်သားရဲကပိုင်တာလဲဆိုတာကို ဘယ်လို ခွဲခြားကြမလဲ… ဘယ်သားရဲကိုတော့ နိုင်လောက်တယ်… ဘယ်သားရဲကိုတော့ မနိုင်လောက်ဘူးဆိုတာကိုကော ဘယ်လိုဆုံးဖြတ်မလဲ” တစ်ယောက်က မေးလိုက်သည်။
“ကျွန်တော်တို့ရောက်လာတာ အဲဒီအတွက်ကြောင့်ပဲမဟုတ်လား” ရှောက်ရွှမ်က မေးလိုက်
သည်။ “ဒါတောင် ကျွန်တော်တို့တွေ ရောက်နေတာ သားရဲများပျော်စံရာမြေရဲ့ တောနက်ထဲကို မရောက်သေးဘူး…ဒါပေမဲ့ ခင်ဗျားတို့သာ ကျွန်တော်တို့ရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာမယ်ဆိုရင် ဘေးရန်တွေကို ကျော်လွှားနိုင်မှာပါ”
ထိုသို့ဆိုလျှင် ၎င်းတို့သည် အချိန်တိုင်းမီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ညွှန်ကြားချက်များကို လိုက်နာနေရမည်လား။
ရှောက်ရွှမ်၏ စကားကို ကြားလိုက်ရသူများသည် စိတ်မချမ်းမသာ ဖြစ်သွားကြသည်။ သို့သော် နောက်ပိုင်းတွင်တော့ ၎င်းတို့သည် တောအတွေ့အကြုံမရှိသူများ ဖြစ်သောကြောင့်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်းကို သဘောပေါက်သွားသည်။
“ခင်ဗျားတို့တွေ ကျုပ်တို့ကို ကောင်းကောင်းဦးဆောင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်” မန်မျိုး
နွယ်စုက ဟွမ်ယဲ့ ပြောလိုက်သည်။
“စိတ်ချပါ… မပူပါနဲ့”
ရှောက်ရွှမ်က ပြောစရာရှိသည်ကို ပြောပြီးသွားသောအခါ၊ သိပ်မဝေးလှသော နေရာတစ်ခုမှ သစ်ကိုင်းကျိုးသံများ ထွက်ပေါ်လာသည်။
ထို့နောက် သစ်ကိုင်းများ၊ နွယ်ပင်များကြားမှ သားရဲကြီးတစ်ကောင်၏ ကြီးမားသော ဦးခေါင်းကြီးတစ်ခုထွက်ပေါ်လာသည်။ ၎င်း၏ အရေခွံပေါ်မှ အစင်းများသည် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ပေါ်မှ သစ်ခေါက်များနှင့် တူနေပါသည်။ နှာခေါင်းပေါက်ကြီးများမှာ ကြီးမားလွန်းသဖြင့်၊ လူတစ်ယောက်ပင် ဝင်နေ၍ရပါသည်။ ထို့နောက် ၎င်းသည် မိုးခြိမ်းသံကြီးကဲ့သို့ ကျယ်လောင်စွာ ဟိန်းလိုက်ပါသည်။
ထိုမျှကြီးမားသော သားရဲကြီးသည် သူတို့နားသို့ ရောက်နေသော်လည်း၊ အနေအထိုင်ပိရိလွန်းသောကြောင့်၊ ၎င်းတို့သည် ထိုသားရဲကြီး၏
အသက်ရှူသံကိုပင် မကြားရပါ။
အဖွဲ့ထဲမှ လူအားလုံးသည် ရှောက်ရွှမ်ကို စိုက်ကြည့်လိုက်ကြသည်။ ရှောက်ရွှမ်သည် ၎င်းတို့အား စိတ်မပူရန် ပြောထားသည် မဟုတ်ပါလား၊ အခုတော့ ဘာတွေ ဆက်ဖြစ်တော့မည်နည်း။
“ဒီလိုအခြေအနေမျိုးမှာ ငါတို့က ဘယ်လိုလုပ်ပြီး တည်ငြိမ်နေနိုင်တော့မှာလဲ… ငါတို့တွေက ကြောက်လွန်းလို့ ဘောင်းဘီထဲ သေးတောင်ထွက်ကျတော့မယ်…”
ရှောက်ရွှမ်သည် ထိုလူများ၏ အတွေးများကို ကြားလိုက်ရသည့်အလား၊ မေးကို ငေါ့လိုက်ပြီး သားရဲကြီးကို ဦးခေါင်းနှင့် ဆတ်ပြလိုက်ကာ “ရပ်ကြည့်မနေကြနဲ့…တိုက်ကြ…အဲဒါ ကျုပ်တို့အတွက် ညစာပဲ”
အခြားသူများသည် ပါးစပ်များပိတ်သွားကြသည်။
အခြားသူများက ကြောင်ကြည့်နေချိန်တွင်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင် ငါးယောက်ကတော့ ၎င်းတို့၏ သက်ဆိုင်ရာလက်နက်အသီးသီးကို ကောက်ကိုင်လိုက်ပြီး သားရဲကြီးဆီသို့ ပြေးဝင်သွားကြသည်။
“အား…” သားရဲကြီးက အော်လိုက်ပါသည်။
ရှောက်ရွှမ်တို့ ငါးယောက်အဖွဲ့သည် နတ်စွမ်းအင်များကို နှိုးထလိုက်ပြီး၊ သားရဲကြီးပေါ်ကို အတွင်းအားလှိုင်းများနှင့် ဖိထားလိုက်သည်။
လူသားများဆီမှ ထွက်ပေါ်နေသော စွမ်းအင်များနှင့် သားရဲကြီးဆီမှ ထွက်ပေါ်နေသော စွမ်းအင်များ ထိပ်တိုက်တွေ့ဆုံမိကြသည်။
၎င်းတို့နားမှ ရှုပ်ထွေးနေသော နွယ်ပင်များဆီမှ သစ်ရွက်များသည် အောက်သို့ ကြွေကျလာသည်။ ကြည့်ရသည်မှာ လူတစ်ယောက်က နွယ်ပင်များပေါ်မှ သစ်ရွက်များကို ဆွဲချလိုက်သလို ဖြစ်နေပါသည်။
ခြုံပုတ်များနှင့် သစ်ရွက်များသည် ပြင်းထန်စွာ တုန်ခါသွားပြီး၊ တော်လဲသံကြီးတစ်ခု ထွက်ပေါ်လာပါသည်။
စွမ်းအင်လှိုင်းကြီး ၂ခုထိပ်တိုက်တွေ့ဆုံမိချိန်တွင်တော့၊ အနားတွင် ရှိသော လူများသည် သူတို့၏ အရိုးများ အက်ကွဲတော့မတတ် ခံစားလိုက်ရသည်။ ၎င်းတို့အားလုံးသည် သမုဒ္ဒရာထဲတွင် မျောပါနေသော လှေငယ်တစ်စီးလို ခံစားလိုက်ရသည်။
အမဲလိုက်သော စွမ်းအင်များကို နှိုးထလိုက်သောအခါ၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အခြားအရာများကို အာရုံမစိုက်နိုင်တော့ပါ။ အမဲလိုက်ခြင်းမှာ ၎င်းတို့ အနှစ်သက်ဆုံးအလုပ်ဖြစ်သလို၊ အကျွမ်းကျင်ဆုံးအလုပ်လည်းဖြစ်သည်။
၎င်းတို့သည် လူသားများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်၊ ထည့်သွင်းစဉ်းစားရမည့်အချက်များစွာ ရှိ
နေပါသည်။ တခါတရံတွင် သင်က ရန်သူထက် အားသာနေသော်လည်း၊ အနိုင်ရလိမ့်မည်ဟု မျှော်လင့်ထား၍မရပါ။
လူသားများ၏ စိတ်ဆိုသည်မှာ ရှုပ်ထွေးလှပြီး၊ ခန့်မှန်းရလည်း ခက်လှသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အခြားသော မျိုးနွယ်စုပေါင်းများစွာနှင့် ရင်ဆိုင်လာဖူးသူများ ဖြစ်သောကြောင့်၊ ထိုအကြောင်းများကို သိထားပြီးသား ဖြစ်သည်။
ထို့ကြောင့်ပင်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင် အများစုသည် တောအုပ်ထဲတွင် အမဲလိုက်ရခြင်းကိုသာ နှစ်သက်ကြခြင်းဖြစ်သည်။ သူတို့အတွက်တော့ အမဲလိုက်ခြင်းမှာ ရင်ခုန်စိတ်လှုပ်ရှားရသော လေ့ကျင့်ခန်းတစ်ခုကို လုပ်ဆောင်ရခြင်းနှင့် တူနေပါသည်။
တစ်ခါတရံတွင် ၎င်းတို့သည် ကောက်ကျစ်သော သားရဲကြီးများနှင့် ရင်ဆိုင်ရသလို၊ တခါတရံတွင် သားရဲကြီးများ၏
လှုပ်ရှားမှုများကို ကြည့်ပြီး၊ အံ့ဩကြရသည်။ များသောအားဖြင့်တော့ သားရဲကြီးများသည် ၎င်းတို့၏ သဘာဝခွန်အားကိုသာ အားကိုးပြီး ရှင်သန်ရန် ကြိုးစားကြခြင်း ဖြစ်သည်။
မုဆိုးတစ်ယောက်အနေဖြင့်၊ သားရဲများထက် ခွန်အားဗလကောင်းနေမည်ဆိုလျှင် ပြည့်စုံပြီဖြစ်သည်။ ပိုအားနည်းသူက အစားခံရမည်သာ ဖြစ်သည်။ သဘောတရားမှာ ရိုးရိုးလေးသာ ဖြစ်သည်။
သားရဲကြီးက ဟိန်းလိုက်လေသည်။ သားရဲကြီးဆီသို့ ချွန်ထက်သော လက်နက်မျိုးစုံက တိုးဝင်သွားပါသည်။အနားတွင် ဖြစ်ပေါ်နေသော စွမ်းအင်လှိုင်းများကြောင့် သားကောင်ငယ်လေးများမှာ လန့်ဖြတ်ပြီး ထွက်ပြေးကုန်ကြတော့သည်။
ထိုအချိန်တွင်တော့ အခြားသော မျိုးနွယ်စုဝင်များကတော့ အဝေးမှသာ ရပ်ကြည့်နေကြလေသည်။ ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်
များ၏ အမဲလိုက်ပုံများကို ကြည့်ပြီး အံ့ဩနေကြပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းသောလူများပင် ဖြစ်ကြသည်။
(ဆက်ရန်…)