တစ်နှစ်ဆိုသောအချိန်
Vol. 8 Ch. 108
အခြေအနေက နည်းနည်းတော့ ထူးဆန်းသည်။
ပရိတ်သတ်ကသာ ဒီ၂ယောက် တိုက်ခိုက်မည်ကို မသိလျှင် ရှောက်ရွှမ်ကို ကြည့်ရသည်မှာ အိပ်နေသည်နှင့်တူသည်။
ကောင်းကင်မှ ဆီးနှင်းများ အဆက်မပြတ်ကျနေပြီး အလွန်အေးသောလေများလည်း တိုက်ခတ်နေသည်။ စွမ်းအင် မနိုးထသေးသော ကလေးများသည် သူတို့၏ သားရေအင်္ကျီများကို တင်းကျပ်စွာ ဆွဲစေ့ထားသော်လည်း မျက်လုံးများက ရှောက်ရွှမ်နှင့် ထိုက်ကို အကြည့်မပြတ်။
ထိုက်သည် အချိန်အတော်ကြာစောင့်ဆိုင်းနေပြီး ရှောက်ရွှမ်မှ မည်သည့်လှုပ်ရှားမှုကိုမှ ပြုလုပ်သည်ကို မတွေ့ရပေ။ ရှောက်ရွှမ် ဘာလုပ်နေသနည်း..သူတကယ်တိုက်မည်ကော ဟုတ်ရဲ့လား.. လူတွေကို အရူးလုပ်နေခြင်းလား။ ထိုသို့တွေးမိပြီး ထာ့က စိတ်တိုလာသည်။
လဲ့နှင့် ကျန်သူများလည်း စိတ်ရှုပ်ထွေးသွားသည်။
သူသည် တိုက်ပွဲကို အတည်မယူဘူးလား။ တကယ်ပဲ တိုက်ခိုက်ရန် စိတ်မပါဘူးလား
ထိုကဲ့သို့ မဟုတ်ခဲ့ပေ။
လဲ့မျက်လုံးများ ဖြတ်ခနဲ တချက်လက်သွားသည်။
အသက်ရှူခြင်း...။
အမဲလိုက်ထွက်သောအခါ စစ်သည်တော်များသည် သူတို့ကို သားကောင်မှ မမြင်စေရန် အသက်ကို မျှင်းမျှင်းရှူတတ်ရန် လေ့ကျင့်ထားကြသည်။
မုဆိုးတစ်ယောက်သည် တိုက်ခိုက်မှုမစတင်ခင် သားကောင်ကို သူရှိနေကြောင်း အသိမပေးပါ။ ထို့ကြောင့် စစ်သည်တော်များသည် သားကောင်ကို စောင့်ဆိုင်းသည့် အခါ အသက်ကိုမျှဥ်းရှူတတ်ကြသည်။ အတွေ့အကြုံရင့်ကျက်သော မုဆိုးများက အသက်အောင့်သော နည်းလမ်းများကို အသုံးပြုကြသည်။ ပုံမှန်အားဖြင့်တော့ သူတို့သည် အသံတိတ်လှုပ်ရှားလေ့ရှိကြသည်။
အတွေ့အကြုံရင့် စစ်သည်တော်များနှင့် နှိုင်းယှဥ်လျှင် ငယ်ရွယ်သော နတ်စစ်သည်များတွင် ထိုကဲ့သို့ အကျင့်မျိုးမရှိပါ။ မှန်သည် ထိုကဲ့သို့ အကျင့်မျိုးသည် ညတွင်းချင်း ကျင့်၍ ရနိုင်သည် မဟုတ်ပါ။
ထိုသို့အကျင့်ရရန် တမင်တကာ အချိန်ပေး၍ ပြင်ဆင်ရန် မလိုပါ။ အမဲလိုက်ခြင်း အတွေ့အကြုံ ရင့်ကျက်လာသောအခါ
အလိုအလျောက်ဖြစ်ပေါ်လာသော အကျင့်တစ်ခုသာဖြစ်သည်။
သူ့အလိုလို အမဲလိုက်ရင်း အကောင်းဆုံးအဆင့်သို့ရောက်သွားခြင်း ဖြစ်သည်။ အတိတ်ကာလက လဲ့ သည်မိသားစု အတွင်းမှ အကြီးတန်းစစ်သည်တော်များနှင့် လေ့ကျင့်သောအခါ သူတို့သည် သာမန်အခြေအနေတွင်သာ ရှိကြသည်။ သူ့ရှေ့တွင် ရပ်နေသော ချာတိတ်သည် အမဲလိုက်အတွေ့အကြုံ မည်မျှရှိမည်နည်း။ စွမ်းအင်နိုးထသည်မှာ တစ်နှစ်လောက်သာရှိသေးသည်။ လဲ့ထက် ၂နှစ်ငယ်သည်ကို ထားဦးတော့။
ထိုအချက်ကိုတွေးမိပြီးနောက် လဲ့မျက်မှောင်ကြုံ့လိုက်သည်။ မျက်လုံးတို့ကို သေချာဖွင့်ရင်း ရှောက်ရွှမ်ကို သေချာကြည့်လိုက်သည်။ ရှောက်ရွှမ်ဘာဆက်လုပ်မလဲ သူသိချင်နေသည်။ သူ့ခန့်မှန်းချက် မှန်မမှန် သူသိချင်နေသည်။
"ငါအဆင်သင့်ဖြစ်ပြီ" ရှောက်ရွှမ်သည် သစ်လုံးတစ်ခုလို ငြိမ်သက်စွာရပ်ရင်း ရိုးရှင်းစွာ အဖြေပေးလိုက်သည်။
ရှောက်ရွှမ်၏ အပြုအမူကို ကြည့်ရင်း ထိုင်လည်း နည်းနည်းစိတ်ရှုပ်ထွေးသွားသည်။ သူတစ်ခုခုပြောရန် ကြိုးစားနေစဥ်အတွင်းမှာပင် ရှောက်ရွှမ်ထိုကဲ့သို့ ပြောသည်ကို အံ့သြသင့်စွာ ကြားလိုက်ရသည်။ သူသည် တခြားစကား အပိုမပြောပေ။ ထိုက်စိတ်ထဲတွင် ရှောက်ရွှမ်ကို ရင်ဆိုင်ရန် မလွယ်ဟု ခံစားလိုက်ရသည်။
ရှောက်ရွှမ်အတွက်တော့ ထိုင်၏ အတွေ့အကြုံများမှာ မျိုးနွယ်စု အတွင်းမှ လူများ ပြောဆိုဆွေးနွေးသလောက်သာ သိထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် သူသိထားသည်မှာ ရှောက်ရွှမ်သည် ဘိုးဘေးများကိုရှာတွေ့ခဲ့ပြီး အဆင့်မြင့်အဖွဲ့သို့ ဝင်ခွင့်ရခဲ့သည်။ ထို့နောက် သနားစရာငှက်တစ်ကောင်နှင့် ဝိညာဥ်မဲ့ဝံပုလွေတစ်ကောင်ကို ပိုင်ဆိုင်ထားသည်။
တချို့လူများက ရှောက်ရွှမ်သည် သူတို့မျိုးဆက်အတွင်း အတော်ဆုံးစစ်သည်ဟု ယူဆကြသည်။ ထိုင်ကတော့ ထိုအချက်ကို သံသယရှိသည်။
သူ့လိုအရွယ်မျိုးက အတွင်းအားမည်မျှရှိလိမ့်မည်နည်း။
သူတို့သည် တစ်နှစ်ထဲမှာ စွမ်းအင်နိုးထခဲ့သည်ဆိုသော်လည်း ရှောက်ရွှမ်က တောင်ခြေ မိဘမဲ့ကျောက်ဂူ အတွင်းမှလာခြင်းဖြစ်သည်။ ရှောက်ရွှမ်တွင် တစ်စုံတစ်ယောက်ကို နိုင်လိုက်သည်ဆိုသော ဂုဏ်သတင်းလည်း မရှိပါ။
"ကောင်းပြီ" ပြောရင်းဆိုရင်း သူသည် ရှောက်ရွှမ်ဆီသို့ ပြေးသွားလေသည်။ သူ၏ခြေလှမ်းတိုင်းတွင် ဆီးနှင်းများ ဖွာလန်ကျဲ လွင့်စင်ထွက်သွားလေသည်။ မြေပြင်ပေါ်ကို ပြင်းထန်စွာ နင်းသည့်အတွက်ကြောင့် တဗုန်းဗုန်း အသံများထွက်ပေါ်လာသည်။ ထိုအချိန်တွင်ပင် ကြောက်မက်ဖွယ်ကောင်းသော လေထုတစ်ခုပျံ့နှံ့သွားသည်။
ကြည့်နေသော လူများက "ထိုက်"ထုတ်လိုက်သော အတွင်းအားကို ခံစားမိလိုက်သည်။ ထိုင်၏အတွင်းအားမှာ လွန်စွာ အဆင့်မြင့်ကြောင်း အားလုံးမျက်မြင်ပင်။
ပရိတ်သတ်က ရှောက်ရွှမ်ကို ကြည့်လိုက်သည်။ ရှောက်ရွှမ်ကတော့ သစ်တုံးတစ်ခုလို တိတ်ဆိတ်စွာရပ်နေဆဲဖြစ်သည်။ ခုခံမည့် အရိပ်အယောင် မပြသလို နတ်အမှတ်အသားများကို ထုတ်ပြခြင်းလည်း မရှိ။
ရှောက်ရွှမ် ကြက်သေသေနေခြင်းလား။
ပရိတ်သတ်က ရှောက်ရွှမ်ကို ကြည့်ပြီး ထိုသို့ထင်မည်သာ။
ပရိတ်သတ်မဆိုနှင့် ရှောက်ရွှမ်မျက်နှာကို ထိုးလိုက်သော ထိုင် ပင်စိတ်ရှုပ်သွားသည်။ သို့သော် ထုတ်လိုက်ပြီးသော သူ့လက်သီးချက်ကို ပြန်ရုတ်သိမ်း၍ မရတော့ပေ။ ရှောက်ရွှမ်ခေါင်းထဲ ဘာရှိလဲအရေးမကြီး..သူ့ကို သင်ခန်းစာပေးရမည်။
"ဖောင်း"
ထိုက်၏ လက်သီးချက်က အသားပေါ်သို့ ကျသွားသည်။
ဘယ်လိုများလဲ။ ထိုက်တစ်ယောက်အလွန်အံ့သြသွားသည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
အားလုံးလည်း ထိုကဲ့သို့တွေးလိုက်မိသည်။
ထိုက်တစ်ယောက်အလွန်အံ့သြသွားပြီး မိုးကြိုးပစ်ခံလိုက်ရသလို ကြက်သေသေသွားသည်။ ဆံပင်များထောင်ထသွားသည်။ အလွန်အေးသောနေ့တစ်နေ့ ဖြစ်သော်လည်း ထိုင်၏ကျောကုန်းတွင် ချွေးများစို့သွားသည်။
သူ့လက်သီးကို ရပ်တန့်လိုက်သော လက်ဝါးကိုကြည့်ရင်း သူရှုံးနိမ့်သွားပေပြီ။ ရှောက်ရွှ
မ်၏လက်ဝါးမှာ သူ့လက်ဝါးနှင့်ရွယ်တူသာဖြစ်သော်လည်း သူ့လက်သီးကို ရှေ့ဆက်မတိုးစေရန် တားလိုက်နိုင်သည်။
ထိုက်သည် သူ့လက်သီးကို ရပ်တန့်လိုက်သော လက်ဝါးကိုကြည့်လိုက်သော်လည်း ရှောက်ရွှမ်သည် သားရေအင်္ကျီ လက်ရှည်ကိုဝတ်ထားသည့် အတွက် မည်သည့် နတ်အမှတ်အသားကို ထုတ်သုံးလိုက်လဲ သူမတွေ့ရပေ။ ထို့နောက် ရှင်းလင်းသော နတ်အမှတ်အသားနှင့် မျက်နှာ တစ်ခုကို တွေ့လိုက်ရသည်။
ခုနက နတ်အမှတ်အသားများကို ရှာမတွေ့သော်လည်း အခုတော့..။
ရှောက်ရွှမ်၏နတ်အမှတ်အသားသည် ထိုက်လိုမျိုး ဖြည်းညှင်းစွား ပျံ့နှံ့သွားခြင်းမရှိ။ နတ်အမှတ်အသားမှာ ရှောက်ရွှမ်မျက်နှာပေါ်တွင် သူကြည့်လိုက်သည့်အချိိန် တစ်ကြိမ်သာပေါ်လာသည်။
အားလုံးသိထားကြသည်မှာ နတ်အမှတ်အသားသည် အပေါ်မှအောက်သို့ ပေါ်လာသည်ဖြစ်သည်။ ပေါ်ထွက်သည့် အမြန်နှုန်းမှာ ထိုသူသည် သူ၏နတ်စွမ်းအင်ကို မည််မျှထိိန်းချုပ်နိုင်သလဲအပေါ်မူတည်သည်။ သူ၏နတ်စွမ်းအင်ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်လေ နတ်အမှတ်အသားကို ပြသသည််မှာ ပိုမြန်လေဖြစ်သည်။ အမှန်တော့ ရှောက်ရွှမ်၏နတ် အမှတ်အသားသည် ဗလာထဲမှ ပေါ်လာသလိုဖြစ်ပြီး မျက်တောင်တစ်ခတ်အတွင်း ပေါ်လာခြင်းဖြစ်သည်။
ဒီကောင်လေးသည် သူ့နတ်စွမ်းအင်ကို မည်မျှကျွမ်းကျင်စွာ ထိိန်းချုပ်နိုင်သနည်း။ လူများသည် ရှောက်ရွှမ်အပေါ် သံသယ မဖြစ်ရဲတော့ပါ။
ထိုက်သည် ရှောက်ရွှမ်နှင့် မျက်လုံးခြင်းဆုံမိသောအခါ ကျောရိုးတလျှောက် စိမ့်တက်သွားလေသည်။ ရှောက်ရွှမ်၏မျက်လုံးများသည် ကြောက်မက်ဖွယ် တောက်ပနေပြီး ထိုင်၏စိတ်ထဲတွင် ကြောက်မက်ဖွယ် သားရဲတစ်ကောင်က သူ၏အစွယ်များကို ထုတ်ပြသည်နှင့်တူပြီး သူ့လက်မောင်းများကို ကိုက်ဆွဲတော့မည်သကဲ့သို့ ခံစားလိုက်ရသည်။
"သရေပွဲဖြစ်အောင်လုပ်မည်" ထိုက်တွေးလိုက်သည်။
သူသည်နောက်ဆုတ်ရန် ကြံရွယ်ပြီး မြေပြင်ပေါ်တွင် မားမားရပ်တည်လိုက်သည်။သို့သော် ခဏအကြာတွင် သူနောက်ဆုတ်မရတော့ကြောင်း သိလိုက်ရသည်။ သူ့လက်သီးကို တားလိုက်သော လက်ဝါးသည် အခုတော့ သူ့လက်သီးကို ဆွဲဆုပ်ထားလေသည်။
တိုက်ပွဲကိုကြည့်နေသော လဲ့တစ်ယောက် ဘေးတွင် အသာရပ်နေပြီး မျက်စိကိုမှိတ်ထားလိုက်မိသည်။
သိုင်းကွက်တစ်ကွက်ထဲနှင့် အရှုံးအနိုင်ပေါ်သွားပေပြီ။
ယခုပွဲကို ဆက်တိုက်ရန်မလိုတော့ပေ။
လဲ့သည် မျိုးနွယ်စုအတွင်း ထိုအဆင့်မျိုးရောက်နေသူရှိသည်ကို မသိပေ။
သူ့အဖိုးတစ်ခါပြောဖူးသည့် စကားများကို နားထဲတွင်ကြားယောင်နေဆဲဖြစ်သည်။ "အရှည်ကို မျှော်တွေးကြည့်ပါ၊ မင်းနားမှာ ရှိတဲ့ လူတွေစကားကို နားမယောင်ပါနဲ့" ။ အခုချိန်ထိ ထိုစကားကို သူအလေးအနက် မထားမိခဲ့ပါ။ တောင်အထက်အလယ်ပိုင်းမှ လူများကလွဲ၍ တခြားလူစကားအမှုထားစရာမလိုဟု သူတွက်ထားခဲ့သည်။ အခုတော့ သူမှားကြောင်း သိသွားပြီ..သူသည်ရေတိုကိုသာ ကြည့်သော လူတစ်ယောက်ဖြစ်သည်။
မျက်လုံးများပြန်ဖွင့်လိုက်သောအခါ အံ့သြသင့်နေသော မျက်နှာကို ပြန်ထိန်းချုပ်နိုင်လိုက်သည်။
လဲ့က တည်ငြိမ်စွာပြောလိုက်သည်။
"မင်းရှုံးသွားပြီ"။
"ရှုံးသွားပြီလား" ထိုက်သည် နောက်ဆုတ်ရန် သူစဥ်းစားမိသည်ကိုတွေးမိသွားသည်။ ဟုတ်သည်..သူရှုံးသွားပြီ။
သူ့လက်ကို လွှတ်ပေးလိုက်သည်ကို ခံစားလိုက်ရပြီး သူ့လက်မောင်းသည် ပြန်လွတ်လပ်သွားလေပြီ။ ခုနတုန်းကတော့ သူ့လက်မောင်းကို ပြိုင်ဘက်က တင်းကျပ်စွာဆုပ်ကိုင်ထားလေသည်။
ထိုက်က " ငါရှုံးသွားပြီ" ဟုပြောလိုက်လေသည် ။
သူ့ရှေ့ကလူကိုကြည့်ရင်း စောစောတုန်းက အချိန်ကို သူအမှတ်ရလိုက်သည်။ ခုနတုန်းက ရှောက်ရွှမ်မျက်နှာပေါ်တွင် ပြတ်သားသော နတ်အမှတ်အသားများကို တွေ့လိုက်ရသည်။ အခုတော့ နတ်အမှတ်အသားများသည် ဘယ်တုန်းကမှ မပေါ်ခဲ့သလို ပြန်လည်ပျောက်ကွယ်သွားလေသည်။
"မင်းလက်သီးက ကြောက်မက်ဖွယ်သားရဲအတွက် ရည်ရွယ်တာပဲ..အဲဒီတော့ ပစ်မှတ်က ကြောက်မက်ဖွယ်သားရဲပဲ ဖြစ်ရမယ်"
ရှောက်ရွှမ်ကပြောလိုက်လေသည်။
"မှန်တယ်"
လဲ့က စဥ်းစားပြီးပြောလိုက်လေသည်။
"ငါတို့မျိုးနွယ်စုထဲမှာပဲတိုက်ခိုက်နေမယ်ဆိုရင် ပျင်းစရာကောင်းတယ်..မင်းဆိုလိုချင်တာကို ငါနားလည်သွားပြီ"
ရှောက်ရွှမ်က လဲ့ကို ကြည့်လိုက်သည်..မင်းထင်နေတာဘာလဲ...တစ်ခုခုတော့မှားနေပြီ ထင်သည်။
လဲ့ကတော့ သူသည် ရှောက်ရွှမ်၏ဆိုလိုရင်းကို လုံးဝနားလည် သွားပြီဟုသာ ထင်နေပြီး သူဆက်ပြောသည်
" ငါတို့အမဲလိုက်ထွက်ပြီး ပြန်လာရင် အောင်မြင်ခြင်းလမ်းမတလျှောက် ပြန်ဝင်လာကြတယ်..ငါတို့စွမ်းရည်ကို ပြဖို့ အကောင်းဆုံးနည်းလမ်းက ငါတို့ လိုက်ခဲ့တဲ့ သားကောင်ချင်း ယှဥ်ပြိုင်ဖို့ပဲ"
"ဟုတ်တယ်"
ကျန်သည့်လူများကလည်း သဘောတူသည်။
ခုနက စိတ်ပျက်နေသော ထိုင်သည်ပင် စိတ်ဓါတ်များ ပြန်လည်တက်ကြွလာပြီး
"ဟုတ်တယ်..ဒါဆို အမဲလိုက်ပြီး ပြိုင်ကြမယ်"
"ငါလည်း အဲဒီလို သဘောရတယ်"
လဲ့ကလည်း ပြောသည်။
အမဲလိုက်ခရီးစဥ်တစ်ခုတွင် ဘာမဆို ဖြစ်သွားနိုင်သည်။ အတော်ဆုံး မုဆိုးက သားကောင်ကို ရမည်ဟု တွက်၍မရ။ အမဲလိုက်ခြင်းတွင် အခြားအချက်များစွာက အရေးပါနေသည်။ အမဲလိုက် ခရီးစဥ်များကို တစ်နှစ်ခန့်လိုက်ပါပြီးနောက် ဒုတိယနှစ်အရောက်တွင် ငယ်ရွယ်သော နတ်စစ်သည်များသည် အတွေ့အကြုံရင့်သော မုဆိုးများဖြစ်လာကြမည်။ သူတို့အနေနှင့်နောက်ဆုတ်စရာ မလိုပေ။
မောင်က ပြောသည်
"ငါလည်း ပါမယ်"။
လဲ့နှင့်မောင်တို့၏ ဦးဆောင်မှုကြောင့် အခြားစစ်သည်တော်များကလည်း ဟစ်အော်၍ သူတို့လည်း ပြိုင်ပွဲတွင် ပါမည်ဖြစ်ကြောင်းပြောကြသည်။
ရှောက်ရွှမ်လည်း ဘေးတွင်စိတ်ပျက်စွာ ရပ်နေပြီး ငါဆိုလိုတာ ဒီလိုမဟုတ်ဘူး ဟုတွေးနေသည်။
တကယ်တော့ ရှောက်ရွှမ်ဆိုလိုချင်သည်မှာ မျိုးနွယ်စုအတွင်းမှ လူများနှင့် အဓိပ္ပါယ်မဲ့ တိုက်ခိုက်ရင်း စွမ်းအင်များကို အသုံးပြုမည့်အစား သူတို့တွေသည် လေ့ကျင့်ရေးကိုသာ ဦးစားပေးသင့်သည်။ ထိုအခါ နောက်နှစ် အမဲလိုက်ထွက်သည့်အခါ သတ်ကွက်ပေါင်းစုံကို သားကောင်အပေါ်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။
သာမန်ကျောက်လက်နက်သည် အကြမ်းမခံသောကြောင့် မျိုးနွယ်စု အတွင်းမှ လူများက သူတို့၏ အကောင်းစား ကျောက်လက်နက်များကို အကောင်းဆုံးပြင်ဆင်ကြသည်။
သာမန်အားဖြင့် ခိုက်ရန်ဖြစ်ပွားသည့်အခါ သူတို့၏ အကောင်းစားကျောက်လက်နက်များကို ထုတ်သုံးလေ့မရှိပါ။
များသောအားဖြင့် လက်ဗလာဖြင့်သာ တိုက်ခိုက်ကြသည်။
သစ်သားတုတ်များက စွမ်းအင်မနိုးထသေးသော ကလေးများအတွက်သာ ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုမျိုးသည် မိတ်ဖြစ်ဆွေဖြစ်တိုက်ခိုက်မှုမျိုးနှင့် သာမန်လေ့ကျင့်မှုမျိုးသာ ဖြစ်သည်။ အနိုင်ရသူကို ရှင်းလင်းစွာ ဖော်ပြရန် လက်နက်သုံးစရာမလိုပါ။ ရှောက်ရွှမ်က ထိုကဲ့သို့တွေးသည်။ နတ်စစ်သည်များသည် လက်နက် ကိုင်ထားသည့်အချိန်နှင့် မကိုင်ထားသည့်အချိန် သူတို့စိတ်အခြေအနေများမတူညီပါ။
ရှောက်ရွှမ်သည် သူ့စကားများကို ထိုသို့ အဓိပ္ပါယ်ကောက်မည်ဟုမထင်ထားပေ။ မျိုးနွယ်စုအားလုံးက စိတ်ဓါတ်များ တက်ကြွနေသည်။ သူတို့၏ နီမြန်းသော မျက်နှာများကို ကြည့်လိုက်သည့်အခါ ကြောက်မက်ဖွယ်သားရဲ ဆယ်ကောင်နှင့်ရင်ဆိုင်ရမည်ဆိုလျှင်တောင် နောက်ဆုတ်မည့်ပုံမပေါ်တော့ပါ။
တစ်ယောက်က မေးသည်" ငါတို့က အမဲလိုက်ပြီး ပြိုင်ကြမယ်ဆိုတော့ အရည်အချင်းနဲ့ ပြိုင်မှာလား..အရည်အတွက်နဲ့ပြိုင်မှာလား"ဟုမေးသည်။
မောင်နှင့်လဲ့က တပြိုင်နက်ရှောက်ရွှမ်က လှမ်းကြည့်လိုက်သည်။
"အားရွှမ်..မင်းကဒီအဆိုကို တင်သွင်းတဲ့သူဆိုတော့ မင်းသဘောက ဘယ်လိုလဲ"မောင်က မေးသည်။
ငါဘာအဆိုမှ မတင်သွင်းဘူးလေ။
ရှောက်ရွှမ်လည်း လက်မြှောက်ရင်း နဖူးကို ပွတ်လိုက်သည်။ တတ်နိုင်မည်ဆိုလျှင် ပြောမိသည့်စကားများကို ပြန်မျိုချလိုက်ချင်သည်။ တခြားရိုးရှင်းသော စကားမျိုးနှင့် မစားထိုးလိုက်ချင်သညိ။ ဒီလောက်ဒုက္ခများမည့် ကိစ္စကို အစပြုမိသည့် အတွက် သူ့ကိုယ်သူသာ အပြစ်တင်ရမည်သာ။
သို့သော် ပြန်တွေးကြည့်လိုက်တော့လည်း သိပ်ဆိုးသည့် အကြံတော့ မဟုတ်ပါ။ မျိုးနွယ်စု အချင်းချင်းတိုက်ခိုက်နေမည့် အစား သားကောင်များကို လိုက်သည်က ပိုကောင်းသေးသည်။ တစ်နှစ်ပတ်လုံး အမဲလိုက်ပြီးသည်ဆိုပါက လူငယ်စစ်သည်များသည် ပိုမိုရင့်ကျက်သွားပြီး စိတ်ကိုပိုထိန်းတတ်သွားမည်ဖြစ်သည်။ အမဲလိုက်နယ်ပယ်အတွင်းတွင် စိတ်လှုပ်ရှား၍မရကြောင်းကို သိသွားမည် ဖြစ်ပြီး သူတို့ကို သူတို့ ပိုမိုထိန်းချုပ်တတ်သွားမည်ဖြစ်သည်။
ယခုလို အခြေအနေမျိုးတွင် သူတို့အဖို့ အမဲလိုက်သည်ကသာ ပိုကောင်းမည် ဖြစ်သည်။
ရေတိုအမဲလိုက်ခြင်းမျိုးတော့ ဖြစ်၍မရပေ။ ရေတိုဆိုလျှင် တစ်ယောက်ယောက်က သူသာ အတော်ဆုံးဟု ဆိုလာနိုင်သည်။ ထို့အပြင် သူတို့သည် အမဲလိုက်အဖွဲ့ခြင်းလည်း မတူညီပါ။ အမဲလိုက်အဖွဲ့နှစ်ဖွဲ့သည် အလှည့်ကျ အမဲလိုက်ကြသည်ဖြစ်သည်။နောက်ပြီးတော့ အမဲလိုက်ခြင်းက ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည်။
"တစ်နှစ်..နောက်နှစ် ဆောင်းတွင်း သီးနှံတွေရိပ်သိမ်းပြီးလျှင် ပြိုင်ပွဲကို စကြမယ်"
ရှောက်ရွှမ်က ပြောသည်။
မောင်နှင့် လဲ့က ထိုအကြံကောင်းသည်ဟု သဘောတူလိုက်ကြသည်။
"ကောင်းပြီလေ..နောက်နှစ်မှာ စကြတာပေါ့"။
အမဲလိုက်ပြိုင်ပွဲကို ပါဝင်မည့်သူက များလွန်းနေသောကြောင့် လဲ့က ပြောသည်" ကောင်းပြီလေ..ပြိုင်ပွဲမှာ ပါမယ့်သူတွေ နာမည်ကို ချရေးထားကြတာပေါ့" ။
"ငါ့မှာ သားရေချပ်တစ်ခုရှိတယ်"
လူငယ်စစ်သည်တော်တစ်ယောက်က သားရေချပ်တစ်ခုကိုဆွဲထုတ်လိုက်သည်။
"ဒါဆို ဘောပင်ရော..ဘယ်သူ့မှာ ဘောပင်ရှိလဲ..ဒါမှမဟုတ်ရောင်ခြယ် ပစ္စည်းတစ်ခုခု..."
မော်က သူ့နောက်မှ လူအုပ်ကို လှည့်ကြည့်လိုက်သည်။
"ငါ့ဟာကို သုံးပါ"
ရှောက်ရွှမ်က သူကိုယ်တိုင်ပြုလုပ်ထားသော ခဲဆံချောင်းတစ်ခု ထုတ်ပေးလိုက်သည်။
"အဲဒါဘာလဲ..အဲဒါနဲ့ရေးလို့ရလား"
တစ်ယောက်က မေးသည်။ အများစုက ရှောက်ရွှမ်၏ ခဲဆံချောင်းကို အခုမှ မြင်ဖူးခြင်းဖြစ်သည်။မော်ကတော့ရှောက်ရွှမ်နှင့် အမဲလိုက်အဖွဲ့တစ်ဖွဲ့ထဲ ကျဖူးသောကြောင့် ခဲဆံချောင်းကို ဘယ်လို အသုံးပြုရမလဲ သိသည်။
မောင်က ခဲတံကို လှမ်းယူလိုက်ပြီး သားရေချပ်ပေါ်တွင် သူ့နာမည်ကို ချရေးလိုက်သည်။ ပြီးနောက် ရှောက်ရွှမ်ကို ပြန်ပေးလိုက်သည်။
ရှောက်ရွှမ်က သားရေချပ်ပေါ်တွင် သူ့နာမည်ကို ချရေးပြီးသောအခါ လဲ့က ဆွဲယူသွားသည်။ ခဲတံကို ကျောက်သားဓါးမြောင်ကိုင် သလို ကိုင်လိုက်ပြီး သားရေချပ်ပေါ်တွင် သူ့နာမည်ကို ချရေးလိုက်သည်။ ထို့နောက် အခြားစစ်သည်တော်များက သူတို့နာမည်များကို အလုအယက်ချရေးကြသည်။ အဆုံးတွင်တော့ မော့အာနှင့် ခူအပါအဝင် စစ်သည်တော်အားလုံးသည် သူတို့နာမည် များကို သားရေချပ်ပေါ်တွင် ချရေးလိုက်ပြီး ပြိုင်ပွဲတွင် တရားဝင်ပါလိုက်ကြပြီဖြစ်သည်။ မိုအာကဲ့သို့ လူအများစုက တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ရန် စိတ်မဝင်စားကြပေ။ သို့သော် အမဲလိုက်ပြိုင်ပွဲကိုတော့ စိတ်ဝင်စားကြသည်။
အမြွှာ၂ယောက်အပါအဝင် စွမ်းအင်နိုးထလာမည့်ကလေးများက လည်း ပြိုင်ပွဲတွင် ပါချင်နေကြသည်။ သို့သော် သူတို့မပါဝင်နိုင်ပေ။မောင်နှင့်လဲ့က သူတို့ကို ပြိုင်ပွဲတွင် ပါဝင်ခွင့်ပြုမည် မဟုတ်ပေ။ စွမ်းအင်နိုးထခါစ စစ်သည်တော်များသည် အပြောင်းအလဲနှင့် လိုက်လျောညီထွေရှိစေရန် အချိန်ယူရဦးမည်။ သူတို့ကို အောင်မြင်မှုအတွက် စိတ်လှုပ်ရှားမှု မဖြစ်စေလိုကြပေ။ ထို့ကြောင့် စည်းကမ်းချက်များကို ဖောက်ဖျက်ပြီး သူတို့ကို အမဲလိုက်အဖွဲ့သို့ ဝင်ခွင့်ပြုလိုက်ရသည်။ ဥပမာ အားဖြင့် အားဖေးသည် သတိလက်လွတ်ပြုမူလေ့ရှိသဖြင် အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်လေ့ရှိသည်။
ထို့ကြောင့် ဤမုန့်ဖက်ထုပ်ကလေးများသည် သူတို့၏သားရေအင်္ကျီများကို တင်းတင်းဆွဲစေ့ရင်း တစ်ယောက်ကို တစ်ယောက် လျာထုတ်ပြရင်း ကြည့်နေရုံသာတတ်နိုင်ကြသည်။